TaingyinMyanmar Kawthaung

TaingyinMyanmar Kawthaung မြန်မာ့တိုင်းရင်းဆေးမျိုးစုံ နှင့်
အထွေထွေရောင်းဝယ်ရေး

08/05/2026

#လေဖြတ်ခြင်း မဖြစ်ရလေအောင် ပြုပြင်ပြောင်းလဲသင့်သော မနက်ပိုင်း အမူအကျင့်များ
————————-

#ဆောင်ရန်
၁ ။ အိပ်ရာမှ ဖြည်းဖြည်းချင်းထကာ ထိုင်နေပြီး
စက္ကန့် ၃၀ အကြာမှ မတ်တပ်ရပ်ပါ။

၂ ။ အိပ်ရာမှ နိုးနိုးချင်း ရေသောက်ပါ။ သွေးလှည့်ပတ်မှုကိုကူညီနိုင်ပြီး သွေးမခဲအောင် ကာကွယ်နိုင်ပါတယ်။

၃ ။ သစ်သီး ဒါမှမဟုတ် အုတ်စပါးလိုမျိုးအဆာပြေအစာ အနည်းငယ်စားပြီးမှ ကော်ဖီသောက်ပါ။

၄ ။ အိပ်ရာမှ နိုးထအပြီး ၁၅ မိနစ်လောက်စောင့်ဆိုင်းပြီးမှ ဖုန်းစကရင်ကြည့်ပါ။ အကြောဆန့်တာ၊ အသက်ရှူလေ့ကျင့်ခန်းနဲ့ ပြတင်းပေါက်ဖွင့်တာမျိုးကို အရင်ပြုလုပ်ပါ။

၅ ။ အိပ်ရာမှနိုးထလာတာနဲ့ ဆီးသွားပါ။
နှလုံးသွေးကြောစနစ်ပေါ် ဖိအားသက်ရောက်မှု လျော့ကျနိုင်ပါတယ်။

၆ ။ ရေချိုးရာမှာ ရေနွေးနဲ့ ရေအေး တစ်လှည့်စီ အသုံးပြုသွားပါ။

#ရှောင်ရန်
၁ ။ အိပ်ရာမှ နိုးနိုးချင်း မတ်တပ်ထရပ်ခြင်း။
ရုတ်တရက် သွေးပေါင်ချိန် ပြောင်းလဲနိုင်ပါတယ်။

၂ ။ ဝမ်းဗိုက်ထဲမှာ အစာမရှိခင် ကော်ဖီပြင်းပြင်း သောက်ခြင်း။
အယ်ဒရီနာလင်နဲ့ ဖိစီးမှု မြင့်တက်နိုင်ပါတယ်။

၃ ။ အိပ်ရာမှ နိုးနိုးချင်း လက်ကိုင်ဖုန်းကို စစ်ဆေးခြင်း။
ကော်တီစောမြင့်တက်နိုင်ပါတယ်။

၄ ။ အိပ်ရာမှနိုးနေပေမဲ့ ဆီးအောင့်ထားခြင်း။
ကျောက်ကပ်နဲ့ သွေးဖိအားအပေါ် ဝန်ပိနိုင်ပါတယ်။

၅ ။ ရေပူပူနဲ့ ရေချိုးခြင်း။
သွေးဖိအား( ပေါင်ချိန်) ကျဆင်းနိုင်ပြီး နှလုံးအလုပ်ဝန်ပိနိုင်ပါတယ်။

၆ ။ ဗိုက်ထဲမှာ အစာမရှိပဲ အပြင်းစားလေ့ကျင့်ခန်းလုပ်ခြင်း။
သွေးဖိအား( ပေါင်ချိန်)မြင့်တက်နိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

Good Health Journal

အသစ်ဆိုမှတကယ့် အသစ်စစ်စစ်လေးတွေနဲ့ အပ်ဒိတ်ဖြစ်နေရမယ် 😘
05/02/2026

အသစ်ဆိုမှ
တကယ့် အသစ်စစ်စစ်လေးတွေနဲ့ အပ်ဒိတ်ဖြစ်နေရမယ် 😘

💞 Valentine's Day မှာ ကိုယ့်ချစ်သူလေးကို ချစ်လက်ဆောင်ပေးဖို့ တဆင့်ခံပြန်ရောင်းပေးမည့်ဖောက်သည်တွေဆီကို အချိန်မီ ပို့ပေးနေ...
29/01/2026

