Shwe Kant Kaw Specialist Clinic & Diagnostic Center

Shwe Kant Kaw Specialist Clinic & Diagnostic Center မင်္ဂလာပါ

24/06/2026

မင်္ဂလာပါ

🩷 ဒီနေ့တော့ Shwe Kant Kaw Specialist Clinic တစ်ခုကသူနာပြုမလေးတစ်ယောက်ရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ တစ်နေ့တာကို အတူတူ လိုက်ကြည့်လိုက်ရအောင်!

🩷 ဒီဗီဒီယိုကို ကြည့်ပြီးနောက်မှာ Nurse
ဖြစ်ချင်တဲ့သူတွေ ရှိလား? ဒါမှမဟုတ် Nurse တွေအကြောင်း သိချင်တာလေးတွေ ရှိရင် Comment မှာ မေးခဲ့ပေးဦးနော်။ Bye! 👋

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်း နှင့် ၇၇လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530










22/06/2026

မင်္ဂလာပါ

ကျန်းမာရေးအတွက် ဓာတ်ခွဲခန်းက ဘာလို့ အရေးကြီးတာလဲ? 🔬🔬

🔬တချို့ကျတော့ ရောဂါဖြစ်ပြီဆိုရင် ဓာတ်ခွဲခန်းစစ်ဆေးဖို့ (Lab Test) ကို အချိန်ကုန်တယ်၊ ငွေကုန်တယ်လို့ ထင်တတ်ကြပါတယ်။
🔬တကယ်တော့ ကျန်းမာရေးစောင့်ရှောက်မှုမှာ ဓာတ်ခွဲခန်းဟာ ဆရာဝန်တွေအတွက် 'မျက်စိ'သဖွယ် အရေးပါပါတယ်။ ဒီနေ့တော့ ဓာတ်ခွဲခန်းက ဘာကြောင့်အရေးကြီးလဲဆိုတာကို အချက် ၃ ချက်နဲ့ ရှင်းပြပေးပါမယ်။

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်းနှင့်၇၇လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530








#ကျန်းမာသုတ

19/06/2026

မင်္ဂလာပါ

🌧️မိုးရာသီမှာ သွေးလွန်တုပ်ကွေးက ကလေးတွေရော လူကြီးတွေပါ အန္တရာယ်ရှိပါတယ်။ ဒီအချက်လေးတွေကို သိထားရုံနဲ့ မိသားစုကို ကာကွယ်နိုင်ပါတယ်။ 🦟 🦟

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်းနှင့်၇၇လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530











#ကျန်းမာသုတ

မင်္ဂလာပါ မိုးတွင်းမှာ "ဝမ်း" နဲ့ပတ်သက်တဲ့ ပြဿနာတွေကြောက်နေရပြီလား? 🌧️🩺မိုးရာသီရောက်လာပြီဆိုတာနဲ့အတူ ကျွန်တော်တို့ သတိထာ...
15/06/2026

မင်္ဂလာပါ

မိုးတွင်းမှာ "ဝမ်း" နဲ့ပတ်သက်တဲ့ ပြဿနာတွေကြောက်နေရပြီလား? 🌧️🩺

မိုးရာသီရောက်လာပြီဆိုတာနဲ့အတူ ကျွန်တော်တို့ သတိထားရမည့် အဓိကကျန်းမာရေးစိန်ခေါ်မှုတစ်ခုကတော့ "ဝမ်းပျက်ဝမ်းလျောရောဂါ" ပဲ ဖြစ်ပါတယ်။ မိုးရေထဲမှာ ပေါက်ဖွားလွယ်တဲ့ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေဟာ ကျွန်တော်တို့ စားသောက်တဲ့ ရေနဲ့ အစားအစာတွေဆီ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

📌ဝမ်းပျက်ဝမ်းလျောရောဂါ ဘာကြောင့်အဖြစ်များတာလဲ?
- မိုးရေကြောင့်ရေအရင်းအမြစ်များညစ်ညမ်းခြင်း။
- အစားအစာများ ပုပ်သိုးလွယ်ခြင်း။
- ပတ်ဝန်းကျင်ရှိ ယင်ကောင်များ ပေါက်ဖွားနှုန်း မြင့်တက်ခြင်း။

