စွမ်းထက် ဆေးဆိုင်ကြီး - Swan Htet Pharmacy

  • Home
  • Myanmar
  • Kawthaung
  • စွမ်းထက် ဆေးဆိုင်ကြီး - Swan Htet Pharmacy

စွမ်းထက် ဆေးဆိုင်ကြီး - Swan Htet Pharmacy Swan Htet Pharmacy is your destination for all your prescription needs, over the counter medications, immunizations, and daily needs.

We are committed to provide high quality of Pharmaceutical Care to all of our patients and customers. စွမ်းထက်ဆေးဆိုင်ကြီးတွင် နိုင်ငံတကာအရည်သွေးနဲ့ပြည့်စုံပီး FDA အသိအမှတ်ပြု ကျန်းမာရေး နှင့် ဆေးပစ္စည်း အစုံအလင်ကို သင့်လျော်သောစျေးနှုန်းနဲ့ စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ပါပြီ။

‎ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)‎===================‎ဒီနေ့ သာသနာတော်နှစ် - (၂၅၇၀)နှစ်၊ မြန်မာသက္ကရာဇ် - (၁၃၈၈)ခုနှစ်၊ ...
29/07/2026

‎ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)
‎===================
‎ဒီနေ့ သာသနာတော်နှစ် - (၂၅၇၀)နှစ်၊ မြန်မာသက္ကရာဇ် - (၁၃၈၈)ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (29-7-2026)သည် ဗုဒ္ဓဘာသာဝင်တို့ရဲ့ ‎အထွတ်အမြတ်ထားရာ
( ဓမ္မစကြာ အခါတော်နေ့ ) ဖြစ်ပါသည်။

‎သို့ဖြစ်ပါ၍ ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) အ​ကြောင်း သိ​ကောင်းစရာ ကို ပြန်လည် မျှ​ဝေ ကုသိုလ်ပြု ​ဖော်ပြအပ်ပါသည်

‎ဝါဆိုလပြည့်
(ဓမ္မစကြာ အခါတော်နေ့) အ​ကြောင်း သိ​ကောင်းစရာ...
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


‎🌕 ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ဖြစ်ပေါ်လာပုံနှင့် ထူးမြတ်လှသည့် နေ့တစ်နေ့

‎ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်အရေးကြီးပြီး ထူးခြားဆန်းပြားသော သမိုင်းမှတ်တိုင်များစွာ စုဆုံရာ "နေ့ထူးနေ့မြတ်" တစ်နေ့ ဖြစ်သည်။

‎💫 ဓမ္မစကြာနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း
‎မြတ်စွာဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် မဟာသက္ကရာဇ် ၁၀၃ ခု၊ ဝါဆိုလပြည့်နေ့ ညနေချမ်းအချိန်တွင် ဗာရာဏသီပြည်၊ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦး တို့အား "ဓမ္မစကြာတရားဦး" (ဓမ္မစက္ကပဝတ္တနသုတ်) ကို စတင်ဟောကြားတော်မူခဲ့သည်။

‎ထိုသို့ တရားဦး ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ ဝါဆိုလပြည့်နေ့ကို "ဓမ္မစကြာနေ့" ဟု သတ်မှတ်ခေါ်ဆိုခဲ့ကြသည်။

🌞 🌕 ဝါဆိုလပြည့်နေ့၏ ထူးခြားချက်ကြီး (၅) ရပ်

‎၁။ 👶 ပဋိသန္ဓေယူသောနေ့
‎ဂေါတမဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် မယ်တော်မာယာဒေဝီ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စတင်ယူခဲ့သော နေ့ထူးနေ့မြတ် ဖြစ်သည်။

‎၂။ 🐎 တောထွက်တော်မူသောနေ့
‎သိဒ္ဓတ္ထမင်းသားသည် လောကီစည်းစိမ်၊ နန်းစည်းစိမ် အားလုံးကို စွန့်ပယ်ကာ သံဝေဂဉာဏ်ဖြင့် ဆံတော်ပယ်၍ တောထွက်တော်မူခဲ့သောနေ့ ဖြစ်သည်။

