Myittar Clinic Buthidaung

Myittar Clinic Buthidaung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myittar Clinic Buthidaung, Medical and health, myyu, Buthidaung.

08/11/2022

အရိုးအား​ဆေး​ကောင်း​ကောင်း​ ရှာ​နေသူများအတွက် Nuflex

Nutrifactor ရဲ့ Nuflex သည် အရည်အ​သွေးမြင့်အရိုးအား​ဆေးဖြစ်ပြီး အရိုးအဆစ်
ကျန်းမာ​ရေးအတွက် အထူးထုတ်လုပ်ထား​ပါသည်။

👉Nulfexတွင် အဆစ်များ သွက်လက်​ချော့​မွေ့စွာလှုပ်ရှားနိုင်ရန်နှင့်အရိုးများ ကျန်းမာသန်မာ​စေရန် မရှိမဖြစ်လိုအပ်​သော အဟာရဓါတ် ၇မျိုးပါ၀င်ပါသည်။

👉Nuflexတွင်ပါ၀င်​သော MSM သည် အဆစ်များ​ချော့​မွေ့စာ လှုပ်ရှားနိုင်ရန်အတွက် အဓိကကျသည့် အရိုးနုတစ်ရှုးများ ဖွဲ့စည်းမှုကို ကူညီ​ပေးသည်။

👉Glucosamine ( ဂလူကိုစမိုင်း)နှင့် Chrondroitin ( ​ကောန်ဒရွိုင်တင်း)ပါ၀င်​သော​ကြောင့် အရိုးအဆစ်အမြစ်များနာကျင်ခြင်းနှင့်​တောင့်တင်း ခြင်းတို့ကို ​လျှော့​ပါးစေသည်။ ထို့အပြင် အသက်ရွယ်ကြီး၍ဒူးအတွင်း အဖြစ်များ​သော အဆစ်အမြစ်ယိုယွင်း ပျက်စီးခြင်းမှ ကာကွယ်​ပေးသည်။
👉 ဗီတာမင် D3, ​​ကော့ပါး, ဆီလီနီယမ်နှင့် မန်ဂနိစ်တို့လည်း ပါဝင်​သော​ကြောင့် အရိုးများကို ကျန်းမာသန်မာ​စေသည်။

🧑‍⚕️သောက်သုံးရန်အညွန်း-
တစ်နေ့ ၁လုံး အစာစားပြီး​သောက်ရန်ဖြစ်ပါတယ်။
တစ်ဘူးမှာ အလုံး၃၀ ပါဝင်ပါတယ်။

Myittar International Limited မှ တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့အရည်အသွေးမြင့် အရိုးအားဆေးဖြစ်ပြီး မြန်မာနိုင်ငံFDA ရဲ့ ထောက်ခံချက်လဲရရှိထားပါတယ်။

Nuflex အရိုးအားဆေးကိုPage messenger ကနေတိုက်ရိုက်၀ယ်ယူနိုင်သလို ဖုန်းနံပါတ် 09786519444 နှင့် 09424216348 တို့ကို ဆက်သွယ်ပြီးလည်း ၀ယ်ယူနိုင်ပါတယ်။(ဆေးရုံ/ဆေးခန်း/ဆေးဆိုင်များအတွက် လက်ကားစျေးသီးသန့်ရှိပါသည်)

Head Office
အမှတ် ၆၆/၆၈/၇၀- (1D), ၉၂ လမ်း, မင်္ဂလာတောင်ညွန့်၊ရန်ကုန်မြို့။
📱09786519444
📱09424216348

📧 [email protected]

08/11/2022
08/11/2022

Vitamax Women အမျိုးသမီးအား​ဆေး

အမျိုးသမီး​တွေတနေကုန်ပင်ပန်းနွမ်းနယ်ပြီး အားမရှိသလို ဖြစ်နေပါသလား။ ဒါဆိုNutrifactor ရဲ့ အမျိုးသမီးများအတွက် အထူးထုတ်လုပ်ထားတဲ့ Vitamax Women ကသင့်ကိုကူညီဖို့အသင့်ရှိနေပါတယ်။
Vitamax Womenအားဆေးမှာ အမျိုးသမီး​တွေရဲ့ အဟာရဓာတ်ကို ဖြည့်ဆည်းပေးတဲ့ ဗီတာမင်နဲ့သတ္တုဓာတ် ၂၃မျိုးကျော်ပါ၀င်ပါတယ်။ တစ်နေ့တစ်လုံး ပုံမှန်သောက်ခြင်းဖြင့်အထူးလန်းဆန်းတက်ကြွစေပါတယ်။

Vitamax Women တွင်
💊 Vitamin B12,Folic acid နဲ့ Iron (သံဓာတ်)တို့ ပါဝင်တဲ့အတွက်၄င်းဓါတ်များချို့တဲ့ခြင်းကြောင့်ဖြစ်တတ်သောအဲနီးမီးယား(Anaemia) ​ခေါ်သွေးအားနည်း​ရောဂါနဲ့သွေးနီဥပြိုကွဲခြင်း​ရောဂါတို့မှကာကွယ်ပေးပါတယ်။
💊 Antioxidants များစုံလင်စွာပါ၀င်​သော​​ကြောင့်ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေပြီး နှလုံး၊ဦးနှောက်နှင့်မျက်စိကျန်းမာရေးကို လဲအထောက်အကူပြုပါတယ်။
💊Calcium နှင် Vitamin D3များ ပါ၀င်သောကြောင့် အရိုးများကိုသန်မာစေပြီး
Vitamin Aပါဝင်သဖြင့် မျက်စိအမြင်အာရုံကိုကောင်းမွန်စေပါတယ်။
💊ဘိုင်အိုတင်(Biotin) ပါဝင်သည့်အတွက် ဆံပင် ၊ခြေသည်းလက်သည်း နဲ့အသားအရေကို နုပျိုစိုပြေစေပါတယ်။

👩‍⚕️Vitamax Womenသောက်သုံးရန်အညွန်း-
အသက်၁၂နှစ်နှင့်၁၂နှစ်အထက်အမျိုးသမီးများ တစ်နေ့(၁)လုံး အစာစားပြီး​သောက်ရန်ဖြစ်ပါတယ်။
တစ်ဘူးမှာ အလုံး၃၀ ပါဝင်ပါတယ်။

Myittar International Limited မှ တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့အရည်အသွေးမြင့် အားဆေးဖြစ်ပြီး မြန်မာနိုင်ငံFDA ရဲ့ ထောက်ခံချက်လဲရရှိထားပါတယ်။

Vitmax women အားဆေးလေးကို Page messenger ကနေတိုက်ရိုက်၀ယ်ယူနိုင်သလို ဖုန်းနံပါတ် 09786519444 နှင့် 09424216348 တို့ကို ဆက်သွယ်ပြီးလည်း ၀ယ်ယူနိုင်ပါတယ်။ ရန်ကုန်မြို့တွင်း အိမ်ရောက် အခမဲ့ ပို့ဆောင် ပေးပြီး နယ်မှ မှာယူသူများအတွက် ကားဂိတ်အထိ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ နယ်မှ မှာယူသူများအနေဖြင့် ကျသင့်ငွေကိုကြိုလွဲပေးရမှာဖြစ်ပါတယ်။

Head Office
အမှတ် ၆၆/၆၈/၇၀- (1D), ၉၂ လမ်း, မင်္ဂလာတောင်ညွန့်၊ရန်ကုန်မြို့။
📱09786519444
📱09424216348

📧[email protected]

08/11/2022

Normega 500 ငါးကြီးဆီ

Nutrifactor ရဲ့ Normega 500ဖြင့် ငါးဆီ၏ကျန်းမာ​ရေး အကျိုး​ကျေးဇူးများကို ရယူလိုက်ပါ။

