17/05/2026
🩺 သွေးပေါင်ချိန် တိုင်းတာတဲ့အခါ မှန်ကန်ဖို့ လိုအပ်တဲ့ အချက်များ
သွေးပေါင်ချိန်ကို မှန်ကန်စွာ တိုင်းတာနိုင်ဖို့ ဒီအချက်တွေကို လိုက်နာပါ👇
✅ သွေးပေါင်မတိုင်းခင် ၅ မိနစ်ခန့် အနားယူပါ
✅ သွေးပေါင်မတိုင်းခင် မိနစ် ၃၀ အတွင်း ကော်ဖီ/လက်ဖက်ရည်သောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း မပြုလုပ်ပါနဲ့
✅ တိုင်းတာနေစဉ် စကားမပြောပါနဲ့
✅ ကျောကို ထိုင်ခုံနောက်မှီပေးထားပါ
✅ ခြေထောက်ကို ကြမ်းပြင်ပေါ် တည့်တည့်ထားပါ
✅ လက်မောင်းကို စားပွဲပေါ်တင်ပြီး နှလုံးအမြင့်နဲ့ တန်းညီထားပါ
✅ Cuff (လက်ပတ်) ကို လက်မောင်းအရွယ်အစားနဲ့ ကိုက်ညီတဲ့ size အသုံးပြုပါ
✅ အဝတ်အထူပေါ် မတင်ဘဲ bare arm (သို့) အဝတ်ပါးပေါ်တွင် တိုင်းပါ
✅ Digital BP စက်ပေါ်က တိုင်းတာချက်ကို တိတိကျကျ မှတ်တမ်းတင်ပါ (မခန့်မှန်းပါနဲ့)
📌 သွေးပေါင်ချိန်ကို မှန်ကန်စွာ တိုင်းတာခြင်းက
နှလုံးရောဂါ၊ လေဖြတ်ရောဂါ နှင့် သွေးတိုးရောဂါတွေကို စောစီးစွာ သိရှိနိုင်ဖို့ အရေးကြီးပါတယ်။
💙 ကျန်းမာရေးကို ဂရုစိုက်ဖို့ သွေးပေါင်ချိန်ကို မှန်မှန်စစ်ဆေးကြပါစို့။