11/05/2026
ကျန်းမာရေးထောက်ပံ့မှု
မှော်ဘီမြို့နယ်၊ ညောင်ပင်သာယာကုန်း၊
ခေါက်ဆွဲစက်ဝန်ထမ်းလိုင်းခန်းနေ
‘ဒေါ်ကေသီ’ (၆၄)နှစ် သည်၊
နှလုံးသွေးကြောပိတ်၊ ကျောက်ကပ်၊
ဆီးတွင်းသွေးပါရောဂါများ ဖြစ်ပေါ်နေပြီး
မိသားစုစားဝတ်နေရေး အဆင်မပြေမှုများကြောင့်
ဆေးကုသမှုမပြုနိုင်ပါသဖြင့်
သူမ၏ ကျန်းမာရေး ဆေးကုသမှု လိုအပ်ချက်အား
#ကျန်းမာရေးထောက်ပံ့မှုဖောင်ဒေးရှင်း(မှော်ဘီ) မှ (လတ်တလော အခြေအနေ) ဆေးရုံတင် ကုသရန်
ထောက်ပံ့ငွေ (၃)သိန်းကျပ် ကူညီပေးခဲ့ပါသည်။
ကျွန်တော်တို့၏ လှူဒါန်းမှုသည်
ခုနှစ်ရက်သား၊သမီးများ၏ အလှူသာ ဖြစ်ပါသည်။
(Hmawbi)
၁၁.၆.၂၀၂၆