K-K Yoga Family

K-K Yoga Family Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K-K Yoga Family, K-K Yoga Family, Dawei.

22/09/2022
သင် ဘယ် Chakra တွေ အားနည်းနေလဲ ? ဆန်းစစ်ကြည့်ရအောင်လူ့ခန္ဓာကိုယ်မှာ energy center လို့ခေါ်တဲ့ စွမ်းအင်အရင်းအမြစ် Chakras...
03/07/2021

သင် ဘယ် Chakra တွေ အားနည်းနေလဲ ?

ဆန်းစစ်ကြည့်ရအောင်
လူ့ခန္ဓာကိုယ်မှာ energy center လို့ခေါ်တဲ့ စွမ်းအင်အရင်းအမြစ် Chakras ၇ ခု ရှိပါတယ်။ 🖐️✌️

Chakras ၇ခုမှာ တစ်ခုချင်းဆီရဲ့တည်ရှိပုံနေရာဌာနများလည်း မတူသလို စွမ်းဆောင်အလုပ်လုပ်ပုံများလည်း မတူပါဘူး။
ခန္ဓာကိုယ်မှာရှိတဲ့ Chakra တွေ ညီမျှပြီး သဟဇာတဖြစ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေမှာ ဖွံဖြိုးတိုးတက်မှုတွေရှိလာစေပါတယ်။ မိမိရဲ့ ကာယစွမ်းအား၊ ဉာဏစွမ်းအားတွေကို အကျိုးရှိရှိအသုံးချနေထိုင်သွားနိုင်မှာပါ။ 🤓🤓

ဒါကြောင့် ခန္ဓာကိုယ်က Chakraတွေ ညီမျှပြီး သဟဇာတဖြစ်နေဖို့ကလည်း အရေးကြီးပါတယ်။ ဒီလို စွမ်းအင်တွေ သဟဇာတမ (balance) မဖြစ်ဘဲ ပိတ်ဆို့လျော့ကျပြီး block ဖြစ်‌နေတယ်ဆိုရင် ဖြစ်ပေါ်လေ့ရှိတဲ့ လက္ခဏာရပ်တွေရှိပါတယ်။ 😔

ကိုယ်က ဘယ် Chakra မှာ block ဖြစ်နေလဲဆို‌တာ အောက်က အချက်တွေနဲ့ ကြည့်ပြီး ဆန်းစစ်ကြည့်လို့ရပါတယ်။ ခန္ဓာကိုယ်မှာ block ဖြစ်နေတဲ့ Chakra ရှိနေတယ်ဆိုရင်လည်း healing လုပ်ပေးနိုင်မယ့် ကျောက်မျက်ပုလင်းတွေကိုလည်း တစ်ခါတည်း ဖော်ပြထားပေးပါတယ်။🧐

💜 Crown Chakra အားနည်းနေရင်
- ယုံကြည်မှုအားနည်း‌နေမယ်။
- တရားထိုင်၊ တရားအားထုတ်တဲ့အခါတွေမှာ အခက်အခဲရှိမယ်။
- စိတ်ဓာတ်ကျနေမယ်။
- စိတ်ပါဝင်စားမှုအားနည်းလာမယ်။
- ရည်မှန်းချက်တွေနဲ့ ဝေးကွာနေတယ်လို့ ခံစားရမယ်။

✨ Crown Chakra အတွက်ဆိုရင်တော့ Amethyst ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

💙 Third Eye Chakra အားနည်းနေရင်
- မျက်လုံးနဲ့ဆိုင်သော ပြဿနာ‌တွေ၊
- အိပ်မပျော်တာတွေ ဖြစ်မယ်။
- မကြာခဏ ခေါင်းကိုက်မယ်။
- အာရုံစူးစိုက်မှု လျော့နည်းလာမယ်။
- အကြားအာရုံပြသနာတွေ ဖြစ်မယ်။

✨ Third Eye Chakra အတွက်ဆိုရင်တော့ Lapis Lazuli ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

💙 Throat Chakra အားနည်းနေရင်
- သိုင်းရွိုက် နှင့်ဆိုင်သော လက္ခဏာတွေ ဖြစ်မယ်။
- လည်ချာင်းနာမယ်။
- ခေါင်းမကြာခဏကိုက်မယ်။
- စကားပြောဆိုဆက်ဆံတဲ့အခါ စိုးရိမ်ကြောင့်ကြမှုဖြစ်နေမယ်။
- လူအများရှေ့ ပြောဆိုရမှာကို ကြောက်ရွံနေမယ်။

✨ Throat Chakra အတွက်ဆိုရင်တော့ Kyanite ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

💚 Heart Chakra အားနည်းနေရင်
- အထီးကျန်တယ်လို့ ခံစားရမယ်။
- စိတ်ဓာတ်ကျမယ်။
- စိုးရိမ်ပူပန်တာတွေ များလာမယ်။
- ရင်ဘတ်နာ၊ ရင်ဘတ်အောင့်တာတွေ ဖြစ်မယ်။
- သွေးပေါင်ချိန်မြင့်တာတွေ ဖြစ်မယ်။

✨ Heart Chakra အတွက်ဆိုရင်တော့ Green Aventurine ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

