Hanuman By Kay Zin

Hanuman By Kay Zin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hanuman By Kay Zin, Medical and health, Bago.

 #ခါးနာဝေဒနာကို သက်သာစေမယ့် အိမ်တွင်းဆေးနည်းများအလေးအပင်မတဲ့အခါပဲဖြစ်ဖြစ်၊ အထိုင်များတဲ့အခါပဲဖြစ်ဖြစ်  #ခါးနာဝေဒနာ ခံစား...
04/07/2022

#ခါးနာဝေဒနာကို သက်သာစေမယ့် အိမ်တွင်းဆေးနည်းများ

အလေးအပင်မတဲ့အခါပဲဖြစ်ဖြစ်၊ အထိုင်များတဲ့အခါပဲဖြစ်ဖြစ် #ခါးနာဝေဒနာ ခံစားရတတ်ပါတယ်။ လူကြီးလူငယ် အသက်အရွယ်မရွေးခံစားရတတ်တဲ့ ခါးနာဝေဒနာ ပျောက်ကင်းသက်သာဖို့အတွက် သဘာဝနည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

🔸ရှားစောင်းလက်ပတ်ဖျော်ရည်

ရှားစောင်းလက်ပတ်ဖျော်ရည် ၁၂၅ မီလီလီတာခန့်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း ထိုရှားစောင်းလက်ပတ်ဂျယ်လ်ကို နာကျင်မှုခံစားနေရတဲ့ ခါးတစ်ဝိုက်မှာ သုတ်လိမ်းပေးလိုက်ပါ။ နေ့စဉ်မှန်မှန် လိမ်းကျံပေးမယ်ဆိုရင် ခါးနာဝေဒနာ သက်သာသွားပါလိမ့်မယ်။

🔸နာနတ်သီးဖျော်ရည်

နာနတ်သီး ၁၁၅ ဂရမ်ကို အတုံးခပ်သေးသေးလေး တုံးထားပြီးနောက် သစ်သီးဖျော်စက်ထဲ ထည့်ထားလိုက်ပါ။ ထို့နောက် ရေ ၂၅၀ မီလီလီတာကို ဖျော်စက်ထဲထည့်ပြီးနောက် ဖျော်စက်ဖွင့်ကာ မွှေပေးလိုက်ပါ။ ထိုဖျော်ရည်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးလိုက်ပါ။ ဖျော်ရည်မသောက်ချင်သူများအနေနဲ့လည်း နာနတ်သီးကို စားသုံးပေးနိုင်ပါတယ်။

🔸ကြက်သွန်ဖြူ အသုံးပြုပါ

ကြက်သွန်ဖြူ ၁၀ မြွှာကို ညှက်နေအောင် ထောင်းပေးလိုက်ပါ။ ရရှိလာတဲ့ ကြက်သွန်ဖြူအနှစ်ကို နာကျင်နေတဲ့ ခါးတစ်ဝိုက်ပေါ်သို့ လိမ်းကျံပေးလိုက်ပါ။ ထို့နောက် တဘက်သန့်သန့်တစ်ခုဖြင့် ပတ်ထားပေးလိုက်ပါ။ ၂၅ မိနစ်၊ မိနစ် ၃၀ ခန့်ကြာတဲ့အခါမှာတော့ ရေစိုနေတဲ့အဝတ်စဖြင့် သန့်စင်ပေးလိုက်ပါ။ ဒီနည်းလမ်းအသုံးပြုမယ်ဆိုရင်တော့ အနည်းဆုံး တစ်နေ့နှစ်ကြိမ်ပြုလုပ်ပေးရပါမယ်။

နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ မနက်မိုးလင်းတိုင်းမှာ ကြက်သွန်ဖြူ ၂ မြွှာ၊ ၃ မြွှာခန့်ကို ဝါးစားပေးရမှာပဲဖြစ်ပါတယ်။

