Tharaphi

Tharaphi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tharaphi, Yangon.

သွားဖြူဖြူလေးနဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးကို ပိုင်ဆိုင်ချင်ရင် Freshio Violet ကိုရွေးချယ်လိုက်ပါ! နေ့စဉ် သွားတိုက်ရ...
25/07/2026

သွားဖြူဖြူလေးနဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးကို ပိုင်ဆိုင်ချင်ရင် Freshio Violet ကိုရွေးချယ်လိုက်ပါ!

နေ့စဉ် သွားတိုက်ရုံနဲ့
သွားများကို သန့်ရှင်းစေပြီး
သွားအရောင်ကို ပိုမိုတောက်ပစေကာ
Herbal Formula နဲ့ ခံတွင်းအနံ့ဆိုးကို လျော့ချပေးပါတယ်။

Sodium Fluoride ပါဝင်လို့ သွားကြွေလွှာကို ကာကွယ်ပေးနိုင်ပါတယ်။
Spearmint Oil ရဲ့ လန်းဆန်းတဲ့ အနံ့နဲ့ တစ်နေ့လုံး Fresh Feeling ရရှိစေပါတယ်။
Bio-Protection Technology ဖြင့် သွားနှင့် သွားဖုံးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

Freshio Violet Herbal Toothpaste
သွားတိုင်းမှာ ယုံကြည်မှု၊ အပြုံးတိုင်းမှာ လန်းဆန်းမှုကို ပေးစွမ်းဖို့ အသင့်ရှိနေပါပြီ။

ွားတိုက်ဆေး

03/05/2025

Morning 😘

24/04/2025

ထူးခြားတဲ့နှစ်သစ်လေးမှာ ပါချုပ်ဆရာတော်ဘုရားကို ကိုယ်တိုင်ကိုယ်ကြ ဖူး

ခွင့် တရားနာခွင့် ရတဲ့အပြင် အခုတခါ မိုင်းဖုန်းဆရာတော်ဘုရားကို ဖူးခွင့်တရားနာခွင့်ရပြန်ခဲ့ပြန်ပါပြီ🙏🙏🙏

#သရဖီ

28/03/2025

ပြုသမျှကုသိုလ် အစုစုတို့ကြောင့်မြန်မာပြည်သူပြည်သားတွေအားလုံးနှင်၇ရက်သားသမီးတွေအားလုံးသဘာဝဘေးအန္တရာယ်အားလုံး

ကင်းဝေးကြပါစေ🙏🙏🙏

 # # #နွေဦးရာသီ နှင့် ရေကျောက်ရောဂါ(ပဲသီတာ)ရေကျောက်ရောဂါ ဆိုသည်မှာ…ဆောင်းအကုန် နွေးဦးကာလများဖြစ်ကြတဲ့ မတ်လ နှင့် ဧပြီလလေ...
26/03/2025

# # #နွေဦးရာသီ နှင့် ရေကျောက်ရောဂါ(ပဲသီတာ)

ရေကျောက်ရောဂါ ဆိုသည်မှာ…

ဆောင်းအကုန် နွေးဦးကာလများဖြစ်ကြတဲ့ မတ်လ နှင့် ဧပြီလလောက်မှာ ရောဂါအဖြစ်များပြီး၊ ကလေးတွေမှာ ဖြစ်ရိုးဖြစ်စဉ် မြင်တွေ့ရတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ အင်္ဂလိပ်လို chicken pox လို့ခေါ်ပြီး၊ မြန်မာလိုတော့ ရေကျောက်ရောဂါ(သို့မဟုတ်) ပဲသီတာ လို့ခေါ်ကြပါတယ်။ ဗေရီဆယ်လား (Varicella Zoster) (ခေါ်) DNA ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တာပါ။ ဖြစ်ပွားသူ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက် ၄-နှစ် နှင့် ၁၀-နှစ်ကြား ကလေးငယ်တွေဖြစ်ကြပြီး၊ ကျန်တဲ့ ၁၀ ရာခိုင်နှုန်း ကတော့ အသက် ၁၈-နှစ်အောက် လူငယ်လူရွယ်တွေ ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ (တခါတရံ ၆-လသား အရွယ် မှာလည်း ရေကျောက်ပေါက်တာကို တွေ့ရပါတယ်)

ရောဂါ လက္ခဏာ….

