Zaw Meik Pharmacy ,Kyaukse

Zaw Meik Pharmacy ,Kyaukse Pharmacy လပြည့်၊ လကွယ်နေ့တိုင်းဆိုင်ပိတ်သည်။

29/04/2026

30.4.2026 ကဆုန်လပြည့်နေ့တွင် နာရီစင် အနီး ဇော်မိတ် ရွှေဆိုင်ရှေ့တွင် စတုဒီသာ ထမင်း ဧည့်ခံမည်ဖြစ်ပါသဖြင့် လာရောက်သံုးဆောင်ကြပါရန် ဖိတ်ခေါ်ပါသည်ရှင့်🙏🏻🙏🏻🙏🏻

Coffee
18/04/2026

Coffee

Check out Zaw Meik Pharmacy,Kyaukse’s post.

Welcome to our TikTok ChannelThanks for following our channel❤️❤️❤️ ပစ္စည်းရောက် Update လေးတွေ ကြည့်နိုင်ပါတယ်✌🏻✌🏻✌🏻
06/04/2026

Welcome to our TikTok Channel
Thanks for following our channel❤️❤️❤️
ပစ္စည်းရောက် Update လေးတွေ ကြည့်နိုင်ပါတယ်✌🏻✌🏻✌🏻

.meik.pharmacy 1 Followers, 0 Following, 0 Likes - Watch awesome short videos created by Zaw Meik Pharmacy,Kyaukse

01/12/2025

Edit # 10.12.2025 နောက်ဆံုးထား၍လာရောက်လျှောက်ထားနိုင်ပါသည်ရှင့်

***ဝန်ထမ်း အလိုရှိပါသည်***
ဇော်မိတ် ဆေးဆိုင်တွင် အလုပ် လုပ်ကိုင်ရန် အမျိုးသား/အမျိုးသမီး ဝန်ထမ်း (၃) ဦး အလိုရှိပါသည်။
*ရပ်ကွက်ထောက်ခံစာ
*ရဲစခန်းထောက်ခံစာ
* ပညာအရည်အချင်း အနိမ့်ဆံုး (၁၀)တန်း
*CV Form နှင့် တစ်ကွ ဇော်မိတ် ဆေးဆိုင် ကံဦးရပ်၊ဘူတာအနီးသို့ လာရောက်လျှောက်ထားနိုင်ပါသည်။

“သီတင်းကျွတ်ဆိုင်ပိတ်ရက်”5.10.2025 မှ 7.10.2025 အထိ ဆိုင် (3 ) ရက်ပိတ်ပါတယ်ရှင့်သီတင်းကျွတ်အချိန်အခါသမယလေးမှာ စိတ်ချမ်းသ...
04/10/2025

“သီတင်းကျွတ်ဆိုင်ပိတ်ရက်”
5.10.2025 မှ 7.10.2025 အထိ ဆိုင် (3 ) ရက်ပိတ်ပါတယ်ရှင့်
သီတင်းကျွတ်အချိန်အခါသမယလေးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒပြည့်ဝပါစေကြောင်း ဇော်မိတ် ဆေးဆိုင် မိသားစုမှ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်ရှင့်🙏🏻🙏🏻🙏🏻
“ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမယလေးဖြစ်ပါစေ”
Crd

“စျေးဝယ်သူများသို့ အသိပေးချက်”ဇော်မိတ် ဆေးဆိုင်နာမည် အားအသံုးပြု၍လိမ်လည်မှုများရှိနေပါသဖြင့် စျေးဝယ်သူများသိရှိနိုင်ရန် ...
14/08/2025

“စျေးဝယ်သူများသို့ အသိပေးချက်”
ဇော်မိတ် ဆေးဆိုင်နာမည် အားအသံုးပြု၍လိမ်လည်မှုများရှိနေပါသဖြင့် စျေးဝယ်သူများသိရှိနိုင်ရန် အကြောင်းြကားအပ်ပါသည်ရှင့်

ကျွန်မတို့ ဇော်မိတ်ဆေးဆိုင်တွင် Viber Group ထောင်၍ ပစ္စည်းများရောင်းချခြင်း ၊ပစ္စည်းမှာပြီး ကားဂိတ်သို့ တင်ပေးခြင်းများ လံုးဝ လုပ်ဆောင်ခြင်းမရှိပါရှင့်

ဆေးပစ္စည်းအား မှာယူ၍ လူကြံုရှိမှသာ စျေးဝယ်သူနှင့်သေချာမေးမြန်း၍ လာယူမည့်သူ အမည်၊ ဝယ်ယူသူအမည်တို့အား မေးမြန်းပြီးမှ ပေးပါသည်ရှင့်

