Mandalay Medical Service

Directions Website

Mandalay Medical Service ဘန်ကောက် နှင့် အိန္ဒိယဆေးရုံကြီးများသို့ One-Stop service ကျန်းမာရေးဝန်ဆောင်မှု

https://m.me/mandalaymedicalservice?ref=welcome

🚶‍♀️ ဒူးနာလို့ လှေကားတက်ရခက်နေပြီလား? တင်ပါးဆုံရိုးနာလို့ လမ်းလျှောက်တိုင်း အဆင်မပြေဖြစ်နေပါသလား?နေ့စဉ်သွားလာလှုပ်ရှားမှ...
17/10/2026

🚶‍♀️ ဒူးနာလို့ လှေကားတက်ရခက်နေပြီလား? တင်ပါးဆုံရိုးနာလို့ လမ်းလျှောက်တိုင်း အဆင်မပြေဖြစ်နေပါသလား?

နေ့စဉ်သွားလာလှုပ်ရှားမှုတွေ ပိုမိုအဆင်ပြေဖို့ မိမိအတွက် သင့်တော်တဲ့ ကုသမှုနည်းလမ်းကို အထူးကုဆရာဝန်ကြီးနဲ့ တိုက်ရိုက်ဆွေးနွေးလိုက်ပါ။ 💙

🇹🇭 ဘန်ကောက်မြို့ ViMUT Hospital မှ ဒူးနှင့် တင်ပါးဆုံရိုးအစားထိုးခွဲစိတ်ကုသမှု အထူးကုဆရာဝန်ကြီး Dr. Somyot Piyaworakhun ကို မန္တလေးနှင့် ရန်ကုန်မြို့တို့မှာ အခမဲ့ တွေ့ဆုံဆွေးနွေးနိုင်ပါပြီ။

👨‍⚕️ ဆရာဝန်ကြီး၏ ပညာအရည်အချင်းများ

🎓 ထိုင်းနိုင်ငံ Chulalongkorn University မှ ဆေးပညာဘွဲ့ကို ဂုဏ်ထူးဖြင့် ရရှိခဲ့သူ — ၁၉၉၆ ခုနှစ်
🎓 Thai Board of Orthopaedic Surgery ဒီပလိုမာ ရရှိခဲ့သူ — ၂၀၀၂ ခုနှစ်
🎓 အမေရိကန်နိုင်ငံ University of Iowa တွင် Hip & Knee Reconstruction ဆိုင်ရာ Fellowship သင်တန်း ပြီးမြောက်ခဲ့သူ — ၂၀၀၇ ခုနှစ်

🦵 ဘယ်လိုအခြေအနေတွေမှာ လာရောက်ဆွေးနွေးသင့်ပါသလဲ?

✅ ဒူးနာ၊ ဒူးတောင့်တင်းပြီး ထိုင်ထလုပ်ရခက်သူများ
✅ လမ်းလျှောက်ခြင်း၊ လှေကားတက်ဆင်းခြင်းတို့တွင် ဒူးနာသူများ
✅ တင်ပါးဆုံရိုးနာပြီး သွားလာလှုပ်ရှားမှု အခက်အခဲရှိသူများ
✅ ဆေးသောက်ခြင်း၊ လေ့ကျင့်ခန်းကုသမှုများ ပြုလုပ်ထားသော်လည်း မသက်သာသူများ
✅ ဒူး သို့မဟုတ် တင်ပါးဆုံရိုးအစားထိုးခွဲစိတ်ရန် အကြံပြုခံထားရပြီး ထပ်မံအကြံဉာဏ် ရယူလိုသူများ

💬 “ခွဲစိတ်ဖို့ လိုအပ်နေပြီလား?”
“ခွဲစိတ်မှုမပြုဘဲ ကုသနိုင်တဲ့ နည်းလမ်းရှိသေးလား?”
“ခွဲစိတ်ပြီး ပြန်လည်လှုပ်ရှားနိုင်ဖို့ ဘယ်လောက်ကြာမလဲ?”

