27/06/2024
https://www.facebook.com/share/p/qYqaYJpYHZYifTCC/?mibextid=qi2Omg
#အအေးမိ၍ နှာစေး၊နှာပိတ်ခြင်းနှင့် ဓါတ်မတည့်ခြင်းကြောင့် အရေပြားယားယံခြင်းတို့အတွက် အသုံးပြုသည့် ဆေး
💁♀️Cetirizine (ဆီတီရီဇင်း)ဆေးအကြောင်း✅✅✅
================================
💁♀️အာနိသင်ရှည်ကြာသော အိပ်ပျော်ခြင်းဘေးထွက်ဆိုးကျိုး မရှိဟုဆိုသော ဟစ်တမင်း တုံ့ပြန်ဆေးတစ်မျိုး ဖြစ်ပါတယ်။
✅ အသုံး
✔️နှာစေးခြင်း၊ ချောင်းဆိုးရင်ကျပ်ခြင်း၊ ယားယံခြင်း၊ အဖု အပိမ့် ထွက်ခြင်း၊ အင်ပျဉ်ထွက်ခြင်း စသည့်ဓာတ်မတည့်၍ဖြစ်သော လက္ခဏာများ သက်သာပျောက်ကင်းအောင် အသုံးပြုနိုင်သည်။
✅ ဆေးညွှန်းနှင့် အသုံးပြုပုံ
✔️၁၀မီလီဂရမ်(10mg) တစ်နေ့ တစ်ကြိမ် သောက်လျှင်များသောအားဖြင့် လုံလောက်သည်။ လိုအပ်လျှင် ၁၀ မီလီဂရမ် တစ်နေ့ နှစ်ကြိမ်အထိ သောက်နိုင်သည်။
✅ သတိပြုရန်
✔️အိပ်ငိုက်ခြင်းမရှိဟု ဆိုသော်လည်း လုံးဝအိပ်မငိုက်ဟု မဆို နိုင်ပါ။ သို့ဖြစ်၍ ယာဉ်မောင်းသူများ၊ စက်ယန္တရားကြီးများ မောင်းနှင်အလုပ်လုပ်ရသူများ သတိပြုသုံးစွဲသင့်ပါသည်။ ကလေးနှင့် သက်ကြီးရွယ်အိုများသည် ဆေးအပြစ်များကို ပိုမိုခံစားရနိုင်သောကြောင့် သတိပြုသုံး ရပါသည်။ အရက်သောက်ထားသူများ သတိဖြင့်သုံးရပါသည်။ ကျောက်ကပ် မကောင်းသူများ ဆေးချိန်လျှော့သုံးရပါသည်။
🛑 ဆေးအပြစ်များ
✔️ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အာခြောက်ခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်း၊ စိတ်တိုခြင်းတို့ဖြစ်နိုင်ပါသည်။
🛑 ရှောင်ရန်
❌ဆေးနှင့် မတည့်သူများ၊ နို့တိုက်မိခင်များ မသုံးရပါ။ ကိုယ်ဝန်ဆောင်များ အလွန်လိုအပ်မှသာ သုံးသင့်သည်။
❌ နှစ် နှစ်အောက် ကလေးငယ်များ မသုံးသင့်ပါ။
💊 ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့
Acitrin, Alatrol, Allercet, Atrzin, Atrol,
Certizin, Cetihes, Cetiriz, Cetizin, Cetzine,Cetrigen,Cetzac,Celozine
Cetrine, Cetrisyn, Cetriz, Cetrisav, Cetrizet, Cetzy, Cezine, CZ-3, Ekon-DT, Gorzine, Itrat,
Lergi, N-Zin,Nosemin, Rhinil, Rhizin, Set-10, Terizin,
Trizin, Trizyn, Unicet,Zemat, Zymed, Zyncet,Zyrtec.
......................................................................................
🕰 ဆေးဆိုင်ဖွင့်ချိန် 🕰
မနက် (၇) နာရီ မှ ည (၇) နာရီထိ
-အောင်ဆေးဆိုင်
#ချောင်းဆုံအနောက်
#ချောင်းဆုံမြို့
📱 09797878415