📌 ဒီရောဂါကို ဘယ်လိုကာကွယ်ကြမလဲ?
၁။ သန့်ရှင်းသောရေ
ရေကို ကျိုချက်သောက်သုံးခြင်း သို့မဟုတ် စနစ်တကျ သန့်စင်ထားသောရေကိုသာ သုံးစွဲပါ။
၂။ လက်သန့်ရှင်းရေး
အစားမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ စနစ်တကျဆေးကြောပါ။
၃။ အစားအစာ
အစားအစာများကို ဖုံးအုပ်ထားပါ။ ပူနွေးလတ်ဆတ်သော အစားအစာများကိုသာ ရွေးချယ်စားသုံးပါ။ ၄။ သတိပြုရန် - အသီးအရွက်များကို ဆားရည် သို့မဟုတ် ရေသန့်ဖြင့် စင်ကြယ်အောင် ဆေးကြောပါ။

📌 ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
ဝမ်းအကြိမ်ကြိမ်သွားခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း (အာခေါင်ခြောက်ခြင်း၊ ဆီးနည်းခြင်း)၊ ဖျားခြင်းနှင့် ဝမ်းထဲတွင် သွေး၊ အချွဲပါလာပါက ပေါ့ဆမနေပါနဲ့။ ချက်ချင်းဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

🩺 သင့်မိသားစုများအားလုံး မိုးရာသီမှာ ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ဖို့ အထက်ပါအချက်လေးတွေကို သတိပြု လိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။

🩺 သင့် ကျန်းမာရေးအတွက် အစဉ်ဂရုစိုက်ပေးနေတဲ့ ရွှေကံ့ကော်အထူးဆေးခန်းက သင်နဲ့အတူအမြဲရှိနေပါတယ်။
📞 အသေးစိတ် သိရှိလိုပါက (သို့မဟုတ်) ရက်ချိန်းယူလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်းနှင့်၇၇လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530






#ဝမ်းပျက်ဝမ်းလျော
#ကျန်းမာသုတ


13/06/2026

မင်္ဂလာပါ

🩸ကမ္ဘာ့သွေးလှူရှင်များနေ့🩸
(World Blood Donor Day)

🩸"သင်သိပါသလား... တစ်စက္ကန့်တိုင်း၊ ကမ္ဘာ့နေရာတိုင်းမှာ သွေးလိုအပ်နေတဲ့ လူနာတွေ ရှိနေပါတယ်။ အဲဒီလူနာတွေအတွက် သင့်သွေးတစ်အိတ်ဟာ ဆေးဝါးမဟုတ်ပါဘူး...'မျှော်လင့်ချက်'ပါ။"

🩸"ဒီနေ့ ဇွန်လ ၁၄ ရက်၊ ကမ္ဘာ့သွေးလှူရှင်များနေ့မှာ ကျွန်မ တို့ ပြောချင်တဲ့ စကားလေး တစ်ခုရှိပါတယ်။ 'သင်ဟာ လူတစ်ယောက်ရဲ့ အသက်ကယ်သူ
ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။'

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်းနှင့်၇၇လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530









#ကျန်းမာသုတ

11/06/2026

မင်္ဂလာပါ

မိုးရာသီရောက်ပြီ! ဒါပေမဲ့ သင့်အိမ်မှာ ဒီအန္တရာယ်ကို သတိမထားမိသေးဘူးလား? ☔️🦟

🦟 မိုးသည်းထန်စွာရွာသွန်းပြီး ရေဝပ်မှုများလာချိန်မှာ ကျွန်ုပ်တို့ရဲ့ ချစ်ရတဲ့ မိသားစုဝင်တွေအတွက် အန္တရာယ်ပေးနေ တာကတော့ "သွေးလွန်တုပ်ကွေး" ပါပဲ။

🦟 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)ရဲ့ သတိပေးချက်အရ သွေးလွန်တုပ်ကွေးဟာ ကူးစက်မြန်ပြီး အချိန်မီမကုသပါက အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒီတော့ ဒီနေ့မှာ ကျွန်တော်တို့ အတူတူ သတိထားကြရအောင်။