သိလိုတဲ့မေးခွန်းတွေကို မိမိရဲ့ ဆေးမှတ်တမ်းများနဲ့အတူ ဆရာဝန်ကြီးထံ တိုက်ရိုက်ဆွေးနွေးနိုင်ပါတယ်။

📍 မန္တလေးမြို့
🗓️ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်
⏰ မွန်းလွဲ ၂:၃၀ မှ ညနေ ၆:၃၀ အထိ
🏨 ibis Styles Mandalay Hotel၊ ၃၅ လမ်းနှင့် ၅၄ လမ်းထောင့်

📍 ရန်ကုန်မြို့
🗓️ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်
⏰ နံနက် ၉:၀၀ မှ မွန်းလွဲ ၃:၀၀ အထိ
🏨 Melia Hotel၊ Function Room၊ Level 1

📋 ယခင်ဓာတ်မှန်၊ MRI နှင့် ဆေးမှတ်တမ်းများရှိပါက ယူဆောင်လာပေးပါ။

📲 အခမဲ့ဆွေးနွေးရန် ကြိုတင်စာရင်းပေးလိုပါက
MMS Page Messenger သို့ “ဒူး/တင်ပါးဆုံရိုး ဆွေးနွေးလိုပါသည်” ဟု ရေးပို့ပြီး တက်ရောက်လိုသည့်မြို့၊ အမည်နှင့် ဖုန်းနံပါတ်ကို ပေးပို့နိုင်ပါတယ်။

☎️ 09 943 218 542
☎️ 09 752 818 542

💙 ကိုယ်တိုင်အတွက်ဖြစ်စေ၊ လမ်းလျှောက်ရခက်နေတဲ့ မိဘများအတွက်ဖြစ်စေ သင့်တော်တဲ့ ကုသမှုလမ်းကြောင်းကို သိရှိဖို့ ဒီအခွင့်အရေးမှာ လာရောက်ဆွေးနွေးလိုက်ပါ။

#ဒူးနာ #တင်ပါးဆုံရိုးနာ #အခမဲ့ဆွေးနွေးပွဲ

🎁✨ ဒီသီတင်းကျွတ်မှာ ချစ်ခင်ရသူတစ်ဦးနဲ့အတူ ဘန်ကောက်မှာ အခမဲ့ ကျန်းမာရေးစစ်ဆေးခွင့်နဲ့ အသွားလေယာဉ်လက်မှတ် လက်ဆောင်ရချင်ပါသ...
16/10/2026

🎁✨ ဒီသီတင်းကျွတ်မှာ ချစ်ခင်ရသူတစ်ဦးနဲ့အတူ ဘန်ကောက်မှာ အခမဲ့ ကျန်းမာရေးစစ်ဆေးခွင့်နဲ့ အသွားလေယာဉ်လက်မှတ် လက်ဆောင်ရချင်ပါသလား? ✈️💙

မီးရောင်စုံလင်းလက်တဲ့ သီတင်းကျွတ်အခါသမယမှာ ကိုယ်တိုင်နဲ့ ချစ်ခင်ရသူအတွက် တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခုကတော့ “ကျန်းမာခြင်း” ပါပဲ။ 🪔

ဒီအထူးအချိန်လေးမှာ Mandalay Medical Service (MMS) နဲ့ Thonburi Bamrungmuang Hospital တို့ ပူးပေါင်းစီစဉ်တဲ့
🎉 Thadingyut Health & Travel Giveaway မှာ ပါဝင်ကံစမ်းလိုက်ပါ!

🏆 မဲတစ်စောင်ပေါက်ရုံနဲ့ နှစ်ယောက်အတူ ဆုလက်ဆောင်ရယူနိုင်မယ်!

ကံစမ်းမဲ (၁) စောင်သာ မဲဖောက်ရွေးချယ်မှာဖြစ်ပြီး ကံထူးရှင် (၁) ဦးနဲ့ မိမိရွေးချယ်ထားတဲ့ အဖော် (၁) ဦး၊ စုစုပေါင်း လူ (၂) ဦးအတွက်—

🏥 အခမဲ့ buy 1 get 1 Health Check-up package (၁) ခု
ဘန်ကောက်မြို့ရှိ Thonburi Bamrungmuang Hospital မှ ပံ့ပိုးပေးမယ့် တစ်ဦးလျှင် ကျန်းမာရေးစစ်ဆေးခွင့် Package (၁) ခုစီ။

