ချမ်းမြေ့မေတ္တာ ဆေးခန်းနှင့်ဆေးဆိုင် - Chan Myae Myittar Clinic & Pharmacy

  • Home
  • Myanmar
  • Magway
  • ချမ်းမြေ့မေတ္တာ ဆေးခန်းနှင့်ဆေးဆိုင် - Chan Myae Myittar Clinic & Pharmacy

ချမ်းမြေ့မေတ္တာ ဆေးခန်းနှင့်ဆေးဆိုင် - Chan Myae Myittar Clinic & Pharmacy � အကောင်းဆုံး အရည်အသွေး

� အမှန်ကန်ဆ? သင့်တင့်သောစျေးနှုန်း
ပြည့်၀သောအရည်အသွေးဖြင့်
၀န်ဆောင်မှုပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း

မကွေးမြို့ရှိ မေမေလောင်းများအားလုံးအတွက်အခမဲ့ကျန်းမာရေးဝန်ဆောင်မှုပေးနေပါတယ် ❤️‍🩹💥❤️‍🩹💥❤️‍🩹💥ငွေကြေးအတွက် စဉ်းစားစရာမလိုဘ...
14/12/2025

မကွေးမြို့ရှိ မေမေလောင်းများအားလုံးအတွက်
အခမဲ့ကျန်းမာရေးဝန်ဆောင်မှု
ပေးနေပါတယ် ❤️‍🩹💥❤️‍🩹💥❤️‍🩹💥

ငွေကြေးအတွက် စဉ်းစားစရာမလိုဘဲ
အနာဂတ်သားကောင်းများကို
စိတ်ချမ်းမြေ့စွာ မွေးထုတ်နိုင်ကြဖို့
တဖက်တလမ်းက အကူအညီပေးနိုင်ရန် ရည်ရွယ်၍ ချမ်းမြေ့မေတ္တာဆေးခန်းနှင့် UNICEF တို့ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်ပါတယ်ရှင့် 🥰🥰🍀🍀

အပတ်စဉ် စနေ တနင်္ဂနွေ နံနက်ပိုင်း 8နာရီမှ 11နာရီခွဲအထိ
ချမ်းမြေ့မေတ္တာဆေးခန်း ဗိုလ်ချုပ်လမ်းနှင့်သုခလမ်းထောင့် သိင်္ဂါရပ်ကွက် မကွေးမြို့တွင် လာရောက်ပြသနိုင်ပါရန် နွေးထွေးစွာဖိတ်ခေါ်ပါရစေရှင့် 🍀🍀🍀

09264786815/0943009267
ချမ်းမြေ့မေတ္တာဆေးခန်း
ဗိုလ်ချုပ်လမ်းနှင့် သုခလမ်းထောင့်
မကွေးမြို့။

❤️‍🩹အခမဲ့ဝန်ဆောင်မှု💥💥💥🥰မကွေးမြို့မှ မေမေများအတွက် သတင်းကောင်း 📢📢📢မကွေးမြို့ ချမ်းမြေ့မေတ္တာဆေးခန်းတွင် 🍀ကိုယ်ဝန်ဆောင်မိ...
13/12/2025

❤️‍🩹အခမဲ့ဝန်ဆောင်မှု💥💥💥

🥰မကွေးမြို့မှ မေမေများအတွက် သတင်းကောင်း 📢📢📢

မကွေးမြို့ ချမ်းမြေ့မေတ္တာဆေးခန်းတွင်
🍀ကိုယ်ဝန်ဆောင်မိခင်များ
🍀မီးဖွားပြီးစ မိခင်များ
🍀၅နှစ်အောက်ကလေးများအား
💥အထူးကျန်းမာရေးစောက်ရှောက်မှုပေးလျက်ရှိပါသည်။💥

✔️ငွေကြေးလုံးဝပေးစရာမလို အခမဲ့ဝန်ဆောင်မှုဖြစ်ပါသည်။

✔️မိခင်လောင်းများအတွက် လိုအပ်သော ထောက်ပံ့မှုများလည်း UNICEF မှ ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။

💥အပတ်စဉ်
🍀စနေ တနင်္ဂနွေ
👉 မနက် ၈နာရီမှ ၁၁နာရီအထိ
🍀 ချမ်းမြေ့မေတ္တာဆေးခန်း ဗိုလ်ချုပ်လမ်းနှင့်သုခလမ်းထောင့် သိင်္ဂါဂီရိရပ်ကွက် မကွေးမြို့တွင်
အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