💞 Valentine's Day မှာ ကိုယ့်ချစ်သူလေးကို ချစ်လက်ဆောင်ပေးဖို့ တဆင့်ခံပြန်ရောင်းပေးမည့်ဖောက်သည်တွေဆီကို အချိန်မီ ပို့ပေးနေပါပြီ 🫶
❤️ ချစ်သူများရဲ့ #ချစ်သူများနေ့ ကို မေ့မနေနဲ့ဦးနော် 💞

 #မေးခိုင်ရောဂါ       မေးခိုင်ရောဂါ နဲ့ ပတ်သတ်ပြီး အသိမှားနေကြတာတစ်ခုရှိပါတယ်။ အဲဒါကတော့ မေးခိုင်ပိုးဟာ သံချေးတက်နေတဲ့ ပ...
28/06/2025

#မေးခိုင်ရောဂါ

မေးခိုင်ရောဂါ နဲ့ ပတ်သတ်ပြီး အသိမှားနေကြတာတစ်ခုရှိပါတယ်။ အဲဒါကတော့ မေးခိုင်ပိုးဟာ သံချေးတက်နေတဲ့ ပစ္စည်းတွေမှာ ရှိနေနိုင်တယ်ဆိုတဲ့ အချက်ပါ။ အမှန်ကတော့ မေးခိုင်ပိုးဟာ မြေကြီး၊ တံထွေး နဲ့ မစင် တို့မှာ အဓိကရှိတာပါ။ ဒါပေမယ့် သံချေးတက်နေတဲ့ သံ စူးမိသွားပြီးမှ မေးခိုင်ရောဂါဖြစ်ကြတယ်လို့ ကျွန်တော်တို့တွေ အသိများပါတယ်။ သံချေးက မေးခိုင်ရောဂါ ဖြစ်စေတာ မဟုတ်ပဲ သံချေးတက်နေတဲ့ သံမှာ ရှိနေတဲ့ မေးခိုင်ပိုးကမှ မေးခိုင်ရောဂါဖြစ်စေတာကို ကွဲကွဲပြားပြား သိထားဖို့လိုပါတယ်။ မေးခိုင်ရောဂါဟာ ကျွန်တော်တို့ အာရုံကြောကို တိုက်ခိုက်ဖို့ အဆိပ်ထုတ်တဲ့ Clostridium Tetani ဘက်တီးရီးယား ကြောင့်ဖြစ်တဲ့ ရောဂါ ဖြစ်ပါတယ်။ ကုသမှုပစ္စည်းစုံလင်တဲ့ ဆေးရုံ၊ ဆေးခန်းမှာ အချိန်မှီ သေသေချာချာ မကုသနိုင်ရင် အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။

