ကျန်းမာသုတ ဘဝသုခ

ကျန်းမာသုတ ဘဝသုခ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

နံနံပင် ပင်စိမ်း ပူစီနံ သုံးမျိုးလုံးမစားတဲ့သူတွေရှိကြလား?▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎...
30/08/2026

နံနံပင် ပင်စိမ်း ပူစီနံ သုံးမျိုးလုံးမစားတဲ့သူတွေရှိကြလား?

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

သုံးမျိုးလုံးစားတဲ့သူကတော့ရှားမယ်ထင်ပါတယ်အနည်းဆုံးတစ်မျိုးကိုတော့စားသင့်ပါတယ် ကျန်းမာရေးအတွက်အရမ်းအကျိုးပြုတဲ့ အရွက်လေးတွေဖြစ်နေလို့ပါ ကောင်းကျိုးလေးတွေအောက်မှာဖော်ပြထားပါတယ်

နံနံပင်
====

နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ မဂ္ဂနိစ်ဓာတ်တွေ နံနံပင်မှာ အံ့သြသင့်လောက်အောင် ပါဝင် နေပါတယ်။ အစာခြေအားကောင်းအောင် အကောင်းဆုံး ပံ့ပိုးပေးနိုင်သလို အသည်း လုပ်ဆောင်ချက် တွေကိုပါ ထောက်ပံ့ပေးပါတယ်။နံနံပင်က ဆီးချိုသမားတွေ လက်စွဲထားသင့်တဲ့ အရွက်ပဲဖြစ်ပါတယ်။ ကိုယ်တွင်း အင်ဆူလင်ဓာတ် ထွက်အောင် လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်။ နံနံပင်မှာ ပါဝင်တဲ့ ဗီတာမင် ကေ က အယ်လ်ဇိုင်းမားရောဂါ မဖြစ်အာင် ကာကွယ်ပေးပါတယ်။ နံနံပင်က မျက်စိအတွက်လည်း အထူးကောင်းမွန်စေတဲ့ အရွက်ပါ။ နံနံပင်မှာပါတဲ့ Antioxidants တွေက မျက်စိနဲ့ ပတ်သက်တဲ့ ရောဂါတွေမဖြစ်အောင် အထူးသဖြင့် မျက်ခွံအတွင်းသား ရောင်ရမ်းနာ တမျိုးဖြစ်တဲ့ မျက်စိနာခြင်းကို သက်သာစေပါတယ်

နံနံပင်မှာ အမျိုးသမီးတွေ အထူးလိုအပ်တဲ့ သံဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းခြင်းရောဂါ မဖြစ်စေနိုင်ပါဘူး။ ဒါ့အပြင့် အာရုံကြောစနစ်ကို ထောက်ပံ့ပေးလို့ မှတ်ဉာဏ်တိုးပွားစေပါတယ်

ပူစီနံ (ပူဒီနာ)
========

ပူစီနံရွက်မှာ မဂ္ဂနီစီယမ်ဓာတ်လည်းပါရှိတဲ့အတွက် နှလုံးခုန်နှုန်းကို ပုံမှန် ထိန်းသိမ်းပေးပါတယ်။ ပြီးတော့သူ့မှာ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ အလုံအလောက်ပါရှိတဲ့အတွက် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကာ အရိုးကို သန်စွမ်းစေပါတယ်။ ပူစီနံထဲမှာ Phytonutrient (ခေါ်) Perillyl Alchol ပါရှိလို့၊ ကင်ဆာ အဖုအကျိတ် ကြီးထွားလာမှုကို နှေးကွေးစေကာ၊ အထူးသဖြင့် အဆုတ်၊ အူမကြီးနှင့် အရေပြားကင်ဆာတို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆေးသုတေသီတွေက ဆိုထားပါတယ်။ပူစီနံရွက်ဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဆီးအဖြစ်ဖယ်ရှားသုတ်သင်ပေးလို့ ဆီးရွှင်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အသည်းနှင့် သည်းခြေအိတ်တို့ကိုလည်း ကောင်းကျိုးပြုပါတယ်။ အချို့ Detox Juice အနေနဲ့ သောက်သုံးကြပါတယ် ။အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေကာ အစာအိမ်နာအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။ လည်ချောင်းနာရောဂါများနှင့် အသံဝင်၊ အသံကွဲ၊ အသံပြာခြင်းတို့အတွက်လည်းကောင်းပါတယ်။သူ့ရဲ့ထူးခြားကောင်းမွန်သော ရနံ့နှင့် အရသာတို့ကြောင့် သတ္တုရည်ကိုအသုံးပြုပြီး ပျားရည်၊ သကြားလုံး၊ ဂျယ်လီ၊ ပီကေ၊ သွားတိုက်ဆေး၊ အလှအပဆိုင်ရာ၊ အချိုရည်နှင့် ရေခဲမုန့်တို့ပြုလုပ်ကြပါတယ်။ ပူစီနံရွက်ဖြင့်ဖော်စပ်ထားတဲ့ သွားတိုက်ဆေးနှင့် ခံတွင်းသန့်စင် ဆေးရည်ဟာ လူကြိုက်များထင်ရှားပါတယ်

