ဖန်ခါးမြေ ဆေးဆိုင်

ဖန်ခါးမြေ ဆေးဆိုင် Service

SEGLUPAC Semaglutide 3mg,7mg,14mg ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါကုသောက်ဆေး ✨Superior HbA1c Reduction (HbA1c လျှော့ချနိုင်မှ...
18/02/2026

SEGLUPAC
Semaglutide 3mg,7mg,14mg
ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါကုသောက်ဆေး

✨Superior HbA1c Reduction (HbA1c လျှော့ချနိုင်မှု ပိုကောင်းခြင်း )

အခြားဆီချိုဆေးများဖြစ်သော Empagliflozin ,Sitagliptin , Liraglutide တို့နှင့် နှိုင်းယှဉ်ပါက HbA1c ၇ရာခိုင်းနှိုင်းအောက် လျှော့ကျသော လူနာအချိုးအစားလည်း ပိုများကြောင်းတွေ့ရသည်။

✨Weight Reduction ( ကိုယ်အလေးချိန် လျှော့ချပေးနိုင်ခြင်း )

အခြားဆီချိုဆေးများဖြစ်သော Empagliflozin ,Sitagliptin , Liraglutide တို့နှင့် နှိုင်းယှဉ်ပါက ကိုယ်အလေးချိန်သိသာစွာကျဆင်းကြောင်းတွေ့ရှိရပါသည် ။

✨Cardiovascular Safety (နှလုံးသွေးကြောရောဂါများကာကွယ်ပေးခြင်း)

နှလုံးသွေးကြောပိတ်ခြင်းနှင့်ဆလဖြတ်ခြင်းကဲ့သို့ အသက်အန္တရယ်ရှိသော နှလုံးသွေးကြောရောဂါများဖြစ်ပွားမှုလည်း လျော့နည်းကြောင်းတွေ့ရရှိပါသည် ။

ဆေးအညွှန်ဒ(Dosage)
💊ပထမတစ်လကို ၃မီလီဂရမ် တစ်နေ့လျှင်တစ်ကြိမ်
💊ဒုတိယတစ်လကို ၇မီလီဂရမ် တစ်နေ့လျှင် တစ်ကြိမ်
💊သွေးတွင်းသကြားဓာတ် ထိမ်းချုပ်ရန်
ထပ်မံလိုအပ်မှုမရှိပါက၊၇မီလီဂရမ်တစ်နေ့လျှင်တင်ကြ်ိမ်ဆက်သောက်နိုင်သည်။
💊 သွေးတွင်းသကြားဓာတ် ထိမ်းချုပ်ရန်
ထပ်မံလိုအပ်ပါက၊၁၄မီလီဂရမ် တစ်နေ့လျှင်တစ်ကြိမ် သို့တိုးသောက်နိုင်သည်။

ဆေးသောက်ရမည့်ပုံစံ
✨မနက်ပိုင်းအစာမစားခင်နာရီဝက်အလိုရေသန့်တစ်ခွက်ဖြင့်သောက်သုံးရပါမည်(ဗိုက်ထဲအစာမရှိချိန်သောက်မှသာ
ဆေးဆုပ်ယူမူကောင်းမွန်စေပါသည်)
✨ဆေးကိုဝါးစားခြင်း၊ကြိတ်ချေခြင်းမပြုလုပ်ရပါ။

✨နေ့စဉ်ဆေးကိုအချိန်မှန်သောက်သင့်ပြီး၊တစ်နေ့(၁)လုံးသာသောက်ရပါမည်။
✨ဆေးသောက်ရန်မေ့သွားပါက နောက်ရက်တွင်ဆေး(၂)လုံးမသောက်ရပါ။

မှတ်ချက်၊ SEGLUPAC ဆေးသည်ဆရာဝန်ဆေးညွှန်းနှင့်သာသောက်သုံးရသည့်ဆေးအမျိုးအစားဖြစ်ပါသည်။

ဖန်ခါးမြေဆေးဆိုင်မှာဝယ်ယူရရှိနိုင်ပါသည်
ပြည်သူ့ဆေးရုံကြီးရှေ့ မကွေးမြို့
📞09965341017

