May Zin- Yangon

May Zin- Yangon Real Esate Business

နူတ်ကျန်ဂရန် ဝယ်မည်ဆိုပါက သတိထား-===========================(၂) ပူးတွဲပိုင် ဂရန်မြေကို အပြန်အလှန်စွန့်လွှတ်စာချုပ်ပြုလုပ...
05/02/2026

နူတ်ကျန်ဂရန် ဝယ်မည်ဆိုပါက သတိထား-
===========================

(၂) ပူးတွဲပိုင် ဂရန်မြေကို အပြန်အလှန်စွန့်လွှတ်စာချုပ်ပြုလုပ်ကြပြီး တစ်ဖက် သတ် ဂရန်ခွဲထွက်သွားမည်ဆိုပါက ကျန်တဲ့အခြမ်းသည် "နူတ်ကျန်ဂရန်"လို့ ဆို ရပေမည်။

ပေ (၄၀×၆၀) ဂရန်မြေအား A နှင့် B သည် ပူးတွဲပိုင်ဆိုင်ထားပါစို့။

ပေ (၂၀×၆၀) စီ ခွဲကြမည်ဆိုပါက A ကလည်း B ရယူမည့်အခြမ်းဘက်ကို စွန့်လွှတ်ရပေမည်။ ထိုနည်းတူစွာ B ကလည်း A ရယူမည့်အခြမ်းဘက်ကို စွန့်လွှတ်ရပေမည်။ ဒါ့ကြောင့် အပြန်အလှန်စွန့်လွှတ်စာချုပ် ချုပ်ဆိုရမည်။

ယင်းစွန့်လွှတ်စာချုပ် ချုပ်ဆိုပြီးနောက် A နှင့် B (၂) ဦးတစ်ပြိုင်တည်း ဂရန်ခွဲထွက်မပြုလုပ်ဘဲ A ဆိုတဲ့ တစ်ဦးက ဂရန်ခွဲထွက်မည်ဆိုပါက ယင်းလူသည် ပေ (၂၀×၆၀) ဆိုတဲ့ ဂရန်ခွဲ စာအုပ်အသစ် တစ်အုပ်ရရှိသွားပါမည်။

ကျန်ရှိ B မှာတော့ မူလဂရန်စာအုပ်ပဲကျန်ရှိခဲ့ပြီး ယင်းစာအုပ်၏ ပထမစာမျက် နှာတွင် မင်နီဖြင့် ကန့်လန့်ဖြတ်ရေးသားမှတ်သားထားသည်မှာ---

[ A၊ B နှစ်ဦးတို့အနက်မှ အမည်ပေါက်တစ်ဦးဖြစ်သည့် B ထံမှ စွန့်လွှတ်စာချူပ်ကို့ အထောက်အထားပြု၍ A အမည်ဖြင့် ပေ (၂၀×၆၀) အား မြေကွက်အမှတ် (၁၂၁၄/ က) ဖြင့် ဂရန်ခွဲထုတ်ပေးပြီး ဖြစ်ပါသဖြင့်...(မူလအမည်ပေါက် A၊ B အမည်ဖြင့် ကျန်ဧရိယာ ပေ (၂၀×၆၀) အား မြေကွက်အမှတ် (၁၂၁၄/ခ) ဖြင့် ကျန်ရှိပါသည်)။ ]

အဆိုပါ နူတ်ကျန်ဂရန် ပေ (၂၀×၆၀) သည် A၊ B အမည်ဖြင့် ဆက်လက်ကျန်ရှိနေသေးကြောင်း ထင်ရှားမြင်သာပါသည်။

Crd- @ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417

🚫 Pls Do Not Copy 🚫

#နူတ်ကျန်ဂရန်
#ဂရန်မြေ
#အိမ်ခြံမြေ

 #အိုးအိမ်တိုက်ခန်းဝယ်ပြီး Owner Book အမည်ပေါက်ရချင်သူများ အတွက်=================================================အိုးအိမ...
18/01/2026