ထိုဗိုင်းရပ်စ် ကူးစက်ခံရလျှင် ခန္ဓာကိုယ်မှာအနီစက်၊ အဖုအပိန့်တွေထွက်လာပါလိမ့်မယ်။ ရင်ဘတ်၊ ၀မ်းဗိုက်၊ နောက်ကျော စတဲ့ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေမှာ အနီစက်တွေစထွက်လာပြီး ယားလို့ ကုတ်မိခြင်းဖြင့် သတိထားမိတတ်ပါတယ်။ ပိုး၀င်ပြီး ပထမ တစ်ရက်အတွင်း နှာစေး၍ ချောင်းဆိုးလာတတ်ပါတယ်။ နည်းနည်းဖျားလာပါလိမ့်မယ်။ ထို့နောက် လက်မောင်း၊ မျက် နှာ၊ ခြေထောက် နှင့် ဦးရေပြားပါမကျန် တစ်ကိုယ်လုံးအနှံ့ အလားတူအနီစက်အဖုလေးတွေ အုပ်စုလိုက်ထွက်လာပြီး ၂-ရက် ၃-ရက် ကြာရင် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ ပေါ်လာပါတယ်။ (တချို့ကလေးတွေမှာတော့ နာရီပိုင်း အတွင်းမှာပင် အရည်ကြည်ဖုလေးများဖြစ်လာကြပါတယ်) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ရက်သတ္တ ၁-ပတ်အတွင်း အရည်ကြည် ဖုလေးတွေ တဖြည်းဖြည်းခြောက်ပြီး ၇-ရက် ကျော်သွားတဲ့အခါမှာတော့ အကုန်လုံးခြောက်လာပြီး ကွာကျသွားပါလိမ့်မယ်။ နောက်ဆုံးမှာ အမာရွတ်ပါမကျန် သူ့အလိုလိုပျောက်သွားပါတယ်။ အနီဖုလေးများ ပေါက်တဲ့အချိန်မှာ တွေ့မြင်ရတဲ့ အခြားလက္ခဏာများမှာ ကလေးကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ တခါတရံ အပြင်းဖျားခြင်း၊ ကြွက်သားများနာခြင်း၊ လည်ချောင်းနာခြင်း၊ နားကိုက်ခြင်း၊ မလှုပ်ချင်၊ မသယ်ချင်လောက်အောင်နုံးချိနေခြင်း ….စသည်တို့ဖြစ်ကြပါတယ်။

ကူးစက်ပုံ…

ကလေးတွေမှာ ရောဂါပျိုးစ(အရည်ကြည်ဖုမပေါ်ခင်)အချိန်မှာ ကူးစက်မှု အမြန်ဆုံးဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အနီစက်ထွက် ပြီးနောက် ၅-ရက် အကြာမှာ နောက်တစ်ဦးဆီသို့ ရောဂါကူးစက်ဖို့အခွင့်အလမ်းများပါတယ်။ (တစ်ခါတစ်ရံ နှာစေးချောင်းဆိုး ရုံ လောက်နဲ့ ပြီးသွားပြီး တစ်ရက် နှစ်ရက်ကြာတဲ့အခါ အတူနေကလေးတွေကို ကူးစက်သွားပါတယ်) အဓိက ကူးစက်ပုံကတော့့ လေထဲကဆင့် ကူးစက်ခြင်းပါ။ ချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့် ရောဂါရှိတဲ့ကလေးရဲ့ အသက်ရှူလမ်းကြောင်း မှ ထွက်သော အရည်၊ အမှုန်အစက်ကလေးတွေ Droplet ကတဆင့် ကူးစက်ပါတယ်။ အနီစက်ကဖြစ်လာတဲ့ ပဲသီတာ အရည်ဖုက ထွက်တဲ့ အရည်ထဲမှာ ဗိုင်းရပ်စ်ပိုး တွေအများကြီးပါဝင်နေပါတယ်။ ဒါကြောင့် ရောဂါရှိသူနှင့် ခန္ဓာကိုယ်ခြင်း ထိတွေ့ဆက်ဆံမှုမှ ကူးစက်တတ်ပါတယ်။ ထို အရည်ကြည်ဖုလေးတွေကို ဘက်တီးရီးယား ပိုး၀င်သွားခဲ့ပါက ပြည်တည်နာလေးတွေ ဖြစ်သွားပါ တယ်။ ရေကျောက် ဗိုင်းရပ်(စ်)ပိုးကြောင့် နောက်ဆက်တွဲရောဂါများအဖြစ် ဦးနှောက်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အဆုတ် အအေးမိခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ သာမန်အားဖြင့် အသက်အန္တရာယ်မရှိပေမယ့် ခုခံအားကျဆင်းနေတဲ့ ကလေးများ၊ ကျောက်ကပ်ရောင်ရောဂါရှိတဲ့ ကလေးများ၊ သွေးကင်ဆာရောဂါ ရှိတဲ့ကလေးများ၊ စတီးရွိုက်ဆေး သောက်နေရ၍ ခုခံအားကျ နေတဲ့ ကလေးများတွင် ရေကျောက်အနာဖု မှ ပြည်တည်နာဖြစ်တဲ့အခါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ကုသပုံ….

