Shwe La Min Hospital Hinthada

Call Directions Website Contact the business

Shwe La Min Hospital Hinthada We are located at the heart of Hinthada City, Ayyeyarwaddy Division. We provide quality healthcare s

ကျန်းမာရေးကိစ္စဆိုတာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ ရွှေလမင်းဆေးရုံကို အချိန်မရွေး ဆက်သွယ်လို့ ...
17/10/2026

ကျန်းမာရေးကိစ္စဆိုတာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်တဲ့အတွက်
လူကြီးမင်းတို့အနေနဲ့ ရွှေလမင်းဆေးရုံကို အချိန်မရွေး ဆက်သွယ်လို့ ရပါတယ်ရှင်💚
ရွှေလမင်းဆေးရုံ(ဟင်္သာတ)ရဲ့ဝန်ဆောင်မှုတွေအကြောင်း စုံစမ်းချင်တာပဲဖြစ်ဖြစ်၊ ဆရာဝန်ကြီးများ နဲ့ ပြသဖို့ ရက်ချိန်းယူချင်တာပဲဖြစ်ဖြစ် အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ၂၄ နာရီ ရက်သတ္တပတ်လုံး ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။🙏
📱 ၀၉၇၇၀၉၁၃၄၀၈
☎️ ၀၄၄ ၂၀၂၁၃၇၅
☎️ ၀၄၄ ၂၀၂၂၇၉၉
☎️ ၀၄၄ ၂၀၂၂၈၀၀
☎️ ၀၄၄ ၂၀၂၂၈၀၁
☎️ ၀၄၄ ၂၀၂၂၈၀၂
🏥အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။

#ရွှေလမင်းဆေးရုံဟင်္သာတ

📢 Shwe La Min Hospital (Hinthada)တွင် IT Officer ရာထူးအတွက် ဝန်ထမ်းခေါ်ယူခြင်းရွှေလမင်း‌ဆေးရုံ(ဟင်္သာတ)တွင် တာဝန်ထမ်းဆော...
17/10/2026

📢 Shwe La Min Hospital (Hinthada)တွင် IT Officer ရာထူးအတွက် ဝန်ထမ်းခေါ်ယူခြင်း

ရွှေလမင်း‌ဆေးရုံ(ဟင်္သာတ)တွင် တာဝန်ထမ်းဆောင်ရန် စိတ်ပါဝင်စားပြီး အရည်အချင်းပြည့်မီသော IT Officer များကို အောက်ပါအရည်အချင်းများနှင့်အညီ ခေါ်ယူလျက်ရှိပါသည်။

လိုအပ်သော အရည်အချင်းများ

✅ Computer Science, Information Technology သို့မဟုတ် သက်ဆိုင်ရာ ဘာသာရပ်ဖြင့် Bachelor's Degree ရရှိထားသူ ဖြစ်ရမည်။

✅ IT Support, System Administration သို့မဟုတ် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်နှင့်အထက် ရှိရမည်။

✅ Computer Hardware, Software, Network နှင့် System များ၏ ပြဿနာများကို စစ်‌ဆေး
ကိုင်တွယ်ဖြေရှင်းနိုင်ရမည်။

✅ Communication Skills ကောင်းမွန်၍ ဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရမည်။

✅ Computer, Printer, Network နှင့် အခြား IT Equipment များအတွက် Technical Support ပေးခြင်း

အထက်ပါရာထူးအားလျှောက်ထားရန်
စိတ်ဝင်စားသူများသည်
- လိုင်စင်ဓာတ်ပုံ (၂)ပုံ
- မှတ်ပုံတင် မိတ္တူ
- ပညာအရည်အချင်း ထောက်ခံစာ
- ရပ်ကွက်/ရဲစခန်း ထောက်ခံစာ
- လေဘာကတ် မိတ္တူ
- အိမ်ထောင်စုစာရင်း မိတ္တူ တို့နှင့်အတူ
(၂၈.၁၀.၂၀၂၆) နေ့‌ နောက်ဆုံးထား၍အမြန်ဆုံးလာရောက်‌‌လျှောက်ထားနိုင်ပါသည်။

