Chaw Chaw Pharmacy

Chaw Chaw Pharmacy Chaw Chaw Pharmacy was opened since 14 of May 2022. It intend to provide medical equipments, pharmac

ဂေါက်ရောဂါဆိုတာ သွေးထဲမှာ ယူရစ်အက်ဆစ် (Uric acid) တွေ များနေတဲ့အတွက် အဆစ်အမျက်တွေ ရောင်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါကိုကုသ...
07/03/2023

ဂေါက်ရောဂါဆိုတာ သွေးထဲမှာ ယူရစ်အက်ဆစ် (Uric acid) တွေ များနေတဲ့အတွက် အဆစ်အမျက်တွေ ရောင်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါကိုကုသတဲ့အခါမှာ အစားအသောက် မှန်ကန်အောင် ရွေးချယ်စားသောက်ခြင်းဟာ အရေးပါလှပါတယ်။

ယူရစ်အက်ဆစ်တွေ ဘယ်ကနေရသလဲဆိုရင် အစားအစာမှာပါတဲ့ ပြူရင်း (Purine) ဓာတ်ပစ္စည်းကနေ ရပါတယ်။ အစားအစာတိုင်းနီးပါးမှာ ပြူရင်းဓာတ်တွေ ပါဝင်နေတာမို့ ပြူရင်းဓာတ် မပါဝင်အောင် စားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အစားအစာတွေကို ပြူရင်းဓာတ်ပါဝင်မှုပေါ် မူတည်ပြီး အုပ်စု (၃) ခု ခွဲထားပါတယ်။

ပထမအုပ်စုကတော့ ပြူရင်းပါဝင်မှုများတဲ့ အစားအစာများအုပ်စု (𝗛𝗶𝗴𝗵 𝗽𝘂𝗿𝗶𝗻𝗲 𝗳𝗼𝗼𝗱𝘀) မှာ ပါဝင်တဲ့အစားအစာတွေကိုတော့ လုံးဝရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့
• အရက်၊ ဘီယာ၊ ဝိုင်အမျိုးမျိုး
• ပင်လယ်စာများ- ဂဏန်း၊ ပုစွန်၊ ငါးမျိုးစုံ
• အချို့သောအသားများ- ကြက်ဆင်၊ ဝက်ပေါင်ခြောက်
• ဝမ်းတွင်းကလီစာများ- အသည်း၊ အူမျိုးစုံ၊ ကျောက်ကပ်၊ နှလုံး

ဒုတိယအုပ်စုကတော့ ပြူရင်းပါဝင်မှု အတော်အသင့်များတဲ့ အစားအစာအုပ်စု (𝗠𝗼𝗱𝗲𝗿𝗮𝘁𝗲 𝗽𝘂𝗿𝗶𝗻𝗲 𝗳𝗼𝗼𝗱𝘀) မှာ ပါဝင်တဲ့အစားအစာတွေကိုတော့ လျှော့စားဖို့လိုပါတယ်။ အဲ့ဒါတွေကတော့
• အချို့သောအသားများ- အမဲသား၊ ဝက်သား၊ ဘဲသား၊ ကြက်သား
• ပဲမျိုးစုံ
• မှိုမျိုးစုံ
• အချို့သောဟင်းသီးဟင်းရွက်များ- ကညွတ်၊ ဂေါ်ဖီပန်းပွင့်၊ ဟင်းနုနယ်

တတိယအုပ်စုကတော့ ပြူရင်းဓာတ်ပါဝင်မှု အနည်းငယ်သာ ပါဝင်တဲ့ အစားအစာအုပ်စု (𝗟𝗼𝘄 𝗽𝘂𝗿𝗶𝗻𝗲 𝗳𝗼𝗼𝗱𝘀) ဖြစ်ပြီး ဒါတွေကိုတော့ စားလို့ရပါတယ်။ အဲ့ဒါတွေကတော့
• သစ်သီးမျိုးစုံ
• ကျန်သော ဟင်းသီးဟင်းရွက်များ
• ကြက်ဥ၊ ဘဲဥ၊ ဥမျိုးစုံ
• နွားနို့နှင့် နို့ထွက်ပစ္စည်း
• ဆန်၊ ဂျုံနှင့် ပြုလုပ်ထားသော အစားအစာများ
တို့ ဖြစ်ပါတယ်။
Credit

ဒေါက်တာခင်မောင်လွင် (FAME)

က​လေး​တွေကို မတိုက်​ကျွေးသင့်တဲ့​ဆေးဝါးများ💊🚫ဖေ​ဖေ​မေ​မေတို့အ​နေနဲ့ ကလေးတွေနေမကောင်းဖြစ်ပြီဆိုရင် ဆေးခန်းသွားမပြခင် အိမ်...
09/02/2023

က​လေး​တွေကို မတိုက်​ကျွေးသင့်တဲ့​ဆေးဝါးများ💊🚫

ဖေ​ဖေ​မေ​မေတို့အ​နေနဲ့ ကလေးတွေနေမကောင်းဖြစ်ပြီဆိုရင် ဆေးခန်းသွားမပြခင် အိမ်မှာအသင့်ရှိတဲ့​ဆေးတွေကို အရင်ဆုံးတိုက်​ကျွေးလေ့ရှိကြပါတယ်။

