Mega-3 Medical Online Mart

Mega-3 Medical Online Mart We are an online pharmacy shop that delivers door-to-door home remedies for every family.

01/10/2025

Check out TDN clinic’s video.

သင့်အနေနဲ့ . .ရောဂါဖြစ်မှ ဆေးကုမယ်ဆိုတဲ့ အတွေးမျိုး ရှိမနေရင်တော့ . သဘာဝရဲ့ လက်ဆောင်မွန်တစ်ခုဖြစ်တဲ့ရဲယိုသီး ဖျော်ရည်ကို...
03/04/2022

သင့်အနေနဲ့ . .
ရောဂါဖြစ်မှ ဆေးကုမယ်ဆိုတဲ့ အတွေးမျိုး ရှိမနေရင်တော့ .
သဘာဝရဲ့ လက်ဆောင်မွန်တစ်ခုဖြစ်တဲ့
ရဲယိုသီး ဖျော်ရည်ကို အိမ်မှာ ဆောင်ထားဖို့ လိုပါလိမ့်မယ် .

ရဲယိုသီး ဖျော်ရည်ဟာ .
ဖြည့်စွက်သောက်ရတဲ့ ကျန်းမာရေး ဖျော်ရည်တစ်ခုအနေနဲ့တောင်
ကောင်းကျိုးတွေ အများကြီး ရှိနေတာကြောင့်
အိမ်မှာဆောင်ထားသင့်တာကတော့ မမှားပါဘူး.

ဘာကြောင့်ဆို . .
ရဲယိုသီးဖျော်ရည်မှာ Vitamin C ကြွယ်ဝစွာ ပါဝင်တာကြောင့်
ကိုယ်ခံစွမ်းအားအတွက် အထူးကောင်းမွန်တဲ့အပြင်
အသားအရေကောင်းစေပြီး အရွယ်တင်နုပျိုစေပါတယ်။

ဒါ့အပြင် . .
အဆစ်ကိုက်၊ ပန်းနာ၊ ကင်ဆာ ရောဂါတို့မှ ကာကွယ်ရာတွင် အသုံးပြုကြသလို
ပုံမှန်အားဖြင့် အိပ်ရေးဝတာ၊ စိက်ကြည်လင်တာ၊ ဝမ်းမှန်၊ အကိုက်အခဲပျောက်တဲ့
ဝေဒနာများမှလဲ ကင်းဝေးစေတာအမှန်ပါ။

မြန်မာဆေးကျမ်းမှာကတော့ ရဲယိုသီးနဲ့ ထန်းလျက် ဆားအိုးထဲထည့်စားရင်
အသက်ရှူလမ်းကြောင်းအတွက် ကောင်းတယ်လို့လဲ လေ့လာတွေ့ရှိထားကြပါတယ်။

ကဲ . .
ရဲယိုအစွမ်း၊ အံ့မခန်း အကြောင်းကတော့
ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ.

အရေးကြီးတာ . .
ဒီလို အစာလဲဆေး၊ ဆေးလဲအစာ အဖြစ် အသုံးပြုနိုင်တဲ့
ရဲယိုသီး ဖျော်ရည်ကို သင့်မိသားစုအတွက် ဝယ်ယူထားချင်ရင်တော့ .
အရောအစပ်လုံးဝမရှိဘဲ သဘာဝရဲယိုသီးစစ်စစ်မှသာ
ပေါင်းခံထုတ်လုပ်ထားတဲ့ #စွမ်းပြည့်သဘာဝရဲယိုသီးဖျော်ရည် ကို
Mega-3 Medical Online Mart ကနေ မှာယူနိုင်ပါြ့ပီ. .

ဈေးနှုုန်းကတော့ .
750 ml ပါ တစ်လုံးကို
၆၀၀၀ (ခြောက်ထောင်) ကျပ်ပါ။

မှာယူချင်သူများအနေနဲ့ . .
- Messenger (သို့) 09450001626 သို့
အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် ပေးပို့၍ ဆက်သွယ်မှာယူနိုင်ပါပြီ။
နယ်မှ မှာယူလိုသူများအနေနဲ့. .ငွေကြိုရှင်းစနစ်ဖြင့်
ကားဂိတ်အရောက်ပို့ဆောင်ပေးပါမယ်။

ကျေးဇူးတင်ပါတယ်။

သင့် မိသားစုအတွက်. . လိုအပ်တဲ့ ဆေးဝါးများ . .အိမ်မှာနေရင်း မှာယူနိုင်ဖို့
Mega3 Medical Online Mart ကို ဆက်သွယ်လိုက်ပါ။

-3

#စွမ်းပြည့်_သဘာဝရဲယိုရည်

စိုပြေဝင်းမွတ်တဲ့ အသားအရည်နဲ့အတူအရွယ်တင် လှပချင်ကြတာဟာ မိန်းကလေးအမျာ:စုရဲ့ အိပ်မက်ပါ။ ဒီလို အရွယ်တင်နုပျိုစေဖို့ . . သဘာ...
02/04/2022

စိုပြေဝင်းမွတ်တဲ့ အသားအရည်နဲ့အတူ
အရွယ်တင် လှပချင်ကြတာဟာ
မိန်းကလေးအမျာ:စုရဲ့ အိပ်မက်ပါ။

ဒီလို အရွယ်တင်နုပျိုစေဖို့ . .
သဘာဝ ငါးအဆီကနေထုတ်လုပ်ထားပြီး
အိုမီဂါသရီး ကြွယ်ဝစွာပါဝင်တဲ့ ငါးကြီးဆီကို
ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

အိုမီဂါသရီးက အရေပြားအပေါ်ယံလွှာရဲ့ ဆဲလ်အမြှေးပါးလေးများကို ပိုမိုကောင်းမွန်လာစေအောင် ကူညီပေးနိုင်တဲ့အပြင်
အရေပြားဆဲလ်အတွင်းရှိ ရေဓာတ်ကို ထိန်းထားပေးတာကြောင့်
အရေးအကြောင်းတွေ ဖြစ်မလာအောင်လည်း ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုမဖြစ်အောင်လည်း ကူညီပေးတာဖြစ်လို့ OMG-3 ကို အခုပဲ ဝယ်ယူပြီး Skin Care ကြမယ်နော်။

မှာယူချင်သူများအနေနဲ့ . .
CB (သို့) Messenger သို့
အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ဖြင့် ပေးပို့မှာယူနိုင်သလို
☎-09450001626 သို့လည်း
ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်..