🏥အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

#ရွှေလမင်းဆေးရုံဟင်္သာတ


🎀 ပန်းရောင် အောက်တိုဘာ ၂၀၂၆ ၏ အရေးကြီးသော ရက်စွဲများကို သိရှိပြီးပြီလား? 🎀အောက်တိုဘာလဟာ ရင်သားကင်ဆာ အသိပညာပေးလဖြစ်သလို က...
11/10/2026

🎀 ပန်းရောင် အောက်တိုဘာ ၂၀၂၆ ၏ အရေးကြီးသော ရက်စွဲများကို သိရှိပြီးပြီလား? 🎀

အောက်တိုဘာလဟာ ရင်သားကင်ဆာ
အသိပညာပေးလဖြစ်သလို
ကဏ္ဍစုံကနေ အထူးအလေးထား လှုပ်ရှားကြတဲ့
သီးသန့်ရက်စွဲတွေလည်း ရှိပါတယ်ရှင်။

🗓️ အောက်တိုဘာလ အထူးရက်စွဲများ -

• အောက်တိုဘာ ၁၃ ရက် (အင်္ဂါနေ့):
Metastatic Breast Cancer Awareness Day (ခန္ဓာကိုယ်အခြား အစိတ်အပိုင်းများသို့ ပြန့်ပွားသော ရင်သားကင်ဆာ အသိပညာပေးနေ့)

• အောက်တိုဘာ ၁၅ ရက် (ကြာသပတေးနေ့):
Global Lobular Breast Cancer Awareness Day (Lobular အမျိုးအစား ရင်သားကင်ဆာ အသိပညာပေးနေ့)

• အောက်တိုဘာ ၁၇ မှ ၂၃ ရက်:
Men’s Breast Cancer Awareness Week (အမျိုးသားများ ရင်သားကင်ဆာ အသိပညာပေးရက်သတ္တပတ်)

ရင်သားကင်ဆာသည် အမျိုးသမီးများသာမက အမျိုးသားများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။

• အောက်တိုဘာ ၂၃ ရက် (သောကြာနေ့):
Wear It Pink Day - ရင်သားကင်ဆာ အသိပညာပေးခြင်းနှင့် ထောက်ပံ့မှုအတွက် ပန်းရောင်ဝတ်ဆင်ကြသည့်နေ့

ဒီရက်စွဲလေးတွေကို မှတ်သားထားပြီး ကိုယ်ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေကို သတိပေးရင်း အသိပညာ လက်ဆင့်ကမ်းလိုက်ပါစို့ရှင်... 💕


#ရွှေလမင်းဆေးရုံဟင်္သာတ

10/10/2026

🎉🎂ရွှေလမင်းဆေးရုံဝန်ထမ်းမိသားစုများအားလုံးမှ ချစ်ခင်လေးစားရပါသော 🥰
အုပ်ချုပ်မှု ဒါရိုက်တာ ဆရာမဒေါက်တာ အေးစု‌မော် ၏ အောက်တိုဘာလတွင် ကျရောက်သည့် မင်္ဂလာရှိသော မွေးနေ့မင်္ဂလာရက်မြတ်မှစ၍ …
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့်
ပြည့်စုံပြီး အသက်ရှည်အနာကင်းစွာ အစဉ်အမြဲ ကျန်းမာပျော်ရွှင်ပါစေ♥️
လိုအင်ဆန္ဒများလည်းပြည့်ဝပြီး…ချစ်သော မိသားစုတို့နှင့်အတူအလှူရေစက် လက်နှင့်မကွာ ကုသိုလ်တရားများကို ဆထက်ပိုတိုးဆောင်ရွက်နိုင်ပါစေကြောင်း♥️
🥰ရွှေလမင်းဆေးရုံ(ဟင်္သာတ)ဝန်ထမ်းမိသားစုများအားလုံးမှ …မွေးနေ့မင်္ဂလာ ဆုမွန်ကောင်းများ ပို့သပေးအပ်ပါသည်ရှင်။🥰 🎂🎉

#ရွှေလမင်းဆေးရုံဟင်္သာတ


#မွေးနေ့ဆုတောင်း

☀️ အပူဒဏ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်🌡️ ယခုအချိန်အခါတွင် အပူချိန်မြင့်မားနေသည့်အတွက် မိမိကိုယ်ကို အပူဒဏ်မှ ကာကွယ်ကြရ...
06/10/2026

