Let's Beat COVID Together

Let's Beat COVID Together Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Let's Beat COVID Together, Kamayut.

Let’s Beat COVID Together is a nationwide mass media campaign organized by the People’s Health Foundation in collaboration with the Ministry of Health and Sports in Myanmar.

ရန်ကုန်မြို့ကြီးက Covid-19 ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို အလူးအလဲခံစားခဲ့ရတာပါ။ ရောဂါကူးစက်မှုအရေအတွက်ကိုလျှော့ချနိုင်ဖို...
11/02/2021

ရန်ကုန်မြို့ကြီးက Covid-19 ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို အလူးအလဲခံစားခဲ့ရတာပါ။ ရောဂါကူးစက်မှုအရေအတွက်ကိုလျှော့ချနိုင်ဖို့ လမ်းညွှန်ချက်တွေကို တိကျစွာလိုက်နာဖို့ လိုပါတယ်။ အောက်မှာဖော်ပြထားတဲ့ ရှောင်ကြဥ်ရမယ့် အချက် ၃ ချက်ကိုလဲ အမြဲသတိရပေးပါ။

(၁) လူအစုအဝေးကို ရှောင်ရှားပါ။
(၂) လူအများနဲ့ အနီးကပ်ပြောဆိုဆက်ဆံတာကို ရှောင်ရှားပါ။
(၃) လူအများအပြားရှိတဲ့ အလုံပိတ်နေရာတွေနဲ့ လေဝင်လေထွက်ကောင်းစွာမရတဲ့နေရာတွေကို သွားရောက်တာ ရှောင်ရှားပါ။

ရန်ကုန်သူရန်ကုန်သားတွေအားလုံး ကိုယ့်တာဝန်ကိုယ်ယူပြီး ဒီကပ်ရောဂါကြီးကို အတူတိုက်ထုတ်ကြပါစို့။

Covid-19 ရောဂါက ရန်ကုန်မြို့နေပြည်သူတွေကြားထဲမှာ ကူးစက်ပျံ့နှံ့နေဆဲဖြစ်တဲ့အတွက် နိုးနိုးကြားကြားနေဖို့ လိုအပ်ပါတယ်။ လုပ်...
04/02/2021

Covid-19 ရောဂါက ရန်ကုန်မြို့နေပြည်သူတွေကြားထဲမှာ ကူးစက်ပျံ့နှံ့နေဆဲဖြစ်တဲ့အတွက် နိုးနိုးကြားကြားနေဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်ပြန်ဝင်နေရတဲ့ကာလမှာ ကျွန်ုပ်တို့ကိုယ်တိုင်အပြင် ဘေးပတ်ဝန်းကျင်ကလူတွေပါ ရောဂါကူးစက်ခြင်း မခံရအောင် ကာကွယ်ဖို့ အရေးကြီးပါတယ် ။ ဒီအချက်တွေကို အမြဲ သတိတရ လိုက်နာလုပ်ဆောင်ပေးပါ။

(၁) အပြင်ထွက်သွားလာတဲ့အခါမှာ Mask ကိုအသုံးပြုပြီး ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ပါ။
(၂) လက်ကို ဆပ်ပြာနဲ့ မကြာခဏ အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။
(၃) လူတစ်ဦးနဲ့တစ်ဦး ၆ ပေအကွာမှာ နေပါ။

ရန်ကုန်သူရန်ကုန်သားတွေအားလုံး ကိုယ့်တာဝန်ကိုယ်ယူပြီး ဒီကပ်ရောဂါကြီးကို အတူတိုက်ထုတ်ကြပါစို့။

02/02/2021

လုပ်ငန်းခွင်တော်တော်များများ ပြန်လည် ဖွင့်လှစ်လည်ပတ်နေပြီ ဖြစ်ပါတယ်။ ပုံမှန် ဘဝသစ်က တစ်ဖန် စတင်လာပါပြီ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ အလုပ်လုပ်ရတဲ့အခါမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့တာတွေ မဖြစ်အောင် အထူးဂရုပြုသင့်ပါတယ်။ ဒါကြောင့် ဘာတွေ လုပ်ဆောင်သင့်သလဲဆိုတာ ဒီဗီဒီယိုလေးမှာ ကြည့်ရအောင်ပါ။

နှာခေါင်းစည်းဝတ်ဆင်တာက သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေကို ကာကွယ်ပြီးသားဖြစ်သလို သင်ကိုယ်တိုင် ရောဂါကူးစက်ခံရနိုင်ချေကို လ...
31/01/2021

