Gaia Natural Products

Gaia Natural Products Social Enterprise

🤗  အလုပ်မှာအညောင်းမိပြီး ဒူးနာ၊ ခါးနာနဲ့ အကြောအချဥ်လေးတွေ တင်းနေလို့ စိတ်မသက်မသက်ဖြစ်နေပြီလား?🍀 ရာသီဥတုအပြောင်းအလဲကြောင်...
07/07/2026

🤗 အလုပ်မှာအညောင်းမိပြီး ဒူးနာ၊ ခါးနာနဲ့ အကြောအချဥ်လေးတွေ တင်းနေလို့ စိတ်မသက်မသက်ဖြစ်နေပြီလား?

🍀 ရာသီဥတုအပြောင်းအလဲကြောင့် ကိုယ်လက်မအီမသာနဲ့ ခန္ဓာကိုယ်လေးလံထိုင်းမှိုင်းပြီး ဖျားချင်သလိုသလို ခဏခဏဖြစ်နေလို့ စိတ်ညစ်နေလား?

🍀 ဒါတွေအားလုံးကို သက်သာပျောက်ကင်းစေဖို့ သဘာဝကပေးတဲ့အစွမ်းထက် သံလိုက်ဆီလေးကိုသာ ဆောင်ထားဖို့လိုအပ်ပါတယ်။

🍀 ဆေးဖက်ဝင် သဘာဝ မုန်ညင်းဆီ ကိုအဓိကအခြေခံထားပြီး ထင်းရှူးဆီ ဆေးခဲ၊ သစ်ဂျပိုးဆီ၊ လေးညှင်းဆီ၊ ယူကလစ်ဆီ၊ သစ်ဂျပိုးမှုန့်၊ လေးညှင်းမှုန့်၊ မင်သော်၊ ပရုပ်မှုန့်စတဲ့ သဘာဝပါဝင်ပစ္စည်းလေးများနဲ့အချိုးကျ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ 🍂 သံလိုက်ဆီ 🍂 လေးက👇
🍁 ဒူးနာ၊ ခါးနာ
🍁 ဇတ်ကြောတက်
🍁 ကျီးပေါင်း
🍁 ကြွက်သားနဲ့အဆစ်အမြစ်နာကျဉ်ကိုက်ခဲခြင်းများကို သက်သာပျောက်ကင်းစေယုံသာမက 👇

🍁 ထိခိုက်ရှနာ
🍁 ခေါင်းမူးခေါင်းကိုက် စတဲ့ရောဂါ ဝေဒနာတွေအားလုံးကို သက်သာပျောက်ကင်းစေနိုင်တဲ့ ပရုပ်အေးပုံစံလိမ်းဆေးလေးဖြစ်ပါတယ်။

🍃 သုံးဖူးသူတိုင်းအရမ်းကိုကြိုက်ကျသလို တစ်ခါသုံးဖူးရုံနဲ့ အိမ်မှာအမြဲမပျက်ဆောင်ထားရတဲ့အထိကောင်းတဲ့ သဘာဝကပေးတဲ့ကျန်းမာခြင်းအတွက် ဆေးစွမ်းကောင်းလေးဖြစ်ပဲဖြစ်ပါတယ်။

🤗 ဒါကြောင့် ဒူးနာ၊ ခါးနာကစလို့ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်းတွေအားလုံးအတွက် သဘာဝကပေးတဲ့ ဆေးဖက်ဝင်သံလိုက်ဆီလေးကို အိမ်မှာ မဖြစ်မနေဆောင်ထားကြရအောင်နော်...👇👇👇

🔶 Contact Us
☎️ 09 450 016 060


゚viralfbreelsfypシ゚viral



#သံလိုက်ဆီ

🍃 မိမိတို့ချစ်ရတဲ့ လူကြီးမိဘတွေ၊ ဆရာသမားတွေအတွက်တော့ မိုးရာသီရောက်လာလို့ ချမ်းစိမ့်စိမ့်နဲ့ အအေးဓာတ်လေးရလာရင် ခန္ဓာကိုယ်...
03/07/2026