☀️ အပူဒဏ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်

🌡️ ယခုအချိန်အခါတွင် အပူချိန်မြင့်မားနေသည့်အတွက် မိမိကိုယ်ကို အပူဒဏ်မှ ကာကွယ်ကြရန် ကျန်းမာရေးအသိပညာများကိုမျှဝေ ပေးလိုက်ရပါတယ်ရှင့်။

အပူဒဏ်ကြောင့် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်းတို့မှသည် အပူလွန်ကဲခြင်း (Heat Stroke) အထိ ဖြစ်ပေါ်နိုင်သည့်အတွက်-

💧 ရေကို လုံလောက်စွာ သောက်ပါ။
🌳 အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ အနားယူပါ။
⏰ အပူချိန်မြင့်တဲ့အချိန်တွေမှာ ပြင်းထန်တဲ့အလုပ်တွေကို ရှောင်ရှားပြီး အလုပ်ချိန်/အနားယူချိန်ကို စနစ်တကျ ခွဲခြားပါ။
👷 အပြင်မှာ အလုပ်လုပ်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး အခြေအနေကို စောင့်ကြည့်ပေးပါ။
🚑 အပူဒဏ်လက္ခဏာများ ပြင်းထန်လာပါက အချိန်မဆွဲဘဲ အရေးပေါ်ဆေးကုသမှု ခံယူပါ။

👉 ထို့ကြောင့် အပူဒဏ်ကို ပေါ့ဆမထားဘဲ မိမိနှင့် မိမိပတ်ဝန်းကျင်ရှိသူများကို အချင်းချင်း သတိပေး၊ ဂရုစိုက်ပြီး ကျန်းမာစွာ ဖြတ်သန်းကြပါစို့။ ☀️💧💚

#အပူဒဏ်ကာကွယ်ရေး
#ကျန်းမာရေးအသိပညာပေး

🎀 စောစောသိရင် အမြစ်ပြတ်ကုသလို့ရတဲ့ ရင်သားကင်ဆာ (Breast Cancer) 🎀အမျိုးသမီးတိုင်းအတွက် ရင်သားကင်ဆာအန္တရာယ်ဟာ ကိုယ်နဲ့ဝေးလ...
18/09/2026

🎀 စောစောသိရင် အမြစ်ပြတ်ကုသလို့ရတဲ့ ရင်သားကင်ဆာ (Breast Cancer) 🎀

အမျိုးသမီးတိုင်းအတွက် ရင်သားကင်ဆာအန္တရာယ်ဟာ ကိုယ်နဲ့ဝေးလှတယ်လို့ မထင်လိုက်ပါနဲ့။
စောစောစီးစီး သိရှိမယ်ဆိုရင် အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်ခြေ အလွန်မြင့်မားတာမို့ ပုံမှန်စစ်ဆေးမှု ပြုလုပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်နော်။ 💕

👩‍⚕️ ပုံမှန်စစ်ဆေးရမည့် နည်းလမ်း (၃) သွယ်

၁။ မိမိကိုယ်တိုင် လစဉ်စမ်းသပ်စစ်ဆေးခြင်း
ရာသီလာပြီး (၇) ရက်မှ (၁၀) ရက်အတွင်း လစဉ် ပုံမှန်စစ်ဆေးပေးပါ။
၂။ ဆရာဝန်နှင့် ပြသစစ်ဆေးခြင်း
အသက် (၃၀) ကျော်ပါက (၁) နှစ်မှ (၂) နှစ်တစ်ကြိမ် ဆရာဝန်နှင့် ပြသပါ။
၃။ မင်မိုဂရမ် (Mammogram) ရိုက်ကူးခြင်း
အသက် (၄၀) ကျော်ပါက ပုံမှန်ဓာတ်မှန် ရိုက်ကူးစစ်ဆေးပေးပါ။

🔍 စမ်းသပ်တဲ့အခါ ဘာတွေကို သတိထားကြည့်ရမလဲ?

