K-Health & Beauty By HJ

K-Health & Beauty By HJ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K-Health & Beauty By HJ, Medical and health, Gangnam District.

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်
ဂန်းနမ်းဒေသ အခြေစိုက်
အမျိုးသား ကျန်းမာရေးနှင့် အလှအပ ဝန်ဆောင်မှု
မြန်မာ တာဝန်ခံ

HJ Men’s Health & Beauty Service, based in Seoul, Gangnam, South Korea

16/07/2026

မင်္ဂလာပါ~ 🇲🇲🇰🇷
ကိုရီးယားရောက် ရွှေမြန််မာတို့အတွက် အလှအပဆိုင်ရာ အကောင်းဆုံး ဝန်ဆောင်မှုတွေကိုသာ ပေးစွမ်းနေတဲ့
ဆိုးလ်မြို့တော် ဂန်းနမ်းဘူတာ ထွက်ပေါက်နံပါတ် 10 ရှေ့က အရေပြားအလှအပ ဆေးခန်းကနေ ပြန်လည် နှုတ်ခွန်း ဆက်သလိုက်ပါတယ်ခင်ဗျာ 🙏🏻

ပုံမှန် ကျွန်တော်တို့က အရေပြား ဆေးခန်းတွေမှာဆိုရင် -

• ဝက်ခြံအမာရွတ် ဆိုရင် Fraxel Laser, Exosome, Subcision

• မှဲ့ခြောက်နဲ့ တင်းတိပ်ဆိုရင် Toning Laser, Freckle Laser, Freckle Injection

• အရေပြားတင်းရင်း လှပဖို့ဆို Ulthera, Shurink စသဖြင့် lifting laser အမျိုးမျိုး ပုံသေနည်းတွေ ရှိကြပါတယ်။

ဒါပေမယ့် တစ်ပြိုင်တည်းနဲ့ ဝက်ခြံအမာရွတ်နဲ့ မှဲ့ခြောက် တင်းတိပ် အမဲစက်တွေကို ပျောက်စေတဲ့အပြင် lifting အာနိသင်ပါ ရှိတဲ့ စက်ကတော့ ကမ္ဘာမှာ ပထမဆုံး Sylfirm ပဲ ရှိပါသေးတယ်ခင်ဗျ~

ကျွန်တော်ကိုယ်တိုင် Sylfirm Treatment ကို ခံယူထားတာမို့ honest review လေး လာရောက် sharing လုပ်ပေးလိုက်ပါတယ်ခင်ဗျား 💆🏻‍♂️

ကျွန်တော်တို့ K-HEALTH & BEAUTY BY HJ ဂန်းနမ်း 피부과 အလှအပဆေးခန်းဟာ -

အရေပြားအလှအပဆိုင်ရာ ပြဿနာအမျိုးမျိုး ကြုံတွေ့နေရတဲ့ ရွှေမြန်မာတို့အတွက် ၁၀၀% အခမဲ့ ဆွေးနွေးတိုင်ပင်မှု စနစ်နဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်~ 📋

ဘိုကင်လေးပဲ တင်လိုက်ရုံနဲ့ ဘိုကင်အချိန်မှာ လာရောက်ပြီး MarkView ဆိုတဲ့ အရေပြားကို analysis လုပ်တဲ့စက်နဲ့ ရိုက်ကူးပြီးတော့ အရေပြားအတွင်းလွှာတွေအထိ ဘယ်လို ပြဿနာတွေဖြစ်နေလဲဆိုတာကို အခမဲ့ စစ်ဆေးတာပဲ ဖြစ်စေ၊ အရေပြားအလှအပ အထူးကုဆရာဝန်နဲ့ တိုက်ရိုက် စမ်းသပ်ဆွေးနွေးတိုင်ပင်ပြီးတော့ ဖြစ်စေ၊ ပွင့်လင်းစွာ ဆွေးနွေးနိုင်ပါတယ်~

စကားပြန်ခလဲ အခမဲ့၊ ဆရာဝန်ကြည့်ပြီး ဆွေးနွေးတိုင်ပင်မှုလည်း အားလုံး အခမဲ့ဖြစ်ပါတယ် 😇

မိတ်ဆွေတို့အနေနဲ့ ဆွေးနွေးမှုအပြီး စိတ်တိုင်းကျတယ် တစ်ခါတည်း ကုသမှု ခံယူသွားလိုက်မယ် ဆိုမှသာ ငွေရှင်းပြီး သက်ဆိုင်ရာ ကုသမှုကို ခံယူသွားလိုက်ရမှာ ဖြစ်ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ဘာ ကုသမှုမှ မခံယူဖြစ်လည်း ဒီတိုင်း ပြန်သွားရုံပါပဲခင်ဗျ~ ဆွေးနွေးခ သပ်သပ် မရှိပါဘူးနော်! 🍀

ဒါဆိုရင်တော့ မိမိရဲ့ အရေပြားနှင့် အလှအပဆိုင်ရာ ပြဿနာတွေကို အဖြေရှာဖို့နဲ့ ဆွေးနွေးတိုင်ပင်ပြီး ထိရောက်တဲ့ ကုသမှုတွေ ခံယူဖို့ -

HJ ဂန်းနမ်း အရေပြားနှင့် အလှအပဆေးခန်း
မြန်မာတာဝန်ခံ
ဖုန်း 010-2844-2583 သို့မဟုတ် မက်ဆင်ဂျာကနေ ဆက်သွယ်လိုက်ပါနော်~!

#ဂန်းနမ်း #ဟန်းဂု #အထူးကုဆေးခန်း #ကိုရီးယား #ကိုရီးယားရောက်မြန်မာ #ဆိုးလ် #အလှကုန် #အလှအပ #အလှအပရေးရာ #အလှအပလျှို့ဝှက်ချက် #အရေပြား #ဆေးခန်း #အလှအပဆေးခန်း #စကားပြန် #တာဝန်ခံ #မြန်မာ #ဝက်ခြံ #တင်းတိပ် #တင်းရင်း #မျက်နှာ

ရွှေမြန်မာ ရွှေညီကိုတို့ 🇲🇲🇰🇷ကိုရီးယားမှာ လမ်းမှာ ဆေးလိပ်သောက်ရင် ဘယ်လိုသောက်ကြလဲ?🚬ဆေးလိပ်တိုကို ဘယ်လိုပစ်ကြလဲခင်ဗျ?ကိုရ...
13/07/2026

ရွှေမြန်မာ ရွှေညီကိုတို့ 🇲🇲

🇰🇷ကိုရီးယားမှာ လမ်းမှာ ဆေးလိပ်သောက်ရင် ဘယ်လိုသောက်ကြလဲ?

🚬ဆေးလိပ်တိုကို ဘယ်လိုပစ်ကြလဲခင်ဗျ?

