MoMo-fairy cosmetics

MoMo-fairy cosmetics dont follow me , just follow your dream ��

23/02/2025
ဆံပင်တွေတိုနေသေးပေမဲ့ထပ်ညှပ်ချင်သော New Hair Style🙋🏻‍♀️ပေါ့ပေါ့ပါးပါးမတိုမရှည်လေးနဲ့လွှင့်ချင်ရင်ဒီပုံလေးတွေညှပ်ပါ💓💓အရမ်...
06/08/2023

ဆံပင်တွေတိုနေသေးပေမဲ့

ထပ်ညှပ်ချင်သော New Hair Style🙋🏻‍♀️

ပေါ့ပေါ့ပါးပါးမတိုမရှည်လေးနဲ့လွှင့်ချင်ရင်ဒီပုံလေးတွေညှပ်ပါ💓💓

အရမ်းတွေဆံပင်ညှပ်ချင်နေပါသော
မင်မင်ဆံပင်K ကတော့နောက်ဆုံးမှာ😝🤪

12/03/2023
09/02/2023
Korea မလေးတွေလိုကေအတိုနဲ့လန်းချင်သူများအတွက်Hair Design အသစ်🖤🖤🖤🖤
18/10/2022

Korea မလေးတွေလိုကေအတိုနဲ့လန်းချင်သူများအတွက်

Hair Design အသစ်🖤🖤🖤🖤

အားလုံးသိတဲ့အတိုင်း iPhone 14 အသစ်ထွက်လို့လူတိုင်းလိုချင်ကြတယ်ဟုတ်ကိုယ့်ငွေ နဲ့ကိုယ်ဝယ်ရင်လဲနှမြောတယ်😣😣မိဘပူစာရင်လဲ အဆူခ...
01/10/2022

အားလုံးသိတဲ့အတိုင်း
iPhone 14 အသစ်ထွက်လို့လူတိုင်းလိုချင်ကြတယ်ဟုတ်

ကိုယ့်ငွေ နဲ့ကိုယ်ဝယ်ရင်လဲနှမြောတယ်😣😣
မိဘပူစာရင်လဲ အဆူခံရမာကြောက်တယ်😖😖
Suprise တိုက်ခံချင်ပေမဲ့ တိုက်မဲ့သူမရှိဘူးဆိုရင်😩😭

Fairy က Suprise ပေးတာလေးကိုလက်ခံလိုက်ပါ💟

Fairy Korea Mask 1ဗူးဝယ်ရင် IPhone ကံစမ်းမဲတစ်စောင်ရမယ်ဆိုတော့😲😮

အသားရေလဲလှမယ်
ဖုန်းလဲရမဲ့ အစီအစဉ်မှာအမြန်ပါဝင်ကြရအောင်🙋🏻‍♀️🙋🏻‍♀️

Fairy Mask (Clay Mask တစ်ထုပ်+Sheet Mask 6ချပ်)

1Box -23000 တည်းနဲ့ Fairy သုံးရင်ကံစမ်းကြစို့💓💓

ြို့နယ်ကိုယ်စားလှယ်Mokham
09456180005

Can Order 👉🏻Cb

K အလန်းလေး ထားရတာကြိုက်တဲ့သူတွေအတွကိ2022 Hair Style 😍😍😍
25/09/2022

K အလန်းလေး ထားရတာကြိုက်တဲ့သူတွေအတွကိ

2022 Hair Style 😍😍😍

😊အပိုတွေမပြောဘူး😊ထိုးလဲ မရောငိးဘူး😊အတင်းကြေငြာပြီးလဲမရောင်းဘူးကြိုက်မှဝယ်🙋🏻‍♀️🙋🏻‍♀️End Users တွေကိုတိုက်ရိုက်ရောင်းတာအမြ...
25/09/2022

😊အပိုတွေမပြောဘူး

😊ထိုးလဲ မရောငိးဘူး

😊အတင်းကြေငြာပြီးလဲမရောင်းဘူး

ကြိုက်မှဝယ်🙋🏻‍♀️🙋🏻‍♀️

End Users တွေကိုတိုက်ရိုက်ရောင်းတာ

အမြဲလက်လီ ရောင်းသွက်တဲ့ Fairy

Customer အသစ် Fairy Serum နဲ့ Body Serum ဆိုပြီးသီးသန့်လာရှာဝယ်သွားတယ် ဆိုကတည်းက Fairy ရဲ့ Quality သိလို့😍😍😍😍