ဈေးနှုုန်းအနေနဲ့ကတော့ . .
အလုံး(၃၀)ပါ တစ်ဗူးကို - ၄၀၀၀ ကျပ်
ရန်ကုန်မြို့အတွက် အိမ်အရောက်ငွေရှင်းစနစ်ဖြင့် မှာယူနိုင်ပါတယ်..

/** ရန်ကုန်မြို့အတွင်း (၃)ဗူးနှင့်အထက် မှာယူပါက delievery free ပါ။ **/
- နယ်မြို့များအတွက်လည်း ငွေကြိုရှင်းစနစ်ဖြင့် ကားဂိတ်အရောက်ပို့ဆောင်ပေးနေပါပြီ . .
အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ ဘဝမျိုး ပိုင်ဆိုင်နိုင်ကြပါစေ။




-3

သင့်နေ့စဉ်ဘဝထဲက . . အရက်ဘီယာနှင့်ဆေးလိပ်၊အဆီအဆိမ့်နှင့်အပူအစပ်၊ ဓာတုဆိုးဆေးတွေနှင့် ဆေးဝါးစတာတွေက သင့်အသည်းအတွက် အန္တရာယ...
31/03/2022

သင့်နေ့စဉ်ဘဝထဲက . .
အရက်ဘီယာနှင့်ဆေးလိပ်၊အဆီအဆိမ့်နှင့်အပူအစပ်၊ ဓာတုဆိုးဆေးတွေနှင့် ဆေးဝါးစတာတွေက သင့်အသည်းအတွက် အန္တရာယ်အဆိပ်အတောက်ဖြစ်နေပြီလား???

ဒါဆို သင့်အသည်းကျန်းမာရေးကိုအားဖြည့်ပေးပြီး အဆိပ်အတောက်ဓာတ်များ ဖယ်ရှားပေးဖို့ 𝐇𝐞𝐩𝐚𝐩𝐥𝐮𝐬(ဟက်ပါပလပ်စ်) အသည်းအားဖြည့်စာကို ဆောင်ထားဖို့လိုပြီနော်...🧡🧡🧡

🔶 𝐇𝐞𝐩𝐚𝐩𝐥𝐮𝐬(ဟက်ပါပလပ်စ်)မှာဆိုရင် အသည်းကျန်းမာရေးကိုထောက်ပံ့ပေးမယ့်
𝐏𝐨𝐰𝐞𝐫𝐟𝐮𝐥 𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭𝐬 တွေအနေနဲ့
𝐄𝐏𝐋(𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐩𝐡𝐨𝐬𝐩𝐡𝐨𝐥𝐢𝐩𝐢𝐝𝐬) ,
𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁 𝐜𝐨𝐦𝐩𝐥𝐞𝐱 ,
𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐄 တို့ပါဝင်တဲ့အတွက်ကြောင့် နေ့စဉ်သောက်သုံးခြင်းဖြင့် အသည်းကျန်းမာရေးအတွက် လိုအပ်သောအာဟာရဓာတ်များကိုရရှိစေနိုင်ပါတယ်...💯💯💯

🔶သင့်အသည်းရဲ့ ဘော်ဒီဂတ်အဖြစ် အမြဲစောင့်ရှောက်ပေးနိုင်ဖို့ 𝐇𝐞𝐩𝐚𝐩𝐥𝐮𝐬(ဟက်ပါပလပ်စ်) ကိုတစ်ခါသောက် (၂) လုံး၊
(၃)ကြိမ် နေ့စဉ်ပုံမှန်သောက်သုံးပေးနိုင်ပါတယ်...💊💊💊

ဈေးနှုုန်းကတော့ .
HEPAPLUS အလုံး(၃၀) ပါ တစ်ဘူးကို
၉,၉၀၀ (ကိုးထောင့်ကိုးရာ) ကျပ်ပါ။

မှာယူချင်သူများအနေနဲ့ . .
- Messenger (သို့) 09450001626 သို့
အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် ပေးပို့၍ ဆက်သွယ်မှာယူနိုင်ပါပြီ။

နယ်မှ မှာယူလိုသူများအနေနဲ့. .ငွေကြိုရှင်းစနစ်ဖြင့်
ကားဂိတ်အရောက်ပို့ဆောင်ပေးပါမယ်။

ကျေးဇူးတင်ပါတယ်။

သင့် မိသားစုအတွက်. . လိုအပ်တဲ့ ဆေးဝါးများ . .အိမ်မှာနေရင်း မှာယူနိုင်ဖို့
Mega3 Medical Online Mart ကို ဆက်သွယ်လိုက်ပါ။


အသည်းဟာ . . .ခန္ဓာကိုယ်မှာ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်တာနဲ့အညီ သူရဲ့ လုပ်ငန်းဆောင်တာများဟာလည်းအရေးပါလှပါတယ်။  အဓိကလု...
29/03/2022