NORMEGA 500 ဆိုရင်100 % သန့်စင်​သော icelandic သဘာဝငါးဆီပါဝင်တာ​ကြောင့် ကျန်းမာ​ရေးသုခကို ပိုမို​ကောင်းမွန်​စေပါသည်။

NORMEGA 500 ပါ၀င်တဲ့ ငါးဆီမှာ လူ့ကျန်းမာ​ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ omega3 fatty acidရဲ့
DHAနှင့် EPAတို့ပါဝင်တာ​ကြောင့် နှလုံးနှင့်​သွေးလည်ပတ်မှု အားကို​ကောင်းမွန်​​စေပြီး ဦး​နှောက်စွမ်း​ဆောင်ရည်ကို များစွာ မြင့်တင်​ပေးနိုင်ပါသည်။

Normega500ရဲ့ အကျိုး​​ကျေးဇူးများကို ဆက်ကြည့်မယ်ဆိုရင်

👉နှလုံး​​ရောဂါမဖြစ်​အောင် ကာကွယ်​ပေးသည်

👉သွေးတွင် HDL​ခေါ်​ကောင်း​သောအဆီများကို ပိုမိုများပြား​စေပြီး LDL ​ခေါ် မ​ကောင်း​သောအဆီများကို ဖယ်ရှား​ပေးသည်

👉​သွေးထဲမှာ ရှိ​သည့် triglyceride levelကို ​လျှော့ချရန် အ​ထောက်ကူပြုပြီး ​သွေး​ပေါင်ချိန်မတက်​စေရန် ထိန်းညှိ​ပေးသည်

👉အသားအရည်ကို ကြည်လင် နုပျို​စေသည်

👉ငါးဆီမှာ anti-inflammatory သတ္တိပါဝင်တဲ့အတွက်​ရောင်ရမ်းမှုကို သက်သာ​စေသည်။

👉အရိုးအဆစ်နာကျင်ခြင်းကိုလျော့ပါးစေပြီးချော့မွေ့စွာလှုပ်ရှားနိုင်အောင်အထောက်အကူပြုသည်။

👉စိတ်ဓါတ်ကျခြင်း၏ လက္ခဏာများကို ပိုမို​ကောင်းမွန်နိုင်​အောင် ကူညီ​ပေးပါသည်။

🩺သောက်သုံးရန်အညွန်း-
အသက်(၆)နှစ်နှင့်အထက်ကလေးများတစ်နေ့ ၁လုံး အစာစားပြီး​သောက်ရန်ဖြစ်ပါတယ်။
လူကြီးများတစ်နေ့လျှင်(၂)လုံးကနေ(၃)လုံးထိသောက်သုံးနိုင်ပါသည်။ဆေးလုံးအရွယ်အစားသေးငယ်၍သောက်ရတာလွယ်ကူပါတယ်။

တစ်ဘူးမှာ အလုံး(၆၀)ပါဝင်ပါတယ်။

Myittar International Limited မှ တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့အရည်အသွေးမြင့် ငါးကြီးဆီဖြစ်ပြီး မြန်မာနိုင်ငံFDA ရဲ့ ထောက်ခံချက်လဲရရှိထားပါတယ်။

Normega 500 ငါးကြီးဆီ​​လေးကို Page messenger ကနေတိုက်ရိုက်၀ယ်ယူနိုင်သလို ဖုန်းနံပါတ် 09786519444 နှင့် 09424216348 တို့ကို ဆက်သွယ်ပြီးလည်း ၀ယ်ယူနိုင်ပါတယ်။

( ​ဆေးရုံ/​ဆေးခန်း/​ဆေးဆိုင်များအတွက်လက်ကား​စျေးသီးသန့်ရှိပါတယ်)

Head Office
အမှတ် ၆၆/၆၈/၇၀- (1D), ၉၂ လမ်း, မင်္ဂလာတောင်ညွန့်၊ရန်ကုန်မြို့။
📱09786519444
📱09424216348

📧 [email protected]

