HairQueen By Poe Phyu

HairQueen By Poe Phyu 𝗛𝗮𝗶𝗿 𝗤𝘂𝗲𝗲𝗻 (ဦး‌ရေပြားအားဖြည့်ဆီ)
ခင်သောင်းဝင်း(ရှူလိမ်းဆေး)
လက်လီလက်ကား ဝယ်ယူနိုင်သည်

April Fool မဟုတ်ဘူးနော် တကယ်ပေးမှာဘာဝယ်ဝယ် Hair Queen Product  တစ်ဗူးဝယ်တိုင်း 25000 တန် Hair Queen Shampoo တစ်ဗူး လက်ဆေ...
01/04/2026

April Fool မဟုတ်ဘူးနော် တကယ်ပေးမှာ
ဘာဝယ်ဝယ် Hair Queen Product တစ်ဗူးဝယ်တိုင်း
25000 တန် Hair Queen Shampoo တစ်ဗူး
လက်ဆောင်ပေးမှာပါရှင့်

အရေအတွက် အကန့်အသတ်ရှိတာမို့ ဦးသူယူပါရှင့်

လက်ဆောင်ပေးမယ့် အရေအတွက် ကုန်တဲ့နေ့
ရပ်မှာမို့ အချိန်မီ လာဦးလို့ ရကြပါပြီရှင့်

ကျွန်မရဲ့ Hair Queen အမာခံ တွေက Hair Queen
Promotions ရှိတိုင်း အများကြီးအားပေးကြတာမို့
ဒီတစ်ခါ Promotions ကြီးကတော့ ရှယ် မှ ရှယ်ပဲနော်

Hair Queen Oil 1.....19500
Hair Queen Shampoo ....25000
Hair Mask...........28000
Hair Scrum......20000

ကဲ ဘာလေး ဝယ်ဝယ် Hair Queen Shampoo တစ်ဗူး
25000 တန် ကို အထူး Promotions
ပေးထားပါတယ်ရှင့်

မကုန်ခင် အမြန်လာမှာဖို့တော့ လိုပါတယ်ရှင့်

☎️ 09 774457669
☎️ 09 400475306 ( Viber )





 #၁၆ရက်ထိမပြောနဲ့၁ရက်နေ့ကတည်းကကုန်ရော😁😁
08/09/2025

#၁၆ရက်ထိမပြောနဲ့၁ရက်နေ့ကတည်းကကုန်ရော
😁😁

အရမ်းလဲကျေးဇူးတင်ပါတယ် အရမ်းလဲချစ်တယ်နော်😘ပျော်လို့မျက်ရည်တောင်ကျမိတယ်😭မနေ့ထဲကစိတ်ဆိုးပီး blacklist လုပ်ထားတာစိတ်ဆိုးပီး...
02/03/2025

အရမ်းလဲကျေးဇူးတင်ပါတယ်
အရမ်းလဲချစ်တယ်နော်😘
ပျော်လို့မျက်ရည်တောင်ကျမိတယ်😭
မနေ့ထဲကစိတ်ဆိုးပီး blacklist လုပ်ထားတာ
စိတ်ဆိုးပီးပစ်ထားတယ်လေ😕
အကောင့်သစ်နဲ့လာပြောတယ်
အပြင်ခနထွက်ခဲ့ ပေးစရာရှိတယ်ဆိုတော့....
ကိုယ်ပေးထားတဲ့ပစ္စည်းလေးတွေ
ပြန်ပေးတာဖြစ်မယ်လို့ပဲထင်တာ
မထင်ထားဘူးလေ ခုလိုsuprise လာလုပ်လိမ့်မယ်လို့
အရမ်းပျော်သွားတယ်...မျက်ရည်ပါကျမိတယ်
အာ့လောက်ချစ်မယ်မထင်ထားဘူးလေ
စိတ်ဆိုးနေတာကို အခုလို့လာချော့လို..
အရမ်းချစ်တယ်လို့...😘...
အမြဲတမ်းချစ်သွားမှာပါလို့နော်😍...
ဘာကြည့်နေတာလဲအာ့ငါဟာလဲမဟုဘူး😅
🙂ဘယ်သူတင်ထားမှန်းလဲမသိဘူး😑
Saveလာတာ
...
လိုချင်ရင်တော့copyယူသွားလေ ကျေးဇူးတင်ပါတယ်
အဆုံးထိဖတ်ပေးလို့ 😂ငါတျောက်ထဲတော့ဂျင်းမိမခံဘူး
😛😛😂

အလွတ်ကျက်သင့်သည်၊ မကျက်သင့်သည်___________________________မောင်ခင်မင် (ဓနုဖြူ) ယနေ့ ကျောင်းသားအချို့နှင့်ပတ်သက်၍ လူကြီးမိ...
24/02/2025

အလွတ်ကျက်သင့်သည်၊ မကျက်သင့်သည်
___________________________
မောင်ခင်မင် (ဓနုဖြူ)

ယနေ့ ကျောင်းသားအချို့နှင့်ပတ်သက်၍ လူကြီးမိဘများ၊ ဆရာများက ဤသို့ မှတ်ချက်ချသည်ကို ကြားရပါသည်။

“သူတို့က ကျက်ရမဲ့စာမျိုးကျတော့ အလွတ်ရအောင် မကျက်ဘူး၊ မကျက်ရမဲ့စာမျိုးကို အလွတ်ကျက်နေကြတယ်”

ဤပြဿနာနှင့်ပတ်သက်၍ အတော်များများ ဆွေးနွေးခဲ့ကြဖူးပါပြီ။ အထူးသဖြင့် ကျောင်းသင်ခန်းစာများကို သဘောပေါက်နားလည်အောင် ဖတ်ပြီး ကိုယ့်အရေးအသားနှင့် ပြန်ရေးသည့် အလေ့အကျင့်မျိုး နည်းလာပြီး “၏၊ ၍၊ သည်၊ နှင့်” မကျန် အလွတ်ကျက်၍ ကျက်ထားသမျှ ပြန်“အန်ချ”တတ်သည့် အလေ့အကျင့်မျိုး
လူငယ်၊ ကျောင်းသားများ အကြားတွင် များလာသည့်အတွက် ဤသို့ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြခြင်း ဖြစ်ပါသည်။

ကျွန်တော်သည် မြန်မာစာ သင်ကြားပို့ချသော ဆရာဖြစ်သည့်အတွက် မြန်မာစာကို သာဓကဆောင်၍ ဆွေးနွေးလိုပါသည်။ သူငယ်တန်းမှသည် တက္ကသိုလ်မြန်မာစာ နောက်ဆုံးနှစ်အထိ ပြဋ္ဌာန်းထားသောစာများတွင် ကျက်မှတ်သင့်သည့် စာများ အများအပြား ပါဝင်ပါသည်။ အခြားမဟုတ်ပါ။ ကဗျာများဖြစ်ပါသည်။ ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတု စသည့် လေးလုံးစပ်ကဗျာများ၊ အဲချင်း၊ အိုင်ချင်း၊ တျာချင်း၊ လွမ်းချင်း စသည့် ကဗျာများ၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ တေးထပ်၊ ဘောလယ် စသည့် ကဗျာများသည် နှုတ်တက်အာဂုံဆောင်ထားသင့်သော ကဗျာများ ဖြစ်ပါသည်။ ကဗျာတစ်ပုဒ်လုံး အလွတ်မရလျှင်တောင်မှ ကောင်းနိုးရာရာ အပိုဒ်များကို အလွတ်ရနေတတ်ကြပါသည်။ မြန်မာစာကို ဝါသနာပါသော ကျောင်းသားများသည် ဆရာသင်လိုက်သည့် ကဗျာများကို သဘောကျ နှစ်သက်လျှင် ကျက်မှတ်တတ်ကြမြဲ ဖြစ်ပါသည်။ သဘောကျလွန်း၍ အကြိမ်ကြိမ် ရွတ်ဆိုရင်း အလွတ်ရသွားသည်လည်း ရှိပါသည်။ ပျော်ပျော်ရွှင်ရွှင် နှစ်နှစ်သက်သက် လိုလိုလားလား ကျက်မှတ်ကြခြင်းလည်း ဖြစ်ပါသည်။