ပင်စိမ်း
=====

ပင်စိမ်း အရွက်ကို နေတိုင်း စားပေးခြင်း အားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ် တက်သောရောဂါများ ကင်းဝေးပီး အစာခြေ စနစ်ကို ကောင်းမွန်စေပါသည် ပင်စိမ်း အရွက်ကို ရေထဲတွင် စိမ်ပြီး နေတိုင်း သောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။ပင်စိမ်း သတ္တုရည်ကို သံပုရာရည် ရောပြီ တစ်ပတ်တကြိမ် ခေါင်းလျှော်ပေးပါက သန်း ဗောက်ဖက်များ ကင်းဝေးမည်။တစ်ရက်တွင် နာရီပေါင်း20 Oxygen ထုတ်လွတ်ပေးသောကြောင့် အိမ်တွင် စိုက်ရန် အကောင်းဆုံး အပင်တစ်ပင် ဖြစ်ပါသည် ။
Crd

 #နနွင်းဖူး ရဲ့ ဆေးဖက်ဝင် အာနိသင်များ-------------------------------------နနွင်းဖူးကို တို့စရာအဖြစ်နဲ့ စားလေ့ရှိကြပါတယ်။...
28/08/2026

#နနွင်းဖူး ရဲ့ ဆေးဖက်ဝင် အာနိသင်များ
-------------------------------------
နနွင်းဖူးကို တို့စရာအဖြစ်နဲ့ စားလေ့ရှိကြပါတယ်။ နနွင်းဖူးကို စားလိုက်ရင် ပူရှိန်းရှိန်း ရှတတ အရသာလေးရှိပါတယ်။

နနွင်းဖူးဟာ ဆေးဖက်ဝင်ပါတယ်။ နနွင်းဖူး စားခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။

နနွင်းဖူးဟာ အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်ကို ကူညီထောက်ပံ့ပေးပါတယ်။ လေနာရောဂါ အစာမကြေတာ၊ ဗိုက်အောင့်တာ၊ ခံတွင်းပျက်တာ

သန်ထတာ၊ လေပွတာ၊ အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တာ စားချင်စိတ်မရှိတာ စတဲ့ ဝေဒနာတွေအတွက် ဆေးတစ်လက်ပါပဲ။

နနွင်းဖူးမှာ အရောင်ကျစေတာနဲ့ နာကျင်ကိုက်ခဲမှုတွေ သက်သာစေတဲ့ အာနိသင်တွေ ရှိပါတယ်။

အမျိုးသမီးကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။ နနွင်းဖူးက အဖြူဆင်းခြင်း၊ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်း စတဲ့ အမျိုးသမီးတွေမှာ ခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတွေအတွက် အကျိုးပြုအာနိသင်လည်း ရှိပါတယ်။

နနွင်းဖူးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါဝင်တာဖြစ်လို့ ဖရီးရက်ဒီကယ်တွေကြောင့် ဖြစ်တဲ့ ထိခိုက်မှုအန္တရာယ်တွေကို ဟန့်တားပေးနိုင်ပါတယ်။

အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်တဲ့ နနွင်းဖူးကို့ တို့စရာအနေနဲ့ စားသုံးပေးသင့်ကြောင်း အကြံပြုလိုက်ပါတယ်။

နနွင်းဖူး၏ ဆေးဖက်ဝင်ပုံများကို ဗဟုသုတ အနေဖြင့် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

with respect - credit
remedies

ဆေးဖက်ဝင်  #ရေဝါးရွက်ဆီးချိုရောဂါက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဆီးချိုရောဂါက အချိန်ကြာ...
28/08/2026

ဆေးဖက်ဝင် #ရေဝါးရွက်
ဆီးချိုရောဂါက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဆီးချိုရောဂါက အချိန်ကြာလာတဲ့အခါ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သလို ကျောက်ကပ် ထိခိုက်တာ အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အသုံးပြုပေးလို့ ရပါတယ်။

ဆီးချိုရှိသူတွေ အနေနဲ့ ရေဝါးရွက်ကို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့နဲ့ ဆီးချိုနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့ အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက် အဆီအနှစ်တွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။

သွေးတိုးရောဂါ

ရေဝါးရွက်က သွေးပေါင်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးရှိသူတွေအတွက် သဘာဝ ဆေးဖက်ဝင် အပင်တစ်မျိုးပါ။

ရေဝါးရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

အသားအရေ ကျန်းမာစေတယ်

မျက်နှာပေါ်က အမည်းစက်တွေ၊ ဝက်ခြံ နဲ့ ဆားဝက်ခြံတွေ သက်သာစေဖို့ဆိုရင် ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက်ကို ကြိတ်ပြီး မျက်နှာပေါ်က ဝက်ခြံတွေမှာ အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ပြဿနာ ကင်းစေတယ်

အရေပြားမှာ ဖြစ်တတ်တဲ့ ပွေး၊ ဝဲ၊ ညှင်းတို့လိုမျိုး အရေပြားပြဿနာတွေ ကင်းစေဖို့နဲ့ သက်သာစေဖို့ဆိုရင်လည်း ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရပြားပြဿနာ အမျိုးမျိုးကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရတဲ့ သဘာဝ အပင်တစ်မျိုးပါ။

အရောင်ကျစေနိုင်တယ်

ရေဝါးရွက်က အဆစ်တွေ ရောင်တာ၊ အရေပြား ရောင်တာ၊ ဝက်ခြံကြောင့် အရေပြားတွေကို ရောင်ရမ်းတာကို သက်သာစေဖို့အတွက်လည်း ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဘေးထွက်ဆိုးကျိုး

ရေဝါးရွက်က ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ တန်ဆေး လွန်ဘေး ဆိုသလို အများကြီး စားမိရင် သွေးပေါင်ကျတာ၊ သွေးတွင်းသကြားဓာတ် ကျဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

သတိထားရမယ့် အချက်တွေ

ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

သွေးတိုးရှိသူတွေအနေနဲ့တော့ သွေးကျဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးပေါင်ကျဆင်းတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။

အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။

Crd hellosayarwom
#ရေဝါးရွက်
#လန်းလန်းတိုင်းရင်းဆေး

16/05/2026

ထမင်းစားပြီး နောက် ရှောင်ကြဥ်သင့်သော
အချက်များ

❤️၁)လှဲလျောင်းခြင်း- အစာခြေခြင်းကို
နှေးကွေးစေပြီး အက်စစ်ပြန်တက်ခြင်းကို ဖြစ်စေတယ်။

❤️၂)ရေအလွန်အကျွံသောက်ခြင်း-
အစာခြေအင်ဇိုင်းများကို ပျော့ပျောင်းစေပြီး
အစာခြေစနစ်ကို အားနည်းစေပါတယ်။

❤️၃)အစာစားပြီးနောက်ဆေးလိပ်သောက်ခြင်း-
အဆိပ်အတောက်များတိုးစေပြီး ကျန်းမာရေးဆိုင်ရာပြဿနာများ အန္တရာယ်မြင့်တက်စေပါတယ်။

❤️၄)ချက်ချင်းရေချိူးခြင်း -အစာခြေခြင်းမှ
သွေးစီးဆင်းမှုကို ပြန်လည်လမ်းကြောင်းပြောင်းပေးတယ် အစာခြေစနစ်မကောင်းပါ ။

❤️၅)ချက်ချင်းသစ်သီးစားခြင်း-
အူလမ်းကြောင်းတွင် ဖောရောင်ခြင်းနှင့်
အချဥ်ဖောက်ခြင်းဖြစ်နိုင်ပါတယ်။

❤️၆)ကော်ဖီ လက်ဖက်ရည်သောက်ခြင်း-
သက့်အစာအစားမှ သံဓါတ်စုပ်ယုမှုအားနည်းစေပါတယ်။

❤️၇)လေ့ကျင့်ခန်းလုပ်ခြင်း -ကြွက်တက်ခြင်းနှင့်အမောရောဂါဖြစ်နိုင်ပါတယ်။

credit

 #ဂေါက်အဆစ်ရောင်  #ဆီးနှင့်ကျောက်ကပ်   #အသည်းသမားများအတွက်  #ဘူးပင် အစွမ်း အံမခန်းပါရေဓာတ်ပါဝင်မှုများပြီး အအေးစာဖြစ်သော...
09/05/2026

#ဂေါက်အဆစ်ရောင် #ဆီးနှင့်ကျောက်ကပ် #အသည်းသမားများအတွက် #ဘူးပင် အစွမ်း အံမခန်းပါ

ရေဓာတ်ပါဝင်မှုများပြီး အအေးစာဖြစ်သောကြောင့် ဆီးမကောင်းသူများနှင့် ယူရစ်အက်စစ်များ၍ ဆီးပူသော သူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး သံပရာရည်ဖြင့်ရောကာ သောက်သုံးပေးသင့်သည်။

ကျောက်ကပ်ရောင် ခြင်းကိုလည်း ကုသပေးနိုင်စွမ်းရှိသည်။

ဆီးချိုရောဂါသည်များအတွက် အထူးသင့်လျော်သည်။.