👉 သတိပြုသင့်တာက​တော့ က​လေးဆိုတာက လူကြီး​သေး​သေး​လေး​တွေမဟုတ်ဘူးဆိုတာပါ။ ဒါ​ကြောင့် က​လေးဖျားပြီဆိုရင် လူကြီး​သောက်တဲ့​ဆေးကိုဘဲ ပမာဏ​လျော့ပြီး တိုက်လိုက်မယ်ဆိုတာမျိုး လုံးဝမလုပ်ရပါဘူး​။🙅‍♂️

✔ FDA ​ထောက်ခံချက်ရှိပြီးသားဖြစ်တဲ့ ​ဆေး​တွေထဲမှာ​တောင် က​လေးကို မတိုက်သင့်တဲ့ ​ဆေးမျိုး​တွေရှိ​နေပါ​သေးတယ်။

✅ ဆရာဝန်​တွေအ​နေနဲ့ က​လေးတစ်​ယောက်ကို ​ဆေး​ပေးမယ်ဆိုရင် က​လေးရဲ့ ကိုယ်အလေးချိန်၊ အသက်အရွယ်၊ ရောဂါအခံ၊ ဆေးရဲ့​နောက်ဆက်တွဲဆိုးကျိုး စတာတွေကို သေချာချင့်ချိန်ပြီးမှပေးရတာဖြစ်ပါတယ်။

ဒါ​ကြောင့် ​​ဖေ​ဖေမေ​မေတို့အ​နေနဲ့လည်း ကလေးတွေကို ဆေးတိုက်​တော့မယ်ဆိုရင် နီးစပ်ရာ​စျေးဆိုင်၊ ​ကွမ်းယာဆိုင်​​တွေက စတီးရွိုက်​တွေ၊ အမည်မသိပိုးသတ်​ဆေး​တွေ ပါဝင်​နေတဲ့ စပ်​ဆေး​တွေကို​တော့ လုံးဝမတိုက်သင့်ပါဘူး​နော်။

👉 ဒါ့အပြင် လူကြီး​တွေ​ ​နေမ​ကောင်းဖြစ်ရင် သောက်​နေကျဖြစ်​ပေမယ့် က​လေး​တွေကို​တော့ မတိုက်​ကျွေးသင့်တဲ့ ​ဆေးမျိုး​တွေလည်းရှိ​နေပါ​သေးတယ်။ ဘာ​တွေလဲဆိုရင်​တော့-

(၁) Aspirin (အက်စ်ပရင်)

Aspirin ဆိုတာ လူတိုင်းသိကြတဲ့ အကိုက်အခဲ​ပျောက်​ဆေးတစ်မျိုးဖြစ်ပါတယ်။ Aspirin ဟာ အသက်၁၈နှစ်​အောက် က​လေး​တွေမှာ Reye's Syndrome လို့​ခေါ်တဲ့ ​နောက်ဆက်တွဲ ပြဿနာတစ်မျိုးဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။ Reye's syndrome ဆိုတာ အဖြစ်နည်း​ပေမယ့် ပြင်းထန်တဲ့​နောက်ဆက်တွဲပြဿနာတစ်ရပ်ဖြစ်ပါတယ်။ က​လေးရဲ့အသည်းနဲ့ ဦး​နှောက်​တွေကို ​ရောင်ရမ်းထိခိုက်​စေနိုင်ပြီး ​အသက်သေဆုံးသည်ထိ ဖြစ်​ပေါ်စေတတ်ပါတယ်။

ဒါ​ကြောင့် က​လေး​တွေကို အကိုက်အခဲ​ပျောက်​ဆေးတိုက်မယ်ဆိုရင် အန္တရာယ်အကင်းဆုံး Paracetamol ကိုသာ ​ရွေးချယ်တိုက်​ကျွေးသင့်ပါတယ်။

အကိုက်အခဲ​ပျောက်​ဆေး၊ အဖျားကျ​ဆေး​တွေနဲ့ ပက်သက်ပြီး သတိပြုသင့်တာ​တွေက​တော့-

▪︎ အသက် ၃လအောက် ကလေးတွေကို Paracetamol လည်း မတိုက်​ကျွေးသင့်​သေးပါဘူး။

▪︎ ၃လအထက် ၆လ​အောက် က​လေး​တွေကို​တော့ Paracetamol တိုက်​ကျွေးနိုင်ပြီး Ibuprofen ကို​တော့ ​ရှောင်ကြဥ်​ပေးရပါမယ်။

(၂) Codeine (ကိုဒင်း) ပါဝင်တဲ့ ​ချောင်းဆိုး​ပျောက်​ဆေးများ

အသက် ၆နှစ်​အောက် က​လေးငယ်​တွေကို Codeine ပါဝင်တဲ့ ​ချောင်းဆိုး​ပျောက်​ဆေး​တွေ တိုက်​ကျွေးမိတဲ့အခါ နှလုံးခုန်မြန်လာခြင်း၊ အသက်ရှူရခက်​စေခြင်း၊ အသက်ရှူကြပ်လာခြင်းတို့ ဖြစ်​ပေါ်​စေပြီး ​အသက်အန္တရာယ်ကိုပါ ထိခိုက်လာ​စေနိုင်ပါတယ်။

