Aye Thuzar Pharmacy

Aye Thuzar Pharmacy 📍 ဆိုင်လိပ်စာ: အမှတ် ၄၇၁ အောင်ဗောဓိလမ်း မြောက်ရွာရပ် ထားဝယ်မြို့
📞 ဖုန်းနံပါတ်: 09 756019592
⏰ ဆိုင်ဖွင့်ချိန်: မနက် ၉:၀၀ မှ ည ၇:၃၀ အထိ

Pharmacist တစ်ယောက်အနေနဲ့ မိဘတွေကို အမြဲရှင်းပြလေ့ရှိတဲ့ အချက်တစ်ခု ရှိပါတယ်။မိခင်နို့ဟာ ကလေးအတွက် အကောင်းဆုံးအာဟာရဖြစ်ပ...
04/07/2026

Pharmacist တစ်ယောက်အနေနဲ့ မိဘတွေကို
အမြဲရှင်းပြလေ့ရှိတဲ့ အချက်တစ်ခု ရှိပါတယ်။

မိခင်နို့ဟာ ကလေးအတွက် အကောင်းဆုံးအာဟာရဖြစ်ပေမယ့် Vitamin D ပါဝင်မှုပမာဏက အလွန်နည်းပါးပါတယ်။

ဒါကြောင့် ကလေးငယ်များကို မွေးဖွားပြီး
ရက်အနည်းငယ်အတွင်းမှ စတင်ကာ Vitamin D ကို နေ့စဉ် ဖြည့်စွက်ပေးရန် ကလေးကျန်းမာရေးလမ်းညွှန်များက အကြံပြုထားကြပါတယ်။

🌞 Vitamin D က ဘာကြောင့် အရေးကြီးတာလဲ?
Vitamin D ဟာ Calcium နဲ့ Phosphorus ကို ခန္ဓာကိုယ်က စုပ်ယူအသုံးချနိုင်အောင် ကူညီပေးပြီး
✔️ အရိုးများ သန်မာစေခြင်း
✔️ သွားများ ကျန်းမာစေခြင်း
✔️ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း
✔️ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးခြင်း
တို့အတွက် အရေးကြီးတဲ့ Vitamin တစ်မျိုး ဖြစ်ပါတယ်။

Vitamin D မလုံလောက်ပါက
❌ အရိုးပျော့ခြင်း
❌ ကြီးထွားမှုနှေးကွေးခြင်း
❌ အရိုးဖွံ့ဖြိုးမှု မပြည့်စုံခြင်း
စတဲ့ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

“နေရောင်ထွက်နေတာပဲ၊ Vitamin D လုံလောက်မှာပေါ့” လို့ ထင်တတ်ကြပေမယ့် မွေးကင်းစကလေးများကို တိုက်ရိုက်နေရောင်နှင့် မထိတွေ့စေရန် ဂရုစိုက်ရတာကြောင့် Vitamin D Supplement ဟာ ပိုမိုအရေးကြီးလာပါတယ်။

👨‍⚕️ ယေဘုယျအားဖြင့် မွေးကင်းစကလေးများတွင် Vitamin D ကို နေ့စဉ် ဖြည့်စွက်ပေးရန် အကြံပြုထားပါတယ်

ဒီ ပုံမှာ ပြထားတဲ့ O-vit drop မှာက Vitamin D3 အပြင် Vitamin A, B Complex, Vitamin E နှင့် Zinc တို့လည်း ပါဝင်သောကြောင့်

✅ အရိုးနှင့်သွား ကျန်းမာရေး
✅ ကိုယ်ခံအားစနစ်
✅ ဦးနှောက်နှင့် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု
တို့ကို အထောက်အကူပြုနိုင်သော Multivitamin တစ်မျိုး ဖြစ်ပါတယ်။
ကလေး၏ ပထမဆုံးနှစ်များသည် အရိုးနှင့် ဦးနှောက်ဖွံ့ဖြိုးမှု အလျင်မြန်ဆုံးကာလ ဖြစ်သောကြောင့် Vitamin D လုံလောက်တဲ့ ပမာဏပါတဲ့ အားဆေးလေး တိုက်ပေးသင့်ပါတယ်ရှင်
🥰🤗

📍 ဆိုင်လိပ်စာ: အမှတ် ၄၇၁ အောင်ဗောဓိလမ်း မြောက်ရွာရပ် ထားဝယ်မြို့
📞 ဖုန်းနံပါတ်: 09 756019592
⏰ ဆိုင်ဖွင့်ချိန်: မနက် ၉:၀၀ မှ ည ၇:၃၀ အထိ