အသည်းဟာ . . .
ခန္ဓာကိုယ်မှာ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်တာနဲ့အညီ
သူရဲ့ လုပ်ငန်းဆောင်တာများဟာလည်းအရေးပါလှပါတယ်။
အဓိကလုပ်ဆောင်ချက်များကတော့ . .
၁)သွေးတွင်း အဆိပ်အတောက်များဖယ်ရှားပေးခြင်း
၂)ကစီဓာတ်၊ ပရိုတင်းနှင့် အဆီဓာတ်တို့ကို ချေဖျက်ပြီး ကိုယ်ခန္ဓာအတွက် လိုအပ်သည့် စွမ်းအင်ထုတ်ပေးခြင်း
၃) အစာချေဖျက်ရာတွင် အသုံးဝင်မည့် သည်းခြေရည်ထုတ်ပေးခြင်း
၄) ဗီတာမင် နှင့် Glycogen ဓာတ်များ သိုလှောင်ထားပေးခြင်း
၅) Albumin နှင့် သွေးခဲရာတွင် အထောက်အကူပြု သော ပရိုတင်းများထုတ်ပေးခြင်း တို့ဖြစ်ပါတယ်။

အရက်သောက်တဲ့လူတွေပဲ အသည်း ထိခိုက်နိုင်ပါသလား?
မဟုတ်ပါဘူး.. .
🔶𝗡𝗼𝗻-𝗮𝗹𝗰𝗼𝗵𝗼𝗹𝗶𝗰 𝗙𝗮𝘁𝘁𝘆 𝗟𝗶𝘃𝗲𝗿 𝗗𝗶𝘀𝗲𝗮𝘀𝗲 လို့ ခေါ်တဲ့ အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်းရောဂါဟာဆိုရင်နောက်ပိုင်းနှစ်တွေမှာအဖြစ်များလာပြီးအသည်းမှာအဆီပိုတွေစုပြုံလာခြင်း ဖြစ်ပါတယ်...
🔶အသည်းမှာ ပုံမှန်အားဖြင့် အဆီပမာဏ 𝟱%-𝟭𝟬% ရှိတတ်ပေမယ့် အဲ့ဒီထက်များလာရင်တော့ အသည်းအဆီဖုံးနိုင်ခြေလည်း များလာမှာပါ…
🔶 ဒီ 𝗡𝗼𝗻-𝗮𝗹𝗰𝗼𝗵𝗼𝗹𝗶𝗰 𝗙𝗮𝘁𝘁𝘆 𝗟𝗶𝘃𝗲𝗿 𝗗𝗶𝘀𝗲𝗮𝘀𝗲 ရောဂါ ဟာဆိုရင်
⚠️သွေးတွင်းအဆီများခြင်း
⚠️အဝလွန်ခြင်း
⚠️ ဆီးချိုရောဂါရှိခြင်း နှင့်
⚠️ မျိုးရိုးလိုက်ခြင်း စတဲ့ အကြောင်းအရာတွေကြောင့်ဖြစ်နိုင်ပါတယ်...

သင့်အသည်း ကျန်းမာဖို့အတွက် စားသင့်တဲ့ အစားအစာများအနေနဲ့ကတော့ . .

***ကြက်ဥ ပုံမှန် တစ်လုံး/၂လုံးစားပါ အသည်းခြောက်သူတွေက ကြက်ဥအကာ ၄လုံး/၅လုံးစားပါ ဗမာကြက်ဥ/CP အကုန်တည့်ပါတယ် အစိမ်းတော့မစားပါနဲ့

** ကော်ဖီကြမ်း သောက်ပါ (နို့၊ သကြား မထည့်ပါနဲ့ ဘလက်ကော်ဖီလိုမျိုးသောက်သင့်) တစ်ရက် ၂ခွက် သောက်ပါ /အရက်သောက်သူများက ၄ခွက် /၅ခွက် သောက်ပါ

***Greentea လက်ဖက်စိမ်းသောက်ပါ

***ပဲကိုအဓိကစားပါ /အသား၊ ငါး အသင့်အတင့် စားပါ အဆီပါသောငါးတည့်ပါတယ် (ငါးမြည်းဗိုက်သား/ဆယ်မွန်ငါး) အသည်းခြောက်သူတွေက ပရိုတင်း အသားပိုစားပါ လိုအပ်လို့ပါ

***ပန်းမုံလာ/ဂေါ်ဖီစိမ်း တည့်ပါတယ် (Brocoli)

***အခွံမာသီး မကြာမကြာစားပေးပါ

***အသီး အနည်းငယ် စားပါ (ချိုတဲ့အသီးက အသည်းအတွက် မကောင်းပါဘူး) ချဉ်သောအသီး တည့်ပါတယ် အသည်းတအားခြောက်မှသာ လျှော့စားပါ / ပန်းသီး သို့ ထောပတ်သီး တစ်လှည့်စီ စားပေးပါ ဂရိတ်ဖုသီးကလည်း အသည်းအားကောင်းစေပါတယ်