• ပုံမှန်မဟုတ်တဲ့ အကျိတ် သို့မဟုတ် အခဲရှိနေခြင်း
• ပုံသဏ္ဌာန် သို့မဟုတ် အရွယ်အစား သိသိသာသာ ပြောင်းလဲခြင်း
• နို့သီးခေါင်းမှ အရည် သို့မဟုတ် သွေးထွက်ခြင်း
• အရေပြား အရောင်ပြောင်းလဲခြင်း သို့မဟုတ် ချိုင့်ဝင်သွားခြင်း

⚠️ အရေးကြီး သတိပြုရန်
အကျိတ်တိုင်းဟာ ကင်ဆာမဟုတ်ပါဘူး။
ပုံမှန်မဟုတ်တာ တစ်ခုခု စမ်းမိပါက ကြောက်လန့်မနေဘဲ ဆေးရုံ၊ ဆေးခန်းမှာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်ဆွေးနွေးပါ။

မိမိကိုယ်မိမိ ချစ်ခင်မြတ်နိုးပြီး ကျန်းမာရေးကို အမြဲဂရုစိုက်ကြပါစို့ရှင်... 🌸



#ရင်သားကင်ဆာအသိပညာပေး

လျောက်ထားလိုသူများသည်- လိုအပ်သော စာရွက်စာတမ်းများ- လိုင်စင်ဓာတ်ပုံ (၂)ပုံ- မှတ်ပုံတင် မိတ္တူ- ပညာအရည်အချင်း ထောက်ခံစာ- ရ...
15/09/2026

လျောက်ထားလိုသူများသည်
- လိုအပ်သော စာရွက်စာတမ်းများ
- လိုင်စင်ဓာတ်ပုံ (၂)ပုံ
- မှတ်ပုံတင် မိတ္တူ
- ပညာအရည်အချင်း ထောက်ခံစာ
- ရပ်ကွက်/ရဲစခန်း ထောက်ခံစာ
- လေဘာကတ် မိတ္တူ
- အိမ်ထောင်စုစာရင်း မိတ္တူ တို့နှင့်အတူ
(၂၅.၉.၂၀၂၆) နေ့‌ နောက်ဆုံးထား၍အမြန်ဆုံးလာရောက်‌‌လျှောက်ထားနိုင်ပါသည်။

🏥အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။


#ရွှေလမင်းဆေးရုံဟင်္သာတ

08/09/2026

📢 ရွှေလမင်းဆေးရုံကြီး(ဟင်္သာတ)မှ လူကြီးမင်းများ၏ အရိုး ၊ အကြော၊ အဆစ် ဆိုင်ရာ နာကျင်မှု ဝေဒနာများ နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများအတွက်
Physiotherapy & Rehabilitation Department ဌာနရှိ ကုသမှုဆိုင်ရာ ခေတ်မှီ ကိရိယာများဖြင့်နာကျင်မှုဝေဒနာများ ‌‌သက်သာပျောက်ကင်းအောင်တာဝန်ယူပါရစေရှင် 🙏

Physiotherapy & Rehabilitation Department ဌာနရှိ ကုသမှုဆိုင်ရာ ခေတ်မီကိရိယာများ

✔️Infrared Therapy_အနီအောက်ရောင်ခြည်ကိုအသုံးပြု၍ နာကျင် ရောင်ရမ်းမှုများကို ကုသပေးခြင်း။
✔️TENS- လျှပ်စစ်လှိုင်းကိုအသုံးပြု၍ နာကျင်မှုများကို ကုသပေးခြင်း။
✔️ Ultrasound Therapy - အသံလှိုင်းကိုအသုံးပြု၍ နာကျင်ကိုက်ခဲမှုများကို ကုသပေးခြင်း။
✔️ Electrical Muscle Stimulation - အာရုံကြောများအား လှုံ့ဆော်ပြီးကြွက်သားများလှုပ်ရှားမှုရှိအောင် ကုသပေးခြင်း။
✔️ Short-wave Diathermy Device - လျှပ်စစ်သံလိုက်လှိုင်းကိုအသုံးပြု၍ အဆစ်အမြစ်နာကျင်မှုများကို ကုသပေးခြင်း။
✔️ Cervical and Lumber Traction -လည်ပင်း၊ဇက်ကြော အာရုံကြောညပ်ခြင်း၊ခါးကြောညပ်ခြင်းများအား ခေတ်မီစက်များဖြင့်ကုသပေးခြင်း။
✔️ Chest Physiotherapy -အသက်ရှူခြင်း ဆိုင်ရာလေ့ကျင့်ခန်းများ။
✔️ Exercise Therapy -သင့်လျော်သည့် လေ့ကျင့်ခန်းများဖြင့် ကိုယ်ခန္ဓာလှုပ်ရှားမှုများ ပိုမိုသန်စွမ်းလာစေရန် ကုသပေးခြင်း။