✈️ မြန်မာ → ဘန်ကောက် အသွားလေယာဉ်လက်မှတ် (၂) စောင်
MMS မှ ပံ့ပိုးပေးမယ့် တစ်ဦးလျှင် အသွားတစ်ကြောင်းစာ လေယာဉ်လက်မှတ် (၁) စောင်စီ။

💝 မိဘ၊ အိမ်ထောင်ဖက်၊ မောင်နှမ ဒါမှမဟုတ် ခင်မင်ရသူတစ်ဦးနဲ့အတူ ကျန်းမာရေးစစ်ဆေးနိုင်မယ့် အခွင့်အရေးလေးပါ။

👇 ပါဝင်ကံစမ်းဖို့ အဆင့် (၃) ဆင့်ပဲ လိုပါတယ်!

✅ အဆင့် (၁) — Facebook သို့မဟုတ် TikTok ကို ရွေးချယ်ပြီး Follow လုပ်ပါ။

🔹 Facebook ကို ရွေးချယ်မယ်ဆိုရင်—
MMS နဲ့ Thonburi Bamrungmuang Hospital တို့ရဲ့ page နှစ်ခုလုံးကို Like & Follow လုပ်ထားပါ။

🔹 TikTok ကို ရွေးချယ်မယ်ဆိုရင်—
MMS နဲ့ Thonburi Bamrungmuang Hospital တို့ရဲ့ တရားဝင် TikTok Account နှစ်ခုလုံးကို Follow လုပ်ထားပါ။

✅ အဆင့် (၂) — Comment ရေးပေးပါ။

“ကျန်းမာပျော်ရွှင် သီတင်းကျွတ်” လို့ ရေးပြီး ဒီဆုလက်ဆောင်ကို ဘာကြောင့် ရရှိချင်သလဲဆိုတာ မျှဝေပေးပါ။

🔹 Facebook ကို ရွေးချယ်ထားသူများ — MMS ရဲ့ Facebook Giveaway Post အောက်မှာ Comment ရေးပါ။
🔹 TikTok ကို ရွေးချယ်ထားသူများ — MMS ရဲ့ TikTok Giveaway Video အောက်မှာ Comment ရေးပါ။

✅ အဆင့် (၃) — Share လုပ်ပေးပါ။

🔹 Facebook ကို ရွေးချယ်ထားသူများ — MMS ရဲ့ Facebook Giveaway Post ကို Share လုပ်ပါ။
🔹 TikTok ကို ရွေးချယ်ထားသူများ — MMS ရဲ့ TikTok Giveaway Video ကို Share လုပ်ပါ။

📌 မိမိရွေးချယ်ထားတဲ့ Facebook သို့မဟုတ် TikTok ပေါ်မှာ အဆင့် (၃) ဆင့်လုံးကို ပြည့်စုံအောင် လုပ်ဆောင်ပေးပါ။ Platform နှစ်ခုလုံးမှာ လုပ်ဆောင်ရန် မလိုအပ်ပါ။

🏆 Facebook နဲ့ TikTok မှ ပါဝင်သူများအားလုံးထဲမှ ကံထူးရှင် (၁) ဦးတည်းကို မဲဖောက်ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။

📅 ပါဝင်နိုင်မယ့် နောက်ဆုံးရက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်

🎊 ကံထူးရှင်ကြေညာမယ့်ရက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်

📣 ကံထူးရှင်ကြေညာချက်ကို MMS page နှင့် TikTok page မှာ စောင့်မျှော်ကြည့်ရှုပါ။

💙 သင်သာ ကံထူးရှင်ဖြစ်ခဲ့ရင် ဘယ်သူနဲ့အတူ သွားချင်ပါသလဲ?
ကိုယ့်ကျန်းမာရေးနဲ့ ချစ်ခင်ရသူအတွက် ဒီအခွင့်အရေးလေးကို လက်မလွတ်လိုက်ပါနဲ့နော်။

🪔 ဒီသီတင်းကျွတ်မှာ သင်နဲ့ သင့်မိသားစု ကျန်းမာပျော်ရွှင်ပြီး ကံကောင်းခြင်းတွေနဲ့ ပြည့်စုံပါစေ။