‎၃။ ☸️ တရားဦးဟောကြားသောနေ့
‎ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား သံသရာမှ လွတ်မြောက်ကြောင်း "ဓမ္မစကြာတရားဦး" ကို စတင်ဟောကြားတော်မူခဲ့သောနေ့ ဖြစ်သည်။

‎၄။ 🌟 သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့
‎တရားဦးကို နာကြားရပြီးနောက် အရှင်ကောဏ္ဍညသည် ပထမဆုံး သောတာပန်အဖြစ်သို့ ရောက်ရှိကာ "ဧဟိဘိက္ခု" ရဟန်းအဖြစ်ကို ခံယူခဲ့သဖြင့် ကမ္ဘာပေါ်တွင် သံဃာရတနာ စတင်ပေါ်ထွန်းခဲ့သောနေ့ ဖြစ်သည်။

‎၅။ 🌧️ ဝါဆိုဝါကပ် စတင်သောနေ့
‎ရဟန်းတော်များ သုံးလတာကာလပတ်လုံး ဒေသစာရီ လှည့်လည်ကြွချီခြင်းမပြုဘဲ တစ်နေရာတည်း၌ သီတင်းသုံးကာ တရားအားထုတ်ရမည့် "ဝါတွင်းကာလ" စတင်သတ်မှတ်သောနေ့ ဖြစ်သည်။

‎*(မှတ်ချက် - သာဝတ္ထိပြည် ကဏ္ဍမ္ဗကုန်း၌ ယမိုက်ပြာဋိဟာပြသခြင်းသည်လည်း ဝါဆိုလပြည့်နေ့တွင်ပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။)*

ဝါဆိုလပြည့်နေ့၏ တန်ဖိုးနှင့် အတွေးအလင်း

‎"အစွန်းနှစ်ပါးကို ရှောင်ကြဉ်ခြင်း"
‎မြတ်စွာဘုရားရှင်သည် ဓမ္မစကြာတရားတော်တွင် ကာမဂုဏ်ခံစားခြင်း (ကာမသုခလ္လိကာနုယောဂ) နှင့် ကိုယ့်ကိုယ်ကိုယ် ဆင်းရဲဒုက္ခပေးခြင်း (အတ္တကိလမထာနုယောဂ) ဟူသော အစွန်းနှစ်ပါးကို ရှောင်ကြဉ်ပြီး၊ အလယ်အလတ်လမ်းစဉ်ဖြစ်သည့် "မဇ္ဈိမပဋိပဒါ" (မဂ္ဂင်ရှစ်ပါးလမ်းစဉ်) အတိုင်း လျှောက်လှမ်းရန် လမ်းညွှန်ခဲ့သည်။

‎ထို့ကြောင့် ယနေ့ ဝါဆိုလပြည့်နေ့သည် အယူဝါဒဆိုင်ရာ ပွဲလမ်းသဘင်နေ့တစ်ခုတင် မဟုတ်ဘဲ လူသားတို့ ဘဝကို အစွန်းမရောက်ဘဲ အေးချမ်းမှန်ကန်စွာ ဖြတ်သန်းနိုင်မည့် "မျှတခြင်းတရား (သို့မဟုတ်) လမ်းမှန်အလင်း" ကို စတင်ရရှိခဲ့သည့် လွန်စွာတန်ဖိုးရှိသော နေ့မြတ်တစ်နေ့ ဖြစ်ပါသည်။

#ဝါဆိုလပြည့်နေ့
#ဓမ္မသကြာနေ့
#စွမ်းထက်ဆေးဆိုင်ကြီး



ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ရခြင်း၏ မြတ်လှစွာသော ကုသိုလ်အကျိုး 🙏✨"ဝါဆို၊ ဝါခေါင်၊ ရေတွေဖောင်" ဆိုသည့်အတိုင်း မိုးရာသီကာလ သ...
24/07/2026

ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ရခြင်း၏ မြတ်လှစွာသော ကုသိုလ်အကျိုး 🙏✨

"ဝါဆို၊ ဝါခေါင်၊ ရေတွေဖောင်" ဆိုသည့်အတိုင်း မိုးရာသီကာလ သုံးလပတ်လုံး သံဃာတော်အရှင်သူမြတ်များ ဆွမ်း၊ ခဲဖွယ်၊ သပိတ်၊ သင်္ကန်း စသည့် ပစ္စည်းလေးပါးအတွက် ပူပန်မှုမရှိဘဲ တရားဓမ္မများကို စိတ်အေးချမ်းသာစွာ ကျင့်ကြံပွားများနိုင်စေရန် ရည်မှန်း၍ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များဟာ "ဝါဆိုသင်္ကန်း" များကို ဆပ်ကပ်လှူဒါန်းကြပါတယ်။ ဝါဆိုသင်္ကန်း ကပ်လှူခြင်းဟာ အချိန်အခါလိုက်၍ လှူဒါန်းရသော "ကာလဒါန" ကုသိုလ်ထူးဖြစ်ပြီး လှူဒါန်းရသူအတွက် အကျိုးပေး အလွန်ထက်သန်လှပါတယ်🍀

🙏၁၃၈၈ ခုနှစ်
🙏(၂၄.၇.၂၀၂၆)
🙏ဒုတိယဝါဆို
#စွမ်းထက်ဆေးဆိုင်ကြီး မိသားစုမှ ဝါဆိုသင်္ကန်းလှူဒါန်းပါသောကြောင့် စိတ်အေးချမ်းသာစွာဖြင့် သာဓုခေါ်ဆိုနိုင်ကြပါစေ ရှင့်။ 🙏🙏🙏

#ဝါဆိုသင်္ကန်းကုသိုလ် #နိဗ္ဗာန်ကုသိုလ်
#ကာလဒါန #ဓမ္မကုသိုလ် #ဝါဆို
#စွမ်းထက်ဆေးဆိုင်ကြီး
#စွမ်းထက်ဆေးခန်း
#ကော့သောင်း

MayDay နေ့ ဖြစ်ပေါ်လာပုံ👷 May Day (သို့) အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံဟာ ၁၉ ရာစုနှောင်းပိုင်းက အလုပ်သမားတွ...
01/05/2026

MayDay နေ့ ဖြစ်ပေါ်လာပုံ
👷 May Day (သို့) အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံဟာ ၁၉ ရာစုနှောင်းပိုင်းက အလုပ်သမားတွေရဲ့ အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်မှုတွေကနေ စတင်ခဲ့တာဖြစ်ပါတယ်။

အဓိက အကြောင်းအရင်း
🤹​၁၈၈၀ ပြည့်နှစ်တွေတုန်းက အလုပ်သမားတွေဟာ တစ်နေ့ကို ၁၀ နာရီကနေ ၁၆ နာရီအထိ ခက်ခဲကြမ်းတမ်းစွာ အလုပ်လုပ်ခဲ့ကြရပါတယ်။ ဒါကြောင့် အလုပ်သမားတွေက "တစ်နေ့ ၈ နာရီ အလုပ်လုပ်ရေး၊ ၈ နာရီ အနားယူရေးနဲ့ ၈ နာရီ လေ့လာသင်ယူရေး" ဆိုတဲ့ တောင်းဆိုချက်နဲ့ လှုပ်ရှားလာခဲ့ကြပါတယ်။