ကဗျာအလွတ်ရသည့်အတွက် ကျောင်းသားတစ်ယောက်အနေနှင့် ရရှိသောအကျိုးတရားမှာ အလွတ်ရသော ကဗျာကို ပြန်စဉ်းစားရုံနှင့် ကဗျာထဲက အချက်အလက်များအားလုံး အမိအရ စိတ်ထဲမှာ ပေါ်လာနိုင်ပြီး ပြည့်ပြည့်စုံစုံ ရေးသားဖြေဆိုနိုင်ခြင်းဖြစ်ပါသည်။ ဆိုပါစို့။ ဝန်ကြီးပဒေသရာဇာ၏ ထန်းတက်သမားတျာချင်းကို အလွတ်ရထားလျှင် ထိုကဗျာကို ပြန်စဉ်းစားပြီး စိတ်ထဲမှာ ပေါ်လာသောအချက်များကို ထည့်သွင်းကာ ထန်းတက်သမား မိသားစုဘဝကို အသေးစိတ် သရုပ်ဖော်နိုင်ပါလိမ့်မည်။ ကဗျာစာသားကို တိုက်ရိုက်ကိုးကားချင်လျှင်လည်း ကဗျာကို အလွတ်ရထားသည့်အတွက် အလွယ်တကူ ထည့်သွင်းကိုးကားနိုင်မည် ဖြစ်ပါသည်။ အသက်အရွယ်ရလာသူများ မိမိတို့ငယ်စဉ်က ကျက်မှတ်ခဲ့သော ကဗျာများကို အသက်ကြီးသည်အထိ နှစ်သက်မြတ်နိုးစွာ ရွတ်ဆို ကိုးကားနိုင်ခြင်းမှာ ငယ်စဉ်က စွဲနေအောင်ကျက်မှတ်ထားသည့် အကျိုးတရား ဖြစ်ပါသည်။ သို့သော်-

ယနေ့ ကျောင်းသားအတော်များများသည် ကဗျာကျက်မှတ်သည့် အလေ့အထ နည်းပါးနေပါပြီ။ အချို့ဆိုလျှင် ပြဋ္ဌာန်းစာအုပ်မှ ကဗျာမူရင်းကို မကြည့်တော့ဘဲ ထိုကဗျာနှင့်ပတ်သက်သည့် မှတ်စုများ၊ အမေးအဖြေများကိုသာ ကျက်မှတ်ထားသည်ကို တွေ့ရပါသည်။ ကဗျာအလွတ်မရသည့်အတွက် စိတ်ထဲမှာလည်း မစွဲတော့ပါ။ အချို့ဆိုလျှင် နှစ်သက်ရကောင်းပင် မသိတော့ပါ။

အလွတ်ကျက်သင့်သော ကဗျာများကို အလွတ်မကျက်သော်လည်း၊ အလွယ်မကျက်သင့်သော မှတ်စုများကိုကျတော့ အလွတ်ကျက်နေကြပြန်သည်။ မြန်မာစာမှတ်စုများသာမက အခြားဘာသာရပ်များ၏ အမေး အဖြေ မှတ်စုများကိုလည်း အလွတ်ကျက်ကြသည်။ “အလွတ်မကျက်ဘဲ အချက်အလက်မှတ်ပြီး ကိုယ့်စကားနှင့်ကိုယ် ပြန်ရေးပါလား”ဟု ပြောသောအခါ “ကိုယ့်စကားနှင့်ကိုယ်ပြန်ရေးရင် ကျန်ရစ်ခဲ့တာတွေ ရှိနိုင်တယ်။ အလွတ်ကျက်ထားတော့ အားလုံး ပိုင်ပိုင်နိုင်နိုင်ရှိတယ်”ဟု ပြန်ဖြေတတ်ကြသည်။ သေချာသည့် အချက်တစ်ချက်မှာ ဘယ်မေးခွန်း ဘယ်လိုဖြေဟု ပုံသေကျက်ထားသည့်အတွက် မေးခွန်းကို လှည့်မေးလိုက်လျှင် အလှည့်မခံနိုင်ခြင်းပင် ဖြစ်သည်။ အလှည့်မခံနိုင်ရုံသာမက မသင်တာမေးတယ် ဘာညာ စသည်ဖြင့် ပြဿနာများလာတတ်ပါသည်။

အလွတ်ကျက်ဖို့ အားသန်သည့်အတွက် စိတ်ကူးဉာဏ်သုံးပြီး အကျိုးသင့် အကြောင်းသင့် ဆွေးနွေးရမည့်ဘက်တွင် အားနည်းသွားသည်ကား အမှန်ပင်။ စာမေးပွဲဖြေလျှင်လည်း အလွတ်ကျက်ထားသမျှ
ကက်ဆက်ဖွင့်လိုက်သလို တန်းစီပြီး ရေးချသည်။ တစ်နေရာတွင် မေ့သွားလျှင် ကိုယ့်ဉာဏ်နှင့်ကိုယ် ဆက်မရေးတတ်တော့၊ ကြားမှာ အစက်များချခဲ့ပြီး သတိရသည့်နေရာမှ ဆက်ရေးသည်။ မေးခွန်းနှင့်ဆိုင်သည် မဆိုင်သည် မစဉ်းစားနိုင်တော့ဘဲ ကျက်ထားသမျှ ချရေးပြီး ကုန်လျှင် ရပ်လိုက်တော့သည်။

ပို၍ဆိုးသည်မှာ စာစီစာကုံးကအစ အလွတ်ကျက်ခြင်းဖြစ်သည်။ စာစီစာကုံးရေးသားခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသား၏ ပင်ကို အရည်အသွေးကို စစ်ဆေးလိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း အထူးပြောရန် လိုမည်မထင်ပါ။ ပေးထားသောခေါင်းစဉ်နှင့်အညီ မိမိ၏ အသိ၊ အမြင်၊ ဗဟုသုတ၊ အတွေးအခေါ်တို့ကို မိမိ၏ ကိုယ်ပိုင်အရေးအသားဖြင့် အစီအစဉ်တကျ ရေးသားနိုင်မှု အရည်အသွေးကို စမ်းသပ်သည့် မေးခွန်း ဖြစ်သည့်အတွက် စာစီစာကုံးသည်လည်း မိမိ၏ ပင်ကိုယ် အရည်အသွေးကို အပြနိုင်ဆုံးဖြစ်သည်။ စာမေးပွဲခန်းထဲရောက်မှ ပြင်ရမည့် ခေါင်းစဉ်ကို မူတည်၍ မိမိအရည်အသွေးပြရန် ရည်ရွယ်ထားသည်ကို ကြို၍ အလွတ် ကျက်လာသောအခါ ရည်ရွယ်ချက်နှင့် မကိုက်ညီဘဲ ဘေးကိုချော်သွားရပါတော့သည်။ စာမေးပွဲမှာ ဘယ်ခေါင်းစဉ်မေးမည်ကို ကြိုမသိနိုင်သည့်အတွက် စာစီစာကုံး အပုဒ်ပေါင်းများစွာ အလွတ်ကျက်ရသည်မှာ ထိုကျောင်းသားအဖို့ ပင်ပန်းလှသည်။ ကျက်ထားသော ခေါင်းစဉ်နှင့် တိုက်ရိုက်တိုးဖို့လည်း မလွယ်ပါ။ တိုက်ရိုက်မတိုး၍ စာတစ်မျက်နှာဖြစ်အောင်ပင် မရေးနိုင်သည့်အဖြစ်မျိုး။ ခေါင်းစဉ်နှင့် မဆီလျော်ဘဲ အလွတ်ကျက်သည့် စာစီစာကုံးကို ပြန်“အန်ချ”သဖြင့် အမှတ်မရသည့်အဖြစ်မျိုး ကြုံတတ်ကြ ပါသည်။

ယခုမူ စာစီစာကုံးကို ပုံကြမ်းအချက်အလက်များနှင့်အညီ ရေးစေသည့်အတွက် အလွတ်ကျက်သည့်အလေ့ကို ဟန့်ထားနိုင်သည့် အခြေအနေ ရောက်လာပြီဖြစ်ပါသည်။