13/11/2019

အိုမီဂါ သရီး (Omega 3) ခေါ် ငါးကြီးဆီ သောက်သုံးခြင်း မှ ရရှိနိုင်မည့် အကျိုးကျေးဇူး (၄) ခု
ကြက်ဥ၊ သစ်ကြားသီးတွေမှာ ပါဝင်ပါတယ် ။အဆီများတဲ့ ငါး၊ ကြက်ဥ၊ သစ်ကြားသီးတွေမှာ တွေ့ရတတ်တဲ့ အိုမီဂါ သရီး (Omega 3) အဆီ(Fatty Acids) ရဲ့ အကျိုးကျေးဇူးကို မကြာခင်ကမှ ပြုလုပ်တဲ့ လေ့လာမှုအရ ဖော်ပြလိုက်ပါတယ်။
အိုမီဂါ သရီး (Omega 3) ခေါ် ငါးကြီးဆီ ကောင်းကျိုးများ
(၁) မျက်စိကို ဆုတ်ယုတ်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးခြင်းတူနာ ဒါမှမဟုတ် ဆယ်လ်မွန် ငါးတွေမှာ အိုမီဂါ သရီး (Omega 3) အများဆုံး ပါဝင်ပြီး ငါးကို တစ်ပတ်မှာ နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်လောက် စားသုံးပေးမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာလို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်ပါတယ်။ မက်ကူလာ ယိုယွင်းပျက်စီးခြင်း (agerelated macular degeneration) ဖြစ်နိုင်ခြေကို ၂၅% ထိ လျှော့ချပေးနိုင်တယ်လို့ အမေရိကန်မှ သုတေသနပြုသူတွေက ဆိုပါတယ်။ Omega 3s ရယ်၊ Antioxidants အားဖြည့်ဆေးရယ်၊ ပေါင်းစပ်ပြီး စားသုံးပေးခြင်းဟာ မျက်စိကို မပျက်စီးစေဘဲ မျက်စိအနီးအဝေး မမှုန်အောင် လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
(၂) မှတ်ဉာဏ်ရည် စွမ်းအားအလွန် ကောင်းမွန်လာခြင်း
အိုမီဂါ သရီး (Omega 3) ပါတဲ့အစားအစာတွေနဲ့ အားဖြည့်ဆေးတွေဟာ သတိမေ့တတ်သူတွေကို မှတ်ဉာဏ်အား ပြန်ကောင်းလာစေနိုင်ပါတယ်။ အမေရိကန်မှ သုတေသနလေ့လာမှုအရ အိုမီဂါ သရီး (Omega 3) ပါတဲ့အစားအစာတွေနဲ့ အားဆေးကို နေ့စဉ် သောက်တဲ့သူတွေက မှတ်ဉာဏ်ရည် စွမ်းအားမှာ သုံးနှစ်စာလောက် ပိုတိုးတက်လာတယ်လို့ ဆိုပါတယ်။
(၃) နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း
အိုမီဂါ သရီး (Omega 3) အဆီတွေဟာ သွေးတွင်းထဲရှိ အဆီပါဝင်နှုန်းတွေ လျော့နည်းအောင် ကူညီနိုင်ပါတယ်။ အမေရိကန
မှာ လေ့လာမှုအရ အိုမီဂါ သရီး (Omega 3) ကို နေ့စဉ်သောက်သူတွေဟာ သွေးထဲရှိ မကောင်းတဲ့ အဆီ(LDL)အဆင့်ကိုလည်း ထက်ဝက်ခန့် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။
(၄) အာရုံစူးစိုက်မှု မရသော ဝေဒနာလျှော့ချနိုင်ခြင်း
ဆွီဒင်နိုင်ငံ လေ့လာမှုတစ်ခုအရ အာရုံစူးစိုက်လို့မရတဲ့ ရောဂါ (ADHD) ရှိတဲ့ကလေးတွေကို အိုမီဂါ သရီး (Omega 3) မြင့်မားစွာ ပါဝင်တဲ့အားဆေးတွေ ပေးခဲ့ပါတယ်။ ခြောက်လအကြာမှာ အဲဒီ ကလေးတွေရဲ့ ၄၇ % မှာ ဝေဒနာ ၂၅% လောက်ထိ သက်သာသွားပြီး ကလေး ၁၂ % မှာ ဝေဒနာ ထက်ဝက်ခန့် သက်သာသွားတာကို တွေ့ခဲ့ရပါတယ်။ Source : bebrainfit
ငါးကြီးဆီ အကြောင်း သိကောင်းစရာ
ငါးကြီးဆီ ကို ဘယ်လို ရွေး၀ယ်ကြမလဲ?
ဒီနေ့တော့ လူအတော်များများ သောက်ကြတဲ့ ငါကြီးဆီ Fish Oil အကြောင်း ရေးပါမယ်။ငါးကြီးဆီသောက်ရတဲ့အကျိုးကျေးဇူးကို တခြား ပို့စ် များမှာ ရေးထားပြီး ဖြစ်လို့ တခြား အရေးကြီး တဲ့၊ ၀ယ်တဲ့ အချိန်မှာ ကြည့်သင့်တဲ့ အချက်များ မှတ်သားထားတာကို စုစည်းပေးပါ့မယ်။
1) Fish Oil or Flaxseed Oil?
ငါကြီးဆီ ကို သောက်ရတဲ့ အဓိက အကြောင်းကတော့ Omega 3 ဆိုတဲ့ Essential Fatty Acid ကြောင့်ပဲ ဖြစ်ပါတယ်။
Omega 3 ထဲမှာ ALA, EPA နဲ့ DHA တို့ ပါ၀င် ပါတယ်။ သူတို့ရဲ့ အလုပ် လုပ်ပုံ ကို ပုံမှာကြည့်နိုင်ပါတယ်။Fish Oil ထဲပါတဲ့ Omega 3 ကတော့ EPA + DHA နှစ်မျိုးလုံး ပါ၀င်ပါတယ်။Flaxseed Oil ထဲပါတဲ့ Omega 3 ကတော့ ALA တမျိုးပဲ ပါ၀င်ပါတယ်။ ALA ကနေ EPA နောက်တဆင့် DHA ကိုယ်ထဲမှာ ပြောင်းနိုင်ပေမဲ့ % အလွန်နည်းပါတယ်။
ဒါကြောင့် ပြောင်းစရာ မလိုတဲ့ Fish Oil က လူကြီးများ အတွက် ပိုအကျိုးများ နိုင်ပါတယ်။
2) Fish Oil or Cod Liver Oil?
နောက် လူသိများတဲ့ Cod Liver Oil ကတော့ Cod Fish ရဲ့ အသည်း ကနေ ထုတ်တာ ဖြစ်ပြီး EPA + DHA အပြင် Vitamin A + D လဲ ပါ၀င်ပါတယ်။ဒါပေမဲ့ ပါ၀င်တဲ့ EPA + DHA အချိုးက ရိုးရိုး Fish Oil ထက်စာယင် နည်းပြီး စျေးကလဲ ပိုကြီးပါတယ်။
Vitamin A နဲ့ D3 ကို သောက်နေကြသူများ အတွက်ကတော့ ရိုးရိုး Fish Oil သောက်ယင် လုံလောက်တယ်လို့ ဆိုနိုင်ပါတယ်။
3) Omega 3-6-9 or just Omega 3?
တချို့ ငါးကြီးဆီ များကတော့ Fish Oil အပြင် တခြား အဆီများကို ထဲ့သွင်းပြီး Omega 6 နဲ့ Omega 9 ပါ၀င်တာကြောင့် Omega 3-6-9 ဆိုပြီး ပိုကောင်းတဲ့ အနေနဲ့ ရောင်း ကြတာ တွေ့ရပါတယ်။ဒါပမဲ့ Omega 9 က Non-essential Fatty Acid ဖြစ်ပြီး Omega 6 ကတော့ ပုံမှန် နေ့စဉ် စားသောက်နေတဲ့ ဆီများမှ ရနိုင်တဲ့ အတွက် ဖြည့်စွတ်စာ အနေနဲ့ သောက်ဖို့ လိုမယ် မထင်ပါ။နောက်တချက်က ကိုယ်တွင်းမှာ Omega 6 က Omega 3 ထက် အဆများစွာ ပိုများနေယင် တခြားဘေးထွက်ဆိုကျိုးများ ရှိနိုင်တာမို့ သတိပြုသင့်တဲ့ အချက်လဲ ဖြစ်ပါတယ်။
