04/06/2026
ကိုယ်ဝန်ဆောင်ရက်စွဲတွေ ဖြတ်သန်းရတဲ့အခါ မေမေတို့မှာ ခန္ဓာကိုယ်ပြောင်းလဲမှုတွေအပြင် ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ခံစားလွယ်တာ၊ စိုးရိမ်ပူပန်တာနဲ့ စိတ်ဖိစီးတာတွေကို သဘာဝအတိုင်း ကြုံတွေ့ရတတ်ပါတယ်။😥
ဒါပေမဲ့ မေမေတို့ ကြုံရတဲ့ ရေရှည်ပြင်းထန်တဲ့ စိတ်ဖိစီးမှုက ဗိုက်ထဲက သားသားမီးမီးတို့အပေါ်မှာ ဘယ်လို သက်ရောက်မှုရှိနိုင်လဲဆိုတာ သိပ္ပံနည်းကျ လေ့လာချက်တွေအရ ဒေါက်တာလမင်းက မျှဝေပေးချင်ပါတယ်ရှင်။☺️💁♀️
ကျွန်မတို့ စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်ကနေ ကော်တီစော (Cortisol) လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက အချင်း မှတစ်ဆင့် ဗိုက်ထဲက ကလေးဆီကို ရောက်ရှိသွားနိုင်လို့ လမစေ့ဘဲစောမွေးခြင်း၊ပေါင်မပြည့်ခြင်းနှင့် ကလေးရဲ့ အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။😪
ဒါ့အပြင် မိခင်ရဲ့ စိတ်ဖိစီးမှုဟော်မုန်း မြင့်မားနေရင် ကလေးရဲ့ အာရုံကြောစနစ်အပေါ် သက်ရောက်မှုရှိနိုင်လို့ ကြီးပြင်းလာတဲ့အခါမှာ စိုးရိမ်ပူပန်မှုလွန်ကဲတာ၊ စိတ်တိုလွယ်တာနဲ့ ပတ်ဝန်းကျင်ကို အသားကျဖို့ ခက်ခဲတာမျိုးတွေ ကြုံရနိုင်ပါတယ်။😰
နောက်ဆုံးအနေနဲ့ ကိုယ်ဝန်ဆောင်စဉ် မိခင်ရဲ့ စိတ်ဖိစီးမှုက ကလေးရဲ့ ကိုယ်ခံအားစနစ်အပေါ် လွှမ်းမိုးမှုရှိတာကြောင့် အရွယ်ရောက်လာတဲ့အခါ ဓာတ်မတည့်ခြင်း (Allergies) နဲ့ ပန်းနာရင်ကြပ် (Asthma) လိုမျိုး ဝေဒနာတွေ ဖြစ်နိုင်ခြေ အနည်းငယ် ပိုများတတ်ပါတယ်။🫁😤
မေမေတို့အနေနဲ့ စိတ်ဖိစီးမှုကို လုံးဝမရှိအောင် တားဆီးဖို့ မဖြစ်နိုင်ပေမယ့် မိတ်ဆွေတွေကို ရင်ဖွင့်တာ၊ တရားထိုင်တာ၊လမ်းလျှောက်တာ စသဖြင့် နည်းလမ်းကောင်းလေးတွေကို လုပ်ကြည့်လို့ရပါတယ်။🧘🚶
🙅♂️နေ့စဉ်ကြုံတွေ့ရတဲ့ သာမန်စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေ (ဥပမာ - ရုံးလုပ်ငန်းခွင် စိတ်ညစ်ရတာ၊ စာမေးပွဲဖြေရတာ) လောက်က ကလေးကို ထိခိုက်မှု မရှိစေနိုင်ပါဘူး။ ပြင်းထန်တဲ့ စိတ်ဒဏ်ရာ၊ စိတ်ကျရောဂါအတွက်သာ သတိထားဖို့ လိုအပ်တာပါ။✅
ကိုယ်ဝန်ဆောင်ချိန်မှစပြီး ကလေးမွေးဖွားပြီးတဲ့အထိ ပျော်ရွှင်ကျန်းမာတဲ့ မိခင်ခရီးစဉ်ဘဝကို ရရှိနိုင်ဖို့ စိတ်ဖိစီးမှုတွေကို လျှော့ချကြဖို့ ရွှေလမင်းဆေးရုံ(လမ်းမတော်)ရဲ့ ဒေါက်တာလမင်းမှ တိုက်တွန်းလိုက်ရပါတယ်ရှင်။💛💚
#ရွှေလမင်း
#ရွှေလမင်းဆေးရုံဟင်္သာတ
#ဒေါက်တာလမင်း
#ကိုယ်ဝန်ဆောင် #စိတ်ဖိစီးမှု