မြန်မာစာမှာ ကဗျာကို ကျက်မှတ်ဖို့လိုအပ်သလို အခြားဘာသာများတွင်လည်း ပုံသေနည်း၊ ကိန်းဂဏန်း၊ အရေအတွက်၊ ခုနှစ်သက္ကရာဇ် စသည်တို့ကို ကျက်မှတ်ဖို့ လိုပါလိမ့်မည်။ သို့သော် ကျက်မှတ်ဖို့ထက် သဘောနားလည်ဖို့ လိုအပ်သော သင်ခန်းစာများစွာရှိပါသည်။ သဘောနားလည်ပြီး ကိုယ့်စကားနှင့်ကိုယ်ပြန်ရေးသည့် အလေ့အကျင့်လုပ်လျှင် အလွတ်ကျက်သည့် အလေ့အကျင့် တဖြည်းဖြည်း လျှော့ပါးသွားဖွယ် ရှိပါသည်။

ကျောင်းသားများ ကျင့်သုံးလိုက်နာအပ်သည့် အချက်ရှစ်ချက်ကို အင်းဝခေတ်စာဆို ရှင်မဟာရဋ္ဌသာရက မိန့်ဆိုခဲ့ဖူးပါသည်။ ဆရာတော်က ပါဠိဘာသာဖြင့် “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ”ဟု အကိုးအကား ဖော်ပြပါသည်။ မြန်မာလို ရှင်းရလျှင် ကြားနာခြင်း၊ ကြံစည်ခြင်း၊ မေးမြန်းခြင်း၊ ပြောဆိုခြင်း၊ စူးစမ်းဆင်ခြင်ခြင်း၊ ရေးသားခြင်း၊ လေ့ကျင့် ခြင်း၊ နှုတ်ငုံဆောင် (အလွတ်ကျက်)ခြင်း ဟူသော အချက်ရှစ်ချက် ဖြစ်ပါသည်။ နောက်ဆုံးအချက်ဖြစ်သော နှုတ်ငုံဆောင်ခြင်းရှေ့တွင် ကျင့်သုံးလိုက်နာအပ်သည့် အချက် ခုနစ်ချက် ရှိနေသေးကြောင်း အလေးအနက်ပြုသင့်ပါသည်။

အလွတ်ကျက်သင့်သည်ကို ကျက်ရန်၊ မကျက်သင့်သည်ကို မကျက်ဘဲ သဘောနားလည်ပြီး ပြန်ရေးတတ်အောင်လေ့ကျင့်ရန် လိုအပ်ပါသည်။

ရှုမငြီးမဂ္ဂဇင်း ၂ဝဝ၅၊ ဒီဇင်ဘာလ၊။

[ ဆရာကြီးမောင်ခင်မင်၊
စိတ်ဓာတ်အမွေခံ ပညာအမွေခံ]

#ပြန်လည်မျှဝေပါသည်။

သမားမုန်းတဲ့ သမုန်းပွင့်လို့ ဆိုရိုးစကားရှိခဲ့ပါတယ် #သမုန်းပင်ရုက္ခအမည်:   variabilis (Collett & Hemsl.) Pax & K. Hoffm....
31/01/2025

သမားမုန်းတဲ့ သမုန်းပွင့်လို့ ဆိုရိုးစကားရှိခဲ့ပါတယ်
#သမုန်းပင်

ရုက္ခအမည်: variabilis
(Collett & Hemsl.) Pax & K. Hoffm.
Synonyms: variabilis Collett& Hemsl.
Family
Collected by Kothet Naing Oo
Locations Mandalay region, Sagaing Region and Magwe R.
Flowering from January to March

ဆေးဖက်အလွန်ဝင်တာကြောင့်
သမားတော်တွေကတောင် မုန်းရတဲ့အရွက်
သမားမုန်း ၊ နောင်တော့ သမုန်းဖြစ်လာတယ်တဲ့

ဇန်နဝါရီလလောက်က စပြီး သမုန်းဖူးတွေ စျေးမှာဝယ်လို့ရပြီ၊ မုံရွာတက္ကသိုလ် မှာ ဒုချုပ်ဘဝနဲ့ တာဝန်ကျစဥ်က အလွန်ကြီးမားတဲ့ သမုန်းပင်ကြီးတွေကို Campus ဝင်းထဲမှာရော အပြင်မှာပါတွေ့ခဲ့ရတယ်၊ ပြောင်လက်နေသော ပင်စည်က ထုဆစ်ထားတဲ့ ပန်းပုလက်ရာလိုဘဲ၊ အလွန်လှတယ်၊ သမုန်းဖူးချိန်က တက္ကသိုလ်ဝင်တန်း မေးခွန်းလွှာတွေ အတွက် တာဝန်ကျသူများ Camp သွင်းချိန်နဲ့ တိုက်ဆိုင်နေတယ်၊

အအေးဓာတ်က ဖေဖော်ရီဆိုတော့ နေ့ပူ ညချမ်းပေါ့၊ အပင်တွေရဲ့ အရွက်တွေကဝါ ၊ လေအဝှေ့မှာ တဖြုတ်ဖြုတ်ကြွေနဲ့ လွန်းစရာ အချိန်ပါ၊ လှို့ဝှက် Camp နဲ့ မဝေးသောနေရာမှာ သမုန်းပင်ကြီးတပင် ထီးထီးကြီးရှိတယ်၊ သာမန်ဆို အစိမ်းရင့်ရင် အရောင်ရှိတဲ့ ဒီအပင်ကြီးက အဖူးဖူးချိန်ရောက်လာရင် တပင်လုံး ဖက်ဖူးစိမ်းရောင်ပြောင်းတယ်၊ အပွင့်နဲ့ အရွက် ခွဲလို့မရဘူး၊ ဘာ့ကြောင့်လည်း? သမုန်းပွင့်အရောင်က စိမ်းဝါရောင်သန်းတယ်၊ ဝန်ထမ်းကလေးတွေကတော့ တပျော်တပါး တက်ခူးကြတယ်၊ ဆောင်းတွင်း အညာထမင်းဝိုင်းမှာ သမုန်းဖူးသုပ် ​၊ မြူရွက်သုမ် ၊ မရမ်းသီးထောင်း၊ ပဲဟင်းချို၊ မုံရွာ ငါးခြောက်ထိုးက လိုက်ဖက်လွန်းသော ဟင်းလျာ တွေဖြစ်တယ်၊ ပခုက္ကူတက္ကသိုလ် နဲ့ ဒေသတဝိုက်မှာလည်း
သမုန်းပင်တွေ အများကြီးရှိတယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးခေါင်ရေရှား အညာအရပ်မှာ သမုန်းပင်တွေ နေရာအနှံပေါက်ကြတယ်။

သင်္ကြန်နားနီးလို့ စားရတဲ့ သမုန်းဖူးသုပ်က အညာမြေရဲ့ ထင်ရှားလှသော အစားအစာတခုပါ။ ခါးသက်သက် အရသာရှိတယ် ၊ အညာနေပူပူအောက်မှာ အေးမြသော သမုန်းပင်အရိပ်မှာ မှေးစက်ခဲ့ရတဲ့ရက်တွေရှိခဲ့တယ်။

ဆေးဖက်ဝင်သမုန်း

အရှင်နာဂသိန် ဆေးကျမ်းမှာတော့ အဖိုပင် အမပင်ရှိတယ်လို့ရေးသားထားပါတယ် ။အမပင်က အရွက်ကြီးပြီး အဖိုရွက် က သေးသေးသွယ်သွယ်ဆိုထားပါတယ်၊ တကယ်တော့ ဆရာတော်ကြီးရေးသလို မျိုးရင်းလက္ခဏာအရတော့ အဖိုအမ မရှိပါဘူး၊ အရွက်တွေက ခါးကြပါတယ်၊ သလိပ်ကိုနိုင်သလို ရင်ပြည့် ရင်ကြပ် အကြောတက် အကြောအောင့် အနာ၊ အညောင်း အညာ မိလို့ ကိုက်ခဲနေသူများက သမုန်းရွက်ကို ဟင်းချို ချက်သောက်ခြင်း သမုန်းရွက်ကိုသုပ်စားသင့်တယ်လို့ ဆေးကျမ်းကဆိုထားပါတယ်၊ တနေကုန်စာသင်ရတဲ့ ဆရာဆရာမတွေ ရုံဝန်ထမ်းတွေအတွက်အထူးသင့်လျော်တာပေါ့နော်၊