#အိုးအိမ်တိုက်ခန်းဝယ်ပြီး Owner Book အမည်ပေါက်ရချင်သူများ အတွက်
=================================================

အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ရပါတယ်။ "နှစ်ဦးသဘောတူ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်" ချုပ်ရမှာပေါ့။

ပထမဦးစွာ အရောင်းအဝယ်မပြုလုပ်ခင်---

အရှုပ်အရှင်း ရှိ/မရှိတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသင့်ပါတယ်။ ထို့ ပြင်အိုးအိမ်မှာ ရှိ/ မရှိ စုံစမ်း ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ၊

ပိုပြီးသေချာအောင် လူသိရှင်ကြား သိအောင် မြန်မာ့အလင်း/ကြေးမုံ သတင်းစာကြော်ငြာလိုက်ပါ။

စာချုပ်ပြီးတာနဲ့ တိုက်ခန်းကို အရယူမယ်။ ကိုယ့်သော့နဲ့ ပြောင်းပြီး ခတ်မယ်။
ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီးဆောင် ရွက်ပေးဖို့ လိုပါတယ်။

တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ရတယ်။
--------------------------------------------------------------------
အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။

ဒီလိုလျှောက်မယ်ဆိုရင်တော့မိမိဝယ်ယူထားတဲ့အခန်းရဲ့ရှေ့တည့်တည့်က(၄-၆) ဓါတ်ပုံ(၁)ပုံ၊ ခေါင်းရင်းဘက်ခြမ်းကဓါတ်ပုံ(၁)ပုံ၊ ခြေရင်းဘက်ခြမ်းက ဓါတ်ပုံ(၁)ပုံစုစုပေါင်းဓါတ်ပုံ(၃)ပုံနဲ့တကွ ယာယီတိုက်ခန်းအရောင်းအဝယ် ကတိစာ ချုပ်ဝယ်ယူ/ရောင်းသူတို့ရဲ့မှတ်ပုံတင်/အိမ်ထောင်စုစာရင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်ရေးရုံးမှာအခွန်ထမ်းဆောင်ဖို့တင်ပြရပါတယ်။

အခွန်နှုန်းကတော့ -----

(၃%)ပဲဆောင်ရပါတယ်။မြေကွက်မဟုတ်တဲ့အတွက်..တံဆိပ်ခေါင်းဖိုး (၄%)မဆောင်ရဘူးလေ။

အခွန်ထမ်း ဆောင်ထားတဲ့ ပြေစာနှင့်အတူ ပိုင်ဆိုင်မူစာရွက်စာတမ်းများ ယူ ဆောင်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လျှောက်ထားရပါမည်။

ဌာနမှ ကွင်းဆင်းစစ်ဆေးခြင်း၊ သတင်းစာကြေညာထည့်သွင်းခြင်း ဆောင်ရွက်ပြီး ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ Owner Book အမည်ပြောင်းလဲပေးပါမည်။

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

အိုးအိမ်တိုက်ခန်း အမည်ပြောင်း ဝန်ဆောင်မှု

09 986 252 417

#ဥပဒေ
#အိုးအိမ်တိုက်ခန်း
#ဧရာချမ်းသာ

#တိုက်ခန်း

 #ဘဏ်ချိတ် ဖြင့်ဝယ်ယူမည်ဆိုပါက သိထားသင့်သည့်အချက် ၃ ချက်=============================================အိမ်ခြံမြေအား ဘဏ်ချ...
02/01/2026

#ဘဏ်ချိတ် ဖြင့်ဝယ်ယူမည်ဆိုပါက သိထားသင့်သည့်အချက် ၃ ချက်
=============================================

အိမ်ခြံမြေအား ဘဏ်ချိတ်ဖြင့်ဝယ်ယူမည် ဆိုပါက ရောင်းချသူ၊ ဝယ်ယူသူများအနေဖြင့် လိုအပ်သည့်စာရွက်စာတမ်းများအား မိမိချိတ်ဆက်မည့် ဘဏ်၏ သတ်မှတ်ထားသည့် စာရွက်စာတမ်း အထောက်အထားများပြသပေးရမည်ဆိုတာ အားလုံးနားလည်းကြပြီဆိုတော့ အထူးအထွေတင်ပြစရာမလိုတော့ပါဘူး။

