Healthy World

Healthy World Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthy World, Medical and health, Kunhing.

 #ခြေထောက်ကိုဆားရေစိမ်ခြင်းဖြင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးလူတော်တော်များများဟာ မိမိရဲ့ခြေထောက်ကို ဂရုစိုက်ပေးဖို့မေ့နေတတ်...
09/09/2022

#ခြေထောက်ကိုဆားရေစိမ်ခြင်းဖြင့်ရရှိနိုင်တဲ့အကျိုးကျေးဇူး

လူတော်တော်များများဟာ မိမိရဲ့ခြေထောက်ကို ဂရုစိုက်ပေးဖို့မေ့နေတတ်ပါတယ်နော်။ ခြေထောက်လေးတွေဟာ နေ့စဉ် လမ်းလျှောက် မတ်တပ်ရပ်ခြင်းဖြင့် ရုံးကန်လှုပ်ရှားနေရပါတယ်။ မိမိတို့ ကျန်းမာရေးအတွက် မိမိခန္ဓာကိုယ်ကို ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်ရှင်။ ခန္ဓာကိုယ်မှာရှိတဲ့ အပူအပုပ်တွေနဲ့ အဆိပ်တွေ ဖယ်ရှားသန့်စင်ဖို့အတွက် အရမ်းလွယ်ကူတဲ့ နည်းလမ်းလေးကတော့ ခြေထောက်ကို ဆားရေစိမ်ခြင်းပဲ ဖြစ်ပါတယ်။ ခြေထောက်ကို ဆားရေစိမ်ခြင်းဖြင့်

✅သွေးလည်ပတ်မှုကောင်းစေခြင်း
✅နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း
✅ခြေထောက်ကွဲခြင်း၊ ခြေဆီထွက်တာ သက်သာခြင်း
✅အပူ အပုပ်ကင်းစင်ခြင်း
✅ခြေထောက် အနံ့ဆိုးထွက်ခြင်းမှ သက်သာစေခြင်း
စတဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်တဲ့အတွက် ဒီလိုလွယ်ကူတဲ့ နည်းလမ်းလေးကို လုပ်ကြည့်ရင်း မိမိကျန်းမာရေးကို ဂရုစိုက်ကြဖို့ အကြံပြုပါရစေရှင့်


#ပြန်လည်မျှဝေခြင်း

04/09/2022
" ရှင်သန်မှုခက်ခဲလာတာနဲ့အမျှ လူတွေဟာချစ်ခြင်းမေတ္တာပေါ် အာရုံမစိုက်နိုင်ကြတော့ဘူး။အဲ့အချိန်မျိုးမှာ ကိုယ့်အပေါ်. . . . ....
04/09/2022

" ရှင်သန်မှုခက်ခဲလာတာနဲ့အမျှ လူတွေဟာ
ချစ်ခြင်းမေတ္တာပေါ် အာရုံမစိုက်နိုင်ကြတော့ဘူး။

အဲ့အချိန်မျိုးမှာ ကိုယ့်အပေါ်. . . . .♥️
အာရုံလာစိုက်တဲ့ ချစ်ခြင်းမေတ္တာရှိခဲ့ရင်လည်း
အဲဒါ အတည်ပဲ " တဲ့။

ဥပမာပြောရရင်. . . . . . .

လူတစ်ယောက်က သူ့ချစ်သူနဲ့
မိသားစုပြဿနာတွေကြောင့် ချစ်ကြည်နူးတိတိတူးဖို့ အာရုံမလာတော့ဘူး။
အရင်လိုလည်း စကားတွေမချိုသာပေးနိုင်တော့ဘူး။
စိတ်ပင်ပန်းစရာတွေပဲပြောပြီး အိပ်သွားမယ်။အခန့်မသင့် မသင့်သလိုလည်း ပြဿနာရှာမိတယ်ဆိုရင်တောင် ကျန်တစ်ယောက်က . . . . .