ကိုရီးယားနိုင်ငံဟာ တကယ်တော့ ဆေးလိပ်သောက်တတ်တဲ့ ညီကို အမ ညီမ အားလုံးအတွက် ဥပဒေက တော်တော်တင်းကြပ်တဲ့အထဲ ပါပါတယ်ခင်ဗျ🫣

ကိုယ်သောက်တာတော့ တစ်ဘူးကို ၄၅၀၀ပဲ တန်ပြီး တစ်လိပ်ကို ဝမ် ၂၀၀လောက်ပဲ တန်တဲ့ ဆေးလိပ်လေး တစ်လိပ်..
အခန့်မသင့်ရင် ဆေးလိပ်သောက်ခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တည်ဆဲ ဥပဒေတွေတွေနဲ့ ညိစွန်းရင် ဝမ် သိန်းဂဏန်းနဲ့ချီတဲ့ ဒဏ်ငွေ ကျခံရနိုင်ပါတယ်~ 🚭

ဒါဆို ကိုရီးယားနိုင်ငံမှာ တရားဝင် ဘယ်လို ဆေးလိပ်သောက်ကြမလဲ? 👍🏼

၁။ တရားဝင် ဆေးလိပ်သောက်ခွင့်ရှိသည့် အသက်အရွယ်

ပထမဆုံး ကိုရီးယားနိုင်ငံမှာ တရားဝင် ဆေးလိပ်ဝယ်ယူခွင့်နှင့် သောက်ခွင့်ရှိသည့်အသက်က နိုင်ငံတကာအသက်အရ ၁၉ နှစ် ပြည့်ပြီးသူများ ဖြစ်ရပါမယ်! ⚠️

သတိပြုရန်: ဆေးလိပ်၊ အီးစီးကရက် (V**e) နှင့် လျှပ်စစ်ဆေးလိပ် (전자담배) စတာတွေ အားလုံး အကျုံးဝင်ပါတယ်။

ဝယ်ယူသည့်အခါ နိုင်ငံခြားသားမှတ်ပုံတင်ကတ် (ARC) သို့မဟုတ် ပတ်စ်ပို့ (Passport) ပြဖို့ တောင်းဆိုရင် မဖြစ်မနေ ပြပေးရပါမယ်။ မပြရင် ဝယ်လို့မရပါဘူးနော်!

၂။ ဆေးလိပ်သောက်ရန် တရားဝင်သတ်မှတ်ထားသောနေရာများ

ဒါ အရေးကြီးဆုံးနဲ့ အတော်များများ မှားတတ်ကြတဲ့ အချက်ပါပဲ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ လမ်းမမှာ လမ်းလျှောက်သွားရင်းနဲ့လည်း သောက်နေကြတာပဲ

သို့သော်

❗️ကိုရီးယားနိုင်ငံမှာတော့ တွေ့ကရာ လမ်းဘေးတိုင်းမှာ ဆေးလိပ်သောက်လို့မရပါဘူး❗️

✅တရားဝင် ဆေးလိပ်သောက်ခန်း/နေရာများ - 흡연구역 (Smoking Zone) သို့မဟုတ် 흡연실 (Smoking Room) ဟု ရေးထားသော မှန်အိမ်များ သို့မဟုတ် သတ်မှတ်နေရာများ

✅အဆောက်အဦးအချို့၏ ခေါင်မိုး 옥상 : အဆောက်အဦးကြီးအချို့တွင် ဆေးလိပ်သောက်ရန် သီးသန့်နေရာပေးထားတတ်ပါတယ်

✅သီးသန့် နေရာများ - စားသောက်ဆိုင် သို့မဟုတ် ကလပ်အချို့၏ အပြင်ဘက် သတ်မှတ်ထားသောနေရာ (သေချာ မေးပြီးသောက်ပါ)

✅နောက် အလွယ်ဆုံးကတော့ - ကိုရီးယားလူမျိုးလို့ ထင်ရတဲ့ လူတွေ ဆေးလိပ်သောက်နေတဲ့နေရာ (သို့မဟုတ်) ဆေးလိပ်တိုတွေ ပစ်ထားတဲ့နေရာ

(သို့သော် ဒီနေရာနဲ့ ပတ်သက်ပြီး အောက်မှာ သပ်သပ် ထပ်ရှင်းပါမယ်)***

၃။ ဆေးလိပ်သောက်ခြင်း လုံးဝတားမြစ်ထားသောနေရာများ

ကိုရီးယားတွင် နေရာအများစုမှာ ဆေးလိပ်မသောက်ရနယ်မြေ (금연구역) များ ဖြစ်ပါတယ်။

🚭အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးဂိတ်များ - ဘတ်စ်ကားမှတ်တိုင် (버스정류장) နှင့် မြေအောက်ရထားဘူတာ (지하철역) ထွက်ပေါက်များ၏ “၁၀ မီတာ” ပတ်လည်! ⚠️

🚭လမ်းမကြီးများနှင့် လူစည်ကားရာလမ်းများ - ဆိုးလ်မြို့ရှိ ဂန်းနမ်း (강남)၊ ဟုန်းဒယ် (홍대) ကဲ့သို့သော လူစည်တဲ့ လမ်းမကြီးအများစု

🚭အများပြည်သူဆိုင်ရာ အဆောက်အဦးများ - အစိုးရရုံးဌာနများ၊ ဆေးရုံများ၊ ကျောင်းများ၊ ကလေးကစားကွင်းများ

🚭အိမ်တွင်း နေရာများ - စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ PC Rooms ဂိမ်းဆိုင် (PC방) နှင့် ဘား (Bars) များအတွင်းပိုင်း

၄။ ဥပဒေချိုးဖောက်ပါက ပေးဆောင်ရမည့် ဒဏ်ငွေ (벌금)

ဆေးလိပ်မသောက်ရ တားမြစ်ထားသောနေရာ (금연구역) တွင် ဆေးလိပ်သောက်နေတာ မိပါက အောက်ပါအတိုင်း ဒဏ်ငွေဆောင်ရမှာပါ

💵ဒဏ်ငွေ ပမာဏ - ပုံမှန်အားဖြင့် ဝမ် တစ်သောင်း မှ တစ်သိန်းအထိ ကျခံရနိုင်ပါတယ်

💵ဆေးလိပ်တို စည်းကမ်းမဲ့စွန့်ပစ်ခြင်း - ဆေးလိပ်တိုကို လမ်းပေါ်ပစ်ချပါက (မီးမငြိမ်းဘဲဖြစ်စေ၊ ငြိမ်းပြီးဖြစ်စေ) အမှိုက်စည်းကမ်းမဲ့ပစ်မှုဖြင့် ဒဏ်ငွေ ဝမ် ငါးသောင်းအထိထပ်မံပေးဆောင်ရနိုင်ပါတယ်

🎥CCTV များ သို့မဟုတ် မြို့နယ်စည်ပင်ဝန်ထမ်းများက လိုက်လံစစ်ဆေးလေ့ရှိပါတယ်

💡အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဆေးလိပ်သောက်ရန် နေရာဆိုပြီးလည်း မရေးထားဘူး၊ ဆေးလိပ်မသောက်ရလို့လည်း မရေးထားဘူး နောက်ပြီး ကိုရီးယားလူမျိုးတွေလည်း ဆေးလိပ်သောက်နေကြသလို ဆေးလိပ်တိုတွေလည်း ပစ်ထားတယ်ဆိုပြီး ကိုယ်လည်း အဲ့နေရာမှာ ဆေးလိပ်သွားသောက်ပြီး ဆေးလိပ်တို ပစ်ချခဲ့လို့မရပါဘူး!! ⚠️
ကံမကောင်းရင် သူများတွေ ဆေးလိပ်တို ပစ်ချထားတာကျတော့ ဘာမှမဖြစ်ပဲ ကိုယ့်အလှည့်ကျမှ CCTV ကနေ မိပြီး အရေးယူတာမျိုး ခံရနိုင်တယ်ခင်ဗျ 🥹❗️

အဲ့တာကြောင့် အဲ့လိုမျိုး နေရာမျိုးတွေမှာဆိုရင် ဆေးလိပ်သောက်ချင်သောက်ပါ။ ဆေးလိပ်တိုကိုတော့ မီးသေချာငြှိမ်းပြီးရင် ကိုယ်နဲ့အတူတူ သယ်သွားပြီး နီးစပ်ရာ အမှိုက်ပုံးထဲ ထည့်လိုက်ရင် ဘယ်လိုမှ အရေးယူလို့ မရတော့ပါဘူးခင်ဗျ~

၅။ အခြား သတိထားရန် အချက်များ

🚭အီးစီးကရက် (V**e) လည်း အတူတူပဲ - တချို့က အီးစီးကရက် (V**e) ဆိုရင် လမ်းပေါ်မှာ၊ လူကြားထဲမှာသောက်လို့ရတယ်လို့ ထင်တတ်ကြပါတယ်။ ဒီလ ၇လပိုင်းကစပြီး ကိုရီးယားဥပဒေအရ V**e သို့မဟုတ် 전자담배 (အာအီခို့စု IQOS) စတာတွေလည်း 연초 လို့ခေါ်တဲ့ စီးကရက် ဆေးလိပ်လိုပဲ 길빵 လို့ခေါ်တဲ့ လမ်းမမှာ လူကြားထဲမှာ သောက်ရင် အတူတူပဲ ဒဏ်ငွေဆောင်ရမှာပါနော်!