🍃 မိမိတို့ချစ်ရတဲ့ လူကြီးမိဘတွေ၊ ဆရာသမားတွေအတွက်တော့ မိုးရာသီရောက်လာလို့ ချမ်းစိမ့်စိမ့်နဲ့ အအေးဓာတ်လေးရလာရင် ခန္ဓာကိုယ်ရဲ့ ကြွက်သားလေးတွေ၊ အဆစ်အမြစ်လေးတွေနဲ့ အရိုးအကြောလေးတွေ နာကျဥ်ကိုက်ခဲတက်တာမို့ ချစ်ရသူတွေရဲ့ ဘေးနားမှာ အစွမ်းထက်တဲ့ပရုပ်ဆီလေး အမြဲလိုအပ်တာတော့ အမှန်ပဲပေါ့...

🍃ဒါကြောင့် Gaia ကနေ သဘာဝကမ်းဇော်ဆီကိုအထူးပြုပြီးထုတ်လုပ်ထားတဲ့ 🍀 ကမ်းဇော်ပရုပ်ဆီ 🍀 လေးက ၃ မိနစ်ခန့်သေခြာလေး ပွတ်လိမ်းပေးရုံနဲ့ နာကျဥ်ကိုက်ခဲမှုများကိုအမှန်တကယ် သက်သာပျောက်ကင်းစေတာမို့ အခုလိုဥတုမျိုးမှာ မိမိချစ်ရသူလေးတွေရဲ့အနားမှာ အမြဲဆောင်ထားသင့်တဲ့ ဆေးစွမ်းကောင်းလေးတစ်လက်ပါပဲ...

🍃 ကဲဒါဆို မိုးတွင်းမှာ ချစ်ရသူလေးတို့ နာကျင်ကိုက်ခဲမှုးများ ကင်းဝေးဖို့ 🍀 Gaia သဘာဝကမ်းဇော်ပရုပ်ဆီလေး 🍀 ဆောင်ထားကြပါစို့...👇

🔶 Contact Us
📞 09 450 016 060






"အစားအစာဟာ ငါတို့ရဲ့ဇာတ်လမ်းပဲ"သစ်တောတဲ့လားစားစရာတွေ သစ်တောထဲကလာပါတယ်အိုး အိုး အိုး အံ့ဩစရာသမုဒ္ဒရာတဲ့လားသက်ရှိတိုင်း သမ...
02/07/2026

"အစားအစာဟာ ငါတို့ရဲ့ဇာတ်လမ်းပဲ"

သစ်တောတဲ့လား
စားစရာတွေ သစ်တောထဲကလာပါတယ်
အိုး အိုး အိုး အံ့ဩစရာ

သမုဒ္ဒရာတဲ့လား
သက်ရှိတိုင်း သမုဒ္ဒရာထဲကစတင်ပါတယ်
အိုး အိုး အိုး အံ့ဩစရာ

နေ့ရက်တိုင်းတဲ့လား
နေ့တိုင်းစားစရာတွေ အတူစားသုံးပါတယ်
အိုး အိုး အိုး အံ့ဩစရာ

အစားအစာဟာ ငါတို့ရဲ့ဇာတ်လမ်းပဲ
သစ်တော၊ သမုဒ္ဒရာ၊ နေ့ရက်တိုင်း နဲ့
နင်, အပါအဝင် ငါတို့ရဲ့ဇာတ်လမ်းပါပဲ။
ဟုတ် ဟုတ် ဟုတ် အံ့ဘွယ်ရာအတိပါပဲ။

ကိုပီတိ

"Our food is our story"

F _ forest
Food comes from the forest,
Oh Oh Oh . . . Amazing
O _ ocean
Ocean births the all living things,
Oh Oh Oh . . Amazing
D _ daily
Daily we are eating together,
Oh Oh Oh . . Amazing
So food is our story,
forest, ocean, daily and you
are our STORY.
Yes Yes Yes . . So amazing