***အုန်းဆီ၊ သံလွင်ဆီ စားပါ (နနွင်းအစစ်နဲ့ ရောသောက်ပါ)

***ကညွတ် စားပါ

***ကြက်သွန်ဖြူ /ကြက်သွန်နီစားပါ

***ဒိန်ချဉ်စားပါ သို့ ကင်ချီ/ချဉ်ပတ်စစ်စစ်တည့်ပါတယ်

*** ရေများများ သောက်ပါ/အသည်းခြောက်ရေဖျဉ်းဆွဲသူတွေကတော့ လျှော့သောက်ပါ တရက် 1Liter တဘူးပဲသောက်ပါ

***ဆိတ်စွတ်ပြုတ်သောက်ပါ/အရိုးပြုတ်ရည် သောက်ပါ

***အိပ်ရေး ဝအောင် အိပ်ပါ

****ဝမ်းမချုပ်ပါစေနဲ့ ဆီးချုပ်ဝမ်းချုပ်ရင် အသည်းက ထိခိုက်ပါတယ်

*** နေပူစာလှုံပါ(နေဓာတ် VitaminD က အသည်းအတွက်အများကြီး အကျိုးများပါတယ် ) မိနစ်၂၀ /၁၅မိနစ်

*** မြေဓာတ်ယူပါ (ဖိနပ်မပါဘဲ မြေကြီး မြက်ခင်း နင်းပေးပါ )

***အိပ်ယာထ ရေနွေးထဲ သံပုရာသီး or သံပုယိုသီး ညှစ်သောက်ပါ

***ရဲယို ဖျော်ရည် မကြာမကြာသောက်ပေးပါ (အစေ့မပါသော ရဲယိုဆေး)

*** ချွေးထွက်အောင် လမ်းမှန်မှန်လျောက်ပါ /လေ့ကျင့်ခဏ်း ပုံမှန်လုပ်ပါ Daily လုပ်သင့်ပါတယ်

***စိတ်ဖိစီးမှုကင်းအောင်နေပါ

***တရားထိုင်နိုင်ရင်တော့ အကောင်းဆုံးပါ

ကဲ . .
အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ ဘဝမျိုး ပိုင်ဆိုင်နိုင်ကြပါစေ။




#အသည်းကိုဂရုစိုက်ပါ
Credit : ဖေ့ဘွတ်ပို့စ်များမှ စုစည်းတင်ပြပါသည်။

ရဲယိုလို့ ကြားလိုက်တာနဲ့ ကျွန်တော်တို့ မြန်မာလူမျိုးများကတော့ ရဲယိုရွက်နဲ့ ငါးဟင်းချက်စားကြတာကို အရင်ဆုံးတွေ့မြင်ကြသလို ...
26/03/2022

ရဲယိုလို့ ကြားလိုက်တာနဲ့ ကျွန်တော်တို့ မြန်မာလူမျိုးများကတော့ ရဲယိုရွက်နဲ့ ငါးဟင်းချက်စားကြတာကို အရင်ဆုံးတွေ့မြင်ကြသလို တချို့ကလဲ ဈေးက ရဲယိုသီးလေးတွေ ဒါမှမဟုတ် အနီးအနားက အလေ့ကျပေါက်ရောက်နေတဲ့ ရဲယိုပင်ရဲ့ အသီးလေးတွေကို မြင်ယောင်နေမိကြမှာပါ။

ဘာလို့ဆို အဲဒီရဲယိုသီးလေးတွေကို ပြုတ်ပြီး ထန်းလျက်၊ ပျားရည် အစရှိသဖြင့် ပြုတ်၍ ယိုအဖြစ်၊ ဖျော်ရည်အဖြစ် စားကြတာတွေလဲ လုပ်လေ့ရှိကြပါတယ်။

ဘာပဲပြောပြော အသေအချာသိနေကြတာကတော့ အရသာက ခါးသက်သက်ရှိတဲ့ သဘောနဲ့ ဒီအပင်ဟာ ဆေးဖက်ဝင်တယ်ဆိုတာပါပဲ။

တကယ်တော့ ဒီအမြင်၊ ဒီအထင်ဟာလဲ မမှားပါဘူး။ ရဲ့ယိုဟာ ကျွန်တော်တို့ မြန်မာဆေးပညာဘက်ကသာမက၊ နိုင်ငံတကာ ဆေးပညာအသိုင်းအဝိုင်းကပါ
ရောဂါပေါင်း တစ်ရာကျော်တို့ရဲ့ ပျောက်ကင်းရာ ဆေးအဖြစ် (သို့) ဖြည့်စွက်ဆေးအဖြစ် ဖော်စပ်ရာမှာ အသုံးပြုနေကြလို့ပါပဲ။

ဒီပို့စ်မှာတော့ အားလုံးကသိနေကြတဲ့ ရဲယိုပင်နဲ့ ပတ်သက်ပြီး ပိုမိုပြီးသိကြစေဖို့ ဖတ်မိသိရှိတာလေးတွေ စုစည်းဖော်ပြ လိုက်ပါတယ်။

ရဲယိုပင်ဟာ . .
ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပြီး အမြဲစိမ်း အပင်ငယ်တစ်မျိုးဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနှံ့ အပြား အထူးသဖြင့် အထက် မြန်မာ ပြည်နှင့် အောက်မြန်မာပြည်များတွင် သဘာဝအလျောက် ကျယ်ပြန့်စွာ အများဆုံး ပေါက်ရောက်တတ်ပါတယ်။

ဒါ့အပြင် ပစိဖိတ်ကျွန်းတွေ၊ အရှေ့တောင်အာရှ၊ သြစတြေးလျ နဲ့ အိန္ဒိယနိုင်ငံတို့မှာလဲ ပေါက်ရောက်ကြပါတယ်။

ရဲယိုက ဘယ်လိုများဆေးဖက်ဝင်တာလဲ . .
ရဲယိုသီးရော ရဲယိုရွက်ကပါ ကျန်းမာရေးအကျိုးကျေးဇူးတော်တေ်ာလေးများပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုဖြစ်သလို ရှေးယခင်ကာလတွေကတည်းက အရေပြားအတွက် ဆေးအဖြစ်အသုံးပြုခဲ့ကြပါတယ်။

အသီးနဲ့ အရွက်တင်မကပါဘူး။ အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း ဆေးဖက်ဝင်ပါသေးတယ်။

ပါဝင်တဲ့အာဟာရဓာတ်တွေက . .
ရဲယိုရွက်၊ ရဲယိုသီးတို့မှာ ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့ သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။
ဒါတွေအပြင် ကင်ဆာ နဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်နေပါသေးတယ်။

အစာလည်း ဆေး၊ ဆေးလည်း အစာလို့ပြောလို့ရအောင်ကို အာဟာရဓာတ်တွေကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ အဝင်တော့နည်းနည်းလေးဆိုးပါတယ်။

