Kan Thar Min Clinic

Kan Thar Min Clinic Healthy is Wealthy

"တစ်​ကျော့ပြန် ခေါင်းထောင်လာတဲ့ Covid Omicron မျိုးကွဲ တစ်ခုဖြစ်တဲ့   (သို့)  .1.16" Omicron မျိုးကွဲ ဆိုတဲ့ အတိုင်း အရင...
04/05/2023

"တစ်​ကျော့ပြန် ခေါင်းထောင်လာတဲ့ Covid Omicron မျိုးကွဲ တစ်ခုဖြစ်တဲ့ (သို့) .1.16"

Omicron မျိုးကွဲ ဆိုတဲ့ အတိုင်း အရင်ထက်ပိုပြီး ကူးစက်မှုနှုန်းကတော့ အတော် မြန်ဆန်ပါတယ်.
ပထမဦးဆုံး စတင်တွေ့ရှိခဲ့တာတော့ January 2023 India မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့တော့ April လလယ် လောက်မှာ ကူးစက်မှုနှုန်းတေ မြင့်တက်လာတာ ဖြစ်ပါတယ်.ပြင်းထန်မှု အနေနဲ့ကတော့ သေဆုံးနှုနန်း မြင့်တက်မှု သိပ်မတွေ့ရသေးပေမယ့် မပေါ့ဆသင့်တဲ့ Covid Virus တစ်ခု ဖြစ်ပါတယ်ခင်ဗျာ.ထူးခြားချက်အနေနဲ့ကတော့ အရင် Covid ကာကွယ်ဆေး ထိုးသူများလည်း ပြန်ဖြစ်နိုင်ပြီး အရင် Covid ဖြစ်ပြီး Antibody ထွက်ထားသူများလည်း ပြန်ဖြစ်နိုင်ပါတယ် ခင်ဗျာ

ရောဂါ လက္ခဏာများ
(၁) တုပ်ကွေးရောဂါ လက္ခဏာများ( နှာစေး၊ ချောင်းဆိုး ၊ လည်ပင်းနာ ၊ အဖျားတက် စသည်)
(၂) ကိုယ်ခန္ဓာ နှုန်းချိ / ပင်ပန်း
(၃) မျက်စိ နာ/နီ
(၄) SpO2 အနည်းငယ် ကျတတ်

ဘယ်သူတွေ သတိထားသင့်လဲ
(၁) ကလေးငယ် နှင့် သက်ကြီးပိုင်း အရွယ်များ
(၂) ရောဂါ အခံ ရှိသောသူများ
(၃) ကိုယ်ခံအား နည်းတတ်သူများ
(၄) ကိုယ်ဝန်ဆောင် မိခင်များ

ဘယ်လိုကာကွယ်ရမလဲ
- အရင် Covid ကာကွယ်မှု နည်းလမ်းများအတိုင်း အပြင်သွားတိုင်း Mask တပ်ပါ ၊ လက်ဆေးပါ ၊ လူစုလူဝေး တတ်နိုင်သမျှ ရှောင်ပါ ။

Dr.Hein Htet

Hand Foot Mouth Disease(HFM)ဒီရက်ပိုင်းမှာ ကလေးတွေမှာ အဖြစ်များနေတဲ့ Hand, Foot and Mouth Disease လို့ခေါ်တဲ့ ကူးစက်ရောဂ...
23/05/2022

Hand Foot Mouth Disease(HFM)

ဒီရက်ပိုင်းမှာ ကလေးတွေမှာ အဖြစ်များနေတဲ့ Hand, Foot and Mouth Disease လို့ခေါ်တဲ့ ကူးစက်ရောဂါတစ်ခုအကြောင်း ပြောပြချင်ပါတယ်။

Virus ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါပါ။ အသက် (၅) နှစ်အောက်ကနေ (၁၀) နှစ်အရွယ်ကလေးတွေအထိ အဖြစ်များပါတယ်။ ကျန်အရွယ်တွေမှာ ဖြစ်တာနည်းပါတယ်။ ဖြစ်ရခြင်းကတော့ ကလေးတွေရဲ့ ပါးစပ်ထဲကို လက်ထည့်လေ့ရှိတဲ့ အကျင့်ကြောင့်ပါ။