​၂။ ဟေးမားကတ် အရေးအခင်း (Haymarket Affair)
🤹​ May Day ဖြစ်ပေါ်လာရတဲ့ အဓိက ဖြစ်ရပ်ကတော့ အမေရိကန်နိုင်ငံ၊ ရှီကာဂိုမြို့မှာ ဖြစ်ပွားခဲ့တာပါ။
🧑‍🔧 ​၁၈၈၆ ခုနှစ်၊ မေလ ၁ ရက်မှာ အလုပ်သမား ထောင်ပေါင်းများစွာဟာ ၈ နာရီ အလုပ်ချိန် သတ်မှတ်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။
🤹​ မေလ ၄ ရက်နေ့မှာတော့ ရှီကာဂိုမြို့က Haymarket Square မှာ လူစုလူဝေး လုပ်နေတုန်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲတွေနဲ့ အလုပ်သမားတွေကြား ပဋိပက္ခဖြစ်ကာ နှစ်ဖက်စလုံးမှာ သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

​၃။ ​၁၈၈၉ ခုနှစ်မှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒုတိယညီလာခံ (Second International) ကနေ ရှီကာဂိုမှာ ကျဆုံးခဲ့တဲ့ အလုပ်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မေလ ၁ ရက်နေ့ကို "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" အဖြစ် စတင်သတ်မှတ်ခဲ့ပါတယ်။
👷🧑‍🔧🧑‍🏭
​ယနေ့ခေတ်မှာတော့ မေလ ၁ ရက်နေ့ကို ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်းများစွာမှာ အလုပ်သမားတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုဖို့နဲ့ ရရှိထားတဲ့ အခွင့်အရေးတွေကို ထိန်းသိမ်းဖို့အတွက် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး ကျင်းပကြတာ ဖြစ်ပါတယ်။

#စွမ်းထက်ဆေးဆိုင်ကြီး_swanhtet_pharmacy


#အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့



🌕✨ ကဆုန်လပြည့်နေ့✨🌕နွေဦးရဲ့ အပူထဲမှာတောင်လပြည့်နေ့ က အေးချမ်းမှုကို သယ်ဆောင်လာတယ်… 🌿ဒီ​နေ့ သာမန်နေ့တစ်နေ့ မဟုတ်ဘူးဗုဒ္ဓရ...
30/04/2026

🌕✨ ကဆုန်လပြည့်နေ့✨🌕

နွေဦးရဲ့ အပူထဲမှာတောင်
လပြည့်နေ့ က အေးချမ်းမှုကို သယ်ဆောင်လာတယ်… 🌿

ဒီ​နေ့ သာမန်နေ့တစ်နေ့ မဟုတ်ဘူး
ဗုဒ္ဓရှင်ဘုရားရဲ့
မွေးဖွားခြင်း၊ ဉာဏ်အလင်းရခြင်း၊ နိဗ္ဗာန်ဝင်ခြင်းတို့
တူညီစွာ ထွန်းလင်းခဲ့တဲ့ အချိန်တန်ခိုးပါ… 🙏

ဗောဓိပင်အောက်မှာ ရေစက်လေးတွေ လောင်းချလိုက်တဲ့အခါ
ပင်ပန်းနေတဲ့ စိတ်လေးတွေပါ
တဖြည်းဖြည်း အေးချမ်းသွားတယ်… 💧🌱

ကောင်းမှုတစ်ခု ပြုလုပ်လိုက်တဲ့အခါ
လောကကြီးကလည်း ပိုပြီး လှလာတယ်
မေတ္တာတစ်စက် ပေးလိုက်တဲ့အခါ
နှလုံးသားတွေ ပိုပြီး နွေးထွေးလာတယ်… ❤️

ဒီကဆုန်လပြည့်နေ့ မှာ—
မကောင်းမှုတွေကို လွှတ်ချပြီး
ကောင်းမှုတွေကို ကိုင်တွယ်ထားကြပါစို့…

စိတ်မှာ အေးချမ်းမှု
ဘဝမှာ အလင်းရောင်
နေ့ရက်တိုင်းမှာ အောင်မြင်မှုတွေ
တိုးပွားလာပါစေ… 🌸✨