မင်္ဂလာပါရှင်  ဒီနေ့မှာတော့ Levothyroxine ဆိုတဲ့ ဆေး သောက်နေရသူတွေအတွက် အရေးကြီးတဲ့ အချက်လေးတွေ ပြောပြပေးသွားပါမယ် ဒီဆေး...
13/06/2026

မင်္ဂလာပါရှင်
ဒီနေ့မှာတော့ Levothyroxine ဆိုတဲ့ ဆေး သောက်နေရသူတွေအတွက် အရေးကြီးတဲ့ အချက်လေးတွေ ပြောပြပေးသွားပါမယ်

ဒီဆေးကို သိုင်းရွိုက်ဟော်မုန်း (Thyroid hormone) နည်းနေတဲ့ Hypothyroidism ရောဂါအတွက် အသုံးပြုပါတယ်။ ခန္ဓာကိုယ်က လုံလောက်တဲ့ သိုင်းရွိုက်ဟော်မုန်း မထုတ်နိုင်တဲ့အခါ ဒီဆေးက အဲဒီဟော်မုန်းကို အစားထိုးပေးတာ ဖြစ်ပါတယ်။

ဒီဆေးကို သောက်တဲ့အခါ အရေးကြီးဆုံးကတော့ မနက်အိပ်ရာနိုးပြီးပြီးချင်း ဘာအစာမှမစားခင် သောက်ပေးရပါမယ်
ရေတစ်ခွက်နဲ့ သောက်ပြီး အနည်းဆုံး မိနစ် 30 မှ 60 လောက်အထိ အစားအသောက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ နို့ စတာတွေ မသောက်မစားသင့်ပါဘူး။

ကော်ဖီ တို့ ကယ်လ်ဆီယမ် ပါတဲ့ဆေးတွေ သံဓါတ်အားဆေးတွေ လေဆေးတွေ သောက်နေတယ်ဆိုရင် Levothyroxine နဲ့ အနည်းဆုံး 4 နာရီခြားပြီး သောက်ရပါမယ်။ မဟုတ်ရင် ဆေးစုပ်ယူမှု လျော့နည်းနိုင်ပါတယ်။
ဒီဆေးကို နေ့တိုင်း အချိန်တူတူ သောက်ပေးဖို့ လိုပါတယ်။ သက်သာလာပြီဆိုပြီး ကိုယ့်ဘာသာ ရပ်မပစ်သင့်ပါဘူး။

သောက်ဖို့ မေ့သွားခဲ့ရင် သတိရတာနဲ့ သောက်နိုင်ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် သောက်ရမယ့်အချိန် နီးနေပြီဆိုရင် မေ့သွားတဲ့ ရက်ကဆေးကို ကျော်လိုက်ပြီး ပုံမှန်အတိုင်း ဆက်သောက်ရပါမယ်နော်။

ဆေးပမာဏ များသွားတဲ့အခါ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း၊ လက်တုန်ခြင်း၊ ချွေးထွက်များခြင်း၊ အိပ်မပျော်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ဒီလို လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ပြန်လည်တိုင်ပင်ပေးပါ။

Levothyroxine ကို မှန်ကန်စွာ မသောက်ရင် ဆေးအာနိသင် လျော့နည်းနိုင်ပါတယ်။

ဒီဆေးနဲ့ ပတ်သက်ပြီး မေးချင်တာများ ရှိသေးရင် မေးသွားလို့ရပါတယ်ရှင် 🤗

အားလုံးကျန်းမာရွှင်လန်းတဲ့နေ့ရက်များ
ပိုင်ဆိုင်နိုင်ကြပါစေရှင် 🥰🥰

📍 ဆိုင်လိပ်စာ: အမှတ် ၄၇၁ အောင်ဗောဓိလမ်း မြောက်ရွာရပ် ထားဝယ်မြို့
📞 ဖုန်းနံပါတ်: 09 756019592
⏰ ဆိုင်ဖွင့်ချိန်: မနက် ၉:၀၀ မှ ည ၇:၃၀ အထိ

“အနာကျက်ပြီးသွားပေမယ့် အမာရွတ်ကျန်နေလို့ စိတ်မချမ်းသာဖြစ်နေတဲ့သူတွေအတွက်”ဒီနေ့မှာတော့ ဝက်ခြံအမာရွတ်၊ ခွဲစိတ်ပြီး အမာရွတ်...
09/06/2026

“အနာကျက်ပြီးသွားပေမယ့် အမာရွတ်ကျန်နေလို့ စိတ်မချမ်းသာဖြစ်နေတဲ့သူတွေအတွက်”