(၁) ရေကျောက်ရောဂါ(ခေါ်)ပဲသီတာဟာ အန္တရာယ်မရှိလှသလို၊ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ အရည်ကြည်ဖုလေးတွေ ဖြစ်ပေါ် လာလည်း ဘာဆေးမျှလိမ်းစရာ မလိုပါဘူး။ သနပ်ခါးလည်း လိမ်းစရာမလိုပါဘူး။ အရည်ကြည်ဖုလေးတွေ အချိန်တန်ရင် ကွာကျ သွားမှာပါ။ အနီစက်တွေထွက်ပြီး တစ်ပတ်အကြာမှာ အမာရွတ်ပါမကျန် ပျောက်ကင်းသက်သာတတ်ပြီး အချို့လူနာများ မှာ တစ်လခန့်အထိ ကြာတတ်ပါတယ်။ တစ်ခါတစ်ရံအရေပြားရဲ့ (Dermis) အလွှာကို ထိရင်တော့ အမာရွတ်သေးသေး လေး ကျန်တတ်ပါတယ်။ ပြည်တည်ရောဂါ ပိုး၀င်ခဲ့ရင်တော့ အမာရွတ်ကျန်တတ်ပါတယ်။

(၂) ရေနွေးနဲ့ ရေချိုးပါ (သို့မဟုတ်) ရေနွေးစိမ်အဝတ်နဲ့ ရေပတ်တိုက်ပေးပါ။

(၃) အဖျား၀င်နေပါက paracetamol တိုက်ကျွေးနိုင်ပါတယ်။ (သို့သော် aspirin , Ibuprofen တို့လို အကိုက်ခဲပျောက်ဆေး တွေ အသုံးမပြုသင့်ပါဘူး)
(၄) အဖုအပိန့်လေးများကို Calamine အရည် လိမ်းပေးပါ (သို့မဟုတ်) အ၀တ်သန့်သန့်ကို ရေနွေးတို့၍ သန့်စင်ပေးပါ။

(၅) သိပ်ဆိုးရင် antihistamine လို့ခေါ်တဲ့ အယားပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ (သို့သော် အရောင်ကျဆေးတဲ့ steoid လိမ်းဆေးမျိုး မသုံးသင့်ပါဘူး)

(၆) သင်္ဘောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး စတာတွေကလည်း အရေပြားရောဂါတွေအတွက် အထောက်အကူပြုပေး နိုင်ပါတယ်။

(၇) အုန်းရည်ဟာ အရေပြားကျန်းမာရေးကိုအထောက်အကူပြုတာကြောင့် ရေကျောက်ရောဂါအတွက်သာမက၊ ကျောက်ကြီး ရောဂါ၊ ၀က်သက်ရောဂါများအတွက် အုန်းရည်အ၀ သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

(၈) မုန့်လုပ်ရာမှာသုံးတဲ့ ဆားဆိုဒါ လက်ဖက်ရည်ဇွန်း ၁-ဇွန်းကို ရေဖျော်၍၊ အဖုအပိန့်လေးများကို တို့ပေးခြင်းဖြင့် ယားယံခြင်းမှ သက်သာစေနိုင်ပါတယ်။

(၉) ၀က်သက်၊ ရေကျောက်(ခေါ်)ပဲသီတာ စသည့် အပူနာရောဂါများအတွက် ကြိုတင်ကာကွယ်ဆေးအဖြစ် ခံတက်ရွက်ကို သကြား(သို့မဟုတ်)ထန်းလျက်(သို့မဟုတ်)ပျားရည် စသည့် သင့်ရာ တစ်မျိုးမျိုးဖြင့် ပြုတ်၍ တိုက်ကျွေးသင့်ပါတယ်။

(၁၀) ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး အားဆေးတွေ တွဲသောက်ပေးပါ။

