လိပ်ပြာကန် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Bago
  • လိပ်ပြာကန် အထူးကုဆေးခန်း

လိပ်ပြာကန် အထူးကုဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လိပ်ပြာကန် အထူးကုဆေးခန်း, Medical and health, အမှတ် (၂၅၂)၊ ၃၁လမ်း ၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့, Bago.

📢📢📢🏥 လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေးစင်တာ တွင်...⚡⚡⚡⚡⚡⚡⚡အောက်ပါဝန်ဆောင်မှုများကို သင့်တင့်သောဈေးနှု...
08/09/2026

📢📢📢
🏥 လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေးစင်တာ တွင်...

⚡⚡⚡⚡⚡⚡⚡
အောက်ပါဝန်ဆောင်မှုများကို သင့်တင့်သောဈေးနှုန်း၊ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးနေပါသည်။

🔷 အထူးကုဆရာဝန်ကြီးများနှင့်ပြသခြင်း။

🔷 အထွေထွေရောဂါကုဆရာဝန်ကြီးများနှင့်ပြသခြင်း။

🔷 အမေရိကန်နိုင်ငံထုတ် ခေတ်မီတယ်လီဗွီးရှင်းဓါတ်မှန်စက်ကြီးဖြင့် ရောဂါရှာဖွေ‌ပေးခြင်း(Ultrasonography)၊နှလုံး (Echo) ရိုက်ခြင်း။

🔷 Digital (X-Ray) ခေတ်မီဓါတ်မှန်စက်ကြီးဖြင့် ရောဂါရှာဖွေပေးခြင်း(ဓါတ်မှန်)။

🔷 နှလုံး (ECG) ဆွဲခြင်း။

🔷 ကာကွယ်ဆေးထိုးဝန်ဆောင်မှုပေးခြင်း။
(အသည်းရောင်ဘီပိုးရောဂါကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေး၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး)

🕖 ဆေးခန်းဖွင့်ချိန်
နေ့စဉ်-နံနက် (၇:၃၀)နာရီမှ ည (၇:၀၀)နာရီထိ။

✳️ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည် ✳️

🏥 ဆေးခန်းလိပ်စာ
အမှတ်(၂၅၂)၊(၃၁)လမ်း၊ရုံးကြီးရပ်ကွက်၊ပဲခူးမြို့။

☎️ ဆေးခန်းဖုန်း~
09-777908383
09-889006033,

☘️Breast Lump ☘️( ရင်သား အလုံး အကျိတ်)☘️ရင်သားတွင် အလုံးအကျိတ်စမ်းမိလျှင် ရင်သားကင်ဆာဖြစ်နေပြီဟု စိုးရိမ်ပူပန်တတ်ကြပါတယ်...
03/09/2026

☘️Breast Lump ☘️( ရင်သား အလုံး အကျိတ်)

☘️ရင်သားတွင် အလုံးအကျိတ်စမ်းမိလျှင် ရင်သားကင်ဆာဖြစ်နေပြီဟု စိုးရိမ်ပူပန်တတ်ကြပါတယ်ရှင်။
👉သို့သော်လည်း မြန်မာအမျိုးသမီးများသည် ရှက်ရွံ့မှုကြောင့် ဆေးရုံဆေးခန်းသို့ ပြသတိုင်ပင်မှု နှောင့်နှေးတတ်ကြသဖြင့် စမ်းသပ်စစ်ဆေးမှုများ နောက်ကျကာ မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများကို ရင်ဆိုင်ရတတ်ပါသည်။
👉 ရင်သားအကျိတ်အများစုသည် သာမန်အကျိတ်များဖြစ်သော်လည်း ကင်ဆာဖြစ်နိုင်ခြေရှိသောကြောင့် စနစ်တကျ စစ်ဆေးကုသမှုခံယူရန် အရေးကြီးပါသည်ရှင်။

✅ဖြစ်ပေါ်ရသောအကြောင်းရင်းများ
(၁)ရင်သားအရည်အိတ်တည်ခြင်း
(Breast Cyst)
❇️ရင်သားအရည်အိတ်များသည် အလွန်သေးငယ်သည့်အရွယ်မှ လိမ္မော်သီးအရွယ်အထိ အရွယ်အစား အမျိုးမျိုးရှိနိုင်ပါသည်။ အရည်အိတ်ကို ရင်သားအတွင်း၌ ပြောင်ချောသောအလုံးများအဖြစ် စမ်းမိနိုင်ပါသည်။ အချို့ရင်သားအရည်အိတ်များသည် ရာသီသွေးပေါ်ချိန်နှင့် ဆက်စပ်မှုရှိပြီး နာကျင်တတ်ပါသည်။ ရာသီသွေးမပေါ်မီ အရွယ်အစား ကြီးလာတတ်ပြီး ရာသီသွေးပေါ်ပြီးလျှင် ပြန်သေးသွားတတ်ပါသည်။
(၂)ရင်သားတစ်ရှူးပြောင်းလဲမှု
(Fibrocystic Breast Changes)
❇️အဆိုပါ ရင်သားပြောင်းလဲမှုသည် ရာသီသွေးစက်ဝန်းအလိုက် ဖြစ်ပေါ်တတ်ပါသည်။ ရာသီသွေးမပေါ်မီ ရင်သားတင်းခြင်း၊ အလုံးကဲ့သို့ စမ်းမိခြင်း၊ အမျှင်ချောင်းကဲ့သို့ စမ်းမိခြင်း စသည်တို့ဖြစ်ပြီး တစ်ခါတစ်ရံ နာကျင်တတ်ပါသည်။ ရာသီသွေးပေါ်ပြီးပါက အထက်ပါလက္ခဏာများ သက်သာသွားတတ်ပါသည်။

