Hpa-an Orthopaedic Rehabilitation Center

Hpa-an Orthopaedic Rehabilitation Center ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန

HORC is a non profit Orthopaedic Rehabilitation Center which is running by Myanmar Red Cross Society in collaboration with ICRC and provide free of charge services to the people with disabilities.

HORC  PO (Orthopaedic Technologist) Vacancy Announcement
29/04/2026

HORC PO (Orthopaedic Technologist) Vacancy Announcement

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ၁၃ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အလျားခုန်ရွှေတံဆိပ်ဆုရှင် နန်းဆန်းရတနာထ...
23/02/2026

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ၁၃ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အလျားခုန်ရွှေတံဆိပ်ဆုရှင် နန်းဆန်းရတနာထွနိးမှ ဘားအံခြေတုလက်တုဌာန ထာဝရငွေပဒေသာပင်အတွက် အလှူငွေ၁၀သိန်းကျပ်ကို လာရောက်လှူဒါန်းစဉ်။
ရှေ့လျောက်အောင်မြင်ထူးချွန်သော အားကစားသမားကြီးဖြစ်ပါစေကြောင်း HORC မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ် သမီးရေ❤️👍🏻💪

အလှူရှင်များသာဓုခေါ်စေသောဝ်မသန်စွမ်းသူများအတွက် ဝန် ဆောင် မှုတည့်တံ့စေရန်အလို့ငှာရည်စူး၍ ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန...
09/02/2026

အလှူရှင်များသာဓုခေါ်စေသောဝ်
မသန်စွမ်းသူများအတွက် ဝန် ဆောင် မှုတည့်တံ့စေရန်အလို့ငှာရည်စူး၍ ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနတွင်ဖွင့်ထားသော ထာဝရငွေပဒေသာပင်အတွက် အောက်ဖော်ပြပါအလှူရှင်ဖြစ်သည့်
ကျောက်ကြီးမြို့၊ တုံးတောရွာနေ
ကိုတင့်နိုင်လင်း + မစိန်ဖော့ တို့မှ

အလှူငွေ နှစ်သိန်း (၂၀၀၀၀၀) ကျပ် နှင့်
HORC ဝန်ထမ်းများ အုန်းထမင်း+ကြက်သားဟင်း ချက်စားနိုင်ရန်အတွက် ငွေကျပ် သုံးသိန်း (၃၀၀၀၀၀) ကျပ်တို့ကို
ဌာနအုပ်ချုပ်ရေးအဖွဲ့သို့
၄.၂.၂၀၂၆ နေ့တွင် ထည့်ဝင်လှူဒါန်းခဲ့ပြီးနောက် ဌာနမှ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်စဥ်။
အလှူရှင်မိသားတစု ကျန်းမာလို့ ချမ်းသာကြပါစေ။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အမှတ်တရပေးသော 2026 ခုနှစ် new uniform နှင့် ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန (...
02/02/2026

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အမှတ်တရပေးသော 2026 ခုနှစ် new uniform နှင့် ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန (HORC) ဝန်ထမ်းများ အမှတ်တရ ✨

" တောင်ပေါ်မြို့ ပြင်ဦးလွင်မှ  ရွှေတံဆိပ် ၄ခု  ရေကူးချန်ပီယံသို့"မြစ် ချောင်းအင်းအိုင်နည်းပါးတဲ့  တောင်ပေါ်မြို့ ပြင်ဦ...
31/01/2026