သမုန်းဥသည်ပူသည် ဒါပေသည့် ဆေးဖက်လည်းဝင်ပါတယ်၊ ခြေလက်များအေးခြင်း၊ ဖေါယောင်ခြင်း၊ ညောင်းကိုက်ထုံကြင်ခြင်း၊ မျက်စေ့မှုံခြင်း ကိုယ်လက်လေးလံခြင်းတို့ကိုပျောက်ကင်းစေတယ်လို့လည်းဖေါ်ပြထားပါတယ်၊ ကြည့်ဝင်းတောင်ဆရာတော်ကြီးကတော့ မျက်စေ့အောင့် မျက်စေ့နာကို သမုန်းဥ သွေးပြီးကွင်းလိမ်းရင် တကယ်ပျောက်တယ် သက်သာတယ်လို့ မိန့်ပါတယ်၊ ကျောင်းပတ်ပတ်လည်က သမုန်းပင်တွေကိုလည်းလိုက်ပြတယ်၊

သမုန်း ပင်၏ အပင်သရုပ်

ရွာအမည်ပေးတာတောင် သမုန်းပင်ကို အစွဲပြုလို့ "သမုန်းကုန်းရွာ" လို့ပေးကြတယ်၊ ပူပြင်းတဲ့အညာနွေပူပူကိုသူကအန်တုနိုင်တယ်လေ၊ ငယ်ငယ်က အပင်နဲ့ ကြီးလာရင် ဖြစ်လာတဲ့ အပင်သရုပ်က လုံးလုံးမတူလို့ သူ့ကိုပိုလို့ သတိထားဖြစ်တာပါ၊ ငယ်ငယ်က အရွက်ကပုံစံက သေးသေးသွယ်သွယ် model girls ပုံစံ ၊ အသက်လေးနဲနဲရလာတော့ linear ပုံစံကနေ elliptic oblong or oval shape ပုံစံကအမျိုးမျိုး ပြောင်းတတ်တယ်။ တပင်ထဲမှာကိုဘဲ အရွက်ပုံစံက အမျိုးမျိုးဖြစ်လို့နေတယ်၊ ဆရာက သင်ဖူးတယ် အဲဒါကြောင့် မျိုးစိတ်အမည်ကို variabilis လို့ပေးခဲ့တာကွ ၊ ဆရာ့စကားကို မမေ့တော့သလို အပင်ကိုလည်း သတိထားဖြစ်လာတယ်၊ သမုန်းပင်လေးတွေက ပူပြင်းသောရာသီ ကျောက်စရစ်ကုန်းမြေ တွေကိုကြိုက်ကြတယ်၊ အခြားအပင်တွေမရှင်ခြင်နေပါစေ သမုန်းပင်ကတော့ရှင်တယ်။ ရုက္ခဗေဒမှာတော့ xerophytic plants ရေနဲခံပင်လို့ အမည်နာမသတ်မှတ်ထားတယ်၊

အညာမှာ ထင်းခုတ်လွန်းလို့ လက်မောင်းအိုးလောက်အပင်တွေဘဲရှိတော့တယ်၊ ထူးထူးခြားခြား ကြည့်ဝင်းတောင်မရောက်ခင် လူ ၂ ယောက်လောက်ဖက်မှမီနိုင်မည့် သမုန်းပင်ကြီးတွေမြင်ခဲ့ရတယ်။ မယုံလို့ ဆရာတော်ပြကြည့်တော့ ဟုတ်တယ် တကာတဲ့၊ လူတွေသာ အပင်တွေထင်တိုင်းမခုတ်ခဲ့ရင် ဘယ်လောက်ကြီးနိုင်တာကိုသူကပြနေတယ် ၊ ပင်စည်က မီးခိုးရောင်အခေါက်တွေ ပြောင်လက်နေတယ်၊ ကိုင်းတွေက ဆလင်ဒါပုံ၊ အရွက်က ရွက်လွှဲထွက်တယ် ရွက်စွယ်ရှိကြတယ်၊ ပန်းခိုင်က ထိတ်ထွက်ကြားထွက် corymbose raceme ဖြစ်ပြီး ပန်းပွင့် ၁၀ ကနေ ၂၀ အထိပါတယ်၊

ပန်းလေးတွေက အစိမ်းရောင်ရှိကြတယ် လိင်စုံပန်းလေးတွေဖြစ်ပြီး လေးချမ်းညီပြီး အချိုးလည်းညီကြတယ်၊ ပွင့်ဖတ် ၄ ခုစီသာပါသော ၄ အ၈င်္ါဆပန်းလေးတွေဖြစ်ကြတယ်လေ၊ အခြားပန်းများလို အရောင်လှပတဲ့ ပွင့်ချပ်ကမပါရှာဖူး၊ ဒါ့ကြောင့်လည်း သမုန်းပွင့်တာလူတွေမသိကြတာပါ။ ဝတ်ဆံဖို ၈ ခုကနေ ၁၅ ခုလောက်ပါပြီး အပြင်ဖက်မှာရှိပြီး ထင်ရှားလှတယ်၊ မြန်မာလိုဆိုရင် ဖိုမခြေတန်ခေါ်ရမလားဘဲ androgynophores ပါခြင်းကတော့ ဒီပန်းရဲ့ထူးခြားချက်ပါ။ အစေ့အိမ်က ကာပယ် ၂ ခုပါတယ် ဖြတ်ကြည့်ရင် အစေ့အိမ်ခန်းတခန်းသာရှိပြီး အစေ့လောင်းများစွာက နံရံကပ်နေသော ချက်တိုင် ၂ ခုကနေ ထွက်နေတာပါ၊ အသီးကတော့ လုံးဝန်းသော မအက်ကွဲတဲ့ ဘယ်ရီသီးအမျိုးနွယ်ပါ အစေ့ ၃-၄ စေ့ခန့်ပါပါတယ် ။

အညာဒေသမှာ ပေါများလွန်းတဲ့ သမုန်းပင်ဟာ Wikipedia လို စွယ်စုံကျမ်းကြီးမှာတောင် ပုံနဲ့တကွ ပြည့်ပြည့်စုံစုံ ဖေါ်ပြထားခြင်းမရှိသေးလို့ ဆက်လက်သုတေသနပြုသင့်သော အပင်တပင်ပါဘဲ၊
အညာသားမှန်ရင် သမုန်းကို သိကြမှာပါ

Dr. သက်နိုင်ဦး
မုံရွာတက္ကသိုလ်
Crd
Photo crd

မြန်မာ့မူရင်းစကား အသံထွက်က မြင်းခြံ တောင်သာဒေသတဝိုက်မှာပဲ ရှာတွေ့နိုင်တယ်။ စကားမပီတာမဟုတ် ဒေသိယ အသံထွက်သာဖြစ်ဒေသိယအသံ အည...
30/01/2025

မြန်မာ့မူရင်းစကား အသံထွက်က မြင်းခြံ တောင်သာဒေသတဝိုက်မှာပဲ ရှာတွေ့နိုင်တယ်။ စကားမပီတာမဟုတ် ဒေသိယ အသံထွက်သာဖြစ်

ဒေသိယအသံ အညာသံ
______________________________
ကိုသိမ်းမြတ်
အလင်္ကာပုလဲပန်း
BBC
၂၆ ဖေဖော်ဝါရီ ၂၀၁၉

မြင်းခြံ၊ တောင်သာဘက်က အသံထွက်က တခြားနယ်တွေနဲ့မတူ တမူထူးပါတယ်။ ဘာသာစကားဆိုတာ အချိန်အခါကိုလိုက်ပြီး ရွေ့လျားပြောင်းလဲတတ်သလို၊ နေရာဒေသကိုလိုက်ပြီးတော့လည်း ကွဲပြားခြားနားတတ်ပါတယ်။ ဘာသာစကား တခုတည်းပေမယ့် နေရာဒေသကိုလိုက်ပြီး လေသံကွဲပြား နေတဲ့စကား၊ အသုံးအနှုန်းကွဲပြားနေတဲ့စကားတွေကို ဒေသန္တရစကား၊ ဒေသိယစကားလို့ ခေါ်ကြပါတယ်။