(၁၁) ရေများများသောက်ခြင်း၊ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်များများ စားခြင်းဟာ ရောဂါလက္ခဏာသက်သာ စေရုံ သာမက ကိုယ်ခံအားပါတတ်စေနိုင်ပါတယ်။

(၁၂) လည်ချောင်းနာပါက ဆားရည်ပလုတ်ကျင်းပေးနိုင်ပါတယ်။

(မှတ်ချက်) အကယ်၍ ရောဂါလက္ခဏာ ပြင်းထန်လွန်းပြီး ကူးစက်မှုများနေရင်တော့ Acyclovir ဆေးပြားကို ၇၂-နာရီအတွင်း တိုက်ကျွေးဖို့လိုအပ်နေပါပြီ်။ ဒါကြောင့် ကလေး ကိုယ်ပူပြင်းထန်လွန်းလျှင် သော်လည်းကောင်း၊ ကလေး မနေနိုင်အောင် အဖုအပိန့်များက ယားယံနေလျှင် သော်လည်းကောင်း ဆရာ၀န်ထံပြသပါ။ တခါတရံမှာတော့ အဖုအပိန့်ထဲကို ပိုး၀င်ပြီး ပြည် တည်နာများ ဖြစ်လာတတ်တဲ့အတွက် လိုအပ်တဲ့ ပိုးသတ်ပဋိဇီ ထိုးဆေး-စားဆေး-လိမ်းဆေးများကို ဆရာ၀န်က ညွှန်ကြားပေး ပါလိမ့်မယ်။

ရောဂါမဖြစ်အောင် ကာကွယ်နည်း…

(၁) အသက် ၅-နှစ်အောက် ကလေးငယ်များကို တစ်နှစ်သားမှာ တစ်ကြိမ်၊ ၅-နှစ်သားမှာ တစ်ကြိမ် စုစုပေါင်း ကာကွယ်ဆေး ၂-ကြိမ်ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

(၂) ရေကျောက်ရောဂါ လုံး၀ မဖြစ်ပွားခဲ့ဖူးသူ ၁၈-နှစ်အောက် လူငယ်များကလည်း ကာကွယ်ဆေး ၂-ကြိမ်ထိုးပေးခြင်းဖြင့် ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။ ထို အရွယ်များမှာတော့ တစ်ကြိမ် နှင့် တစ်ကြိမ် တစ်လခြားပြီးထိုးပေးရမှာပါ။

(၃) အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၅ ခုနှစ်မှစတင်၍ ရေကျောက်ကာကွယ်ဆေးထိုးပေးခဲ့ရာ ဖြစ်ပွားနှုန်း ၉၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ သို့ သော် ကိုယ်ဝန်ဆောင်မိခင်များ၊ HIV ကူးစက် ခံနေရသူများ၊ aspirin ကဲ့သို့ အကိုက် အခဲပျောက်ဆေး ရေရှည်သုံးစွဲနေသူများ နှင့် lincomycin ကဲ့သို့ပဋိဇီဝဆေး မတည့်သူများကတော့ ထို ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးမသင့်ပါဘူး။

(၄) အထူးသဖြင့် ရေကျောက်ဖြစ်ပွားဖူးခြင်း လုံး၀မရှိသေးသော မိခင်လောင်းအနေနဲ့ ကိုယ်ဝန်မဆောင်ခင် ၁-လ အလိုမှာ ကာကွယ်ဆေး အပြည့်အစုံဖြစ်အောင်ကြိုတင်ထိုးထားခြင်းဖြင့် မွေးဖွားလာမည့် ကလေးအတွက် ကြိုတင်ကာကွယ်ပေး နိုင်ပါတယ်။ အဲဒီ ကြိုတင်ကာကွယ်ဆေးမျိုးကို ဂျပန်လူမျိုး michiaki Takahashi က ၁၉၇၄ ခုနှစ်လောက်မှာ စတင် တီထွင် ထုတ်လုပ်ပေးခဲ့ ကြောင်း လေ့လာမှတ်သားရပါတယ်။