(၃)ရိုးရိုးရင်သားအကျိတ် (Fibroadenoma)
✳️ရိုးရိုးရင်သားအကျိတ်ကို မာတင်းသည့်အလုံးအဖြစ် စမ်းမိနိုင်ပါသည်။ အကျိတ်ကိုဖမ်းဆုပ်ရန် ကြိုးစားလျှင် ရွေ့လျားနေတတ်ပါသည်။ ရိုးရိုးရင်သားအကျိတ်သည် ကိုယ်ဝန်ဆောင်ချိန်၊ ကိုယ်ဝန်တားဆေးများ အသုံးပြုနေချိန်နှင့် ရာသီသွေးပေါ်ချိန်များတွင် အရွယ်အစားကြီးလာတတ်ပါသည်။ အချို့တွင် အလိုအ‌လျောက် သေးငယ်သွားပြီး ပျောက်ကွယ်သွားနိုင်ပါသည်။

(၄)ထိခိုက်ဒဏ်ရာကြောင့် ဖြစ်သော ရင်သားအကျိတ် (Traumatic fat necrosis)
❇️ရင်သားကို ပြင်းထန်စွာ ထိခိုက်မိခြင်းကြောင့် ရင်သားအဆီများပျက်စီးကာ အလုံးအကျိတ်တည်ခြင်းဖြစ်ပါသည်။

(၅)နို့ပြွန်ချောင်းအကျိတ်
(Intraductal papilloma)
❇️ရင်သားတွင်းရှိ နို့ရည်ပြွန်ချောင်းများတွင် အကျိတ်တည်ခြင်း ဖြစ်ပါသည်။ သာမာန်အားဖြင့် နာကျင်ခြင်း မရှိတတ်ပါ။ နို့သီးခေါင်းမှ အရည်ကြည် (သို့မဟုတ်) သွေးရောင် အရည်များထွက်တတ်ပါသည်။

(၆)ရင်သားတွင်း ပြည်တည်ခြင်း
(Breast Infections and Abscess)
✳️ရင်သားတွင် ပြည်တည်ပါက အလုံးအကျိတ်အဖြစ်စမ်းမိတတ်ပါသည်။ ရင်သား နာကျင်ခြင်း၊ ရောင်ရမ်းခြင်း စသည်တို့ပါ ရှိတတ်ပါသည်။ မိခင်နို့တိုက်ကျွေးနေသော အမျိုးသမီးများတွင် အဖြစ်များပါသည်။

(၇)ရင်သား အဆီကျိတ် (Lipoma)
❇️အကျိတ်ပျော့လေးများအဖြစ် စမ်းမိတတ်ပါသည်။ အန္တရာယ်မရှိနိုင်ပါ။

(၈)ရင်သား ကင်ဆာ (Breast Cancer)
❇️ရင်သားတွင် အလုံးအကျိတ်ပေါ်ပါက ကင်ဆာ ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးမှု ခံယူရန် အရေးကြီးပါသည်။
Healthline
💁 အထက်တွင် ဖော်ပြ ထားသော လက္ခဏာ
များနှင့်ပတ်သက်ပြီးတိုင်ဆွေးနွေးပြသလိုပါက🔸🔸🔸🔸🔸

🏥လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေးစင်တာ တွင်...

👨‍⚕️👨‍⚕️👩‍⚕️ခွဲစိတ် အထူးကုဆရာဝန်ကြီးများ ဖြစ်တဲ့

Dr.သိန်းလွင်
M.B.,B.S,M.Med.Sc(Surgery)
ခွဲစိတ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.သော်ဟိန်းဦး
M.B.,B.S,M.Med.Sc(Surgery)
ခွဲစိတ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.ဟေမာန်ဦး
M.B.,B.S,M.Med.Sc(Surgery)
ခွဲစိတ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr;ချစ်မြတ်နိုး
M.B.,B.S,M.Med.Sc(Surgery)
ခွဲစိတ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

တို့နှင့်

🗓️ နေ့စဉ် တိုင်ပင်‌ေဆွး‌ေနွးကုသမှုခံယူနိုင်ပါတယ်ရှင်☺️

👉ဆေးခန်း ပြသရန်အတွက် ဘိုကင််ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက_______

☎️ဆေးခန်းဖုန်း- ၀၉-၇၇၇၉၀၈၃၈၃၊ ၀၉-၈၈၉၀၀၆၀၃၃
တို့ကို (မနက် ၇:၃၀ နာရီ မှ ည ၆:၃၀ နာရီ)အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်🥰