4) EPA more or DHA more?
ငါကြီးဆီ များမှာ Brand ပေါ် မူတည်ပြီး ပါဝင်တဲ့ EPA နဲ့ DHA ပါ၀င်မှူများ မတူကြပါ။ အကြမ်းဖျဉ်း ကတော့ Fish Oil 1000mg မှာ EPA+DHA 300mg 30% နဲ့ အထက် ပါ၀င် တာ တွေ့ရပြီး တချို့ brand ကတော့ 80% 800mg ထိ ပါ ပါတယ်။
Cod Liver Oil နဲ့ Omega 3-6-9 များမှာတော့ EPA+DHA 300mg 30% လောက် ထိပဲ ပါတာတွေ့ရပြီး အများစုက 30% အောက်ပဲ ပါတယ်။ EPA ပိုများ ရင်ကောင်းတာ လား DHA ပိုများ ရင် ကောင်းတာလား ဆိုယင် တော့ အသက် အရွယ်ပေါ် မူတည်ပြီး လိုအပ်ချက်များ မတူပါ။ ပုံထဲမှာ ကြည့်နိုင်ပါတယ်။ ဆရာမကြီး ညွှန်းတာကတော့ EPA 450mg DHA 400mg ပါ။ ဒါပေမဲ့ ဒီအချိုးအတိုင်း ၀ယ်လို့ မရတာမို့ EPA 500mg DHA 250mg ပါတာလဲ သောက်နိုင်ပါတယ်။
5) Look at the Label !!!
Brand မျိုးစုံ ပါ၀င်မှူများ မတူညီတဲ့ အတွက် သေခြာ ဖတ်ပြီးမှ ၀ယ်ကြပါ။ အဓိက မှားကြတာက Serving Size လို့ခေါ်တဲ့ တခါသောက် အလုံး အရည်အတွက်ပါ။ တချို့က ၁ လုံး ၂ လုံး ၃ လုံး သောက်မှ ပြထားတဲ့ ဆေးပမာဏ ရပါတယ်။
ဆေးပါ၀င်မှူ မတူတဲ့ နမူနာကို ပုံများမှာ ကြည့်နိုင်ပါတယ်။ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ။Credit to -->David Pai
🐟🐟🐟🐟ငါးကြီးဆီဆိုတာ တူနာငါး၊ ဆာလမွန်ငါးတွေလိုမှာ Omega-3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးတွေရဲ့တစ်သျှူးထဲက ထုတ်ယူရရှိတဲ့အဆီတစ်မျိုးဖြစ်တယ်။ Omega-3 အဆီအက်စစ်က ခန္ဓာကိုယ်ရှိအရေးကြီးတဲ့အဂါင်္တွေရဲ့လုပ်ဆောင်ချက်ကို ချောမွေ့ပြီးမြှောက်စေပါတယ်။ ငါးကြီးဆီသောက်ပေးရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကို ဆက်လက်ဖော်ပြပေးပါမယ်။🐟🐟🐟🐟
🐬၁။ခန္ဓာကိုယ်အဆီတွေကို လောင်ကျွမ်းစေတယ်။
ငါးကြီးဆီစားပေးခြင်းဖြင့် အင်ဆူလင်လှုံ့ဆော်မှုကိုတိုးလာစေတာကြောင့် ကိုယ်တွင်းအဆီတွေကိုချေဖျက်ပေးနိုင်တယ်လို့ လေ့လာချက်အရတွေ့ရှိရပါတယ်။ ဒါကြောင့်လေ့ကျင့်ခန်းလုပ်သူတွေကို ငါးကြီးဆီပုံမှန်စာသုံးပေးဖို့ တိုက်တွန်းထားပါတယ်။
🐬၂။ ဦးနှောက်ကျန်းမာရေး။
ငါးကြီးဆီမှာပါဝင်တဲ့အဆီဓာတ်က စိတ်ဓာတ်ကျတာကိုပြေပျောက်စေပြီး ဦးနှောက်ရဲ့သိနိုင်စွမ်းကိုမြှင့်တင်ပေးပါတယ်။ အမှတ်တရတွေ၊ ဘာသာစကား၊ ခံစားချက်၊ ဝေဖန်မှု၊ တီထွင်ဖန်တီးနိုင်မှု စတာတွေနဲ့ပတ်သတ်ပြီး ပြန်လည်တုံ့ပြန်မှုကို တိုးတက်လာစေပါတယ်။ ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်ရာမှာလည်း အထောက်အပံ့ပေးသေးပါတယ်။
🐬၃။နှလုံးကျန်းမာရေး။
Omega 3 အဆီအက်စစ်က နှလုံးရဲ့လုပ်ဆောင်ချက်မှန်သမျှကို တိုးတက်ကောင်းမွန်စေပါတယ်။ အတ္တလန္တိတ်ဒေသဝန်းကျင်မှာနေထိုင်သူတွေမှာ နှလုံးအမောဖောက်တဲ့ကိစ္စမျိုးဖြစ်တာ အလွန်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့ဒေသခံတွေက Omega 3 ကြွယ်ဝတဲ့ ဆာလမွန်ငါးတွေကိုစားသုံးပေးကြလို့ပါ။ ငါးကြီးဆီက မကောင်းတဲ့ကိုလက်စထရောတွေကိုကျဆင်းစေပြီး ကောင်းတဲ့ကိုလက်စထရောကိုမြှင့်တင်ပေးပါတယ်။
🐬၄။အရိုးအဆစ်ကျန်းမာရေး။
အဆစ်နာခြင်းက ခန္ဓာကိုယ်လှုပ်ရှားမှုအနှောင့်အယှက်ဖြစ်စေပါတယ်။ Omega 3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးကြီးဆီသောက်ပေးရင်တော့ အဆစ်အမြစ်ရောင်ရမ်းမှုကို သက်သာစေပါတယ်။
🐬၅။ ကြွက်သား ဖောင်းရောင်ခြင်းကိုသက်သာစေ။
ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတင်းရင်ဖောင်းရောင်မှုဖြစ်ပါတယ်။ ငါးကြီးဆီစားပေးခြင်းက ကြွက်သားထဲ သွေးစီးနှုန်းကိုမြင့်လာစေတာမို့ ကြွက်သားတင်းရင်းဖောင်းရောင်မှုကိုသက်သာစေပါတယ်။
Omega 3 ,6 ,9 အကြောင်း
ပြည့်ဝဆီ( saturated )နဲ့ မပြည့်ဝဆီ ( unsaturated )ဆိုပြီး နှစ်မျိုးရှိတယ်။ပြည့်ဝဆီက အခန်းအပူချိန်မှာ ခဲတတ်တယ်။တိရစ္ဆာန် နဲ့ အပူပိုင်းအပင်တွေကရပါတယ်။မပြည့်ဝဆီကို PUFA လို့ခေါ်တယ်။အခန်းအပူချိန်မှာ အရည်ပါ။ငါးတွေ အပင်တွေကရတယ်။Omega ဆီတွေပါ။ Omega-3 နဲ့ omega-6 ကို ခန္ဓာကိုယ်ကမထုတ်နိုင်လို့ မစားမဖြစ်စားရတယ်။ဒါကြောင့် “essential.” fatty acid လို့သုံးတယ်။omega-9 ကိုခန္ဓာကိုယ်ကထုတ်နိုင်တယ်။ဒါကြောင့်အများကြီးစားဖို့ မလိုပါ။
omega 3 များတဲ့အစာတွေက မက်ကရာယ်ငါး၊ နှမ်းကြတ်စေ့ အဆီ၊ ဆာမွန်ငါး အဆီ၊ ဆာဒင်းငါး၊ Cod liver oil ၊ သစ်ကြားသီး၊ ချီးယားစေ့၊ တူနာငါး တွေပါ။ Omega-6 များတဲ့အစာတွေက စပျစ်စေ့၊ နေကြာဆီ၊ ဘိန်းစေ့ အဆီ၊ ပြောင်းဖူး အဆီ၊ သစ်ကြားသီး အဆီ၊ ဝါဂွမ်းစေ့ အဆီ၊ ပဲပိစိပ်ဆီ၊ နှမ်းဆီ တွေပါ။ Omega-9 များသောအစာတွေက နေကြာ၊ ဟေဇယ်သီး၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ Canola oil၊ Almond ထောပတ်၊ Avocado အဆီ တွေပါ။ အသင့်စား အစာတွေမှာပါတာ omega-6 ပါ။omega 6 က ပေါလည်းပေါတယ်။စျေးလည်းသက်သာပါတယ်။အစားအစာတွေကို အရသာရှိစေတယ်။ သူတို့နဲ့ဆောက်တဲ့ ဆဲလ်နံရံက မာကျောတယ်။ဆဲလ်နံရံမာလေ၊ဆဲလ်အလုပ်လုပ်ရတာ ခက်လေပါ။ပျက်စီး ရောင်ရမ်းဖို့လည်းလွယ်ပါတယ်။