" တောင်ပေါ်မြို့ ပြင်ဦးလွင်မှ ရွှေတံဆိပ် ၄ခု ရေကူးချန်ပီယံသို့"
မြစ် ချောင်းအင်းအိုင်နည်းပါးတဲ့ တောင်ပေါ်မြို့ ပြင်ဦးလွင်မှာ ရေးကူးချန်ပီယံ ပေါ်ထွန်းလာခဲ့သည် ဆိုတာ သင်ယုံကြည်ဖို့ ခဲယင်းလိမ့်မည်။ သိုသော် ထိုသံသယစိတ်များကို ပြင်ဦးလွင်မှ မောင်ညီညီ လင်းထက် (၂၁) နှစ်ကသက်သေပြလိုက်ပါသည်။
မွေးရာပါ ခြေလက်အင်္ဂါ မပြည့်စုံသူမို့ (ဘယ်လက် တံ တောင်ဆစ်အောက်ကလွဲလို့ ကျန်ခြေလက် မပြည့်စုံ) မွေးမိဘများက မလိုချင်သည့်အတွက် မောင်ညီညီလင်းထက် တစ်ယောက် အဘိုးအဘွားရဲ့ ပြုစုစောင့်ရှောက်မှု နဲ့ ခက်ခက်ခဲခဲကြီးပြင်းလာရသည်။
ရွှေတံဆိပ် ၄ခု ပိုင်ရှင် ဆိုပြီး ကနဦးတွင်ရေကူး တတ်သည်မထင်မှတ်လိုက်ပါနှင့်။
လူမှု ရေးအဖွဲ့စည်းဧ။် ကူညီပံ့ပိုးမှုဖြင့် ၂၀၂၄ခုနှစ် အသက်၂၀နှစ်လောက်မှ ညီညီလင်းထက် တစ်ယောက်မြောက်ဒဂုံ မသန်စွမ်းအားကစား လေ့ကျင့်ရေးစခန်း ရှိ ရေကူးကန် နှင့် ပထမဆုံး ထိတွေ့ရသည်။
ရေကူးသင်ယူရသည်မှာ မည်မျှခက်ခဲကြောင်း ရေကူးသင်ယူခဲ့ဖူးသူတိုင်း ပိုမိုသိရှိပါသည်။
သို့သော် နည်းပြဧ။် ကိုယ်ဖိရင်ဖိ အားစိုက် သင်ကြားပေးမှုနှင့် ညီညီလင်းထက် ဧ။် မလျော့သော ဇွဲလုံ့လ ကြောင့် ၂နှစ်တာအတွင်း (၂၀၂၅) ရေကူးတွင် ပြိုင်ပွဲဝင်ရန် စံချိန်တခုအထိ ရရှိလာသည်။
ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ၂၀၂၆ အာဆီယံ ရေကူးပြိုင်ပွဲ သည် ညီညီလင်းထက် အတွက် ပထမဦးဆုံး ပြိုင်ပွဲဖြစ်သည်။ ပြိုင်ပွဲအတွေ့ကြုံရရှိဖို့ သို့မဟုတ် အဆုံးစွန် ကြေးတံဆိပ် တခုခုသာ ဆွတ်ခူး ရယူနိုင်မည်ဟုသာ နည်းပြ၊ အသင်းသားများက မျော်လင့်ထားကြသည်။
သို့သော် အားလုံးမျော်လင့်ချက်ကို ကျော်လွန်ပြီး ရှိရှိသမျှ ရေကူး ပြိုင်ပွဲအမျိုးစားအားလုံးကို သာမန်လူမလုပ် ဆောင်နိုင်သော်လည်း ညီညီလင်းထက် တစ်ယောက် ရွှေတံဆိပ် ၄ခု ရယူပေးလိုက်သည်။
ညီညီလင်းထက်ရဲ့ ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုတဲ့အနေနဲ့ ပြိုင်ပွဲပြီးပြီးချင်း ရွှေတံဆိပ် ဆု တစ်ခုစီကို နိုင်ငံတော်မှ ဒေါ်လာ ၃၀၀၊ က မ္ဘောဇအုပ်စုမှ ဆုတံဆိပ်တစ်ခုလျင် ထိုင်းဘတ်ငွေ တစ်သိန်းစီ အပြင် လာမည့်နိုင်ငံတော် ဂုဏ်ပြုပွဲ၌လည်း ဆုတစ်ခုချင်းစီ ငွေကျပ် သိန်း ၃၀၀ ထပ်မံ ချီးမြှင့် ခြင်းခံရအုံးမည် ဖြစ်ပါသည်။
ဤဆုနဲ့ ချီးမြှင့်ငွေ ရရှိလို့ ညီညီလင်းထက် တစ်ယောက် မျက်ရည်ကျ ပျော်ရွှင်ရပါသည်။
"ကျွန် တော်ရရှိတဲ့ ဆုကြေးတွေနဲ့ အရင်းဦးဆုံး ကျွန်တော်ကို ခက်ခက်ခဲခဲ ပြုစုစောင့်ရှောက်ပျိုးထောင်ပေးခဲ့တဲ့ အဘိုးအဘွားကို နေစရာ အိမ်လေးတစ်လုံး ဆောက်လုပ်ပေးမယ်လို့ ညီညီလင်းထက် ကရင်ဖွင့် ပြောပြခဲ့ပါသည်။
"ထို့အပြင် ကျွန်တော်ဒီဆုတံဆိပ် ရရှိနိုင်အောင် ကူညီပေးကြတဲ့ သင်ဆရာ မြင်ဆရာ အားလုံးကိုလည်း ရင်ထဲမှာ လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါကြောင်း ညီညီလင်းထက် ကထပ်လောင်း ပြောကြားခဲ့ပါတယ်"
မသန်စွမ်းသူတွေကို အဖက်ဖက်က မှန်ကန် သောကူညီပံ့ပိုးမှုသာ ပြုလုပ်ပေးလျင် အောင်မြင်မှု ရယူနိုင်ကြောင်းကို ညီညီလင်းထက် တစ်ယောက် သက်သေထူပေးလိုက်ပါသည်"