24/12/2025

တခြားကိုယ်၀န်ဆောင်အားဆေးများ နှင့် မတူတဲ့ Fertina ရဲ့ ထူးခြားချက် 🤰🏻

ဆေးတွေ ၂ မျိုး ၃ မျိုး မ၀ယ်ချင်ဘူး၊ လုံလောက်တဲ့ အာဟာရတွေ မပါ၀င်မှာလည်း စိုးတယ်၊ Quality ကောင်းတာလေး ဈေးသင့်တာလေး လိုချင်တာဆိုတဲ့ မိခင်များအတွက် Fertina က အထူးသင့်လျော်ပါတယ်။ Fertina ကို Germany 🇩🇪 နိုင်ငံမှ ထုတ်လုပ်ထားပြီး
💊 အဖြူရောင် (Vital Complex Capsule) လေးမှာ Vitamin နဲ့ Mineral ၁၈ မျိုးပါဝင်ပြီး သန္ဓေသားအတွက် အရေးကြီးတဲ့ Folic Acid 600 mcg ပါဝင်တာကြောင့် ကျောရိုးနှင့် အာရုံကြောအဖွဲ့အစည်းအတွက် အားဖြည့်ပေးပြီး ကိုယ်လက်အဂါ ပြည့်စုံတဲ့ ပေါင်ပြည့် လစေ့ကလေး မွေးဖွားပေးနိုင်ပါတယ်။
💊 အဝါရောင် (Omega 3 Capsule) လေးမှာ DHA 225 mg ပါဝင်တာကြောင့် ကလေးဥာဏ်ရည်ထက်မြက်မှုကို များစွာအထောက်အကူပြုပါတယ်။
တစ်ခါသောက် ၂လုံးတွဲသောက်ရတဲ့ (အလုံး ၃၀+၃၀) ပါတဲ့ ဆေးဖြစ်ပါသည်။

#မေမေ့ရဲ့ပထမဆုံးလက်ဆောင်မွန်
#ကိုယ်ဝန်ဆောင်အားဆေး

ဖန်ခါးမြေ ဆေးဆိုင်မှာဝယ်ယူရရှိနိုင်ပါတယ် 🥰

🌕 သီတင်းကျွတ်လပြည့်နေ့🌕 💫 သီတင်းကျွတ်နေ့ အခါသမယမှာ  စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း၊ စီးပွါးလာဒ်လာဘ ဒီရေအလားတိုးတတ်က...
06/10/2025

🌕 သီတင်းကျွတ်လပြည့်နေ့🌕

💫 သီတင်းကျွတ်နေ့ အခါသမယမှာ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း၊ စီးပွါးလာဒ်လာဘ ဒီရေအလားတိုးတတ်ကြပါစေလို့" "ဖန်ခါးမြေ ဆေးဆိုင် "မိသားစုမှ
တောင်းဆုပြုလိုက်ပါတယ်ဗျ 🙏 ❜❜

#သီတင်းကျွတ်လပြည့်နေ့ 🏮🪔

08/09/2025

ဖန်ခါးမြေဆေးဆိုင်မှဝန်ထမ်းအလိုရှိသည်

👩‍💻Computer စာရင်းကိုင်နဲ့
🙍‍♀️အရောင်းမိန်းကလေး ဝန်းထမ်း

❇ အလုပ်အမှန်တကယ်လိုအပ်ပြီး ရေရှည်လက်တွဲလုပ်ကိုင်နိုင်ရမည်။

❇ အကျင့်စာရိတ္တကောင်းမွန်ပြီး သွက်သွက်လက်လက် ရှိရမည်။

❇ အဖွဲ့အစည်းစိတ်ဓာတ်ရှိပြီး လုပ်ဖော်ကိုင်ဖက်များနှင့် ဆီလျော်အောင် တိုးတက်ရာတိုးတက်ကြောင်းဆွေးနွှေးဆောင်ရွက် နိုင်စွမ်း ရှိရမည်။
25 .9.25 ရက်နောက်ဆုံးထားလျှောက်ထားနိုင်ပါသည် ။
ဖန်ခါးမြေဆေးဆိုင်သို့Cv Formနှင့်တကွလျှောက်ထားနိုင်ပါသည်။
==============================