🔸ဂျင်းလက်ဖက်ရည်နွေးနွေးလေး သောက်သုံးပါ

ရေနွေးပူ တစ်ဖန်ခွက် (၂၅၀ မီလီလီတာ)ထဲသို့ ၂ လက်မအရွယ်အစား ဂျင်းတုံးတစ်တုံးထည့်ကာ ၅ မိနစ်၊ ၁၀ မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။ ထို့နောက် အရသာကောင်းမွန်ဖို့ရန်အတွက် ပျားရည်အနည်းငယ်ထည့်ကာ မွှေပေးလိုက်ပါ။ ရေနွေး မအေးခင်မှာ ပူပူနွေးနွေးလေး သောက်သုံးပေးခြင်းအားဖြင့် ခါးနာဝေဒနာကို ကုသပေးလိုက်ပါ။ ဒီဂျင်းလက်ဖက်ရည်ကိုတော့ တစ်နေ့ နှစ်ကြိမ်ခန့် သောက်သုံးပေးလိုက်ပါ။

Credit

ပြန်လည် ကူးယူမျှဝေပါသည်ခြေဖနောင့်ကွဲနာပျောက်ဖို့~~~~~~~~~~ကိုကံမြင့်တစ်ယောက် ခြေဖနောင့်နာနေလို့ လမ်းကောင်းကောင်းမလျှောက်...
29/03/2022

