26/12/2021
❄️ ဆောင်းရာသီ ရောက်လာပြီဆိုတော့ နှုတ်ခမ်း ခြောက်ပြီး နှုတ်ခမ်းအရေပြား လန်တာ/ ကွာထွက်တာတွေ အဖြစ်များပါတယ် 💯💯💯
💁🏻♀️ ဒါကြောင့် ဒီနေ့ TarKoe က နှုတ်ခမ်းသားကို စိုပြေစေမယ့် အရိုးရှင်းဆုံး သဘာ၀နည်းလေးတွေ ပြောပြပေးမယ်
1️⃣ သခွားသီး
သခွားသီးကို ပါးပါးလှီးပြီး နှုတ်ခမ်းပေါ်မှာ ၅မိနစ်လောက်ကပ်ထားပေးပါ
သခွားသီးဟာ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေဟာ ပြန်လည် စိုပြေစေပါတယ်
2️⃣ အုန်းဆီ
အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးကတော့ အိမ်တိုင်းမှာ ရှိတဲ့ အုန်းဆီပါပဲ
ခြောက်နေတဲ့ နှုတ်ခမ်းပေါ်ကို လိမ်းပေးနိုင်ပါတယ်
လက်ပေမှာ စိုးရင်တော့ နားကြပ်ဂွမ်းကို အသုံးပြုနိုင်ပါတယ်
3️⃣ ပျားရည်သကြား
ပျားရည်နဲ့သကြားကို ရောမွှေပြီး နှုတ်ခမ်းပေါ်ကို ညင်သာစွာ သုတ်လိမ်းပေးပါ
မိနစ်အနည်းငယ်လောက် ထားပြီးရင်တော့ ရေနဲ့ သန့်စင်အောင်ဆေးကြောပေးပါ
နှုတ်ခမ်းကွဲခြင်းနဲ့ အရေပြားကွာခြင်းတွေကို သက်သာစေပြီး နှုတ်ခမ်းသားကို နူးညံ့စေပါတယ်
4️⃣ သံလွင်ဆီ
သံလွင်ဆီဟာ အစိုဓာတ်ကိုသဘာဝအတိုင်း ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်
သံလွင်ဆီကိုခြောက်သွေ့နေတဲ့ နှုတ်ခမ်းကိုသုတ်လိမ်းနိုင်ပါတယ်
5️⃣ ရေ
အရေးအကြီးဆုံးကတော့ ရေများများ သောက်ပေးခြင်းပါပဲ
တနေ့ကို အနည်းဆုံး ရေ 2 Liter သောက်ပေးပါ
6️⃣ Vitamin ဓာတ် ကြွယ်၀တဲ့ အသီးအနှံ အစားအသောက်များကို စားသုံးပါ
💋 Vitamin B-3 ဟာ နှုတ်ခမ်းရဲ့ အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်
💋 Vitamin B-12 က အနာကျက်တာကို မြန်စေကာ
💋 Zinc ဓါတ်ကတော့ ဆဲလ်ကြီးထွားမှုကို အားပေးပါတယ်
💋 Vitamin A ကလည်း နှုတ်ခမ်းရဲ့ သဘာဝအတိုင်း အဆီထုတ်လုပ်နိုင်စွမ်းကို ထောက်ပံ့ကူညီပေးပါသေးတယ်
🚫 သတိထားရမှာက 🚫
🙅🏻♀️ နှုတ်ခမ်းကို လျှာနဲ့ ခဏခဏ သပ်တာ
🙅🏻♀️ နှုတ်ခမ်းကိုက်တတ်တာ
🙅🏻♀️ နှုတ်ခမ်း အရေခွံကို ခွာတာတွေကိုတော့ မလုပ်မိဖို့ အရေးကြီးပါတယ်
Ref : Yoyarlay