ဟန်နုမာန် တိုင်းရင်းဆေးကပ်ခွါ

  • Home
  • Myanmar
  • Mandalay
  • ဟန်နုမာန် တိုင်းရင်းဆေးကပ်ခွါ

ဟန်နုမာန် တိုင်းရင်းဆေးကပ်ခွါ မန္တလေးမြို့ နဲ့ ရန်ကုန်မြို့ကြီးကနေပီး တစ်နိုင်ငံလုံးသို့ ဖြန့်ချီပေးနေပါသည် ☎️09957738609

 #ကြွက်သားပိုမိုအားစိုက်ရခြင်းကြောင့် #ဖြစ်တဲ့ခါးနာခြင်း 😯ကြွက်သားကြောင့်ဖြစ်တဲ့ ခါးနာခြင်းဟာ #ရုတ်တရက်ခါးနာခြင်းတွေထဲက ...
22/05/2024

#ကြွက်သားပိုမိုအားစိုက်ရခြင်းကြောင့်
#ဖြစ်တဲ့ခါးနာခြင်း 😯

ကြွက်သားကြောင့်ဖြစ်တဲ့ ခါးနာခြင်းဟာ
#ရုတ်တရက်ခါးနာခြင်းတွေထဲက
အဖြစ်အများဆုံးအချက်ဖြစ်ပြီး ၉၅% လောက် ရှိပါတယ်။

နောက်ကျောက ကြွက်သားတွေကို #ပိုမိုအလုပ်လုပ်စေတဲ့အခါမှာ ဒီကြွက်သားတွေ #ဒဏ်ရာရတာကိုကာကွယ်ဖို့အတွက် သူတို့ဟာ ရုန်းလိုက်ပါတယ်။

ဒီလိုဖြစ်ခြင်းနဲ့ နာကျင်ခြင်းတွေဟာ လက္ခဏာတွေဖြစ်ပြီး လျစ်လျူမရှုသင့်ပါဘူး။ 👀

ကြွက်သားကြောင့် #ခါးနာခြင်းဟာ အတော်များများအတွက် #လွယ်လွယ်ကူကူပျောက်ကင်းနိုင်ပေမယ့် အချို့လူတွေအတွက်ကတော့ သူဟာ #အခြားကြီးမားတဲ့ပြဿနာရဲ့ အစဖြစ်တတ်ပါတယ်။

ကြွက်သား #ဆက်လက်အားစိုက်နေရမယ်ဆိုရင် ကြွက်သားတွေကိုဒဏ်ရာရစေပြီးတော့ #နာတာရှည်ခါးနာခြင်းကို ဖြစ်စေတတ်ပါတယ်။

ဒီလို #နာတာရှည်ခါးနာခြင်းတွေမဖြစ်ဖို့ အနေအထိုင်ဆင်ခြင်ပြီး #ဆေးအကူလေးသုံးလို့ရပါတယ်။

Aroma massage body oil မှာဆိုရင် Seasame Seeds ဆိုတဲ့ #နှမ်းနက်စေ့ ပါဝင်ထားတာကြောင့် #ကြွက်သားနာကျင်မှုတွက်ကောင်းမွန်စေခြင်း အရိုးအဆစ် #အရွတ်ကြောနာကျင်ယောင်ရမ်းမှုကို ပေါ့ပါးသက်သာစေပါတယ်ရှင့် 💁🏻‍♀️





#နှမ်းနက်ဆီ

သွားကိုက်ဝေဒနာတွေအတွက် အလွယ်ဆုံးနည်း(၅)မျိုး⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜သွားကိုက်ဝေဒနာဆိုရင် ယောက်ျားတွေတောင် ကြံ့ကြံ့မခံနိုင်ပါဘူး။ သွာ...
20/05/2024

သွားကိုက်ဝေဒနာတွေအတွက် အလွယ်ဆုံးနည်း(၅)မျိုး
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

သွားကိုက်ဝေဒနာဆိုရင် ယောက်ျားတွေတောင် ကြံ့ကြံ့မခံနိုင်ပါဘူး။ သွားကိုက်ရတဲ့အကြောင်းရင်းကိုအပထား၊အမြန်ဆုံးပျောက်ကင်းစေမယ့် နည်းလမ်းရှာဖို့က အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။