⚠️ ဒီလက္ခဏာတွေကို လုံးဝမပေါ့ဆပါနဲ့!
အောက်ပါလက္ခဏာများ ခံစားရပါက
• ရုတ်တရက် အဖျားကြီးခြင်း ( ၂ ရက်မှ ၇ ရက် အထိ)
• မျက်လုံးအိမ်နောက်ဘက် နာကျင်ခြင်း
• အဆစ်နှင့် ကြွက်သားများ ပြင်းထန်စွာကိုက်ခဲခြင်း
• အရေပြားပေါ်တွင် အနီစက်များ ပေါ်လာခြင်းအဖျားကျပြီးနောက်ပိုင်း ဗိုက်အလွန်အမင်းအောင့်ခြင်း၊ သွားဖုံးမှသွေးယိုခြင်း (သို့) မောပန်းနွမ်းနယ်ခြင်းများ ဖြစ်ပေါ်လာပါက အရေးပေါ် အခြေအနေ ဖြစ်နိုင်သဖြင့် ချက်ချင်း ဆေးရုံ/ဆေးခန်းသို့ သွားရောက်ပြသရပါမည်။

🛡️ WHO အကြံပြုထားသော '၅-သ' ကာကွယ်နည်း
သွေးလွန်တုပ်ကွေးကို ကာကွယ်ဖို့အတွက် မိမိအိမ်မှာ ချက်ချင်းစတင်လိုက်ပါ -

1. သန့်ရှင်းပါ - ရေလှောင်ကန်များနှင့် ပန်းအိုးများကို ရေလဲပြီး သန့်ရှင်းပေးပါ။
2. သုတ်သင်ပါ - ခြင်ဥနိုင်သည့် အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်ပါ။
3. သတိပြုပါ - နေ့ခင်းဘက်တွင် ခြင်မကိုက်စေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပါ။
4. သေချာစွာအိပ်ပါ - နေ့/ည မရွေး ခြင်ထောင်ကို မပျက်မကွက် အသုံးပြုပါ။
5. သတင်းပို့ပါ - ရောဂါလက္ခဏာရှိသူများကို ချက်ချင်း ကျန်းမာရေးဌာနသို့ သတင်းပို့ပါ။

🦟 သင့်အိမ်မှာ ခြင်မပေါက်ပွားအောင် ဘယ်လိုကြိုတင်ကာကွယ်မှုတွေ လုပ်ထားလဲ? အိမ်တိုင်းအတွက် အသုံး ဝင်မယ့် အကြံဉာဏ်လေးတွေကို Comment မှာ Share ပေးသွားပါဦး။

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်းနှင့်၇၇လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530





#ကျန်းမာသုတ

09/06/2026

မင်္ဂလာပါ

🏥 ဆေးရုံ၊ ဆေးခန်း အများကြီးထဲမှာ ဘယ်နေရာကို သွားရမလဲ၊ ဘယ်သူ့ကို အားကိုးရမလဲဆိုတာ စဉ်းစားရခက်နေလား?

🏥 ရိုးရိုးဖျားနာတာကအစ ကင်ဆာရောဂါအထိ ကုသပေးနေတဲ့ "ရွှေကံ့ကော်အထူးကုဆေးခန်း" က
သင့်အတွက် အဖော်ကောင်း ဖြစ်ပါလိမ့်မယ်။

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်းနှင့်၇၇လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530








#ကျန်းမာသုတ

07/06/2026

မင်္ဂလာပါ
"ကမ္ဘာ့စားသောက်ကုန် ဘေးကင်းလုံခြုံရေးနေ့"

(World Food Safety Day )

👉သင် နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေက သင့်ကျန်းမာရေးရဲ့ အုတ်မြစ်ပါပဲ။ ဒါပေမဲ့ ကျွန်ုပ်တို့ စားသုံးလိုက်တဲ့ အစားအစာတွေဟာ ဘေးကင်းလုံခြုံမှုရှိရဲ့လားဆိုတာကိုရော သတိပြုမိကြရဲ့လား?

👉နှစ်စဉ် ဇွန်လ (၇) ရက်နေ့ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့က "ကမ္ဘာ့စားသောက်ကုန် ဘေးကင်းလုံခြုံရေးနေ့" (World Food Safety Day) အဖြစ် သတ်မှတ်ထားပါတယ်။

👉ဒီနေ့ရဲ့ အဓိကရည်ရွယ်ချက်က ကမ္ဘာပေါ်မှာ လူပေါင်း သန်း (၆၀၀)ခန့်ဟာ အစားအစာမသန့်ရှင်းမှုကြောင့် နှစ်စဉ်ဖျားနာနေကြရပါတယ်။

WHO နှင့် FAO တို့က အစားအစာကြောင့်ဖြစ်ပွားသည့်ရောဂါများမှ ကာကွယ်ဖို့အောက်ပါ အခြေခံအချက် (၅)ချက်ကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းထားပါတယ်။