Physiotherapy & Rehabilitation Department ဌာန၏ကုသမှုများ

💠 ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများ၊လေဖြတ်ခြင်းကြောင့် အကြော၊အဆစ်ဝေဒနာများ၊

💠အဝလွန်သူများ၊အထိုင်အထများသူများ၊
ကိုယ်ဝန်ဆောင်မိခင်များတွင် အရိုး၊အကြော၊အဆစ်နာကျင်မှုဝေဒနာများ၊

💠သက်ကြီးရွယ်အိုများ၊အမျိုးသမီးများသွေးဆုံးပြီးချိန်ကြုံတွေ့ရသည့် အရိုးပွခြင်းနှင့်နာကျင်မှုဝေဒနာများ၊

💠ကာယလုပ်သားများ၊အားကစားသမားများတွင်ခံစားရသည့် အရိုး၊အကြော၊အဆစ် နာကျင်မှုဝေဒနာများ

💠အရိုးရောဂါ၊ကျီးပေါင်းရောဂါ၊ဇက်နာ/ခါးနာ/ဒူးနာရောဂါ၊လေးဘက်နာရောဂါများ

💠ကလေးသူငယ်နာ အကြောတင်းရောဂါ

💠အသက်ရှူလမ်းကြောင်းနှင့်အဆုတ်ရောဂါအမျိုးမျိုးအတွက်အသက်ရှူလေ့ကျင့်ခန်းများအတွက်- အရိုး၊အကြော၊အဆစ်နှင့်ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးနှင့်ကျွမ်းကျင်ပညာရှင်များကခေတ်မှီကုသရေးကိရိယာများဖြင့်အကောင်းဆုံးကုသမှုများနှင့်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများဖြင့်ကုသပေးလျက်ရှိပါသည်။

💠နာကျင်မှုနှင့်ရောင်ရမ်းမှုများကိုလျော့ကျစေရန် Infrared အနီအောက်ရောင်ခြည်ကိုအသုံးပြု၍ကုသပေးခြင်း။

💠ကြိမ်နှုန်းမြင့်အသံလှိုင်း Ultrasound ကိုအသုံးပြု၍အရွတ်နှင့်ကြွက်သားထိခိုက်မှုများအတွက်အနာကျက်နှုန်းမြန်ဆန်စေရန်၊ကျီးပေါင်း ဝေဒနာခံစားနေရသူများကြွက်သားတောင့်တင်းမှုများကို‌လျှော့ချပေးနိုင်ရန်ကုသပေးခြင်း။

💠အရေပြားအောက်ရှိအာရုံကြောများကိုလျှပ်စစ်လှုံ့ဆော်မှုများ(T.E.N.S)ပြုလုပ်ခြင်းဖြင့်ကုသပေးပြီးနာကျင်မှုနှင့်အခြားထုံကျဉ်ခြင်းဝေဒနာများသက်သာစေခြင်း။

💠ဦးနှောက်နှင့်အာရုံကြောရောဂါများနှင့်အခြားသောရောဂါများကြောင့်ကြွက်သားအားနည်းသူများကိုပြန်လည်သန်မာလာစေရန်(Muscle Stimulator)ဖြင့်နာကျင်ခြင်းနှင့်ကြွက်သားတင်းခြင်းတို့ကိုလျော့ကျပေးနိုင်ရန်ကုသပေးခြင်း။

💠ပြင်းအားပျော့ လေဆာရောင်ခြည်ကိုအသုံးပြု၍ကြွက်သားနှင့်အရွတ်ထိခိုက်မှုကြောင့်ဖြစ်သောနာကျင်မှုများကိုသက်သာစေရန်၊အနာကျက်နှုန်းမြန်ဆန်စေရန်အတွက် ကုသပေးခြင်း။