#ဖန်ခါးမြေဆေးဆိုင်

လိပ်စာ - ပြည့်သူဆေးရုံကြီးအနောက်ဘက် မကွေးမြို့

ဖုန်း-063-23570/09965341017

EV O3 ပစ္စည်းတွေပြန်ရောက်ပါပြီးရှင့် 💊
24/07/2025

EV O3 ပစ္စည်းတွေပြန်ရောက်ပါပြီးရှင့် 💊

အလိုလိုနေရင်းနဲ့ အသားအရေတွေကကြည်လင်မှုမရှိတော့ဘဲ ညစ်နွမ်းလာနေပါလားလို့ စိတ်ထဲမှာထင်လာတတ်ကြတဲ့ အခိုက်အတန့်တွေအတွင်းမှာ ဘယ်အရာကို အရင်ဆုံးပြေးမြင်မိတတ်လဲ ? 🤔

မင်မင်ကတော့ 💗EV-O3 ကိုပဲ အရင်ဆုံးပြေးမြင်သင့်တယ်လို့ အကြံပေးရမှာပါပဲ။ ဘာကြောင့်လဲလို့ဆိုရရင်တော့ အကြောင်းအမျိုးမျိုးကြောင့်ညစ်နွမ်းနေတဲ့အသားအရေကို ထိထိရောက်ရောက်နဲ့အမြန်ဆုံးပြုပြင်ပေးနိုင်လို့ပဲပေါ့ ❣️

✨ အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာ

✨ မသန့်ရှင်းတဲ့လေထုအခြေအနေ

✨ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာ

✨ ရေဓါတ်ခန်းခြောက်တာ

✨ အချိုနှင့်အဆီလွန်ကဲတဲ့အစားအစာတွေစားမိနေတာ

✨ စိတ်ဖိစီးမှုတွေများနေတာ နဲ့

✨ ဟော်မုန်းအပြောင်းအလဲ

…စတာတွေဟာ အသားအရေတွေကို ပုံမှန်ထက်ပိုပြီး ညစ်နွမ်းလာတာမျိုးတွေဖြစ်ပေါ်စေတတ်ပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ်ပါနော် Natural Vitamin E အဓိက ပါဝင်ထားပြီး အသားအရေကိုအတွင်းပိုင်းကနေ အားပြန်ဖြည့်ပေးနိုင်တဲ့ Wheat Germ Oil နဲ့ Omega 3 တို့ပေါင်းစပ်ပါဝင်တဲ့ 💗EV-O3 ကိုပုံမှန်သောက်ပြီး အသားအရေကိုပြန်လည်စိုပြေကြည်လင်လာအောင် လုပ်ဆောင်လို့ရနိုင်ပါတယ်။

အဲ့ဒါကြောင့် ညစ်နွမ်းနေတဲ့အသားအရေကို EV-O3 နဲ့ အမြန်ဆုံးပြုပြင်ဖို့အတွက် ခုပဲစမ်းသောက်ကြည့်ဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်နော် ❤️

✅ (Myanmar FDA ထောက်ခံချက်ရရှိပြီး)





💥 လိပ်ခေါင်းရောဂါ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းများ 💥 ♦️ ဝမ်းချုပ်လို့ ဝမ်းကိုညှစ်ပြီးသွားရတာ (ဆန့်ကျင်ဘက်အနေနှင့် ဝမ်းလျှော...
23/06/2025

💥 လိပ်ခေါင်းရောဂါ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းများ 💥

♦️ ဝမ်းချုပ်လို့ ဝမ်းကိုညှစ်ပြီးသွားရတာ (ဆန့်ကျင်ဘက်အနေနှင့် ဝမ်းလျှောလျှင်လည်း လိပ်ခေါင်း ထွက်တတ်ပါသည်)

♦️ အချိန်ကြာကြာ ထိုင်နေရခြင်း (အိမ်သာခွက်ပေါ်တွင် ကြာကြာထိုင်ခြင်းလည်း အပါအဝင် ဖြစ်သည်)