ဆဲလ်နံရံကောင်းကောင်းလိုချင်လျှင် omega-3 စားဖို့လိုပါတယ်။omega-3 အဆီနဲ့ ဆောက်ထားတဲ့ ဆဲလ်နံရံက ပျော့ပြောင်းပြီး ဇီဝကမ္မလုပ်ငန်းတွေလုပ်ဖို့ သင့်လျှော်ပါတယ်။နောက်တစ်ခုက omega-3 က ဟိုမုန်းတွေထုတ်ပေးတဲ့နေရာမှာကူညီပေးတာပါ။
Omega-9 ကို သင့်တင့်စွာ စားသုံးလျှင် နှလုံး, ဦးနှောက် နဲ့ တစ်ကိုယ်လုံးရဲ့ ကျန်းမာရေးကို အထောက်အကူပြုတယ်။ နှလုံးရောဂါဖြစ်ပွားမှု နဲ့ လေဖြတ်ခြင်းကို လျော့ချပေးတယ်။ စွမ်းအင် မြင့်မားစေတယ်။ဒေါသ ကိုလျော့ချတယ်။စိတ်အခြေအနေ မြင့်တက်စေတယ်။ အေဇိုင်းမားရောဂါအတွက် အသုံးဝင်တယ်။ omega-9 များတဲ့ မုန့်ညင်းဆီကို အစာထဲထည့်စားတာဟာ ကျန်းမာရေး နဲ့ သင့်မသင့် ငြင်းခုန်နေရဆဲပါ။
Fox news က ထုတ်ပြန်တာက omega 9 များတဲ့ မုန့်ညင်းဆီက သူ့မှာပါတဲ့ erucic acid, ကြောင့် အမေရိကန်မှာ ရောင်းခွင့်ပိတ်ထားတယ်ဆိုပါတယ်။စတိုးဆိုင်အများစုမှာတော့ နှိပ်နှယ်ဆီ အတွက်ရောင်းချနေဆဲပါ။စားဖိုမှူးအချို့က မုန့်ညင်းဆီကို သုံးနေဆဲမို့ မုန့်ညင်းဆီပါတာ စားတော့မယ်ဆိုလျှင် ဆရာဝန်နဲ့ ဆွေးနွေးသင့်တယ်ဆိုပါတယ်။
Omega ဆီတွေကို စားတော့မည်ဆိုလျှင် မျှတအောင်စားဖို့ လိုပါတယ်။ Omega 6 တစ်မျိုးတည်းကို အများကြီးစားတာ အန္တရာယ်ရှိပါတယ်။နှင်းခူရောဂါ၊psoriasis၊အဆစ်ရောင်ရောဂါ၊ဆီးချိုရောဂါ နှင့် ရင်သားနာကျင်ခြင်းတွေ ရှိနေလျှင် omega 6 supplement သောက်ဖို့ သတိထားရပါမည်။
omega 6 အများကြီးစားပြီး omega 3 လုံလောက်အောင်မစားလျှင် ကျန်းမာရေးအတွက် မကောင်းပါ။ဒါကြောင့် နေကြာဆီလို omega 6 ပါတာကို လျော့စားပြီး omega 3 ပါတာတွေနဲ့ မျှတအောင်စားပေးလျှင် အကောင်းဆုံးပါ။
ဆီနဲ့ပတ်သတ်လို့ အမြဲအမေးခံနေရတာက ဘာဆီစားရမလဲ။
အကောင်ဆုံးဆီစားပုံက omega 3 (1g) စားလျှင် omega 6 (2g) ထိစားတာအကောင်းဆုံးပဲ။အခုအစားများနေတာက omega 3 (1g) လောက်စားပြီး omega 6 (40g) လောက်ထိစားနေကြလို့ ရောဂါများနေတာ။omega 3 ပါတဲ့ဆီက တိရစ္ဆာန်က ရတဲ့အဆီ နဲ့ သံလွင်ဆီ။တိရစ္ဆာန်တောင် မွေးမြူရေးအကောင်က ရတဲ့ဆီမှာ omega 6 များတယ်။သဘာဝ မြက်စားတဲ့ အကောင်ကရတဲ့ ဆီမှ omega 3 များတာပါ။ နေကြာဆီမှာ အိုမီဂါ 6 အရမ်းများလို့ အခုနောက်ပိုင်း နေကြာဆီမစားဖို့ အချို့အဟာရပညာရှင်တွေက အနောက်နိုင်ငံမှာပြောနေကြပါပြီ။တစ်ချို့ကလည်း ကျန်းမာရေးအတွက် ကောင်းတယ်ပြောပါတယ်။ နှမ်းဆီက စားလို့ရတယ်ပြောတဲ့သူရှိသလို မရဘူးပြောတဲ့သူလည်းရှိတယ်။သူက omega 6 များတယ်။အုန်းဆီက အကောင်းဆုံးလို့ ရေးတယ်။တစ်ချို့ကတော့ သဘောမတူဘူး။
အကြံပေးချင်တာက အိုမီဂါ 3 က ရနိုင်တဲ့အစာက နည်းလို့ ဝယ်သောက်သင့်ပါတယ်။
PHYO MAUNG
အမျိုးသားများအတွက် ငါးကြီးဆီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
ငါးကြီးဆီဟာ အဆီများတဲ့ငါးတွေထဲက တိုက်ရိုက်ထုတ်ယူထားတဲ့ အဆီကို ဆေးတောင့်ပုံစံပြောင်းလဲပြီး အားဖြည့်စာတစ်မျိုးအဖြစ် သောက်သုံးကြတဲ့ ဆေးဝါးတစ်မျိုးပါ။ ငါးကြီးဆီဟာ အဆီများတဲ့ငါးတွေထဲက တိုက်ရိုက်ထုတ်ယူထားတဲ့ အဆီကို ဆေးတောင့်ပုံစံပြောင်းလဲပြီး အားဖြည့်စာတစ်မျိုးအဖြစ် သောက်သုံးကြတဲ့ ဆေးဝါးတစ်မျိုးပါ။ ငါးကြီးဆီထဲမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်တစ်မျိုးဖြစ်တဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့အတွက် လူအများက အားဆေးတစ်မျိုးလို သဘောထားပြီး သောက်သုံးကြပါတယ်။ အထူးသဖြင့် အမျိုးသားတွေ ငါးကြီးဆီသောက်ပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
၁။ မှတ်ဉာဏ်ပိုကောင်းစေတယ်
ငါးကြီးဆီမှာ antioxidant ကြွယ်ဝတဲ့အတွက် free radical တွေကို ရှင်းထုတ်ပေးနိုင်ပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲက oxidative stree (အောက်ဆီဂျင်ဓာတ်ပြုဖိအား) တွေကို လျှော့ကျပေးပါတယ်။ ဒါကြောင့်ရလဒ်အနေနဲ့ အယ်လ်ဇိုင်းမားရောဂါလိုမျိုး မှတ်ဉာဏ်ကို ထိခိုက်စေတဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်သလို မှတ်ဉာဏ်ကိုလည်း တိုးတက်စေနိုင်ပါတယ်။
၂။ စက္ခုအာရုံအားကောင်းစေတယ်
သားယောက်ျားလေး မွေးထားတဲ့အမေတွေ အိမ်ကကလေး ဂိမ်းအရမ်းဆော့လို့ မျက်စိထိခိုက်မှာ စိုးရိမ်နေပါသလား။ ငါးကြီးဆီသာ ပုံမှန်တိုက်ပေးလိုက်ပါ။ ငါးကြီးဆီထဲက antioxidant နဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်တွေက အမြင်အာရုံကို ကာကွယ်ပေးပြီး စက္ခုအာရုံကြော အားနည်းခြင်းတို့ကို လျော့ကျစေပါတယ်။ လေ့လာမှုတွေအရဆိုရင် အိုမီဂါးသရီးဟာ မျက်စိတိမ်စွဲခြင်းကို ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်တဲ့။