#မေးခိုင်ပိုးဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲကို မရောက်ခင် ပြင်ပပတ်ဝန်းကျင် မြေကြီးထဲ ရှိနေတဲ့အချိန်မှာ အကာအရံနဲ့ နေပါတယ်။ မြင်သာအောင်ပြောရရင် ဥ လိုမျိုးပေါ့ဗျာ။ အပြင်မှာ အကာတစ်ထပ် အထဲမှာမှ ရောဂါပိုး။ အဲ့လိုအခြေအနေမှာ မေးခိုင်ပိုးဟာ နှစ်ပေါင်း ၄၀ လောက်ထိနေနိုင်ပါတယ်။ နောက်ပြီး မေးခိုင်ပိုးဟာ ဥ အခြေအနေမှာ အတော်လေး ခံနိုင်ရည်ရှိတဲ့ ဥ ဖြစ်ပါတယ်။ တော်ရုံရေနွေးနဲ့ပြုတ်တာ၊ အေးခဲထားတာ နဲ့ အိမ်သုံး ပိုးသတ်ဆေးရည်နဲ့ ပိုးသတ်တာတွေကို ခံနိုင်ရည်ရှိပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အနာတရ တစ်ခုခုဖြစ်ပြီး အရေပြားစုတ်ပြဲ သွားတဲ့အခါ မေးခိုင်ပိုးဥဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်ဖို့ အခွင့်အရေး ရှိသွားပြီပဲ ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့အချိန်မှာပဲဖြစ်ဖြစ် ဒဏ်ရာရပြီး အနာပြန်မကောင်းခင် (အရေပြား အကောင်းတိုင်း ပြန်မဖြစ်ခင်) အချိန်မှာပဲဖြစ်ဖြစ် မေးခိုင်ပိုးဥ ဝင်နိုင်ပါတယ်။ ဒါကြောင့် အနာတရဖြစ်ရင် ဖုန်၊ မြေကြီးတွေ ကတစ်ဆင့် မေးခိုင်ပိုးဥနဲ့ တခြားရောဂါပိုးတွေ မဝင်အောင် ဂရုစိုက်ကြရတာပဲ ဖြစ်ပါတယ်။ မေးခိုင်ပိုးဥ ခန္ဓာကိုယ်ထဲ ရောက်လာပြီ ဆိုရင်တော့ အကောင်ပေါက်ဖို့အတွက် အခြေအနေတစ်ခု လိုအပ်ပါသေးတယ်။ အဲဒါကတော့ အောက်စီဂျင်မရှိတဲ့ ပတ်ဝန်းကျင်အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် သံစူးတာလိုမျိုး ထိုးသွင်းဒဏ်ရာတွေမှာ အနာပေါက်ပိတ်နေပြီးတော့ အောက်စီဂျင် မရှိတဲ့ ပတ်ဝန်းကျင်အခြေအနေ ဖြစ်သွားတာကြောင့် မေးခိုင်ရောဂါ အဖြစ်များကြတာပါ။ မေးခိုင်ပိုးဥ ခန္ဓာကိုယ်ထဲ‌ရောက်ပြီ၊ အောက်စီဂျင်မရှိတဲ့ ပတ်ဝန်းကျင်လည်း ဖြစ်နေပြီ ဆိုရင်တော့ ဘက်တီးရီးယား အကောင်ပေါက်လာပြီး အာရုံကြောအဆိပ်တွေ စတင်ထုတ်လွှတ်ပြီပဲဖြစ်ပါတယ်။ ဒဏ်ရာရလို့ မေးခိုင်ပိုးဥ ခန္ဓာကိုယ်ထဲစရောက်လာပြီး အကောင်ပေါက်၊ အာရုံကြောအဆိပ်ထုတ်၊ ရောဂါလက္ခဏာ စပြတဲ့ အချိန်အထိကို ၃ရက် ကနေ ၂၁ အထိကြာနိုင်ပါတယ်။ များသောအားဖြင့် ၂ပတ်အတွင်းမှာပဲ ရောဂါလက္ခဏာတွေ စတင်ခံစားကြရပါတယ်။

#မေးခိုင်ရောဂါဟာ အမျိုးအစား ၄ ခုရှိပါတယ်။ အဲဒါတွေကတော့ -
၁ - တစ်ကိုယ်လုံးကြွက်သားတောင့်တင်းတဲ့ မေးခိုင်ရောဂါ (Generalized Tetanus)
၂ - နေရာကွက်ပြီးကြွက်သားတောင့်တင်းတဲ့ မေးခိုင်ရောဂါ (Localized Tetanus)
၃ - ဦးခေါင်းပိုင်းကြွက်သားတောင့်တင်းတဲ့ မေးခိုင်ရောဂါ (Cephalic Tetanus)
၄ - မွေးကင်းစကလေး မေးခိုင်ရောဂါ (Neonatal Tetanus)