📩 အသေးစိတ်သိရှိလိုပါက MMS Page Messenger မှာ မေးမြန်းနိုင်ပါတယ်။
📱 Viber / WhatsApp:
+95 9752818542 / +95 9943218542




#သီတင်းကျွတ်လက်ဆောင် #ကျန်းမာခြင်းလကဆောင်

💙 အစာအိမ်နဲ့ အူမကြီးမှန်ပြောင်း စစ်ဆေးဖို့ ဘန်ကောက်ဆေးရုံ ရွေးချယ်နေပါသလား? 🏥✈️ဆေးရုံ ၁၃ ခုရဲ့ GI Scope Package များကို ...
15/10/2026

💙 အစာအိမ်နဲ့ အူမကြီးမှန်ပြောင်း စစ်ဆေးဖို့ ဘန်ကောက်ဆေးရုံ ရွေးချယ်နေပါသလား? 🏥✈️

ဆေးရုံ ၁၃ ခုရဲ့ GI Scope Package များကို တစ်နေရာတည်းမှာ နှိုင်းယှဉ်ကြည့်လိုက်ပါ။

မိမိဘတ်ဂျက်၊ နှစ်သက်ရာဆေးရုံနဲ့ ဆရာဝန်အကြံပြုချက်အလိုက် ရွေးချယ်နိုင်ဖို့ Mandalay Medical Service (MMS) က စုစည်းပေးထားပါတယ်။ 💚

🔎 Gastroscopy — အစာအိမ်မှန်ပြောင်း
🔎 Colonoscopy — အူမကြီးမှန်ပြောင်း
🔎 Combined — အစာအိမ်နှင့် အူမကြီး နှစ်မျိုးပေါင်း

💰 ဈေးနှုန်းအားလုံး ထိုင်းဘတ် (THB) ဖြစ်ပါသည်။

🏥 ၁။ Ladprao General Hospital

▫️ IV Sedation
အစာအိမ် 13,900 | အူမကြီး 16,900
နှစ်မျိုးပေါင်း 24,900

▫️ မေ့ဆေးဆရာဝန်ပါဝင်သော Package
အစာအိမ် 19,900 | အူမကြီး 23,900
နှစ်မျိုးပေါင်း 35,900

🏥 ၂။ Phyathai 2 Hospital

▫️ Light Sedation
အစာအိမ် 13,500 | အူမကြီး 19,500
နှစ်မျိုးပေါင်း 30,000

▫️ Deep Sedation
အစာအိမ် 20,000 | အူမကြီး 25,500
နှစ်မျိုးပေါင်း 37,000

အစာအိမ်မှန်ပြောင်းကို Local Anesthesia ဖြင့် စစ်ဆေးခြင်းလည်း 13,500 ဘတ် ဖြစ်ပါသည်။

🏥 ၃။ Phyathai Phaholyothin Hospital

▫️ Light Sedation
အစာအိမ် 15,000 | အူမကြီး 19,500
နှစ်မျိုးပေါင်း 30,000

▫️ Deep Sedation
အစာအိမ် 22,000 | အူမကြီး 26,500
နှစ်မျိုးပေါင်း 37,000

🏥 ၄။ Phyathai Nawamin Hospital

အစာအိမ် 17,900
အူမကြီး 22,900
နှစ်မျိုးပေါင်း 30,900

▫️ မေ့ဆေးဆရာဝန်ပါဝင်သော Package ဖြစ်ပါသည်။

🏥 ၅။ Thonburi Hospital

▫️ အစာအိမ်မှန်ပြောင်း 13,800

▫️ IV Sedation
အစာအိမ် 15,500 | အူမကြီး 21,700
နှစ်မျိုးပေါင်း 33,000

▫️ General Anesthesia
အစာအိမ် 21,700 | အူမကြီး 29,900
နှစ်မျိုးပေါင်း 41,300

🏥 ၆။ Piyavate Hospital

အစာအိမ် 18,400
အူမကြီး 23,900
နှစ်မျိုးပေါင်း 34,900

🏥 ၇။ Praram 9 Hospital

အစာအိမ် 20,400
အူမကြီး 28,400
နှစ်မျိုးပေါင်း 39,400

▫️ မေ့ဆေးဆရာဝန်မှ ပေးသော Sedation ပါဝင်ပါသည်။
▫️ ကြိုတင်စစ်ဆေးခ၊ ဝမ်းရှင်းဆေးခ စသည့် အပိုကုန်ကျစရိတ်များ ရှိပါသည်။