ယခုတင်ပြသွားမှာကတော့---
ဘဏ်ချိတ်ဖြင့် အိမ်ခြံမြေဝယ်ယူမည်ဆိုပါက အောက်ပါအချက် (၃)ချက်များကိုတော့ သတိထားစေချင်ပါတယ်။

၁။ စရန်ငွေပေးပြီးနောက် အကြောင်းကြောင်းကြောင့် ဘဏ်မှ ချေးငွေမရရှိပါက မိမိအနေဖြင့် ကျန်ငွေအား ပေးချေနိုင်ရန် အင်အားရှိပါသလား။

၂။ ဆက်လက်ပေးချေရန်အင်းအားမရှိပါက ပေးချေထားသည့်စရန်ငွေ အဆုံးအ ရှုံးခံနိုင်ပါ့မလား။

၃။ ဘဏ်မှ ချေးငွေခွင့်မပြုပါက ပေးချေထားသည့်စရန်ငွေအား မဆုံးရှုံးစေရန် ရောင်းသူ/ဝယ်သူကြား ဘယ်လိုကတိကဝတ်တွေ ထည့်သွင်းချုပ်ဆိုထားသင့်မလဲ။

ဘဏ်ချိတ်နဲ့ပတ်သတ်၍ ဆရာ့ကိုယ်တွေ့လေး တစ်ဆက်တည်းတင်ပြပေးလိုက်ပါ့မယ်-

မိတ်ဆွေ​တစ်​ဦးက ဂရန်မြေအမည်ပေါက်သူထံမှ ဘဏ်ချိတ်ဖြင့် ဝယ်ယူမှာမို့ ရောင်းချသူထံမှ စာရွက်စာတမ်းများ စိစစ်ပေးရန် အကူအညီတောင်းခံလာသ ဖြင့် သွားရောက်၍ စစ်ဆေးရာ-

ပိုင်ဆိုင်မှု ခိုင်မာတယ်ဆိုပြီး စရန်စွတ်မချလိုက်ပါနဲ့။
-------------------------------------------------------------‐------
ပိုင်ဆိုင်မှုအနေဖြင့် ရောင်းသူ၏ ဂရန်အမည်ပေါက် ဖြစ်နေ၍ ပြဿနာမရှိပါ။

ပြဿနာက ဒီကစပါပြီ_ ရောင်းချသူ၏ ဂရန်မြေက ပေ (၄၀×၆၀) အနက်မှ ပေ (၁၀×၆၀) က အခြားသူအား ခွဲခြမ်းရောင်းချထားပြီး ၎င်းပိုင်ဆိုင်တဲ့ ပေ ( ၃၀ × ၆၀) ပေါ်မှာ ဆောက်ထားတဲ့ အဆောက်အဦးကို ဘဏ်ချိတ်နဲ့ ဝယ်မှာပါ။

သို့သော်ဂရန်ခွဲစိတ်အနေဖြင့်ပြုလုပ်ဖို့ကလည်း မရပါတော့ မူလအမည်ပေါက်သူကပဲ ပေ (၄၀×၆၀) ဂရန်ပဲဆက်လက်ကိုင်ဆောင်ထားပါတယ်။ ယင်းအခြေအနေအရ ဘဏ်က လုံးဝလက်မခံပါ။

ဘဏ်ချိတ်အနေဖြင့်အဆင်ပြေအောင် ပေ (၄၀× ၆၀) ဂရန်အား ရောင်းချသူက ပိုင်ဆိုင်ပါတယ်ဆိုပြီး ဝယ်ယူသူအမည်ပေါက်ပြောင်းလိုက်၍ ဘဏ်အား အာမခံအနေဖြင့် ပေးထားမယ်ဆိုင်ရင် ဘဏ်က လက်ခံမယ်သော်လည်း ပေ (၁၀×၆၀) ပိုင်ဆိုင်တဲ့တစ်ဖက်က လက်ခံပါ့မလား။