ဝမ်းလျှောခြင်းကြောင့် ရေငတ်နေသူများ၊ အဆီဓာတ်များသောအစားအစာ သို့မဟုတ် ဆီကြော်မုန့်စားသုံးပြီး နောက် ရင်ပူနေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ကာ ဆားအနည်းငယ်ရော၍သောက်သုံးပေးသင့်သည်။

ပူပြင်းသောနွေရာသီတွင် ဆုံးရှုံးသွားသောချွေးများအတွက် အထက်ပါအတိုင်းသောက်သုံးပေးပါက လူကိုပြန်လည် လန်းဆန်းစေသည်။ အပူလျှပ်ခြင်းမှလည်း ကာကွယ်ပေးသည်။

သွေးတိုးရောဂါသမားများနှင့် နှလုံးရောဂါဝေဒနာရှင်များကို များစွာအကျိုးပြုသည်။

ဘူးညွန့်(ဘူးရွက်)သည် အသည်းရောင်အသားဝါရောဂါကို ဟန့်တားကာကွယ်ပေးသည်။

ဆံပင်ဖြူခြင်းကို သက်သာလျော့ပါးစေသည်။

အဆီဓာတ်ပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပေါများသောကြောင့် အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေး သည်။

အာရုံကြောများကို အားကောင်းစေကာ မှတ်ဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေသည်။(စိတ်ဖောက်ပြန်သူများအတွက် ကောင်းကျိုးပြုပါသည်)

ဆံပင်မရှိ၍ ထိပ်ပြောင်သူများသည် ဘူးညွန့် (ဘူးရွက်)အရည်ကို လိမ်းပေးသင့်သည်။

သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေသည်။ သွားများမပျက်စီးရအောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဘူးညွန့်အရည်ဖြင့် ပလုတ်ကျင်းပေးသင့်ပါသည်။

ဖက်ခွက်နာ(ပြည်တည်နာများ)၊ ဝက်ရူးပြန်ခြင်းနှင့် အစာမကြေခြင်းဝေဒနာများကို သက်သာ ပျောက်ကင်း စေသည်။

နံနက်စာမစားမီ ဘူးသီးကိုဖျော်ရည်လုပ်ပြီး နေ့စဉ်တစ်နေ့လျှင် တစ်ခွက်ပုံမှန်သောက်သုံးပေးပါက အရွယ်တင် နုပျိုစေသည်။

မိတ်၊ အင်ပျဉ်ကဲ့သို့ အရေပြားပေါ်တွင် အဖုအပိမ့်အနီကွက်ထပါက ဘူးသီးကိုကြိတ်ချေ၍ ၎င်းအနှစ်များဖြင့် လိမ်းပေးခြင်းဖြင့် ချက်ချင်းသက်သာပျောက်ကင်းစေသည်။

ဘူးသီးကို မှန်မှန်စားပေးခြင်းဖြင့် အပြစ်အနာအဆာမရှိသော လင်းလက်စိုပြည်လှပသည့် အသားအရေကို ပိုင်ဆိုင်နိုင်သည်။

ဘူးသီးသည် အသည်းပုံမှန်အလုပ်မလုပ်နိုင်သူများကို ကောင်းစွာအကျိုးပြုသည်။

နာတာရှည်အိပ်မပျော်နိုင်ဘဲ မျက်စိကြောင်နေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး နှမ်းဆီနှင့်ရော၍ ဦးခေါင်းခွံ (ဦးရေပြား)ကို ညစဉ်နှိပ်ပေးခြင်းဖြင့် ထိရောက်စွာအကျိုးရှိစေသည်။

အစာအိမ်အက်စစ် အထွက်လွန်သူများအတွက် သက်သာပျောက်ကင်းသည်။

နှလုံးကိုအားကောင်းစေသည်။

အဆိပ်ပြေစေသည်။

ချောင်းဆိုးခြင်းကြောင့် အသက်ရှူလေပြွန်ရောင်နေသူများ၊ လည်ချောင်းနာသူများနှင့် ပန်းနာရင်ကျပ်ရောဂါများကို ကုသပေးနိုင်စွမ်းရှိသည်။

ဗီတာမင်အီးက မျက်လုံးသွေးကြောမျှင်များကို ကောင်းကျိုးပြုသည်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည့် ဘူးညွန့်ဟင်းလျာတစ်ခွက်တွင် ဗီတာမင်အီးကိုလုံလောက်စွာ ရရှိနိုင်သည်။ ထို့ကြောင့် ဘူးညွန့်စားခြင်း က မျက်စိကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။