🚭လမ်းလျှောက်ရင်း ဆေးလိပ်မသောက်ပါနဲ့ - အပေါ်မှာလည်း ပြောခဲ့ပြီးသားဆိုပေမယ့် ကိုရီးယားမှာ လမ်းလျှောက်ရင်း ဆေးလိပ်သောက်တာဟာ ဥပဒေအရတင်မကဘဲ ယဉ်ကျေးမှုအရပါ အရမ်းရိုင်းစိုင်းတယ်လို့ သတ်မှတ်ပါတယ်။ တခြား လမ်းသွားလမ်းလာတွေ အထူးသဖြင့် ကလေးနဲ့ ကိုယ်ဝန်ဆောင်တွေ မီးခိုးငွေ့မရှူမိစေဖို့ သတ်မှတ်ထားတဲ့ ဆေးလိပ်သောက်နေရာတွေမှာ ထိုင်ပြီး သို့မဟုတ် မတ်တပ်ရပ်ပြီး သောက်ရပါမယ်!

🚭Apps အသုံးပြုပြီး ဆေးလိပ်သောက်လို့ရတဲ့နေရာ ရှာဖွေခြင်း - Naver Map သို့မဟုတ် Kakao Map ထဲမှာ 흡연구역 (Smoking Zone) လို့ ရိုက်ထည့်ပြီး အနီးနားက ဆေးလိပ်သောက်လို့ရတဲ့နေရာတွေကို ရှာနိုင်ပါတယ်

နောက်ဆုံး အနေနဲ့ အမေးအဖြေလေးတစ်ခု လုပ်ကြည့်ရအောင်~! 🤓

➡️အပေါ်မှာပြောခဲ့သလိုပါပဲ..

ကိုယ်က ဆေးလိပ်အရမ်းသောက်ချင်လာလို့ နေရာ လိုက်ရှာနေရင်း လူမစည်ကားတဲ့ လမ်းကြားလေးတစ်ခုထဲ ရောက်သွားတယ်၊ တရားဝင် “ဆေးလိပ်မသောက်ရ” ဆိုပြီး ရေးထားတဲ့နေရာလည်း မဟုတ်ဘူး၊ ရထားဂိတ်ကားဂိတ်ကနေ ၁၀မီတာလည်း ကျော်တယ်၊ အနီးနားမှာ ရုံး၊ ကျောင်း စတာတွေလည်းမရှိ၊ လမ်းမလည်း ဖြစ်တယ်၊ indoor မဟုတ်ဘူး၊ သို့သော် တရားဝင် ဆေးလိပ်သောက်ရန်နေရာ smoking area ဆိုပြီး ရေးထားတာမျိုးလည်း မဟုတ်ဘူး..

အဲ့နေရာမှာ ဆေးလိပ် သောက်မလား / မသောက်ဘူးလား?

အဖြေ - သောက်ပါမယ်

⚠️သို့သော် သောက်ပြီးတဲ့အခါ ဆေးလိပ်တိုကို လုံးဝ (လုံးဝ) အဲ့နေရာမှာ မပစ်ချပဲ မိမိနဲ့ အတူ သယ်သွားပြီး အနီးနားက တကယ့် အမှိုက်ပုံးထဲ ပစ်ထည့်ပါမယ်။ တံတွေးလဲ တတ်နိုင်ရင် မထွေးတာကောင်းပါတယ်။

🙅‍♂️ဒီလိုလုပ်ရင် ဘယ်သူက တိုင်တိုင်၊ 범죄 성립이 안 됨 ဆေးလိပ်မသောက်ရနေရာမှာ သောက်တာလည်းမဟုတ်၊ အမှိုက်ပစ်တာလည်းမဟုတ်တဲ့အတွက် ပြစ်ဒဏ်အဖြစ် ဘောင်မဝင်သွားတဲ့အတွက်၊ ဒဏ်ငွေ ပေးဆောင်စရာ မလိုပါဘူး

🙇🏻အနံ့မခံနိုင်လို့ လာပြောရင်တော့ 죄송합니다 လောက်တော့ ပြောပြီး ခပ်ဝေးဝေးလေးကို သွားသောက်လိုက်ပေါ့။

🚬သို့သော် ကိုယ်က စကားလည်း သိပ်မရဘူး အပေါ်ကဟာတွေ ခေါင်းရှုပ်မခံနိုင်ဘူးဆိုရင်တော့ တရားဝင် ဆေးလိပ်သောက်ရန်နေရာ (smoking area) ကိုပဲ သေချာလိုက်ရှာပြီး အန္တရာယ်ကင်းကင်း ဆေးလိပ်သောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား~

🙆🏻‍♂️

ဆိုးလ်မြို့တော် ဂန်းနမ်းဒေသရှိ
အမျိုးသားရောဂါနှင့် ဆီးရောဂါအမျိုးမျိုး စစ်ဆေးကုသမှုအပြင် အမျိုးသား လိင်အင်္ဂါကြီးထွားမှုဆိုင်ရာ အလှအပဆိုင်ရာ ခွဲစိတ်မှုတွေအထိ တစ်နေရာထဲမှာ ဝန်ဆောင်မှု အမျိုးမျိုးရရှိနိုင်တဲ့ အမျိုးသားအထူးကု ဆေးခန်း

📞 မြန်မာတာဝန်ခံ

ဖုန်း 010-2844-2583

#အမျိုးသား #အမျိုးသားကျန်းမာရေး #လိင် #ဂန်းနမ်း #ဆာဂျရီ #ပရိုမိုးရှင်း #ဆိုးလ် #စကားပြန် #ဆေးခန်း #မြန်မာ #ကိုရီးယား #ဆေးဝါး #ခွဲစိတ် #ဆရာဝန် #တောင်ကိုရီးယား #တောင်ကိုရီးယားနိုင်ငံမှာ #လိင်ပိုင်း #ဘူဖျောင်း #ဟန်းဂု #ဆီး #ဆီးကျိတ် #ဆီးလမ်းကြောင်း #ရောဂါ #စစ်ဆေး #ကုသမှု

09/07/2026

ကိုရီးယားလို “정계정맥류”
အင်္ဂလပ်လို “Varicocele”
မြန်မာလိုကျ “ကပ္ပာယ်အိတ် သွေးပြန်ကြောထုံးရောဂါ”
အမျိုးသားရောဂါဆန်းတစ်မျိုးအကြောင်း

06/07/2026

“Yo-Yo Effect” ဆိုတာ ဘာလဲ?
ဘယ်လိုကာကွယ်ကြမလဲ?