💠ခါး(သို့)လည်ပင်းရှိ အရိုးအဆစ်လေးများကြား အာရုံကြောညပ်ခြင်းနှင့်ပိမိခြင်းတို့ကြောင့်ဖြစ်သောနာကျင်မှုကိုသက်သာစေရန်ညပ်/ပိ နေသောအာရုံကြောကိုလွတ်စေရန်၊အရိုးကိုပုံမှန် အနေအထားပြန်ရောက်စေရန် စက်ဖြင့်ဆွဲ၍ကုသပေးခြင်းတို့ကိုတစ်နေရာထဲတွင် လိုအပ်သည့်ကုသမှု၊စောင့်ရှောက်မှုများ ပေးနိုင်ရန်ရည်ရွယ်ထားရှိပါသည်။

👩‍⚕️အရိုး၊အကြော၊အဆစ်နှင့်ပြန်လည်သန်စွမ်းရေးဌာန တွင် ဖော်ပြပါ ဦး‌နှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများလေဖြတ်၊ လေဖြန်း နှင့် ကျောရိုးထိခိုက်မှုများ၊ နာကျင်မှုဝေဒနာခံစားနေရသူများ၊ မျက်နှာကြွက်သား လေဖြန်းအားနည်းခြင်းများအတွက်‌အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးဒေါက်တာ မြတ်သီရိဟန် M.B.B.S.M.Med.Sc(Rehab Medicine) နှင့်
အတူကျွမ်းကျင်‌သောပညာရှင်များဖြင့်လာရောက်ဆွေးနွေးပြသနိူင်ပါပြီရှင်🌸

💖အထူးကုဆရာဝန်ကြီးနှင့်ဆွေးနွေးတိုင်ပင်ပြသလိုပါက Hotline ဖုန်းနံပါတ်များသို့ (၂၄)နာရီ ပိတ်ရက်မရှိ ✅တစ်ရက်ကြိုတင် Booking တင်၍ပြသနိုင်ပါပြီရှင်

🏥Address
အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️ ၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂၀၂၂၈၀၀၊ ၂၀၂၂၈၀၁၊ ၂၀၂၂၈၀၂။

#ရွှေလမင်းဆေးရုံဟင်္သာတ



04/09/2026

📢 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭

🏥 ရွှေလမင်းဆေးရုံကြီး(ဟင်္သာတ)တွင်လစ်လပ်နေသောနေရာများတွင်တာဝန်ထမ်း‌ဆောင်ရန်ဝန်ထမ်းအသစ်များ အမြန်လျှောက်ထားနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်ရှင် 🎉

♦️Medical Officer (3) Posts
လိုအပ်ချက်များ-
✅M.B.B.S ဘွဲ့ရရှိထားသူဖြစ်ရမည်။
✅ဆ.မ လိုင်စင် သက်တမ်းရှိသူဖြစ်ရမည်။
✅ရေရှည် လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅ဆက်ဆံရေး ကောင်းမွန်ပြီး အဖွဲ့အစည်းဖြင့် လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅နေ့ / ည တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
✅ဆေးရုံမှ သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ တာဝန်ယူဆောင်ရွက် နိုင်သူဖြစ်ရမည်။

♦️Staff Nurse (3) Posts
လိုအပ်ချက်များ-
✅BN.Sc (or) Diploma In Nursing
ဘွဲ့ရရှိထားသူဖြစ်ရမည်
✅လိုင်စင် update ရှိရမည်။
✅ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
✅နေ့ / ညမရွေးတာဝန်ထမ်းဆောင်နိုင်သူ
ဖြစ်ရမည်။
✅ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။

♦️Physiotherapist (3)
အရိုး၊အကြော၊အဆစ်နှင့်ပြန်လည်သန်စွမ်းရေးကျွမ်းကျင်ပညာရှင်
လိုအပ်ချက်များ-
✅ သက်ဆိုင်ရာပညာရပ်နှင့်ပက်သက်၍ကျွမ်းကျင်ပညာရှင်ဖြစ်ရမည်။
✅နေ့ / ညမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ လစာညှိနိုင်းပေးမည်။