မှတ်သားရန်

ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးရသည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ဆီးရောဂါရှိသူများအနေဖြင့် ဖျော်ရည်လုပ်၍ သောက်သုံးနိုင်သော်လည်း ၎င်းရောဂါမရှိဘဲ ရက်လတာရှည်အစိမ်းစားပါက အစာအိမ်နှင့်အူမများအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။

အချုပ်အားဖြင့်ဆိုသော် ဘူးသီးသည် ကိုယ်ခန္ဓာအတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို အကျိုးပြုရုံသာမက အသားအရေကို ကျန်းမာလှပစေခြင်း၊ ဆံပင်ဖြူခြင်းကို လျော့နည်းစေခြင်းတို့အပြင် ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် ထိထိရောက်ရောက် အကျိုးပြုစေသည့် အစွမ်းသတ္တိများနှင့်ပြည့်စုံသော အစိမ်းရောင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ရေဓာတ်ပါဝင်မှုများပြားသဖြင့် အချိန်ကြာမြင့်စွာချက်ပြုတ်ပေးရန် မလိုဘဲ အချိန်ကုန်သက်သာစေသည်။ ထို့ကြောင့်ဆေးဖက်ဝင်ဟင်းရွက်နွယ်ပင်တစ်မျိုးဖြစ်သည့် ဘူးသီးကို စားသောက်နိုင်ကြပါစေကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ။
Crd ပေါက်ပေါက်
#ဘူးရွက်
#ဘူးညွှန့်
#ဘူးသီး
#ဗူးရွက် #ဗူးသီး

ဆီးချိုရောဂါ နှင့် သတိမထားမိသော အန္တရာယ်အစားအစာများ          ဆီးချိုရောဂါရှိသူတွေကြားမှာ ပြောနေကျစကားတစ်ခွန်းက “ဘာမှလည်း...
08/05/2026

ဆီးချိုရောဂါ နှင့် သတိမထားမိသော အန္တရာယ်အစားအစာများ
ဆီးချိုရောဂါရှိသူတွေကြားမှာ ပြောနေကျစကားတစ်ခွန်းက “ဘာမှလည်း မစားပဲနဲ့ ဆီးချိုတွေ အရမ်းတက်တက် လာတယ်။ အခုကြောက်လို့ ဘာမှမစားရဲတော့ဘူး” ဆိုတဲ့ စကားပါပဲ။ ကြောက်လို့ ဘာမှမစားဖြစ်တဲ့အခါ အားနည်းပြီး သွေးချိုကျတာ၊ လမ်းမလျှောက်နိုင်တော့တာ၊ အလေးချိန်တွေ ကျသွားတာမျိုးတွေ ကြုံရတတ်ပါတယ်။
အကြောင်းကတော့ ဆီးချိုအထိန်းဓာတ်ကို တရိပ်ရိပ်နဲ့ တက်လာစေတဲ့ အစားအစာတွေကို မသိပဲ စားမိနေလို့ပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ ဆေးသောက်နေရင်းနဲ့ ကို သွေးတွင်းအချိုဓာတ်တက်လာ​စေတဲ့ အစားအစာတွေအကြောင်းကို ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်
(ဘာအစားအစာတွေ သိရရင် ကြိုးစားပြီးရှောင်ဖို့က အရေးကြီးပါတယ်)

(၁) “အချိုမှုန့် (ဟင်းခတ်မှုန့်)”
- MSG (သို့) အချိုမှုန့်ကို ဟင်းထဲထည့်စားတာ ဒါမှမဟုတ် အချိုမှုန့် ဟင်းခတ်မှုန့်တွေ ပါပြီးသား အစားအစာတွေ (ဥပမာ - ခေါက်ဆွဲခြောက်ထုပ်၊ အာလူးကြော်လေဖောင်းထုပ်တွေ နဲ့ ကြေးအိုးလို စားစရာတွေ) စားတာဟာ သွေးတွင်းအချိုဓာတ်ထိန်းတာကို ပျက်စီးစေတဲ့အပြင် အဝလွန်စေတာကို တွေ့ရပါတယ်။
- အချိုမှုန့်အနွယ်ဝင်တွေထဲမှာ အချိုမှုန့်ပါတဲ့ ကြက်သားမှုန့်၊ ငါးအသားမှုန့် နဲ့ ဟင်းသီးဟင်းရွက်မှုန့်တွေလည်း ပါတာကြောင့် မသုံးရင်အကောင်းဆုံးပါပဲ။
- ဆီးချိုသွေးတိုး ရှိပြီး ကျောက်ကပ်ပါအားနည်းတဲ့ လူနာတွေမှာဆိုရင် ဟင်းသီးဟင်းရွက်မှုန့် စစ်စစ်တွေ ဆိုရင်တောင် ရှောင်ပေးရပါမယ်။ (ပိုတက်ဆီယမ် နဲ့ ဆိုဒီယမ် တက်လာပြီး ကျောက်ကပ်ပိုပျက်နိုင်လို့ပါ)

