11/04/2024
လူတော်တော်များများက Humble
(မာန်မာန ထောင်လွှားခြင်းမရှိပဲ နှိမ့်ချပြီးနေတတ်သော)
ဖြစ်တာနဲ့ အောက်ကျခံ ဖားယားပြောဆိုတာနဲ့ကို မသဲကွဲကြဘူး...
Humble ဖြစ်တာက ကောင်းမွန်ယဉ်ကျေးတဲ့မိသားစု
အသိုင်းအဝိုင်းကလာပြီး ကောင်းစွာသွန်သင်ဆုံးမခံထားရတာကြောင့် လူတန်းစားမရွေးအပေါ် လေးစားယဉ်ကျေးစွာ ဆက်ဆံတာပါ...
တစ်ဖက်လူကို ကြီးမြတ်လွန်းလို့ထင်ပြီး
ဒါမှမဟုတ် ကိုယ်ကနိမ့်ကျနေလို့ဆိုပြီးအားငယ်
သိမ်ငယ်ပြီး အောက်ကျခံနေတာ မဟုတ်ဘူး...
ဒါကို မသဲကွဲပဲ တလေးတစား မာနထောင်လွှားခြင်းမရှိ
ဆက်ဆံပြောဆိုတာကို ငါက သူ့ထက်သာတယ် ...
ငါ့အဆင့်က အရမ်းမြင့်နေပြီထင်နေတဲ့ ဘဝင်ရူးတွေက
အထက်စီးဆန်ဆန် ပြန်တုံ့ပြန်တော့ ပြုံးမိပါတယ်...
ကိုယ့်ရဲ့ Being polite and humble ဖြစ်ခြင်းက
သူ့ရဲ့ Insecure dark side တွေကို
မြှောက်ပင့်ပေးသလို ဖြစ်သွားခဲ့တာကိုး,,,
အဲလိုလူမျိုးတွေတွေ့ရင် ခြေလှမ်းနောက်ဆုတ်ပြီး နေပါတယ်...
လူတိုင်း ချေတတ်တယ်... လူပါးဝတတ်တယ်...
မချေကြ မဝကြတာက ကိုယ့်စိတ်ဓါတ်နဲ့
ယဉ်ကျေးမှုအဆင့်အတန်းကြောင့်သာဖြစ်တယ်...
တခြားတစ်ယောက်က သဘောကောင်းတာကို
ကိုယ့်ကို လာရောနေတယ် ပေါနေတယ်ထင်ရင်
နဲနဲပြန်စဉ်းစားကြည့်စေချင်တယ်..
ကိုယ်က ဘယ်နေရာက ဘာကောင်များ ဖြစ်နေလို့လဲလို့ပါ...
ကိုယ့်ကိုယ်ကို လေးစားရမယ်ဆိုပေမယ့်
အရမ်းတော့ အထင်ကြီးလို့ မဖြစ်ပါဘူး...
ကိုယ့်အပြုအမူက ကိုယ့်အဆင့်အတန်းဖြစ်နေတတ်တယ်လေ...
Humble ဖြစ်တာပါ... လူ့အောက်ကျို့နေတာ မဟုတ်ပါဘူး...
ကွဲပြားစွာ မြင်တတ်ကြပါစေ...