နှင့် ဆေးပညာ ရှုထောင့်ကနေ ကြည့်တဲ့ ခန္ဓာကိုယ်ထိန်းသိမ်းခြင်း

🇰🇷🇲🇲ကိုရီးယားရောက် ရွှေညီကိုတို့ရေ~🚨 ဆီးကျိတ်ပြဿနာဆိုတာ အသက်ကြီးမှ ဖြစ်တာလို့ ထင်နေပါသလား? 🚨ဆီးကျိတ်ရောင် ရောဂါဆိုတာ လူင...
03/07/2026

🇰🇷🇲🇲ကိုရီးယားရောက် ရွှေညီကိုတို့ရေ~

🚨 ဆီးကျိတ်ပြဿနာဆိုတာ အသက်ကြီးမှ ဖြစ်တာလို့ ထင်နေပါသလား? 🚨

ဆီးကျိတ်ရောင် ရောဂါဆိုတာ လူငယ်တွေမှာလဲ ဖြစ်တတ်ပါတယ်ခင်ဗျာ ⚠️

[The Cause]

• ရုံးခန်းထဲမှာ အကြာကြီး ထိုင်အလုပ်လုပ်ရသူတွေ
• စိတ်ဖိစီးမှုနှင့် သောကများခြင်း
• အလုပ်ထဲမှာ ကိုယ်ခန္ဓာအနေအထားမမှန်ပဲ အလေးအပင်တွေ အမများခြင်း
• ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
• ကာလသားရောဂါများ ကူးစက်ခံရခြင်း

စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆီးကျိတ်ရောင်ရမ်းခြင်း၊ ဆီးခုံကြွက်သားရောင်ရမ်းခြင်း စတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

[The Problem]

ကိုရီးယားရောက် ရွှေညီကို အမျိုးသားလူငယ် အတော်များများဟာ အောက်ပါဝေဒနာတွေကို အောင့်အည်း သည်းခံပြီး အသံတိတ် ခံစားနေကြရပါတယ်။

😖 ဆီးခုံ၊ ခါးအောက်ပိုင်း သို့မဟုတ် ချက်အောက်တဝိုက်ကနေ ကိုက်ခဲအောင့်တာ
😖 ဆီးခဏခဏ သွားချင်တာ၊ ဆီးကျန်သလို ခံစားရတာ၊ ဆီးသွားရင် ပူတာ ကျင်တာ
😖 အလုပ်လုပ်ရတဲ့အခါ ဒါမှမဟုတ် Gym ဆော့တဲ့အခါ အားကစား လုပ်တဲ့အခါ နေရထိုင်ရတာ အဆင်မပြေဘဲ တစ်ချိန်လုံး စိတ်အနှောင့်အယှက် ဖြစ်နေရတာ
😖 လင်ဆက်ဆံတဲ့အခါ နာကျင်တာ၊ သုတ်လွှတ်တဲ့အခါ နာကျင်တာ
😖 အိမ်ထောင်ရေးသုခ မခံစားရတော့တာ

💡 ဒီလို လက္ခဏာတွေ ဖြစ်လာပြီဆိုရင် အရင်ဆုံး ဘာလုပ်ကြမလဲ?

[The Investigation]

➡️နီးစပ်ရာ ဆီးလမ်းကြောင်းရောဂါနှင့် အမျိုးသားရောဂါ အထူးကုဆေးခန်းကို သွားပါ

➡️အထူးကုဆရာဝန်နဲ့ အရင်ဆုံး ဆွေးနွေးပါ

➡️သက်ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါ
ကာလသားပိုး - ဆီး၊ အရေပြား၊ သွေး test
ဆီးကျိတ်ရောင်ခြင်း ရှိမရှိ - Ultrasound
ဆီးကျိတ်ပိုးဝင်ခြင်း ရှိမရှိ - Prostate Massage

စစ်ဆေးထားတဲ့ အဖြေတွေ သိရပြီဆိုရင် -

[The Solution]

➡️သက်ဆိုင်ရာ ကုသမှုတွေ ခံယူပါ
ကာလသားပိုးရှိလျှင် - ပိုးသတ်ဆေးသောက်၊ ကာကွယ်ဆေးထိုး
ဆီးကျိတ်ပိုးဝင်လျှင် - ပိုးသတ်ဆေးသောက်
ဆီးကျိတ်ရောင်လျှင် - ရုပ်ပိုင်းဆိုင်ရာကုသမှု Physiotherapy ခံယူ

[The Physiotherapy]

🤦🏻‍♂️ဆီးကျိတ်ရောင်တဲ့ အခါမှာ နာကျင်မှု ဝေဒနာ ပြဿနာတွေ ခံစားရတယ်ဆိုတာ ဆီးကျိတ်ရောင်တာကြောင့် အနီးနားက Pelvic Floorလို့ခေါ်တဲ့ ဆီးခုံအောက် ကြွက်သားတွေက တင်းကျပ်လာပြီး တဖန် ဆီးကျိတ်ကို သွားပြန် ဖိနေလို့ အဖြစ်များပါတယ်

💊သောက်ဆေးတွေက လက္ခဏာကိုပဲ ခေတ္တဖုံးပေးထားနိုင်တာဖြစ်တာကြောင့် အမြစ်ပြတ် ပျောက်ကင်းပြီး လက္ခဏာတွေ သက်သာဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာကုထုံး (Physiotherapy) နဲ့ ကြွက်သားတွေကို ပြန်လည်ဖြေလျှော့ပေးဖို့ လိုအပ်ပါတယ်

ကျွန်တော်တို့ K-Health & Beauty By HJ ရဲ့ ဂန်းနမ်း ဆီးလမ်းကြောင်းရောဂါနှင့် အမျိုးသားရောဂါအထူးကုဆေးခန်းရဲ့ အထူးပြု Pelvic Floor Physiotherapy ကုထုံးက လူကြီးမင်းရဲ့ ဝေဒနာကို ဖြေလျော့ပေးဖို့ အဆင်သင့်ရှိနေပါတယ်!👨🏻‍⚕️

✅ နာကျင်မှုကို ထိရောက်စွာ လျှော့ချပေးခြင်း - တင်းကျပ်ပြီး နာကျင်နေတဲ့ ဆီးခုံကြွက်သားတွေကို ခွဲစိတ်စရာမလိုဘဲ သဘာဝအတိုင်း ပြန်လည်ပြေလျော့စေပါတယ်။

✅ သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း - ဆီးခုံတဝိုက် သွေးလည်ပတ်မှုအားကောင်းစေပြီး ရောင်ရမ်းမှုတွေကို အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။

✅ ရေရှည် ကာကွယ်ပေးခြင်း - လေ့ကျင့်ခန်းစနစ်တကျနဲ့ ကိုယ်နေဟန်ထား ပြုပြင်နည်း pelvic floor ကြွက်သားတွေကို စနစ်တကျ လေ့ကျင့်ခန်း လုပ်ပေးလို့ ရေရှည် အတွက် နောက် ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

ကျွန်တော်တို့ ဆေးခန်းမှာ Physiotherapy ခံယူခဲ့တဲ့ ဆီးကျိတ်ရောင်ရောဂါဝေဒနာ ခံစားနေရတဲ့ လူနာအများစုကတော့ အနည်းဆုံး နှစ်ပတ် တစ်ကြိမ်နဲ့ ငါးကြိမ်လောက်တော့ ပုံမှန်ခံယူသွားကြမှ အရှင်းသက်သာသွားတာကို တွေ့ရပါတယ်။

[The Cost]