🏥ဆေးခန်းလိပ်စာ-
အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

#ရင်သားအလုံးအကျိတ်


#ခွဲစိတ်အထူးကုဆရာဝန်
#လိပ်ပြာကန်အထူးကုဆေးခန်း

သွေးတိုးရောဂါအကြောင်း သိကောင်းစရာ🩺✅Hypertension ဆိုတာကို သွေးတိုးတယ်လို့ လူသိများပါတယ်ရှင်။ သွေးပမာဏမြင့်မားပြီး သွေးလွှ...
30/08/2026

သွေးတိုးရောဂါအကြောင်း သိကောင်းစရာ🩺

✅Hypertension ဆိုတာကို သွေးတိုးတယ်လို့ လူသိများပါတယ်ရှင်။ သွေးပမာဏမြင့်မားပြီး သွေးလွှတ်ကြောနံရံတွေကို ဆန့်ကျင်တွန်းကန်လာတဲ့အခါ ဖြစ်ပေါ်တဲ့ အခြေအနေဖြစ်ပါတယ်။
နှလုံးကနေ သွေးလွှတ်ကြောသို့ သွေးညှစ်ထုတ်လိုက်တာနဲ့ သွေးစီးဆင်းမှုက သင့်ရဲ့သွေးကြောနံရံတွေကို တွန်းတဲ့အခါ သွေးဖိအားအဆက်မပြတ် ပြောင်းလဲစေပါတယ်။ ဒီလို သွေးဖိအားမြင့်တက်ခြင်းက အချိန်ကြာမြင့်စွာ ဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ အန္တရာယ်ဖြစ်နိုင်ပါတယ်ရှင်။

⚠️သွေးတိုးရောဂါ အမျိုးအစားများစွာရှိပြီး အဓိကအမျိုးအစားများကတော့ -
1️⃣ Primary hypertension (အဖြစ်အများဆုံး သွေးတိုးရောဂါ)
2️⃣ Secondary hypertension (အောက်ခံအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်တာဖြစ်ပါတယ်)
3️⃣ Isolated systolic hypertension (အပေါ်သွေးသီးသန့်တက်ခြင်း)
4️⃣ Preeclampsia (ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း) စတာတွေပဲ ဖြစ်ပါတယ်ရှင်။

သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းတရားများက ဘာတွေလဲ ❓

သွေးတိုးဖြစ်စေတဲ့ အတိအကျအကြောင်းရင်း မရှိပေမယ့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက သွေးတိုးစေနိုင်တဲ့အချက်တွေကို ဖော်ထုတ်ထားပါတယ်ရှင်။ အဓိကအကြောင်းရင်းကတော့ အမျိုးအစား (၂) မျိုးပေါ်မူတည်ပြီး ကွာခြားပါတယ် 👇

🌵 Primary hypertension (သို့မဟုတ်) Essential hypertension
အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး နောက်ခံအကြောင်းရင်း တိတိပပမရှိဘဲ ဖြစ်တတ်တာပါ။
လေ့လာချက်တွေအရ မျိုးရိုးဗီဇ၊ အသက်နဲ့ မျိုးနွယ်စု စတာတွေနဲ့ ပတ်သက်လိမ့်မယ်လို့ ယူဆထားကြပါတယ်။
ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစားအသောက်ထဲတွင် အရက်နှင့် ဆား (ဆိုဒီယမ်) များများ စားသုံးမှုတို့လည်း ပါဝင်ပါတယ်ရှင်။

🌵 Secondary hypertension
အောက်ခံရောဂါတစ်ခုခုကြောင့် သွေးပေါင်ချိန်တက်လာရခြင်းဖြစ်ပြီး ဖြစ်စေတဲ့အချက်တွေကတော့ -
🔹အိပ်ပျော်စဉ် အသက်ရှူကျပ်ခြင်း (Sleep Apnea)
🔹ကျောက်ကပ်ရောဂါ
🔹နှလုံးရောဂါအခြေအနေများနှင့် ထိခိုက်ဒဏ်ရာများ
🔹Adrenal (အဒရီနယ်) ဂလင်း မူမမှန်ဖြစ်ခြင်း စတာတွေကြောင့် သွေးတိုးရောဂါကို ဖြစ်စေနိုင်ပါတယ်ရှင်။
✍️ Dr. Thurein Hlaing Win

✅အထက်ဖော်ပြပါအကြောင်းအရာများနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပြသလိုပါက..

🏥 လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေး စင်တာ တွင်•••••

👩‍⚕️အထွေထွေရောဂါ ဆိုင်ရာ အထူးကုသမား‌တော်ကြီးများ...