တခါသုံးပြီးတသက်လုံးစွဲတဲ့Fairy 🤩🤩

မယုံဘူး အမြည်းသုံးကြည့်ချင်တယ်ဆိုရင် ဆိုင်မှာလာစမ်းသုံးလို့ရပါတယ်

လိပ်စာက 👉🏻မိုမိုဆေးဆိုင် /နောင်ခမ်း/မီးပွိုင့်အနီး 🌿🌿

လှဖို့အတွက်တောငိ ပျင်းကြောဆွဲနေတဲ့မမများအတွက်🤦🏻‍♀️🤦🏻‍♀️🤦🏻‍♀️🤦🏻‍♀️Mask 1ခါ ကပ်တာက Skin Care 1ပတ်လုပ်တာနဲ့ညီမျှတာမို့Clay ...
25/09/2022

လှဖို့အတွက်တောငိ ပျင်းကြောဆွဲနေတဲ့မမများအတွက်🤦🏻‍♀️🤦🏻‍♀️🤦🏻‍♀️🤦🏻‍♀️

Mask 1ခါ ကပ်တာက Skin Care 1ပတ်လုပ်တာနဲ့ညီမျှတာမို့

Clay Mask ဖုန်စုပ်စက် နဲ့ မျက်နှာမှာရှိတဲ့
အနှစ်နှစ်အလအလကသိမ်းထားတဲ့ ချေးတွေရှငိးပြီး

Sheet Mask လေးကပ် စကွင်းကဲရင်

ပို Glow လာမယ်နော်🙋🏻‍♀️🙋🏻‍♀️

Mask 1box(Sheet mask 6ချပ်+Clay Mask 1ထုပ်)
Korea Made ကြီးကို 23000ကျပ်နဲ့ရမယ်

နောက်မှဝယိရင်စျေးတက်ပြီနော်😊😁

အားလပ်ရက် အိမ်မာနေရင်း ချေးချွတ် Mask ကပ် ရင်း
ပိုပိုလှတဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေ😘😘


အကုန်အကျသက်သာဖို့ မနက်ခင်းမှာ Moisturizer အဆင့်ကိုကျော်ပြီး Sunscreen တန်းလိမ်းလို့ဖြစ်လား❓ဖြစ်ပါတယ်, Nyi ကိုယ်တိုင်လဲ တ...
23/09/2022

အကုန်အကျသက်သာဖို့ မနက်ခင်းမှာ Moisturizer အဆင့်ကိုကျော်ပြီး Sunscreen တန်းလိမ်းလို့ဖြစ်လား❓

ဖြစ်ပါတယ်, Nyi ကိုယ်တိုင်လဲ တခါတလေ မနက်ခင်း moisturizer ဘာသုံးရမလဲမသိရင် sunscreen ပဲတန်းလိမ်းဖြစ်လိုက်တယ်။ အဲ့လိုလိမ်းလို့ အဆင်ပြေလားမေးရင် ပြေတယ်ပြောရမှာပဲ, အချိန်ကုန်သက်သာတယ်, sunscreen ရယ်လို့ သတ်သတ်မှတ်မှတ် လိမ်းဖြစ်သွားမယ်, အထူးသဖြင့် ခုလိုချွေတာရမယ့်ကာလမျိုးဆို အနည်းနဲ့အများ အကုန်အကျသက်သာလို့ budget ‌save ဖြစ်ချင်သူတွေ try ကြည့်သင့်တဲ့ skincare tip တခုပါပဲ👍

ဒါပေမဲ့ ဒီလို moisturizer ကျော်လိမ်းဖို့ဆိုရင် ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ sunscreen မျိုးတော့ ရွေးသုံးတတ်ဖို့လိုတယ်နော်။ မဟုတ်ရင် ကိုယ်က sunscreen လိမ်းပြီး အပေါ်က makeup ဘာညာထပ်လိမ်းတဲ့အခါ မိတ်ကပ်သားမညက်တာမျိုး, အသားထဲစိမ့်မဝင်ဘဲ product pilling ဖြစ်တာမျိုးတွေ ကြုံရတတ်တယ်။ နောက်ပြီး skin က လုံလောက်တဲ့ hydration မရလို့ အသားခြောက်တာ, over-moisturize ဖြစ်ပြီး အဆီပိုပြန်တာမျိုးတွေလဲ တွေ့ရတတ်ပါတယ်။