ဒီနေ့မှာတော့ ဝက်ခြံအမာရွတ်၊ ခွဲစိတ်ပြီး အမာရွတ်၊ မီးလောင်ဒဏ်ရာ အမာရွတ်တွေကို လျော့ပါးစေဖို့ အသုံးပြုနိုင်တဲ့ Scagel လေး အကြောင်း ပြောပြပေးသွားမယ်နော်

Scagel မှာ Allium cepa extract 12% ပါဝင်တဲ့ Scar Gel တစ်မျိုးဖြစ်ပြီး အမာရွတ်ဖြစ်ပေါ်လာတဲ့နေရာမှာ collagen တည်ဆောက်မှုပုံစံကို ထိန်းညှိပေးခြင်းအားဖြင့်

✅ အမာရွတ်အထူကို လျော့စေခြင်း
✅ အနီရောင်ဖြစ်နေခြင်းကို သက်သာစေခြင်း
✅ အမာရွတ်မာကျောခြင်းကို လျော့စေခြင်း
✅ အရေပြားချောမွေ့လာစေရန် ကူညီပေးနိုင်ပါတယ်

📌 ဘယ်အချိန်ကစပြီး သုံးရမလဲဆိုတော့

✅ အနာလုံးဝကျက်ပြီး အရေပြားအသစ်ဖုံးသွားမှ စတင်အသုံးပြုသင့်ပါတယ်။

📌 အသုံးပြုပုံ

1️⃣ အမာရွတ်နေရာကို သန့်ရှင်းအောင် ဆေးကြောပါ။

2️⃣ Scagel ကို ပါးပါးလေး လိမ်းပါ။

3️⃣ တစ်နေ့ 2-3 ကြိမ် ပုံမှန်အသုံးပြုပါ။



📌 ဘယ်လောက်ကြာအောင် သုံးရမလဲ?

🔹 အသစ်ဖြစ်တဲ့ အမာရွတ်များအတွက် အနည်းဆုံး 8 ပ တ်ခန့် အသုံးပြုပေးသင့်ပါတယ်

သတိပြုရမယ့် အချက်တွေကတော့

• မျက်လုံးထဲ မဝင်စေရန် သတိထားပါ။

• ဖွင့်ထားသော အနာပေါ် မလိမ်းပါနှင့်။

• နေရောင်ခြည်ပြင်းထန်စွာထိတွေ့ပါက Sunscreen အသုံးပြုခြင်းက အမာရွတ်အရောင်မည်းလာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

Scagel က အမာရွတ်ကို ချက်ချင်းဖျောက်ပေးမယ့် ဆေးမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်မှန်၊ နည်းမှန် အသုံးပြုမယ်ဆိုရင် အမာရွတ်ပုံစံကို တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

ကျန်းမာပျော်ရွှင်သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင် 🤗🥰

ဆိုင်မှာ ဝယ်ယူနိုင်ပါပြီရှင် 🤗🤗📍 ဆိုင်လိပ်စာ: အမှတ် ၄၇၁ အောင်ဗောဓိလမ်း မြောက်ရွာရပ် ထားဝယ်မြို့📞 ဖုန်းနံပါတ်: 09 7560195...
01/06/2026

ဆိုင်မှာ ဝယ်ယူနိုင်ပါပြီရှင် 🤗🤗

📍 ဆိုင်လိပ်စာ: အမှတ် ၄၇၁ အောင်ဗောဓိလမ်း မြောက်ရွာရပ် ထားဝယ်မြို့
📞 ဖုန်းနံပါတ်: 09 756019592
⏰ ဆိုင်ဖွင့်ချိန်: မနက် ၉:၀၀ မှ ည ၇:၃၀ အထိ

💁‍♀️ဆိုင်မှာ စျေးတန်တန်လေးနဲ့ ရနေပါပြီရှင် 📍 ဆိုင်လိပ်စာ: အမှတ် ၄၇၁ အောင်ဗောဓိလမ်း မြောက်ရွာရပ် ထားဝယ်မြို့📞 ဖုန်းနံပါတ်...
01/06/2026

💁‍♀️ဆိုင်မှာ စျေးတန်တန်လေးနဲ့ ရနေပါပြီရှင်

📍 ဆိုင်လိပ်စာ: အမှတ် ၄၇၁ အောင်ဗောဓိလမ်း မြောက်ရွာရပ် ထားဝယ်မြို့
📞 ဖုန်းနံပါတ်: 09 756019592
⏰ ဆိုင်ဖွင့်ချိန်: မနက် ၉:၀၀ မှ ည ၇:၃၀ အထိ