Ko Piti
23 Jun 2026




Green Memo

🌧   မိုးရာသီဆိုရင် စိုထိုင်းတဲ့ဥတုကြောင့် ဗောက်ထခြင်းနဲ့ ဆံသားကျွတ်ခြင်းကို ပိုပြီး ဖြစ်စေတက်တယ်နော်..🌧 ဒါကြောင့် မိုးတွ...
30/06/2026

🌧 မိုးရာသီဆိုရင် စိုထိုင်းတဲ့ဥတုကြောင့် ဗောက်ထခြင်းနဲ့ ဆံသားကျွတ်ခြင်းကို ပိုပြီး ဖြစ်စေတက်တယ်နော်..

🌧 ဒါကြောင့် မိုးတွင်းရောက်လာပြီဆိုရင် ဆံသားလေးတွေကျန်းမာဖို့နဲ့ ဗောက်ကင်းဖို့ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒီအတွက် ဆံသားလေးတွေ မိုးဆိုလာပြီဆို သေချာခြောက်အောင်သုတ်ဖို့လိုပြီး ခေါင်းလျှော်ခြင်းကိုလည်း တစ်ပတ်ကို ( ၂ကြိမ် / ၃ ​ကြိမ်) ခန့်သာလျှော်သင့်ပါတယ်။ဒါ့ပြင် မိမိအသုံးပြုမယ့် ခေါင်းလျှော်ရည်ကိုလည်း ဂရုတစိုက်ဝယ်ယူသင့်ပါတယ်။

😍 ဒီ့အတွက်ဆိုရင်တော့ Gaia ကနေ အထူးထုတ်လုပ်ထားတဲခေါင်းလျှော်ရည်လေးက 🍀 သဘာဝ ပါဝင်ပစ္စည်းလေး 🍀 တွေကို အချိုးကျပေါင်းစပ်ထုတ်လုပ်ထားတာမို့ ဆံသားကျွတ်ခြင်းနဲ့ ဗောက်ထခြင်းကို သက်သာစေပြီး ဦးရေပြားလေးကိုလည်း သဘာဝအတိုင်းအေးမြနေစေမှာပဲဖြစ်ပါတယ်။

🍀 ဒါကြောင့် အခုလိုမိုးတွင်းမှာ ဆံသားလေးတွေနဲ့ ဦးရေပြားလေး ကျန်းမာဖို့ Gaia ရဲ့ သဘာဝခေါင်းလျှော်ရည်လေးကို ခေါင်းလျှော်တဲ့အခါ​တိုင်း အသုံးပြုကြရအောင်နော်... 👇
🔶 Contact Us
☎ 09 450 016 060

Researcher မိုင်ရှည်စက်ဘီးစီး၊ မြေကြီးအိမ်ဆောက်၊စားပင်သီးပင်စိုက်၊ ဒေသမျိုးစေ့စု၊ရိုးရာစားဘွယ်မြှင့်တင်၊ လူငယ်တောင်သူမျာ...
23/06/2026

Researcher

မိုင်ရှည်စက်ဘီးစီး၊ မြေကြီးအိမ်ဆောက်၊
စားပင်သီးပင်စိုက်၊ ဒေသမျိုးစေ့စု၊
ရိုးရာစားဘွယ်မြှင့်တင်၊ လူငယ်
တောင်သူများကိုကူညီ၊ Climate
Change သတိပြုရန်ပညာမျှဝေ
ပြောဆို‌နေသူ။

green bike သက်နိုင် ၏မိမိစမ်းသပ်
ကြိုးစားလုပ်‌ခဲ့သည့် အထက်ပါ Action
Research များအကြောင်း ထိုင်းနိုင်ငံ
ချူလာလောင်ကွန်းတက္ကသိုလ်
Innovation Hub ၌ ဟောပြော
တင်ပြနိုင်ခဲ့ပါ၏။

သူ၏ အဓိက message မှာ . . .
"ဒေသထွက် ရာသီပေါ် သဘာဝ
စားစရာ စားသုံးပေးခြင်းသည်
Climate Change ကို ရင်ဆိုင်
တုန့်ပြန်နေခြင်းနည်းလမ်း တစ်ခု
ဖြစ်ပါ၏" (green bike Thet Nai)