Profile Picture တွင် ဖော်ပြပါ Logo ပါသည့် page တစ်ခုတည်းကိုသာ အသံုးပြုလျက်ရှိပါသည်

ဖုန်းနံပါတ်ကိုလည်း
09785154383
09426525296 ကိုသာ Viber အသံုးပြုပါသည်ရှင့်

စျေးဝယ်သူများ အမှားအယွင်းမရှိ သတိထားနိုင်ရန်အတွက် အသိပေးခြင်းဖြစ်ပါသည်ရှင့်

အားပေးမှုအား အစဉ်အမြဲကျေးဇူးတင်လျက် 🙏🏻🙏🏻🙏🏻
ဇော်မိတ် ဆေးဆိုင် မိသားစု

PLAID Somaderm THIN SPOT (Acne Care) ဝက်ခြံကပ် Hydrocolloid Dressing😱အရေးကြီးတဲ့ appointment ရှိတဲ့အချိန်မှ မျက်နှာမှာ ဝ...
07/08/2025

PLAID Somaderm THIN SPOT (Acne Care) ဝက်ခြံကပ် Hydrocolloid Dressing

😱အရေးကြီးတဲ့ appointment ရှိတဲ့အချိန်မှ မျက်နှာမှာ ဝက်ခြံထွက်လာပါသလား?

😱ကိုယ့်အတွက်အရေးကြီးတဲ့ Event တစ်ခုနီးခါမှ မျက်နှာမှာ ဝက်ခြံထွက်လာပါသလား?

😱ကိုယ်ချစ်တဲ့သူနဲ့ Date လုပ်ထားပြီးခါမှ မျက်နှာမှာ ဝက်ခြံထွက်လာပါသလား?

ဒီလိုမျိုးစိတ်အနှောင့်အယှက်ဖြစ်စရာတွေအတွက် အဖြေကရှိနေပါပြီ။

အရင်ဆုံး Acne ခေါ် ဝက်ခြံ ပေါက်ရတဲ့ Underlying Cause လေးကို ဆေးပညာဘက်မှနေ၍ စာဖတ်သူအများ သိအောင်အကျဥ်းချုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်။

🔴ဝက်ခြံဖြစ်ရခြင်းအခြေခံအကြောင်းအရင်း🔴

➡️ဝက်ခြံအများစု ဖြစ်ရတဲ့အကြောင်းအရင်းကတော့ မျက်နှာအရည်ပြားမှာရှိတဲ့ ချွေးထွက်ပေါက်ကလေးများ (Sweat Gland) တွင် ပိတ်နေသောအဆီများ၊ ဖုန်များ အစရှိတဲ့ အညစ်အကြေးများပိတ်ဆို့မှုကြောင့်၎င်းအရည်ပြားအတွင်းရှိ Sweat Gland ကလေးများ၏ ပြွန်ကလေးများတွင် ပိတ်ဆို့မှုဖြစ်ခါ အရည်ပြားမှာ အပြင်ကို ဆူထွက် ဖောင်းထွက်လာခဲ့ခြင်းဖြစ်ပါတယ်။

➡️ဝက်ခြံဟာ ကိုယ်တွင်းဟော်မုန်းဓာတ်များအပြောင်းအလဲဖြစ်ချိန်များ (ဥပမာ အမျိုးသမီးများလစဥ် ဓမ္မာတာမလာမှီ နှင့် လာပြီးရက်အပိုင်းအခြား၊ လူပျို အပျိုဖော်ဝင်စအချိန်များ၊ Physical Stress (or) Mental Stress များခံစားရချိန်များ (ဥပမာ စာမေးပွဲဖြေဆိုချိန်ကာလများ) အတွင်းမှာ အများဆုံး ဖြစ်ပေါ်တက်ပါတယ်။

➡️ဝက်ခြံပျောက်ကင်းရန် Antibiotic (or) အခြား chemical ပါပစ္စည်း များအသုံးပြုခြင်း၊ ကျွန်တော်တို့တွေအများဆုံးပြုလုပ်မိတဲ့ ဝက်ခြံအားလက်ဖြင့်ညှစ်ထုတ်များအား အတတ်နိုင်ဆုံးရှောင်ချဥ်ရမှာဖြစ်ပါတယ်။

အထူးသဖြင့် လက်ဖြင့်ညှစ်ခြင်းသည် အရေပြားများ ပျက်စီး ယောင်ရမ်းခြင်း၊ သေရာပါ အနာရွတ်များဖြစ်ပေါ်ြခင်း၊ ပိုးဝင်၍ infected acne (အရည်ပြားပိုးဝင်ခြင်း) သို့ကူးပြောင်း၍ ကုသပျောက်ကင်းရန်ခက်ခဲခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုကြဆင်းခြင်း အစရှိတဲ့ မကောင်းသော side effects များကိုဖြစ်ပေါ်လာစေသော အကြောင်းအရင်းလည်းဖြစ်ပါတယ်။