Prostate Physiotherapy ကုသမှု ကုန်ကျစရိတ်
ကတော့ ကျန်းမာရေးအာမခံ အကျုံးမဝင်တဲ့ ကုသမှူ ဖြစ်တဲ့အတွက် တစ်ကြိမ်ကို ဝမ် ၃သိန်း ၃သောင်း ကျသင့်ပါတယ်ခင်ဗျာ~

“ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး” ဆိုတဲ့ စကားအတိုင်း ဆီးကျိတ်ပြဿနာဟာ အမျိုးသားတစ်ယောက်ရဲ့ ဘဝမှာ အနှောင့်အယှက် ကြီးကြီး ပေးနိုင်တဲ့ ပြဿနာတစ်ခုဖြစ်တာကြောင့် မပေါ့ဖို့ လိုပါတယ်.. 🫣

ဆီးကျိတ်နဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေ ကုသချင်တာပဲဖြစ်ဖြစ်၊ အခြား အမျိုးသားရောဂါအမျိုးမျိုး စစ်ဆေးကုသချင်တာအပြင် အမျိုးသား လိင်အင်္ဂါကြီးထွားမှုဆိုင်ရာ အလှအပဆိုင်ရာ ခွဲစိတ်မှုတွေအထိ တစ်နေရာထဲမှာ ဝန်ဆောင်မှု အမျိုးမျိုးပေးနေတဲ့ အမျိုးသားလိင်ကျန်းမာရေး ဆေးခန်းကြီး ဖြစ်တာကြောင့် အသေးစိတ်သိရှိလိုပါက ပေ့ချ် မက်ဆင်ဂျာကို စာပို့လို့ရသလို မြန်မာတာဝန်ခံ ဖုန်း 010-2844-2583 ကို ဆက်သွယ်ပြီး တိုင်ပင်မေးမြန်းနိုင်ပါပြီ 📞

#အမျိုးသား #အမျိုးသားကျန်းမာရေး #လိင် #ဂန်းနမ်း #ဆာဂျရီ #ပရိုမိုးရှင်း #ဆိုးလ် #စကားပြန် #ဆေးခန်း #မြန်မာ #ကိုရီးယား #ဆေးဝါး #ခွဲစိတ် #ဆရာဝန် #တောင်ကိုရီးယား #တောင်ကိုရီးယားနိုင်ငံမှာ #လိင်ပိုင်း #ဘူဖျောင်း #ဟန်းဂု #ဆီး #ဆီးကျိတ် #ဆီးလမ်းကြောင်း #ရောဂါ #စစ်ဆေး #ကုသမှု

☀️🌊‼️၂၀၂၆ နွေရာသီ ပိတ်ရက်တွေအတွက်‼️🥥 ☔️ဆိုးလ် ဂန်းနမ်းက အမျိုးသားဆေးခန်းရဲ့🎊နှစ်ယောက်တွဲ BIG 5 20% OFF ပရိုမိုးရှင်းကြီး...
02/07/2026

☀️🌊‼️၂၀၂၆ နွေရာသီ ပိတ်ရက်တွေအတွက်‼️🥥 ☔️
ဆိုးလ် ဂန်းနမ်းက အမျိုးသားဆေးခန်းရဲ့
🎊နှစ်ယောက်တွဲ BIG 5 20% OFF ပရိုမိုးရှင်းကြီး လာပါပြီ!!🎊

🗓️7လပိုင်း 8လပိုင်း နှစ်လအတွင်း အမျိုးသား လိင်တံကြီးထွားစေတဲ့ ပလတ်စတစ်ဆာဂျရီ ပက်ကေ့ချ် ခွဲစိတ်မှု ဖြစ်တဲ့ BIG 5 ခွဲစိတ်မှုကြီးကို တစ်နေ့ထဲမှာ သူငယ်ချင်းနှစ်ယောက် အတူတူ လာရောက် ဆွေးနွေးပြီး ခွဲစိတ်မှု ခံယူမယ်ဆိုရင် စုစုပေါင်းကုန်ကျစရိတ်ရဲ့ 20% ကြီးများတောင် လျှော့ချပေးသွားမှာ ဖြစ်ပါတယ်ဗျား 👏🏻👏🏻👏🏻

✌🏻BIG 5 ဆိုတာ လိင်တံအရေပြား ပိုထူလာအောင် အသားပြားလို့ခေါ်တဲ့ DERMA ကို အရေပြားအောက်ထဲမှာ အစားထိုး ခွဲစိတ်ခြင်းဖြင့် အရွယ်အစားပိုကြီးလာစေပြီး အရှည်လည်း ပိုဆန့်ထွက်အောင် တစ်ပြိုင်ထဲ ခွဲစိတ်ပါတယ်။ ပြီးရင် လိင်တံထိပ်ဖူးလည်း ပိုကြီးလာအောင် အသားမှုန့်ဖီလာထိုးကာ သုတ်လွှတ်မြန်ခြင်းကို သက်သာစေတဲ့ လေဆာခွဲစိတ်မှုအပြင် အမျိုးသားကာလသားရောဂါ သွေးစစ်ဆေးမှုအထိ အကျိုးကျေးဇူး 5 မျိုးတိတိ ပေးစွမ်းနိုင်တဲ့ package surgery ဖြစ်ပါတယ်။

✌🏻မြန်မာလူနာများစွာ စိတ်ကျေနပ်စွာ ခွဲစိတ်မှု ခံယူခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဂန်းနမ်း 청담동 ရပ်ကွက်ထဲက နာမည်ကြီး အမျိုးသားဆေးခန်းမှာ ကိုရီးယားလူနာ၊ နိုင်ငံခြားသားလူနာ မခွဲခြားပဲ လူကြိုက်အများဆုံး ခွဲစိတ်မှုဖြစ်တဲ့ BIG 5 SURGERY ဟာ -

• ခွဲစိတ်ချိန်ကြာမြင့်မှု မရှိ၊ ဆေးရုံတက်စရာမလို
• ထုံဆေးနဲ့ပဲ ခွဲစိတ်သော်လည်း နာကျင်မှု လုံးဝမရှိ
• လူနာတိုင်း ခွဲစိတ်ပြီး ရလဒ်ကို စိတ်တိုင်းကျတဲ့
• အနာကျက်ပြီးနောက် ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့
• ကောင်းလွန်းလို့ ပိုက်ဆံစုပြီးတော့တောင် ခံယူကြရတဲ့

ခွဲစိတ်မှုကြီး ဖြစ်တဲ့အတွက် ကြောင့်..
အိပ်ယာပေါ် မှာ ဘုရင်တစ်ပါးလို ယုံကြည်ချက် အပြည့်အဝ စွမ်းဆောင်နိုင်ဖို့ တွေဝေမနေပါနဲ့တော့ ညီကိုရေ 💪🏻😃

အခုတစ်ခေါက် အခွင့်အရေးမှာ..
💕နွေရာသီ ပိတ်ရက်တွေထဲ မိမိရဲ့ ဆိုးဖော်ကောင်းဘက် သူငယ်ချင်းနဲ့အတူ 20% လျှော့ချထားတဲ့ ချိုသာတဲ့ ကုန်ကျစရိတ်တွေနဲ့ လက်ရာကောင်းတဲ့ ခွဲစိတ်ကုသမှု ခံယူလိုက်ရအောင်ပါ~

👨🏻‍⚕️ကိုရီးယားဘာသာစကား အထူး ကျွမ်းကျင်ပြီး အမျိုးသားဆေးခန်း ခွဲစိတ်လူနာအတွေ့အကြုံများတဲ့ အပြင်ကိုမှ ဆေးပညာအခြေခံခိုင်မာတဲ့ မြန်မာတာဝန်ခံက နွေးထွေးစွာ ကူညီဆောင်ရွက်ပေးနေတာမို့

အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက
ဂန်းနမ်း HJ အမျိုးသားဆေးခန်း
မြန်မာတာဝန်ခံ ဖုန်း010-2844-2583
သို့မဟုတ်
ပေ့ချ် မက်ဆင်ဂျာကို ဆက်သွယ်လိုက်ပါခင်ဗျာ~ 🙋🏻‍♂️

#အမျိုးသား #အမျိုးသားကျန်းမာရေး #လိင် #ဂန်းနမ်း #ဆာဂျရီ #ပရိုမိုးရှင်း #ဆိုးလ် #စကားပြန် #ဆေးခန်း #မြန်မာ #ကိုရီးယား #ဆေးဝါး #ခွဲစိတ် #ဆရာဝန် #တောင်ကိုရီးယား #တောင်ကိုရီးယားနိုင်ငံမှာ #လိင်ပိုင်း #ဘူဖျောင်း #ဟန်းဂု

01/07/2026

🇰🇷တောင်ကိုရီးယားရောက် ရွှေမြန်မာတို့အတွက်🇲🇲

ဆိုးလ်မြို့တော် ဂန်းနမ်းဘူတာအနီးက တိုင်းရင်းဆေးခန်းရဲ့

다이어트환약 အဆီကျဆေး ဝိတ်ကျဆေးရဲအလုပ်လုပ်ပုံနဲ့ Revive Lifting အကြောင်း ဆေးပညာ background နဲ့ အသေးစိတ် ရှင်းပြပေးထားပါတယ် 🤓

စိတ်ဝင်တစား မေးမြန်းစုံစမ်းပေးကြလို့ အထူးကျေးဇူးတင်ရှိပါတယ် 🫡

သေချာနားထောင်ကြည့်ပြီး သိချင်တာရှိလျှင် -

မြန်မာတာဝန်ခံ ဖုန်း 010-2844-2583 ကိုဖြစ်စေ

ပေ့ချ် မက်ဆင်ဂျာကနေဖြစ်စေ

မေးမြန်းစုံစမ်းလိုက်ပါခင်ဗျာ~ 📞

မင်္ဂလာပါ~ 🇲🇲🇰🇷ကိုရီးယားရောက် ရွှေမြန််မာတို့အတွက် အလှအပဆိုင်ရာ အကောင်းဆုံး ဝန်ဆောင်မှုတွေကိုသာ ပေးစွမ်းနေတဲ့ဆိုးလ်မြို့...
29/06/2026

မင်္ဂလာပါ~ 🇲🇲🇰🇷
ကိုရီးယားရောက် ရွှေမြန််မာတို့အတွက် အလှအပဆိုင်ရာ အကောင်းဆုံး ဝန်ဆောင်မှုတွေကိုသာ ပေးစွမ်းနေတဲ့
ဆိုးလ်မြို့တော် ဂန်းနမ်းဘူတာ ထွက်ပေါက်နံပါတ် 10 ရှေ့က အရေပြားအလှအပ ဆေးခန်းကနေ ပြန်လည် နှုတ်ခွန်း ဆက်သလိုက်ပါတယ်ခင်ဗျာ 🙏🏻

ဒီနေ့မှာတော့ တင်းတိပ် လူနာ အကိုတစ်ယောက်ရဲ့ ကျွန်တော်တို့ အလှအပဆေးခန်းမှာ ကုသမှု မခံယူခင် နဲ့ ခံယူအပြီး before & after ကွာခြားမှု result လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ~ 🫶🏻

ကိုညီညီ (အမည်လွှဲ) ဟာ လွန်ခဲ့တဲ့သုံးနှစ်က စလို့ ကိုရီးယားက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေခဲ့တာ ဖြစ်ပါတယ်~
နေပူ မိုးရွာ လေတိုက် နှင်းကျ မရှောင် outdoor အပြင်
ရာသီဥတုရဲ့ ကြမ်းတမ်းမှုတွေကို အံတုပြီး မိသားစုအတွက် ကြိုးစား လုပ်ကိုင်စားသောက်နေစဉ်မှာပဲ “တင်းတိပ်နဲ့ အနီစက်”ဆိုတဲ့ အရေပြားပြဿနာတစ်ခုနဲ့ ရင်ဆိုင်လာရပါတော့တယ်!! 😱

တင်းတိပ်ဆိုတာဟာ အရေပြားအလှအပဆေးခန်းမှာ ဝက်ခြံလိုပဲ တစ်ကြိမ်ထဲနဲ့ ဘယ်လိုမှ မပျောက်တဲ့ ဇွဲရှိရှိ စိတ်ရှည်ရှည် ပုံမှန်ကုသသွားရမယ့် အရေပြားပြဿနာတစ်မျိုး ဖြစ်ပါတယ်.. 🗓️

💥 တင်းတိပ်ကို ဆေးလိမ်းရုံနဲ့ ပျောက်သွားမယ် ဆိုတာမျိုး
💥 တင်းတိပ်ကို တစ်ကြိမ်ထဲနဲ့ ပျောက်သွားစေရမယ် ဆိုတာမျိုး
💥တင်းတိပ်ကို ကုဖို့ လေဆာတစ်မျိုးထဲပဲ လိုတယ် ဆိုတာမျိုး

အကုန် အလိမ်အညာတွေ ဖြစ်ပါတယ် 🤥

တကယ်တော့ တင်းတိပ်ရဲ့ အရင်းမြစ်ကို ပျောက်အောင် ကုသဖို့ ဆေးလဲ စွဲသောက်ဖို့လိုပြီး ပေါ်လာပြီးသား အနီရောင် အစက် အကွက်တွေကိုတော့ လေဆာကုသမှုတွေနဲ့ အကြိမ်ကြိမ် ခံယူဖို့ လိုအပ်တာဖြစ်ပါတယ် 🔬

အခုချိန်ထိ ကမ္ဘာပေါ်မှာ တင်းတိပ်ပျောက် အထူးလေဆာဆိုပြီး သပ်သပ် မရှိတာဖြစ်တဲ့အတွက် ပုံမှန်အားဖြင့် တင်းတိပ် တကယ် အရှင်း ပျောက်ဖို့ဆိုရင် အနီစက်တွေကို လျှော့ပါးစေတဲ့ လေဆာ၊ အမဲစက်တွေကို ပျောက်စေတဲ့လေဆာ၊ toning laser၊ CO2 laser၊ Down-time Fraxel အစရှိသဖြင့် လေဆာအမျိုးအစားတွေ အများကြီးကို သူ့အချိန်နဲ့သူ ပစ်ပေးဖို့ လိုအပ်ပါတယ် 🤔

ပုံမှန် အလှအပဆေးခန်းတိုင်းမှာ အဲ့လို လေဆာ တစ်မျိုးချင်းစီတွေရဲ့ စျေးနှုန်းတွေဟာ ပျမ်းမျှတွက်မယ်ဆို တစ်ခုကို ဝမ် ၂သိန်း ၃သိန်း.. အဲ့လောက်ရှိပါတယ်
ဒါဆို မိမိမှာ ခံစားနေရတဲ့ အရေပြားပြဿနာအတွက် လိုအပ်တဲ့ လေဆာ ၃-၄ခု လောက် တစ်ကြိမ်တည်း ပေါင်းပစ်မယ်ဆိုရင်ကို တစ်ကြိမ် တစ်ကြိမ်ကို ၆သိန်းကနေ ၈သိန်းလောက် ကုန်ကျမယ့် သဘောဖြစ်နေပါတယ် 💵