Congratulations ပါနော်




Green Memo

🍀 မိုးရာသီ ရောက်လာပြီဆိုတာနဲ့ ရာသီဥတုအေးလာနဲ့အမျှ အဆစ်အမြစ်လေးတွေနဲ့ ကြွက်သားလေးတွေ ကိုက်ခဲနာကျင်တာတွေက ပိုပြီးအဖြစ်များ...
05/06/2026

🍀 မိုးရာသီ ရောက်လာပြီဆိုတာနဲ့ ရာသီဥတုအေးလာနဲ့အမျှ အဆစ်အမြစ်လေးတွေနဲ့ ကြွက်သားလေးတွေ ကိုက်ခဲနာကျင်တာတွေက ပိုပြီးအဖြစ်များလာတက်ပါတယ်။

🍀 ဒါကြောင့်မို့ ဒီလိုအချိန်ဆို ကိုယ့်အနားမှာ ကိုက်ခဲနာကျင်ခြင်းတွေအတွက်ကောင်းမွန်စေမယ့် အစွမ်းထက်တဲ့ ဆေးပရုပ်ဆီလေးတော့ လိုအပ်ပါတယ်။

🍀 ဒီအတွက် သဘာဝချစ်သူတို့အသဲစွဲကြတဲ့ Gaia ရဲ့ ကမ်းဇော်ပရုပ်ဆီလေးက အကောင်းဆုံးရွေးချယ်မှုလေးတစ်ခုပါပဲ။

🍀 သဘာဝကမ်းဇော်ဆီကိုအထူးပြုပြီး သဘာဝပါဝင်ပစ္စည်းလေးများနဲ့အချိုးကျကျပေါင်းစပ်ပြုလုပ်ထားတဲ့ သဘာဝကမ်းဇော်ပရုပ်ဆီလေးက တစ်တို့ဆိုတစ်တို့ဆိုရလောက်အောင် ကောင်းမွန်တာမို့ ကြွက်သားလေးများနဲ့ အဆစ်အမြစ်များ ကိုက်ခဲနာကျင်ခြင်းများကို အမှန်တကယ်သက်သာပျောက်ကင်းစေပါတယ်။

🍀 ဒါကြောင့် မိုးရာသီမှာ ကိုက်ခဲနာကျင်ခြင်းတွေကင်းဝေးဖို့ Gaia ရဲ့ သဘာဝကမ်းဇော်ပရုပ်ဆီလေးကို ကိုယ်နဲ့မကွာဆောင်ထားကြပါစို့...👇

🔸 Contact Us
☎ 09 450 016 060




Fast Food - အမြန်စာ, အလွယ်စာSlow Food - အနှေးစာ, လတ်ဆတ်စာကာလို့စ် ပီထရီနီ - Carlo Petrini အီတလီသား။ စာရေးဆရာ။ ရိုးရာစားစ...
05/06/2026

Fast Food - အမြန်စာ, အလွယ်စာ
Slow Food - အနှေးစာ, လတ်ဆတ်စာ

ကာလို့စ် ပီထရီနီ - Carlo Petrini
အီတလီသား။ စာရေးဆရာ။ ရိုးရာ
စားစရာမြှင့်တင်ရေးတက်ကြွသူ။

မြန်မြန်စား၊ မြန်မြန်အလုပ်လုပ်၊ မြန်မြန်
သွားလာ ဒါမှ ကြီးပွားမှာ။ ဒီလို တိုက်တွန်း
မှုနဲ့ သွားရည်စာ၊ အလွယ်စားစရာတွေ
အီတလီဒေသမှာ ထွန်းကားလာတယ်။
ဒါ မဟုတ်သေးဘူး။ အစားအစာဆိုတာ
စိတ်ဝိညာဉ် အာဟာရပဲ။ ဖြစ်သလိုစား
သုံးနေထိုင်ရတာမျိုး မဖြစ်သင့်ဘူး။
အစားအစာဆိုတာ ယဉ်ကျေးမှုပဲ။
ဒီလို တိုက်တွန်းပြောဆိုရေးသားပြီး
အပြည်ပြည်ဆိုင်ရာ အနှေးစာလှုပ်
ရှားမှု - International Slow Food Movement ထူထောင်ခဲ့သူ။