လူအများစုဟာ အကိုက်အခဲပျောက်ဆေး မှီခိုအားထားကြပေမယ့်အကိုက်အခဲပျောက်ဆေးသိပ်များလွန်းတာက တကယ်တော့ ကိုယ်ခံအား ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့်ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ သဘာဝအကိုက်အခဲပျောက်ဆေးနည်းတွေကို ညွန်းပေးလိုက်ပါတယ်။

၁။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ
ပဋိဇီဝအဖြစ်အသုံးပြုနိုင်ခြင်းကြောင့် ကြက်သွန်နီကိုသွားကိုက်ဝေဒနာကုသရာမှာအသုံးပြုအကြံပြုထားပါတယ်။ နာ ကျင်ကိုက်ခဲမှုလျော့နည်းသက်သာအောင်ကြက်သွန်ဖြူ ၁မွှာ၊ ၂မွှာ ကိုက်ပါ ဒါမှမဟုတ်ကြက်သွန်ဖြူမှုန့်အနည်းငယ်နဲ့ ဆားရောစပ်ပြီး ကိုက်ခဲတဲ့သွားပေါ် လိမ်းပေးပါ။ ဝေဒနာပျောက်ကင်းစေဖို့ အာမခံပါတယ်။

၂။ ပူစီနံ tea

ပူစီနံ tea ကခံတွင်းအတွက်သာ ကောင်းတာမဟုတ်ဘဲသွားကိုက်ဝေဒနာပါ သက်သာစေပါတယ်။ ရေနွေးခွက်ထဲ ပူစီနံရွက်ခြောက် လက်ဖက်ရည်ဇွန်း (၁) ဇွန်းထည့်ပြီး မိနစ် ၂၀ စိမ်ပါ။ အေးတဲ့အခါ ပလုတ်ကျင်းပြီး ပြန်ထွေးထုတ်ရပါမယ်။ အဲဒီတိုင်း ထပ်ခါထပ်ခါပြန်လုပ်နိုင်ပါတယ်။

၃။ ကြက်သွန်နီ
သွားကိုက်ဝေဒနာခံစားနေရသူတွေအတွက် ကြက်သွန်နီဝါးပေးခြင်းက အထောက်အကူဖြစ်စေနိုင်ပါတယ်။ ကြက်သွန်နီကို နာကျင်ကိုက်ခဲမှု သက် သာစေနိုင်တဲ့ ပိုးသတ်ဆေးအစွမ်းသတ္တိတွေကြောင့် လူသိများပါတယ်။ တစ်ချိန်တည်းမှာ ရောင်ရမ်းမှုနဲ့ ရောဂါကူးစက်မှု လျော့နည်းစေပါတယ်။သွားကိုက်ဝေဒနာခံစားရပါကချက်ချင်းကြက်သွန်နီကိုက်ပေးပါ။သွားပေါ် အချပ်လိုက်လှီးထားတဲ့ ကြက်သွန်နီ ကပ်ပေးနိုင်ပါတယ်။

၄။ လေးညှင်းပွင့်ဆီ

သွားတွေတဒုတ်ဒုတ်ကိုက်ခဲနေပါက နည်းလမ်းတစ်ခုက သွားပေါ် လေးညှင်းပွင့်ဆီတွေလိမ်းပေးဖို့ပါပဲ။လေးညှင်းပွင့်ဆီမှာဘက်တီးရီးယားပိုသေစေနိုင်တဲ့သတ္တိတွေပါဝင်ပြီးအကိုက်အခဲပျောက် ကင်းစေတဲ့ အစွမ်းသတ္တိအတွက် လူသိများပါတယ်။စစလိမ်းချင်းမှာ နာကျင်ပေမယ့်နောက်ပိုင်းမှာသက်သာစေပါတယ်။

၅။ ဆားရေနွေးနွေး

ရေနွေးတစ်ခွက်ထဲဆား (၁) ဇွန်း ခပ်ထည့်၊သေချာမွှေပေးပြီးအဲဒီအရည်နဲ့ ပ လုတ်ကျင်းပေးရုံလေးသာ ဖြစ်ပါတယ်။ သွားဖုံံးရောင်၊ သွားကိုက်ဝေဒနာတွေ လျော့နည်းသက်သာစေနိုင်ပါတယ်။

ခရက်ဒစ်.... သွားကျန်းမာရေး


အပန်းမကြီးသောကုသိုလ်သည် အကောင်းဆုံးယတြာတစ်မျိုး ဖြစ်ပါတယ်နော် …… ။ ● ဘုရားပန်း မညှိုးပါစေနှင့်ဂါထာတွေ မန္တာန်တွေ ပါးစပ်က...
16/05/2024