သိသာတဲ့ လက္ခဏာတွေဟာ ကိုယ်ပူတက်ပြီးဖျားခြင်း၊ ပါးစပ်မှာ အနာပေါက်ခြင်း နဲ့ ခြေလက်တွေမှာ အရည်ကြည်ဖုလေးတွေပေါက်ခြင်းတို့ ဖြစ်ပါတယ်။

Enterovirus အုပ်စုဝင် Polioviruses, Coxsackieviruses, Echoviruses နဲ့ Enterovirus တွေကြောင့် ဖြစ်တာပါ။ အဖြစ်များတာက Coxsackie A virus (A 16) ကြောင့်ဖြစ်ပြီး ရောဂါပြင်းထန်ရင် EV 71 ကြောင့် ဖြစ်တာပါ။

အပူပိုင်းဒေသများမှာတော့ တနှစ်ပတ်လုံး ဖြစ်နိုင်ခြေ ရှိပါတယ်။

တိရိစ္ဆာန်တွေမှာဖြစ်တဲ့ ခွာနာလျှာနဲ့ ဘာမှ မဆိုင်ပါ။ တိရိစ္ဆာန်ကနေ လူကို မကူးစက်နိုင်သလို လူကနေလည်း တိရိစ္ဆာန်များကို မကူးစက်ပါ။

#ကူးစက်ပြန့်ပွားခြင်း

ရောဂါပိုးကူးစက်ထားသူ၏ တံတွေး၊ သလိပ်၊ နှာရည်၊ မစင် နဲ့ အရည်ကြည်ဖုထဲရှိ အရည်တို့မှာ ရောဂါပိုးတွေ ရှိနေပါတယ်။

ကူးစက်ထားတဲ့ကလေးတွေနဲ့ အနီးကပ်နေခြင်း၊
နှာချေခြင်း / ချောင်းဆိုးခြင်းကြောင့် လေမှတဆင့် ကူးစက်ခြင်း၊
ပိုးရှိသော မစင်ကို ထိမိခြင်း နှင့်
ပိုးရှိနေသော အသုံးအဆောင်ပစ္စည်းများကို ထိမိခြင်း တို့ကြောင့် ကူးစက်စေနိုင်ပါတယ်။

ကူးစက်ထားတဲ့ကလေးကို အဖျားပျောက်ပြီး အနာ / အဖုတွေပျောက်တဲ့အထိ အိမ်မှာပဲ ထားတာ အကောင်းဆုံးပါ။

#ရောဂါလက္ခဏာများ

ပိုးဝင်ပြီး (၃-၇) ရက်မှာ ရောဂါလက္ခဏာတွေ စတင်ပြပါတယ်။

ဖျားပြီး (၁-၂) ရက်အကြာမှာ ခြေထောက်နဲ့လက်တွေမှာ အနီစက်တွေပေါ်မယ်။ မီးလောင်ဖုလို အရည်ကြည်ဖုတွေ ဖြစ်လာမယ်။ အနာလည်း ဖြစ်လာနိုင်တယ်။ ပါးစပ်မှာလည်း ဖြစ်နိုင်တယ်။ အလွန်ယားတယ်။ ဒူး၊ တံတောင်ဆစ်၊ တင်ပါး နဲ့ လိင်အင်္ဂါတွေမှာပါ အဖုတွေ ပေါက်လာနိုင်ပါတယ်။

ဝမ်းပျက်မယ်။ အားယုတ်မယ်။ ကိုယ်ပူမယ်။ မအီမသာ ဖြစ်မယ်။ နှုံးခွေနေမယ်။ လည်ချောင်းပါနာနိုင်တယ်။ အစားပျက်မယ်။ ကလေးဆိုရင် ငိုနေမယ်။ အချော့ရခက်မယ်။ ပါးစပ်က အနာကြောင့် အစာကျွေးရခက်ခဲမယ်။ တချို့ကလေးတွေ ဗိုက်အောင့်တတ်တယ်။ အန်တတ်တယ်။

ရေသိပ်မသောက်နိုင်ရင် ရေဓါတ်ခမ်းခြောက်လာနိုင်တယ်။ ပါးစပ်က အနာတွေကြောင့် ရေသောက်ရခက်ခဲတဲ့အခါ ရေဓါတ်ခမ်းခြောက်ပါတယ်။ ဖျားနာချိန်ကစလို့ ရေကို သတိထားပြီး ခဏခဏ တိုက်ပါ။ ရေဓါတ်ခမ်းခြောက်လွန်းလျှင် ဆေးရုံတင်၍ အကြောဆေးသွင်းပြီး ကုသပေးရန် လိုအပ်ပါတယ်။