ဗမာစကားမှာလည်း နေရာကွဲပြားခြားနားနေလို့ လေသံနဲ့ အသုံးအနှုန်းကွဲပြားနေတဲ့ ဒေသိယစကားတွေ အများအပြားရှိပါတယ်။ ရခိုင်စကား၊ အင်းသားစကား၊ ဓနုစကား၊ တောင်ရိုးစကား၊ ထားဝယ်စကား၊ ယောစကားဆိုတာတွေဟာ ဒေသိယစကားတွေလို့ ဆိုနိုင်ပါတယ်။ အဲဒီဒေသတွေမှာ သုံးနှုန်းကြတဲ့ စကားတွေဟာ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ သုံးနှုန်းနေတဲ့ ဗမာစကားတွေထက် ရှေးပိုကျပြီး၊ ရင်းမြစ်လည်း ပိုကျကြတာများပါတယ်။

မြင်းခြံ၊ တောင်သာ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းဘက်မှာ သုံးတဲ့ ဒေသိယအသုံးတွေလည်း သီးခြားရှိကြပါတယ်။ မုံရွာနယ်ဘက်မှာသုံးတဲ့ ဒေသိယအသုံးလည်း သီးခြားရှိကြပါတယ်။ ရမည်းသင်း၊ ပျဉ်းမနားဘက်မှာသုံးတဲ့ ဒေသိယ အသုံးတွေလည်း သီးခြားရှိကြတာပါပဲ။

ဒေသိယလေသံကို ပြောမယ်ဆိုရင် မြင်းခြံ၊ တောင်သာ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းဘက်က လေသံက ထူးခြားပါတယ်။ ဝဆွဲနသတ်အသံနဲ့ ဝဆွဲငသတ်အသံကို ထွက်ဆိုရာမှာ မြင်းခြံတောင်သာဘက်က လေသံဟာ ကျန်မြန်မာတွေ ပြောဆိုသုံးနှုန်းတဲ့ စံမြန်မာစကားရဲ့ အသံထွက်နဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ ရေတွင်းကို သူတို့က ရေတွန်းလို့အသံထွက်ပါတယ်။ ဆနွင်းကို ဆနွန်းလို့ အသံထွက်ပါတယ်။ ခွန်ကို ခွင်လို့ အသံထွက်ပါတယ်။ လွင့်တာကို လွန့်တယ်လို့ အသံထွက်ပါတယ်။ အားသွန်ခွန်စိုက်ကို အားသွင်ခွင်စိုက်လို့ အသံထွက်ပါတယ်။ မိန့်ခွန်းကို မိန့်ခွင်းလို့အသံထွက်ပါတယ်။ ဝဆွဲနသတ်နဲ့ ဝဆွဲ ငသတ်ကို အတိကျ ပြောင်းပြန်ထွက်ကြတာဟာ ထူးဆန်းပါတယ်။ မုံရွာမြို့အရှေ့ဘက်က ရွာတချို့မှာလည်း မြင်းခြံ၊ တောင်သာ၊ ပခုက္ကူတို့လို့ပဲ ခွန်ကိုခွင်၊ ထွန်းကိုထွင်းလို့ အသံထွက်ကြသူတွေရှိတယ်လို့လည်း မုံရွာသားကဗျာဆရာကြီး ဦးအံ့မောင်က ပြောပါတယ်။

ဒီလို စနစ်တကျ ပြောင်းပြန်အသံထွက်တာနဲ့ ပတ်သက်ပြီး ဆရာမောင်သာနိုးကို မေးကြည့်ရာမှာတော့ ဆရာမောင်သာနိုးက

"အဲဒါဘာဖြစ်လို့လဲဆိုတော့ သူတို့ကမှန်တယ်အမှန်က"

"ဘာဖြစ်လို့လဲဆရာ"

"သူတို့ကရှေးကျတာကိုး။ သူတို့က ရှေးအသံကို ထိန်းသိမ်းထားတာ။ နိုင်ငံခြားသားတွေနဲ့ ပေါင်းလွန်းအားကြီးတဲ့အခါ ရန်ကုန်တို့၊ မန္တလေးတို့က မြန်မာတွေက အသံပြောင်းသွားတာ။

ပုဂံခေတ်က သူတို့အညာကလူတွေလို အသံထွက်ကြတယ်လို့ ကျောက်စာတွေမှာ လေ့လာတဲ့အခါ သွားတွေ့ရတယ်။ အခုခေတ်ကျွန်တော်တို့ ရန်ကုန်တွေမှာ ပြောနေသလို မဟုတ်ဘူး။ အဲဒီတုန်းက ခခွေးငသတ်ခင် မဟုတ်ဘူး။ ခန်ပဲ။ မငသတ် မန်ပဲ။ ကနသတ်ဆိုလည်း ကန်ပဲ။ ငသတ်၊ နငယ်သတ်၊ မသတ်တွေက အန်ပဲ။ နိဂ္ဂဟိတ်နှာသံနဲ့ပဲ ထွက်တယ်။ အဲဒီတော့ မြင်းခြံတို့ ပခုက္ကူတို့ဆိုတာက ရှေးမြန်မာစကားအသံကို ထိန်းထားတာ။ ရန်ကုန်တို့၊ မန္တလေးတို့အသံက ပျက်စီး သွားတာ။ corruption ခေါ်တာပေါ့။"

Image caption

ဝဆွဲနသတ်အသံမှာ ယောနယ်ဘက်ကအသံထွက်ဟာ ရေးထုံးနဲ့ညီပြီး ကျန်မြန်မာအများစုရဲ့အသံထွက်က ရေးထုံးနဲ့လွဲနေပါတယ်။
ယောနယ်ဘက်က အသံထွက်ပုံကလည်း တမျိုးထူးပါတယ်။ ရန်ကုန်၊ မန္တလေးမှာသုံးနေတဲ့ အများသုံးစံအသံထွက်မှာ ကကြီးနသတ်ကို ကန်လို့ အသံထွက်ပါတယ်။ ကကြီးမသတ် ကမ်နဲ့အသံထွက်အတူတူပါ။ ခခွေးနသတ်ကို ခန်လို့ အသံထွက်ပါတယ်။ ခခွေးမသတ်ခမ်နဲ့ အသံထွက် အတူတူပါ။ ဒါပေမယ့် ဝနသတ်မှာ အသံထွက်ပြောင်းသွားပါတယ်။ ဝန်ဟာ ဝမ်နဲ့အသံထွက် မတူတော့တဲ့ တခြားအသံထွက် တမျိုးဖြစ်သွားတာကို သတိထားမိကြမှာပါ။ ကန်၊ ခန်၊ ဝန် ဟာ နသတ်တွေချည်းမို့ ကာရန်တူဖြစ်သင့်ပေမယ့် ကျွန်တော်တို့ အခုဆိုနေကြတဲ့အသံထွက်မှာ ကာရန်မတူတာကို ရွတ်ဆိုကြည့်ရင် သတိပြုမိမှာပါ။ ယောနယ်က လူတွေကတော့ ကာရန်တူရွတ်ဆိုပါတယ်။ ကန်၊ ခန်၊ ဝန်ကို ကန်၊ခန်၊ဝမ်လို့ အသံထွက်ပါတယ်။ ဝန်ကြီးကို ယောနယ်ဘက်က ဝမ်ကြီးလို့ အသံထွက်ပါတယ်။ ဝနသတ်အသံမတူတဲ့အတွက် ဝဆွဲနသတ်အသံတွေအားလုံးမတူတော့ပါဘူး။ ထွန်း ကို ယောနယ်မှာ အသံထွက်တာကို ကျန်တဲ့မြန်မာတွေနားလည်အောင် အသံထွက် ရေးပြရရင် ထွမ်းလို့ ရေးပြရပါလိမ့်မယ်။ ကွန်းကိုကွမ်း၊ လွန်းကိုလွမ်း၊ ကျွန်းကို ကျွမ်းစသဖြင့်အသံထွက်ကြပါတယ်။ ယောနယ်ဘက်က အသံထွက်ဟာ ရေးထုံးနဲ့ တထပ်တည်းဖြစ်နေပြီး ကျွန်တော်တို့ ကျန်မြန်မာအများစုရဲ့ အသံထွက်က ရေးထုံးနဲ့ မကိုက်တာဟာ သတိပြုစရာဖြစ်ပါတယ်။

