09/06/2026
Acne နဲ့ ပတ်သက်ရင် lifesaver combo တွဲလေးအကြောင်း…
အခုတလော skincare သေချာမလုပ်ဘဲ (၃)ရက်လောက်
Skin ကို ပစ်ထားလိုက်တာနဲ့ breakout တွေ စဖြစ်၊
Skin texture က ကြမ်းပြီး အဆီဖုပိစိပိစိနဲ့ ဗြုတ်ထလာသလို ဝက်ခြံ နာနာကြီး (၃)ဖုက ထလာရော…ဗြဲ💔
အခုနောက်ပိုင်း အသက်ကြီးလာတော့လေ skin care routine ဆို ရိုးရိုးရှင်းရှင်းသုံးတာပဲ ကြိုက်လာတယ်။
ဒါကြောင့် ညဘက်ကို (၃) steps လောက်သာ သုံးတော့တယ်။
Cleanser > One Thing Centella Toner > Barrier အသားပေး Moisturizer ဒီလောက်ပဲ။
အခုက ဝက်ခြံထွက်နေတော့ Pair Cream ( acne treatment ) တစ်ခုကို ညဘက်မှာထပ်ထည့်တယ်။
Anyway… ဝက်ခြံကို treat လုပ်ခဲ့တာက ဒီ (၂)ခုပေါ့။
One Thing Centella Asiatica Extract 💛
ဒီ One Thing Centella Asiatica Toner ကို မနက်ည
တစ်ခါသုံးရင် layering အနေနဲ့ (၃) (၄) layers လောက်ကို
ခံလိမ်းဖြစ်ပါတယ်။ သူ့ကို လိမ်းပြီးနောက်ပိုင်းက အဲဒီအဆီဖုဗြုတ်စိထတာတွေကနေ အသားအရေက smooth ဖြစ်ပြီး texture က improve ဖြစ်လာတယ်။ ဝက်ခြံအဖုရောင်နေတာ နဲ့ အဆီဖုသေးသေးလေးတွေဆို ငြိမ်ပြီး ဝပ်လာတာကို သတိထားမိတယ်။
Hydration က အရမ်းမကောင်းပေမယ့် skin soothing & skin texture improve ဖြစ်တဲ့ဘက်မှာ တော်တော်လေး အားကောင်းတာကို တွေ့ရတယ်။ နောက်သတိထားမိတာက
တစ်ခုကလေ သူကိုလိမ်းပြီးရင် မျက်နှာအေးအေးလေးဖြစ်တယ်၊ အဖုနီနေတာတွေ နှာခေါင်းတစ်ဝိုက်ဆို sensitivity level ပိုမြင့်ပြီး နီနေတာလေးတွေကိုလည်း သက်သာစေတယ်။
Texture ကတော့ ရေသာသာနီးပါး light weight ဖြစ်တယ်၊ မထူ၊ မစေးကပ်ဘူးရယ်။ Fragrance & Essential Oil တွေ
မပါပေမယ့် herbal ရနံ့ခပ်ပါးပါးရတယ်။
အဲဒါကိုမှ Pair Cream ကို အဖုပေါ်အုပ်လိုက်ရင် အာနိသင်က double action ဖြစ်သွားပြီး (၂)/(၃)ရက်လောက်သာ ကြာတယ်၊ အဖုတွေက အကုန်ငြိမ်ကျသွားပြီး ထပ်မထွက်ဖြစ်တော့ဘူး။ ရှင်းတော့ ပျောက်သေးပေမယ့် အချိန်အတိုတွင်း results ကို ပြနိုင်တယ်။ Meeting တွေက ဆက်တိုက်ဆိုတော့
Urgent အချိန်မှာ ဝက်ခြံတွေချပ်သွားတာက ကျွန်တော့်အတွက်က ပျော်စရာပါပဲလေ။ အခု (၄)/(၅)ရက်မြောက်မှာ ချပ်ကပ်သွားပြီး အမာရွက်ပဲကျန်ခဲ့တော့တယ်။
ဒီ acne treatment ကို ကြိုက်တဲ့အချက်ကလေ မလောင်ဘူး၊ skin irritation မဖြစ်ဘဲ အဖု နီမြန်း၊ ရောင်ရမ်းနေတာတွေကို ချပ်ဝပ်သွားစေတာပါပဲ။
တွဲမိတာလေးကို သဘောကျလို့ လာပြောပြတာပါ။
ဝယ်ယူနိုင်တာကတော့
One Thing - One Thing
Pair Cream - Khaing Cosmetic City
မှာ ဝယ်လို့ ရပါတယ်။
Hair care video လေးလည်း edit နေတယ် မပြီးသေးလို့
လာမယ်နော်။
See you next blog.
Disclaimer - All Products are received as PR Gifted.
No sponsored & no paid to write this post.