26/05/2026
မြန်မာနိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် ဆီးချိုနှင့် အဝလွန်ရောဂါ ကုသဆေး "SEGLUPAC" မိတ်ဆက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး။
မြန်မာနိုင်ငံ၏ ထိပ်တန်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Pacific Medical Industries (PMI) မှ ကမ္ဘာ့နောက်ဆုံးပေါ် ဆီးချိုနှင့် အဝလွန်ကုသဆေးဖြစ်သော Semaglutide (SEGLUPAC) အား ပြည်တွင်း၌ ပထမဆုံးအကြိမ် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည့် အထိမ်းအမှတ် မိတ်ဆက်ပွဲ (Academic Symposium) ကို ၂၀၂၆ ခုနှစ်၊ မေ (၉) ရက်နေ့က မန္တလေးမြို့၊ Ibis Styles Hotel ရတနာပုံ ခန်းမ တွင် ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးကြသော ဂုဏ်သရေရှိ ဆရာဝန်ကြီးများအား အစီအစဉ်မစတင်မီ ဂုဏ်ပြုနေ့လည်စာဖြင့် နွေးထွေးစွာ တည်ခင်းဧည့်ခံခဲ့ပါသည်။ ထို့နောက် သက်ဆိုင်ရာ ဆေးပညာကဏ္ဍအလိုက် ထင်ရှားကျော်ကြားသော ပါမောက္ခဆရာကြီး၊ ဆရာမကြီးများက အောက်ပါအတိုင်း ဦးဆောင်ဆွေးနွေး ဟောပြောပေးခဲ့ကြပါသည်။
Chairpersons များအဖြစ် Prof. ကျော်စိုးဝင်း (Professor & Head, Department of Cardiovascular Medicine, University of Medicine, Mandalay) နှင့် Prof. နီနီအောင် (Professor & Head, Department of Medicine, University of Medicine, Mandalay) တို့မှ ဆောင်ရွက်ပေးခဲ့ကြပါသည်။
Speakers များ အဖြစ် Prof. မောင်မောင်သန့် (Professor & Head, Department of Endocrinology, University of Medicine, Mandalay) မှ ''When Lifestyle and standard Therapy Fall Short: Escalating Metabolic Control in T2DM'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Associate Prof. ခင်မောင်ဝင်း (Senior Consultant Cardiologist, Department of Cardiovascular Medicine, University of Medicine, Mandalay) မှ "Beyond the Scales: From Glycemic Control to Cardiovascular Risk Reduction” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးဝေမျှပေးခဲ့ကြပါသည်။
ဆွေးနွေးမှုများအပြီးတွင် Chairpersons များ Speakers များက တက်ရောက်လာသောဆရာကြီး၊ ဆရာမကြီးများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။
ထို့နောက် သဘာပတိဆရာကြီး၊ ဆရာမကြီးများနှင့် ဟောပြောသူ ဆရာကြီးများအား ဂုဏ်ပြုပန်းစည်းများ ပေးအပ်ခြင်း၊ တက်ရောက်လာသူများအတွက် ကံစမ်းမဲဖောက်၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း အစီအစဉ်များဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
AA Medical Products Ltd; (Pacific AA Group) အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအတွက် အရည်အသွေးမြင့်မားသော ဆေးဝါးများကို ဆက်လက်ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုရင်း တက်ရောက်ချီးမြှင့်ပေးခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
Myanmar’s first locally manufactured diabetes and obesity treatment medicine, “SEGLUPAC,” has been successfully launched.
Pacific AA Group, one of Myanmar’s leading pharmaceutical manufacturers, successfully held an Academic Symposium on May 9, 2026, at the Yadanarpon Hall of Ibis Styles Hotel in Mandalay to commemorate the successful local production of Semaglutide (SEGLUPAC), the latest global treatment for diabetes and obesity, for the first time in Myanmar.
Before the ceremony began, distinguished attending professors and doctors were warmly welcomed with an honorary luncheon.
Following this, renowned professors and medical specialists from relevant healthcare sectors delivered keynote discussions and presentations as follows:
The Chairpersons for the symposium were:
Prof. Kyaw Soe Win (Professor & Head, Department of Cardiovascular Medicine, University of Medicine, Mandalay)
Prof. Ni Ni Aung(Professor & Head, Department of Medicine, University of Medicine, Mandalay)
The Speakers included:
Prof. Maung Maung Thant(Professor & Head, Department of Endocrinology, University of Medicine, Mandalay), who presented on the topic: “When Lifestyle and Standard Therapy Fall Short: Escalating Metabolic Control in T2DM”
Associate Prof. Khin Maung Win(Senior Consultant Cardiologist, Department of Cardiovascular Medicine, University of Medicine, Mandalay) , who presented on the topic: “Beyond the Scales: From Glycemic Control to Cardiovascular Risk Reduction”
After the presentations, the Chairpersons and Speakers answered questions raised by attending professors and medical professionals.
The ceremony concluded successfully with presentations of flower bouquets to the Chairpersons and Speakers in recognition of their contributions, as well as lucky draw programs and commemorative gifts for attendees.
Pacific AA group reaffirmed its commitment to continuously producing high-quality pharmaceutical products for the health and well-being of the public and also expressed sincere gratitude to all professors and distinguished guests who attended and supported the event.