ထို့ကြောင့် ဝက်ခြံအားလက်ဖြင့်ညှစ်ထုတ်များ အား အတတ်နိုင်ဆုံးအထူးရှောင် ကြဥ်ရမှာဖြစ်ပါတယ်။

🟢ဝက်ခြံပျောက်ကင်းရန်အရိုးရှင်းဆုံးနည်းလမ်း🟢

✅တစ်နေ့လျင်မနက်တစ်ခါ၊ နေ့လည်တစ်ခါ (၂း၀၀-၄း၀၀ ကြား)၊ ညအိပ်ခါနီးတစ်ခါ မျက်နှာသစ်ဆပ်ပြာြဖင့် ညင်သာစွာ ဆေးကြောသန့်စင်ပါ။ တတ်နိုင်လျင် ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပါ။ အကြိမ်ဖန်များစွာမျက်နှာသစ်ခြင်းအား ရှောင်ကျဥ်ပါ။

အကြိမ်ဖန်များစွာမျက်နှာသစ်ခြင်းသည်မျက်နှာအရည်ပြားအားထိခိုက်ပျက်စီးစေပါသည်။

❎မျက်နှာအား လက်ဖြင့် ခဏ ခဏ ကိုင်ခြင်း၊ ပွတ်ခြင်းများအား ရှောင်ကျဥ်ပါ။

✅သန့်ရှင်းသော မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံးများအားအသုံးပြုပါ။

✅မည်သည့်ဝက်ခြံမဆို၊ မည်သည့်ဝက်ခြံပျောက်ဆေးရည်များ၊ အလှကုန်ပစ္စည်းများမဆို ၁-၂ ရက်အတွင်း မပျောက်ကင်း မသက်သာပါ။ မည်သည့်ပစ္စည်းများမသုံးလည်း အချိန်အတိုင်းအတာ တစ်ခုရောက်လျင် ဝက်ခြံသည် အလိုလို ပျောက်ကင်းသက်သာပါသည်။

✅ဖော်ပြပါ အကြောင်းအရာများကို လိုက်နာခြင်းဖြင့် ပိုမိုလျင်မြန်စွာ ပျောက်ကင်း၍ မျက်နှာအရည်ပြားကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

🍏What is PLAID Somaderm THIN SPOT?🍏

😊PLAID Somaderm THIN SPOT ဟာ Hydrocolloid Dressing ဖြင့်ပြုလုပ်ထားသော Acne Special Care Product တစ်ခုဖြစ်ပါတယ်။ Hydrocolloid ဝက်ခြံအရေပြားရှိ ပိတ်နေသောအဆီများ၊ ဖုန်များ အစရှိတဲ့ Exudates အညစ်အကြေးများကို အရေပြားအတွင်းမှ အမြန်ဆုံးစုပ်ထုတ်ပေးခါ ဝက်ခြံအားအမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။

😊PLAID Somaderm THIN SPOT ရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့ မပျောက်သေးတဲ့ ဝက်ခြံအား ချက်ချင်းအောက်ခံအသားရောင်ကဲ့သို့ကူးပြောင်းဖုံးအုပ်ပေးထားနိုင်တဲ့အတွက် လူအများနှင့် တွေ့ဆုံချိန်တွင် မိမိကိုယ် မိမိ Self-Confidence အပြည့်ရရှိစေနိုင်ပါတယ်။

✅PLAID Somaderm THIN SPOT ရဲ့အားသာချက်များကတော့✅

🥰Chemical ၊ ဓာတုဗေဒဆေးများ လုံးဝမပါရှိခြင်း။ Hydrocolloid သည် mechanical osmosis နည်းပညာဖြင့်သာဝက်ခြံပျောက်ကင်းအောင် ပြုလုပ်ခြင်း။

🥰Optimal Skin moisture environment ဖြစ်စေရန်ဖန်တီးပေး၍ ဝက်ခြံအားအကောင်းဆုံး နှင့် အမြန်ဆုံးပျောက်ကင်းစေခြင်း။ (Creates the moist environment for fast healing and minimizing scars by absorbing the exudates)

😉ဝက်ခြံကြောင့်ပျက်စီးသွားသော အရေပြားနေရာတွင် regeneration of new skin process အားအကောင်းဆုံးထောက်ပံ့ပေးခြင်း။

🙂Clear Fast Acne & Minimal Scarring (ဝက်ခြံကြောင့်ကျန်ခဲ့သော အမာရွတ်များအား အနည်းဆုံးဖြစ်စေရန် ကာကွယ်ပေးခြင်း)။ရေ၊ ဖုန်မှုန့်များ၊ ပိုးမွှားများမဝင်စေရန်ကာကွယ်ပေးခြင်း။ Protects from water, dust & bacteria.