အပန်းမကြီးသောကုသိုလ်သည် အကောင်းဆုံးယတြာတစ်မျိုး ဖြစ်ပါတယ်နော် …… ။

● ဘုရားပန်း မညှိုးပါစေနှင့်

ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင် ရွတ်နေပြီး ဘုရာပန်းညှိုးနွမ်းနေတယ်ဆိုရင်အဆင်မပြေနိုင်ပါ။ ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားရပါမယ်။

● သောက်တော်ရေ မနွေးပါစေနှင့်။

သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့ ။ သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင် အိမ်တွင်းရေး အေးချမ်းပါတယ်။ အိမ်မှာအမြဲနေရတဲ့သူတွေဆိုရင် မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီးကပ်နိုင်ရင် ပိုကောင်းပါတယ် အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူးဆိုရင်တောင်မှ
မနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါ တစ်နေ့သုံးကြိမ်လောက်တော့ ကပ်သင့်ပါတယ်။

ငါအလုပ်များတယ် အိမ်မှာလည်းနေရတာနည်းတယ်ဆိုပြီး သောက်တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့ ဘယ်နေရာမှာမဆို မိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင် ကိုယ်သောက်မယ့်ခွက်ကို လက်နဲ့ကိုင်ထားပြီး "မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်" လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ်။ ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး။

● ဆွမ်းတော်စွန့်တာ စားကောင်းပါတယ်။

ဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါ။ (နေ့၁၂နာရီမကျော်သေးရင်) မစားခင် သရဏဂုံ သုံးကြိမ် ရွတ်ပါ။ သရဏဂုံရွတ်နေတဲ့အချိန်ကိုမြတ်စွာဘုရား ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားလိုက်ပါ။ ရွတ်ပြီးသွားပြီဆိုတော့မှ "အရှင်ဘုရား ဘုဉ်းပေးပြီးပြီဖြစ်လို့ တပည့်တော်ကို ဆေးအဖြစ်စွန့်တော်မူပါဘုရား" လို့စွန့်ပြီး စားပါလေ။

လင်းညှို့တာရာ

(ကဲ အများကုသိုလ်ရစေရန် ရှယ်သွားပေးလိုက်ပါအုန်း)

🌿မင်္ဂလာရှိသောနံနက်ခင်းလေးပါရှင့်🌿🍀စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေရှင့်🍀
14/05/2024

🌿မင်္ဂလာရှိသောနံနက်ခင်းလေးပါရှင့်🌿

🍀စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေရှင့်🍀


လောကကြီးမှာ မင်းဟာ သန်မာနေဖို့လိုတယ်တစ်ခါတစ်လေမှာ မင်းဟာ လဲကျတဲ့အခါလည်းရှိမယ်ပြင်မရတဲ့ အမှားတွေလည်း လုပ်မိချင်လုပ်ခဲ့ လိ...
11/05/2024

လောကကြီးမှာ မင်းဟာ သန်မာနေဖို့လိုတယ်

တစ်ခါတစ်လေမှာ မင်းဟာ လဲကျတဲ့အခါလည်းရှိမယ်
ပြင်မရတဲ့ အမှားတွေလည်း လုပ်မိချင်လုပ်ခဲ့ လိမ့်မယ်
မင်းမှာ အားနည်းချက်တွေလည်း အများကြီးရှိချင်
ရှိနေမှာပဲလေ
မင်းမှာ တော်တဲ့အပိုင်းတွေရှိသလို အတတ ဖြစ်တဲ့
အခါလည်းရှိမယ်
အရာရာတိုင်းမှာတော့ မင်းဟာမတော်နိုင်ဘူးလေ

ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ်
လဲကျတိုင်းပြန်ထရမှာပဲ
ဝမ်းနည်းနေလို့မရဘူး

မင်းချစ်ရတဲ့သူက မင်းကိုထားချင်ထားခဲ့မှာပဲ
တစ်ခါတစ်လေလည်း အသည်းကွဲချင် ကွဲမှာပဲလေ
မင်းဟာ ခပ်တုံးတုံးတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်
မင်းရုပ်က ဆိုးချင်ဆိုးနေပါလိမ့်မယ်
မင်းဟာ ဆင်းရဲချင်ဆင်းရဲနေလိမ့်မယ်

ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ်
လဲကျတိုင်းပြန်ထရမှာပဲ
မင်းကို အထင်သေး လှောင်ပြောင်ခဲ့တဲ့သူတွေကို
အံ့သြသွားအောင် လုပ်ပြလိုက်စမ်းပါ

မင်းမှာ ဖြေရှင်းမရတဲ့ ဒုက္ခပေါင်းစုံလည်း ရှိချင်ရှိနေမယ်
လူတွေက မင်းကို အပြစ်တွေဘယ်လောက်ပဲ ပြောပြော
လူတွေက မင်းကို ဘယ်လောက်နှိမ်နှိမ်
အခုအချိန်မှာ မင်းဘယ်လောက်နာကျင်နေပါစေ
မင်းလျှောက်ရမယ့် လမ်းကို ဆက်သွားရမှာပဲလေ

မင်းဟာ သန်မာနေတဲ့သူဖြစ်ဖို့ ဆိုရင် တစ်ချို့လူတွေရဲ့
အမြင်တွေ၊ ဝေဖန်မှုတွေကို ဂရုမစိုက်နဲ့
သူတို့တွေက မင်းကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေ၊
မင်းလဲကျခဲ့ရတာတွေကို မသိကြဘူးလေ
္ဖသူတို့တွေက မင်းဘဝကို မပြောင်းလဲနိုင်ဘူး
မင်းဘဝကို မင်းကိုယ်တိုင် ပြောင်းလဲရမှာ

ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့လိုတယ်
ငေးမှိုင်လွမ်းဆွေးနေလို့ မရဘူး
ဆက်သွားနေရအုံးမှာ

လောကမှာ မင်းရဲ့တန်ဖိုးကို မင်းဘာလုပ်နိုင်လဲ
ဆိုတာကိုကြည့်ပြီး ဆုံးဖြတ်ကြမှာ
မင်းရဲ့ တန်ဖိုးက မင်းဘယ်လောက်လှတယ်၊ မလှဘူး
ဆိုတာနဲ့ မဆုံးဖြတ်ဘူး
မင်းဘယ်လောက် ချမ်းသာသာလဲ ဆိုတာနဲ့ မဆိုင်ဘူး
တန်ဖိုးရှိတဲ့ အရာတွေကို မင်းလုပ်နိုင်ရင် မင်းတန်ဖိုးဟာလည်း
မြှင့်လာမှာပဲ

မင်းဟာ တန်ဖိုးရှိကြောင်း သက်သေပြလိုက်စမ်းပါ
ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုပါတယ်
မင်းကို မလုပ်နိုင်ဘူးလို့ ထင်နေတဲ့သူတွေကို ဆွံ့အ
သွားအောင် လုပ်ပြလိုက်စမ်းပါ

မင်းဟာ ဘဝမှာ ရှင်သန်ဖို့ဆိုရင် အခက်အခဲတွေ
ကြားမှာ ရုန်းကန်နေရအုံးမှာပဲလေ
တစ်ချို့အရာတွေကို မင်းဟာ လုပ်နိုင်ပေမယ့်
တစ်ချို့အရာတွေကိုတော့ မင်းလုပ်နိုင်ချင်မှ လုပ်နိုင်မှာ
မင်းဟာ အရာအားလုံးကို လုပ်နိုင်ဖို့မလိုဘူး
မင်းလုပ်နိုင်တာတွေကိုပဲ လုပ်ရမှာလေ

မင်းဟာ သန်မာတဲ့သူပါ
ဒါပေမယ့် မင်းဟာ အမြဲတမ်း မသန်မာနိုင်ဘူး
အရာရာတိုင်းမှာလည်း သန်မာနေစရာမလိုဘူးလေ
မင်းမှာ အားပျော့တဲ့ အပိုင်းတွေလည်း ရှိနေမှာပဲ
ဒါတွေကို လက်မခံနိုင်ရင်တော့ မင်းဟာ သန်မာတဲ့
အပိုင်းတွေကို ရှာတွေ့မှာမဟုတ်ဘူး

ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုတယ်

# Crd
ပြန်လည်မျှဝေသည်။

Address

58Bလမ်း 113A*114ကြား မန္တလေး
Mandalay
09957738609

Telephone

+959957738609

Website

Alerts

Be the first to know and let us send you an email when ဟန်နုမာန် တိုင်းရင်းဆေးကပ်ခွါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဟန်နုမာန် တိုင်းရင်းဆေးကပ်ခွါ:

Share