ပြန်လည် ကူးယူမျှဝေပါသည်

ခြေဖနောင့်ကွဲနာပျောက်ဖို့
~~~~~~~~~~
ကိုကံမြင့်တစ်ယောက် ခြေဖနောင့်နာနေလို့ လမ်းကောင်းကောင်းမလျှောက်နိုင်ဖြစ်နေတယ်။
အလှူပွဲ၊ ထိမ်းမြားမင်္ဂလာပွဲ၊ နာရေးကိစ္စ ဘယ်မှမသွားနိုင်။ ဇနီးနှင့်သားသမီးတွေကိုသာ လွှတ်နေရတယ်။
ကျနော်နဲ့တွေ့ပြီ့း သူကဆေးနည်းတောင်းတယ်။
ခုတော့ ကျနော်ပေးတဲ့ဆေးနည်းနဲ့ သက်သာသွားတယ်တဲ့။
ဆေးနည်းပေးခ ငွေတစ်ပြားမှမရပေမယ့် ပီတိဖြစ်ရတာကတော့ အမှန်ပါ။... .... ... .... ...

ကျနော်က ဆေးတွေပေးတတ်ပါတယ်။ အမှန်ပြောရ ထိုးဆေး၊စားဆေးတွေနဲ့ ရမ်းကုလုပ်မယ်ဆိုရင်တောင်
လုပ်တတ်တယ်။
ဗန်းမောက်ရွှေမှော်၊ တနိုင်းရွှေမှော်များတွင်နေခဲ့စဉ်က လောပန်းများခိုင်းစေချက်အရ(အလုပ်လည်းသက်သာလို့) ဒေါက်တာရမ်းကုအဖြစ်
ခပ်တည်တည်ကြီးလုပ်နေခဲ့ဖူးပါသေးတယ်။😁😁😁😁
မည်သို့ဆိုစေ ဒီလိုလုပ်နိုင်တာဟာ စာဖတ်တဲ့အကျိုးကြောင့်ပါ။
ခုပြောပြတဲ့ ခြေဖဝါးနာပျောက်ဆေးကလည်း စာဖတ်ရင်းရလာတဲ့ဗဟုသုတပါ ။
စာမဖတ်၊ ဗဟုသုတမရှာခဲ့ရင် ခုလိုကူညီနိုင်မှာမဟုတ်။
...
ကိုကံမြင့်လိုခြေဖဝါးကွဲပြီး သွားလာရေးခက်ခဲလို့ စိတ်ဆင်းရဲနေရသူများအတွက်လည်း ဒီနည်းလေးလုပ်ကြည့်ကြပါ။ ကံကောင်းရင်တော့ပျောက်နိုင်ပါတယ်။
မပျောက်ရင်လည်း ဘေးမဖြစ်နိုင်လို့ စိတ်ချသုံးနိုင်ပါတယ်။

ဆေးနည်းများ-
ဆေးနည်း(၁)
ဇွန်ပန်းရွက်(ဇွန်ပန်းက စံပယ်နဲ့မျိုးရင်းတူတယ်)ကို
ညှက်ညှက်ကြိတ်ပြီး ကွဲအက်ရာထဲသိပ်ပေးပါ ။
စိတ်ရှည်ရှည်လုပ်ပါ။ ဆယ်ရက်ခန့်နဲ့သက်သာနိုင်ပါတယ်။

ဆေးနည်း(၂)
ညအိပ်ယာဝင်ခါနီးတွင် ခြေထောက်အား ရေစင်အောင်ဆေးပါ။ ဒူးခေါင်းမှစ၍ ကြာကြာလေးလောင်းဆေးပေးသင့်သည်။
ထို့နောက် ရေစင်အောင်သုတ်ပါ။
ကွမ်းရွက်စိုတစ်ရွက်ကို မကျည်းမှည့်အနှစ်အနည်းငယ်နဲ့ရောကြိတ်။
ကွဲနေတဲ့အရာထဲထည့်သိပ်လိမ်းပေးပါ ။ဤကဲ့သို့ ညစဉ် လုပ်ပေးပါက တစ်ပတ်အတွင်းတွင် သက်သာပျောက်ကင်းနိုင်ကြောင်း သိရပါသည်။ ။

ဆေနည်း(၃)
ငှက်ပျောသီးမှည့်ကို အခွံပါပါအောင်ပြုတ်၍ နေ့စဉ်စားသုံးပေးခြင်း၊ ငှက်ပျောခွံအတွင်းသားဖြင့် ကွဲအက်ရာထဲသို့ ပွတ်လိမ်းပေးခြင်းတို့ဖြင့်လည်း ခြေဖနောင့်ကွဲအက်ဒဏ်ရာအား တစ်ဖြည်းဖြည်းပျောက်ကင်းသက်သာစေနိုင်သေးသည်ဟု ဆို၏။