09264786815
0943009267သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

💥💥💥အခမဲ့ 💥💥💥သားဆက်ခြားဆေး လိုအပ်သူအမျိုးသမီးများအတွက် လေဒီယာဖိုင်းဆေးကတ်များအခမဲ့ ပေးဝေမည်ဖြစ်ပါသဖြင့်လိုအပ်သူများ ဆေးခန...
28/09/2025

💥💥💥အခမဲ့ 💥💥💥

သားဆက်ခြားဆေး လိုအပ်သူ
အမျိုးသမီးများအတွက်
လေဒီယာဖိုင်းဆေးကတ်များ
အခမဲ့ ပေးဝေမည်ဖြစ်ပါသဖြင့်
လိုအပ်သူများ ဆေးခန်းသို့
လာရောက်ယူနိုင်ပါသည်။

🍀ပစ္စည်းရှိသလောက်သာ ‌ရရှိမည်ဖြစ်ပါသဖြင့် ဦးသူယူစနစ်ဖြင့် ယူနိုင်ပါသည်။

ချမ်းမြေ့မေတ္တာ‌‌ေဆးခန်း
သုခလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်
သိင်္ဂါဂီရိရပ်
မကွေးမြို့။
0943009267

#မကွေး #အခမဲ့ #ချမ်းမြေ့မေတ္တာဆေးခန်း

💉 ရာသီတုပ်ကွေးကာကွယ်ဆေးကိုထိုးနှံနိုင်ပါပြီ💉 Influenza Tetra vaccine (ရာသီ‌တုပ်ကွေးကာကွယ်ဆေး) ✅ရာသီတုပ်ကွေးကာကွယ်ဆေးဟာ အ...
16/05/2025

💉 ရာသီတုပ်ကွေးကာကွယ်ဆေးကိုထိုးနှံနိုင်ပါပြီ💉 Influenza Tetra vaccine (ရာသီ‌တုပ်ကွေးကာကွယ်ဆေး)

✅ရာသီတုပ်ကွေးကာကွယ်ဆေးဟာ အနည်းဆုံးတစ်နှစ်တစ်ကြိမ် ထိုးရန်လိုအပ်သောဆေးဖြစ်ပါသည်။
✅ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရာသီတုပ်ကွေးဖြစ်ခြင်း၊ ရာသီတုပ်ကွေး၏ပြင်းထန်သော နောက်ဆက်တွဲရောဂါများဖြစ်ခြင်းကို ကာကွယ်နိုင်ပါသည်။
✅လူတိုင်း၊ လူတိုင်း တုပ်ကွေးကာကွယ်ဆေးထိုးဖို့လိုအပ်ပါသည်။ အထူးသဖြင့်
- ကလေးသူငယ်များ
- သက်ကြီးရွယ်အိုများ
- နာတာရှည်ရောဂါ ခံစားနေရသူများနှင့်
- အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားလျော့နည်းနေသောသူများတွင်ပို၍လိုအပ်ပါသည်။

✅ကျွန်မတို့ရဲ့ ချမ်းမြေ့မေတ္တာဆေးခန်းတွင် Myanmar FDAအသိအမှတ်ပြု တုပ်ကွေးကာကွယ်ဆေး Influvac Tetra ကိုထိုးနှံနိုင်ပါသည်။

✅ Influvac Tetra သည်
Influenza A virus - H1N1 နှင့် H3N2 အပြင် Influenza B virus - Austria နှင့် Phuket strain တို့ကိုကာကွယ်ပေးနိုင်သည့် Abbott Company မှဖြန့်ချီသည့် (4)မျိုးစပ်တုပ်ကွေးကာကွယ်ဆေးဖြစ်ပါသည်။

#လူသားအားလုံးကျန်းမာဖို့_တုပ်ကွေးကာကွယ်ဆေးထိုးနှံကြပါစို့✊

ဆက်သွယ်စုံစမ်းရန်....
ချမ်းမြေ့မေတ္တာဆေးခန်း
သုခလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်
သိင်္ဂါဂီရိရပ်ကွက်
မကွေးမြို့
☎️0943009267
09264786815
Page messenger တွင်လည်း စုံစမ်းနိုင်ပါသည်။