👍ထိခိုက်ရှနာအသေးစားလေးများနှင့် ခြင်ကိုက်ယားနာ များတွင်ပါအသုံးပြုနိုင်ခြင်း။

အသုံးပြုပုံ- မျက်နှာအားဦးစွာသန့်စင်ဆေးကြောပါ။ ခြောက်သွေ့အောင်သုတ်ပါ။
- ဝက်ခြံပေါ်တွင် PLAID Somaderm THIN SPOT အဝိုင်းပြားလေးတစ်ခုအား
သေချာစွာကပ်ပါ။
- လိုအပ်လျှင် တစ်နေ့လျှင် ၂-၃ ခါ အသစ်လဲလှယ်အသုံးပြုပေးနိုင်ပါသည်။
- ဝက်ခြံစဖြစ်သည့်အချိန်၊ ဝက်ခြံပေါက်သွားချိန်များတွင်အသုံးပြုလျင်
အကောင်းမွန်ဆုံးဖြစ်ပါသည်။

🇰🇷Made in Korea🇰🇷
Crd

15/06/2025

ဇော်မိတ် ဆေးဆိုင် မူလဆိုင်နေရာ ပြန်လည် ပြင်ဆင်ပြီးဖြစ်ပါ၍ ဆိုင်ပြန်လည်ပြောင်းရွှေ့ရန်အတွက်
17.6.2025 နှင့် 18.6.2025 ဆိုင် ၂ ရက်ပိတ်မည်ဖြစ်ပါကြောင်းကြိုတင် အသိပေးအပ်ပါသည်ရှင့်

19.6.2025 တွင်နဂိုနေရာတွင်ပံုမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်ရှင့်
အားပေးမှုအား အစဉ်အမြဲကျေးဇူးတင်လျက်🙏🏻🙏🏻🙏🏻
ဇော်မိတ် ဆေးဆိုင်မိသားစု

12/04/2025

18.4.2025 (နှစ်ဆန်း ၂ ရက်နေ့)မှစ၍ ဇော်မိတ်ရွှေဆိုင်၏ တောင်ဘက်ကပ်လျက်တွင် ဇော်မိတ် ဆေးဆိုင်အားပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အားပေးမှုအား အစဉ်အမြဲကျေးဇူးတင်လျက် 🙏🏻🙏🏻🙏🏻
ဇော်မိတ် ဆေးဆိုင်မိသားစု

ဆိုင်ဖွင့်ချိန် မနက် ၇ နာရီခွဲမှ ညနေ ၄ နာရီအထိ

02/04/2025

စျေးဝယ်သူများရှင့်
ဆေးနှင့်ဆေးပစ္စည်းများကို အေးမြကြည်လင်စျေး အနားရှိ ဇော်မိတ် (II) နှင့် ရဲစုတံတားအနီးရှိ ဇော်မိတ် (III) တို့တွင် ဝယ်ယူနိုင်ပါသည်

ဇော်မိတ် (၁) ဖွင့်မည့်ရက်နှင့် အချိန်၊နေရာအား ပြန်လည်ပြောကြားပေးပါမည်ရှင့်
ဖွင့်နိုင်ရန် ကြိုးစားနေပါသည်။

31/03/2025

ဇော်မိတ် ဆေးဆိုင် (I,II,III) ဆိုင်များအားလုံးသဘာဝဘေးအန္တရာယ်ကြောင့် ဆိုင်အတွင်းပိုင်းများပျက်စီးသွားပါသဖြင့် ရောင်းသူဝယ်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆိုင်များအားပြင်ဆင်ရန် အချိန်လိုအပ်ပါသည်။
ပြင်ဆင်ပြီးချိန်နှင့် ဆိုင်ဖွင့်မည့် အချိန်နှင့် နေရာတို့အား ပြန်လည်အသိပေး အကြောင်းကြားပေးပါမည်ရှင့်
ပြည်သူပြည်သားအားလုံး ကပ်ကြီးဘေးမှ ကင်းလွတ်နိုင်ကြပါစေ

အားပေးမှုကို ကျေးဇူးတင်လျက်
ဇော်မိတ်ဆေးဆိုင်မိသားစု🙏🏻🙏🏻🙏🏻

Address

Kyaukse

Opening Hours

Monday 07:30 - 18:00
Tuesday 07:30 - 18:00
Wednesday 07:30 - 18:00
Thursday 07:30 - 18:00
Friday 07:30 - 18:00
Saturday 07:30 - 18:00
Sunday 07:30 - 18:00

Telephone

+959785154383

Website

Alerts

Be the first to know and let us send you an email when Zaw Meik Pharmacy ,Kyaukse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share