💛 Solar Plexus Chakra အားနည်းနေရင်
- အစာချေခက်ခဲတာ၊ အစာအိမ်နာတာတွေ ဖြစ်မယ်။
- အစားစားချင်စိတ် ပျောက်ဆုံးလာမယ်။
- မိမိကိုယ်ကို တန်ဖိုးထားမှု လျော့နည်းနေမယ်။
- အကူအညီမဲ့တယ်လို့ ခံစားနေရမယ်။
- ဒေါသထွက်လွယ်လာမယ်။

✨ Solar Plexus Chakra အတွက်ဆိုရင်တော့ Citrine ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

🧡 Sacral Chakra အားနည်းနေရင်
- သွေးအားနည်းရောဂါတွေ ဖြစ်တယ်။
- ကျောနာ ကျောအောင့်တာတွေ ဖြစ်မယ်။
- အားအင်ကုန်ဆုံးနေမယ်။
- ကျောက်ကပ်၊ သရက်ရွက် နဲ့ဆိုင်တဲ့ ရောဂါလက္ခဏာတွေ ခံစားရမယ်။

✨ Sacral Chakra အတွက်ဆိုရင်တော့ Carnelian ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

❤️ Root Chakra အားနည်းနေရင်
- ပင်ပန်းနွမ်းနယ်နေမယ်။
- မိမိကိုယ်ကို ယုံကြည်မှုအားနည်းနေမယ်။
- ဒေါသကြီးမယ်၊ ဒေါသထွက်လွယ်လာမယ်။
- စိတ်မရှည်တာတွ ဖြစ်မယ်။
- အလိုလောဘကြီးနေမယ်။

✨ Root Chakra အတွက်ဆိုရင်တော့ Red Garnet ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

ကိုယ်က ဘယ်Chakras မှာ အားနည်းနေလဲဆိုတာကို အောက်မှာပေးထားတဲ့ Website Link ကိုဝင်ပြီးတော့လည်း Test လုပ်လို့ရပါတယ်နော်
👇👇👇
https://www.eclecticenergies.com/chakras/chakradotest

Chakra balancing healing တင်မကပဲ ကျောက်မျက်တွေမှာ ပါဝင်တဲ့ အာနိသင်တွေကလည်း ထပ်မံပြီး အကျိုးဖြစ်စေဦးမှာပါ။ ဒါကြောင့်မို့ ကျောက်မျက်ပုလင်းတွေကို ရွေးချယ်ပြီး ကျွန်တော်တို့ Crystal Water Myanmar မှာ လာရောက်မှာယူလို့ရပါတယ်...💧♥️

ဘယ်လို မှာရမလဲ ❓❓
‎‎
👉🏽 Message ပို့ပြီးမှာချင်ရင်ဖြင့် လိုချင်တဲ့ အရေတွက်ကို နာမည် လိပ်စာနဲ့ ဖုန်းနံပါတ်ကို “Send Message” နှိပ်ပြီး ပို့မှာပေးပါ။

👉🏽 ဖုန်းဆက်ပြီး မှာချင်ရင်တော့ 09 401545906 ကိုဆက်လိုက်ပါ

‼️ လိမ်လည် မသမာသူတွေရှိလို့ ဖုန်းနံပါတ်နဲ့ လိပ်စာကို Comment မှာ လုံးဝ (လုံးဝ) မထားခဲ့ပါနဲ့နော်

👉🏽 စိတ်ထဲက မသင်္ကာရင် အချိန်မရွေး Ph no - 09 401545906 ကို ဆက်သွယ်လို့ရပါတယ်

🌟ပစ္စည်းလေးမှာရင် တစ်ပတ်ခန့် စောင့်ရပါမယ်🌟

မှတ်ချက်။ ။ Chakras နဲ့ပတ်သတ်တဲ့ ကျောက်မျက်ပုလင်းလေးတွေအကြောင်းကိုလည်း Crystal Myanmar Page မှာ လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ




K-K Yoga Family Happy International Yoga Day
21/06/2021

K-K Yoga Family
Happy International Yoga Day

Miss you all
11/06/2021

Miss you all

မြန်မာတနိုင်ငံလုံးရှိ ယောဂ instructor များနှင့် ယောဂလေ့ကျင့်ကြသူများ၏သဘောထား။   ။K- K Yoga Family ၏သဘောထား။Yogaသည် ကိုယ်...
13/02/2021

မြန်မာတနိုင်ငံလုံးရှိ ယောဂ instructor များနှင့် ယောဂလေ့ကျင့်ကြသူများ၏သဘောထား။ ။

K- K Yoga Family ၏သဘောထား။

Yogaသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာအောင် နှင့် ငြိမ်းချမ်းတည်ငြိမ်မှုကို ခေါ်ဆောင်စေသည့် ကျင့်စဉ်တခုဖြစ်တဲ့အလျောက်

ပြည်သူပြည်သား လူအများ၏ ကိုယ်စိတ်နှစ်ပါးကို ဝမ်းနည်း နာကျင် တုန်လှုပ်ခြောက်ခြားအောင် မမှန်မကန် မတရားနည်းဖြင့် ဖိနှိပ်နေသော အုပ်ချုပ်မှုကို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ရှုံ့ချကာ Civil Disobedience လှုပ်ရှားမှုကို အားပေး ကူညီထောက်ပံ့ပေးသွားပါမည်။

#ပြည်သူအားလုံးပူးပေါင်းဆန့်ကျင်ကြ








Address

K-K Yoga Family
Dawei

Telephone

+95941004593

Website

Alerts

Be the first to know and let us send you an email when K-K Yoga Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share