မြန်မာ ဆေးကျမ်းများ အလိုအရတော့ . .
ရဲယိုရွက် သည်ခါး၏။ စဉ်းငယ် ပူ၏။ လေနှင့် ဝမ်းကို ရွှင်စေ တတ်၏။
သွေးကို တက်ကြွစေ၏။ ရဲယိုသီး သည်ပူစပ် သောအရသာ ရှိ၍ စဉ်းငယ် ချဉ်၏။ သွေး၊သည်းခြေ၊လေ၊သလိပ် တို့ကို နိုင်၏။ အစာ မကြေ၊လေနာ၊ သည်းခြေနာ တို့ကို နိုင်၏။

အရွက်အနေနဲ့ အသုံးဝင်ပုံကတော့ . .
၁။ ရဲယိုရွက် ကိုပြုတ်၍ တို့စားလျှင် လေချုပ် ရောဂါ၊ ဝမ်းဗိုက်နာ ရောဂါ၊ အာခေါင် ပူလောင် သောရောဂါ၊ သည်းခြေ ဖောက်ပြန်သော ရောဂါနှင့် သွေးတိုး ရောဂါ ပျောက်ကင်း၏။

၂။ ရဲယိုရွက် ကို ငါးမြွေထိုး အသားနှင့် ပြုတ်၍ သုပ်စားလျှင် ပင်လယ် အူနာ ပျောက်သည်။

၃။ ရဲယိုရွက် ကို သုပ်စားပါက နို့ချောင်းပိတ် ရောဂါ၊နို့ရေ ခန်းရောဂါ၊သကျည်း ကိုက်ရောဂါ၊ဝမ်းရစ်နာ ခြင်းနှင့် နှာခေါင်း သွေးလျှံ ခြင်းတို့ကို ပျောက်စေ၏။

၄။ နှလုံး ရောဂါ၊ သွေးသွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် ဒန့်သလွန်ရွက် နှင့် ဟင်းချို ချက်သောက်က ပျောက်စေ၏။

အသီး အနေနဲ့ အသုံးဝင်ပုံကတော့ . .
၁။ ပျားရည်နှင့် ခေါက်စားလျှင် ချောင်းဆိုး ရောဂါနှင့် ပန်းနာ ကို ပျောက်စေသည်။

၂။ ရဲယိုသီး မှည့်ကို ထန်းလျက်နှင့် စားသော် အစာမကြေ ရောဂါ ပျောက်၏။

၃။ အသီးနုကို ပြုတ်၍ သုပ်စားက လေထိုး လေအောင့် နှင့် သွေးတက်ရောဂါ ပျောက်၏။

ပျောက်ကင်းနိုင်တဲ့ ရောဂါအချို့ကတော့. . .
- အကိုက်အခဲပျောက်စေတယ်
ရဲယိုပင်ကို ခေါင်းကိုက်ပျောက်ပင်၊ အကိုက်အခဲပျောက်ပင်လို့တောင်ခေါ်ကြတာမျိုးရှိပါတယ်။

လေ့လာမှုတွေအရ ရဲယိုပင်က အကိုက်အခဲပျောက်စေနိုင်ပြီး လေးဖက်နာဝေဒနာနဲ့ အခြားအဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။

- ကိုယ်ခံအားကောင်းစေတယ်
ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးပါတယ်။
ဘက်တီးရီးယားတွေ အန္တရာယ်ကနေကာကွယ်ပေးသလို တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ရောဂါတွေကနေကာကွယ်ပေးနိုင်ပါ။

- အိပ်ပျော်စေတယ်
ရဲယိုသီး နဲ့ ရဲယိုရွက်က ဆီရိုတိုနင် ဟော်မုန်းနဲ့ မယ်လ်လာတိုနင် ဟော်မုန်းတွေကိုလှုံ့ဆော်ပေးပါတယ်။ စိတ်ခံစားမှုကောင်းမွန်စေပြီး စိတ်ဓာတ်မကျစေဖို့နဲ့ အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို လှုံ့ဆော်ပေးမှတော့ စိတ်ဓာတ်ကျမှာ အိပ်မပျော်မှာကို ပူစရာမလိုတော့ဘူးပေါ့။

- အရေပြားနဲ့ဆံသားကို ကျန်းမာစေနိုင်တယ်
ရဲယိုရွက်နဲ့ ရဲယိုသီးမှာပါတဲ့ ဂုဏ်သတ္တိတွေက အသားအရေကို နုပျိုစေပြီး ဆံသားကိုသန်စွမ်းစေနိုင်သလို ခြေသည်းလက်သည်းတွေကိုပါကျန်းမာစေနိုင်တာပါ။

- ကင်ဆာကာကွယ်ပေးနိုင်တယ်
ရဲယိုရွက် နဲ့ ရဲယိုသီးတွေက နိုက်ထရစ်အောက်ဆိုဒ်ထွက်ရှိအောင်လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို ကင်ဆာကျိတ်တွေကြီးမလာအောင်လည်း ဟန့်တားပေးနိုင်ပါတယ်။

- သွေးတိုးကျစေနိုင်တယ်
phytonutrients ပါဝင်နေသလို ဗီတာမင် C နဲ့ ဆီလီနီယမ်တို့ပါဝင်နေတာကြောင့် သွေးကြောနံရံတွေကို Free Radical တွေကြောင့် ထိခိုက်ပျက်စီးမှုကနေကာကွယ်ပေးပါတယ်။

ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ နောက်ထပ်အာနိသင်တစ်ခုက သွေးကြောတွေကို ပြေလျော့စေတာပါ။

- သွေတွင်းကိုလက်စထရောကျဆင်းစေနိုင်စေတယ်
သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

- မှတ်ဉာဏ်ကောင်းစေနိုင်တယ်
သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး သွေးကြောတွေထဲမှာသွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့် ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်သလို မှတ်ဉာဏ်လည်းပိုကောင်းစေနိုင်ပါတယ်။