Dr,မြင့်မြင့်အေး
M.B.,B.S,M.Med.Sc(Int.Med)
M.R.C.P(UK),F.R.C.P(Edin)
အထွေထွေရောဂါကုသမားတော်
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.မေဝတ်ရည်ဦး
M.B.,B.S,M.Med.Sc(Int.Med)
MRCP (UK) FRCP (Edin)
အထူးကုဆရာဝန်(ဆေးပညာ)

Dr.ကေသီဝင့်အောင်
M.B.,B.S (Ygn)
M.Med.Sc(Int.Med)
အထွေထွေရောဂါကုသမားတော်
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr;နွေးသိမ့်သိမ့်တင်
M.B.,B.S,M.Med.Sc(Int.Med)
MRCP (UK) FRCP (Edin)
အထွေထွေရောဂါကုသမားတော်

တို့နှင့်
🗓️ နေ့စဉ် တိုင်ပင်ဆွေးနွေးပြသ နိုင်ပါတယ်ရှင်💁

👉 ဆေးခန်း ပြသရန်အတွက် ဘိုကင်ယူရန် နှင့် _____

☎️ ဆေးခန်းဖုန်း-
၀၉-၇၇၇၉၀၈၃၈၃ ၀၉-၈၈၉၀၀၆၀၃၃
တို့ကို (မနက် ၇:၃၀ မှ ည ၆:၃၀)နာရီ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်😊

🏥ဆေးခန်းလိပ်စာ-
အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

#သွေးတိုးရောဂါ

#အထွေထွေရောဂါကုသမားတော်
#လိပ်ပြာကန်အထူးကုဆေးခန်း

🏣 လိပ်ပြာကန်အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေးစင်တာတွင်~~~~~~~⤵️အောက်ပါ Ultrasounds အမျိုးအစားများကို ခေတ်မီအဆင့်...
27/08/2026

🏣 လိပ်ပြာကန်အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေးစင်တာတွင်~~~~~~~

⤵️အောက်ပါ Ultrasounds အမျိုးအစားများကို ခေတ်မီအဆင့်မြင့်‌အ‌ေမရိကန်နိုင်ငံထုတ်စက်ကြီးဖြင့် ဈေးနှုန်းသင့်တင့်စွာ ရိုက်ကူးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်

🚩 USG (Abdomen&Pelvis)- ၀မ်းဗိုက်ကိုရိုက်ခြင်း။

🚩 USG(Neck)- လည်ပင်းရှိ သိုင်းရွိုက်ဂလင်းနှင့် အခြားအလုံးအကျိတ်များကိုရိုက်ခြင်း။

🚩 USG(Breast)- ရင်သားရှိ အလုံးအကျိတ်တို့ကိုရိုက်ခြင်း။

🚩 USG(Echo)- နှလုံး လုပ်ငန်းဆောင်တာ စစ်ဆေးခြင်း။

🚩 USG(Doppler)- ခြေထောက်သွေးကြောလေးများ ရိုက်ခြင်း။

🚩 USG(Scrotum)- အမျိုးသား ကပ္ပါယ်အိတ်ကိုရိုက်ခြင်း။

🚩 USG(Anomalies Scan)- ကိုယ်ဝန်‌ဆောင်နေစဉ် ရင်သွေးငယ်ဖွံ့ဖြိုးမှု အနေအထားများကိုသိရှိရန်ရိုက်ခြင်း။

Dr.နေဝင်းရှိန်
M.B.,B.S,M.Med.Sc(RADIOLOGY)
SENIOR CONSULTANT RADIOLOGIST
အထူးကုဆရာဝန်ကြီး(ဓါတ်မှန်)

စနေနေ့ ( မနက် ၈:၀၀ နာရီ )

တနင်္ဂနွေနေ့ (မနက် ၉:၀၀ နာရီ )