အထက်ပါဆေးနည်းများသုံးစွဲနေစဉ်အတွင်း နေ့စဉ် ခြေဖဝါးအား ရေနွေးစိမ်ကာ၊ ပွထနေသောဆဲလ်သေများကို တိုက်ချွတ်ဖယ်ရှားပေးပါက ၊ နာကျင်မှုကိုသက်သာစေပြီး လမ်းလျှောက်ရလည်းအဆင်ပြေစေပါလိမ့်မည်။ ။

"ဘေးဘယာ ဝေးကွာကြပါစေ"

ပြည့်စုံမင်းလွင်(ပင်လည်ဘူး)

Credit.

ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာတာနဲ့ ရိုးရိုးခါးနာတာကို ဒီလိုခွဲနိုင်ပါတယ်။ နာကျင်မှုပုံစံ        ကျောက်ကပ်ထဲ ကျောက်တည်ရင်...
23/03/2022

ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာတာနဲ့ ရိုးရိုးခါးနာတာကို ဒီလိုခွဲနိုင်ပါတယ်။

နာကျင်မှုပုံစံ
ကျောက်ကပ်ထဲ ကျောက်တည်ရင် စူးခနဲ နာတာမျိုးခံစားရပြီး ကျောက်ကပ် ပိုးဝင်နေတာဆိုရင်တော့ ခါးအောက်ပိုင်း အောင့်တောင့်တောင့် ဝေဒနာကို ခံစားရမှာပါ။

လှုပ်ရှားမှုကြောင့် ခါးပိုနာတာမျိုး မရှိသလို သူ့ဘာသာသူလည်း သက်သာမသွားတတ်ပါဘူး။ ဒါပေမယ့် အထဲက ကျောက်ကလေး နေရာရွေ့သွားတဲ့အချိန်မျိုးမှာတော့ နာကျင်မှု ပြင်းထန်တတ်ပါတယ်။

ရိုးရိုး ခါးနာတာမှာကျတော့ ကြွက်သားဒဏ်ဖြစ်နေတာဆိုရင် အောင့်တောင့်တောင့် ဝေဒနာခံစားရတတ်ပြီး အာရုံကြောထိတဲ့ ခါးနာခြင်းမှာကျတော့ တင်ပါးပတ်လည် ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးတို့မှာပါ စူးကနဲ ကျင်ခနဲနာကျင်တဲ့ခံစားမှုမျိုး ခံစားရတတ်ပါတယ်။

ကြွက်သားထိလို့ နာတာဆိုရင် ခါး ၂ ဘက်လုံးနာတတ်ပေမယ့် အကြောထိလို့ နာတာဆိုရင်တော့ ခါးတစ်ဘက်တည်းက နာနေတတ်ပါတယ်။

နာကျင်မှု ပျံ့နှံ့ခြင်း
ကျောက်ကပ်ကြောင့်ဖြစ်တဲ ခါးနာခြင်းဟာ ပေါင်အတွင်းပိုင်းနဲ့ ဗိုက်အောက်ပိုင်းတွေကိုပျံ့သွားပြီး အဲဒီနေရာတွေမှာပါ နာနေတတ်ပါတယ်။
အာရုံကြောထိလို့နာတဲ့ခါးနာခြင်းမှာတော့ နာကျင်မှုဟာ ခြေထောက် အောက်ပိုင်းအထိ ပျံ့သွားတတ်ပြီး ကြွက်သားထိလို့နာတဲ့ ခါးနာခြင်းကတော့ ခါးပတ်လည်မှာပဲ နာကျင်မှု ဝေဒနာ ရှိနေတတ်ပါတယ်။

သက်သာသွားတာ ပိုးဆိုးသွားတာ။
ကျောက်ကပ် ကြောင့်ဖြစ်တဲ့ခါးနာခြင်းက ဆေးကုသမှု မခံယူမချင်း သက်သာသွားမယ့် နာကျင်မှု မျိုး မဟုတ်ပါဘူး။

ကိုယ်ခန္ဓာပုံစံအမှန်လေးပြင်လိုက်ရုံနဲ့သက်သာသွားမှာမဟုတ်သလို လှုပ်လှုပ်ရှားရှား လုပ်လွန်းလို့ ပိုဆိုးသွားတာမျိုးလည်း မရှိပါဘူး။

ရိုးရိုးခါးနာတာကျတော့ တစ်ချိန်လုံး ခါးကိုအားပြုထိုင်နေတာ၊ မတ်တပ်ရပ်တာ ကြာတဲ့ အခါမျိုးတွေမှာ ပိုဆိုးတတ်ပြီး ကိုယ်အနေအထားကို ပြင်လိုက်တဲ့အချိန် လေ့ကျင့်ခန်း ညင်ညင်သာသာ လုပ်ပေးတဲ့အခါ သက်သာသွားတတ်ပါတယ်။