ကာလို့စ် ပီထရီနီ - Carlo Petrini
၂၁ ရက် မေလ ၂၀၂၆ ကွယ်လွန်ပြီ။




Green Memo

ငါတို့ရဲ့ သင်ဆရာ . . .Let nature be your teacher အိန္ဒိယပြည်၊ ဘန်ဂလိုမြို့ ကော်ဖီဆိုင်တဆိုင်ထဲ အိန္ဒိယသားနှစ်ဦးကော်ဖီသော...
21/05/2026

ငါတို့ရဲ့ သင်ဆရာ . . .
Let nature be your teacher

အိန္ဒိယပြည်၊ ဘန်ဂလိုမြို့ ကော်ဖီဆိုင်
တဆိုင်ထဲ အိန္ဒိယသားနှစ်ဦးကော်ဖီ
သောက်နေကြတယ်။ အင်္ဂလိပ်ဘာသာ
နဲ့ ရေးသားထားတဲ့ သတင်းစာတစောင်
ဖတ်နေရင်း "ဟား ...အသက်(၉၀)ရှိတဲ့
ဖီလိုဆိုဖာကြီး 'ဘာထရန်ရပ်ဆဲလ်'
လန်ဒန် မှာ နျူကလီးယားဆန့်ကျင်ရေး
ဆန္ဒပြလို့ အဖမ်းခံရသတဲ့"။ "တို့ဘာ
လုပ်ကြမတုန်း"။ "ငါတို့လည်းကမ္ဘာကြီး
အေးချမ်းဖို့ မော်စကို၊ ပါရီ၊ လန်ဒန်၊
ဝါရှင်တန် နျူကလီးယားမြို့‌တော်ကြီး
လေးခုဆီ ချီတက်ကြစို့"။

ဝတ္ထုခေါင်းစဉ် - ခရီးပန်းတိုင်ရယ်လို့
မရှိ။ မူရင်း - No Destination by
Satish Kumar. မြန်မာပြန်ပေးသူက
စာရေးဆရာ 'ကိုတာ'။ ကိုယ်တိုင်ရေး
ဖြစ်ရပ်မှန်မို့ ဖတ်လို့သိပ်ကောင်း။ ပင်မ
ဇာတ်ကောင် 'စာတစ်ကူးမား' ‌ဆိုသူက
ခြေလျှင်ခရီးထွက်တော့မယ်၊ ဆရာဆု
‌တောင်းပေးလို့ 'ဗီနိုဘာ' ဆီပြောပါရော။
ဆရာဗီနိုဘာက ဆုတောင်းပေးမယ်။
မင်းတို့နှစ်ယောက် လက်နက်နှစ်ခုယူ
ဆောင်သွားပါ။ ပထမ လက်နက်က
သက်သတ်လွတ်ပဲစားပါ။ ဒုတိယ
လက်နက်က ငွေတကျပ်တပြားမှယူ
ဆောင်မသွားကြနဲ့။

စာတစ်ကူးမား ဆိုသူဟာ အသက်(၂၀)
ကျော်အရွယ် မိုင်(၈၀၀၀)ခရီးကိုခြေလျှင်
နဲ့ အောင်မြင်စွာသွားနိုင်ခဲ့တယ်။ သူဟာ
ဗြိတိန်ပြည် ရှူးမေကာကောလိပ်တည်
ထောင်သူနဲ့ ရီဆားဂျင့်(Resurgence)
မဂ္ဂဇင်း အယ်ဒီတာဖြစ်လာပါသတဲ့။
အံ့ဩဖွယ်က သူသည် စာသင်ကျောင်း
မနေခဲ့ ဘွဲ့မယူခဲ့။