ရမည်းသင်း၊ ပျဉ်းမနားနယ်ဘက်မှာတော့ သသံတွေကို တသံနဲ့အသံထွက်ပြီး ချသံကို ရှသံနဲ့ ဖလှယ်ပြီးထွက်တတ်ကြပါတယ်။ ချစ်တယ်ကို ရှစ်တယ်လို့ ပြောပြီး မျှစ်ချဉ်ကို မျှစ်ရှဉ်လို့ ပြောပါတယ်။ ဒါကို ကျန်ဒေသကလူတွေက နားထောင် တဲ့အခါ စကားမပီဘူးလို့ပြောပြီး ရယ်တတ်ကြပါတယ်။ တကယ်တော့ စကားမပီတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဒေသိယအသံထွက်ပါ။ သူတို့အများစုဟာ ချသံတသံကို မထွက်နိုင်လို့ မထွက်တာမဟုတ်ပါဘူး။ သူတို့ဒေသိယအသံအတိုင်း ထွက်ကြတာသာ ဖြစ်ပါတယ်။

ဒေသိယအသံတွေဟာ လှောင်ပြောင်စရာ၊ ကဲ့ရဲ့စရာတွေ မဟုတ်ပါဘူး။ တန်ဖိုးထား ထိန်းသိမ်းသင့်တဲ့အရာတွေဖြစ်ပါတယ်။ မတူတဲ့အသံထွက်၊ မတူတဲ့အသုံးအနှုန်းတွေမှာ သူ့ရာဇဝင်သူ့သမိုင်းနဲ့သူ ရှိကြပါတယ်။ ဒေသိယအသံ၊ ဒေသိယစကား တွေဟာ ဘာသာစကားဘဏ္ဍာတိုက်ထဲက ပေါကြွယ်ဝတဲ့ သယံဇာတတွေ ဖြစ်ပါတယ်။

Credit to BBC

 #ဘယ်ဘက်လက်မောင်းနာတာ နှလုံးမှာ ပြသနာရှိနေလို့လား။ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။ကားတစီးမှာ စက်တခု...
24/01/2025

#ဘယ်ဘက်လက်မောင်းနာတာ နှလုံးမှာ ပြသနာရှိနေလို့လား။

ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။
ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင်
ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတွေ လင်းလာပြီး သတိပေးသလို
ခန္ဓာကိုယ်မှာ တခုခုပြသနာတက်ရင်လည်း
သတိပေးတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။

ဒီသတိပေးချက်တွေကို နားလည်ထားရင်
ဘယ်နားမှာနာတာက ဘယ်အင်္ဂါအစိတ်အပိုင်းကို
ညွှန်ပြနေလဲဆိုတာ ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။

#ကျောက်ကပ်မှာပြသနာရှိနေရင် ခါးနာတတ်ပါတယ်။
ကျောက်ကပ်နှစ်လုံးက တင်ပါးအပေါ် ခါးတဝိုက်မှာ
ဘယ်တလုံး ညာတလုံးရှိတာမို့ ကျောက်ကပ်မှာ
ပြသနာရှိနေရင် ခါးနာတာကနေတဆင့်
သိရှိနိုင်ပါတယ်။

#နှလုံးနဲ့ပတ်သက်တဲ့ ပြသနာတွေကိုတော့
ဘယ်ဘက်လက်မောင်းအတွင်းဘက် နာတာ၊
ရင်ဘတ်အောင်တာတွေကနေတဆင့် သိနိုင်ပါတယ်။

#လည်ပင်းနဲ့ပုခုံးတဝိုက်နာကျင်တာ က အဆုပ်နဲ့
ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကြွက်သားပြားမှာ ပြသနာရှိတာကို
ပြသနေတဲ့ လက္ခဏာတခုပါ။

#ဘယ်ဘက်ပုခုံးထိပ်နာကျင်တာက သရက်ရွက်မှာ
ပြသနာရှိနေပြီးလို့ သတိပေးနေတာပါ။

#ရင်ပူတာရင်ဝတဝိုက်နာကျင်နေပြီဆိုရင်
အစာအိမ်မှာ တခုခုဖြစ်နေပါပြီ။
အစာအိမ်နာတဲ့ဝေဒနာက ကျောဘက်မှာလည်း
ခံစားရနိုင်တာကို သတိထားရပါမယ်။

#ဝမ်းဗိုက်ညာဘက်နံရိုးတွေအဆုံးမှာနတာက
အသည်းက ပြသနာတွေကို သတိပေးနေတာပါ။
ဝမ်းဗိုက်ညာဘက်အပြင် ကျောညာဘက်ခြမ်းမှာလည်း
နာတတ်သေးလို့ မပေါ့ဆသင့်ပါဘူး။

#အူအတက်ရောင်တဲ့ဝေဒနာက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းမှာ
အထိမခံနိုင်အောင် နာတာမျိုးဖြစ်တတ်လို့ အဲလိုနာနေရင်
အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

#ခြေထောက်တဘက်တည်းနာတယ်
#တံခေါက်ခွက်ထဲကနာတယ်ဆိုတာက ခြေထောက်မှာ
ပြသနာရှိနေတာမဟုတ်ပဲ ခါးမှာ တခုခုဖြစ်နေတာမျိုးပေါ့။
ခါးဆစ်ရိုးတွေကြီးလာလို့ အာရုံကြောမကြီးကို ဖိမိရင်
ဖြစ်တတ်တဲ့ ပြသနာပေါ့။

လိပ်ခေါင်းရောဂါနဲ့ ဝမ်းချုပ်သူများအတွက် ဆေးနည်းကောင်းဝမ်းသွားရင်အမျှင်ဓာတ်မပါဘဲ ဝမ်းညစ်ပြီးအိမ်သာအကြာကြီးထိုင်းပြီးလိပ်ခ...
22/01/2025

လိပ်ခေါင်းရောဂါနဲ့ ဝမ်းချုပ်သူများအတွက် ဆေးနည်းကောင်း

ဝမ်းသွားရင်အမျှင်ဓာတ်မပါဘဲ ဝမ်းညစ်ပြီးအိမ်သာအကြာကြီးထိုင်းပြီးလိပ်ခေါင်းဖြစ်သူများ ဘာဆေးသောက်သောက် ဝမ်းချုပ်မသက်သာသူများ ကျွန်တော်ရဲ့ဗဟုသုတလေကို ဒါနအကြံပေးရပါစေ ။

ကိုယ့်လို အရမ်းဝမ်းချုပ်ပြီး စိတ်ညစ်နေသူများ ​ဘာဆေးသောက်သောက် ဝမ်းချုပ်မသက်သာသောသူ အများကြီးရှိတယ်ဆိုပြီး အကြံလေဒါနပြုပါရစေ🙏

- ရုံပတေသီး ပုံမှန်ဆိုဒ်နှစ်ခုကို လေးခြမ်းခွဲပြီး ရေနွေးထဲစိမ်းပြီးညအိပ်ခါနီးသောက်ပါ ။ ရုံပတေသီးအစေ့ကို သောက်တဲ့အချိန်ပါးစပ်နဲ့စစ်ထုတ်ပြစ်ပါ ။ အစေ့တွေအစာမကြေးတဲ့သဘောကြောင့်ပါ ။ နေတိုင်းလုပ်သောက်ပါ ။ နှစ်ခုမရရင် သုံးခုစိမ်သောက်ပါ ။ တတ်နိုင်ရင် ရုံပတေသီး နုနုလေရွေးယူပါ ။ ဝါးစားရတာလွယ်ကူအောင်လို့ပါ ။ မဝါးစားနိုင်ရင် ဆော့တစ်ခုခုလုပ်ပြီး တို့စားပါ ။

လုံဝထူးခြားလိမ့်မယ် လက်တွေ့လည်ဝမ်းချုပ်တာ သက်ရုံမက ခြေထောက် ဒူးတွေညောင်းကိုက်တာ ချဉ်ဆီအားနည်းတာလဒ လုံးဝသက်သာလာတယ် ။ တစ်ပတ်လောက်ဆို သိသိသာသာပဲ ။

ကျွန်တော်လည် အရင်ကဝမ်းချုပ်တာ အရမ်းအခြေအနေဆိုးခဲ့တာ ဆေးတကာလိုက်စုံးစမ်းပြီးသောက်တာ ဘာနဲ့မှမသက်သာဘူး ။