ဆိုတော့ ဘယ်လို sunscreen ကိုရွေးရမလဲလို့ မေးစရာရှိမယ်။ ပထမဆုံး ကိုယ့်ရဲ့ skin type ကိုကြည့်ပါ, ကိုယ့်အသားအရေက oily, combination skin ဖြစ်တယ်, အဆီပြန်သလို တခါတလေလဲ dehydrated ဖြစ်လို့ အသားခြောက်တယ်ဆိုရင် sunscreen ကို texture ပေါ့ပေါ့ပါးပါးနဲ့ ရေဓာတ်ပေးနိုင်တာမျိုး ရွေးပါ✅ အလွယ်မှတ်ချင်ရင် hyaluronic acid ပါဝင်မှုများတာမျိုး, drying alcohol ပါဝင်မှုနဲတာမျိုး။ ဥပမာ Isntree hyaluronic acid watery sun gel, Round Lab birch juice moisturizing sunscreen, Innisfree hyaluron moist sunscreen, etc.

မဟုတ်ဘဲ ကိုယ့်မျက်နှာက အဆီမပြန်တတ်ဘူး, အသားခြောက်တယ်ဆိုရင် texture နဲနဲပျစ်ပြီး(စေးကပ်တာကို ပြောတာမဟုတ်) moisture အဓိကပေးတဲ့ sunscreen တွေကို ရွေးနိုင်ပါတယ်✅ ဥပမာ Be Plain clean ocean moisture sunscreen, All natural houttuynia cordata moisture sun cream, Beauty of Joseon relief sun, etc. ခုရွေးပြသွားတဲ့ စံချိန်စံညွှန်းက ဒီအတိုင်းလိမ်းလို့ကောင်းရုံ sunscreen တွေကို ရွေးပြသွားတာ မဟုတ်ဘူးနော်။ မနက်ခင်းမှာ moisturizer မလိမ်းဘဲ တန်းလိမ်းလို့အဆင်ပြေမဲ့ sunscreen တွေကို ကိုယ့် skin type အလိုက် ရွေးချယ်နိုင်အောင် ပြောပြသွားတာပါ။

တလက်စထဲ အမှတ်မှားနေတာပါ ထောက်ပြရရင် sunscreen နာမည်မှာ moisturizing တို့ moisture တို့ပါတိုင်း moisturizer လိမ်းဖို့မလိုအောင် အစိုဓာတ်ပေးနိုင်တာမျိုး မဟုတ်ဘူးနော်။ တော်ကြာ အဲ့ဒါတွေမြင်တိုင်း မျက်စိမှိတ်ပြီး ရွေးနေမှာစိုးလို့ပါ။ ကိုယ့် skin type အတွက် မှန်မှန်ကန်ကန်ရွေးချင်ရင် အပေါ်မှာပြောတဲ့အတိုင်း ရွေးချယ်ပါ, မရွေးတတ်ရင် လာမေးပါ။ အပေါ်မှာဥပမာပေးခဲ့တဲ့ sunscreen တွေလဲ သုံးနိုင်ပါတယ်။ ဒီလောက်ပါပဲ, နောက်ရက်မှ moisturizer လိမ်းဖို့မလိုအောင် hydration အပြည့်ပေးနိုင်တဲ့ sunscreen review လေးတခုနဲ့ ပြန်လာခဲ့ပါမယ်။ Bye👋


Skincare သေချာလုပ်ပေမဲ့ ဝက်ခြံထွက်မြဲထွက်နေတဲ့ သူတွေအတွက် 🖇 ဝက်ခြံကင်းပြီး ကြည်တောက်ရှင်းတဲ့ အသားအရေရဖို့ Skincare တွေပဲ...
21/09/2022

Skincare သေချာလုပ်ပေမဲ့
ဝက်ခြံထွက်မြဲထွက်နေတဲ့ သူတွေအတွက် 🖇

ဝက်ခြံကင်းပြီး ကြည်တောက်ရှင်းတဲ့ အသားအရေရဖို့ Skincare တွေပဲ အားကိုးနေလို့မရဘူးနော် ။ ကိုယ့်ရဲ့ Daily Life မှာ ကိုယ်ရွေးချယ်တဲ့ အစားအသောက် ၊ အိပ်စက် အနားယူခြင်း ၊ တစ်ကိုယ်ရည် အသုံးအဆောင် သန့်ရှင်းသပ်ရပ်မှု စတာတွေ နဲ့ တခြားသော အချက်တွေ ပေါ်လဲ မူတည်ပါသေးတယ် ။