(၃) Diphenhydramine

Diphenhydramine ဆိုတာ allergy ဓါတ်မတည့်မှု​တွေဖြစ်တဲ့အခါ ​ပေး​လေ့ရှိတဲ့ ​ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒီ​ဆေးတိုက်ပြီး​နောက် က​လေး​တွေကို အလွန်အမင်းအိပ်​ပျော်​စေနိုင်တာ​ကြောင့် က​လေးမှာတကယ်တမ်းခံစား​နေရတဲ့ ​ရောဂါ​ဝေဒနာတွေကို သတိမမူမိဘဲ ပိုဆိုးသွားတာမျိုး ဖြစ်သွား​စေနိုင်ပါတယ်။

(၄) Dimenhydrinate ပါဝင်တဲ့ အအန်​ပျောက်​ဆေးများ

အသက် ၂နှစ်​အောက် က​လေးငယ်​တွေကို ဒီအအန်​ပျောက်​ဆေး​တွေ တိုက်မိတဲ့အခါ ဆိုးကျိုးအ​နေနဲ့ မူး​ဝေတာ၊ ​ခေါင်းကိုက်တာ၊ အမြင်အာရုံ​ဝေဝါးလာတာ၊ နှလုံးခုန်နှုန်းမြန်လာတာ စတာ​တွေကို ခံစားရ​စေနိုင်ပါတယ်။ က​လေး​တွေကို အအန်​ပျောက်​ဆေးတိုက်မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှသာ တိုက်​ကျွေးသင့်ပါတယ်။

(၅) Loperamide ပါဝင်တဲ့ ဝမ်းပိတ်​ဆေးများ

ဝမ်းပိတ်​ဆေးဆိုတာ လူကြီး​တွေမှာ​တောင် ခရီးသွားစဥ်ဝမ်း​လျှောမှ ​​သောက်သုံးရတာမျိုးပါ။ ဝမ်းပိတ်​ဆေးကို မလိုအပ်ဘဲ ​သောက်မိတဲ့အခါ ခန္ဓါကိုယ်အတွင်း အညစ်အ​ကြေး​အဆိပ်အ​တောက်​တွေ စုပုံလာ​စေနိုင်ပါတယ်။ ဒါ​ကြောင့် က​လေး​တွေ ဝမ်း​လျှောတဲ့အခါ ဝမ်းပိတ်​ဆေး တိုက်​ကျွေးခြင်းကို ​ရှောင်ရှားသင့်ပြီး ဓါတ်ဆားရည်သာ လုံလုံ​လောက်​လောက်ဝင်​အောင်တိုက်​​ပေးသင့်ပါတယ်။

👉 ​နောက်ထပ်သတိပြုသင့်တာ​က​တော့ က​လေး​တွေကို ​ဆေးတိုက်​တဲ့အခါ expire date ကို မဖြစ်​မ​နေကြည့်သင့်ပါတယ်။ ​မေ​မေအများစုက ​ဆေးဘူး​တွေမှာ ​ဆေးပို​နေတဲ့အခါ အချိန်အကြာကြီး သိမ်းထားမိတတ်ကြပါတယ်။ ဒီလိုသိမ်းထားမိတဲ့​ဆေး​တွေဆို ဒိတ်ကုန်၊ မကုန်​ကို သေချာကြည့်ပြီးမှ တိုက်​​ကျွေးပေးရပါမယ်​နော်။

27/12/2022
" ပါးစပ်ထဲက အနာသေးသေးလေးများ "Health Care Journal, July 2020ပါးစပ်ထဲမှာ အနာသေးသေးလေးတွေ လူတိုင်းပေါက်ဖူးကြမယ်ထင်တယ် ။ အန...
16/07/2022

" ပါးစပ်ထဲက အနာသေးသေးလေးများ "
Health Care Journal, July 2020

ပါးစပ်ထဲမှာ အနာသေးသေးလေးတွေ လူတိုင်းပေါက်ဖူးကြမယ်ထင်တယ် ။ အနာက သေးသေးလေးဆိုပေမယ့် အသေနာပါတယ် ။ ဒီအနာသေးသေးလေးတွေ ပါးစပ်ထဲရှိနေရင် ဘာစားစားနာနေတော့တာပဲ ။ တခါတလေ ဒီအတိုင်းနေရင်တောင် နာနေတတ်တာမျိုးဗျ ။ အပူအစပ်တွေသာစားမိလို့ကတော့ လူက တွန့်တွန့်လူးသွားရော ။
တချို့လူတွေမှာ ဒီလိုအနာတွေ မကြာခဏထွက်တတ်လို့ ကင်ဆာဖြစ်တာလားဆိုပြီး စိုးရိမ်တကြီး ဆေးခန်းလာပြကြတတ်တယ် ။ လူအများစုကတော့ ပါးစပ်ထဲ အနာပေါက်ရင် အပူကန်တယ်ဆိုပြီး အေးအေးဆေးဆေး မေ့မေ့ပျောက်ပျောက်ပါပဲ ။