အူမကြိီးကင်ဆာ အစလက္ခဏမျိုး ဝမ်းချုပ်ပြီးချွဲတွေ လေတွေပဲသွားတာ လေးငါးနှစ်ရှိပြီး ။ အဲတော့ ကင်ဆာဖြစ်ပြီးဆို စိတ်ညစ်နေတာ အဲတော့ fiber ပါတဲ့ဆေးပဲ ဝယ်သောက်ရမလား၊ ဝယ်ပြီးမသက်ဘဲ ပိုက်ဆံကုန်မှာကြောက် ဆရာဝန်ဘဲ ပြရမလား အူးလမ်းကြောင်း မှန်ပြောင်းပဲစစ်ရမလား စိတ်ညစ်နေရင် ရုံပတေသီးကို မနက်အစာမစားခင် ရေနွေးစိမ်းသောက်တယ် ။ မသက်သာဘူး အဲတော့ညနေထမင်းစားပြီး အိပ်ခါနီးသောက်တယ် လုံဝထူးခြားစွာ ရွှေဆေးတွေ့သွားသလို့ပဲ ။

အရင်ကလိုချွဲတွေ လုံဝပျောက်သွားပြိီး ဝမ်းပျော့ပုံမှန်ပဲ သွားတော့တယ် ။ ခြေထောက် ချဉ်ဆီအားနည်းတာလည်း သက်သာလာတယ် ။ အရင်က မန့်ကျည်းသီးလည်း စိမ်းသောက်သေးတယ် ဝမ်းမမှန်ဘူး။

အားလုံကျန်းမာချမ်းသာကြပါစေ🙏🙏🙏

အရည်​​ကောအဖတ်ကော စားရပါတယ် ။
ရုံပတေသီးကို နှစ်နာရီ သုံးနာရီကြိုက်တဲ့ချိန် ကြိုပြီးစိမ်လို့ရပါတယ် ။ တစ်နေကုန်စိမ်လည်ရပါတယ် ။ အဓိကက အရည်ပျစ်ဖို့နဲ့ ရုံပတေသိီး ပျော့ရင်ရပါပြီး ။ ဝါးစားဖို့လွယ်ကူအောင်ပေါ့ ​။

ရေလဲများများ သောက်ပေးပါ ။
သိတဲ့ ဆရာများ ကျော်သွားပေးကြပါ ။

ကျန်းမာရေးညီညွတ်စေရန်  ဂျင်းပြုတ်ရည်နေ့တိုင်းသောက်ပါဂျင်းကို ၁၀ ခြမ်းခန့်လှီးပြီး ရေ ၁ လီတာဖြင့် ပြုတ်ပါ ရလာတဲ့ဂျင်းပြုတ...
22/01/2025

ကျန်းမာရေးညီညွတ်စေရန် ဂျင်းပြုတ်ရည်နေ့တိုင်းသောက်ပါ

ဂျင်းကို ၁၀ ခြမ်းခန့်လှီးပြီး ရေ ၁ လီတာဖြင့် ပြုတ်ပါ ရလာတဲ့ဂျင်းပြုတ်ရည်ကို ဖန်ခွက်ထဲလောင်းထည့်ပြီး သံပရာသီးတလုံးကို ပါးပါးခြမ်းပြီး ဂျင်းပြုတ်ရည်ထဲ ၃ မိနစ် ခန့်စိမ်ထားပြီးရင် ဂျင်းပြုတ်ရည်နွေးနွေးလေးကို မနက်အိပ်ယာထတိုင်း နေ့စဥ်ပုံမှန်
ကော်ဖီတခွက်စာဖြင့် သောက်ပေးပါက အဆီတွေ လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်မှာကျန်နေတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ် အစာခြေစနစ်ကိုအထောက်အကူပြုပေးပြီး အအေးမိခြင်း နှင့်လည်ချောင်းနာခြင်းကိုလည်းသက်သာစေတယ် ဆဲလ်များယိုယွင်းမှုကို နှေးကွေးစေတယ် လုပ်ရလည်းလွယ်ကူတာမို့ စမ်း​သောက်ကြည့်နော်

Crd

ဆေးတွေ့ပြီ ။သွေးဆုံးကိုင်သူများအတွက်  #အမျိုးသမီးတွေမှာ မီး ၃ မီးရှိပါတယ်။ မီးယပ်၊ မီးဖွား၊ မီးဆုံး တို့ဖြစ်ပါတယ်။ အဲဒီမ...
22/01/2025

ဆေးတွေ့ပြီ ။

သွေးဆုံးကိုင်သူများအတွက်

#အမျိုးသမီးတွေမှာ မီး ၃ မီးရှိပါတယ်။

မီးယပ်၊ မီးဖွား၊ မီးဆုံး တို့ဖြစ်ပါတယ်။

အဲဒီမီး၃မီးကို အမျိုးသမီးတိုင်း မဖြစ်မနေ တွေ့ကြုံရလိမ့်မယ်။

အဲဒီမီး ၃မီးထဲက နောက်ဆုံးမီးဖြစ်တဲ့
#မီးဆုံး အကြောင်းကို ပရိဿတ်ကြီးအတွက် မျှဝေပေးချင်ပါတယ်။

မီးဆုံးတဲ့အချိန်ဟာ အမျိုးသမီးတွေ အသက် ၄၀ ကျော်ကနေ ၅၅ နှစ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်သွေးဆုံးတဲ့ အသက်ချင်းမတူညီတတ်ကြပါဘူး။

ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်က ဓာတ်၄ပါးချင်းသော်လည်းကောင်း ၊ သွေးအားအနည်းအများသည်လည်းကောင်း၊ အပူအအေးသည်လည်းကောင်း၊မျိုးရိုးဗီဇသည်လည်းကောင်း မတူညီကြလို့ပဲဖြစ်ပါတယ်။

ကျန်းမာဝဖြိုးပြီးသွေသားစိုပြည်ကြတဲ့ အမျိုးသမီးတွေဟာ သွေးဆုံးမီးယပ်ဖြစ်တာနောက်ကျကြလေ့ရှိတယ်။ အသက်၅၀ ကျော်လောက်မှသွေးရပ်သွားကြတယ်။ တစ်ချို့ဆိုရင် အသက် ၆၀ ဝန်းကျင်အထိ သွေးမရပ်သေးဘူး။

အသက် ၆၀ ကျော်ကျော်လောက်မှ သွေးဆုံးသွားသူတွေတောင်ရှိပါတယ်။ ငယ်ငယ်ကတည်းက ချူချာပြီး သွေးအားမကောင်းလို့ ကျန်းကျန်းမာမာမရှိကြတဲ့ အမျိုးသမီးတွေကတော့ စောစောစီးစီးအသက် ၄၀ ကျော်ကျော်လောက်မှာပဲ သွေးဆုံးသွားလေ့ရှိပါတယ်။

တစ်ချို့အမျိုးသမီးတွေကျတော့ မချူချာပေမယ့် သားသမီးတွေ အများကြီးမွေးဖွားရတဲ့အတွက် စောစောစီးစီး သွေးဆုံးသွာတာမျိုးလည်းရှိပါတယ်။

ဘယ်အရွယ်မှာပဲ သွေးဆုံးသည်ဖြစ်ပါစေ အားလုံးခံစားရတဲ့ ဝေဒနာကတော့ အတူတူပဲဖြစ်ပါတယ်။ သွေးဆုံးမီးယပ်ဖြစ်တဲ့ အချိန်မှာ ဝေဒနာတွေပြင်းထန်ပါတယ်။

အဲဒါကို သွေးဆုံးကိုင်တယ်လို့ ခေါ်ပါတယ်။ သွေးဆုံးကိုင်တယ်ဆိုတာ အလကားနေရင်းဒေါသတွေထွက်ခြင်း၊ ယောက်ျားအပေါ်သဝန်တိုခြင်း၊ ရန်ဖြစ်ခြင်း၊ အော်ဟစ်ပြီးသောင်းကျန်းခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာများသာမက ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေလည်း အများအပြားခံစားရပါတယ်။

ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေအဖြစ် ညညအိပ်မပျော်ခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း၊ အိပ်မက်ဆိုးတွေမက်ခြင်း၊ လည်ပင်းပတ်ပတ်လည်းမှာ ချွေးစေးတွေထွက်ခြင်း၊ အစာစားလိုစိတ်မရှိဘဲ ခံတွင်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊အော့အန်ခြင်းစသည်ဖြင့် ဝေဒနာတွေကတော့ တစ်နေ့ရွေ့တစ်နေ့ငွေဖြစ်နေတတ်ပါတယ်။