(၂) သကြားနဲ့ ဆော်ဒါပါသော အားဖြည့်အချိုရည်များ
- တခါတလေ ဆီးချိုလူနာတွေမှာ အားပြတ်ရင် အားဖြည့်အချိုရည်တွေ သောက်မိတတ်ကြပါတယ်။ ကြော်ငြာတွေ အားကောင်းတာကြောင့် ထမင်းမစားပဲ အားဖြည့်အချိုရည်သောက်လိုက်ရင် အားပြည့်သွားမယ်လို့ ထင်တတ်ကြပါတယ်။
- ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါတယ်ဆိုပြီး ကြော်ငြာတာကြောင့် လူနာတွေခမျာ မှားယွင်းသောက်သုံးမိပြီး ဆီးချိုမထိန်းနိုင်ဖြစ်ကြရပါတယ်။
- ဆီးချိုအကြိုအဆင့်နဲ့ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးတဲ့သူတွေမှာဆိုရင် နောင်မှာဆီးချိုမဖြစ်အောင် ပိုရှောင်သင့်ပါတယ်။

(၃) ပြည့်ဝဆီများ (Trans fats and Saturated Fats)
- ထောပတ်၊ မာဂျရင်း၊ မြေပဲထောပတ်၊ မလိုင်၊ ခရင် နဲ့ အေးခဲအစားအစာတွေ မှာ ပြည့်ဝ/အသွင်ပြောင်းဆီ​တွေ အများကြီးပါပါတယ်။ ဒီဆီတွေက ဆီးချိုဓာတ်ကို တိုက်ရိုက်မတက်စေပေမယ့် သွေးတွင်းအဆီများတာကတဆင့် အင်ဆူလင်အထိန်းကျစေပြီး သွယ်ဝိုက်သောနည်းနဲ့ ဆီးချိုတက်စေပါတယ်။
- အပေါ်က စားစရာတွေပါတဲ့ ကိတ်မုန့်၊ ပေါင်မုန့် တွေစားရင်လည်း ဆီးချိုတက်စေတတ်လို့ သတ်မှတ်ပမာဏအတိုင်းပဲ စားသင့်ပါတယ် (ကိတ်မုန့် သို့ ပေါင်မုန့်ဖြူ = တစ်ချပ်/ ပေါင်မုန့်ကြမ်း = ၂ချပ်၊ ထမင်း/အာလူး/အချိုစာများနဲ့ ကပ်မစားပါနဲ့၊ တစ်နေ့တစ်မျိုးသာ အဆာပြေအနေနဲ့ စားပါ)

(၄) သီးစုံအရသာ ဒိန်ချဉ်
- အချိုမပါတဲ့ ဒိန်ချဉ်အလွတ် (သို့) အဆီထုတ်နွားနို့ဒိန်ချဉ် ကို ဆီးချိုဩကားလေးအနည်းငယ်ထည့်သောက်တာက ဆီးချိုလူနာတွေအတွက် ပိုသင့်တော်ပါတယ်
- သီးစုံအရသာ ဒိန်ချဉ်ကတော့ အဆီနည်းပေမယ့် သကြားများပါတယ် >> သိပ်မသောက်သင့်ပါဘူး

(၅) အသင့်ဖျော် ကွေကာအုတ်ထုတ်များ (Sweetened Cereals & Instant Oats)

(၆) သစ်သီးခြောက်များ/ဖျော်ရည်များ

(၇) အာလူးကြော်

(၈) ခရင်ပါသော ဘီစကစ်တွေပဲ ဖြစ်ပါတယ်။

ဒီအစားအစာတွေကို မသိပဲ စားမိနေသူတွေမှာ ဆီးချိုတရိပ်ရိပ်တက်တာကြောင့် ကျောက်ကပ်ပျက်တာ၊ လေဖြတ်တာ၊ မျက်စိကွယ်တာ နဲ့ အခြားဆိုးကျိုးတွေ ခံစားရတာကြောင့် ရှောင်ရှားဖို့ အကြံပြုချင်ပါတယ်။

Crd
​Dr. ဆုမြတ်သဇင်
အာဟာရအထူးပြုဆရာဝန်

03/05/2026

ဘယ်အစာတွေက ဘယ်ကိုယ်တွင်းအင်္ဂါကို သန့်စင်ပေးနိုင်ပါသလဲ။
—————-
၁ ။ ရှောက်သီး… အသည်း