အကြံပြုချက်
------------------
အထက်ပါ အခြေအနေများကြောင့် မိတ်ဆွေအား အဆိုပါ ဂရန်မြေကွက်အား မဝယ်ယူရန် အကြံပြုလိုက်ပါတယ်။

🚫Pls Do Not Copy🚫

နှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ🙏

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

Tele Link - https://t.me/Legalservi

Viber No- 09 986 252 417

#ဘဏ်ချိတ်

#အိမ်ခြံမြေ
#ဂရန်မြေ

ပါမစ်မြေနဲ့ ဂရန်မြေကို ဝယ်ရင် ဘယ်ဟာကပိုပြီးကောင်းသလဲ========================================''ပါမစ်မြေနဲ့ ဂရန်မြေကို ဝယ်...
29/12/2025

ပါမစ်မြေနဲ့ ဂရန်မြေကို ဝယ်ရင် ဘယ်ဟာကပိုပြီးကောင်းသလဲ
========================================

''ပါမစ်မြေနဲ့ ဂရန်မြေကို ဝယ်ရင် ဘယ်ဟာကပိုပြီးကောင်းသလဲ ဆရာ''ဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ အကြံတောင်းခံလာပါသဖြင့်---

'' ၂ ခု စလုံးကောင်းတာချည်းပါပဲ။ ဒါပေမယ့် စာရွက်စာတမ်းခိုင်မာပြီး အရှုပ်အ ရှင်း ကင်းရှင်းဖို့က အဓိက အရေးကြီးဆုံးပေါ့ ''။

အမည်ပြောင်းတဲ့ကိစ္စ ဘယ်လိုဆက်လက် ဆောင်ရွက်ရမလဲ ဆရာ
--‐-----------------------------------------------------------------------------------------

#ပါမစ်မြေ ကတော့ ယခင်ကာလတုန်းက အရပ်ရောင်းအဝယ်စာချုပ်အဆက် အစပ်မူရင်းများနှင့် ပါမစ်မူရင်းတင်ပြပြီး လျှောက်ထားသူ အမည်ပေါက် ဂရန် ပြုလုပ်လို့ရပါတယ်။

သို့သော်.. ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ အ စည်းအဝေး အဆုံးအဖြတ်ချက်အရ (၂၉.၇.၂၀၂၄) ရက်နေ့မှစ၍ ပါမစ်အမည်ပေါက်သူမှသာလျှင် ဂရန်အမည်ပေါက် ပြုလုပ်ဆောင်ရွက်လို့ရပါတော့မည်။

ပြီးမှ ဝယ်ယူသူ အနေဖြင့် မိမိအမည်ပေါက်ပြောင်းလဲလိုပါက ကျသင့်သည့် အ ခွန်များထမ်းဆောင်၍ အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်ပြုလုပ်ပြီး ဂရန်အမည်ပြောင်း ဆောင်ရွက်လို့ရပါမည်။

#ဂရန်မြေ ကလည်း ဂရန်အမည်ပေါက်သူထံမှ ဝယ်ယူပြီး မိမိအမည်ပေါက်ပြောင်းလဲလိုပါက ကျသင့်သည့်အခွန်များထမ်းဆောင်၍ အရောင်းအဝယ် စာ ချုပ်အား မှတ်ပုံတင်ပြုလုပ်ပြီး ဂရန်အမည်ပြောင်း ဆောင်ရွက်လို့ရပါမယ်။

#ဂရန်ဂတုံး ဆိုရင်လည်း 👇 အောက်ပါ့လင့်တွင် အသေးစိတ်ဖော်ပြထား-

https://m.facebook.com/story.php?story_fbid=122156025536803541&id=61574106233251&mibextid=Nif5oz

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🙏🙏

🚫Pls Do Not Copy🚫

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

https://t.me/Legalservi

Viber No- 09 986 252 417

Address

Insein
11012

Telephone

+959974760443

Website

Alerts

Be the first to know and let us send you an email when May Zin- Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share