မေးခိုင်ရောဂါတွေထဲမှာ တစ်ကိုယ်လုံးကြွက်သားတောင့်တင်းတဲ့ မေးခိုင်ရောဂါ (Generalized Tetanus) က အများဆုံးဖြစ်တတ်ပါတယ်။ တစ်ကိုယ်လုံးကြွက်သားတောင့်တင်းတဲ့ မေးခိုင်ရောဂါ (Generalized Tetanus) မှာ မေးခိုင်ပိုးရဲ့ အာရုံကြောအဆိပ်ဟာ ကျွန်တော်တို့ရဲ့ ဦးခေါင်းပိုင်းကနေ စတိုက်ခိုက်ပြီး ခန္ဓာကိုယ်နဲ့ လက်တွေခြေတွေကို တစ်ဆင့်ချင်း ပြန့်နှံ့ ဒုက္ခပေးတတ်တဲ့ သဘာဝရှိပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာ စပြပြီ ဆိုရင်လည်း ဦးခေါင်းပိုင်းကနေ စပြလေ့ ရှိပါတယ်။ အစောဆုံး လက္ခဏာတစ်ခုအနေ နဲ့ လည်ပင်းနာပြီး အစာမျိုရခက်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီကနေပြီးတော့ မေးရိုးမှာရှိတဲ့ ကြွက်သားတွေ ကိုထိန်းချုပ်တဲ့ အာရုံကြောဆီရောက်လာကာ မေးရိုးကြွက်သားတွေ တောင့်တင်းပြီး ကျွန်တော်တို့ အသိများကြတဲ့ မေး ခိုင်နေပြီး ပါးစပ်ဟမရတာ ဖြစ်ပါတယ်။ လည်ပင်းမှာရှိတဲ့ ကြွက်သားအာရုံကြောတွေဆီ ရောက်လာကာ လည်ပင်းကြွက်သားတွေ တောင့်တင်းပြီး လည်ပင်း ခိုင်နေမယ် အစာမျိုချရခက်မယ်၊ အဲဒီကနေမှတစ်ဆင့် လက်တွေ ကွေးနေပြီး တောင့်တင်းမယ်၊ လက်သီးအတင်းဆုပ်ထားသလိုဖြစ်မယ်၊ ဝမ်းဗိုက်နဲ့ နောက်ကျောဘက်မှာရှိတဲ့ ကြွက်သားတွေဆီရောက်ပြီး ဝမ်းဗိုက်ကြွက်သားတွေမာတောင့်နေမယ် ကျောကော့နေသလိုဖြစ်မယ်၊ ခြေထောက်မှာရှိတဲ့ ကြွက်သားတွေကို ရောက်ပြီး ခြေထောက်တွေ တောင့်လာမယ်၊ အဲလိုတစ်ဆင့်ခြင်းဖြစ်လာပါတယ်။ မေးခိုင်ရောဂါမှာ ထူးထူးခြားခြား လက္ခဏာတစ်ခုရှိပါတယ်။ ပါးမှာရှိတဲ့ ကြွက်သားတွေ တောင့်တင်းနေတာကြောင့် သွားဖြဲပြသလို မျက်နှာအနေအထားဖြစ်နေတာပဲ ဖြစ်ပါတယ်။ အာရုံကြောအဆိပ်ကြောင့် ကြွက်သားတွေ ထိန်းချုပ်မရပဲ တောင့်တင်းနေတာ ဖြစ်တဲ့အတွက် တစ်ခါတစ်ခါ တောင့်တင်းလာရင် အင်မတန်နာပါတယ်။ တစ်ကိုယ်လုံးကြွက်သားတွေ တောင့်တင်းနေတာဖြစ်လို့ အသက်ရှူရလည်းခက်ပါတယ်။ ကြွက်သားတွေဟာ အချိန်အကြာကြီး တောင့်တင်းနေပြီး တစ်ချက်တစ်ချက်တော့ ပြန်လျော့တတ်ပါတယ်။ အဲဒီပြန်လျော့နေတဲ့အချိန်မှာ အသံကျယ်ကျယ်ကြားရင်၊ လူနာကိုသွားထိမိရင်၊ အလင်းရောင်တွေ့ရရင်၊ တစ်ခုခုလှုပ်ရှားတာတွေ့လိုက်ရရင် ရောဂါပြန်ထတတ်ပါတယ်။ ဒါကြောင့် မေးခိုင်ရောဂါဖြစ်သူတွေကို ဆေးရုံဆေးခန်းတွေမှာ မှောင်မဲ တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ထားပြီး ကုသရတာ ဖြစ်ပါတယ်။ ရောဂါ ပိုပိုဆိုးလာတဲ့အခါမှာ သွေးပေါင် အရမ်းတက်လာတတ်သလို သွေးပေါင် ထိုးကျတာမျိုးလည်း ဖြစ်တတ်ပါတယ်။ နှလုံးခုန် မြန်ပါတယ်။ အဖျားတက်ပါတယ်။ ချွေးတွေအရမ်းထွက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