နင်ငါနဲ့ ပျားရည်စမ်းစကားတွေ မပြောပေးနိုင်ရသလား၊ ငါ့အတွက်သတင်းကောင်းတွေ
ဘယ်တော့မှမရှိပါလားလို့ ဗွေမယူပဲ

" အားတင်းထားနော်. . . . .ကိုရှိတယ်၊ မောင်ရှိတယ်၊ ဒါမှမဟုတ် ချစ်ရှိတယ်. . . . . ကလေးရှိတယ် ။

အဆင်မပြေရင် နား ၊ အဆင်ပြေတဲ့အခါ
ငါ့ဆီအားလုံးလာပြောပေးပါ " လို့

သူအိပ်တော့မယ်ဆိုပြီး ဖုန်းချသွားတဲ့အချိန်မှ message လေးပို့ထားလိုက်တာဖြစ်ဖြစ်၊တစ်စုံတစ်ခုကို အတင်းမတောင်းဆိုပဲ လုပ်ချင်တဲ့အချိန်မှ လုပ်ရတယ်နော်လို့ နားလည်ပေးလိုက်တာပဲဖြစ်ဖြစ်။

အဲဒါဟာ ခက်ခဲတဲ့အချိန်မှ ကိုယ့်အပေါ်
အာရုံလာစိုက်ပေးတဲ့ ချစ်ခြင်းမေတ္တာပဲ တဲ့။

ကံကောင်းထောက်မလို့ ဒီလိုကံမျိုး
တစ်ယောက်ယောက်ရခဲ့ရင် အဲဒီ့တစ်ယောက်ကတော့ သေချာပေါက် အခက်ခဲတွေကြား
တစ်ချက်တစ်ချက် ပြုံးမိနေဦးမှာပါ။

#ဘဝမှာချစ်ခြင်းမေတ္တာသာကျန်ရှိနေသေးရင်တော်တော်များများကအစားပြန်ထိုးဖို့လွယ်တယ်မဟုတ်လား
Crd;
#နေမီကျော်

 #ရာသီလာချိန်ပိုက်ခဲတက်လား❓✅တစ်လကိုတစ်ကြိမ် အမျိုးသမီးတွေတိုင်းမကြုံချင်ဘဲ ကြုံနေရတဲ့ ရာသီလာချိန် စိတ်ရှုပ်၊ နာကျင်ကိုက်...
03/09/2022

#ရာသီလာချိန်ပိုက်ခဲတက်လား❓
✅တစ်လကိုတစ်ကြိမ် အမျိုးသမီးတွေတိုင်းမကြုံချင်ဘဲ ကြုံနေရတဲ့ ရာသီလာချိန် စိတ်ရှုပ်၊ နာကျင်ကိုက်ခဲ အလုပ်အကိုင်ပျက်ပြီး အိပ်ရာထဲလှဲနေရတဲ့အထိ ဆိုးရွားတတ်တဲ့ ပြဿနာ

ဒီပြဿာနာကိုဖြေရှင်းပေးဖို့ လျို့ဝှက်ချက် လေးပြောပြရမလား❓❓❓

ိုင်းရင်းဆေးကပ်ခွာလေးပါပဲ (ချက် အောက်နား ကပ်ပေးရပါမယ်)

စရောင်းတည်းကခုထိတလတကြိမ်အမျိုးသမီးတိုင်းကြုံရတဲ့ပြဿာနာတွေကိုဖြတ်‌ေကျာ်နိုင်ပြီ

အဲ့လိုရက်လေး‌ေရာက်တိုင်းကိုယ်ပြုံးပျော်‌ေနနိုင်ပြီ

 #ခါးနာခြင်းပတ်သတ်ပြီးဆောင်ရန်ရှောင်ရန်များ #ခါးနာခြင်း 🧑‍⚕️ခါးနာခြင်းမှာ အလွန်အဖြစ်များသည့် ရောဂါတစ်ခု ဖြစ်ပါတယ်။🩺အများ...
30/08/2022

#ခါးနာခြင်းပတ်သတ်ပြီးဆောင်ရန်ရှောင်ရန်များ

#ခါးနာခြင်း



🧑‍⚕️ခါးနာခြင်းမှာ အလွန်အဖြစ်များသည့် ရောဂါတစ်ခု ဖြစ်ပါတယ်။

🩺အများအားဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာသော်လည်း တစ်ခါတစ်ရံ အကြာကြီးနာနိုင် သို့မဟုတ် ‌ခဏသက်သာ၍ပြန်နာလာနိုင်ပါတယ်။