ဆေးခန်းမှာ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးလို့ရပါပြီရှင့် ♥️♥️♥️
10/05/2025

ဆေးခန်းမှာ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးလို့ရပါပြီရှင့် ♥️♥️♥️

10/05/2025

ရာသီတုပ်ကွေးကာကွယ်ဆေး (ကျန်းမာရေးအသိပညာပေးဆောင်းပါး)

ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ ၁၆ ရက်)

မိဘဖြစ်လာကြတဲ့အခါ မိဘအဖြစ်ပခုံးလွှဲယူလိုက်ကြတဲ့အခါ သားသမီးအ‌ပေါ်မှာ မေတ္တာတရားယိုဖိတ် စိတ်နဲ့ ကလေးကိုကျန်းကျန်းမာမာရှိစေဖို့ ကြံဆောင်ပြုမူကြတာ ဓမ္မတာပါပဲ။

အခုလို ဆောင်းအကုန် နွေအကူး တပို့တွဲ တပေါင်းအချိန်မှာကတည်းက မိဘတွေ အမေးများကြတာ ကလေးများအတွက် တုပ်ကွေးကာကွယ်ဆေး အကြောင်းပဲ ဖြစ်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေး မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဆယ်စုနှစ်တစ်စု ကာလသာ ရှိပါ သေးတယ်။ တစ်နှစ်တစ်ခါ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးရမယ်ဆိုတဲ့ အသိပညာကို ကလေးမိဘ တွေထံမှာ ကျယ်ကျယ်ပြန့်ပြန့် နားလည်နေကြတာမို့ သည်အရာသည်ပင် ပညာနှင့်ယှဉ်သော မေတ္တာပင် မဟုတ်ပါလား။

#ရာသီတုပ်ကွေးကာကွယ်ဆေး (Influenza vaccines)

ရာသီတုပ်ကွေးဗိုင်းရပ်စ်ကြောင့် မုတ်သုံရာသီအကူးအပြောင်းမှာ ဖျားနာတတ်ကြပါတယ်။ တုပ်ကွေး ဗိုင်းရပ်စ်များက ရာသီအလိုက် မျိုးကွဲပြောင်းလဲခြင်း အလွယ်တကူဖြစ်နိုင်တာမို့ တစ်နှစ်လျှင် တစ်ကြိမ် နှစ်ကြိမ် ရာသီတုပ်ကွေးကာကွယ်ဆေး အသစ် အသစ်တွေ ပေါ်လာရတာပဲဖြစ်ပါတယ်။

ယခုသုံးနေသည့်ကာကွယ်ဆေးက လက်ရှိရာသီမှာ ဖြစ်နေတဲ့ တုပ်ကွေး ဗိုင်းရပ်စ်များကို ကာကွယ် နိုင်မှာဖြစ်ပေမယ့် နောက်ရာသီမှာ ဖြစ်လာမယ့် တုပ်ကွေး ဗိုင်းရပ်စ်များကို ထိရောက်စွာ ကာကွယ် ပေးနိုင်မှာလား ဆိုတာကတော့ မကျိန်းသေပါ။ နောက်နှစ်အတွက် ကာကွယ်ဆေးကို ထပ်ပြီးထိုးနှံနေမှ စိတ်ချရမှာ ဖြစ်ပါတယ်။

ဒါကြောင့် နောက်ဆုံးထွက်ထားတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကသာ အမြင့်မားဆုံးကာကွယ်မှုကို ပေးနိုင်မှာဖြစ်ပါတယ်။

#ဘယ်သူတွေထိုးနှံထားသင့်သလဲ

တုပ်ကွေးရောဂါကူးစက်လွယ်သော အသက် ခြောက်လအထက်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေ မဖြစ်မနေထိုးနှံ ထားသင့်တဲ့ ဆေးဖြစ်ပါတယ်။