♦️ ကိုယ်လက်လှုပ်ရှား အားကစားမလုပ်ခြင်း

♦️ အမျှင်ဓာတ် အစားနည်းခြင်း

♦️ ကိုယ်အလေးချိန်များခြင်း/ ဝခြင်း

♦️ ကိုယ်ဝန်ဆောင်ခြင်း

♦️ အူမကြီးနှင့် စအိုကင်ဆာ

♦️ အသည်းရောဂါ (အသည်းခြောက်ခြင်း)

♦️ အူရောင်ရောဂါ (Inflammatory bowel disease)

♦️ စအိုနှင့် လိင်ဆက်ဆံခြင်း

♦️ ခါးရိုးအတွင်းရှိ အာရုံကြောမကြီး ထိခိုက်ခြင်းတို့ ဖြစ်ပါတယ်။

လိပ်ခေါင်းရောဂါကို ဘယ်လို ကြိုတင်ကာကွယ်မလဲ❓❓

လိပ်ခေါင်းရောဂါ မဖြစ်စေရန် လိုက်နာရမည့်အချက်များမှာ…

1⃣ ဝမ်းမချုပ်ပါစေနှင့်။ ဝမ်းမချုပ်စေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပါ။

🔹 ဝမ်းချုပ်စာများကို ရှောင်ကြဉ်ပါ။ (ဥပမာ - ကောက်ညှင်းဆန်နှင့် ပြုလုပ်ထားသော အစားအစာများ)

🔹 အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို ပုံမှန်စားပါ။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများ၊ ပဲအမျိုးမျိုး၊ ဆန်လုံးညို၊ အုတ်ဂျုံ (Oat)၊ ပေါက်ပေါက်ဆုပ်၊ အမျှင်ဓာတ်ပါဝင်သော ဆေးများ (ဥပမာ - Vegeplex®) ကိုလည်း ပုံမှန်မှီဝဲပေးနိုင်ပါသည်။

🔹 ရေများများသောက်ပါ။ သဘာဝ သစ်သီးဖျော်ရည်များလည်း သောက်သုံးနိုင်သည်။ (ဥပမာ မန်ကျည်းဖျော်ရည်)

🔹 ကိုယ်လက်လှုပ်ရှား အားကစားပုံမှန်လုပ်ပါ။

🔹 ဝမ်းသွားချင်စိတ်ဖြစ်လာလျှင် အောင့်မထားဘဲ ချက်ချင်းသွားပါ။

2⃣ ဝမ်းကို အားစိုက်ပြီး မညှစ်ပါနှင့်။

3⃣ အချိန်ကြာကြာ ထိုင်နေခြင်းကို ရှောင်ကြဉ်ပါ။ (ဝမ်းသွားစဉ် အိမ်သာခွက်ပေါ်တွင် ကြာကြာထိုင်မနေရ)

လိပ်ခေါင်းရောဂါ ဖြစ်လာခဲ့ရင် မည်သို့ပြုမူနေထိုင်ရမလဲ❓❓

လိပ်ခေါင်းရောဂါဖြစ်လာလျှင် စအိုတစ်ဝိုက် နာကျင်ခြင်းနှင့် ယားယံခြင်းတို့ ဖြစ်လာတတ်ပါသည်။ လိပ်ခေါင်းရောဂါကို အောက်ပါနည်းလမ်းများနှင့် ကုသနိုင်ပါသည်။

(၁) ရေနွေးထိုင်ခြင်း (Warm Sitz Baths) - ဇလုံခပ်ကြီးကြီးထဲသို့ ရေနွေးထည့်ပြီး ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်ကြာအောင် ထိုင်နေပေးရပါမည်။ တစ်ရက်လျှင် ၃ ကြိမ်ထိုင်ပေးပါ။ ဆားအနည်းငယ်ထည့်ရင် ပိုကောင်းပါသည်။

(၂) ရေများများသောက်ပါ။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ (ဥပမာ - ဟင်းသီးဟင်းရွက်များ) ကို ပုံမှန်စားပါ။

(၃) ဝမ်းပျော့ဆေးများ မှီဝဲပါ။ လိပ်ခေါင်းလိမ်းဆေး ခရင်မ်များ၊ ချောဆီများနှင့် စအိုထဲထည့်ရသော ဆေးတောင့် (Suppository/ ဒုံးကျည်) များကိုလည်း သုံးနိုင်ပါသည်။
ဝမ်းမချုပ်စေရန် ဂရုပြုရသလို ဝမ်းလည်း မလျှောပါစေနှင့်။