တနင်္လာနေ့မှသောကြာနေ့ထိ (ညနေ ၄:၀၀ နာရီ) အချိန်များတွင်ဆေးခန်းထိုင်ပါတယ်ရှင်

~~~~~~~~~~~~~~~~~~~~~

Dr.ဝေမာအေး
M.B.,B.S,M.Med.Sc(RADIOLOGY)
အထူးကုဆရာဝန်ကြီး(ဓါတ်မှန်)
ပဲခူးပြည်သူ့ဆေးရုံကြီး

🗓️နေ့စဉ် ဆေးခန်းထိုင်ပါတယ်ရှင်

👉အာထရာဆောင်းရိုက်ရန်အတွက် စုံစမ်းသိရှိလိုသည်များရှိပါက ~~~~~

☎️ဆေးခန်းဖုန်း- ၀၉-၇၇၇၉၀၈၃၈၃၊ ၀၉-၈၈၉၀၀၆၀၃၃
တို့ကို (မနက် ၇:၃၀ မှ ည ၆:၀၀)အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်😊

🏥ဆေးခန်းလိပ်စာ- အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။





#ဓါတ်မှန်နှင့်အာထရာဆောင်းဆရာဝန်

#လိပ်ပြာကန်အထူးကုဆေးခန်း





#ပဲခူးမြို့

🤔ခါးနာခြင်းဝေဒနာ💁ခါးနာခြင်းသည် တူညီသော ကိုယ်ဟန်အနေအထားဖြင့် နာရီပေါင်းများစွာ အထိုင်များသော နေထိုင်မှုပုံစံနှင့် သက်ကြီး...
20/08/2026

🤔ခါးနာခြင်းဝေဒနာ

💁ခါးနာခြင်းသည် တူညီသော ကိုယ်ဟန်အနေအထားဖြင့် နာရီပေါင်းများစွာ အထိုင်များသော နေထိုင်မှုပုံစံနှင့် သက်ကြီးရွယ်အိုများအတွက် မသင့်လျော်သော ထိုင်ခုံ သို့မဟုတ် အိပ်ယာကို အသုံးပြုခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။


💁ခါးနာခြင်းဟာ လူတိုင်းခံစားရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အရိုးအိမ်ရဲ့နောက်ကျော အောက်ပိုင်းကို ခါးနေရာလို့ ခေါ်ပါတယ်။ ဒီနေရာမှာ နာကျင်ခြင်းဟာ ပြင်းထန်ပြီးတော့ အလုပ်မလုပ်နိုင်တဲ့ အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်ရှင်။

🔹”ခါးနာခြင်း လက္ခဏာများ”🔹

✔️လက္ခဏာတွေကတော့ စူးရှတဲ့ နာကျင်မှုကနေ ဓါးနဲ့ထိုးသလိုမျိုး နာကျင်မှုမျိုး ဖြစ်နိုင်ပါတယ်။

✔️နာကျင်မှုဟာ လှုပ်ရှားဖို့ (သို့) မတ်တပ်ရပ်ဖို့တောင် ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။

✔️ခါးနာခြင်းဟာ အားကစားလုပ်ပြီး (သို့) လေးလံတဲ့ အရာတစ်ခု လုပ်အပြီးမှာ ရုတ်တရက်ဖြစ်လာတတ်ပါတယ်။

✔️သုံးလထက်ပိုကြာတတ်တဲ့ နာကျင်မှုတွေကို နာတာရှည်လို့ သတ်မှတ်ပါတယ်။ သုံးရက်အတွင်းမှာ မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်ရှင်။

🔹”အရေးပေါ် ပြုစုမှုလိုအပ်တဲ့ လက္ခဏာများ”

✅ပြုတ်ကျအပြီး (သို့) ဒဏ်ရာရအပြီးမှာ ပြင်းထန်စွာ ခါးနာခြင်းဟာ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

✅အခြား လက္ခဏာတွေကတော့ ဆီး၊ဝမ်း မထိန်းနိုင်ခြင်း၊ ခြေထောက် အားနည်းခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးစဉ် (သို့) ဆီးသွားစဉ် နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်ရှင်။
Dr;Phyu Mon Latt

💁 အရိုး အကြော အဆစ်ဆိုင်ရာ ဝေဒနာများနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပြသလိုပါက_______

🏨 လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေးစင်တာတွင်..........

🩺 အရိုးအကြောဆိုင်ရာအထူးကုဆရာဝန်ကြီး

👨‍⚕️ Dr.Si Thu
M.B.,B.S,M.Med.Sc(Ortho)
အရိုးအကြောနှင့်ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်ကြီး

👨‍⚕️ Dr.အောင်လှိုင်ဖုန်း
M.B.,B.S(Ygn),M.Med.Sc (Ortho)
ထိခိုက်ဒဏ်ရာ၊ အရိုး၊ အကြော၊ အဆစ်
ခွဲစိတ်အထူးကုဆရာဝန်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့်အရိုးရောဂါအထူးကုဆေးရုံကြီး
(အပတ်စဉ် -တနင်္ဂနွေနေ့တိုင်း)

👨‍⚕️ Dr.Thet Zaw