- ဝမ်းမှန်စေနိုင်တယ်
ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်များစွာပါဝင်နေတာကြောင့် အူတွေအတွင်းမှာ စီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကိုထောက်ပံ့ပေးပါသေးတယ်။

ဒါတွေအပြင် ရဲယိုပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့ ဓာတ်တွေကကျန်းမာရေးကို တော်တေ်ာလေးအထောက်အကူပြုပေးတာပါ။

လေနာရောဂါ၊အတက်ရောဂါတွေကို သက်သာစေနိုင်သလို ချောင်းဆိုးပျောက်စေပါတယ်။

ဆီးချိုအတွက်အသုံးတည့်သလို ဆီးသွားရင်နာကျင်တာ၊ အဖြူဆင်းတာ နဲ့ မအီမသာဖြစ်တာတွေအတွက်လည်း အသုံးတည့်ပါတယ်။
အမျိုးသမီးတွေမှာ ရာသီသွေးမှန်စေနိုင်သလို သွေးမဆုံးခင်ခံစားရနိုင်တဲ့ အကြိုလက္ခဏာတွေကိုလည်း သကသာစေနိုင်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း စားသုံးပေးလို့ရပါတယ်။
အတွင်းတိမ်မဖြစ်အာင်ကာကွယ်ဖို့ ကင်ဆာကာကွယ်ဖို့နဲ့ လေမဖြတ်အောင်ကာကွယ်ဖို့အတွက်လည်း အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။

ပြောရရင်တော့. .

ဒီနေ့ ကမ္ဘာမြေကြီးမှာ မြို့ပြယဉ်ကျေးမှုထွန်းကားလားသည်နှင့်အမျှ လူနေမှုအရည်အသွေး နိမ့်ကျလာသလို ရာသီဥတုပြောင်းလဲလာမှု၊ ဂေဟစနစ်များ ယိုယွင်းလာမှုတို့ကလဲ တစ်ဆက်တည်းဖြစ်ပေါ်လာပါတယ်။

ဒီအချိန်မှာ သဘာဝရဲ့ အကျိုးအနှစ်သာရများကို ရရှိဖို့ ခက်ခဲလာနေသလို ထိန်းသိမ်းထားနိုင်ဖို့ကလည်း ဒီအရင်းအမြစ်တွေရဲ့ အကျိးကျေးဇူးကို သိရှိနိုင်ဖို့က အရေးကြီးပါတယ်။

ဖွံ့ဖြိုး ပြီးနိုင်ငံများအနေနဲ့ ဓာတုပစ္စည်းသုံးထုတ်ကုန်များကို လျော့သုံးလာကြပြီး ပိုမိုသဘာဝအတိုင်းဖြစ်သော အရာများကို အလေးပေးစားသုံးကြသည်ကို တွေ့မြင်နေရပါပြီ။

ထို့ကြောင့် သူတို့ဆီမှာ အသက်ရှည် ကျန်းမာသောလူများ တစ်နေ့ထက်တစ်နေ့ များပြားလာနေကြပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနှင့်လည်း မိမိတို့ ပတ်ဝန်းကျင်မှာရှိတဲ့ သဘာ၀ အရင်းအမြစ်များရဲ့ အကျိုးအာနိသင်ကို သိရှိပြီး အစာလည်းဆေး၊ ဆေးလည်းအစာလို မှီဝဲနိုင်ပါက ကျန်းမာပြည့်စုံတဲ့ဘဝကို ရရှိပြီး တိုင်းပြည်ဖွံဖြိုးရေးမှာ တစ်ထောင့်တစ်အားအဖြစ် ပါဝင်နိုင်ကြမည်ဖြစ်ပါကြောင်း တင်ပြရင်း။ ။


#ရဲယိုပင်

OMG-3 ဟာ . . .၁။ ခန္ဓာကိုယ်ရဲ့အဆီတွေကို လောင်ကျွမ်းစေလို့ ကိုယ်တွင်းရှိ အဆီတွေကို ကောင်းကောင်း ချေဖျက်ပေးနိုင်ပါတယ်။ ၂။ ...
25/03/2022

OMG-3 ဟာ . . .
၁။ ခန္ဓာကိုယ်ရဲ့အဆီတွေကို လောင်ကျွမ်းစေလို့ ကိုယ်တွင်းရှိ အဆီတွေကို ကောင်းကောင်း ချေဖျက်ပေးနိုင်ပါတယ်။
၂။ Fatty အက်ဆစ်ပါဝင်တာကြောင့် မှတ်ဉာဏ်ကို ပိုအားကောင်းစေပါတယ်။ငါးကြီးဆီမှာ ပါဝင်တဲ့အဆီဓာတ်က စိတ်ဓာတ်ကျတာကို ပြေပျောက်စေပြီးတော့ ဦးနှောက်ရဲ့သိနိုင်စွမ်းကိုပါ မြှင့်တင်ပေးပါတယ်။
၃။ ငါးကြီးဆီမှာ ပါဝင်တဲ့ Omega 3 အဆီအက်စစ်က နှလုံးရဲ့လုပ်ဆောင်ချက်တွေ မှန်သမျှကို သိသိသာသာ တိုးတက်ကောင်းမွန်စေပါတယ်။
၄။ အဆစ်နာခြင်းက ခန္ဓာကိုယ်လှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ Omega 3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးကြီးဆီကို သောက်ပေးရင်တော့ အဆစ်အမြစ်ရောင်ရမ်းမှုကို သိသိသာသာ သက်သာစေပါတယ်။
၅။ ကြွက်သား ဖောင်းရောင်ခြင်းကို သက်သာစေပါတယ်။ အထူးသဖြင့် Gym ကစားတဲ့သူတွေမှာပေါ့။
ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတင်းရင်းဖောင်းရောင်မှုကို ဖြစ်စေပါတယ်။
ငါးကြီးဆီ စားပေးခြင်းက ကြွက်သားထဲ သွေးစီးနှုန်းကိုပါ မြှင့်တင်လာစေတာမို့ ကြွက်သားတင်းရင်းဖောင်းရောင်မှုကိုပါ သက်သာစေပါတယ်။

မှာယူချင်သူများအနေနဲ့ . .
CB (သို့) Messenger သို့
အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ဖြင့် ပေးပို့မှာယူနိုင်သလို
☎-09450001626 သို့လည်း
ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်..