HORC မိသားစု၏ နှစ်စဉ်ကျင်းပသော ထမနဲထိုးပွဲကို ဝန်ထမ်းများနှင့်ဝန်ဆောင်မှုလာယူသူများ စုပေါင်းကျင်းပခဲ့ပါသည်။
30/01/2026

HORC မိသားစု၏ နှစ်စဉ်ကျင်းပသော ထမနဲထိုးပွဲကို ဝန်ထမ်းများနှင့်ဝန်ဆောင်မှုလာယူသူများ စုပေါင်းကျင်းပခဲ့ပါသည်။

25/01/2026

ဒီနေ့မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲ တွင် မြန်မာနှင့် အင်ဒို ထိုင်လျက်ဘော်လီဘော ဗိုလ်လုပွဲကို YouTube မှာ "13th ASEAN Para Games 2025 live" ရိုက်ထည့်ပြီး ပွဲစဥ် တိုက်ရိုက်ကြည့်ရှု အားပေးကြပါအုံးလို့

နိုင်ငံကိုယ်စားပြု ၂၀၂၅ အာဆီယံ မသန်စွမ်းအာကစားပြိုင်ပွဲ ငွေတံဆိပ် ၁ခု၊ ကြေးတံဆိပ် ၂ခု ဆုရှင် ကယားသူလေး "နော်ရော်လာဝင်း" ...
24/01/2026

နိုင်ငံကိုယ်စားပြု ၂၀၂၅ အာဆီယံ မသန်စွမ်းအာကစားပြိုင်ပွဲ ငွေတံဆိပ် ၁ခု၊ ကြေးတံဆိပ် ၂ခု ဆုရှင် ကယားသူလေး "နော်ရော်လာဝင်း" ဘယ်အစွန်

"ကော့ကရိတ်ရွာလေးတစ်ရွာမှ နိုင်ငံဂုဏ် ဆောင်၂၀၂၅ အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲ အလျားခုန် ရွှေတံဆိပ် ဆုရှင်" နန်းစန်းရတ...
24/01/2026

"ကော့ကရိတ်ရွာလေးတစ်ရွာမှ နိုင်ငံဂုဏ် ဆောင်၂၀၂၅ အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲ အလျားခုန် ရွှေတံဆိပ် ဆုရှင်" နန်းစန်းရတနာထွန်း
၂၄ရက်နေ့ မီတာ ၁၀၀ အပြေး ကြေးတံဆိပ်ဆုတစ်ခုထပ်တိုး

ထိုင်လျက် ဘော်လီဘော  မြန်မာ vs ထိုင်း ပြိုင်ပွဲ
23/01/2026

ထိုင်လျက် ဘော်လီဘော မြန်မာ vs ထိုင်း ပြိုင်ပွဲ

ASEAN Para Games 2025 – SITTING VOLLEYBALL DAY 3

Mr.Leo မိသားစုမှ Service Usersများအားနံနက်ခင်းစာမုန့်ဟင်းခါး လ္ဘက်ရည်နှင့်အဝတ်အထည်များ လှူဒါန်းမှုအစီအစဥ်လေးပါ။အလှူရှင်မ...
21/01/2026

Mr.Leo မိသားစုမှ Service Usersများအားနံနက်ခင်းစာမုန့်ဟင်းခါး လ္ဘက်ရည်နှင့်အဝတ်အထည်များ လှူဒါန်းမှုအစီအစဥ်လေးပါ။
အလှူရှင်မိသားစု ကျန်းမာချမ်းသာပြီးလိုရာဆန္ဒအဝဝပြည့်စုံပါစေလို့ HORC team မှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 😇

Address

Hpa-an
13011

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+959401595904

Website

Alerts

Be the first to know and let us send you an email when Hpa-an Orthopaedic Rehabilitation Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share