(၄) ကိုယ်လက်လှုပ်ရှား အားကစားပုံမှန်လုပ်ပါ။

(၅) အချိန်ကြာကြာ ထိုင်နေခြင်းကို ရှောင်ကြဉ်ပါ။ ထိုင်ရလျှင်လည်း တင်ပါးအောက်တွင် မုန့်လက်ကောက်/ Donut ပုံစံ လေထိုးခေါင်းအုံးကို အသုံးပြုပါ။

(၆) ဝမ်းသွားချင်စိတ်ပေါ်လာသည်နှင့် ချက်ချင်းသွားပါ။ ဝမ်းသွားစဉ် အိမ်သာခွက်ပေါ်တွင် ကြာကြာထိုင်မနေရပါ။

(၇) စအိုသန့်ရှင်းရေး ဂရုပြုပါ။

(၈) လိပ်ခေါင်းကြောင့် စအိုနာကျင်နေပါက အကိုက်အခဲပျောက်ဆေးများကို အသုံးပြုနိုင်သလို Lignocaine gel ကဲ့သို့သော ထုံဆေးဂျယ်များကို စအိုတစ်ဝိုက်တွင် လိမ်းပေးနိုင်ပါသည်။

(၉) လိပ်ခေါင်း ပြန်မဝင်တော့ခြင်း၊ နာကျင်ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်း စသည်တို့ဖြစ်လာပါက ဆရာဝန်နှင့် အလျင်အမြန် သွားရောက်ပြသပါ။

လိပ်​ခေါင်း​ရောဂါသက်သာ​ ပျောက်ကင်း​စေ​သော​
ကြိုတင် ကာကွယ်​စေ​သော ​ေသာက်ဆေး လိမ်းဆေးများကို
"ဖန်ခါးမြေ" ဆေးဆိုင်မှာ စျေးနှုန်းချိုသာစွာ
ဝယ်ယူနိုင်ပါပြီရှင့် ❤

ဘာပဲလိုလို "ဖန်ခါးမြေ" ဆေးဆိုင်ရှိတယ်နော်👩‍🔬

Phone no ☎️0632023570
📱09965341017

အခြားမြို့များသို့လည်း ငွေလွှဲ၀င်ပီး ဆေးများဂိတ်တင်ပို့ပေးပါတယ်ရှင့်

‎အသက် (၅၀) ကျော် အမျိုးသားတစ်ယောက်မှာ‎‎😢 ဆီးသွားဖို့ ခက်ခဲနေတယ်...‎😢 ဆီးသွားရင်လည်း တစ်ခါထဲ များများမသွားဘဲ နည်းနည်းနဲ့ ...
23/06/2025

‎အသက် (၅၀) ကျော် အမျိုးသားတစ်ယောက်မှာ

‎😢 ဆီးသွားဖို့ ခက်ခဲနေတယ်...
‎😢 ဆီးသွားရင်လည်း တစ်ခါထဲ များများမသွားဘဲ နည်းနည်းနဲ့ အကြာကြီးသွားနေရတယ်...
‎😢 ဆီးသွားလို့ပြီးရင်လည်း ဆီးကျန်သလို ခံစားရတယ်...

‎ဒါဆိုရင်တော့ ဆီးကျိတ်ကြီးရောဂါ ရှိ/မရှိကို စစ်ဆေးကြည့်ဖို့ လိုအပ်နေပါပြီ...

‎အမျိုးသားများ အသက်ကြီးလာလေ ဆီးကျိတ်ကြီးရောဂါ ဖြစ်ပွားမှုနှုန်း ပိုများလာပြီး အသက် ၅၀ ကျော်အမျိုးသားတွေရဲ့ ၅၀% ကျော်ဟာ ဆီးကျိတ်ကြီးရောဂါကို ခံစားနေရပါတယ်...