နှာခေါင်းစည်းဝတ်ဆင်တာက သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေကို ကာကွယ်ပြီးသားဖြစ်သလို သင်ကိုယ်တိုင် ရောဂါကူးစက်ခံရနိုင်ချေကို လျှော့ချပေးပါတယ်။ ဘတ်စ်ကားစီးတော့မယ်ဆိုရင် နှာခေါင်းစည်းကို ဝတ်ဆင်ဖို့ အမြဲသတိရပေးပါ။ သင်ကိုယ်တိုင်နဲ့ အခြားခရီးသည်တွေရဲ့ အကျိုးအတွက် ဖြစ်ပါတယ်။


မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကြောင့် သေဆုံးခဲ့သူဦးရေ ၃၀၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။ (source- MOHS) COVID-19 ရောဂါ...
29/01/2021

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကြောင့် သေဆုံးခဲ့သူဦးရေ ၃၀၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။ (source- MOHS) COVID-19 ရောဂါကြောင့် သေဆုံးခဲ့သူဦးရေအများစုဟာ ရန်ကုန်မှာ ဖြစ်ပါတယ်။
သင်ကိုယ်တိုင်အပါအဝင် မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ချစ်ခင်ရသူတွေလည်း COVID-19 အကူးစက်ခံရနိုင်ခြေ ရှိပါတယ်။ COVID-19 ကြောင့် အသက်ဆုံးရှုံးနိုင်ပြီး သေဆုံးသွားသူတွေကို ချက်ချင်း သင်္ဂြိုဟ်ရတာကြောင့် နှုတ်ဆက်ခွဲခွာချိန်တောင် ကောင်းကောင်း ရလိုက်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့အားလုံး ဒီထက် ဂရုစိုက်ကြဖို့ လိုတဲ့အပြင် မိမိကိုယ်တိုင်နဲ့ ချစ်ရသူတွေကို ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ဖို့ Mask တပ်ပါ၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောပါ၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေပါ။

Photo Credit : Shwe Paw Mya Tin

27/01/2021

အများသုံးယာဉ်စီးနင်းမှုဟာ လူတော်တော်များများ အသုံးပြုနေတာဖြစ်ပါတယ်။ လူအများအပြား တိုးဝှေ့ပူးကပ်နေတာကြောင့် ကိုဗစ်ရောဂါပိုးကူးစက်မှု မြင့်မားနိုင်ပါတယ်။ သင်နဲ့အတူ ခရီးသွားဖော်တွေ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဥ်တွေမှာ ဘယ်လို ဘေးကင်း‌အောင်လုပ်ဆောင်နိုင်မလဲ? ဒီဗီဒီယိုထဲမှာ အကြံပေးထားပါတယ်။ ကြည့်လိုက်ရအောင်ပါ။

စျေးထဲမှာ ဒီလိုအခြေအနေမျိုးတွေ ကြုံတွေ့ဖူးလား? မိမိကိုယ်တိုင်နဲ့ အခြားသူတွေ ရောဂါကူးစက်ခြင်း မခံရအောင် နှာခေါင်းစည်း (Ma...
25/01/2021

စျေးထဲမှာ ဒီလိုအခြေအနေမျိုးတွေ ကြုံတွေ့ဖူးလား?
မိမိကိုယ်တိုင်နဲ့ အခြားသူတွေ ရောဂါကူးစက်ခြင်း မခံရအောင် နှာခေါင်းစည်း (Mask) ကို အမြဲတမ်း ဝတ်ဆင်ထားဖို့လိုပါတယ်။ နှာခေါင်းစည်း (Mask) က သန့်ရှင်းနေဖို့ လိုသလို ပုံမှန်လဲလှယ် ဝတ်ဆင်ပေးဖို့လည်း လိုပါတယ်နော်။


COVID-19 ကူးစက်ခံရလို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားရသူတွေဟာ အထူးကြပ်မတ်ကုသဆောင်(ICU) ထဲမှာ ဒီလ...
21/01/2021

COVID-19 ကူးစက်ခံရလို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားရသူတွေဟာ အထူးကြပ်မတ်ကုသဆောင်(ICU) ထဲမှာ ဒီလို ကုသမှုခံယူနေရတယ်ဆိုတာကို သင်သိပါလား?