ကိုယ်သတိမထားမိသေးတဲ့ ဘယ်အချက်တွေက ဝက်ခြံထွက်စေနိုင်လဲ ?
ဘာတွေကို ရှောင်ကြည်ရမလဲ ၊ လိုက်နာရမလဲ ?
စတဲ့အချက်တွေ ဂီတို့သိထားမှသာ Skincare ကောင်းကောင်းသုံးနေပေသည့် တဖက်တလှမ်းကနေလဲ ဝက်ခြံတွေ မထွက်အောင် ကာကွယ်ထားနိုင်မှာဖြစ်ပါတယ် ။

ဒီ့အတွက်လဲ သိထားသင့်တဲ့ အချက်တွေကို ဂီက အခုပြောပြပေးသွားပါမယ် 🙌🏻

ကိုယ်သတိမထားမိပဲ လုပ်မိနေတဲ့ ဘယ်အချက်တွေက ဝက်ခြံတွေထွက်ဖို့ အားပေးလဲ ❔

👉🏻 အဆီ ၊ အစိမ့် ၊ အချို ၊ အငံ လွန်ကဲသော အစားအစာ များ ၊ Alcohol ၊ Caffeine ဓာတ်များသော အစားအစာများ ၊ ဆီကြော်မုန့် များ နဲ့ နို့ထွက်ပစ္စည်းများအစားများခြင်း
👉🏻 ခေါင်းအုံးစွပ် ၊ မျက်နှာသုပ်ပုဝါ ၊ Makeup Brush စတဲ့ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများ သန့်ရှင်းအောင် မထားပဲ အသုံးပြုခြင်း
👉🏻 လက်ကိုင် Phone ကို သန့်ရှင်းအောင်မထားခြင်း
👉🏻 မျက်နှာအားလက်ဖြင့် မကြာခဏကိုင်တွယ်ခြင်း
👉🏻 စိတ်ဖိစီးမှု များခြင်း
👉🏻 မျက်နှာ တစ်နေ့(၂)ကြိမ် ပုံမှန် မသစ်ခြင်း ၊ မိတ်ကပ် , Sunscreen မဖျက်ပဲ အိပ်ယာဝင်ခြင်း
👉🏻 အဆီအညစ်အကြေး များနေသော ဆံသား များနဲ့ Hair Care Products များ မျက်နှာအသားအရေ ပေါ် ထိမိခြင်း ။
👉🏻 တားမြစ်အလှကုန် ၊ သက်တမ်းကုန် ပစ္စည်းများ ၊ အရည်အသွေးမပြည့်မှီ သော Product များနဲ့ MLM Products များ အား မှားယွင်းအသုံးပြုမိခြင်း
👉🏻 အိပ်ချိန် မမှန်ခြင်း

ဝက်ခြံအထွက်နည်းအောင် Skincare တွေ သုံးတဲ့အပြင် ဘယ်အချက်တွေ လိုက်နာရမလဲ ❔

✅ အစားအသောက်ကို ထိန်းသိမ်း ဆင်ခြင်ပြီးစားပေးပါ ။ အသီးအနှံ ၊ အသားငါး သင့်တင့်အောင်စားပေးပြီး သကြားဓာတ် ၊ အဆီဓာတ် ၊ အငံဓာတ်တွေ လျှော့စားပေးပါ ။

✅ ခေါင်းအုံးစွပ် ၊ မျက်နှာသုတ်ပုဝါကို သေချာ တပတ် တစ်ခါလောက် ပုံမှန်လဲပေးပြီး သေချာ သန့်ရှင်းအောင် လျှော်ဖွတ်အသုံးပြုပေးပါ ။ ဖြစ်နိုင်ရင် ဂီကတော့ မျက်နှာကို သဘတ် ထက် facial tissue ကို ပိုသုံးစေချင်ပါတယ် ။

✅ Makeup Brush ၊ Sponge တွေကိုလဲ ပုံမှန် ဆေးကြော သန့်စင်ပေးပါ ။

✅ လက်နဲ့ အမြဲထိထွေ့နေတဲ့ ကိုယ့် ဖုန်းကိုပုံမှန် သန့်စင်ပေးပါ ။ Phone Sanitizer တွေသီးသန့်ရှိသလို ဆပ်Hand Sanitizer တွေထဲ Alcohol Free ဖြစ်တဲ့ အမျိုးအစားတွေ နဲ့ ဆပ်ပြာရည် စတာတွေ လည်းအသုံးပြုပေးနိုင်ပါတယ် ။ Spray ဖြန်းသလို ဖုန်းကိုတိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ရပဲ သန့်စင်တဲ့ အဝတ်နဲ့ယူပြီး ဖုန်း screen ပေါ်ညှင်သာစွာ ပွတ်ပေးရပါမယ် ။