--✍ယနေ့ လပြည့်နေ့ အခါသမယတွင်🌺
-✍-ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။💐
-✍-မိသားစုအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး🌸
-✍-စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင်များ 🌼
-✍-အဆင်ပြေတိုးတက်ပါစေ။🌷
-✍-မကောင်းမှုများ ပျောက်ကွယ်၍🌹
-✍- ကောင်းမှုများ တိုးပွားပါစေ။🌻
-✍-စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး🍃
-✍-လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံအောင်မြင်ပါစေ။🌿
-✍-အားလုံး သာယာအေးချမ်းကြပါစေ။ 🙏

🙏 ကဆုန်လပြည့်နေ့၏ အနန္တအကျိုးကျေးဇူးများ
အားလုံးနှင့်အတူ မျှဝေခံစားနိုင်ကြပါစေ 🙏

#ကဆုန်လပြည့်နေ့
#ကောင်းမှုကုသိုလ် #ဗုဒ္ဓဘာသာ
#စွမ်းထက်ဆေးဆိုင်ကြီး_swanhtet_pharmacy


#ကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေသည်

ယခုနှစ် 2026အတွက် လေးမျိုးစပ်ရာသီတုပ်ကွေး ကာကွယ်ဆေး (Flu Vaccine) 💉               "Vaxigrip Tetra 2026"    ထိုးနှံနိုင်ပ...
27/04/2026

ယခုနှစ် 2026အတွက် လေးမျိုးစပ်ရာသီတုပ်ကွေး ကာကွယ်ဆေး (Flu Vaccine) 💉
"Vaxigrip Tetra 2026" ထိုးနှံနိုင်ပါပီ။

✅2026 မိုးဦးကျ မြန်မာနိုင်ငံမှာ ဖြစ်ပွားနိုင်တဲ့
တုပ်ကွေးပိုးမျိုးကွဲ (၄) မျိုးကို ကာကွယ်ပါတယ်။

✅ အသက် 6လမှ စတင်ထိုးနိုင်ပါသည်။

✅၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊
၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကြပ်၊ ဆီးချိုနှင့် နာတာရှည် ခုခံမှုအားနည်းသော ရောဂါသည်များ ထိုးသင့်ပါသည်။

💌ကြိုတင်စာရင်းသွင်းလိုပါက
📲09-441-507-219 ကိုဆက်သွယ်နိုင်သလို

🏢 #စွမ်းထက်ဆေးခန်းတွင်လည်း
လာရောက် ထိုးနှံ နိုင်ပါသည်။

📍အမှတ် (68)၊ဗိုလ်ချုပ်လမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့။📍


#တုပ်ကွေး
#တုပ်ကွေးကာကွယ်ဆေး


ုပ်ကွေးပိုးမျိုးကွဲ
#စွမ်းထက်ဆေးဆိုင်ကြီး_swanhtet_pharmacy



☑☑☑

နှစ်သစ်ဆုတောင်း🌿💐🙏💐🌿မြန်မာသက္ကရာဇ်...၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်မှစ၍ မြန်မာပြည်သူပြည်သား နှင့် ကမ္ဘာသူကမ္ဘာသား အားလုံး လို...
17/04/2026

နှစ်သစ်ဆုတောင်း🌿💐🙏💐🌿

မြန်မာသက္ကရာဇ်...၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်
မှစ၍ မြန်မာပြည်သူပြည်သား နှင့် ကမ္ဘာသူကမ္ဘာသား အားလုံး

လိုအင်ဆန္ဒများ ပြည့်ဝကြပြီး
ကပ်ကြီးသုံးပါးကျော်လွှားနိုင်ကြပါစေ .....

ဘေးရန်ခပ်သိမ်း ရှောင်ခွာငြိမ်း၍ အေးချမ်းသာယာ ရှိနိုင်ကြပါစေ ...

စိုးရိမ်သောက ဗျာပါဒများ ကင်းစင်ငြိမ်းအေးနိုင်ကြပါစေ ...