၃။ ဆီးကြိတ်ကို ကျန်းမာစေတယ်
သုတေသနတွေအရဆိုရင် ငါးကြီးဆီကို ပုံမှန်မှီဝဲပေးခြင်းက အမျိုးသားတွေအတွက် ဆီးကြိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အမျိုးသားတွေမှာ အဖြစ်အများဆုံး ရောဂါတစ်မျိုးဖြစ်တဲ့ ဆီးကြိတ်ကင်ဆာရောဂါဟာ အသက်အန္တရာယ်ကိုပါ ချိန်းခြောက်နိုင်တဲ့ ရောဂါတစ်မျိုးပါပဲ။ ငါးကြီးဆီထဲမှာပါဝင်တဲ့ အိုမီဂါသရီးဟာ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်တဲ့ နေရာမှာ နာမည်ကြီးတော့ အမျိုးသားတွေမှာ ဒီလိုနာတာရှည်ရောဂါမျိုး မဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။
၄။ ခန္ဓာကိုယ်တောင့်တင်း သန်မာစေတယ်
ခန္ဓာကိုယ်ထဲက အဆီနဲ့ပတ်သက်တဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေကို မြှင့်တင်ပေးပြီး အဆီဓာတ်လယ်ဗယ်ကို လျော့နည်းအောင် ကူညီပေးခြင်းက အမျိုးသားတွေ body building လုပ်ရာမှာ ငါးကြီးဆီရဲ့ အကျိုးကျေးဇူးတစ်ခုပါပဲ။ အမျိုးသား Gym ဆော့ပြီး ကြွက်သားတင်ချိန်မှာ ငါးကြီးဆီစားပေးရင် ကြွက်သားဖွံ့ဖြိုးစေဖို့ ကူညီပေးနိုင်ပြီး လေ့ကျင့်ခန်းလုပ်ရတာလည်း ပိုကောင်းပါလိမ့်မယ်။
၅။ ကိုယ်အလေးချိန်ကျစေတယ်
ငါးကြီးဆီစားပေးခြင်းက ဇီဝကမ္မလုပ်ဆောင်မှုတွေကို မြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ်မှာ အဆီတွေကို ပိုမိုလောင်ကျွမ်းစေဖို့အတွက် တွန်းအားပေးနိုင်ပါတယ်။ နောက်ပြီး ဝိတ်ချဖို့ကြိုးစားနေတဲ့ အမျိုးသားတွေရဲ့ မတရား စားချင်သောက်ချင်စိတ်ကို ငါးကြီးဆီထဲက အိုမီဂါသရီး ဖက်တီးအက်ဆစ်က ထိန်းချုပ်ပေးနိုင်တဲ့အတွက် ဝိတ်ချဖို့ကြိုးစား အားထုတ်မှုတွေကို ပိုမိုထိရောက်စေနိုင်ပါတယ်။
၆။ နှလုံးကျန်းမာစေတယ်
အမျိုးသားတွေကို ချိန်းခြောက်နေတဲ့ ရောဂါထဲမှာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးလည်း ပါဝင်ပါတယ်။ အရက်နဲ့ အမြန်ရအစားအစာတွေ ကြီးစိုးတဲ့ခေတ်မှာ အဝလွန်ရောဂါနဲ့ နှလုံးရောဂါဟာ ဘီယာဗိုက်လေးတွေ ကိုယ်စီနဲ့ အမျိုးသားတွေကို ချိန်းခြောက်နေပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါးကြီးဆီထဲက အိုမီဂါသရီး ဖက်တီးအက်ဆစ်ဟာ ကိုလက်စ်ထရောလယ်ဗယ်ကို လျော့ကျစေပြီး နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ရုတ်တရက်နှလုံးထဖောက်ခြင်းတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
Source: Organicfacts
အမျိုးသမီးများအတွက် ငါးကြီးဆီ စားခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ
မင်္ဂလာပါ ယောင်းတို့ရေ………… ” အဆီ” ဆိုတာ ဝမှာကြောက်တဲ့အက်ဒ်မင်တို့ မိန်းကလေးတော်တော်များများ ခေါင်းခါကြတဲ့အရာပါပဲ။ အဆီအစိမ့်တွေစားရင် ကျန်းမာရေးအတွက်မကောင်းဘူးလို့ သိထားကြတာကိုး။ ဒါပေမဲ့ အဆီတိုင်းက ကျန်းမာရေးအတွက်မကောင်းဘူးတို့၊ ဝပြီးပုံပျက်လာစေတယ်တို့ ဆိုတာတွေက တကယ်တော့ မဟုတ်ပါဘူးနော်။ အက်ဒ်မင်တို့အားလုံး စားကို စားရမယ့်၊ တကယ်လည်း လိုအပ်တဲ့ အဆီတစ်မျိုးရှိပါတယ်။ အဲ့ဒါကတော့ ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ အိုမီဂါ သရီး (Omega-3) fatty acids ပါပဲ။
Omega-3 အဆီဟာ အက်ဒ်မင်တို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီး ခန္ဓာကိုယ်ကနေ ဒီအဆီကို မထုတ်လုပ်နိုင်တာမို့ အစားအစာကနေ ရယူရပါတယ်။ Omega-3 fatty acidsတွေရဲ့ အရေးပါပုံနဲ့ ကောင်းကျိုးနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ အတည်ပြုထားကြတာကတော့…
(၁) Omega-3ဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကို လျော့ပါးသက်သာစေပါတယ်။
စိတ်ကျရောဂါ( depression )နဲ့ စိတ်ပူပန်လွန်တဲ့ ရောဂါ (anxiety) ရှိတဲ့ ယောင်းတွေအတွက် Omega-3ဟာ အကူအညီဖြစ်စေမှာပါ။ စိတ်ကျရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ ဝမ်းနည်းအားငယ်တာ၊ အင်အားတွေကုန်ခမ်းပြီး စိတ်ဓာတ်တွေကျနေတာ၊ ကိုယ်လျှောက်နေရတဲ့ ဘဝအပေါ် စိတ်ပါလက်ပါ စိတ်ဝင်တစားမရှိတော့တာ စတာတွေကို ခံစားနေရပြီဆိုရင်၊ စိတ်ပူပန်လွန်ရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ အချိန်ပြည့် လူက တစ်ခုခုကို စိတ်ပူနေတာ၊ ကြောက်ရွံ့နေတာကို ခံစားရပြီဆိုရင် ယောင်းတို့ Omega-3 လိုအပ်နေပါပြီ။ လေ့လာချက်တွေအရ Omega-3 ဓာတ်ရအောင် ပုံမှန်စားပေးတဲ့သူတွေဟာ သူများတွေထက် depressionဝင်နိုင်ချေ ပိုနည်းပါတယ်တဲ့။ ရောဂါခံစားရနေတဲ့သူတွေလည်း Omega-3 ဖြည့်စွက်စာ ကို ပုံမှန်သောက်ပေးတဲ့အခါ ရောဂါလက္ခဏာတွေ လျော့ပါးလာတာကို တွေ့ရပါတယ်။ ALA, EPA နဲ့ DHAရယ်လို့ omega-3 အမျိုးအစား သုံးမျိုးရှိတဲ့ အထဲက EPA က စိတ်ကျရောဂါကို တိုက်ဖျက်ရမှာ အစွမ်းဆုံးပါတဲ့။