ခါးနာတာနဲ့အတူရှိနေတတ်တဲ့အခြား လက္ခဏာတွေ
ကျောက်ကပ်ကျောက်တည်တာ ၊ ပိုးဝင်တာမျိုးတွေမှာ ချမ်းတုန်ပြီးဖျားတာ ၊ပျို့အန်တာ၊ ဆီးသွားရင်နာတာ၊ ဆီးအနည်ထိုင်တာ ၊ဆီးထဲ သွေးပါတာ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။

ရိုးရိုး ခါးနာတာမှာကျ နာနေတဲ့ ခါးနေရာက ရောင်နေတာ ၊ထိလိုက်ရင် ပိုနာတာ၊ ကြွက်သားတွေ တင်းနေတာနဲ့ ခါးအောက်ပိုင်း အားမရှိတာ စတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

ခါးနာတာနဲ့အတူ ဆီးတွေ၊ ဝမ်းတွေ မထိန်းနိုင်တာတွေပါရှိနေတယ်ဆိုရင်တော့ ခါးဆစ်ရိုးထဲက အကြောတွေ ထိနေတဲ့ ပြဿနာဖြစ်နိုင်တာကြောင့် ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုပါတယ်။

Credit - ဒေါက်တာonline

 #အလွယ်ကူဆုံးကျောက်ကပ်ဆေးနည်းကိုမျှဝေပေးလိုက်ပါတယ်...။(၁) ကြက်ရိုး နှစ်ဆယ်ကျပ်သားခန့်ကို      ကြာကြာလေး ပြုတ်ပါ...။⬅(၂) ...
21/03/2022

#အလွယ်ကူဆုံးကျောက်ကပ်ဆေးနည်းကိုမျှဝေပေးလိုက်ပါတယ်...။

(၁) ကြက်ရိုး နှစ်ဆယ်ကျပ်သားခန့်ကို
ကြာကြာလေး ပြုတ်ပါ...။⬅

(၂) ကျောက်ဖရုံသီး တစ်စိတ်ကို
ခပ်သေးသေး တုံး၍ ထည့်ပြုတ်ပါ...။⬅

(၃) ငရုတ်ကောင်း ၅ စေ့ခန့်ကို ထုထည့်ပါ..။⬅

(၄) ဟင်းကျက်ပြီဆိုရင်
တရုတ်နံနံပင် အနေတော် ၃ ပင်ခန့်ကို
နုတ်နုတ်စင်း၍ ထည့်ပါ...။⬅

(၅) ပန်းကန်ထဲထည့်ပြီး သောက်ခါနီး
သံပုရာတစ်စိတ်ကို ညစ်ထည့်ပြီး သောက်ပါ...
အရည်ရော အဖတ်ပါ စားပါ...
တစ်အိုးလုံး မကုန်မချင်း နားနားပြီး စားပါ..။⬅

(၆) အနည်းဆုံး တစ်လတစ်ကြိမ်လောက်
ကျောက်ဖရုံသီးဟင်းချိုကို ချက်သောက်ပါ...။⬅

📝 ကျောက်ကပ်ဟာ
လူသားတွေအတွက် အရေးပါဆုံးအလုပ်တွေကို
လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်...
နေ့စဉ် စားသောက်နေတဲ့
အစားအစာများကို စစ်ထုတ်ပေးရတယ်...။⬅

📝 ယနေ့ခေတ် အစားအသောက်များကလည်း
ဟိုအရင်လို သဘာဝအလျှောက်
တောထဲကရတဲ့ အသီးအနှံ၊
ဟင်းသီးဟင်းရွက်က ရှားပါးသွားပြီး
နည်းပညာအမျိုးမျိုးနဲ့ ထုတ်လုပ်တာကိုပဲ စားသုံးနေရပါတယ်...
အဆိပ်အတောက်မျိုးစုံလည်း ပါဝင်နေပါတယ်...။⬅

📝 ကြာလာတော့
ကျောက်ကပ်ကို သွားထိပါတယ်...
ကျောက်ကပ်က မစစ်ထုတ်နိုင်တော့ အခဲဖြစ်ကျန်ရစ်ကာ