တုပ်ကွေးရောဂါကာကွယ်ဆေးမှာ ဓာတ်မတည့်ခြင်းကြုံရတယ်ဆိုတာ အလွန်ပဲ ရှားလှသလို အန္တရာယ်လည်း နည်းပါးပါတယ်။ အပ်ထိုးစိုက်ရာ ကာကွယ်ဆေးထိုးနှံတဲ့ နေရာတစ်ဝိုက်မှာတော့ နီရဲရောင်ရမ်းခြင်းကို ကြုံရလေ့ရှိပါတယ်။ ဆေးထိုးအပြီးမှာ ဖျားချင်သလိုလို ကြွက်သားများ နာကျင်ကိုက်ခဲသလိုလို ပင်ပန်းနုံးချိနေသလိုလိုကိုလည်း ကြုံတွေ့ခံစားရနိုင်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံထားသူတွေမှာ တုပ်ကွေးရောဂါကူးစက်ခံရခြင်း မရှိသလောက် နည်းပါးပါတယ်။ အကယ်၍ တုပ်ကွေးကူးစက်ခဲ့သော်လည်း နာဖျားချိန် တိုပြီး တုပ်ကွေးရောဂါ နောက်ဆက်တွဲဆိုးကျိုးများ ‌ဖြစ်နိုင်ချေ လျော့နည်းပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (World Health Organization -WHO) က အသက် ၅၀ နှင့် အထက် လူကြီးတွေ၊ ပန်းနာရင်ကြပ်နှင့် နာတာရှည်အဆုတ်ရောဂါရှိသူတွေ ၊ နာတာရှည် နှလုံးရောဂါရှိသူတွေ၊ အသည်းရောဂါခံစားနေရသူတွေ၊ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နေသူတွေ၊ ဘေလုံးခွဲစိတ် ဖယ်ထုတ်ထားရသူတွေနဲ့ ဘေလုံးအလုပ်မလုပ်သူတွေ၊ ကိုယ်ခံအားကျဆင်းအားနည်းနေသူတွေ၊ သက်ကြီးစောင့်ရှောက်ရေးဂေဟာတွင်နေထိုင်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ အသက်ခြောက်လအရွယ်မှ ၁၈ နှစ် အရွယ်ရှိ ကလေးသူငယ်တွေနဲ့ မြီးကောင်ပေါက် လူငယ်တွေ၊ သွေးကျဲ‌ဆေးသောက်သုံးမှီဝဲနေရသူတွေ၊ ခန္ဓာကိုယ်အညွှန်းကိန်း BMI 40 နှင့် အထက် များနေတဲ့ အဝလွန်နေသူတွေဟာ တုပ်ကွေးကာကွယ်ဆေးထိုးထားသင့်တယ်လို့ အကြံပြုထားပါတယ်။

ကမန်တော်ကတော့ မိမိတို့ရဲ့ရင်သွေးငယ်တွေကို ကျန်းမာ‌စေချင်တဲ့ စေတနာနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးဖို့ ကြိုးစားအားထုတ်ကြတဲ့ မိဘတွေရဲ့ ကျန်းမာရေးဗဟုသုတရှိမှုအပေါ် တလေးတစား အသိအမှတ် ပြုပါတယ်။

အသက်‌ခြောက်လကနေ အသက်ရှစ်နှစ်အတွင်း ကလေးငယ်များကို တုပ်ကွေးကာကွယ် ဆေးထိုးနှံ မည်ဆိုပါက နှစ်ကြိမ်တိတိထိုးနှံရပါမယ်။ ပထမအကြိမ်ဆေးထိုးပြီး လေးပတ်အကြာမှာတော့ တူညီတဲ့ ဆေးအမျိုးအစားကို ဒုတိယအကြိမ်ထပ်မံထိုးရပါမယ်။

အဲ့ဒီလို ထိုးထားပြီး ရှေ့လာမယ့် နှစ်တွေမှာ တုပ်ကွေးကာကွယ်‌ဆေးကို ထပ်မံ ထိုးနှံမည်ဆိုပါက တစ်နှစ်တစ်ကြိမ်သာ ထိုးဖို့လိုအပ်ပါတယ်။

အသက်ကိုးနှစ်ကျော်ပြီးသူတွေကတော့ တစ်နှစ်တစ်ကြိမ်သာ တုပ်ကွေးကာကွယ်‌ဆေးထိုးဖို့ လိုအပ် တာမို့ မိမိတို့ရဲ့ ကလေးငယ်တိုင်းကို တုပ်ကွေးကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံခြားကနေ တင်သွင်းတဲ့ တုပ်ကွေးကာကွယ်ဆေးတွေ ဆေးဝါး ဈေးကွက်ထဲမှာ ရှိပါတယ်။ အဲ့ဒီဆေးတွေကို အပူချိန်ထိန်းချုပ်ပြီး အအေးခန်းအတွင်း ဆေးဝါးအာနိသင် မပျက်စီး ရအောင် သိုလှောင်ထိန်းသိမ်းရပါမယ်။