#နေရာကွက်ကြွက်သားတောင့်တင်းတဲ့ မေးခိုင်ရောဂါ (Localized Tetanus) ကတော့ အရမ်းကြီး မပြင်းထန်တတ်ကြပါဘူး။ ဒဏ်ရာရှိတဲ့ နေရာတစ်ဝိုက်မှာ သို့မဟုတ် ဒဏ်ရာရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုတည်းမှာပဲ ကြွက်သားတွေ တောင့်တင်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလက္ခဏာမျိုးဟာ ပိုပြီးပြင်းထန်တဲ့ တစ်ကိုယ်လုံးကြွက်သားတောင့်တင်းတဲ့ မေးခိုင်ရောဂါ (Generalized Tetanus) ဖြစ်ဖို့ အစပျိုးတာလည်း ဖြစ်နိုင်ပါသေးတယ်။

#ဦးခေါင်းပိုင်းကြွက်သားတောင့်တင်းတဲ့ မေးခိုင်ရောဂါ (Cephalic Tetanus) ကတော့ ဦးခေါင်းပိုင်းမှာရတဲ့ ဒဏ်ရာကတစ်ဆင့် မေးခိုင်ပိုးဝင်တာကြောင့် ဖြစ်ရတာဖြစ်ပြီး မျက်နှာမှာရှိတဲ့ ကြွက်သားတွေမှာ အဓိက ရောဂါလက္ခဏာ ပြတတ်ပါတယ်။ ဦးခေါင်းပိုင်းကြွက်သားတောင့်တင်းတဲ့ မေးခိုင်ရောဂါ (Cephalic Tetanus) ဟာလည်း ပိုပြီးပြင်းထန်တဲ့ တစ်ကိုယ်လုံးကြွက်သားတောင့်တင်းတဲ့ မေးခိုင်ရောဂါ (Generalized Tetanus) ဖြစ်ဖို့ အစပျိုးတာလည်း ဖြစ်နိုင်ပါတယ်။

နောက်ထပ် မေးခိုင်ရောဂါတစ်မျိုးကတော့ မွေးကင်းစကလေးမေးခိုင်ရောဂါ (Neonatal Tetanus) ဖြစ်ပါတယ်။ မေးခိုင်ရောဂါကာကွယ်ဆေး မထိုးထားတဲ့ မိခင်က မွေးဖွားတဲ့ ကလေးကို မီးဖွားစဉ်အချိန်အတွင်း ချက်ကြိုးဖြတ်ရာမှာ မသန့်ရှင်းတဲ့ (မေးခိုင်ပိုးရှိနေနိုင်တဲ့) ပစ္စည်းသုံးမိရာကနေ တစ်ဆင့် ရောဂါပိုး ဝင်ရောက်ပြီး ဖြစ်ရတဲ့ရောဂါ ဖြစ်ပါတယ်။ သေနှုန်းမြင့်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ရောဂါလက္ခဏာအနေနဲ့ နို့ ကောင်းကောင်း မစို့နိုင်တာ၊ အပြင်းအထန်ငိုတာ၊ တစ်ကိုယ်လုံး တောင့်တင်းလာတာတို့ ဖြစ်ပါတယ်။ မွေးဖွားပြီး ၇ ရက်ပတ်ဝန်းကျင်မှာ ရောဂါလက္ခဏာ စပြလာတတ်ပါတယ်။