(၂) Omega-3ဟာ မျက်လုံး အားကောင်းစေတာမို့ မျက်လုံးမှုန်နေတဲ့ ယောင်းတွေအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။
Omega 3 အမျိုးအစားသုံးခုထဲက DHAဟာ မျက်ကြည်လွှာနဲ့ဦးနှောက်တည်ဆောက်မှုအတွက် အဓိက ပါဝင်ပစ္စည်းပါ။ ယောင်းတို့အနေနဲ့ DHAဓာတ်မရဘူးဆိုရင်တော့ မျက်လုံးပါဝါ မြင့်တက်လာနိုင်ချေ ရှိပါတယ်။ ဒါ့ပြင် DHAသာ လုံလုံလောက်လောက်ရမယ်ဆိုရင် ယောင်းတို့ အသက်ရွယ်ကြီးလာတဲ့အခါ ထာဝရအမြင်အာရုံဆုံးရှုံးသွားစေတဲ့ Macular degenerationဆိုတဲ့ ပြဿနာကို လျော့ကျစေပါသေးတယ်တဲ့။ ဒါကြောင့် ပုလင်းဖင် ပါဝါမျက်မှန်တပ်ရတဲ့ ယောင်းတွေ omega-3ဓာတ်ကို ငယ်ငယ်တည်းက ရယူသင့်တယ်နော်။ အက်ဒ်မင်ကတော့ Omega-3 ပုံမှန်သောက်လာလို့လား မသိဘူး ခုထိ မျက်မှန်မတပ်ရသေးဘူးရယ် ။
Related Article >>> ကျော့ကျော့မော့မော့နဲ့ ဗိုက်ချပ်စေမယ့် ဖြတ်လမ်းနည်း(၆)မျိုး
(၃) Omega-3 နည်းတဲ့သူတွေဟာ ညဘက်အိပ်မပျော်တဲ့ရောဂါ ရနိုင်ချေလည်း များပါတယ်တဲ့.. တိုက်ရိုက်တော့ မဟုတ်ပေမဲ့ပေါ့။ ကောင်းကောင်းအိပ်ပျော်ဖို့ ဆိုရင် melatonin hormone လိုအပ်ပြီး omega-3 ဓာတ်နည်းတဲ့သူတွေမှာ ဒီ melatonin hormoneလျော့နည်းတာကို တွေ့ရပါတယ်တဲ့။ အိပ်ရေးမဝတဲ့ပြဿနာဟာ အဝလွန်ရောဂါ၊ ဆီးချိုသွေးချို နဲ့ စိတ်ကျရောဂါနဲ့ ဆက်စပ်မှုရှိနေတာမို့ မပေါ့သင့်ပါဘူးနော်။ ဒါကြောင့် ကလေးတွေမှာကော လူကြီးတွေမှာကော ညဘက် ကောင်းကောင်း အိပ်မပျော်တဲ့ ပြဿနာရှိလာပြီဆိုရင် အိပ်ချိန်ကြာမြင့်စေဖို့နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့့ Omega-3ဖြည့်စွက်စာကို စားသုံးပါလို့ အနောက်နိုင်ငံကဆရာဝန်တွေက အကြံပြုကြပါတယ်။
(၄) Omega-3ဟာ ကိုယ်ဝန်ဆောင် မေမေတွေနဲ့ ကလေးမွေးပြီးခါစ မေမေတွေအတွက်လည်းအရေးပါ ပါသေးတယ်။
Omega-3ဟာ မွေးကင်းစကလေးတွေရဲ့ ဦးနှောက်နဲ့ ကြီးထွား ဖွံ့ ဖြိုးဖို့အတွက် မရှိမဖြစ် လိုအပ်လို့ပါပဲ။နောက်ပြီး DHAဓာတ်မှာ ဦးနှောက်ကလိုအပ်တဲ့ fatty acid ၄၀%နဲ့ မျက်ကြည်လွှာက လိုအပ်တဲ့ ၆၀%ပါဝင်နေတာမို့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာကော နို့တိုက်စဉ်ကာလမှာကော ယောင်းတို့ မေမေတွေအနေနဲ့ omega-3ကို ကောင်းကောင်း မှီဝဲပေးဖို့ လိုပါတယ်နော်။
(၅) Omega-3ဟာ အသားအရည်လှချင်တဲ့ ယောင်းတို့ အတွက်လည်း ဆေးစွမ်းကောင်း တစ်ခွက်ပါပဲ။
Omega 3 ဟာ အရေပြားတည်ဆောက်မှုအတွက် အရေးကြီးတဲ့ ပစ္စည်းဖြစ်ပြီး အက်ဒ်မင်တို့အသားအရေအတွက် အရေးပါတဲ့ ဆဲလ်အမြှေးပါးလေးတွေကျန်းမာဖို့အတွက် အထောက်အကူပြုပါတယ်။ omega-3 ပုံမှန်စားသုံးရင် စိုပြေ နူးညံ့ပြီး အရေးကြောင်းကင်းတဲ့ အသားရည်မျိုး ဖြစ်စေပါတယ်တဲ့။ ဘာလို့လဲဆို Omega-3ထဲက EPAဟာ အရေပြားထဲက အဆီထုတ်လုပ်မှုနဲ့ ရေဓာတ်ဖြည့်ပေးတဲ့ အလုပ်ကို လုပ်ပေးပြီး ဝက်ခြံ ပေါက်တာနဲ့ အရွယ်မတိုင်ခင် အိုမင်းတာကိုလည်း ကာကွယ်ပေးပါတယ်။
အစားအသောက် ဇီဇာကြောင်တဲ့ အက်ဒ်မင်က ကိုယ်တွေ့ပါပဲ။ သူများတွေလို အသားရည်လှအောင် အသီးအနှံစားတာမရှိပေမယ့် ငယ်ငယ်ထဲက အဖေက Omega-3 ဖြည့်စွက်စာ တိုက်လာလို့ထင်တယ် ခုထိ မျက်နှာမှာ ဝက်ခြံတွေပေါက်တာမရှိလို့ အသားရည် မွဲခြောက်ခြောက်ဖြစ်တာလည်းမရှိခဲ့ဘူးရယ်.. 😁
(၆) ဓမ္မတာကြောင့် နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။
နောက်ပြီး Omega-3ပုံမှန်သောက်တဲ့သူတွေဟာ ရာသီလာတဲ့အခါ မသောက်တဲ့သူတွေလောက် ဆိုးဆိုးရွားရွားနာကျင်တာမျိုး မရှိပါဘူးတဲ့။ နာကျင်ကိုက်ခဲတဲ့ ဒဏ်က ပျော့ပျောင်းပါတယ်တဲ့။ လေ့လာစမ်းသပ်ချက်တွေအရ side-effectတွေရှိတဲ့ အကိုက်အခဲပျောက်ဆေးတွေထက် Omega-3က ပိုစိတ်ချရပြီး ပိုထိရောက်ပါတယ်တဲ့ ယောင်းတို့ရေ။
Omega-3ကို ငါးရဲ့အဆီနဲ့ အစေ့အဆံတွေကနေ အပြင် ဖြည့်စွက်စာ (supplement)ကနေလည်း ရယူနိုင်ပါတယ်။ မိခင်နို့ရည်ကနေလည်း ရနိုင်သလို ဆာလ်မွန်ငါး ၊ မက်ကရယ်ငါး၊ ဆာဒင်းငါး စတဲ့ငါးအဆီတွေအပြင် ရေညှိအမျိုးမျိုးကနေလည်း ရနိုင်ပါတယ်။ ပဲပိစပ်လို့ ခေါ်တဲ့ soybeanနဲ့ သစ်ကြားသီးလို အခွံမာအသီးကနေလည်း Omega-3ဓာတ်ကို ရယူနိုင်ပါတယ်။ ဒီငါးတွေ နဲ့ အစေ့အဆံတွေကို ရဖို့ခက်ခဲတယ်ဆိုရင် အကောင်းဆုံးနည်းကတော့ ဖြည့်စွက်စာ (supplement)သောက်တာပါပဲ ယောင်းတို့ရေ…
ဒါကြောင့်မို့ ခန္ဓာကိုယ်က ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ အရေးပါတဲ့ Omega-3ဓာတ်ကို ငယ်ငယ်တည်းက ရအောင်ယူထားရင် အကောင်းဆုံးပါပဲနော်။ စိတ်ကျန်းမာရေးအတွက်ကော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ကော အသုံးဝင်တဲ့အပြင် လှချင်တဲ့ ယောင်းတို့အတွက်လည်း Omega-3ဟာ အလှအပရေးရာအတွက်ပါ အသုံးကျတာမို့ ဒီနေ့ကစပြီး Omega-3 ဖြည့်စွက်စာကို ပုံမှန်သောက်ကြမယ်မလား ယောင်းတို့ရေ….