M.B.,B.S,M.Med.Sc(Ortho)
အရိုးအကြောနှင့်ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်

တို့နှင့်

🗓️ နေ့စဉ်
တိုင်ပင်ဆွေးနွေးပြသနိုင်ပါတယ်ရှင် 🍀

👉 ဆေးခန်း ပြသရန်အတွက် ဘိုကင််ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက-----

☎️ ဆေးခန်းဖုန်း-
၀၉-၇၇၇၉၀၈၃၈၃၊ ၀၉-၈၈၉၀၀၆၀၃၃
တို့ကို (မနက် ၇:၃၀ မှ ည ၆:၃၀)နာရီ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်☺️

🏥ဆေးခန်းလိပ်စာ-
အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

# အရိုးအကြောအဆစ်ခွဲစိတ်အထူးကု
#လိပ်ပြာကန်အထူးကုဆေးခန်း
#ခါးနာခြင်း


🧑‍⚕️‌မီးယပ်သွေးဆုံးခြင်း🩸သွေးဆုံးတော့မှာလား❓✅အမျိုးသမီး တိုင်းလိုလိုဟာ သွေးဆုံးတဲ့ ကာလကို ရှောင်လွှဲဖို့ မဖြစ်နိုင်ပါဘူး...
16/08/2026

🧑‍⚕️‌မီးယပ်သွေးဆုံးခြင်း

🩸သွေးဆုံးတော့မှာလား❓

✅အမျိုးသမီး တိုင်းလိုလိုဟာ သွေးဆုံးတဲ့ ကာလကို ရှောင်လွှဲဖို့ မဖြစ်နိုင်ပါဘူး။ သွေးဆုံးတာက ချက်ချင်းသလို ဖြစ်လာတာ မဟုတ်ဘဲ သွေးမဆုံးခင်မှာ လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကို ကြည့်ပြီး သွေးဆုံးတော့မှာလား ဆိုတာကို ဆုံးဖြတ်တာပါ။ ဒီ လက္ခဏာတွေက အမျိုးသမီး တစ်ဦး နဲ့ တစ်ဦးမှာ ကွာခြားနိုင်သလို သွေးဆုံး လက္ခဏာ ခံစားရတဲ့ ကာလလည်း မတူကြပါဘူး။

✔️များသောအားဖြင့်တော့ သွေးဆုံးတဲ့ လက္ခဏာတွေကို သွေးမဆုံးခင် လ အနည်းငယ် ဒါမှမဟုတ် နှစ် အနည်းငယ် အလိုမှာ စခံစား ရတတ်ပါတယ်။

✔️သွေးဆုံး တာက ရုတ်တရက် မဖြစ်နိုင်ဘူး ဆိုပေမယ့် ကင်ဆာ ကုသမှုလိုမျိုး ကုသမှု တစ်ရပ်ရပ်ကို ခံယူမယ်၊ သားအိမ်ကို ဖယ်ထုတ် ရတာမျိုး ဖြစ်မယ် ဆိုရင်တေ့ ရုတ်တရက် သွေးဆုံးတာမျိုး၊ အရွယ်မတိုင်ခင် သွေးဆုံးတာမျိုး ဖြစ်နိုင်ပါတယ်။

🔷သွေးဆုံးတော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ။❓

✔️အသက် ၄၀ ကျော် ကနေ အသက် ၅၀ ကျော် ကာလတွေမှာ သွေးဆုံးခါနီး လက္ခဏာတွေ ဖြစ်ကြတဲ့ အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

🔹ပုံမှန် မဟုတ်ဘဲ သွေးဆင်းတယ်

🔹ရာသီမမှန်ဘူး

🔹မိန်းမကိုယ် ခြောက်သွေ့မယ်

🔹အသားတွေ ပူစပ်ပူလောင် ဖြစ်မယ်

🔹ချမ်းတုန်မယ်

🔹ညဘက်မှ ချွေးထွက်မယ်

🔹အိပ်ပျော်ဖို့ခက်ခဲမယ်။ အိပ်စက်မှု ပြဿနာ

တွေရှိမယ်

🔹စိတ်ခံစားမှုတွေ ပြောင်းလဲမယ်

🔹ကိုယ်အလေးချိန် တက်လာမယ်

🔹ဇီဝကမ္မ ဖြစ်စဉ် နှေးလာမယ်

🔹ဆံပင် ပါးလာမယ်

🔹အသားအရေ ခြောက်သွ့ လာမယ်

🔹အဆစ်တွေ တောင့်တင်းနာကျင်မယ်

🔹ကြွက်သားတွေ လျော့လာမယ်

🔹ခေါင်းကိုက်မယ်

🔹အာရုံစူးစိုက်ဖို့ ခက်လာမယ်

🔹မေ့တတ်လာမယ်

🔹မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်မယ်

🔹ရင်သား လျော့ရဲလာမယ်။

💁ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြမလဲ❓

✔️အသက်ကလည်း ၄၀ ကျော် ၅၀ ဝန်းကျင် ဖြစ်နေမယ်။ ရာသီသွေး ဆင်းတာ မမှန်ရင် ဒါမှမဟုတ် ရာသီသွေးတွေ အများကြီး ဆင်းနေမယ်၊ ပုံမှန် သွေးဆင်းတဲ့ ကာလထက် ရက်ပိုများနေမယ်၊ ရက်က အရမ်း နည်းနေမယ် ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

💁‍♀️ အမျိုးသမီးရောဂါ‌ဝေဒနာများနဲ့ပတ်သက်ပြီး တိုင်ပင်‌ဆွေးနွေးပြသလိုပါက~~~~~

🏥လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေး စင်တာ တွင်.....

👩‍⚕️သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများ

Dr.စန်းစန်းညွန့်

M.B.,B.S,Dip.Med.Sc(OG)

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr;အောင်မြတ်မော်

M.B.,B.S(MDY)

M.Med.Sc (O&G)

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.လဲ့ယဉ်မင်း

M.B.,B.S(Ygn),M.Med.Sc(OG)

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.အေးစုအောင်

M.B.,B S,M.Med.Sc(OG)

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr;အေးသီတာစိုး

M.B.,B S,M.Med.Sc(OG)

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr;စုစန္ဒီလွင်

M.B.,B S,M.Med.Sc(OG)

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး

ပဲခူးပြည်သူ့ဆေးရုံကြီး

တို့နှင့်

🗓️ နေ့စဉ် တိုင်ပင်ဆွေးနွေးပြသနိုင်ပါတယ်ရှင်💁

👉ဆေးခန်း ပြသရန်အတွက် ဘိုကင်ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက;

☎️ဆေးခန်းဖုန်း- ၀၉-၇၇၇၉၀၈၃၈၃၊ ၀၉-၈၈၉၀၀၆၀၃၃

တို့ကို (မနက် ၇:၃၀ မှ ည ၇:၀၀)အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်😊

🏥ဆေးခန်းလိပ်စာ-

အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

#သွေးဆုံးခြင်း

#အမျိုးသမီးရောဂါ

#သားဖွားမီးယပ်အထူးကုဆရာဝန်

#လိပ်ပြာကန်အထူးကုဆေးခန်း



💁ကလေးအတက်ရောဂါ ‼️အတက်ရောဂါဟာ ကလေးများမှာ အဖြစ်အများဆုံး ဦးနှောက်နဲ့အာရုံကြောရောဂါ တစ်မျိုးဖြစ်ပါတယ်ရှင်။ 💁ကလေးငယ်တွေတက်တ...
13/08/2026

💁ကလေးအတက်ရောဂါ ‼️
အတက်ရောဂါဟာ ကလေးများမှာ အဖြစ်အများဆုံး ဦးနှောက်နဲ့အာရုံကြောရောဂါ တစ်မျိုးဖြစ်ပါတယ်ရှင်။
💁ကလေးငယ်တွေတက်တဲ့အချိန်မှာဘယ်လိုလက္ခဏာတွေပြလဲ❓
တက်တဲ့အချိန်ပြတဲ့လက္ခဏာနဲ့ ပုံစံဟာ ကလေးတစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ တစ်ခါတစ်လေ မှာ ပုံမှန်လုပ်နေကျ အပြုအမူနဲ့တင် ပြီးသွားတာလည်းရှိပါတယ်။ ဒီလိုအခြေအနေမှာဆိုရင် အတက်ရောဂါ(Epilepsy) ရှာဖွေမှုနဲ့ ကုသမှုဟာ ခက်ခဲသွားပါတယ်။
👉အောက်ပါလက္ခဏာ(သို့)အပြုအမူတွေ ရှိနေတယ်ဆိုရင် ကလေးငယ်ဟာ တက်နေပြီ လို့ မှတ်ယူလို့ရပါတယ်။
🔹ခန္ဓာကိုယ်တစ်ခုလုံး(သို့) ခြေ (သို့) လက် စတဲ့ အစိတ်အပိုင်းတွေမှာ ဆတ်ခနဲ တုန့်ခနဲဖြစ်ခြင်း
🔹မမျှော်လင့်ဘဲရုတ်တရက်လဲကျခြင်း
🔹ခံစားချက်မရှိဘဲအဝေးကိုငေးနေခြင်း (သို့) ပတ်ဝန်းကျင်မှဖြစ်ပျက်သမျှကို တုန့်ပြန်မှုမရှိခြင်း
🔹သဘာဝအတိုင်းမဟုတ်ဘဲ လျှောက်သွားနေခြင်း (သို့)ရွေ့လျားလှုပ်ရှားနေခြင်း
🔹အဝတ်အစား (သို့)ဘာမှမရှိတဲ့လေကိုတောင် ဆွဲကိုင်ဆုပ်ခြင်း (သို့) ကိုယ့်နှုတ်ခမ်းကိုယ် အကြိမ်ကြိမ်စုပ်ခြင်း
👉ကလေးငယ်ဟာ အောက်မှာဖော်ပြထားတဲ့ နှုတ်အမူအရာလက္ခဏာတွေ တွေ့ရပြီ ဆိုရင် တက်နေတယ် (သို့) တက်ခဲ့ဖူးတယ်လို့ ပြောလို့ရပါတယ်။
🔹ကလေးငယ်ရဲ့ပါးစပ်မှာ ပုံမှန်မဟုတ်တဲ့အနံ့ (သို့) ဆိုးဆိုးရွားရွားအရသာ ရနေတဲ့အကြောင်းကိုပြောပြခြင်း
🔹တစ်ဆစ်ဆစ်ဖြစ်နေတဲ့ခံစားမှု (သို့) အထိအတွေ့ထုံနေတဲ့အကြောင်း ပြောပြခြင်း
🔹ဝရုန်းသုန်းကားဖြစ်တဲ့အခြေအနေ
‼️ကလေးငယ်များဟာ တက်ပြီ ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့လက္ခဏာတွေထဲက တစ်ခုနဲ့အထက်ကို ခံစားရတတ်ပါတယ်။ ကိုယ့်ကလေးက တက်နေပြီဆိုတာသိရင် ဖြစ်ပျက်သမျှအကြောင်းအရာများကို ချရေးပြီးမှတ်ထားဖို့ လိုအပ်သလို တက်ခဲ့တဲ့အချိန်အတိုင်းအတာကိုလည်း မှတ်ထားရပါမယ်ရှင်။ ဒါမှသာ ဆရာဝန်နဲ့ ပြသတဲ့အခါမှာ အထောက်အကူပြုနိုင်မှာပါ။
