11/01/2022
#ရေများများသောက်ဖို့လိုအပ်နေပြီဆိုတာကိုပြနေတဲ့လက္ခဏာ(၅)ရပ် #🍷🥛🥤
***********************************
#ကမ္ဘာပေါ်က ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓာတ်ကို လုံလုံလောက်လောက် မသောက်ဘဲ တစ်ခြား ဖျော်ရည်တွေနဲ့ပဲ ဖြည့်တင်းနေကြပါတယ်။
အံ့သြစရာကောင်းတာက အရွယ်ရောက်သူတွေတောင် ရေကို အလုံအလောက် မသောက်ကြပါဘူး။ လူအများစုဟာ တစ်နေ့တာလုံး လန်းဆန်းစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကဖိန်းဓာတ်များတာတွေကိုပဲ သောက်လေ့ရှိကြပါတယ်။
ဒါပေမယ့် အရည်သောက်တိုင်း ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကို အပြည့်အဝ မရဘူး ဆိုတာကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ အရေးမကြီးဘူး ထင်ရပေမယ့် ရေဓာတ်မလုံလောက်ခြင်းကလည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဥပမာ အစာခြေစနစ်တွေ၊ ဆီးနဲ့ ပတ်သတ်တာတွေ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေ၊ စိတ်ဖိစီးမှုများတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ရေဓာတ်ရှိနေဖို့ ဆိုရင် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ လူတွေ လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ လှုပ်လှုပ်ရှားရှား အလုပ်လုပ်ရတဲ့ အခါတွေမှာ ချွေးထွက်ပြီးနောက် ခန္ဓာကိုယ်မှာ ရေဓာတ်လျော့နည်း လာတတ်တာကြောင့် အမြဲ ပြန်ပြီး ဖြည့်တင်းပေးနေဖို့ လိုပါတယ်။
ရေက ခန္ဓာကိုယ် အစိတ်အပိုင်း အတော်အများအတွက်ကို အထောက်အကူ ပြုပေးပါတယ်။ ဒီတော့ ရေဆိုတာ လူ့အသက်သွေးကြောလိုပါပဲ။
သင့်ခန္ဓာကိုယ်ဟာ ဘယ်အချိန်မှာ ရေဓာတ် ပိုပြီး လိုအပ်လည်း ဆိုတာကို သိနိုင်ဖို့ အရေးကြီးပါတယ်။
၁။ အသားအရေတွေ၊ နှုတ်ခမ်းတွေ ခြောက်သွေ့လာခြင်းက ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေပြီ ဆိုတာရဲ့ လက္ခဏာတစ်ရပ်ပါပဲ။
၂။ ဆီးအရောင် အရမ်းဝါတာ ဒါမှမဟုတ် အညိုရောင် သန်းနေခြင်းသည်လည်း ရေဓာတ်လိုအပ်နေကြောင်း ပြသနေသော လက္ခဏာ နောက်တစ်ရပ်ပါ။
၃။ နောက်ကျောတက်ခြင်းတွေ၊ အရိုးအဆစ် နာကျင်ခြင်းတွေ မကြာခဏ ဖြစ်ပေါ်နေတတ်ခြင်းသည်လည်း ရေဓာတ်ချွတ်ယွင်းမှုရဲ့ လက္ခဏာတစ်ပါးပါ။ ရေဟာ အရိုးအဆစ်တွေ ကျန်းမာသန်စွမ်းဖို့လည်း များစွာ အထောက်အကူ ဖြစ်စေတာကြောင့် ရေများများ သောက်ပေးသင့်ပါတယ်။
၄။ ပုံမှန်ထက် ပိုပြီး လေးလံထိုင်းမှိုင်းနေပြီး၊ သို့မဟုတ် ပုံမှန်ထက် ပိုပြီး ပင်ပန်းနေပြီ ဆိုရင် သင့်ဆဲလ်တွေ အလုပ်လုပ်ဖို့ ရေဓာတ် အရမ်း လိုအပ်နေပါပြီ။
၅။ စားသလောက် ဗိုက်မဝ ဖြစ်နေရင်လည်း ခန္ဓာကိုယ်ရဲ့ အမှန်တကယ် လိုအပ်ချက်က ရေဓာတ်ပါ။ ရေဝအောင် သောက်ပေးလိုက်ရင် အဆင်ပြေသွားမှာပါ။