မကြာခင် တပေါင်း တန်ခူးကို ရောက်ရှိတော့မှာဖြစ်ပြီး ကလေးငယ်တွေနဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးသင့်ကြောင်း ဖော်ပြထားခံရသူများလည်း မိုးဦးမကျခင် ရာသီအကူးအပြောင်း အတွင်း ပြင်ဆင် ထိုးနှံထားသင့်ကြောင်း တိုက်တွန်းပါရစေ။

နောက်တစ်ပတ်မှာတော့ အစာအိမ်ကင်ဆာ အကြောင်းအရာများကို စုံစုံလင်လင် ဖော်ပြတင်ဆက် ပေးသွားမှာဖြစ်ပြီး ဧရာဝတီတိုင်းမ် မီဒီယာရဲ့ စာဖတ်ပရိသတ်များအားလုံး နာဖျားခြင်းမှကင်းဝေးပြီး ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျန်းမာရေးဆောင်းပါး #ရာသီတုပ်ကွေးကာကွယ်ဆေး

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)

15/03/2025

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ကျန်းမာရေးအကျိုးဆက်များ မဖြစ်ပေါ်ရေးအတွက် အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

12.3.202513.3.2025ဆေးခန်း (၂)ရက်ပိတ်ပါတယ်ရှင့် ❤️
11/03/2025

12.3.2025
13.3.2025
ဆေးခန်း (၂)ရက်
ပိတ်ပါတယ်ရှင့် ❤️

✔️ဂျောက်ဂျက်ရှိလားလို့ အမေးခံရတဲ့ ဂြိုလ်သားလေး 😁ချမ်းမြေ့မေတ္တာဆေးခန်းဗိုလ်ချုပ်လမ်းနှင့်သုခလမ်းထောင့် သိင်္ဂါရပ် မကွေးမ...
02/03/2025

✔️ဂျောက်ဂျက်ရှိလားလို့
အမေးခံရတဲ့ ဂြိုလ်သားလေး 😁

ချမ်းမြေ့မေတ္တာဆေးခန်း
ဗိုလ်ချုပ်လမ်းနှင့်သုခလမ်းထောင့်
သိင်္ဂါရပ်
မကွေးမြို့

ဆေးခန်းက အနောက်လှည့်ဆိုတော့ နေပူတဲ့အချိန်ဆို စောင့်နေရတဲ့ လူနာနဲ့ လူနာစောင့်တွေကို အရမ်းအားနာရပါတယ် 🙏🙏🙏အပူသက်သာ‌‌ စေဖို့...
02/03/2025

ဆေးခန်းက အနောက်လှည့်ဆိုတော့
နေပူတဲ့အချိန်ဆို စောင့်နေရတဲ့ လူနာနဲ့ လူနာစောင့်တွေကို
အရမ်းအားနာရပါတယ် 🙏🙏🙏

အပူသက်သာ‌‌ စေဖို့
ဝါးယင်းလိပ်လေးတွေဆင်လိုက်ပြန်တော့
ဆေးခန်းပိတ်တယ် ထင်ကြပြန်ရော 💓

ပုံမှန်ချိန်အတိုင်း
မနက် 8နာရီ မှ 12နာရီ
ညနေ 5နာရီမှ 8နာရီ
ဖွင့်ပါတယ်ရှင့် ❤️❤️❤️❤️

ကျန်းမာပျော်ရွှင်ကြပါစေနော်

ချမ်းမြေ့မေတ္တာဆေးခန်း
သုခလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်
သိင်္ဂါရပ်ကွက်
မကွေးမြို့ ။

Address

Magway Township, Magway Division
Magway

Opening Hours

Monday 08:00 - 12:00
16:00 - 20:00
Tuesday 08:00 - 12:00
16:00 - 20:00
Wednesday 08:00 - 12:00
16:00 - 20:00
Thursday 08:00 - 12:00
16:00 - 20:00
Friday 08:00 - 12:00
16:00 - 20:00
Saturday 08:00 - 12:00
16:00 - 20:00
Sunday 08:00 - 12:00
16:00 - 20:00

Telephone

+95943009267

Website

Alerts

Be the first to know and let us send you an email when ချမ်းမြေ့မေတ္တာ ဆေးခန်းနှင့်ဆေးဆိုင် - Chan Myae Myittar Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share