💁ကလေးတစ်ယောက်တက်နေပြီဆိုရင်ဘာတွေကြုံတွေ့ရနိုင်မလဲ❓
👉တက်တဲ့အဆင့် (၃)ဆင့်ရှိပါတယ်။
၁။ မတက်ခင်အချိန်
ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေ (သို့) လူငယ်တွေမှာ ပုံမှန်မဟုတ်တဲ့ ထိတွေ့ခံစားမှု (သို့) ရှေ့ပြေးလက္ခဏာ ကို အရင်တွေ့ရမှာဖြစ်ပါတယ်။ နည်းနည်းငယ်သေးတဲ့ ကလေးတွေအတွက် ဒါကို နားလည်အောင်ရှင်းပြဖို့ အခက်အခဲရှိနိုင်ပါတယ်။ တချို့ ဆိုရင် မိဘ (သို့) သူတို့ယုံကြည်ရတဲ့ ဆရာမ ကိုသွားပြေးဖက်တာမျိုး၊ စိုးရိမ်ထိတ်လန့် တဲ့အမူအရာနဲ့ ဘေးပတ်ဝန်းကျင်ကိုကြည့်တာမျိုး ဖြစ်နိုင်ပါ တယ်။
၂။ တက်နေစဉ်အချိန်
တက်နေတဲ့အချိန်မှာကြုံတွေ့ရတဲ့ အဖြစ်အပျက်ကတော့ သူတို့ခံစားနေရတဲ့ ပုံစံ အပေါ်မူတည်ပါတယ်။ အများအားဖြင့် (၃)မိနစ်ကနေ (၅)မိနစ်ကြားမှာရှိပါတယ်။
၃။ တက်ပြီးတဲ့အချိန်
တက်တာကိုခံစားရပြီးနောက်အခြေအနေကို တက်ခြင်းကနေ ပြန်လည်ပြေလျော့ တဲ့အခြေအနေ (Postictal State) လို့ခေါ်ပါတယ်။ ဒီအချိန်မှာ ကလေးငယ်ဟာ ထင်ယောင်ထင်မှားဖြစ်ခြင်း(သို့) အမြင်အာရုံဝေဝါးခြင်း ကြောင့် အိပ်ချင်မူးတူးဖြစ်ခြင်း (သို့)မူးဝေခြင်းကိုခံစားရနိုင်ပြီး စကားမပြောနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီ အခြေအနေဟာ သာမန်အားဖြင့် (၁၅)မိနစ်- မိနစ်(၃၀) လောက်ကြာရင်ပျောက် သွားတတ်ပေမယ့် တစ်ခါတစ်လေမှာလည်း တစ်နာရီထက်ပိုပြီး ကြာတတ်ပါတယ်။ မိနစ်(၆၀)ကျော်လို့မှ ကလေးငယ်ဟာ ပုံမှန်အသိအတိုင်း ပြန်မဖြစ်သေးဘူးဆိုရင် နောက်တစ်ကြိမ်ပြန်တက်နိုင်ခြင်း (သို့) ဆေးကုသမှုလိုအပ်တဲ့ တခြားပြဿနာ တစ်ခုခု ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
Healthline
💁 ကလေးငယ်များ ၏ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပြသလိုပါက_____
🏥 လိပ်ပြာကန်အထူးကုဆေးခန်းနှင့် အထွေထွေရောဂါရှာဖွေရေးစင်တာတွင်~~~
👨‍⚕️👩‍⚕️ ကလေးအထူးကုဆရာဝန်ကြီးများ ဖြစ်တဲ့.....
Dr; အောင်သူဇင်
M.B.,B.S(Ygn),
M.Med.Sc(Paediatrics)
ကလေးအထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.တင်ဇာဖြိုး
M.B.,B.S;M.Med.Sc(Paediatrics)
ကလေးအထူးကုဆရာဝန်
ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.နွယ်နွယ်လတ်
M.B.,B.S(Mgy)
M.Med.Sc(Paediatrics)
ကလေးအထူးကုဆရာဝန်
ပဲခူးပြည်သူ့ဆေးရုံကြီး

တို့နှင့်
🗓️ နေ့စဉ် တိုင်ပင်ဆွေးနွေးပြသနိုင်ပါတယ်ရှင်☘️☘️☘️
👉 ဆေးခန်း ပြသရန်အတွက် ဘိုကင်ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက√√√√√
☎️ဆေးခန်းဖုန်း- ၀၉-၇၇၇၉၀၈၃၈၃
၀၉-၈၈၉၀၀၆၀၃၃
တို့ကို (မနက် ၇:၃၀ မှ ည ၆:၃၀) နာရီအတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်😊
🏥ဆေးခန်းလိပ်စာ-
အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

#အတက်ရောဂါ

#ကလေးကျန်းမာရေး
#ကလေးအထူးကုဆရာဝန်
#လိပ်ပြာကန်အထူးကုဆေးခန်း

Address

အမှတ် (၂၅၂)၊ ၃၁လမ်း ၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့
Bago
08011

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959889006033

Website

Alerts

Be the first to know and let us send you an email when လိပ်ပြာကန် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to လိပ်ပြာကန် အထူးကုဆေးခန်း:

Shortcuts

Share