#မေးခိုင်‌ရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့
• အသက်ရှူရခက်ခဲတာ - အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ မေးခိုင်ပိုးကြောင့် လည်ပင်းမှာရှိတဲ့ ကြွက်သားတွေ၊ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေ၊ ရင်ဘတ်နဲ့ ဗိုက်မှာရှိတဲ့ ကြွက်သားတွေ တောင့်တင်းနေတာကြောင့် အသက်ရှူတဲ့ လှုပ်ရှားမှု ကောင်းကောင်း မလုပ်နိုင် တော့တာကြောင့် အသက်ရှူခက်ခဲရတာဖြစ်ပါတယ်။
• အဆုတ်သွေးကြောပိတ်တာ - တစ်ကိုယ်လုံးကြွက်သားတွေ တောင့်တင်းရောင်ရမ်းတာကြောင့် သွေးကြောအတွင်းဖြစ်ပေါ်လာတဲ့ သွေးခဲဟာ အဆုတ်ရဲ့သွေးကြောကြီးမှာ သွားပိတ်တာဖြစ်ပါတယ်။
• အဆုတ်ပိုးဝင်တာ - တစ်ကိုယ်လုံးကြွက်သားတောင့်တင်းတဲ့ အခြေအနေမှာ အဆုတ်ထဲရှူသွင်းမိတဲ့ ပစ္စည်းတစ်ခုခုကြောင့် အဆုတ်ထဲပိုးဝင်တာဖြစ်ပါတယ်။
• အရိုးကျိုးတာ - ကြွက်သားတွေဟာ အရမ်းတောင့်တင်းနေတာကြောင့် အရိုးကမခံနိုင်တော့ပဲ ကျောရိုးမကြီး နဲ့ တစ်ခြားအရိုးတွေ ကျိုးရတာ ဖြစ်ပါတယ်။
• အသက်ဆုံးရှုံးတာ - အသက်ရှူလမ်းကြောင်းမှာ ရှိတဲ့ကြွက်သားတွေ တောင့်တင်တာကြောင့် အသက်ရှူလမ်းကြောင့်ပိတ်သွားတာ၊ အသက်ရှူတာ၊ နှလုံးခုန်တာနဲ့ တစ်ခြားအရေးကြီး ကိုယ်အင်္ဂါတွေကို ထိန်းညှိ တဲ့ အာရုံကြောထိခိုက်ပျက်စီးရတာ ကြောင့် အသက်ဆုံးရှုံးရတာဖြစ်ပါတယ်။

မေးခိုင်ရောဂါဟာ အချိန်အကြာကြီး အရေးပေါ်အနေအထားနဲ့ ကုသရတာဖြစ်ပါတယ်။ ကုသမှု မခံယူရတဲ့ လူ ၄ ယောက်မှာ ၁ ယောက်ဟာ သေချာပေါက် အသက်ဆုံးရှုံးနိုင်ခြေရှိပြီး ကုသမှုခံယူရတဲ့ ပြင်းထန်မေးခိုင်ရောဂါ လူနာတွေမှာလည်း အသက်ရှင်ဖို့ရာခိုင်နှုန်းက ၅၀-၅၀ ပဲဖြစ်ပါတယ်။ ကုသမှုအနေနဲ့ ခန္ဓာကိုယ်မှာ အသက်ရှူတဲ့လုပ်ငန်းစဉ် မထိခိုက်အောင် ကာကွယ်တာ၊ ရောဂါပိုးရှိနေနိုင်တဲ့ အနာကို သန့်ရှင်းအောင် ပြုပြင်တာ၊ ရောဂါလက္ခဏာ ခံစားရတာသက်သာအောင် ကုသတာ၊ မေးခိုင်ပိုးအဆိပ်ဖြေဆေးပေးတာ၊ မေးခိုင်ပိုးကို ခန္ဓာကိုယ်က တိုက်ဖျက်နိုင်အောင် ကိုယ်ခံအား မြှင့်တင်ပေးတဲ့ ကုထုံးတွေနဲ့ ကုသတာတို့ဖြစ်ပါတယ်။ မေးခိုင်ရောဂါဟာ ရောဂါလက္ခဏာ ပြင်းထန်ချိန် ၁၄ရက်လောက်ကြာတတ်ပြီး အရှင်းပြန်ကောင်းဖို့အတွက်တော့ လနဲ့ချီပြီး ကြာနိုင်ပါတယ်။