📌သန့်ရှင်းမှုကို ထိန်းသိမ်းပါ
လက်ဆေးပါ၊ အစားအစာပြင်ဆင်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို သန့်ရှင်းစွာထားပါ။

📌အသားစိမ်းနှင့် ချက်ပီး‌သားကို ခွဲခြားထားပါ
အသားစိမ်း၊ ပင်လယ်စာစိမ်းများကို ချက်ပြီးသား အစား အစာများနှင့် ရောနှောမထားပါနှင့်။

📌ကောင်းစွာချက်ပြုတ်ပါ
အသားနှင့် ဟင်းလျာများကို ကျက်အောင်ချက်ပြုတ်ခြင်းဖြင့် ဘက်တီးရီးယားများကို သေစေနိုင်ပါတယ်။

📌လုံခြုံသော‌နေရာတွင် သိမ်းဆည်းပါ
ချက်ပြီးသား အစားအစာများကို အပြင်မှာအကြာကြီး
မထားပါနှင့်။ (ရေခဲသေတ္တာတွင် သိမ်းဆည်းပါ)

📌 သန့်ရှင်းသော ရေနှင့် ကုန်ကြမ်းများကိုသုံးပါ
အသီးအရွက်များကို သန့်စင်သောရေဖြင့် ဆေးကြောပြီး သက်တမ်းလွန် ကုန်ပစ္စည်းများကို အသုံးမပြုပါနှင့်။

👉စားသုံးသူများအနေဖြင့်
အစားအစာဝယ်ယူချိန်တွင် သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးပါ။ အိမ်မှာချက်ပြုတ်ရာတွင် သန့်ရှင်းမှုကို အထူးဂရုစိုက်ပါ။

👉ရောင်းချသူ/ထုတ်လုပ်သူအနေဖြင့်
ကျန်းမာရေးနှင့် ညီညွတ်သော ထုတ်လုပ်မှုစနစ်များကို ကျင့်သုံးပြီး စားသုံးသူများအတွက် ယုံကြည်စိတ်ချရသည့် အရည်အသွေးကို ထိန်းသိမ်းပါ။

👉ဒီနေ့ကစပြီး သင့်မိသားစုရဲ့ အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် အလေ့အကျင့်ကောင်းတွေကို စတင်လိုက်ကြပါစို့။ 🍔🥩🍗🥦🍎🌶️🍉🍓🫚🫕

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်းနှင့်၇၇လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530









#ကျန်းမာသုတ

05/06/2026

မင်္ဂလာပါ

ကျွန်မတို့ရဲ့ အသက်ရှုလမ်းကြောင်းနဲ့ ပတ်ဝန်းကျင်က ဘာတွေဆက်စပ်နေလဲ?

ဒါကိုသိဖို့အတွက် အခု Video လေးကို ဆုံးအောင်ကြည့်ပေးပါနော် 👇

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့
World Environment Day 🪴🌳🌿

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်းနှင့်၇၇လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530







01/06/2026

မင်္ဂလာပါ

"ကင်ဆာကုသမှု ခံယူနေတဲ့ လူနာနဲ့ လူနာရှင်တွေ
ဒါကို မသိရင် ငွေကုန်လူပန်း ဖြစ်တတ်ပါတယ်!"

"ကင်ဆာရောဂါကို ရင်ဆိုင်ရတဲ့အခါ စိုးရိမ်စိတ်ကြောင့် အမှတ်မှားပြီး ငွေကုန်ကုန်လူပန်းဖြစ်စေသည့် အဓိကအချက် (၄) ချက်ကို ပြောပြပါရစေ။

ရွှေကံ့ကော်
အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
ဓါတ်ခွဲခန်း

🏥အမှတ် (၁၅၁)၊၂၈လမ်း၊ ၇၆လမ်းနှင့်၇၇လမ်း ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️09-885994411, 09-885994422,
☎️09-885994433, 09-764155530






#ကျန်းမာရေးဗဟုသုတ

Address

အမှတ်(၁၅၁)၊ ၂၈ လမ်း ၊ ၇၆ လမ်း နှင့် ၇၇ လမ်းကြား
Mandalay

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959764155530

Website

Alerts

Be the first to know and let us send you an email when Shwe Kant Kaw Specialist Clinic & Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Kant Kaw Specialist Clinic & Diagnostic Center:

Share