(၅) အထူးသတိပြုရမည့် အချက်မှာ ရေကျောက် တစ်ခါဖြစ်ဖူးရင်၊ နောင်လူကြီးဘဝမှာ ရေယုန်ဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း သေချာ နေပါပြီ။ ဒါဘာကြောင့်လဲဆိုရင် ကလေးငယ်ဘ၀မှာ ရေကျောက်အနီစက်လေးတွေ လုံးဝပျောက်ကင်းသွားပေမယ့် ဗိုင်းရပ်စ်ပိုး ကတော့ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ထဲမှာ ရှိနေတုန်းပါဘဲ။ ဒီလိုနဲ့အသက်ကြီးလာပြီးနောက် ခုခံအားကျဆင်းတဲ့ အခါဖြစ်စေ၊ အာဟာရချို့တဲ့ နေချိန်မှာဖြစ်စေ ခန္ဓာကိုယ်ထဲမှာ ကိန်းငုပ်နေတဲ့ပိုးဟာ ရေယုန်အနေနဲ့ ပြန်လည်ပေါ်ပေါက်လာ တတ်လို့ ပါဘဲ။ ထိုပြဿနာမျိုးကို အများအားဖြင့် အသက် ၆၀-ကျော် အရွယ်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ရေကျောက် ဖြစ်ဖူးသူတွေအနေနဲ့ တစ်ချိန် မှာ ရေယုန်မဖြစ်အောင် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

(၆) ရေကျောက်(ခေါ်)ပဲသီတာ ဖြစ်တဲ့အခါ၊ ရောဂါဖြစ်သူရဲ့ အဝတ်အစားများကို ရေနွေးနဲ့သီးသန့်လျှော်ဖွတ်ပါ။

(၇) ပဲသီတာ အဖုလေးတွေက ယားလွန်းတာကြောင့် ကုတ်မိပါတယ်။ အဖုလေးတွေ အနာမဖြစ်အောင် ကာကွယ်သည့်အနေဖြင့် ကလေးကို လက်သည်းညှပ်ပေးပါ။ လက်သည်း ညှပ်ပြီးတဲ့ အခါမှာလည်း စူးရှမနေစေဖို့အတွက် လက်သည်း ကို တံစဉ်းဖြင့် တိုက် ပေးထားပါ...

25/03/2025

နာမည်တပ်ပြီးပြောပိုင်ခွင့်မရှိ🤭

17/03/2025

စေတနာကောင်းရင် ကံကောင်းတယ်ဆိုတဲ့စကားလေးက အရမ်းမှန်နေရော😘😘

17/03/2025

Youတို့ရဲ့မင်မင်က

စျေးရောင်းလိုက်အလှူတွေ ပြန်လှူလိုက်နဲ့ ဘဝ ​ကြီးကနေတက်လို့ထင်

တယ်စိတ်ချမ်းသာနေရော😘😘

အခြေအနေ 7 ခုနဲ့ ကြုံလာရင် တိတ်တိတ်လေး နေပါ။1 - ဇာတ်လမ်းအပြည့်အစုံကို မသိရင် ဘာမှ ဝင်မပြောပဲ တိတ်တိတ်လေးနေပါ။2 - စိတ်ခံစာ...
15/03/2025

အခြေအနေ 7 ခုနဲ့ ကြုံလာရင်
တိတ်တိတ်လေး နေပါ။

1 - ဇာတ်လမ်းအပြည့်အစုံကို မသိရင်
ဘာမှ ဝင်မပြောပဲ တိတ်တိတ်လေးနေပါ။

2 - စိတ်ခံစားချက်တွေ အရမ်းပြင်းထန်နေရင် ဘာမှမပြောပဲ တိတ်တိတ်လေးနေပါ။

3 - ဒေါသထွက်နေရင်
ဘာမှမပြောပဲ တိတ်တိတ်လေးနေပါ။

4 - သင့်စကားတွေက လူတယောက်ကို စော်ကားသလိုဖြစ်နေရင် ဘာမှ မပြောပဲ တိတ်တိတ်လေး နေပါ။

5 - သင့်စကားတွေက သူငယ်ချင်းဆက်ဆံရေးကို ဖျက်စီးစေနိုင်တယ်ဆိုရင် ဘာမှမပြောပဲ တိတ်တိတ်လေးနေပါ။

6 - အော်ဟစ်ပြီး စကားပြောမှ ရမယ်ဆိုရင် ဘာမှမပြောပဲ တိတ်တိတ်လေးနေပါ။

7 - သင့်ရဲ့ တိတ်ဆိတ်ခြင်းက ရင်းနှီးမှုတွေကို ကာကွယ်ပေးနိုင်တယ်ဆိုရင် တိတ်တိတ်လေးပဲ နေပါ။

02/03/2025

တဖြည်းဖြည်းနဲ့မင်မင်လည်းအရိုးလေးတွေတောင်ကျုံ့နေပြီကွယ်🤭

Address

Yangon

Telephone

+959783083181

Website

Alerts

Be the first to know and let us send you an email when Tharaphi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share