🩺နာကျင်မှုကို သက်သာစေဖို့ အိမ်မှာသင်ကိုယ်တိုင်လုပ်နိုင်တဲ့အရာတွေ ရှိပါတယ်။

#ခါးနာခြင်းကိုဖြစ်‌စေအကြောင်းရင်းများ

🩺အကြောင်းရင်းက မည်သည့်ကြောင့်ဖြစ်သည်ကိုအတိအကျမပြောနိုင်ပဲပဲ၊ အများအားဖြင့် သူ့ဘာသာသူ ပြန်ကောင်းလာတတ်ပါတယ်။

🩺ခါးနာခြင်း၏ အဖြစ်များသော အကြောင်းအရင်းမှာ ကြွက်သားဒဏ်ဖြစ်ခြင်း (Muscle Strain) ဖြစ်ပါတယ်။

🩺တစ်ခါတစ်ရံတွင် ခါးရိုးနုပြားကျွံခြင်း (Slipped Intervertebral disc) ၊ ကျောရိုးအနီးရှိအာရုံကြောညပ်ခြင်း (Sciatica) သို့မဟုတ် ကျောရိုးရှိအဆစ်များရောင်ပြီး ခိုင်သွားသောရောဂါ (Ankylosing Spondylitis) ကဲ့သို့သော ရောဂါများသည်လည်း ခါးနာခြင်းကိုဖြစ်စေနိုင်ပါတယ်။

🩺ခါးနာခြင်းသည် အရိုးကျိုးခြင်း၊ ကျောရိုးကင်ဆာ သို့မဟုတ် ရောဂါပိုးဝင်ခြင်းကဲ့သို့သော ဆိုးရွားသော‌ရောဂါတစ်ခု၏ လက္ခဏာတစ်ခု ဖြစ်နိုင်သော်လည်း အလွန်ရှားပါတယ်။

🧑‍⚕️ခါးနာတာကို အိမ်မှာသင်ကိုယ်တိုင် ဘယ်လို သက်သာ‌အောင်လုပ်မလဲ?

🩺ခါးနာတာက ရက်သတ္တပတ်အနည်းငယ်အတွင်း သူ့အလိုလို သက်သာလာတတ်ပါတယ်။

🩺ပြန်လည်‌ကောင်းမွန်လာမှုကို လျင်မြန်စေရန် သင်လုပ်ဆောင်နိုင်သည့်အရာများရှိပါတယ်။

#အောက်ပါတို့ကိုလုပ်‌ဆောင်ပါ

✅ပုံမှန်အတိုင်း နေထိုင်ပြီး သင်၏နေ့စဉ်လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ပါ။

✅ရောင်ရမ်းမှု/ကိုက်ခဲမှုကို သက်သာစေသော ဆေးများ (NSAIDS) ကို သောက်သုံးနိုင်ပါတယ်။

✅ပါရာစီတမောလ်သည် ခါးနာခြင်း အတွက် အကြံပြုထားခြင်းမရှိသော်လည်း အခြားအကိုက်အခဲ ပျောက်ဆေးများဖြင့် တွဲဖက်၍အသုံးပြုနိုင်ပါတယ်။

✅နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို သက်သာစေရန် အဝတ်စဖြင့်ထုပ်၍ ရေခဲကပ်နိုင်ပါတယ်။

✅အဆစ်များ တောင့်တင်းခြင်း သို့မဟုတ် ကြွက်သားများ တင်းမာခြင်းကို သက်သာစေရန် အဝတ်စဖြင့်ပတ်၍ ရေနွေးအိတ်ကပ်နိုင်ပါတယ်။

✅ခါးနာခြင်းအတွက် လေ့ကျင့်ခန်းများနှင့် အကြောလျှော့ခြင်းများကို အိမ်မှာပြုလုပ်နိုင်ပါတယ်။

❌လုံးဝမလုပ်ပါနဲ့။

အိပ်ရာထဲမှာ အချိန်အကြာကြီး လုံးဝမနေပါနဲ့။

✅ခါးနာခြင်းအတွက် လေ့ကျင့်ခန်းများနှင့် အကြောလျှော့ခြင်းများ။

✅ခါးနာခြင်းကို သက်သာစေရန် ရောဂါပေါ်မူတည်၍ သင်လုပ်ဆောင်နိုင်သော သီးခြားလေ့ကျင့်ခန်းများနှင့် အကြောလျှော့ခြင်းများရှိပါတယ်။

✅ဒါပေမယ့် လေ့ကျင့်ခန်းများပြုလုပ်ပြီး နာကျင်မှုတွေ ပိုဆိုးလာပါက ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။