ဆင်းရဲဒုက္ခမှန်သမျှ ကင်းစင်လွင့်ပျောက်နိုင်ပါစေ ...

နှလုံးစိတ်ဝမ်း ကြည်ရွှင်လန်း၍ ကောင်းသော
လိုအင်ဆန္ဒဟူသမျှ ပြည့်ဝနိုင်ကြပါစေ ...လို့

စွမ်းထက်ဆေးဆိုင်ကြီးမိသားစု မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ရှင်🙏🌿
#စွမ်းထက်ဆေးဆိုင်ကြီး




💦 မြန်မာ့ရိုးရာသင်္ကြန်အခါသမယမှာ လူကြီးမင်းတို့ မိသားစုများအားလုံး ကျန်းမာရွှင်လန်းကြပါစေ။  ရဲ့                 ချစ်ခင်ရ...
12/04/2026

💦 မြန်မာ့ရိုးရာသင်္ကြန်အခါသမယမှာ လူကြီးမင်းတို့ မိသားစုများအားလုံး ကျန်းမာရွှင်လန်းကြပါစေ။
ရဲ့
ချစ်ခင်ရပါသော Customer များရှင့်...
သင်္ကြန်အတက်နေ့ 💦💦💦
စွမ်းထက်ဆေးဆိုင်ကြီး နှင့် စွမ်းထက်ဆေးခန်း ကို
(၁) ရက်ပိတ်ထားမည်ဖြစ်ကြောင်း
ကြိုတင်အသိပေးအပ်ပါတယ်ရှင်။

နှစ်သစ်မှာ လူကြီးမင်းတို့ မိသားစုများအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပတယ်။ 🙏✨

📞 09-441-507-219
📍 လိပ်စာ: အမှတ် ( 68 )၊ ဗိုလ်ချုပ်လမ်း၊ ပိတောက်ရွှေဝါရပ်ကွက် ၊ ကော့သောင်း​မြို့။





#ဆေးဝါး #သင်္ကြန်ပိတ်ရက်ကြေညာချက်

H A P P Y  E I D  D A Y 🎉
21/03/2026

H A P P Y E I D D A Y 🎉

ဩစတေးလျ ပျားဝတ်မှုန် မှာ...🐝အာရုံကြောအားကောင်းစေသည်။ (Vitamin B complex များပြင့် အခြားအာဟာရများစွာပြည့်ဝစွာပါ၀င်ပါတယ်။)...
20/03/2026

ဩစတေးလျ ပျားဝတ်မှုန် မှာ...

🐝အာရုံကြောအားကောင်းစေသည်။ (Vitamin B complex များပြင့် အခြားအာဟာရများစွာပြည့်ဝစွာပါ၀င်ပါတယ်။)

🐝အူလမ်းကြောင်းကျန်းမာစေသည်။ (Fiberအမျှင်ဓါတ်ကြွယ်ဝစွာပါ၀င်ပါတယ်)

🐝အစာခြေဖျက် မှုနှင့် အစာအိမ်အားကောင်းစေသည်။ (သဘာဝ အင်းဇိုင်းဓာတ်တွေ ပါဝင်ပါတယ်)

🐝ကိုယ်အလေးချိန်ထိန်းညှိပေးရာတွင်အထောက်အကူပြုသည်။ (အစာနဲနဲစားတာတဲ့ ဝတယ်လို့်ခံစားရစေတယ်ဆိုပါတယ်.)