ဒီလို အနာသေးသေးလေးတွေကို ကလေး ၊ လူကြီး အရွယ်မျိုးစုံမှာတွေ့ရတတ်ပါတယ် ။
အနာသေးသေးလေးတွေဟာ များသောအားဖြင့် နူတ်ခမ်း ၊ လျှာ နဲ့ ပါးစောင်တွေမှာဖြစ်လေ့ရှိပါတယ် ။ တချို့လည်း အနာတစ်ခုလောက်ပဲပေါက်ပေမယ့် တချို့လူတွေမှာကျ အစုလိုက် အပြုံလိုက်ပေါက်လေ့ရှိပါတယ် ။ အနာတစ်ခုထဲပေါက်ရင်တောင် တအားနာတာ.. အစုလိုက်ပေါက်လို့ကတော့ တအားနေရခက်တော့တာပေါ့ ။
ဒီအနာလေးတွေဟာ အလုပ်တအားများပြီး စိတ်ဖိစီးတဲ့အချိန်မှာ ပေါက်လေ့ရှိလို့ အင်္ဂလိပ်လို "Stress Ulcer" လို့လည်း ခေါ်ကြပါသေးတယ် ။ ကျွန်တော်ဆိုရင်လည်း ဒီ COVID-19 Stay Home ကာလတွေမှာ တော်တော်စိတ်ဖိစီးတော့ ဒီလို အနာတွေ ပျောက်လိုက် နောက်တစ်လုံးထပ် ပေါက်လာလိုက်နဲ့ပါပဲ ။ ဆယ်တန်းစာမေးပွဲဖြေချိန်နီးရင် ကလေးတွေလည်း ပါးစပ်ထဲ ဒီလိုအနာသေးသေးလေးတွေပလပွနဲ့ ဆေးခန်းကိုရောက်လာတတ်ကြပါတယ် ။ တခြားလူမှုရေးကိစ္စတွေမှာလည်း စိတ်ဖိစီးမှုတွေများလွန်းတဲ့သူတွေမှာလည်း ဒီလိုအနာသေးသေးလေးတွေ ပေါက်လာတတ်တယ် ။ စိတ်ဖိစီးမှုကြောင့်မဟုတ်ပဲ အိပ်ရေးပျက်ခြင်း ကြောင့်လည်း ဒီလို အနာပေါက်စတွေဖြစ်နိုင်ပါတယ် ။ တခြားခန္ဓာကိုယ်အစိတ်အပိုင်းက ရောဂါတွေရဲ့ လက္ခဏာအဖြစ်လည်း ပါးစပ်ထဲ အနာတွေလာပေါက်တာမျိုးလည်း ရှိတတ်ပါတယ် ။ ကိုယ့်ရဲ့ နေထိုင်တဲ့ပတ်ဝန်းကျင် အစားအသောက်တွေပေါ်မူတည်ပြီးလည်း ဒီအနာတွေဖြစ်တတ်တာမို့ ဒီအနာတွေဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းကို တိတိကျကျပြောဖို့တော့ ခဲယဥ်းပါတယ် ။

ဒါပေမယ့် ဒီအနာလေးတွေဟာ စိုးရိမ်စရာမလို ကုသစရာမလိုပဲ များသောအားဖြင့် တစ်ပတ်ခန့်အကြာမှာ သူ့အလိုလိုသူပျောက်ကင်းသွားတာများပါတယ် ။ ဒါပေမယ့် တချို့လူတွေအတွက် အနာက အရမ်းနာနေရင်တော့ နာတာ သက်သာအောင် သွားနှင့်ခံတွင်းဆေးခန်းတွေမှာ သွားပြလို့ရပါတယ် ။ သွားဆေးခန်မှာ အနာသက်သာအောင်ပြုလုပ်ပေးခြင်း ၊ လိမ်းဆေးများ ၊ ပလုတ်ကျင်းဆေးရည်များ ၊သောက်ဆေးများကို ညွန်းပေးပါလိမ့်မယ် ။ အနာဖြစ်နေတာက ပါးစပ်ထဲက ချွန်နေသော ရှနေသော သွားများ ၊ သွားတုများကြောင့်ဖြစ်နေပါကလည်း ချွန်နေရှနေသော သွားများ ၊ သွားအတုများကို ညှိပေးခြင်းများ လုပ်ပေးပါလိမ့်မယ် ။