မေးခိုင်ရောဂါဟာ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ မွေးကင်းစကလေးတွေကို အသက် ၂လ၊ ၄လ၊ ၆လ မှာ ထိုးပေးတဲ့ ကာကွယ်ဆေးတွေထဲမှာ မေးခိုင်ရောဂါကာကွယ်ဆေးပါဝင်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးအသက် ၁နှစ် နဲ့ ၂နှစ်ကြားမှာ တစ်ကြိမ်၊ ၄နှစ် နဲ့ ၇နှစ်ကြားမှာတစ်ကြိမ် နဲ့ ၉နှစ် နဲ့ ၁၅နှစ်ကြားမှာ တစ်ကြိမ် Booster Dose ထပ်ထိုးပေးဖို့ လိုအပ်ပါတယ်။ အဲဒီနောက်မှာတော့ မေးခိုင်ရောဂါကာကွယ်ဆေးကို ၁၀နှစ်တိုင်းမှာ တစ်ကြိမ် Booster Dose ထပ်ထိုးပေးနိုင်ရင် အကောင်းဆုံးပဲဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက မေးခိုင်ကာကွယ်ဆေး မထိုးခဲ့ရသူတွေကတော့ စစထိုးချင်းတစ်ကြိမ်၊ စထိုးပြီး ၄ပတ်အကြာမှာ တစ်ကြိမ် နဲ့ စထိုးပြီး ၆လ ကနေ ၁နှစ်အကြာမှာ တစ်ကြိမ်ထိုးရပါတယ်။ ၃ကြိမ်ပြည့်ပြီးရင်တော့ ပုံမှန်အတိုင်း ၁၀နှစ်တစ်ကြိမ် Booster Dose ထိုးသွားပေးဖို့ လိုအပ်ပါတယ်။ ထပ်တိုးအနေနဲ့ အမျိုးသမီးတွေကတော့ ကိုယ်ဝန်ဆောင်တိုင်းမှာ ကိုယ်ဝန် ၂၇ ပတ်ကနေ ၃၆ ပတ်ကြားမှာ မေးခိုင်ကာကွယ်ဆေး တစ်ကြိမ် ထိုးဖို့လိုအပ်ပါတယ်။

ကာကွယ်ဆေးအပြင်ကို မေးခိုင်ပိုးဥ ခန္ဓာကိုယ်ထဲဝင်ရောက်တာကို ကာကွယ်နိုင်ဖို့ အနာတရဖြစ်တိုင်းမှာ အနာကို သန့်သန့်ရှင်းရှင်း ထားနိုင်ဖို့ လိုအပ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒဏ်ရာတစ်ခုခု ရပြီဆိုတာနဲ့ ပထမဦးဆုံး အနာကို ရေနဲ့ သေသေချာချာဆေးပါ။ မြေကြီး၊ ဖုန်မှုန့်တွေ မကျန်နေအောင် အနာတစ်ခုလုံး နဲ့ အနာပတ်ဝန်းကျင်ကို သေသေချာချာ ရေများများနဲ့ ဆေးဖို့ လိုအပ်ပါတယ်။ ပြီးတာနဲ့ အနာကို အိုင်အိုဒင်းပိုးသတ်ဆေးရည် ထည့်ပြီး ပိုးမွှား နဲ့ ဖုန်မှုန့်တွေ မဝင်နိုင်အောင် ပတ်တီးစီးထားတာမျိုးဖြစ်ဖြစ်၊ အနာကပ်ပလာစတာ ကပ်ထားတာမျိုးဖြစ်ဖြစ် တစ်ခုခုနဲ့ အုပ်ထားပေးဖို့လိုအပ်ပါတယ်။ ခြေထောက် သံစူးတာကို ရှောင်ရှားနိုင်ဖို့အတွက် အိမ်အပြင်ဘက်မှာ ဘာပဲလုပ်လုပ် အမြဲတမ်း ဖိနပ်စီးထားဖို့ လိုအပ်ပါတယ်ခင်ဗျာ။

#ကျန်းမာရေးဗဟုသုတရကြပါစေ

Zarni

Address

Myoma Market Lane
Kawthaung
14091

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 12:00

Telephone

+959760144376

Alerts

Be the first to know and let us send you an email when TaingyinMyanmar Kawthaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share