ကျောက်ကပ်မှာ ကျောက်တည်ရောဂါများ ဖြစ်လာကြပြီး၊ ဆေးရုံတက်ခွဲနေကြသူတွေ မနည်းပါဘူး..။⬅

📝 အစာလည်းဆေး၊
ဆေးလည်းအစာ ဆိုတဲ့စကားအတိုင်း
ကျောက်ကပ်အတွက် အကောင်းဆုံးဟင်းတစ်ခွက်ကို ညွန်ပေးလိုက်ရပါတယ်...။⬅

လူသားအားလုံး ကျန်းမာချမ်းသာကြပါစေလို့...😊

ရောင်ပြန်
#ကျန်းမာရေးဗဟုသုတ

ဂုတ်_ခါး_ဒူး_ဖနောင့် အရိုးကျီးပေါင်း ( အရိုးအတက်) ထွက်ခြင်း အတွက် လက်တွေ့ဆေးနည်း ..====================ဂုတ်_ခါး_ဒူး_ဖနော...
03/03/2022

ဂုတ်_ခါး_ဒူး_ဖနောင့် အရိုးကျီးပေါင်း ( အရိုးအတက်) ထွက်ခြင်း အတွက် လက်တွေ့ဆေးနည်း ..

====================

ဂုတ်_ခါး_ဒူး_ဖနောင့် အရိုးကျီးပေါင်း ( အရိုးအတက်) ထွက်ခြင်း အတွက် လက်တွေ့ဆေးနည်း

အရိုးကျိုးသည့်နေရာ အရိုးကျီးပေါင်းတက် အရိုးအဖုဖြစ်နေသည့် သူများအတွက် လက်တွေ့ဆေးနည်း

လိုအပ်သည့်ဆေး

၁ ။ ဟင်းနုနွယ်ဆူးပေါက်ပင် ပဉ္စငါးပါး လက်တစ်ဆုပ် ။ ( ဟင်းနုနွယ်အရိုင်းပင် ဆူးများပါပါသည် )

၂ ။ ထမင်း လက်တစ်ဆုပ် ။

ဟင်းနုနွယ်ဆူးပေါက် လက်တစ်ဆုပ် အပင်အရွက် အမြစ် ပါ ( ပဉ္စငါးပါးရေသေခြာဆေး ) ဓားဖြင့်စင်းပြီး ထမင်းလက်တစ်စုပ် ဆတူကို ဆုံတစ်ခုမှာ ထည့်ထောင်းပါ ။

( မိမိ အရိုးနာနေတဲ့နေရာကို တအုပ်စာခန့်မှန်းပြီး နှစ်မျိုးပေါင်းကို ညက်အောင်ထောင်းပါ )

ထောင်းပြီးရင် ပတ္တီးစခေါက်ပြီး အနာဆေးထည့်သလို ဆေးကိုအရင်အုပ် ပြီးတော့ ကျီးပေါင်းဖြစ်သည့် နာကျင်သောနေရာ ဂုတ် သို့ ခါး တို့အား ပတ္တီးစကို အဲ့ဒီ အပေါ်ကအုပ်ပြီး ပုံပါအတိုင်း စက္ကူတိတ်ကပ်ပေးထားပါ ။

ခြေဖနောင့် တတောင်ဆစ် ဒူးတို့အတွက် ဆေးအုံပြီး ပတ္တီးဖြင့်စီးပေးထားလျှင်ရပါသည် ။

မနက် တစ်နာရီကပ် အသစ်ပြန်ထောင်း ညဖက် တစ်နာရီကပ် တနေ့ ၂ ခါကပ်ပေးပါ ။( အချိန်ပိုလည်းရပါတယ် )

ကျီးပေါင်း ( အရိုးအတက်ထွက်ခြင်းအတွက် ထိရောက်ပါတယ်)

တပတ်ခန့်စိတ်ရှည်ရှည်နှင့် ပုံမှန်လုပ်ပေးပာက အရိုးကျီးပေါင်းအတွက် အမှန်တကယ်ထူးခြားလာပါလိမ့်မယ် ။

#မူရင်းသို့လေးစားစွာဖြင့်credit

Address

Bago

Telephone

+959790817730

Website

Alerts

Be the first to know and let us send you an email when Hanuman By Kay Zin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share