အဲဒါကို သွေးဆုံးကိုင်ဝေဒနာများလို့ပြောကြပါတယ်။
သွေးဆုံးကိုင်ဝေဒနာတွေဖြစ်လာတဲ့အခါမှာ အမျိုးသမီးအများစုက ဆေးတစ်ခုခုရှာပြီး ဝေဒနာတွေကို သက်သာဖို့ အတွက်ကုသကြပါတယ်။

သွေးဆုံးကိုင်ဝေဒနာ ခံစားကြရတဲ့ အမျိုးသမီးများဟာ အပူဆေးလည်း
မသောက်နဲ့၊ အအေးဆေးလည်းရှောင်၊ အကောင်းဆုံးကတော့ ဓာတ်စာစားခြင်းပဲဖြစ်ပါတယ်။

သွေးဆုံးကိုင်တဲ့အချိန်ဟာကာလတစ်ခုကြာပါတယ်။ ၁နှစ်တန်သည် ၂နှစ်တန်သည်အထိတောင်ကြာတတ်ပါတယ်။ ဓာတ်စာတစ်မယ် နှစ်မယ်လောက်တင်ပေးလို့မရပါဘူး ဓာတ်စာစုံအောင်ပေးဖို့လိုပါတယ်။

သွေးဆုံးမီးယပ်ဟာအားနည်းပြီး သွေးဝမ်းဆီးလေ မညီညွှတ်တဲ့အတွက် ဓာတ်စာပေးရာမှာ အားကို အင်မတန်ကောင်းစေပြီး သွေးဝမ်းဆီးလေညီညွှတ်မယ့်ဓာတ်စာတွေကို ရွေးချယ်ပြီးပေးရမှာဖြစ်ပါတယ်ဆိုတာကို
ဆရာမင်းကျော်ဝင်း
ရေးသားတဲ့ ဓာတ်စာ စာအုပ်နှင့်
အမျိုးသမီး ကျန်းမာရေးဆောင်းပါး
ပေါင်းစုံမှ

ကူးယူရေးသား မျှဝေပေးလိုက်ပါတယ်
အမျိုးသမီးများအားလုံး ကျန်းမာလှပရွှင်လန်းချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ

Latt Well Thone

အမျိုးသမီးများ ပျမ်းမျှ အသက် (၄၇)နှစ် ဝန်းကျင်ခန့်မှာ သွေးဆုံးကိုင်ဝေဒနာကို စတင်ခံစား လာရတတ်ပါတယ်။ (မိခင်သွေးဆုံးခဲ့သော အသက်အရွယ်ကိုကြည့်၍လည်း မိမိသွေးဆုံးနိုင်မည့်အချိန်ကို ကြိုတင်မှန်းဆလို့ရပါတယ်)

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများက သွေးဆုံးကိုင်ဝေဒနာကို ဘေးဥပါဒ်ကင်းစွာဖြင့် သက်သာပျောက်ကင်း စေနိုင်ပါလိမ့်မယ်။

(၁) 'မိန်းမတို့အသက် ကရမက် ' ဟု ဆိုးရိုးစကားရှိ ပါတယ်။ သွေးဆုံးကိုင်ခြင်းအတွက် ကရမက်ကို လိမ်းပေးသင့်သလို၊ သွေး၍ သောက်သုံးပေးပါ။

(၂) မိုးဥတုတွင် ပေါ်တတ်သော ဂုံမင်းပင်ကို ဟင်းခါး ချက်၍သောက်ပါ။

(၃) စွယ်တော်ပင်(ခရမ်းရောင်ပန်းပွင့်) ၏ အရွက်ညွန့်ကို ဟင်းချိုချက်သောက်ပါ (သို့မဟုတ်) ရွက် ပြုတ်ရည်သောက်ပါ။

(၄) အနက်ရောင်စပျစ်သီးမှည့်ကို အခွံရော အစေ့ပါ ဝါးစားပါ။

(၅) ဆီးဖြူသီး စားပါ။

(၆) ထန်းရည်ချိုစစ်စစ်ကို တဝကြီးသောက်ပေးပါ။

(၇) ကြိတ်မှန်ရွက်စားပါ (သို့မဟုတ်) ကြိတ်မှန်ရွက် ယိုထိုးစားပါ။ (ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို ရေစင်စင်ဆေး နုတ်နုတ်စဉ်းပြီး၊ ထန်းလျက်သန့် သန့် ၁ဝ ကျပ်သား၊ အရည်ညှစ်ပြီး ရှောက်သီးအဖတ် ၁ဝ ကျပ်သား၊ ပါးပါးလှီးထားသော ကြက်သွန်နီ ၁ဝ ကျပ်သား၊ စမုံငါးပါးအမှုန့် ၂ ပဲသားစီတို့ကို မြေအိုးအသစ်ထဲရော၍ ဆားနှင့် ရေသင့်ရုံ ထည့်ပြီး ယိုထိုးသလို ကျိုချက်ပါ။ ယိုဖြစ်ပါက ပုလင်းသန့်သန့်ထဲထည့်၍ အစာနှင့်ဝေးချိန် နံနက်၊ နေ့၊ ည သုံးကြိမ်စီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းမျှ ခပ်၍စားပါ။)

(၈) အဝါရောင် ကန်စွန်းဥကို များများပြုတ်စားပါ။

(၉) သင်္ဘောသီးမှည့် နေ့စဉ်စားပေးပါ။

(၁ဝ) တရုတ်စကားပွင့်ကို ကြော်ချက်၍ စားပါ။

(၁၁) ပဲနောက်ကို ကြက်သွန်ဖြူနှင့် ဟင်းချိုချက်သောက်ပါ။

(၁၂) ဝါစေ့ပင်ပေါက်ကို ဟင်းခါးချက်သောက်ပါ။

(၁၃) ကင်ပွန်းချဉ်ရွက်ကို အမျိုးမျိုးလုပ်၍ ဟင်းချက် စားပေးပါ။

(၁၄) ကြက်သွန်ဖြူစားပါ။

(၁၅) ရဲယိုသီးမှည့်မှည့်ကို ထန်းလျက်ခဲ (သဘာဝအမည်းရောင် ထန်းလျက်ခဲ) ဖြင့် ခေါက်၍ စားပါ။

(၁၆) အဆီများတဲ့အသား၊ ဖြူဆွတ်ဆွတ်သကြားမှုန့်များ၊ ဆီကြော်မုန့်များ၊ ကဖိန်းဓာတ်များသော ကော်ဖီနှင့် ကိုလာအချိုရည်များ၊ ငရုတ်သီးအပူ အစပ်များ၊ ပူပူလောင်လောင် ဟင်းရည်များ စသည်တို့ကို လွန်ကဲစွာစားသောက်ခြင်းမှရှောင် ပါ။

(၁၇) အဆီများတဲ့ငါး (သို့မဟုတ်) ငါးကြီးဆီစားပါ။ Spirulina ခေါ် စိမ်းပြာရေညှိ (သို့မဟုတ်) EPO (ခေါ်)ရွှေဝါရောင် Evening Primrose ပန်း အဆီ(သို့မဟုတ်) Silica စီလီကာ ဆေးတို့ကို ဖြည့်စွက်စာအဖြစ် မှီဝဲသောက်သုံးပါ။

(၁၈) Barley Grass (ခေါ်) ဘာလီမြက်နုထဲမှာ ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေက များစွာကောင်းကျိုးပြုပါတယ်။ (နိုင်ငံခြားဖြစ် ဘာလီမြက်နု အချိုရည်တို့ကို City Mart ဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်။)

(၁၉) နေ့စဉ်မှန်မှန်လမ်းလျှောက်ခြင်း (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။

(၂ဝ) တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။ သို့သော် အချိန်လွန်၍ ရေချိုးခြင်းမပြုရ။

Credit
ဆောင်းပါးမျိုးစုံ မှ
ကူးယူရေးသား မျှဝေပေးလိုက်ပါတယ်
အမျိုးသမီးများအားလုံး ကျန်းမာလှပရွှင်လန်းချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ

Latt Well Thone

 😍😍😍😍
21/01/2025


😍😍😍😍

Address

Kengtung

Telephone

+959422254658

Website

Alerts

Be the first to know and let us send you an email when HairQueen By Poe Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HairQueen By Poe Phyu:

Share