၂ ။ ဟင်းနုနယ်…သွေး

၃ ။ သခွါးသီး…ကျောက်ကပ်

၄ ။ ကြက်သွန်ဖြူ…သွေးကြော

၅ ။ မုန်လာဥနီ…မျက်စိ

၆ ။ ဘရိုကိုလီ( အစိမ်းရောင်ပန်းဂေါ်ဖီ)…အဆုတ်

၇ ။ ပန်းသီး…အူ

၈ ။ ပြောင်းဖူး..အူမကြီး

၉ ။ စပျစ်သီး…နှလုံး

၁၀ ။ လက်ဖက်ရည်ကြမ်းGreen tea…ဆဲလ်

၁၁ ။ သရက်သီး…အရေပြား

၁၂ ။ ငှက်ပျောသီး…အစာအိမ်

၁၃ ။ အုန်းရည်…ဆီးအိမ်

၁၄ ။ ခရမ်းချဉ်သီး…ဆီးကျိတ်

၁၅ ။ အာလူး…မုန့်ချိုအိတ်

၁၆ ။စတော်ဘယ်ရီ…ခံတွင်း

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
Crd ဒေါက်တာခင်မိုးမိုး

ရာသီစာ  #လယ်ပတူရွက်အစာအိမ်အူလမ်းကြောင်းကျန်းမာစေပြီးသွေးအားနည်းသူတွေစားသင့်တဲ့  #လယ်ပတူရွက်❤ 1. သွေးအားနည်းတာမျိုး  မဖြစ...
03/05/2026

ရာသီစာ #လယ်ပတူရွက်
အစာအိမ်အူလမ်းကြောင်းကျန်းမာစေပြီးသွေးအားနည်းသူတွေစားသင့်တဲ့ #လယ်ပတူရွက်

❤ 1. သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်

လယ်ပတူမှာ သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ် အရေအတွက်ကို တိုးစေနိုင်သလို သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရာသီလာချိန်မှာ သံဓာတ် အားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။

💁 2. ဆီးချို ရောဂါ သက်သာစေတယ်

လယ်ပတူရဲ့ ကျန်းမာရေး အာနိသင် တစ်ခုကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ဆီးချို ရှိသူတွေမှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

👉 3. အရောင်ကျစေနိုင်တယ်

လယ်ပတူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်တွင်း၊ ကိုယ်ပက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

👉 4. ဖောရောင်တာကို သက်သာစေနိုင်တယ်

လယ်ပတူရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ ဖောရောင်တာကို သက်သာစေနိုင်တာပါ။ ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ခြေဆစ်လက်ဆစ်တွေမှာ အရည်တွေ စုပြီး ဖောရောင်တာကို သက်သာစေနိုင်ပါတယ်။

🍚 5. အစာခြေစနစ် ကျန်းမာစေတယ်

လယ်ပတူမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေနိုင်သလို အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။

❤ 6. အသည်း ကျန်းမာစေတယ်

လယ်ပတူက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို အသည်းကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

💪 7. ကိုယ်ခံအား ကောင်းစေတယ်

လယ်ပတူမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။

⭐ 8. ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်
လယ်ပတူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပြီး အနာတွေကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကြောင့် ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။

🙅 9. အကိုက်အခဲ ပျောက်စေတယ်

လယ်ပတူရဲ့ နောက်ထပ်အာနိသင် တစ်ခုကတော့ နာကျင် ကိုက်ခဲမှုတွေကို သက်သာစေတာပါ။ ဒါကြောင့် နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ လယ်ပတူကို စားပေးလို့ ရပါတယ်။

💁 10. အနာကျက်စေနိုင်တယ်

အနာကျက်စေနိုင်တဲ့ အာနိသင် ရှိတာကြောင့် ထိခိုက်ဒဏ်ရာတွေကို အနာကျက်စေဖို့အတွက် လယ်ပတူရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

🚫 လယ်ပတူရွက်က ဆေးဖက်ဝင်တယ်ဆိုပေမဲ့ အလွန်အကျွံ စားမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ရောဂါအခံရှိသူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။ ဆေးတွေနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးပါ။

👇👇
လယ်ပတူကို မန်ကျည်းမှည့်လေးနဲ့ ပြုတ်လို့ တို့စားလို့ ရသလို ပြုတ်ပြီးသားကို ဆီချက်၊ ကြက်သွန်နီ၊ မြေပဲထောင်၊ ပုစွန်ခြောက်ထောင်း၊ သံပုရာရည်လေးတွနဲ့ အချိုအငန်ထည့်လို့ သုပ်စားလို့လည်းရပြီး သိပ်ကို ဆေးဖက်ဝင်ပါတယ်။