ဒါဆိုရင်တော့ ကိုရီးယားလို 가성비 မရှိဘူးလို့ခေါ်တာပေါ့.. သိပ် တွက်ခြေမကိုက်ဘူးလို့ ပြောရမှာပေါ့ဗျာ 🤔

အဲ့လို ပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ HJ အလှအပဆေးခန်းမှာ All-In-One Laser Package လို့ ခေါ်တဲ့ အထူးကုသမှု ပက်ကေ့ချ် တစ်ခုရှိပါတယ်

သူဟာ တစ်ကြိမ်ကို ဝမ် ၄သိန်း ၃သောင်း (10% tax ပါပြီး)
ဆိုတဲ့ ချိုသာတဲ့ စျေးနှုန်းနဲ့ မိမိရဲ့ အရေပြားပြဿနာဆို အရေပြားဆရာဝန် လက်ထဲ အပ်လိုက်ပြီး အရေပြားပြဿနာပေါ် မူတည်ပြီး လိုအပ်တဲ့ လေဆာစက် အနည်းဆုံး ၃မျိုးကနေ အများဆုံး ၄မျိုးအထိ တစ်ထိုင်ထဲ ပစ်ပေးတဲ့ ကုသမှု ပက်ကေ့ချ်ဖြစ်ပါတယ်~! 🔬
ကဲ~ ပုံမှန် ဆေးခန်းတွေမှာ လေဆာ ၃-၄မျိုးကို ပေါင်းပစ်ရင် ၆သိန်းကနေ ၈သိန်းလောက် ကုန်မယ့်အစား
K-Health & Beauty By HJ ရဲ့ အရေပြားအလှအပဆေးခန်းက All-In-One Laser Package နဲ့ဆိုရင် ဝမ် ၄သိန်းကျော်လောက်နဲ့ တွက်ခြေကိုက်ပြီး မိမိရဲ့ အရေပြားပြဿနာကို ထိရောက်စွာ ကုသနိုင်ပြီလေ~

ကျွန်တော်တို့ဆေးခန်းရဲ့ လေဆာခန်းထဲမှာဆိုရင် လေဆာစက်ပေါင်း အမျိုး 30+ အမြဲ updated လုပ်ပြီး အသင့်ရှိနေတာမို့ မိမိရဲ့ အရေပြားပြဿနာကိုသာ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးလိုက်ပါ~ ကျွန်တော်တို့ဘက်က ပျောက်အောင် ကုသပေးဖို့ တာဝန်ယူပေးပါ့မယ်ဗျ 🤗

ကျွန်တော်တို့ရဲ့ ပုံထဲက လူနာ ကိုညီညီဟာဆိုရင်လည်း ကျွန်တော်တို့ဆေးခန်းမှာ All-In-One လေဆာကို ၅ကြိမ် ပက်ကေ့ချ်ယူထားပြီး လစဉ် ပုံမှန်ခံယူနေတာ ဖြစ်ပါတယ်~

📸ဒီပုံဟာဆိုရင် မခံယူခင်တုန်းကပုံ နဲ့ All-In-One Package ၃ကြိမ်မြောက် ခံယူပြီး ပုံဖြစ်ပါတယ်~

အရင်က ပါးနှစ်ဘက်မှာ ပြွတ်သိပ်နေတဲ့ တင်းတိပ် အစက်အပြောက်တွေဟာ ခံယူပြီးနောက် 누가 봐도 တော်တော်ကို သိသိသာသာနဲ့ 티나게 လျော့သွားတာ ပါးသွားတာ မျက်မြင်ပါပဲ ခင်ဗျာ 👍🏼

ဒါတောင် လေဆာ ပက်ကေ့ချ်ကို ၅ကြိမ်အပြည့်ခံယူရသေးတာ မဟုတ်ဘူးနော် 😳

၅ကြိမ်ပြည့်အောင်သာ ခံယူလိုက်ရင် တင်းတိပ်တွေလုံးဝပျောက်သွားပြီး အရေပြားရဲ့ တောက်ပဝင်းလက်မှု အထိပါ ခံစားရတိုင်မှာ အသေချာပါပဲဗျို့ ✨

လူနာကိုယ်တိုင်ကလည်း ဒီရလဒ်ကို စိတ်ကျေနပ်တယ်ဆိုလို့ ကျွန်တော် တာဝန်ခံအနေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ် 😍

ကျွန်တော်တို့ HJ 피부과 အလှအပဆေးခန်းဟာ -

အရေပြားအလှအပဆိုင်ရာ ပြဿနာအမျိုးမျိုး ကြုံတွေ့နေရတဲ့ ရွှေမြန်မာတို့အတွက် ၁၀၀% အခမဲ့ ဆွေးနွေးတိုင်ပင်မှု စနစ်နဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်~ 📋

ဘိုကင်လေးပဲ တင်လိုက်ရုံနဲ့ ဘိုကင်အချိန်မှာ လာရောက်ပြီး MarkView ဆိုတဲ့ အရေပြားကို analysis လုပ်တဲ့စက်နဲ့ ရိုက်ကူးပြီးတော့ အရေပြားအတွင်းလွှာတွေအထိ ဘယ်လို ပြဿနာတွေဖြစ်နေလဲဆိုတာကို အခမဲ့ စစ်ဆေးတာပဲ ဖြစ်စေ၊ အရေပြားအလှအပ အထူးကုဆရာဝန်နဲ့ တိုက်ရိုက် စမ်းသပ်ဆွေးနွေးတိုင်ပင်ပြီးတော့ ဖြစ်စေ၊ ပွင့်လင်းစွာ ဆွေးနွေးနိုင်ပါတယ်~

စကားပြန်ခလဲ အခမဲ့၊ ဆရာဝန်ကြည့်ပြီး ဆွေးနွေးတိုင်ပင်မှုလည်း အားလုံး အခမဲ့ဖြစ်ပါတယ် 😇

မိတ်ဆွေတို့အနေနဲ့ ဆွေးနွေးမှုအပြီး စိတ်တိုင်းကျတယ် တစ်ခါတည်း ကုသမှု ခံယူသွားလိုက်မယ် ဆိုမှသာ ငွေရှင်းပြီး သက်ဆိုင်ရာ ကုသမှုကို ခံယူသွားလိုက်ရမှာ ဖြစ်ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ဘာ ကုသမှုမှ မခံယူဖြစ်လည်း ဒီတိုင်း ပြန်သွားရုံပါပဲခင်ဗျ~ ဆွေးနွေးခ သပ်သပ် မရှိပါဘူးနော်! 🍀

ဒါဆိုရင်တော့ မိမိရဲ့ အရေပြားနှင့် အလှအပဆိုင်ရာ ပြဿနာတွေကို အဖြေရှာဖို့နဲ့ ဆွေးနွေးတိုင်ပင်ပြီး ထိရောက်တဲ့ ကုသမှုတွေ ခံယူဖို့ -

K-Wellness & HJ ဂန်းနမ်း အရေပြားနှင့် အလှအပဆေးခန်း
မြန်မာတာဝန်ခံ
ဖုန်း 010-2844-2583 သို့မဟုတ် မက်ဆင်ဂျာကနေ ဆက်သွယ်လိုက်ပါနော်~!