‎အရွယ်ရောက်ပြီးတဲ့ အမျိုးသားတိုင်း ဆီးကျိတ်ကြီးရောဂါကို သဘာဝနည်းနဲ့ ကာကွယ်၊ ကုသဖို့အတွက်ကတော့
‎🌿 𝐅𝐀𝐌𝐄 𝐒𝐚𝐰𝐏𝐚𝐥𝐦𝐞𝐭𝐭𝐨 (ဆီးကျိတ်ရောဂါဆေး) 🌿
‎ဆေးထန်းပင် (Saw palmetto) အသီးအဆီအနှစ် - ၁၆၀ မီလီဂရမ် ပါဝင်ပြီး
‎ဆီးကျိတ်ကြီးရောဂါကို ထိထိရောက်ရောက် ကာကွယ်ကုသပေးပါတယ်။


‎🌼🌼 𝐁𝐞𝐞𝐏𝐨𝐥𝐥𝐞𝐧 (ပျားဝတ်မှုန်ဆေး) 🌼🌼
‎သဘာဝအော်ဂဲနစ် ပျားဝတ်မှုန် - ၂၅၀ မီလီဂရမ်နှင့်
‎ခရမ်းချဉ်သီးအမှုန့် - ၅၀ မီလီဂရမ် ပေါင်းစပ်ပါဝင်ပြီး

‎ကိုယ်ခန္ဓာထဲမှာရှိတဲ့ အဖိုဟော်မုန်းပမာဏကို ပြန်လည်ထိန်းညှိပေးနိုင်တာကြောင့် ဆီးကျိတ်ရောင်ခြင်းကို သက်သာစေပြီး ဆီးအိတ်ကြွက်သား တင်းကျုံ့မှုကို လျော့နည်းစေကာ ဆီးသွားရ လွယ်ကူစေပါတယ်..ဒါ့အပြင် ခရမ်းချဉ်သီးမှာပါဝင်တဲ့ အစွမ်းထက် 𝐋𝐲𝐜𝐨𝐩𝐞𝐧𝐞 အာနိသင်ကြောင့် ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲတာကို ဟန့်တားပေးနိုင်ပါတယ်...

‎~~~~~~~~~

‎𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 မှမှာယူချင်တယ်ဆိုရင်တော့
‎ ☎️063 2023570
📱 09965341017




တခြားကိုယ်၀န်ဆောင်အားဆေးများ နှင့် မတူတဲ့ Fertina ရဲ့ ထူးခြားချက် 🤰🏻ဆေးတွေ ၂ မျိုး ၃ မျိုး မ၀ယ်ချင်ဘူး၊  လုံလောက်တဲ့ အာဟ...
16/09/2024

တခြားကိုယ်၀န်ဆောင်အားဆေးများ နှင့် မတူတဲ့ Fertina ရဲ့ ထူးခြားချက် 🤰🏻

ဆေးတွေ ၂ မျိုး ၃ မျိုး မ၀ယ်ချင်ဘူး၊ လုံလောက်တဲ့ အာဟာရတွေ မပါ၀င်မှာလည်း စိုးတယ်၊ Quality ကောင်းတာလေး ဈေးသင့်တာလေး လိုချင်တာဆိုတဲ့ မိခင်များအတွက် Fertina က အထူးသင့်လျော်ပါတယ်။ Fertina ကို Germany 🇩🇪 နိုင်ငံမှ ထုတ်လုပ်ထားပြီး
💊 အဖြူရောင် (Vital Complex Capsule) လေးမှာ Vitamin နဲ့ Mineral ၁၈ မျိုးပါဝင်ပြီး သန္ဓေသားအတွက် အရေးကြီးတဲ့ Folic Acid 600 mcg ပါဝင်တာကြောင့် ကျောရိုးနှင့် အာရုံကြောအဖွဲ့အစည်းအတွက် အားဖြည့်ပေးပြီး ကိုယ်လက်အဂါ ပြည့်စုံတဲ့ ပေါင်ပြည့် လစေ့ကလေး မွေးဖွားပေးနိုင်ပါတယ်။
💊 အဝါရောင် (Omega 3 Capsule) လေးမှာ DHA 225 mg ပါဝင်တာကြောင့် ကလေးဥာဏ်ရည်ထက်မြက်မှုကို များစွာအထောက်အကူပြုပါတယ်။
တစ်ခါသောက် ၂လုံးတွဲသောက်ရတဲ့ (အလုံး ၃၀+၃၀) ပါတဲ့ (၁) လသောက်စာ တစ်ဘူးကိုမှ 48,000 MMK ကျသင့်မှာဖြစ်ပါတယ်။