ကိုယ်တိုင် အသက်ရှူနိုင်ဖို့ ခက်ခဲတဲ့အတွက် အသက်ရှူကူစက် (ventilator) အကူအညီကို ရယူပြီး သူတို့ အသက်ဆက်နေရတာ ဖြစ်ပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပြီး ကျွန်ုပ်တို့တွေ COVID-19 ကူးစက်မခံရအောင် နေထိုင်ကြပါစို့။
Mask တပ်ပါ၊ လက်ဆေးပါ၊ လူချင်းခွာနေပါ။

19/01/2021

လက်ဖက်ရည်ကို နှစ်ခြိုက်တဲ့ မြန်မာလူမျိုးတွေအဖို့ လက်ဖက်ရည်ဆိုင်ဟာ ရင်းနှီးသူတွေအချင်းချင်း တွေ့ဆုံပြောဆိုနေကြ နေရာပါ။ လူအများအပြား လာရောက်ကြတဲ့နေရာဖြစ်လို့ ‌ကိုဗစ်ရောဂါပိုးကူးစက်မှု မြင့်မားနိုင်ပါတယ်။ ဒါပေမဲ့ မိမိကိုယ်တိုင်နဲ့ အခြားသူများကို ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်လိုနေထိုင်ပြုမူရင် ရောဂါမကူးစက်အောင် ကာကွယ်နိုင်မလဲဆိုတာကို အကြံပေးထားတဲ့ ဒီဗီဒီယိုလေးကို ကြည့်လိုက်ရအောင်။

28/12/2020

လူတွေတော်တော်များများ သတိမထားမိလိုက်ပဲ ကိုဗစ်ရောဂါက ခန္ဓာကိုယ်ထဲကို ကူးစက်ဝင်ရောက်နိုင်ပါတယ်။ ကိုဗစ်ရောဂါကို အမှတ်မထင် ကူးစက်ခံခဲ့ရတဲ့ ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာတင်ဦးကလဲ သူ့ရဲ့အတွေ့အကြုံကို အခုလိုပဲ မျှဝေပေးခဲ့ပါတယ်။

သင် ဒါမှမဟုတ် သင့်ရဲ့မိသားစုဝင်တစ်ယောက် Covid-19 ရောဂါ ကူးစက်ခံခဲ့ရလား? Covid-19 ရောဂါနဲ့ပတ်သက်ပြီး သင်တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာကို မျှဝေပြီး အခြားသူတွေကို အသိပညာပေးနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ page က message box မှတစ်ဆင့် လာရောက်ပြောကြားပေးနိုင်ပါတယ် ။ သင့်ရဲ့အတွေ့အကြုံမျှဝေမှုဟာ လူအများရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်။

23/12/2020

လူတန်းစားအသိုင်းအဝန်းမ‌ရွေးဖြစ်ပွားနေတဲ့ ကိုဗစ်‌ရောဂါက မိသားစုတိုင်းကို ခြိမ်းခြောက်နေပါတယ်။ ကိုဗစ်က မိသားစုအပေါ် ဘယ်လောက်သက်ရောက်မှုဖြစ်စေလဲဆိုတာကို ကိုဗစ်ရောဂါကြောင့် ဖခင်ကိုဆုံးရှုံးခဲ့ရတဲ့ ကိုအောင်နိုင်စိုးက အခုလိုပဲ ပြောပြပေးခဲ့ပါတယ်။

သင် ဒါမှမဟုတ် သင့်ရဲ့မိသားစုဝင်တစ်ယောက် Covid-19 ရောဂါ ကူးစက်ခံခဲ့ရလား? Covid-19 ရောဂါနဲ့ပတ်သက်ပြီး သင်တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာကို မျှဝေပြီး အခြားသူတွေကို အသိပညာပေးနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ page က message box မှတစ်ဆင့် လာရောက်ပြောကြားပေးနိုင်ပါတယ် ။ သင့်ရဲ့အတွေ့အကြုံမျှဝေမှုဟာ လူအများရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်။

18/12/2020

Covid-19 ရောဂါကူးစက်မှုကို မြန်မာနိုင်ငံမှာရှိတဲ့လူတွေ တော်တော်များများ ခံစားခဲ့ကြရပြီး ဖြစ်ပါတယ်။ ကူးစက်ခံခဲ့ရသူတစ်ယောက်ဖြစ်တဲ့ ဦးကျော်သူကလဲ သူ့ရဲ့အတွေ့အကြုံကို ကျွန်ုပ်တို့ကို မျှဝေပြောပြခဲ့ပါတယ်။ ဒီ ဗီဒီယိုလေးမှာ ကြည့်လိုက်ရအောင်ပါ။

သင် ဒါမှမဟုတ် သင့်ရဲ့မိသားစုဝင်တစ်ယောက် Covid-19 ရောဂါ ကူးစက်ခံခဲ့ရလား? Covid-19 ရောဂါနဲ့ပတ်သက်ပြီး သင်တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာကို မျှဝေပြီး အခြားသူတွေကို အသိပညာပေးနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ page က message box မှတစ်ဆင့် လာရောက်ပြောကြားပေးနိုင်ပါတယ် ။ သင့်ရဲ့အတွေ့အကြုံမျှဝေမှုဟာ လူအများရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်။

Address

Kamayut
11041

Alerts

Be the first to know and let us send you an email when Let's Beat COVID Together posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Let's Beat COVID Together:

Share