28/08/2026
✨ Life Lessons & Growing Up ✨
✨ ✨ Life Lessons & Growing Up ✨ ✨
တစ်ယောက်တည်း နေကြည့်မယ်၊ အဝေးမှာ ရပ်တည်မယ်ဆိုပြီး ကိုယ့်စိတ်နဲ့ကိုယ် ဇွတ်ထွက်လာခဲ့တယ်။
အခက်အခဲပေါင်းများစွာ ကြုံတွေ့ရသမျှကို အရင်နဲ့မတူဘဲ ရင်ဆိုင်နိုင်လာတယ်။ စိတ်ပိုင်းဆိုင်ရာ ပြိုလဲချိန်မှာလည်း ကိုယ့်မိသားစုနဲ့ ကိုယ့်သူငယ်ချင်းတွေကသာ အကောင်းဆုံး ရှိပေးခဲ့ကြတာပါ။ အဲဒီအချိန်မှာ ကိုယ့်ကို ဟားတိုက်တဲ့ အပေါ်ယံလူတွေကို ပိုသိခဲ့ရသလို၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့တဲ့ လူတွေကိုလည်း သိခဲ့ရတယ်။ အများကြီးပဲ... တကယ်ကို ပညာရခဲ့တာပါ။
အခုလည်း တစ်နေ့တစ်နေ့ အချိန်တွေကုန်တာ မြန်ချက်က ဘယ်လိုကုန်မှန်းပင် မသိဘူး။ ပျော်တဲ့နေ့ ပျော်ရသလို၊ ဝမ်းနည်းတဲ့နေ့လည်း အရမ်းဝမ်းနည်းရတယ်။ ဒါပေမဲ့ ဆက်သွားရမယ့် Plan တွေရှိလို့ မနည်းအားတင်းပြီး စိတ်ကိုတင်းထားရတာပေါ့။ တချို့အရာတွေ ခေါင်းထဲဝင်လာရင်လည်း "ရုန်းထွက်ပါတော့ မြတ်စုရည်စံရယ်" ဆိုပြီး ကိုယ့်ဟာကိုယ် ပြန်တည်ဆောက်ရတာပေါ့နော်။
ငါလေး တော်တော်တော့ ရင့်ကျက်လာနေပါပြီ။ 🥰
အိမ်ကလည်း Supporting အရင်ကတည်းက ကောင်းတယ်။ "ငယ် ဘယ်လောက်ရှိပြီလဲ၊ ဘယ်လောက်စုမိလဲ" မမေးဘူး။ နောက်ကနေ "ငယ် ဘာလုပ်ချင်တာလဲ မမတို့ကိုပြော၊ မမတို့ အတူတူလုပ်ပေးမယ်" ဆိုပြီး ဝန်းရံပေးကြတယ်။ တကယ် ဘုရားပေးတဲ့ မိသားစုပါပဲ။ 💗
အရမ်းဝမ်းနည်းချိန်ကျရင်လည်း "မြတ်စုရည်စံ... နင် တအားငိုချလိုက်၊ ထပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင် မလုပ်နဲ့" ဆိုပြီး အားတင်းရင်း ဖြတ်သန်းတာပေါ့။
ငါ့ရဲ့ဒဏ်ရာက တချို့သောသူတွေ ကြုံတွေ့နေရတဲ့ အရာတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်တဲ့ဟာပါလား။ သူများတွေကို ကြည့်ပါဦး... သူတို့မှာ အများကြီး အိမ်ရော အရာရာရော ထမ်းထားရတာ။ "ငါက ဒါကို ဘာမဟုတ်တာတွေ တွေးပြီး ဝမ်းနည်းနေစရာလား" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ဖြတ်သန်းနေပါတယ်...🥰