အနာလေးတွေ မပျောက်ခင်စပ်ကြားမှာ အနာကို ပိုးမဝင်အောင် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ် ။ ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ တစ်နေ့ အနည်းဆုံး (၂) ကြိမ်ခန့် သွားတိုက်ပေးပါ ။
အစားစားပြီးတိုင်း ပလုတ်ကျင်းဆေးရည်ဖြင့် သေသေချာချာပလုတ်ကျင်းပါ ။ ဒီနေရာမှာတော့ ကျွန်တော်က ဆားငံရည်နဲ့ ပလုတ်ကျင်းတာကို သိပ်အားမပေးချင်ဘူး ။ ဆားငံရည်ဖြင့် ပလုတ်ကျင်းတဲ့အခါ အနာတွေဟာ စပ်ဖျင်းဖျင်းနဲ့ တအားနေရခက်တတ်လို့ပါ ။ ဒါကြောင့် ဒီလိုအနာလေးတွေအတွက်ဆိုရင် ပလုတ်ကျင်းဆေးရည်နဲ့ကျင်းတာက ပိုပြီး သက်တောင့်သက်သာရှိပါတယ် ​။
ဆရာဝန်က လိမ်းဆေးညွန်းထားပါက ဆေးလိမ်းပေးပါ ။ ပါးစပ်ထဲမှာ ဆေးလိမ်းရင် အနာရှိတဲ့နေရာကို တခါတည်း အသာအယာပုံပေးလိုက်ရုံပါပဲ ။ အရေပြားမှာ ဆေးတွေလိမ်းသလို ပွတ်လိုက်ရင် ပါးစပ်ထဲက အနာနေရာမှာ ဆေးတွေမရှိတော့ပါဘူး ။ ဒါလေးကိုလည်း သတိပြုပေးပါ ။ နောက်ထပ် သတိပြုရမှာက အသားအရည်မှာ လိမ်းတဲ့ အနာလိမ်းဆေးတွေ ၊ သစ်ဥသစ်ဖုတွေ ၊ တေဇောပန်းတွေ ပရုပ်ဆီတွေ မလိမ်းရပါဘူး ။ အနာတွေဟာ လောင်သွားပြီး အနာကျက်တာကို နှေးကွေးစေပါတယ် ။ ကံဆိုးရင် အနာလုံးဝမကျက်တော့ပဲ အနာကလည်းပိုကြီးလာကာ ကင်ဆာအနာများအဖြစ်ပြောင်းသွားတတ်ပါတယ် ။
သောက်ဆေးများညွန်းထားပါက ဆေးညွန်းအတိုင်းသေသေချာချာသောက်ပေးပါ ။
အစားအသောက်တွေမှာ အပူအစပ်တွေ စားခြင်းကို ရှောင်ပေးရပါမယ် ။ ရေများများသောက်ပြီး အစားအသောက်ကိုလည်း မျှတအောင် စားသုံးရပါတယ် ။
အိပ်ရေးဝဝအိပ်ရပါမယ် ။ စိတ်ဖိစီးမှုတွေကင်းအောင်လည်း နေထိုင်ပါ ။

ဒီအနာလေးတွေဟာ ပြောပြခဲ့သလို ကင်ဆာတော့ မဟုတ်ပါဘူး ။ စိုးရိမ်စရာလည်း မရှိပါဘူး ။ တစ်ပတ်နှစ်ပတ်ကြာတဲ့အခါ ပုံမှန်အတိုင်း ပျောက်သွားမှာဖြစ်ပါတယ် ။ ဒါပေမယ့် ပါးစပ်ထဲမှာ ရှိနေတဲ့ အနာတွေက တစ်လခန့်အထိ အနာတွေမကျက်ဘူးဆိုရင် ဒီအနာတွေဟာ ကင်ဆာအနာလို ဆိုးတဲ့ အနာတွေ ၊ အသက်အန္တာရယ်ကို ထိခိုက်စေတဲ့ အနာတွေဖြစ်နိုင်တာမို့ ဆေးခန်းမှာ အမြန်ဆုံးစစ်ဆေးပြီး ကုသမှုခံယူဖို့ တိုက်တွန်းပါရစေခင်ဗျ ။
ဒီလောက်ဆို ပါးစပ်ထဲက အနာသေးသေးလေးတွေနဲ့ ပတ်သက်ပြီး ဗဟုသုတရမယ်လို့ ထင်ပါတယ် ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။


ဒေါက်တာမျိုးမြင့်အောင်
သွားနှင့်ခံတွင်းဆရာဝန်


14/07/2022

Crd:Dr Hadee Maung

#ကိုဗစ်မျိုးကွဲOmicron BA.4 / BA.5နဲ့ စဖြစ်လာတာတွေနဲ့ လက်ရှိဆေးရုံဆေးခန်းများရှိ ဖျားနာကုသအတွေ့အကြုံ

ဒီဖက်နိုင်ငံက ကျနော်တို့လက်ရှိအလုပ်လုပ်နေတဲ့ ဆေးရုံကို အရေးပေါ်/ပြင်ပလူနာတွေအနေနဲ့ ကိုဗစ်သံသယလူနာတွေ ရှေ့လ Juneလကုန်ကတည်းက ဆက်တိုက်လာနေတာ၊

အဲဒါနဲ့ Fever Clinic/ Suspect Cornerဆိုပြီး အရေးပေါ်အဝင်ဘေးနားမှာ ဖျားနာသူတွေကြည့်ဖို့ သီးသန့်နေရာလုပ်ပြီး ခွဲထုတ်ပစ်လိုက်ရတဲ့အထိ တဖြေးဖြေးများလာတယ်

ကျနော်တို့ထိုင်တဲ့ အခန်းဘေးကပ်လျက်မှာပဲ ပိုးရှိမရှိစစ်ဖို့ နှာခေါင်းတို့ဖတ်ယူတဲ့ Swab roomလုပ်ချလိုက်တော့ နေရင်းထိုင်ရင်း ရှေ့တန်းရောက်သွားတာပဲ၊ သိပ်မကြာလိုက်ပါဘူး၊ ဆေးရုံက ဆရာဝန်တွေ ဝန်ထမ်းတွေ အခုဆို ကူးကုန်ပြီ