♦️Nurse Aid (5) Posts
လိုအပ်ချက်များ-
✅သူနာပြုအကူသင်တန်းဆင်းလက်မှတ် ရရှိထားသူဖြစ်ရမည်။
✅နေ့ညမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။✅ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး လူနာများအပေါ်ပြုစုစောင့်ရှောက်နိုင်သူဖြစ်ရမည်။
✅ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

♦️ Cashier (2) Posts /Reception (3) Posts
လိုအပ်ချက်များ-
✅တာဝန်ယူမူရှိပြီးအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။
✅တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်။
✅ နေ့/ည မရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
✅အထက်လူကြီး၏ လမ်းညွှန်ချက်များအား လိုက်နာနိုင်ရမည်။
✅အသက် (၂၀) မှ (၃၅) အတွင်းဖြစ်ရပါမည်။

♦️Security/Helper (5) Posts
လိုအပ်ချက်များ-
✅အလုပ်အပေါ်စိတ်ဝင်စား၍တာဝန်‌ကျေပွန်စွာ
ထမ်းဆောင်နိုင်သူဖြစ်ရမည်။
✅အသက် (၂၀) မှ (၄၀) အတွင်းဖြစ်ရပါမည်။
✅နေ့/ည မရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

စိတ်ပါဝင်စားသူများသည်သက်ဆိုင်ရာ ဘွဲ့လက်မှတ်မိတ္တူ၊ မှတ်ပုံတင် မိတ္တူ ၊အလုပ်သမားမှတ်ပုံတင်မိတ္တူ ၊သန်းခေါင်စာရင်းမိတ္တူ ၊(၄)လအတွင်းရိုက်ထားသောဓါတ်ပုံ (၃)ပုံ တို့နှင့်အတူ (၁၃.၉.၂၀၂၆)ရက်နောက်ဆုံးထား၍အမြန်ဆုံးလာရောက်လျှောက်ထားနိုင်ပါသည်။

🏥အမှတ် (၃၂)၊ ဗိုလ်စောမောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎️၀၄၄ ၂၀၂၁၃၇၅၊ ၂၀၂၂၇၉၉၊ ၂ဝ၂၂၈၀ဝ၊၂၀၂၂၈၀၁၊၂၀၂၂၈၀၂။


#ရွှေလမင်းဆေးရုံဟင်္သာတ






ကျန်းမာရေးကိစ္စဆိုတာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ ရွှေလမင်းဆေးရုံကို အချိန်မရွေး ဆက်သွယ်လို့ ...
30/08/2026

ကျန်းမာရေးကိစ္စဆိုတာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်တဲ့အတွက်
လူကြီးမင်းတို့အနေနဲ့ ရွှေလမင်းဆေးရုံကို အချိန်မရွေး ဆက်သွယ်လို့ ရပါတယ်ရှင်💚
ရွှေလမင်းဆေးရုံ(ဟင်္သာတ)ရဲ့ဝန်ဆောင်မှုတွေအကြောင်း စုံစမ်းချင်တာပဲဖြစ်ဖြစ်၊ ဆရာဝန်ကြီးများ နဲ့ ပြသဖို့ ရက်ချိန်းယူချင်တာပဲဖြစ်ဖြစ် အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ၂၄ နာရီ ရက်သတ္တပတ်လုံး ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။🙏
📱 ၀၉၇၇၀၉၁၃၄၀၈
☎️ ၀၄၄ ၂၀၂၁၃၇၅
☎️ ၀၄၄ ၂၀၂၂၇၉၉
☎️ ၀၄၄ ၂၀၂၂၈၀၀
☎️ ၀၄၄ ၂၀၂၂၈၀၁
☎️ ၀၄၄ ၂၀၂၂၈၀၂
🏥အမှတ် (၃၂)၊ ဗိုလ်​​စော​​​မောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။

#ရွှေလမင်းဆေးရုံဟင်္သာတ



Address

No. 32, Bo Saw Maung Road, Yonegyi Quarter
Hinthada
170201

Alerts

Be the first to know and let us send you an email when Shwe La Min Hospital Hinthada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe La Min Hospital Hinthada:

Shortcuts

Share