အရွယ်ရောက်ပြီးသူတွေမှာ လက္ခဏာ မပြပေမယ့်လည်း တခြားသူတွေကို ကူးစက်စေနိုင်ပါတယ်။

#ကုသခြင်း

တိုက်ရိုက်ကုသဆေး နဲ့ ကာကွယ်ဆေး မရှိသေးပါ။ ရောဂါလက္ခဏာများ သက်သာစေရန် ပြုလုပ်ပေး၍ ကလေးကို စောင့်ကြည့်သောနည်းဖြင့် ကုသရပါသည်။

အဖျားအတွက် Paracetamol အရည်ကို သုံးနိုင်ပါတယ်။ ယားယံခြင်းအတွက် Cetrizine / Calamine lotion ကို သုံးနိုင်ပါတယ်။ Aspirin ကို လုံးဝမသုံးရပါ။

အစာပျော့ပျော့ ကျွေးပါ။ အရည်များများ တိုက်ပါ။ ရည်ဓါတ်မခမ်းခြောက်စေရန် ဂရုပြုပါ။ ကျွေးသောအစာတွင် အပူအစပ်မပါစေပဲ အာဟာရပြည့်ဝအောင် ကျွေးပေးပါ။

အခြားကူးစက်ရောဂါများနှင့် ခွဲခြားနိုင်ရန် ဆရာဝန်နှင့်ပြပါ။ အကယ်၍ အပူကြီးမယ်၊ အန်မယ်၊ မှိန်းနေမယ် ပြီးတော့ ခြေလက်တွေအားလျော့လာတယ်ဆိုရင် ဆရာဝန်နဲ့ မဖြစ်မနေပြပြီး ကုသမှု ခံယူရပါမယ်။

ပိုးဝင်ပြီး (၃-၄) ရက်မှာ ဖျားတတ်ပါတယ်။ (၇) ရက်လောက်မှာ အနာတွေ ပြန်ကောင်းမှာပါ။ ပြင်ပပိုးတွေ ထပ်မဝင်နိုင်အောင် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ (၁၀) ရက်လောက်ဆို ပုံမှန်ပြန်ဖြစ်ပါတယ်။

အဆုတ် နဲ့ ဦးနှောက်ကို နောက်ဆက်တွဲရောဂါတွေဖြစ်တာ နည်းပါတယ်။ Coxsackieviruses ကြောင့်ဖြစ်သော အခြေအနေတွင်တော့ ဦးနှောက်ကို နောက်ဆက်တွဲရောဂါများ ဖြစ်တတ်ပါတယ်။ ဦးနှောက်ကို ကူးစက်သည်အထိတော့ ဖြစ်ခဲပါတယ်။ ဦးနှောက်အမြှေးရောင်ခြင်းအထိဖြစ်တတ်ပေမယ့် ဦးနှောက်ရောင်ရမ်းသည်အထိတော့ ဖြစ်ခဲပါတယ်။

#ကာကွယ်ခြင်း

ကူးစက်တာ လွယ်လို့ ကာကွယ်ဖို့ ခက်ပါတယ်။ ကလေးနဲ့ မထိတွေ့ခင် (သို့) ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးပါ။ ကူးစက်ထားသောကလေး နှာချေလျှင် ချောင်းဆိုးလျှင် လက်ကိုင်ပုဝါသုံးပေးပါ။ ကလေးတွေကို တကိုယ်ရည် သန့်ရှင်းရေးအတွက် သင်ကြားပေးပါ။ ကူးစက်ထားတဲ့ကလေးရဲ့ အသုံးအဆောင်တွေကို ပိုးသတ်ပေးပါ။ ကူးစက်ထားသူတွေနဲ့ အနီးကပ်နေတာကို ရှောင်ပါ။ ပထမ (၇) ရက်အတွင်း ကူးစက်နိုင်ချေ အများဆုံး ဖြစ်ပါတယ်။ အဖျားကျ၍ အဖု / အနာတွေ ပျောက်သွားသော်လည်း ပိုးသည် ရက်သတ္တပတ်အနည်းငယ်ခန့် ကလေးရဲ့ ကိုယ်တွင်း၌ ရှိနေနိုင်ပါသေးတယ်။ ပြောချင်တာက မိမိရဲ့ ကလေးကနေ တခြားသူတွေဆီကို ကူးစက်နိုင်သေးပါတယ်။ မိမိ၏ကလေးမှသော်လည်းကောင်း မိမိမှသော်လည်းကောင်း အခြားသူများသို့ မကူးစက်စေရန် ဂရုပြုပါ။ ကျောင်းတက်နေသော ကလေးဖြစ်လျှင် ကျောင်းပြန်မတက်ခိုင်းခင် ဆရာဝန်နှင့် တိုင်ပင်ပါ။

