15/05/2022
‼️ ရာသီတုပ်ကွေး ကာကွယ်ဆေး VaxigripTetra 2022 ကို လန်ဒန် ၂၄ နာရီဆေးခန်းတွင် ထိုးနှံနိုင်ပါသည် ‼️
☑️ VaxigripTetra သည် မြန်မာနိုင်ငံ FDA မှ တရားဝင် အသိအမှတ်ပြုရရှိထားသော တုပ်ကွေးကာကွယ်ဆေးဖြစ်ပါသည်။
💉Vaxigrip Tetra 2022 က ဘယ်လို တုပ်ကွေးကို ကာကွယ်ပေးတာလဲ?
အဓိက ကတော့ အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄မျိုးကို ကာကွယ်ပေးပါတယ်။
1. Influenza A/Victoria/2570/2019 (H1N1)pdm09-like virus
2. Influenza A/Cambodia/e0826360/2020 (H3N2)-like virus
3. Influenza B/Washington/02/2019 (B/Victoria lineage)-like virus
4. Influenza B/Phuket/3073/2013 (B/Yamagata lineage)-like virus
💉ဘယ်အရွယ်တွေ ထိုးလို့ရလဲ?
Vaxigrip tetra က 6 လ က စထိုးလို့ရပါတယ်။
***တစ်ကြိမ်မှမထိုးဘူးသေးသော ၉နှစ်အောက်ကလေးများ ၂ကြိမ်ကို ၄ပတ်ခြားပြီးထိုးပေးရပါမယ်။ ထိုးပြီး နောက်နှစ်များတွင်တော့ တစ်ကြိမ်သာ ထိုးရန် လိုအပ်ပါတော့တယ်။
💉ဘယ်လိုလူတွေ ထိုးထားသင့်သလဲ?
ဖြစ်နိုင်ရင် ၆ လအထက် အကုန်ထိုးထားသင့်ပါတယ်။
ပိုပြီး အထိုးသင့်ဆုံးသူတွေကတော့
- အသက်(၆) လ မှ (၅)နှစ်အထိကလေးများ
- အသက်ကြီးရွယ်အိုများ (အသက် (၆၅)နှစ်အထက်)
- ကိုယ်ဝန်ဆောင်မိခင်များ
- ရောဂါအခံရှိတဲ့ကလေး ဥပမာ နှလုံးရောဂါ ပန်းနာရင်ကြပ်ရောဂါ
- နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစသည်တို့) ဖြစ်ပါတယ်။
➡️ Vaxigrip တုပ်ကွေးကာကွယ်ဆေးထိုးနှံလိုသူများအနေဖြင့် 09940590993 သို့ ဆက်သွယ်စာရင်းပေးသွင်း၍ စုံစမ်းနိုင်ပါသည်။