#ဂန်းနမ်း #ဟန်းဂု #အထူးကုဆေးခန်း #ကိုရီးယား #ကိုရီးယားရောက်မြန်မာ #ဆိုးလ် #အလှကုန် #အလှအပ #အလှအပရေးရာ #အလှအပလျှို့ဝှက်ချက် #အရေပြား #ဆေးခန်း #အလှအပဆေးခန်း #စကားပြန် #တာဝန်ခံ #မြန်မာ #ဝက်ခြံ #တင်းတိပ် #တင်းရင်း #မျက်နှာ

23/06/2026

လူတစ်ယောက်ရဲ့ မျက်နှာမှာ နှာခေါင်းဟာ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် 👃

မျက်နှာရဲ့ အလည်တည့်တည့်ကနေ ရပ်တည်လို့ ရုပ်ရည်ရဲ့ ကောက်ကြောင်းနဲ့ ဆွဲဆောင်မှုကို အဓိက တာဝန်ယူနေပါတယ်..

မျက်လုံး မျက်ခုံး နှုတ်ခမ်း စတာတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက် ကွာခြားမှု အပေါ်မူတည်ပြီး စွဲဆောင်မှု အမျိုးမျိုး ကွာခြားနိုင်ပေမယ့် နှာခေါင်းကတော့ ပုံသေနည်းရှိသလို ဖြစ်နေပါတယ်..
အရမ်းရှည်လွန်း အရမ်းတိုလွန်း အရမ်းမြင့်လွန်း အရမ်းနိမ့်လွန်း အရမ်းကြီးလွန်း အရမ်းသေးလွန်း စတဲ့ ဘယ်အစွန်းပဲရောက်ရောက် ချို့ယွင်းချက်က သိသာနေပြီး
အချိုးအစား မျှမျှတတလေး လှနေတဲ့ နှာခေါင်းဟာ မျက်နှာရဲ့ inpression ကို အများကြီး လွှမ်းမိုးနိုင်တာ ဖြစ်ပါတယ်! 💁🏻‍♂️

🇰🇷🇲🇲 ဒါကြောင့် တောင်ကိုရီးယားရောက် ရွှေမြန်မာတို့အတွက် နွေရာသီပိတ်ရက်မှာ အလုပ်နားတုန်း မိမိရဲ့ နှာခေါင်းကို ပြုပြင် ပြောင်းလဲနိုင်ဖို့ -

2026 ခုနှစ် ဇွန်လအတွင်း အထူး လျှော့ချထားတဲ့
Rhinoplasty Surgery နှာခေါင်းခွဲစိတ် အထူး ပရိုမိုးရှင်း စျေးနှုန်းများနဲ့ မိတ်ဆက်ပေးပါရစေ~! 🎉

ဘဝမှာ ပထမဆုံး နှာခေါင်းခွဲစိတ်မယ့်သူ အတွက်
“ ဆီလီကွန်ဖိုး အပြီးအစီး ပါပြီးသား “ နှာခေါင်း ခွဲစိတ်မှုအတွက် အခြေခံ စျေးနှုန်း ₩2,990,000 ကနေ စတင်မှာဖြစ်ပြီး 💵

မိမိ ဖြစ်ချင်တဲ့ နှာခေါင်း ရလဒ်နဲ့ မိမိ လက်ရှိ နှာခေါင်း အခြေအနေပေါ် မူတည်ပြီး ဆီလီကွန်၊ အရိုးနု စတဲ့ အပိုပစ္စည်းတွေ လိုလို့ ထပ်ထည့်တာပဲဖြစ်ဖြစ် အရိုးဖြတ်တာ၊ နှာခေါင်းပေါက်ချုံ့တာ၊ နှာခေါင်ရိုးညှိတာ စတဲ့ အပိုဆောင်း ခွဲစိတ်မှုတွေ လုပ်ရရင်တောင်
စုစုပေါင်း ဝမ် သိန်း ၅၀ ပတ်ဝန်းကျင်လောက်ပဲ ကုန်ကျမယ့် အရမ်းတန်တဲ့ ပရိုမိုးရှင်းပါနော်~

ဇွန်လအတွက် စျေးနှုန်း လျှော့စျေးချထားတဲ့ အပိုပစ္စည်း နဲ့ ထပ်ဆောင်း ကုသမှု စျေးနှုန်းများ -

• 기증늑 အရိုးနု (ရယ်ဒီမိတ်) - ₩1,500,000

• 자가늑 အရိုးနု (မိမိကိုယ်ပိုင် နံရိုး အရိုးနု) - ₩2,500,000

• 비중격 နှာခေါင်းကြား အရိုးနု - ₩300,000

• 귀연골 နားရွက် အရိုးနု - ₩300,000

• 절골 အရိုးဖြတ် - ₩600,000

• 콧볼축소 နှာခေါင်းပေါက်ချုံ့ခြင်း - ₩600,000

• 맞춤보형물 customized ဆီလီကွန် - ₩1,100,000

• 늑입자 ဆီလီကွန်အစား အရိုးနုနဲ့ နှာတံဖော်ချင်တယ်ဆိုရင် - ₩1,500,000

ပလတ်စတစ်ဆာဂျရီအကြောင်း နားလည်တဲ့ သူတွေဆို သိမှာပါ
ပုံမှန်ဆို ဂန်းနမ်းမှာ နှာခေါင်း တစ်ခါ ခွဲရင် အောက်ထစ် အနည်းဆုံး ဝမ် သိန်း 70 လောက် ကုန်ကျနေတဲ့ ဒီခေတ်ကြီးမှာ အခုလို တန်မှတန်တဲ့ အထူးလျှော့စျေးဆိုတာ နှစ်ခါမရတဲ့ အခွင့်အရေးမို့လို့ အမြန်ဆုံး အရယူဖို့ တိုက်တွန်းပါရစေနော် 🥰

အသေးစိတ် ဆွေးနွေးစုံစမ်းလိုပါက မက်ဆင်ဂျာကနေ လာဟိုင်းတာပဲဖြစ်ဖြစ် မြန်မာတာဝန်ခံ ဖုန်း 010-2844-2583 ကို ဖုန်းဆက်တာပဲဖြစ်ဖြစ် ဆက်သွယ်စုံစမ်းလိုက်ပါနော်~ 📞

💡နှာခေါင်းခွဲစိတ်မှုဟာ အရိုးနဲ့ ကြွက်သား အရေပြား ပုံသဏ္ဍာန်နဲ့ အနေအထားတွေကို တွက်ချက်တိုင်းတာပြီးမှ ခွဲစိတ်ရတဲ့ အလတ်စားခွဲစိတ်မှုဖြစ်တာမို့ အရင်ဆုံး တစ်ရက် ဆေးခန်းလာပြပြီး CT ဓာတ်မှန် ဓာတ်ပုံ စတာတွေ ရိုက်ပြီးမှ ဆရာဝန်နဲ့ အသေးစိတ် ဆွေးနွေးတိုင်ပင်ကာ ခွဲစိတ်ဖို့ ဆုံးဖြတ်တာတော့ အကောင်းဆုံးပေါ့ဗျား~!

⚠️ဆွေးနွေးခ လုံးဝ အခမဲ့၊ စကားပြန်ခ လုံးဝ အခမဲ့ ဖြစ်ပါတယ်ဗျာ~

#ဂန်းနမ်း #အလှအပဆေးခန်း #ဆိုးလ် #စကားပြန် #ဆေးခန်း #မြန်မာ #ကိုရီးယား #ဟန်းဂု #ဘူဖြောင်း #ဘူဖျောင်း #ရွှေမြန်မာ #ဆာဂျရီ #ခွဲစိတ် #ပလတ်စတစ် #အလှအပဆေးခန်း #အလှအပ #အလှအပရေးရာ #မေးရိုး #ပါးရိုး #မေးစေ့ #ဆရာဝန် #နှာခေါင်း

Address

Gangnam District

Website

Alerts

Be the first to know and let us send you an email when K-Health & Beauty By HJ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share