26/10/2021
အမုန်းစိတ်ကလေးလျှော့စေချင်------
အတိတ်ဘဝက ရေစက်ပါလို့
ကြုံလာ ဆုံလာကြတာပဲ
ဘာကြောင့် အမုန်းတွေထားနေဦးမှာလဲ
ရေစက်ကုန်ရင်
ခွဲကြကွဲကြရဦးမှာလေ
တခဏတာအချိန်အတွင်းမှာ ဆုံကြပြီး
သံသရာအထိ အငြိုးတွေယူသွားချင်တာလား
သူတစ်ပြန် ကိုယ်တစ်ပြန်မုန်းနေလို့ရော
ဘာတွေအကျိုးရှိမှာလဲ
တစ်ဖက်ကတင်းရင် တစ်ဖက်ကလျှော့
မုန်းမာန်တွေ လျှော့ပါများရင် သူလည်းလျှော့လာလိမ့်မယ်
သက်ရောက်မှုတိုင်းမှာ တန်ပြန်မှုရှိပြီးသားပါ
မကောင်းစိတ်ရှိတဲ့သူတစ်ယောက်ဟာ
မကောင်းတာကိုခံစားရမှာပဲ
အကြောင်းရှိလို့ အကျိုးဖြစ်လာကြတာ
သူ့ကိုမုန်းနေသမျှ ကိုယ်ကရှုံးနေမှာ
သူ့ကိုမြင်ရင် ပူလောင်တယ်
သူ့ကိုတွေ့ရင် အဝေးကကွင်းသွားတယ်
သူ့ကိုမျက်နှာချင်းမဆိုင်ချင်ဘူး ဆိုတာတွေဟာ
တကယ်တော့ သူ့ကို ကိုယ်က အရှုံးပေးလိုက်တာပဲ
သူများတွေလည်း ကိုယ့်အပေါ်မုန်းချင်မုန်းလိမ့်မယ်
သူများပေးတဲ့အမုန်းကိုလည်း ကိုယ်ကမယူနဲ့
သူပေးလို့ ကိုယ်ယူရင် ကိုယ့်ဥစ္စာဖြစ်ပြီ
ကိုယ်မယူသရွေ့ သူ့ဥစ္စာပါပဲ
အမုန်းတွေကို လျှော့ချနိုင်သရွေ့ လျှော့ချပါ
အမုန်းဝေးမှ နှလုံးအေးမယ်
အမုန်းခန်းမှ အပြုံးလန်းမယ်
အမုန်းခွာမှ နှလုံးသာမယ်
ဘဝကြီးက အေးချမ်းလာမယ်.....
#ပိုးကြိုးနွယ်