ဈေးနှုုန်းအနေနဲ့ကတော့ . .
အလုံး(၃၀)ပါ တစ်ဗူးကို - ၄၀၀၀ ကျပ်
ရန်ကုန်မြို့အတွက် အိမ်အရောက်ငွေရှင်းစနစ်ဖြင့် မှာယူနိုင်ပါတယ်..
/** ရန်ကုန်မြို့အတွင်း (၃)ဗူးနှင့်အထက် မှာယူပါက delievery free ပါ။ **/

- နယ်မြို့များအတွက်လည်း ငွေကြိုရှင်းစနစ်ဖြင့် ကားဂိတ်အရောက်ပို့ဆောင်ပေးနေပါပြီ . .

အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ ဘဝမျိုး ပိုင်ဆိုင်နိုင်ကြပါစေ။



-3

ငါးကြီးဆီဆိုတာက. . .တူနာငါး၊ ဆာလမွန်ငါးတွေလို Omega-3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးတွေရဲ့တစ်သျှူးထဲက ထုတ်ယူရရှိတဲ့ အဆီတစ်မျိုးပ...
23/03/2022

ငါးကြီးဆီဆိုတာက. . .
တူနာငါး၊ ဆာလမွန်ငါးတွေလို Omega-3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးတွေရဲ့တစ်သျှူးထဲက ထုတ်ယူရရှိတဲ့ အဆီတစ်မျိုးပဲ ဖြစ်ပါတယ်။ Omega-3 အဆီအက်စစ်က ခန္ဓာကိုယ်ရှိ အရေးကြီးတဲ့အင်္ဂါတွေရဲ့လုပ်ဆောင်ချက်ကို ချောမွေ့ပြီးမြောက်စေပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ငါးကြီးဆီ သောက်ပေးရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်ရဲ့အဆီတွေကို လောင်ကျွမ်းစေတယ်

ငါးကြီးဆီကို ပုံမှန် စားသုံးပေးခြင်းဖြင့် အင်ဆူလင် လှုံ့ဆော်မှုကို တိုးလာစေတာကြောင့် ကိုယ်တွင်းရှိ အဆီတွေကို ကောင်းကောင်း ချေဖျက်ပေးနိုင်တယ်လို့ လေ့လာချက်အရ တွေ့ရှိရပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့ ငါးကြီးဆီကို ပုံမှန် စာသုံးပေးဖို့အတွက် တိုက်တွန်းထားပါတယ်။

၂။ ဦးနှောက်ကျန်းမာရေး

ငါးကြီးဆီမှာ ပါဝင်တဲ့အဆီဓာတ်က စိတ်ဓာတ်ကျတာကို ပြေပျောက်စေပြီးတော့ ဦးနှောက်ရဲ့သိနိုင်စွမ်းကိုပါ မြှင့်တင်ပေးပါတယ်။ အမှတ်တရတွေ ၊ ဘာသာစကား ၊ ခံစားချက် ၊ ဝေဖန်မှု ၊ တီထွင်ဖန်တီးနိုင်မှု စတာတွေနဲ့ပတ်သတ်ပြီးတော့ ပြန်လည်တုံ့ပြန်မှုကို တိုးတက်လာစေပါတယ်။ ဒါအပြင် ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်ရာမှာလည်း အထောက်အပံ့ပေးသေးပါတယ်။

၃။ နှလုံးကျန်းမာရေး

ငါးကြီးဆီမှာ ပါဝင်တဲ့ Omega 3 အဆီအက်စစ်က နှလုံးရဲ့လုပ်ဆောင်ချက်တွေ မှန်သမျှကို သိသိသာသာ တိုးတက်ကောင်းမွန်စေပါတယ်။ ဒါအပြင် ငါးကြီးဆီက မကောင်းတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီးတော့ ကောင်းတဲ့ကိုလက်စထရောကိုပါ မြှင့်တင်ပေးပါတယ်။

၄။ အရိုးအဆစ်ကျန်းမာရေး

အဆစ်နာခြင်းက ခန္ဓာကိုယ်လှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါပေမယ့် Omega 3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးကြီးဆီကို သောက်ပေးရင်တော့ အဆစ်အမြစ်ရောင်ရမ်းမှုကို သိသိသာသာ သက်သာစေပါတယ်။

၅။ ကြွက်သား ဖောင်းရောင်ခြင်းကို သက်သာစေတယ်

ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတင်းရင်းဖောင်းရောင်မှုကို ဖြစ်စေပါတယ်။ ငါးကြီးဆီ စားပေးခြင်းက ကြွက်သားထဲ သွေးစီးနှုန်းကိုပါ မြှင့်တင်လာစေတာမို့ ကြွက်သားတင်းရင်းဖောင်းရောင်မှုကိုပါ သက်သာစေပါတယ်။ ငါးကြီးဆီကို တစ်နေ့ ပုံမှန် ၂ဝဝမှ ၂၅ဝဂရမ်သောက်သုံးပေးရင် လုံလောက်ပါပြီ။ ကျန်းမာဖွံ့ဖြိုးတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ငါးကြီးဆီကို ပုံမှန်မှီဝဲလိုက်ပါ။

Credit: ရှမ်းပုတ်(မိုမိုလေး)