✅လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနှင့် ယောဂကျင့်ခြင်း ကဲ့သို့သော လှုပ်ရှားမှုများသည် ခါးနာခြင်းကို သက်သာစေနိုင်ပါတယ်။

#‌သင်၏မိသားစုဆရာဝန်နှင့်ပြသပါ။

🩺ခါးနာခြင်းကို ရက်သတ္တပတ်အနည်းငယ်ကြာအောင် အိမ်တွင် ကုသပြီးနောက် မသက်သာလျှင်။

🩺နာကျင်မှုက သင့်နေ့စဉ်လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေလျှင်။

🩺နာကျင်မှုသည် အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာလျှင်။

🩺နာကျင်မှုအတွက် စိတ်ပူပန်နေရလျှင် ဒါမှမဟုတ် နာကျင်မှုကို ရင်ဆိုင်ဖို့ အားအင်မရှိလျှင်။

#ဆေးခန်းသို့ချက်ချင်းသွားပါ

#သင့်တွင်ခါးနာခြင်းနှင့်အတူ

✅ကိုယ်ပူချိန်တက်ခြင်း။

✅အလိုအလျောက် ကိုယ်အလေးချိန်ကျသွားခြင်း။

✅နောက်ကျောတွင် အဖုအကြိတ်ရှိခြင်း သို့မဟုတ် ရောင်ရမ်းခြင်း။

✅နောက်ကျောရိုး ပုံသဏ္ဍာန်ပြောင်းလဲသွားခြင်း။

✅နာကျင်မှုသည် အနားယူပြီးနောက် မသက်သာခြင်း သို့မဟုတ် ညဘက်တွင် ပိုဆိုးလာခြင်း။

✅နှာချေခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အီးညှစ်သည့်အခါ နာကျင်မှုကို ပိုဆိုးလာစေခြင်း။

✅နာကျင်မှုသည် သင်၏ကျောရိုးအထက်ပိုင်း (ပခုံးကြား) မှ လာခြင်း။

#ဆေးရုံသို့သွားပါ

#သင့်တွင်ခါးနာခြင်းနှင့်အတူ

✅ခြေထောက်နှစ်ဖက်စလုံးတွင် နာကျင်ခြင်း၊ ထုံကျင်ခြင်းနှင့် အားနည်းခြင်း။

✅သင့်လိင်အင်္ဂါ သို့မဟုတ် တင်ပါးတစ်ဝိုက်တွင် ထုံကျင်ခြင်း။

✅ဆီးသွားရာတွင်ခက်ခဲခြင်း။

✅ဆီး/ဝမ်း မထိန်းနိုင်ပဲ ထွက်ကျခြင်း။

✅ရင်ဘတ်အောင့်ခြင်း။

✅ယာဉ်မတော်တဆမှု ကဲ့သို့သော ပြင်းထန်သော မတော်တဆမှုတစ်ခုပြီးနောက် စတင်ခဲ့ခြင်း။

#ခါးနာခြင်းအတွက်ကုသနည်းများ။

🩺သင်၏ခါးနာခြင်းသည် အရမ်းပြင်းထန်သည် သို့မဟုတ် မသက်သာပါက နောက်ကျောရှိ ကြွက်သားများကို ပြေလျော့စေရန် အကိုက်အခဲပျောက်ဆေး/ကြွက်သား‌ပြေလျော့စေသော ဆေးဝါးများကို သင်၏ ဆရာဝန်မှ ညွှန်ကြားနိုင်ပါတယ်။

🩺ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် နာကျင်မှုမသက်သာပါက အခြားကုသမှုများကို အကြံပြုနိုင်ပါတယ်။

🩺၎င်းတို့တွင်-

❤️လေ့ကျင့်ခန်းလုပ်ခြင်းများနှင့် ကာယကုထုံးများ။

❤️လေ့ကျင့်သင်ကြားထားသည့် ကုထုံးဆရာမှ သင့်နောက်ကျောရှိ ကြွက်သားများကိုနှိပ်နယ်ပေးပြီး၊ အရိုးများနှင့် အဆစ်များကို လှုပ်ရှားပေးခြင်း

Crd
#ကျန်းမာရေးဗဟုသုတ
#ခါးနာခြင်း

Address

Kunhing

Telephone

+959428343171

Website

Alerts

Be the first to know and let us send you an email when Healthy World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share