🐝စွမ်းအင်ခွန်အားကိုတိုးပွားစေသည်။ (ဒါကြောင့် Super food လို့ခေါ်ကြပါတယ်။)

🐝အမျိုးသားများတွင်ဆီးကျိတ်ကျန်းမာစေသည်။ (ဆီးလမ်းကြောင်းကျန်းမာရေးကောင်းစေပါတယ်။ )

🐝အသားအရေတောက်ပလှပစေသည်။ အသားအရေကျန်းမာစေသည်။

🐝ခုခံစွမ်းအားမြင့်တင်ပေးသည်။ (သဘာဝ selenium, zinc, vitamin c, စတာတွေမျှမျှ တတစုပေါင်းပါဝင်ပါတယ်။ )

🐝စိတ်ဖိစည်းမှုကာကွယ်ပေးသည်။ (အားကစားသမားများ၊ မော်ဒယ်များ၊ အနုပညာရှင်များသုံးစွဲကြပါသည်။ ဥပမာ- ဗစ်တိုးရီးယားဘက်ခမ်း )

🐝သွေးအား‌ေကာင်း‌ေစသည်။ သွေးသန့်စေသည်။ အရေအသွေးမြင့်သံဓါတ်သဘာ၀ အတိုင်းပါ၀င်ပါတယ်။

🐝အမျိုးသမီးဟိုမုန်း၊ အမျိုးသားဟိုမုန်းကို မျှတကောင်းမွန်စေသည်။ အမျိုးသားများအသက်ကြီးလာလို့ ဟိုမုန်းအားနည်းသူများ (ပင်ပန်းလွယ်၊ စိတ်မလန်းဆန်း၊ ခေါင်းကိုက် ဖြစ်တက်ကြပါတယ်)သုံးစွဲကြပါသည်။

🐝အမျိုးသမီးရောအမျိုးသားအတွက်ပါ ကလေးရနိုင်‌ခြေတိုးတက် စေရန်ကူညီပေးသည်။
(ပျားဝတ်မှုန်ပုံမှန်သောက်ပြီး ၃လကနေ ၆လအတွင်း ကလေးရသွားတဲ့စုံတွဲတွေအများကြီးရှိပါတယ်။)

🐝ကင်ဆာဆန့်ကျင်သတ္တိရှိသည်။ ဓါတ်ကင်ခြင်း၊ ဆေးသွင်းခြင်းများကို ခံနိုင်ရည်ပိုရှိစေသည်။ (Antioxidants , flavonoids များပါ၀င်။)

🐝ဓါတ်မတည့်မှုကိုသက်သာပျောက်ကင်းစေသည်။
(Histamine ထုတ်များတာကိုကာကွယ်ပေးပါတယ်)

🐝ကလေးများတွင်အာဟာရချို့တဲ့မှုကိုကာကွယ်ပေးသည်။
(Fight mulnitrition)

📲09-441-507-219 ကိုဆက်သွယ်နိုင်သလို
🏢 #စွမ်းထက်ဆေးဆိုင်ကြီးတွင်လည်း

ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်ပါတယ်ရှင်🥰
📍အမှတ် (68)၊ဗိုလ်ချုပ်လမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့။📍

#စွမ်းထက်ဆေးဆိုင်ကြီး_swanhtet_pharmacy



☑☑☑

တပေါင်းလပြည့် - မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့🙏🙏🙏မြန်မာနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ တပေါင်းလပြည့်နေ့အခါသမယမှာ ကိုယ်စိတ်နှ...
02/03/2026

တပေါင်းလပြည့် - မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့
🙏🙏🙏

မြန်မာနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့
တပေါင်းလပြည့်နေ့အခါသမယမှာ
ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းနိုင်ပါစေကြောင်း
စွမ်းထက်ဆေးဆိုင်ကြီး မိသားစု မှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

#တပေါင်းလပြည့်နေ့
#စွမ်းထက်ဆေးဆိုင်ကြီး




Address

၆၈-ဗိုလိချုပ်လမ်း ပိတောက်ရွှေဝါရပ်ကွက်
Kawthaung
14083

Opening Hours

Monday 07:00 - 20:30
Tuesday 07:00 - 20:30
Wednesday 07:00 - 20:30
Thursday 07:00 - 20:30
Friday 07:00 - 20:30
Saturday 07:00 - 20:30
Sunday 07:00 - 08:30

Website

Alerts

Be the first to know and let us send you an email when စွမ်းထက် ဆေးဆိုင်ကြီး - Swan Htet Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share