CMA Pharmacy

CMA Pharmacy Pharmacy

ချမ်းမြေ့ သူနာပြုအကူ နှင့် ဆေးဝါးကျွမ်းကျင်သင်တန်းကို ၃-၁၀-၂၀၂၂ တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။ အရည်ချင်းရှိသော သူများထွက်ပေါ်လာအောင် ဆရာဝန်များကိုယ်တိုင် စနစ်တကျသင်ကြားပေးလျက်ရှိပါသည်။

19/07/2025

🌹🌻

ပွင့်သောပန်းတိုင်း ရနံ့သင်းလို့ အဆင်းလှကြပါစေ

🌻🌹

17/04/2025

🌟မက်ဖော်မင်အကြောင်းတစေ့တစောင်း🌟

Metformin (မက်ဖော်မင်) ကို ဘာအတွက်အသုံးပြုကြလဲ❓

Metformin ဟာ ဆီးချိုထိန်းဆေးဖြစ်ပြီး အခြားသောဆီးချိုဆေးများနဲ့လည်း တွဲဖက်ပြီး သုံးလေ့ရှိပါတယ်။ အမျိုးအစား ၂ ဆီးချိုလူနာများတွင် အသုံးများတဲ့ ဆီးချိုဆေးဖြစ်ပါတယ်။

▫️မက်ဖော်မင် ဘယ်လိုအလုပ်လုပ်သလဲ❓

မက်ဖော်မင်က အဓိကအားဖြင့် အောက်ပါအချက်သုံးချက်ကို လုပ်ပေးတယ်။

(၁) အသည်းကနေ အချိုဓာတ် (glucose) ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို တားဆီးတယ်။ ဒီနည်းနဲ့သွေးထဲမှာ နည်းသွားတယ်။

(၂)glucose ချေဖျက်ဖို့လိုအပ်တဲ့ အင်ဆူလင်ရဲ့ စွမ်းဆောင်ရည် (sensitivity )ပိုမို ကောင်းမွန်စေတယ်။ ဒီနည်းနဲ့ သွေးထဲက glucose တွေကို ဆဲလ်တွေက ယူသုံးတယ်ပေါ့။ သွေးထဲမှာနည်းသွားတယ်။

(၃)စားလိုက်တဲ့အစားအစာတွေထဲမှာ ပါဝင်တဲ့ အချိုဓာတ်ကို ခန္ဓာကိုယ်(အူ)ကနေ စုပ်ယူမှု ကျဆင်းစေတယ်။ ဥပမာ 100 စားပေမယ့် အချိုဓာတ် 80လောက်ပဲယူတယ်ပေါ့။ ဒီနည်းနဲ့ နည်းစေတယ်။

▫️Metformin (မက်ဖော်မင်) ဘယ်လိုသောက်သုံးသင့်သလဲ❓

Metformin ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း (တနေ့ ၁ကြိမ်မှ ၃ကြိမ်) အစာနဲ့ နီးတဲ့အချိန်တွင် သောက်ရပါမယ်။ ဆရာဝန်မှ အထူးတလည် ညွှန်ကြားထားခြင်းမရှိရင် ဆေးကို ရေများများနဲ့ သောက်ပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်ပါတယ်။

▫️ကိုယ်ဝန်ဆောင်နေချိန်/ကလေးနို့တိုက်နေချိန်မှာ Metformin (မက်ဖော်မင်) ကို သောက်လို့ရပါသလား❓

Metformin ကို ယေဘုယျအားဖြင့်တော့ ကိုယ်ဝန်ဆောင်ဆီးချို ဒါမှမဟုတ် နဂိုဆီးချိုရှိပြီးသား အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဆီးချိုထိန်းဖို့အတွက် သုံးနိုင်ပါတယ်။ အန္တရာယ်ကင်းပြီး ထိရောက်မှုလည်း ရှိပါတယ်။

ရေရှည်မှာ မိခင်နဲ့ ကလေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်ဆိုတာကိုတော့ လေ့လာနေဆဲပဲ ဖြစ်ပါတယ်။

▫️မက်ဖော်မင် က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိသလဲ❓

များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေက

ခေါင်းကိုက်ခြင်း
အားမရှိသလို ခံစားရခြင်း
ပျို့ခြင်း
အန်ခြင်း
ဝမ်းလျှောခြင်း
ဗိုက်အောင့်ခြင်းတွေပဲ ဖြစ်ပါတယ်။

နောက်ထပ်သတိထားရမယ့် ဆိုးကျိုးကတော့ lactic acidosis ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ လက်တစ်အက်စစ်တွေ များလာတာဖြစ်ပြီး အခန့်မသင့်ရင် အသက်ဆုံးရှုံးတတ်ပါတယ်။