ဆရာ'ကိုတာ' ဘာသာပြန်လိုက်တော့မှ
စာသင်ကျောင်းပညာကို သဘာဝအစား
အစာနဲ့ ချဉ်းကပ်ဖို့ ဟောပြောနေသူ
အကြောင်းပိုသိခဲ့ရပါတယ်။ ဆရာတာ
ကိုယ်တိုင် ရှူးမေကာကောလိပ်အလည်
ရောက်သွား၊ စာတစ်ကူးမား ဟောတာကို
နားထောင်။ မြန်မာပြည်မှာလည်း သိဖို့
သင့်တယ်ဆိုပြီးဘာသာပြန်လိုက်တာတဲ့။
ကဲ ... အခု အသက်(၈၀)ကျော်အရွယ်
ဖြစ်နေပါသော 'စာတစ်ကူးမား' ဘာများ
ဟောနေပါသလဲ ဖတ်ကြည့်ရအောင်။

တစ်နေ့မှာပေါ့ . . . ကျောင်းသားလေး
တွေကို ကျုပ်အခုလိုပြောဖြစ်ခဲ့ပါတယ်။
ငါတို့တတွေ သိပ္ပံပညာရှင် 'ဒါဝင်'
အကြောင်း၊ စာပေအနုပညာရှင်
'ရှိတ်စပီးယား' အကြောင်းမသင်ခင်မှာ
ပေါင်မုန့်ဖုတ်နည်း၊ ဂေါ်ဖီထုပ်နဲ့ သခွားသီး
စိုက်ပျိုးနည်းတွေကို အရင်သင်ကြရင်
ကောင်းမလားဟေ့။

ငါကတော့ သိပ္ပံပညာရော ဂန္တဝင်ကဗျာ
တွေကိုရော နှစ်သက်လေးစားတဲ့သူပါ။
ဒါပေမယ့် အဲဒါတွေက အသက်ရှင်ပြီး
နေထိုင်တတ်ဖို့ အတွက်တော့အစားထိုး
နိုင်စွမ်း မရှိကြဘူး။ ငါတို့ကအစာစားဖို့
မဖြစ်မနေလိုအပ်ကြတယ်လေ။
ဒါပေမယ့် လူတွေက တဖြည်းဖြည်းနဲ့
စိုက်ပျိုးဖို့၊ ချက်ပြုတ်ဖို့ကို စိတ်ဝင်စား
မှုနည်းသထက်နည်းပါးလာကြပြီ။

ငါတို့လူသားတွေက ကိုယ်ပိုင်အိမ်နဲ့
နေချင်ကြတယ်။ ဒါပေမယ့် အိမ်ကို
ဘယ်လိုဆောက်ရသလဲဆိုတာ
မတတ်ကျွမ်းကြတော့ဘူး။
အဲဒါတွေထက် ပိုက်ဆံဘယ်လိုရနိုင်
မလဲ၊ ငွေများများ ဘယ်လိုရှာရမလဲ
ပဲစိတ်ထက်သန်နေကြတယ်။ ငွေနောက်
ပဲလိုက်ဖို့ စိတ်ထဲရှိနေတော့တခြားလူသား
တွေကို ဘယ်လိုအသိအမှတ်ပြုလေးစား
ပေးရမယ်ဆိုတာ သတိမထားနိုင်ကြ
တော့ဘူးလေ။ ကျုပ်ဒီလိုမျိုး ကလေး
တွေကိုရိုးရိုးလေးပြောပြခဲ့ပါတယ်။

ကလေးတွေကို ကိုယ်စားသုံးရမယ့်
အစားအစာအကြောင်သင်ကြားပေး
တယ်ဆိုတာက ပညာရေးမှာအရေး
ကြီးတဲ့ ဦးခေါင်းပိုင်း - head၊ နှလုံးသား
အပိုင်း - heart နဲ့ လက်တွေ့ပိုင်းဖြစ်တဲ့
hands အားလုံးစုစည်းပေါင်းစပ်ကျင့်သုံး
လာနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။

စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ
ငွေကြေးအကုန်အကျခံပြီး အားကစားရုံ
ကြီးတွေဆောက်လုပ်တတ်ကြပါတယ်။
ကျုပ်ကတော့ အကုန်အကျ မများလှတဲ့
စားစရာ နဲ့ ပန်းမျိုးစုံစိုက်နိုင်တဲ့ ဥယျာဉ်၊
ရိုးရိုးရှင်းရှင်း မီးဖိုဆောင်တွေကို
ထည့်သွင်းပြုလုပ်ပေးစေချင်တယ်။

ဘာကြောင့် ဒီလိုတိုက်တွန်းရသလဲဆိုရင်
ကောင်းမွန်တဲ့အစားအစာ မသုံးဆောင်
ဖြစ်ရင် ခန္ဓာကိုယ်တွင်းမှာမကျန်းမမာမှု
ဖြစ်ပေါ်လာမယ်။ ခန္ဓာကိုယ်အတွင်းနေ
လို့မကောင်းဘူးဆိုတာ စိတ်ပိုင်းနဲ့ နာမ်
ဝိညာဉ်ပိုင်း အားလုံးမကျန်းမာခြင်းပါပဲ။
မီးဖိုဆောင် ဆိုတာ စာသင်ကျောင်း
တစ်ခုအတွက် လက်တွေ့ပြုလုပ်
သင်ယူရာနေရာဖြစ်နိုင်ပါတယ်။
ကျောင်းသားတွေ စာသင်ခန်းမှာ
သင်ယူထားသမျှ မမေ့မပျောက်
စေဘဲ စားဖိုဆောင်မှာ အစားအစာ
ပြင်ဆင် ချက်ပြုတ်ရင်း လက်တွေ့
ပြုလုပ်ခွင့်ရစေပါမယ်။

ကျောင်းသားတတွေ ကျောင်းရဲ့
စားဖိုဆောင်မှာ ဟင်းလျာမျိုးစုံကို
အတူတူ ချက်ကြရင်း အတူတကွ
လက်ဆုံစားကြတယ်ဆိုတာ
အချင်းချင်း ပိုမိုသိနားလည်ဖို့၊
ကူညီနိုင်ဖို့အတွက် အခွင့်အလမ်း
ပြင်ဆင်ပေးလိုက်ခြင်းပါပဲ။

ကျောင်းရဲ့ ဥယျာဉ်ခြံထဲမှာ
မြေသား မြေစိုင်တွေကို တူးဆွ
ရှင်းလင်းကိုင်တွယ်ရင်းစားပင်
သီးပင်တွေ စိုက်ပျိုးကြမယ်။
ဒီလို မြေကြီးကို ကိုင်တွယ်လိုက်
ခြင်းကြောင့် ရွှံ့ဆိုတာ၊ မြေဆီလွှာ
ဆိုတာ ရွံစရာ မဟုတ်ဘူး။
ညစ်ပေစေသောအရာ မဟုတ်ဘူး။
ကိုယ့်ရဲ့လက်နဲ့ မြေသားကို ထိတွေ့ပြီး
စိုက်ပျိုးလိုက်တယ်ဆိုတာ ကမ္ဘာမြေကို
မြတ်နိုးဂုဏ်ပြုခြင်းပဲ။ မိမိ စားမယ့်
အစားအစာကို ပေါက်ရောက်ရှင်သန်
စေတဲ့ မြေဆီလွှာ ကို အလေးအမြတ်
ထားရှိလိုက်ခြင်းပါပဲ။

ဒီလိုလက်တွေ့ကျကျ လုပ်ဆောင်ခွင့်မျိုး
စာသင်ကျောင်းက ကလေးတွေရရှိ
ကြမယ်ဆိုရင် ကလေးများရဲ့ဦးနှောက်၊
နှလုံးသားနဲ့ လက်တွေ့အပိုင်းတွေ
အားကောင်းကောင်းနဲ့ ပေါင်းစပ်ခွင့်ရ
ကြမှာပါ။ ဒါဟာအစားအစာဆိုင်ရာ
အနုပညာတရပ်ပဲ။ အစားအစာစနစ်ကို
စောင့်ရှောက်ပေးနေခြင်းပဲ။
(ဆရာကြီးစာတစ်ကူးမား)