လဆန်းကတည်းက ဆေးရုံမှာ တစ်ရက်ကို သံသယလူနာ သုံးလေးငါးဆယ် တွေ့ရတယ်၊ စစ်လိုက်ရင် အနည်းဆုံး တစ်ဝက်ကျော်က Positive ထွက်လာတာပဲ၊ BA.4/ BA.5စပြီး Dominant ဖြစ်ကတည်းက PCR False Negativeနဲ့ Symptomatic caseတွေ အများကြီးရှိတယ်၊ လက်ရှိ US UK EU Mid East Asia အကုန်လုံးမှာ BA.4/5 ရောက်နေပြီ

PCRစစ်လို့ Positiveဆိုပြီး ပိုးတွေ့ရင် ကိုယ်အိမ်ကိုယ်ယာနဲ့ လူနာတွေဆို Vital sign monitor လုပ်နည်းနဲ့ တခြားအရေးကြီးတာတွေ သင်ပေးပြီး Home Quarantineပေးတယ်၊ အိမ်မှာတခုခုဆိုရင် ဖုန်းဆက်မေးလို့ အကူညီတောင်းလို့ရတဲ့ Helplineတွေ Call centerတွေ ချိတ်ပေးလိုက်တယ်

လူတွေအများကြီးစုနေသူ Laborဝန်ထမ်းလိုမျိုးတွေမှာ Pဖြစ်တယ်ဆိုရင်တော့ Quarantine Campတွေဆီကို ပို့ပေးလို့ရတယ်၊ အနည်းဆုံး စဖြစ်တဲ့ရက်ကနေ တစ်ပတ်နေရတယ်၊ Day 6မှာ PCRထပ်စစ်ပေးတယ်၊ Negative ဆို ပြန်လွှတ်တယ်၊ ဆေးလည်းပေးတယ်၊ အစားအသောက်ရောပေါ့၊ အဲဒီမှာထားရင်း အခြေအနေဆိုးလာရင် Covid Treatment Centerတွေ ဆေးရုံတွေမှာ ကုသဖို့ တဆင့်ပြန်ပို့ပေးတယ်

ာတွေဖြစ်လဲဆိုတော်တော်ခံရတယ်၊ Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

Day 0 - ကူးစက်ခံရတယ်ဆိုပါတော့

Day 1 - မှာ ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်

Day 2 - တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်

Day 4 - နှာစစီးလာမယ်၊ နှာ‌ရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊ တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ

Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်

Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအားနည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊ ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်

Day 7 - ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် သို့ Swab test Positive ပြနေသေးရင် သို့ အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံဆေးခန်းမှ လိုအပ်‌သည့် အကူအညီ အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicronအစကလို မပေါ့ကြပါနဲ့

တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိကိုဗစ်ကူးစက်ခံရသည့် လူနာတော်တော်များများမှာ အထက်ပါလက္ခဏာအများစုကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

Vit C , D, Zinc အစရှိတာတွေနဲ့အတူ အရေးကြီးဆုံးက
ORS ခေါ် လူကြီးတိုင်း ကလေးတိုင်းအတွက်ဓါတ်ဆားပါပဲ၊ သောက်ချင်ချင် မသောက်ချင်ချင် တစ်ရက်ကို 1 to 2 Liter လောက် သောက်လိုက်ပါ၊ ဒီလိုအိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါခင်ဗျာ

ဆီးချိုသမားတွေ အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလို သွေးတိုးနှလုံးသမားတွေက သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း မိမိအခြေအနေကို အားမရဘူးဆို ဆရာဝန်တစ်ယောက်‌ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ကျန်းမာရေးအကြံဉာဏ် အကူအညီရယူတာကတော့ စိတ်ချရဆုံး အကောင်းဆုံးပါပဲလို့ နှိုးဆော်ပါရစေ

and respect to bro
Dr. Hadee Maung © July 2022

11/07/2022

လှိုင်းအသစ် လာပြန်ပါပြီ တဲ့

အိုမီခရွန် ဘီအေ ၄ နဲ့ ဘီအေ ၅

အပြင်ထွက်ရင် ဂရုစိုက်ကြပါ
⚠️ Mask လေးဘာလေး တပ်သွားကြပါ ⚠️

ထုံးစံအတိုင်းပဲနှာချေမယ် ခေါင်းကိုက်မယ် အပူကြိတ် ပေါက်မယ် အရေပြားတွေယားမယ် နှင့်တခြားလက္ခဏာများ ပါ ဖြစ်တတ်ကြပါတယ်တဲ့

ကိုယ်တစ်ယောက်ထဲကျန်းမာနေရုံနဲ့မရဘူး ကိုယ့်ဘေးကသူတွေပါကျန်းမာ မှ ✅

Thanks 🙏

နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ မျက်စိ အနားပေးလေ့ကျင့်ခန်းများ( ၁ ) မျက်တောင် တဖျပ်ဖျပ် ခတ် တာ ကို ၂ မိနစ် လောက် လုပ်ပေး လိုက် ...
08/07/2022

နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ မျက်စိ အနားပေးလေ့ကျင့်ခန်းများ

( ၁ ) မျက်တောင် တဖျပ်ဖျပ် ခတ် တာ ကို ၂ မိနစ် လောက် လုပ်ပေး လိုက် ပါ ။ အဲ့ဒါကမျက်လုံး နား တဝိုက်မှာ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

(၂) ပြတင်းပေါက်မှန်ကို ၅ စက္ကန့် လောက် စိုက် ကြည့် ပြီး အဝေးက အရာဝတ္ထုတွေ ကို ၅ စက္ကန့်လောက် ပြောင်း ကြည့် ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၃) မျက်လုံး မှိတ် ပြီး တစ်နေ့ နှစ်ကြိမ် ရေ ဆေး ပေး ပါ ။ မနက် ပိုင်း မှာ ရေ နွေးလေး နဲ့ မျက်နှာ သစ်ပြီး ရေ အေး နဲ့ ထပ် သစ်ပေးပါ ။ ညဘက်မှာတော့ ရေ အေး နဲ့ အရင် သစ်ပြီး ရေ နွေး နဲ့ ထပ်သစ်ပါ ။ အဲ့ဒါက ပင်ပန်းနွမ်းနယ်နေတဲ့ မျက် လုံးတွေကို ပြန်လည်လန်းဆန်းစေပါတယ်။

(၄) မျက်လုံးတွေကို ဘယ်က နေ ညာ ၊ ညာ က နေ ဘယ်ကို ရွှေ့ ပေးတာကို ၆ ကြိမ် လုပ်ပေးပါ။

( ၅) မျက်လုံးကို ၅ စက္ကန့် လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၆) လက်ကို ဆန့်တန်းပြီး လက်မရဲ့ လက်သည်းကို စိုက်ကြည့်ပါ။ လက်ကို မျက်နှာနဲ့ တစ်ပေလောက် အကွာအထိ ရွှေ့လာပြီး မျက်လုံးက လက်မလက်သည်းကို လိုက်ကြည့်ပေးပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၇) မျက်လုံးကို နာရီလက်တံ လှည့်တဲ့အတိုင်း စက်ဝိုင်းပုံ (၄) ကြိမ်လှည့်ပြီး၊ သူနဲ့ဆန့်ကျင်ဘက် ကို ၄ ကြိမ်ထပ်လှည့်ပါ။

(၈) မျက်လုံးကို (၅)စက္ကန့်လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပြီး မျက်လုံးတွေကို ကျယ်နိုင် သ လောက် ကျယ်ကျယ် ဖွင့်လိုက်ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၉) မျက်လုံးကို ဖွဖွလေး မှိတ်ထားပြီး စိတ်ကို ဖြေလျော့ထားပါ ။ လက်နှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်ပြီး မျက်လုံးအပေါ်ကနေ မိနစ်အနည်းငယ်လောက် အုပ်ထားပေးလိုက်ပါ။

(၁၀) မျက်လုံးကို မှိတ်ပြီး အတွင်းထောင့်နေရာလေးကို လက်ချောင်းထိပ်လေးတွေနဲ့ မိနစ်အနည်းငယ်လောက် နှိပ်နယ် ပေး လိုက်ပါ။
လိုက်လုပ်ကြည့်ရအောင်နော်

Photo and knowledge
Credit

Photo credit

သားသားမီးမီးလေးတွေအတွက်  ခြင်အန္တရယ်ကကာကွယ်ပေးဖို့ ခြင်ပြေးsticker လေးတွေ ထပ်ရောက်လာပါပီနော်☺☺☺📯📯📯  ဝယ်ယူအားပေးတိုင်း အယ...
07/07/2022

သားသားမီးမီးလေးတွေအတွက် ခြင်အန္တရယ်ကကာကွယ်ပေးဖို့ ခြင်ပြေးsticker လေးတွေ ထပ်ရောက်လာပါပီနော်☺☺☺📯📯📯


ဝယ်ယူအားပေးတိုင်း အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။

🏠ချောချောဆေးဆိုင်
စျေးရှေ့(၃လမ်း).ကညွှတ်ကွင်းမြို့

**  သိုင်းရွိုက်တက်ကြွလွန်းခြင်း လက္ခဏာများ  **credit
28/06/2022

** သိုင်းရွိုက်တက်ကြွလွန်းခြင်း လက္ခဏာများ **
credit

28/06/2022

🩸🩸 ​ခြေလက်တုန်ခြင်းအ​ကြောင်း...
========================

​ခြေလက်တုန်တာက လေမျိုး ၈၀ ကို ချုံ့လိုက်ရင် ၆ မျိုးပဲရှိတယ် သိရုံလေး အတွဲလိုက်ပြောချင်ပါတယ် . -

၁ - အထက်ကိုဆန်လေနဲ့ အထက်ကိုစုန်လေ
(ကြို့ထိုးမယ် သန်းမယ်. တဂေ့ဂေ့နဲ့လေတက်မယ် )ဒါတွေက အထက်ဆန်လေ။