Credit ; မူရင်း‌ရေးသားသူအား လေးစားလျှက်
Photo - Crd
#လန်းလန်းတိုင်းရင်းဆေး
#လယ်ပတူ
#ရွှေလန်းလန်းတိုင်းရင်းဆေး

12/02/2026
 #သင်္ဘောသီး အစိမ်း စားခြင်းနှင့် ကျန်းမာရေးဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပြီး သင်္ဘော သီးအစိမ်းမှာပါဝင်တဲ့ ...
12/02/2026

#သင်္ဘောသီး အစိမ်း စားခြင်းနှင့် ကျန်းမာရေး

ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပြီး သင်္ဘော သီးအစိမ်းမှာပါဝင်တဲ့ သကြားနဲ့ တူတဲ့ဒြပ်တစ်ခုကလည်း အစာ ကောင်းစွာချေဖျက်နိုင်ဖို့ထောက်ကူပေးပါတယ်။ သင်္ဘောသီးစိမ်းဟာ အဆစ် အမြစ်ရောင်ရမ်းကိုက်ခဲခြင်း၊ အရိုးအဆစ်ရောင်ရမ်းနာ၊ ဂေါက်ရောဂါနဲ့ ပန်းနာရောဂါတွေကို သက်သာစေတဲ့အပြင် အူမအတွင်းက ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဝမ်းသွားစေခြင်းဖြင့် စွန့်ထုတ်စေပါတယ်။

သင်္ဘောသီးဟာ အစာချေ ဖျက်ခြင်းကို ထောက်ကူတဲ့ သဘာဝဝမ်းနုတ်ဆေး တစ်မျိုးလည်းဖြစ်တာကြောင့် ပုံမှန်စား ပေးရင် ဝမ်းချုပ်တာ၊ လိပ်ခေါင်း ရောဂါဖြစ်တာနဲ့ ဝမ်းလျှောတာ တွေကို ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီးအစိမ်းကို ဖျော်ရည် လုပ်သောက်မယ်ဆိုရင် ဓမ္မတာ ထိမ်ခြင်းကို သက်သာစေပြီး ပုံမှန်ဖြစ်စေပါတယ်။ ဒါ့အပြင် အရေပြားဆိုင်ရာ ရောဂါတွေနဲ့ ဝက်ခြံ၊ မျက်နှာပေါ်မှာ အနီအဖုအပိန့် ထတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။

အနာဖြစ်ရင်လည်း သင်္ဘော သီးစိမ်းနဲ့ ကပ်ပေးရင် ဖူးရောင်တာတွေ၊ ပြည်တည်တာတွေ မဖြစ်စေဘူးလို့ ဆိုပါတယ်။ သင်္ဘောသီးစိမ်းကို အနှစ်လုပ်ပြီး မျက်နှာမှာ သုတ်လိမ်းပေးရင်လည်း အညိုစက်တွေ၊အမည်းကွက်တွေကို ပျောက်ကင်းစေပြီး အသားအရေပုံမှန်ပြန်ဖြစ်စေပါ တယ်။ နောက်ပြီး သင်္ဘောသီးစိမ်းကို ပျားရည်နဲ့ဖျော်စပ်ပြီး သောက်သုံးပေးရင် အာသီးရောင်တာ၊ ဆုံဆို့နာနဲ့ တခြားလည်ချောင်းဆိုင်ရာရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

တစ်ခု သတိထားရမှာက သင်္ဘောသီးအစိမ်းမှာပါတဲ့ ဓာတ်တစ်မျိုးက ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေတာကြောင့် မိခင်လောင်းတွေ ရှောင်ရမှာပါ။ ဒါပေမဲ့ သင်္ဘောသီးမှည့်သွားရင် အန္တရာယ်ရှိစေတဲ့ ဓာတ်ကလျော့ပါးသွားပြီး ဗီတာမင်တွေ၊ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေရှိတာကြောင့် ကိုယ်ဝန်ဆောင်တွေစား ပေးသင့်ပါတယ်။

နောက်တစ်ချက်က သွေးကြောကျဉ်းရောဂါ ရှိသူတွေနဲ့ ကြက်ပေါင်စေး၊ ရော်ဘာစေးလိုမျိုးနဲ့ ဓာတ်မတည့်သူတွေ သင်္ဘောသီးစိမ်း မစားသင့်ပါဘူး။

Ref: healthbenefits.com
#လန်းလန်းတိုင်းရင်းဆေး
#လန်းလန်းအာရုံကြောဆေး

Address

Hinthada

Telephone

+959770989990

Website

Alerts

Be the first to know and let us send you an email when ကျန်းမာသုတ ဘဝသုခ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကျန်းမာသုတ ဘဝသုခ:

Shortcuts

Share