ခံတွင်းကျန်းမာရေးအတွက် သတိထားရမယ့်အချက်လေးတွေ မျှဝေပေးလိုက်ပါတယ် ဆိုင်မှာ အရမ်းတန်တဲ့ စျေးနှုန်းလေးနဲ့ အရည်အသွေးကောင်းတဲ...
31/05/2026

ခံတွင်းကျန်းမာရေးအတွက် သတိထားရမယ့်အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်

ဆိုင်မှာ အရမ်းတန်တဲ့ စျေးနှုန်းလေးနဲ့ အရည်အသွေးကောင်းတဲ့ သွားတိုက်တံလေးတွေ ရောက်ထားပါတယ်ရှင် 😍😍

📍 ဆိုင်လိပ်စာ: အမှတ် ၄၇၁ အောင်ဗောဓိလမ်း မြောက်ရွာရပ် ထားဝယ်မြို့
📞 ဖုန်းနံပါတ်: 09 756019592
⏰ ဆိုင်ဖွင့်ချိန်: မနက် ၉:၀၀ မှ ည ၇:၃၀ အထိ

🍽️ အစားစားချင်စိတ် နည်းနေပါသလား?ဒီနေ့မှာတော့ Becoactin ဟု လူသိများတဲ့ ဆေးလေးအကြောင်း မျှဝေပေးချင်ပါတယ်ရှင် 🤗ဒီဆေးလေးမှာ ...
31/05/2026

🍽️ အစားစားချင်စိတ် နည်းနေပါသလား?

ဒီနေ့မှာတော့ Becoactin ဟု လူသိများတဲ့ ဆေးလေးအကြောင်း မျှဝေပေးချင်ပါတယ်ရှင် 🤗

ဒီဆေးလေးမှာ ပါဝင်တဲ့ Cyproheptadine က အစားစားချင်စိတ် လျော့နည်းနေသူများ၊ နာမကျန်းဖြစ်ပြီးနောက် အားနည်းနေသူများနှင့် ကိုယ်အလေးချိန် တက်ရန် လိုအပ်သူများအတွက် အထောက်အကူဖြစ်စေတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်

✅ Cyproheptadine ၏ အသုံးဝင်မှုများ

• အစားစားချင်စိတ် တိုးတက်စေရန် ကူညီပေးနိုင်ခြင်း
• အားနည်းပြီး အစားမဝင်သူများတွင် အာဟာရစားသုံးမှု တိုးတက်စေရန် အထောက်အကူပြုနိုင်ခြင်း
• အချို့သော ဓာတ်မတည့်မှု လက္ခဏာများ (နှာစေးခြင်း၊ ယားယံခြင်း) ကို သက်သာစေနိုင်ခြင်း

💡 အသုံးပြုရာတွင် သတိထားသင့်သော အချက်များ

• ကလေးများအတွက် ကိုယ်အလေးချိန်နှင့် ကိုက်ညီသော ဆေးပမာဏကိုသာ အသုံးပြုသင့်ပါသည်။
• အချို့သူများတွင် အိပ်ငိုက်နိုင်သဖြင့် ကားမောင်းခြင်း သို့မဟုတ် စက်ယန္တရား အသုံးပြုခြင်းမပြုမီ သတိထားသင့်ပါသည်။
• အရက်နှင့် တွဲဖက်သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
• လိုအပ်သည့် ကာလအတွင်းသာ အသုံးပြုသင့်ပြီး ရေရှည်စွဲသောက်ခြင်း မပြုသင့်ပါ။

📌 အစားစားချင်စိတ် လျော့နည်းနေခြင်းသည် တစ်ခါတစ်ရံ အခြားကျန်းမာရေးပြဿနာများ၏ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်သောကြောင့် မကြာခဏ ဖြစ်နေပါက ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါတယ်ရှင်

အဲတာဆိုတော့ ဒီဆေးလေးနဲ့ပတ်သက်ပြီး ဗဟုသုတရသွားမယ်လို့ မျှော်လင့်ပါတယ်

💊 Cyproheptadine ဆေးနှင့် ပတ်သက်၍ အသုံးပြုပုံ၊ သောက်သုံးရမည့် ပမာဏများကို သိရှိလိုပါက Aye Thuzar Pharmacy တွင် ဆေးဝါးပညာရှင်နှင့် တိုင်ပင်၍ ဝယ်ယူနိုင်ပါသည်

အားလုံး ကျန်းမာရွှင်လန်းတဲ့ နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေရှင် 🥰


Address

471 Aung Baw Di Street, Myaukywar Quater
Dawei

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959450992581

Website

Alerts

Be the first to know and let us send you an email when Aye Thuzar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aye Thuzar Pharmacy:

Shortcuts

Share