၂ - ဝမ်း. ရာသီသွေး. သားသမီး. မီးဖွားတာတို့က အောက်ကိုစုန်တဲ့လေက လုပ်ဆောင်တယ်။

၃ - အူ ပြင်ပ ဝမ်းဗိုက်ထဲက တည်သောလေ -
( နှလုံးတုန်ခြင်း ရင်ခုန်ခြင်း မောပန်းခြင်းတို့ကို ဖြစ်စေတယ်) အဆုတ်. နှလုံး. ကျောက်ကပ် စတာတွေကို နေရာမှန်အောင် ထောက်ပံ့ပေးတယ်။

၄ - အူတွင်းခေါင်း အောင်းတဲ့လေ - ( အူတလျှောက်မှာတည်ရှိသည် )
အစာအိမ်ကနေအူသိမ် / အူသိမ်ကနေ ဝမ်းသွားလမ်းကြောင်းအထိရှိနေတဲ့လေ -
သူက လေထိုးခြင်း , လေအောင့်ခြင်း , လေပွခြင်း. , လေကျပ်ခြင်းတို့ကိုဖြစ်စေတယ်။

၅ - ဝင်လေ ထွက်လေ ( အသက်ရှူတဲ့လေဖြစ်တယ်)

၆ - အဂါင်္ကြီးငယ် သွားတဲ့လေ - အဂါင်္ကြီးငယ် အစွန်အဖျားတွေကို ပျံ့နှံ့တယ်
ကွေးခြင်း ဆန့်ခြင်းကို ပြုလုပ်စေတယ် - မြှောက်ခြင်း၊ဆန့်ခြင်း၊ထိုင်ခြင်း၊ထခြင်း တွေအတွက် အရေးကြီးတယ်။

​ခြေလက်တုန်တာက အဂါင်္ကြီး ငယ်သွားတဲ့ လေ အားနည်းသွားတာ ဖြစ်တယ်။
ဘယ်ဘက်လက်တုန်တယ်ဆိုတော့ ဘယ်ဘက်ခြမ်းမှာ အားနည်းသွားတာပေါ့ -
ဒီလို အားနည်းသွားတဲ့လေ ပြန်ပြည့်အောင် အသက်ကို မှန်မှန် ရှူပေးရမယ် ။

◆ မိုးလင်းတာနဲ့ မျက်နှာသစ်ပြီး လေသန့်ရမဲ့နေရာမှာ နှာခေါင်းကလေကို ရှူသွင်းပါ
တဝကြီးရှူပါ - ၅ စက္ကန့်လောက် အောင့်ထားပါ - ပါးစပ်က ပြန်ထုတ်ပါ ။
တခါရှူရင်အကြိမ် ၂၀ လောက် ၂ နာရီကြား ၁ ခါလုပ်ဆောင်ပေးရင် သက်သာတတ်တယ်။ (အစွန် အဖျားသွားတဲ့လေကိုဖြည့်တာဖြစ်တယ်)

◆ ရေချိုးတိုင်း လက်ဝါး ၂ ဖက် ကိုရေစွတ်ပါ
- ဖြစ်တဲ့ဘယ်လက်ကို ပက်လက်လန်ပြီးအောက်ကခံမယ်
- ဆား မန်ကျည်းစေ့ ၁ စေ့ခန့်ထည့်မယ် ပြီးတော့ ညာဘက်လက်က အပေါ်မှောက်လက်မ လက်မ ခြင်း လက်ညိူးလက်ညိူးခြင်း ၂ လက်မလောက် အစွန်းထွက်အောင်ရှေ့နောက် ပွတ်မယ် အကြိမ် ၅၀ လောက်ပွတ်ပါ - ပြီးမှ ရေချိုးပါ -

- ရေချိုးပြီးရင် လက်မောင်း အလယ်လောက်မှ စပြီး ကရမက် (သို့) သနပ်ခါးကို ခြောက်သည်အထိ လိမ်းပါ - လက်နှစ်ဖက်စလုံးကို လိမ်းပါ - ကောင်းတဲ့ဖက်ကို အရင်စလိမ်းပါ ဖြစ်တဲ့ဘက်ကို နောက်မှလိမ်းပါ။

◆ လက်ကို ချိုမိုင်မိုင်လုပ်ပါ - လက်ဖဝါးဖြန့်မယ် ဆုပ်မယ် ၂ ဖက် ပြိုင်တူ လုပ်ရပါမယ်။
၁ ကြိမ်ကို ၂ နာရီကြာ ၁ ခါလုပ်ပါ - အားပါပါလုပ်ကြည့်ပါ - ၂၁လောက်အတွင်း
လက်တုန်တာ သက်သာလာပါလိမ့်မယ်။

Address

Zay Shae (3) Street
Kanyutkwin

Opening Hours

Monday 06:00 - 19:00
Tuesday 06:00 - 19:00
Wednesday 06:00 - 19:00
Thursday 06:00 - 19:00
Friday 06:00 - 19:00
Saturday 06:00 - 19:00
Sunday 06:00 - 19:00

Telephone

+959409066983

Website

Alerts

Be the first to know and let us send you an email when Chaw Chaw Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chaw Chaw Pharmacy:

Shortcuts

Share