ကိုပီတိ

မှတ်စု။
၁) ကောလိပ်အကြောင်းရှာရန်။
schumachercollege.org
၂) "ခရီးပန်းတိုင်ရယ်လို့မရှိ" - ကိုတာ
YouTube တွင်အသံစာအုပ်ရှိပါသည်။

Green Memo


🔸အခုလို ရာသီဥတုအပြောင်းအလဲကာလလေးမှာ နှာခေါင်းပိတ်ခြင်းနဲ့ အဆစ်အမြစ်လေးတွေ နာကျင်ကိုက်ခဲခြင်းက ဖိုးဖိုးဖွားဖွားတို့အတွက် ...
20/05/2026

🔸အခုလို ရာသီဥတုအပြောင်းအလဲကာလလေးမှာ နှာခေါင်းပိတ်ခြင်းနဲ့ အဆစ်အမြစ်လေးတွေ နာကျင်ကိုက်ခဲခြင်းက ဖိုးဖိုးဖွားဖွားတို့အတွက် ဖြစ်လေ့ရှိတဲ့လက္ခဏာတစ်ခုပါပဲ...

🔸ဒါကြောင့် အရိုးအဆစ်လေးတွေ နာကျဥ်ကိုက်ခဲခြင်းနဲ့ ကြွက်သားလေးတွေ ရောင်ရမ်းနာကျဥ်​​ ခြင်း အတွက်သာမက ဇက်ကြောတက်၊ နှာခေါင်းပိတ်ခြင်းများအတွက်ပါကောင်းမွန်တဲ့ 💚 Gaia ရဲ့ သဘာဝကမ်းဇော်ပရုပ်ဆီ 💚 လေးက ချစ်ရတဲ့ဖိုးဖိုးဖွားဖွားအတွက် အိမ်မှာ အမြဲဆောင်ထားသင့်တဲ့ ပရုတ်ဆီလေးပဲပေါ့...

🔸ကဲ ဒါဆို မိမိချစ်ရတဲ့ ဖိုးဖိုးဖွားဖွားတို့ ညောင်းညာကိုက်ခဲခြင်းတွေ သာသာပျောက်ကင်းစေဖို့ အခုပဲ 💚 Gaia ကမ်းဇော်ပရုပ်ဆီ 💚 လေးကိုလအခုပဲ Hello လုပ်ပြီးဝယ်ယူလိုက်တော့နော်...👇

🔸 Contact Us
☎ 09 450 016 060




မိသားစုသည် မူလ 'ကျောင်း'Family is the 'First' school မိသားစုဆိုတာ ပင်မစာသင်ကျောင်းပဲ။မော်ဒန်ပညာရေးစနစ်က မိဘနဲ့သားသမီးမျာ...
20/05/2026

မိသားစုသည် မူလ 'ကျောင်း'
Family is the 'First' school

မိသားစုဆိုတာ ပင်မစာသင်ကျောင်းပဲ။
မော်ဒန်ပညာရေးစနစ်က မိဘနဲ့သားသမီး
များကိုခြားနားလိုက်တယ်။ မိသားစုရဲ့
ရိုးရာဉာဏ်ပညာကိုပြန်ယူဆောင်ရမယ်။
ဒါမှ သားသမီးနဲ့ မိဘတွေဟာအပင်ရေ
သောက်မြစ်လို ဆက်နွယ်လေးမြတ်
လာကြလိမ့်မယ်။
(ဖထီဂျော်နီ)
Joni Odochao, Karen elder Thailand

Green Memo

Address

No-189, Baho Street
Kamayut
2022

Telephone

+959789888579

Website

Alerts

Be the first to know and let us send you an email when Gaia Natural Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gaia Natural Products:

Shortcuts

Share