Lactic acidosis ရဲ့ လက္ခဏာတွေ ကတော့ -

ကြွက်သားတွေအားနည်းလာခြင်း
အသက်ရှူမြန်ခြင်း
ခြေလက်တွေ ထုံပြီး အေးနေတာ
အသက်ရှူရခက်ခြင်း
ခေါင်းချာချာလည်အောင် မူးခြင်း
ဗိုက်အောင့်ပြီး ပျို့အန်ခြင်း
နှလုံးခုန်မမှန်ခြင်းတွေ ခံစားရနိုင်ပါတယ်။
ဆေးသောက်ရင်း ဒီလက္ခဏာတွေ ပြလာရင်လည်း ဆရာဝန်နဲ့ မြန်မြန်ပြဖို့ လိုပါတယ်။

▫️ဘယ်ဆေးတွေက မက်ဖော်မင် နဲ့ ဓာတ်ပြုနိုင်သလဲ❓

အောက်ပါ ဆေးတွေကို Metformin နဲ့ တွဲသောက်မိမယ်ဆိုရင် သွေးတွင်းသကြားဓာတ်တက်လာနိုင်ပါတယ်။ ဒါတွေကတော့

Isoniazid
ဆီးဆေးများ
စတီးရွိုက် (prednisone and others)
နှလုံး သို့မဟုတ် သွေးကျဆေးများ (cartia, cardizem, covera, isoptin, verelan, and others);
Niacin (advicor, niaspan, niacor, simcor, slo-niacin, and others);
Phenothiazines (compazine and others);
Thyroid medicine (synthroid and others);
ပဋိသန္ဓေတားဆေးနဲ့ အခြား ဟော်မုန်းဆေးများ
အတက်ရောဂါတွင် သုံးသောဆေးများ (dilantin and others); and
ပိန်ဆေးများ သို့မဟုတ် အအေးမိနှာဆေး၊ ဓာတ်မတည့်ခြင်း သို့မဟုတ် ပန်းနာရင်ကျပ်ကို ကုသသော ဆေးများ
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

▫️အစားအသောက်တွေနဲ့ အရက်က Metformin (မက်ဖော်မင်) နဲ့ ဓာတ်ပြုနိုင်သလား❓

အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မက်ဖော်မင်ကိုအရက်နဲ့တွဲ မသောက်သင့်ပါဘူး။ အသည်းမကောင်းရင်လည်း မသောက်သင့်ပါဘူး။

▫️အသုံးပြုရမယ့်ပမာဏ❓

အမျိုးအစား-၂ ဆီးချိုရောဂါအတွက်

စစချင်းမှာ film coated tablets 500- 850 mg(IR ဆိုရင်တော့) တစ်နေ့ကို ၁ကြိမ်မှ ၃ကြိမ် (အများဆုံး 2250-3000mgကို ၃ကြိမ် ခွဲသောက်နိုင်ပါတယ်။)

ဖြည်းဖြည်းချင်း အာနိသင်ပြတဲ့ဆေးဆိုရင်တော့ (MRဆိုရင်တော့) 500-1000 mg တစ်နေ့ တစ်ကြိမ် (တစ်နေ့ကို အများဆုံး 1500-2000 mg သောက်နိုင်ပါတယ်။)

၇-၁၅ရက်ကြာတဲ့အခါ ဆေးပမာဏကို လိုအပ်ရင် ထပ်တိုးရနိုင်ပါတယ်။

▫️ကျောက်ကပ်မကောင်းသူများအတွက် အသုံးပြုရမယ့်ပမာဏ❓

eGFR

Relaxing Time❣❣
03/07/2023

Relaxing Time❣❣

24/06/2023
3rd may, 2023trip
04/05/2023

3rd may, 2023
trip

18/04/2023
18/02/2023

💙ဇွဲကပင်တောင်တက်ခရီးလမ်း အမှတ်တရ💙

💞💕ချမ်းမြေ့သူနာပြုအကူနှင့် ဆေးဝါးအကူသင်တန်း💕💞

💕လက်တွေ့သင်တန်းဆင်းပြီး မိမိဒေသရပ်ရွာမှာကိုယ်ပိုင်ဆေးဆိုင်ပြန်ဖွင့်တော့မည့် သင်တန်းသူလေးနှစ်ယောက်💕 🛎🛎🛎Nurse Aide & Pharm...
17/02/2023

💕လက်တွေ့သင်တန်းဆင်းပြီး မိမိဒေသရပ်ရွာမှာကိုယ်ပိုင်ဆေးဆိုင်ပြန်ဖွင့်တော့မည့် သင်တန်းသူလေးနှစ်ယောက်💕

🛎🛎🛎
Nurse Aide & Pharmacist Aide Training Center By Chanmyae Healthcare

Address

No.3
Hpa-an
13021

Telephone

+959767069344

Website

Alerts

Be the first to know and let us send you an email when CMA Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CMA Pharmacy:

Share