ကျွန်တော်တို့ လူသားတစ်ဦးချင်းစီအတွက် . .မွေးစကတည်းက ပေးသော အကြီးမားဆုံး လက်ဆောင်နှစ်ခုကတော့ အချိန်နှင့် ကျန်းမာရေးပါပဲ။သ...
21/03/2022

ကျွန်တော်တို့ လူသားတစ်ဦးချင်းစီအတွက် . .
မွေးစကတည်းက ပေးသော အကြီးမားဆုံး လက်ဆောင်နှစ်ခုကတော့
အချိန်နှင့် ကျန်းမာရေးပါပဲ။

သူတို့တွေဟာ ကျွန်တော်တို့ လိုချင်သော ပန်းတိုင်များကို ရောက်ရှိရန် အရေးကြီးတဲ့နည်းလမ်းပေါင်းများစွာကို ပေးစွမ်းသော်နိုင်သော်လည်း များသောအားဖြင့် . . .
ကျွန်တော်တို့ကတော့ လျစ်လျူရှုထားတတ်ကြပါတယ်။

ဘယ်အချိန်မှ လက်ခံတတ်ကြသလဲဆိုတော့
သူတို့ ပေးစွမ်းနိုင်တဲ့ အတိုင်းအတာရဲ့
ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိသွားတဲ့အချိန်မှသာ
နှမြေတသ ဖြစ်ပြီး လက်ခံတတ်ကြတာ များပါတယ်။

အဲဒီနေ့မှာ ကျွန်တော်တို့ရဲ့ အချိန်တွေက ကုန်လွန်နေပြီး၊ ကျန်းမာရေးလဲ ယုတ်လျော့နေမှာ ဖြစ်ပါတယ်။

ကျေးဇူးပြု၍ . .
- ထိုပျက်စီးခြင်း၏အနာဂတ်ကို သတိထားပါ၊
- အခိုက်အတန့်တိုင်းကို စတင်တန်ဖိုးထားပါ။
ယခုပင် မိမိကိုယ်ကို စတင် ဂရုစိုက်ကြပါလို့ မှာကြားရင်း. .

- Denis Waitley ရဲ့ အဆိုကို ထုတ်နုတ်တင်ပြပါသည်။

အားလုံးပဲ ကျန်းမာ ပျော်ရွှင်တဲ့ ဘဝမျိုး အချိန်မနှောင်းခင် ပိုင်ဆိုင်နိုင်ကြပါစေ။



-quotes
#အချိန်နဲ့ကျန်းမာရေး

.ရဲယိုအစွမ်း အံ့မခန်းပေမို့ . . အိမ်မှာ ဆောင်ထားကြစို့===========================ရဲယိုဆိုရင်. .အစာလည်း ဆေး၊ ဆေးလည်း အစာလ...
17/03/2022

.ရဲယိုအစွမ်း အံ့မခန်းပေမို့ . .
အိမ်မှာ ဆောင်ထားကြစို့
===========================
ရဲယိုဆိုရင်. .
အစာလည်း ဆေး၊ ဆေးလည်း အစာလို့ ပြောရအောင်
အာဟာရဓာတ်တွေကြွယ်ဝတဲ့
စားစရာတစ်မျိုးဖြစ်တယ်ဆိုတာ အားလုံးအသိပါပဲ . .

ဒီလို ကျန်းမာရေးအကျိုးကျေးဇူး အရမ်းများတဲ့
ရဲယိုရည်စစ်စစ်ကို အိမ်မှာ ဆောင်ထားဖို့ဆိုတာ
သင့်အတွက် မဖြစ်မနေ လုပ်ရမယ့် အရာတစ်ခုပေမို့...
Mega-3 medical online mart မှ
အရောအစပ် လုံးဝမရှိတဲ့
စွမ်းပြည့် သဘာ၀ ရဲယိုသီးအရည်ကို
အိမ်အရောက်ပို့စနစ်နဲ့ စတင် ရောင်းချပေးနေပါပြီ. .

အရသာ စစ်စစ်နဲ့ဆို အနံ့ဆိုး၊ အဝင်ဆိုးမယ် ဆိုသူတွေ အတွက်
မိမိတို ကြိုက်နှစ်သက်ရာ
ဆား၊ သကြား၊ ပျားရည်၊ ထန်းညက် အစရှိသည်တို့နဲ့
ရောစပ်သောက်သုံးနိုင်သလို၊

သဘာဝရဲယိုရည် စစ်စစ်အဖြစ်သာ
သောက်သုံးမယ့်သူတွေအတွက်တော့
ဆေးအညွှန်းလေးတွေကို
ပုလင်းမှာ ကပ်ပေးထားပါတယ်. .

လက်လီ၊ လက်ကား မှာယူချင်သူများအနေနဲ့ . .
CB (သို့) Messenger သို့
အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ ပေးပို့မှာယူနိုင်သလို
☎-09450001626 သို့လည်း
ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်..

လက်ရှိမှာတော့ 750 ml ပုလင်းအတွက် ၆၀၀၀ ကျပ် ဖြင့်
အိမ်အရောက်ငွေရှင်းစနစ်ဖြင့် မှာယူနိုင်ပါတယ်..
/** ရန်ကုန်မြို့အတွင်း (၃)ပုလင်းအထက်မှာယူပါက
FREE Delivery! ပါ။ **/

- နယ်မြို့များအတွက်လည်း ငွေကြိုရှင်းစနစ်ဖြင့် ကားဂိတ်အရောက်ပို့ဆောင်ပေးနေပါပြီ . .

အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ ဘဝမျိုး ပိုင်ဆိုင်နိုင်ကြပါစေ။

#စွမ်းပြည့်_သဘာဝရဲယိုရည်

-3

Address

No(157), Aye Theikdi Street
Insein
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Mega-3 Medical Online Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mega-3 Medical Online Mart:

Share