Crd Phyo Paing Soe

👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦"သင်နှင့် သင့်မိသားစု COVID 19 ရောဂါ မျိုးကွဲသစ်များမှ ကာကွယ်ရန် ကံသာမင်းဆေးခန်းတွင် COVID 19 ရောဂါ...
06/03/2022

👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦"သင်နှင့် သင့်မိသားစု COVID 19 ရောဂါ မျိုးကွဲသစ်များမှ ကာကွယ်ရန် ကံသာမင်းဆေးခန်းတွင် COVID 19 ရောဂါကာကွယ်ဆေး တတိယအကြိမ်(Booster) ထိုးနှံပေးပါသည်"👨‍👩‍👧‍👦👨‍👩‍👧‍👦👨‍👩‍👧‍👦

📣📣📣ယခု COVID-19 ကပ်ရောဂါ ကာလအတွင်း
- မဖြစ်မနေ အပြင်ထွက်နေရသူများ
- လူအများနှင့် အလုပ်လုပ်နေရသူများ
- သက်ကြီးရွယ်အို မိဘ ဘိုးဘွားများ
- ဆီးချို သွေးတိုး နှလုံး စသည့် ရောဂါအခံရှိသူများ အနေဖြင့် COVID 19 ရောဂါကာကွယ်ဆေး (Booster) ထိုးနှံသင့်ပါသည်။
(ပထမအကြိမ်မှ စတင်၍လည်း ထိုးနှံနိုင်ပါသည်)📣📣📣

💉 💉💉 ကာကွယ်ဆေးအမျိုးအစား - Covishield
One Dose - 30000 kyats only (၁၈ နှစ်အထက်မှ စ၍ ထိုးနှံနိုင်ပါသည်။ 💉💉💉

♻♻♻ဆေး၏ အရည်အသွေးနှင့် Cold Chain ကို စနစ်တကျ ထားရှိပြီး သင်၏လုံ​​ခြုံမှု အတွက်ဆရာဝန်ကိုယ်တိုင် ကာကွယ်ဆေး ထိုးနှံပေးပါသည်။♻♻♻

💳💳💳ဆေးထိုးပြီးစီးကြောင်း ဆေးလက်မှတ် (QR code အပါအဝင်) Certificate ရရှိမည့်အပြင် ၅ယောက်နှင့် အထက်မှစ၍ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုလည်း ရှိပါသည်။(Home Visit- 35000 Kyats only)💳💳💳

🎉🎉🎉အထူးလျော့စျေး - 10 ယောက်နှင့်အထက် - 25000 Kyats only
Home visit - 30000 kyats only 🎉🎉🎉

☎ဆက်သွယ်ရန် ဖုန်း - 0943188397
တည်နေရာ - 22x24 ကြား၊ လမ်း 60 ၊ ရေစစ်ကန်အနီး ၊ နန်းရှေ့ ၊ အောင်မြေသာစံမြို့နယ် ၊ မန္တလေးမြို့ ။

   " Overview of Fungal Skin Infections "Scan or sign in on the below e-invitation to access meeting registration site.Y...
20/11/2020



" Overview of Fungal Skin Infections "

Scan or sign in on the below e-invitation to access meeting registration site.

You can also enter the below Zoom Link to register and join.

Link- https://bit.ly/3lk2hV6

Passcode :SPORAL

Address

60th Street, Between 22nd & 24th Streets
Mandalay

Opening Hours

Monday 08:00 - 12:00
14:00 - 19:00
Tuesday 08:00 - 12:00
14:00 - 19:00
Wednesday 08:00 - 12:00
14:00 - 19:00
Thursday 08:00 - 12:00
14:00 - 19:00
Friday 08:00 - 12:00
14:00 - 19:00
Saturday 08:00 - 12:00
14:00 - 19:00
Sunday 08:00 - 12:00
14:00 - 19:00

Telephone

+95943188397

Website

Alerts

Be the first to know and let us send you an email when Kan Thar Min Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share