✅ လက်ကိုသေချာ သန့်စင်အောင်ဆေးကြောပြီးမှာသာ မျက်နှာကိုကိုင်တွယ်ပါ ။ ခနခနိတွေ့ခြင်း ၊ အဆီဖု ၊ ဝက်ခြံတွေကို လက်နဲ့ ညှစ်ခြင်း စတာတွေကိုလဲ ရှောင်ကြဉ်ပါ ။

✅ Stress ( စိတ်ဖိစီးမှု) တွေများရင်လဲ ဝက်ခြံတွေထွက်လာတတ်တာကြောင့် စိတ်ညစ်စရာတွေရှိလဲ့ရင်တောင် အတတ်နိုင်ဆုံး စိတ်ကို relax ဖြစ်အောင်ထားပါ ။ ကိုယ်ဝါသနာပါရာအလုပ်တွေ လုပ်ပြီး ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူများနဲ့ အချိန်ကုန်ဆုံးပါ ။ Yoga , Workout တစ်ခုခု လုပ်ပါ အချိန်မပေးနိုင်ခဲ့ရင် လမ်းပုံမှန်လျှောက်ပါ ။ စိတ်ကို Calm ဖြစ်စေတဲ့ သီချင်းတွေ နားထောင် ပြီး Meditation လဲ လုပ်ပေးနိုင်ပါတယ် ။

✅ ညအိပ်ခါနီးတိုင်း Double Cleansing လုပ်ဖို့မမေ့ပါနဲ့

✅ Hair Care Products တွေ ကိုမျက်နှာနဲ့ မထိတွေ့အောင် ဂရုစိုက်ပြီး ဆံပင်ကိုလဲ ပုံမှန် သန့်ရှင်းအောင်ထားပါ ။ အထူးသဖြင့် Bang (ဆံမြိတ်ချ ) တဲ့သူတွေ ပိုဂရုစိုက်ရပါမယ်နော် ။

✅ ရှောင်သင့်တဲ့ ပစ္စည်းတွေ ၊ တားမြစ်ပစ္စည်းတွေဆို ယောင်လို့တောင်မျက်စောင်းလှည့်မထိုးမိပါစေနဲ့ ။ MLM Products တွေလဲ အပါအဝင်ပဲ ။ အရည်အသွေးပြည့်ပြီး စိတ်ချရတဲ့ Brand ကထုတ်တဲ့ Makeup , Skincare တွေသာသုံးပေးပါ ။ ပစ္စည်းဝယ်ရင်လဲ Expire Date ကိုသေချာစစ်ဆေးပြီးမှ ဝယ်ယူပါ ။

✅ အိပ်ချိန်လဲ မှန်ပါစေနော် ။ အိပ်ရေးပျက်ရင် ဝက်ခြံ ထွက်တတ်တာကြောင့် အိပ်ရေးဝအောင်အိပ်ပေးပါ ။

ဆိုတော့ စာကတော့ ရှည်သွားတယ် ဟီး …
အချစ်တွေနဲ့ ရေးပေးထားတာမို့ အဆုံးထိ သေချာ လေးအချိန်ပေးဖတ်ပေးလို့လဲ ကျေးဇူးပါနော် ။ Skincare တွေ သုံးနေပေမဲ့ ဝက်ခြံတွေ ထိရောက်သင့်သလောက် မပျောက်ပဲ ဖြစ်နေရင် ဂီပြောတဲ့ အချက်လေးတွေ Try ကြည့်ကြည့်နော် ။ တစ်ဖက်တစ်လှမ်းက အထောက်အကူဖြစ်မယ်လို့လဲ မျှော်လင့်ပါတယ် ရှင် ❤️

Love You All My Readers 💖 Muah 💋
Crd Gi’s Diary

Address

နောင်ခမ်းကန်/လေယာဉ်ကွင်းလမ်း/မိုမိုအလှကုန်နှင့်ဆေးဆိုင်
Kengtung

Telephone

+959456180005

Website

Alerts

Be the first to know and let us send you an email when MoMo-fairy cosmetics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share