13/11/2019

နှလုံးအောင့်ခြင်း Angina နှင့် သောက်သုံးရ
မည့်ဆေးဝါးများ
------------------------------------------------------

နှလုံးအောင့်သောဝေဒနာကို ခံစားဖူးသူတိုင်း
သိကြသည်။
နှလုံးအောင့်ခြင်းကို angina ဟုခေါ်သည်။
နှလုံးအောင့် အသက်ရှုမဝ သောဝေဒနာများကို
ခံစားရသည်။
ရင်ဘတ်အောင့် နှလုံးအောင့်ပါက ဆရာဝန်
နှင့်ပြကြပြီး ECG ဆွဲသည်။
ECG တွင် နှလုံးအောင့်လက္ခဏာများကို
တွေ့ရပါက သို့မဟုတ် Echo တွင် တွေ့ပါက Angina ဟု သတ်မှတ်ပြီး ကုသမှု့ပေးပါသည်။

နှလုံးဘာကြောင့်အောင့်တာလဲ။
-------------------------------------
အများဆုံးမှာ နှလုံးသွေးကြောကျဉ်းသော
ကြောင့်ဖြစ်သည်။
နှလုံးရောဂါအမျိုးမျိုးကြောင့်အောင့်တတ်ပါသည်။
နှလုံးသွေးကြောကျဉ်းခြင်းကြောင့် coronary artherosclerosis အများဆုံး ဖြစ်ပါသည်။
နှလုံးသွေးကြောထဲတွင် အဆီများစုပုံလာပြီး
သွေးကြောနံရံတွင် အဆီခဲများဂျိုးများ ကပ်လာ
သည်။
တဖြည်းဖြည်း သွေးကြောနံရံများထူလာပြီး
နှလုံးသွေးကြောကျဉ်းလာပါသည်။
နှလုံးသွေးကြောကျဉ်းလာပါက နှလုံးအောင့်
ရခြင်းမှာ နှလုံးကြွက်သားများအတွက်
လိုအပ်သော oxygenအလုံအလောက်
မရခြင်းကြောင့်ဖြစ်ပါတယ်။oxygen supply
နှင့် demand မမျှတခြင်းကြောင့်ဖြစ်ပါသည်။
ကုသမှု့ကိုသေချာစွာမခံယူပါက နောက်ပိုင်းတွင် myocardial infarct ဟုခေါ်သော
နှလုံးကြွက်သားပုပ်သော ရောဂါဖြစ်သွား
နိုင်ပါသည်။

ကုသမှု့မည်သို့ပေးမလဲ။
-----------------------------
life style changes များဖြစ်သော
အဆီမစားခြင်း လမ်းများများလျှောက်ခြင်း တို့နှင့်အခြေခံကုသမှု့ပေးရမည်။
Antianginal medications များကို
ပေးရပါမည်။

Antianginal medications ကဘာတွေလဲ။
နှလုံးကြွက်သားများ၏ oxygen supply နှင့်demand မမျှသောပြသာနာကို ဖြေရှင်းပေးသောဆေးများ ဖြစ်ပါသည်။

အမျိုးအစားကို ဘယ်လို ခွဲခြားထားသလဲ။
--------------------------------------------------
-- Venodilators
1- short acting nitrate - GTN glyceryl trinitrate
2- Long acting nitrate - isosorbide dinitrate and isosorbide mononitrate

-- Beta blockers
propanolol and metoprolol
carvedilol

-- Calcium channel blockers
amlodipine
diltiazem

--- Ivabradine
--- Trimetazidine

Antianginal drugs များက နှလုံးအောင့်တာကို ဘယ်လို သက်သာစေလဲ။
-------------------------------------------------------------
Cardiac oxygen demand ကိုချခြင်း
သို့ oxygen supply ကို တိုးခြင်းဖြင့်
cardiac oxygen ပမာဏ
လုံလောက်ပြီး angina ကို သက်သာစေပါသည်။
Nitrate နှင့် Calcium channek
blockers က coronary dilation
ဖြစ်စေပြီး oxygen supply
တိုးလာသဖြင့် angina ကို သက်သာစေသည်။
Beta blockers များကတော့ heart rate
နှင့် force of contraction ကို ကျစေသဖြင့် oxygen demand ကျလာကာ angina ကို
သက်သာစေသည်။
ဒါအပြင် ဆေး၃ မျိုးလုံးသည် cardiac workload ကို ချပေးသဖြင့် နှလုံးလုပ်ဆောင်
ရမှု့နည်းလာကာ angina ကို သက်သာစေသည်။

Nitrates ဆိုတာဘာလဲ။
--------------------------------
shorting acting nitrate ဖြစ်သော glyceryl trinitrate ( GTN) နှင့် long acting nitrate
ဖြစ်သော isosorbide dinitrate and isosorbide mononitrate တို့ဖြစ်ပါသည်။

GTN ဆိုတာဘာလဲ။
--------------------------
Venodilator ဖြစ်ပြီး angina တွင် immediate action ရချင်သောကြောင့်
သုံးပါသည်။ကုသမှု့တွင် အသုံးပြုပါသည်။
sublingual လျှာအောက် တွင်ငုံထားရသည်။
ဝါးမစားရ။မျိုမချရပါ။
နှလုံးဆိုးရွားစွာအောင့်လာသော လူနာများတွင်
ဝေဒနာ ချက်ချင်းသက်သာအောင် ပေးရသည်။
nitrol နာမည်နှင့်လာလေ့ရှိသည်။
dosage အမျိုးမျိုး 0.3 0.4 0.6 mg
တို့ဖြင့် လာတတ်ပါသည်။
nitrol spray လည်းရှိပါသည်။
၁၅ မိနစ်အတွင်း ၃ လုံး ထိငုံ နိုင်ပါသည်။
ထို့ထက် တော့ မပိုသင့်ပါ။
Long acting nitrates များကိုတော့
angina
ထပ်မံမဖြစ်ပွားစေရန် ပုံမှန်ပေးရပါသည်။
Nitrates များသည် ္ဒသွေးပေါင်ကျစေ
နိုင်သောကြောင့် နှလုံးအောင့်ရုံသာမက
သွေးပေါင်များစွာကျဆင်းနေသော
လူများများတွင် သတိထားရသည်။
ကျောက်ကပ်နှင့်အသည်းပျက်စီးနေသူများ
အားပေးရာတွင် သတိထားရသည်။
သွေးပေါင်ကျခြင်း|ဓာတ်မတည့်ခြင်း|နှလုံးကြီးခြင်း
တို့တွင် မပေးရပါ။
ဆေးသောက်ပြီးပါက သွေးပေါင်ကျခြင်း
ရင်တုန်ခြင်း ခေါင်းမှုး ခေါင်းကိုက်ခြင်း
များဖြစ်တတ်ပါသည်။

Beta blocker ဆိုတာဘာလဲ။
----------------------------------------
Heart rate နှင့် force of contraction
ကိုကျစေသည့်အတွက် oxygen demand
ကျလာကာ angina ကို သက်သာစေသော
ဆေးဖြစ်ပါသည်။
အစာနဲ့တွဲသောက်ရပါသည်။
propanolo 40 mg နဲ့လာတတ်ပါတယ်။
metoprolol 12.5mg 25mg 50mg
နဲ့လာပါတယ်။
carvedilol 6.25mg 3.125mg နဲ့
လာပါတယ်။
သွေးတိုးရောဂါကုသရာတွင်လည်း အသုံးပြုပါသည်။
ဆီးချို ပန်းနာရင်ကြပ် ရောဂါရှိလျှင် မသုံးသင့်ပါ။
နှလုံးခုန်နှူန်းနှေးသောရောဂါ သွေးပေါင်ကျခြင်း
သွေးကြောရောဂါများရှိပါက မသုံးရပါ။
ကျောက်ကပ်နှင့် အသည်းရောဂါမျာရှိပါက
ဆေးပမာဏလျော့ပေးရပါသည်။
ဘေးထွက်ဆိုးကျိုးများကတော့ နှလုံးခုန်နှုန်းနှေးခြင်း
သွေးပေါင်ကျခြင်း သွေးကြောများကျုံခြင်း
ခေါင်းမှုးခြင်း အူလမ်းကြောင်းပြသာနာဖြစ်ခြင်း
တို့ဖြစ်ပါသည်။

Calcium channel blockers ဆိုတာဘာလဲ။
------------------------------------------------------------
amlodipine 5mg သို့ 10mg နဲ့လာတတ်ပါသည်။coronary artery dilation ဖြစ်စေပြီး oxygen supply တိုးလာကာ angina ကို သက်သာစေပါသည်။
နှလုံးခုန်နူန်းနှေးသူများတွင် မပေးရပါ။
ဂရိတ်ဖရုအသီးရည်နှင့် တွဲမသောက်ရပါ။
ခြေကျင်းဝတ်ရောင်ခြင်း ရင်တုန် ခေါင်းကိုက် ဝမ်းချုပ်
ပျုိ့အန်ခြင်းများ ဖြစ်တတ်ပါသည်။

Trimetazidine သည် cardiac metabolism ကို ထိန်းညှိုပေးသဖြင့် angina တွင်အသုံးပြုပါသည်။
Ivabradine ကဲ့သို့သောဆေးများကိုလည်း အသုံးပြုပါသည်။

ဗဟုသုတများရကြပါစေ။

Address

Myyu
Buthidaung
07031

Website

Alerts

Be the first to know and let us send you an email when Myittar Clinic Buthidaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share