#မေမေ့ရဲ့ပထမဆုံးလက်ဆောင်မွန်
#ကိုယ်ဝန်ဆောင်အားဆေး
🏥ဖန်ခါးမြေ ဆေးဆိုင် တွင်ဝယ်ယူရရှိနိုင်ပါသည်။
📱 09965341017 , 063.2023570

👌👌စိတ်ချယုံကြည်ရသော DKSH Company မှ တင်သွင်းသည့် MM Reg ရ Vaxigrip Tetra 2024 (လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး) မျာ ဖန...
25/07/2024

👌👌စိတ်ချယုံကြည်ရသော DKSH Company မှ တင်သွင်းသည့် MM Reg ရ Vaxigrip Tetra 2024 (လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး) မျာ ဖန်ခါးမြေ ဆေးဆိုင်တွင် ဝယ်ယူနိုင်ပါသည်။

💁 ရာသီတုပ်ကွေးရောဂါကို ကာကွယ်နိုင်ဖို့ ရာသီတုတ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးကို (၁)လလောက် ကြိုထိုးခြင်းအားဖြင့် တူတ်ကွေးရာသီ ရောဂါကူးစက်ချိန်မှာ ကာကွယ်ဆေးမှ ထွက်ရှိလာတဲ့ ကိုယ်ခံအားစနစ် (Immune respose)က အပြည့်အဝ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

✅အသက် (၆)လမှ စပြီး ထိုးလို့ရပါတယ်

✅ကိုယ်ဝန်ဆောင်မိခင်များလည်း ဆရာဝန်နှင့်တိုင်ပင်ပြီး ထိုးလို့ရပါတယ်

✅အသက် (၉) နှစ်အောက် ကလေးများ အရင်နှစ်က တုပ်ကွေးကာကွယ်ဆေးမထိုးရသေးရင် (၁)လ ခြားပြီး (၂)ကြိမ်ထိုးရပါမယ်၊ အရင်နှစ်က ထိုးဖူးရင် (၁)ကြိမ်သာ ထိုးရပါမယ်

✅အသက် (၉) နှစ်အထက်များ အရင်က တုပ်ကွေးကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည် ဖြစ်စေ (၁) ကြိမ်ထိုးရင် လုံလောက်ပါတယ်

✅အဓိကထိုးသင့်သူများ
-ကလေးများ
-အဆုတ်ရောဂါအခံရှိသူများ
-ကိုဗစ်ရောဂါပြင်းထန်စွာဖြစ်ခဲ့ဖူးသူများ
-ကျောက်ကပ်၊ အသည်း၊ ဘေလုံးထုတ်ထားသူများ
-နာတာရှည်ရောဂါခံစားနေရသူများ

မှတ်ချက် ။ ။ လိုင်းဆေးများလည်း စျေးကွက်မှာ ရှိတာမို့ MM register ရပြီး Cold chain မပျက် စိတိချရတဲ့ ဆေးကိုသာ ထိုးဖို့အကြုံပြုပါတယ်ရှင့်

Phan Khar Myay Pharmacy Magway
Ph-09. 965341017

💜၃ကြိမ်မြောက်  ပံ့သကူ (20)ယောက်ယူ  💜ယခု Post ကို​တွေ့တဲ့သူ က page ကို like လုပ်​ share ​ပေးပြီး comment မှာ မန့်​ပေး​နော...
27/11/2023

💜၃ကြိမ်မြောက် ပံ့သကူ (20)ယောက်ယူ

💜ယခု Post ကို​တွေ့တဲ့သူ က page ကို like လုပ်​ share ​ပေးပြီး comment မှာ မန့်​ပေး​နော်

💜Comment ​​ပေးသူရပါမယ်ရှင်
💐🙏​ပျော်ရွှင် စရာ တန်​ဆောင်တိုင် ညဖြစ်ပါ​စေရှင်။

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

Address

Hospital Street
Magway
(20.1477349,94.9269511)

Telephone

0632023570

Website

Alerts

Be the first to know and let us send you an email when ဖန်ခါးမြေ ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share