🏥 ၈။ BNH Hospital

အစာအိမ် 18,000
အူမကြီး 19,900
နှစ်မျိုးပေါင်း 29,900

▫️ အိပ်ဆေးပါဝင်သော ဈေးနှုန်းဖြစ်ပါသည်။
▫️ မေ့ဆေးဖြင့် စစ်ဆေးလိုပါက ခန့်မှန်း 10,000 ဘတ် ထပ်မံကုန်ကျနိုင်ပါသည်။

🏥 ၉။ Samitivej Sukhumvit Hospital

▫️ Moderate Sedation
အစာအိမ် 20,000 | အူမကြီး 28,000
နှစ်မျိုးပေါင်း 48,000

▫️ Deep Sedation
အစာအိမ် 26,500 | အူမကြီး 38,000
နှစ်မျိုးပေါင်း 64,500

🏥 ၁၀။ Nakornthon Hospital

▫️ ပြင်ပလူနာ OPD
အစာအိမ် 20,000 | အူမကြီး 24,000
နှစ်မျိုးပေါင်း 35,000

▫️ အတွင်းလူနာ IPD
အစာအိမ် 26,000 | အူမကြီး 28,000
နှစ်မျိုးပေါင်း 39,000

▫️ TIVA Sedation ပါဝင်ပြီး မေ့ဆေးဆရာဝန်မှ အနီးကပ်စောင့်ကြည့်ပေးပါသည်။
📅 သက်တမ်း — ၂၀၂၇ ဇွန်လ ၃၀ ရက်အထိ

🏥 ၁၁။ Thonburi Bamrungmuang Hospital

အစာအိမ် + H. pylori ပိုးစစ်ဆေးခြင်း 11,900
အူမကြီး 16,900
နှစ်မျိုးပေါင်း + H. pylori ပိုးစစ်ဆေးခြင်း 26,900

📅 ၂၀၂၆ ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းတိုးထားပါသည်။

🏥 ၁၂။ ViMUT Hospital

အစာအိမ် 13,500
အူမကြီး 19,500
နှစ်မျိုးပေါင်း 29,000

📅 ၂၀၂၆ ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းတိုးထားပါသည်။

🏥 ၁၃။ Thainakarin Hospital

▫️ Local Anesthesia
အစာအိမ် 15,900

▫️ General Anesthesia
အစာအိမ် 23,900 | အူမကြီး 29,900
နှစ်မျိုးပေါင်း 36,900

📅 ၂၀၂၆ ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းတိုးထားပါသည်။

💡 Package ရွေးချယ်ရာမှာ ပါဝင်ဝန်ဆောင်မှုတွေကိုပါ နှိုင်းယှဉ်ပါ။

ဆေးရုံနှင့် Package အလိုက် အိပ်ဆေး၊ မေ့ဆေးနှင့် ပါဝင်ဝန်ဆောင်မှုများ ကွာခြားပါသည်။ ဆရာဝန်ပြသခ၊ ဝမ်းရှင်းဆေး၊ အသားစယူစစ်ဆေးခ၊ အသားပိုဖြတ်ထုတ်ခ၊ ရောဂါဗေဒစစ်ဆေးခ၊ အိမ်ယူဆေးနှင့် ဆေးရုံတက်ခများ ထပ်မံကျသင့်နိုင်ပါသည်။

📌 ရက်ချိန်းမယူမီ သက်ဆိုင်ရာ Package ၏ နောက်ဆုံးဈေးနှုန်းနှင့် ပါဝင်ဝန်ဆောင်မှုအသေးစိတ်ကို အတည်ပြုပေးပါမည်။

💬 အသေးစိတ်မေးမြန်းလိုပါက MMS Messenger သို့ “GI Scope” လို့ ပေးပို့ပြီး စိတ်ဝင်စားသောဆေးရုံနှင့် သွားရောက်လိုသောရက်ကို ပြောပြပေးပါ။

📞 09 752 818 542
📞 09 943 218 542

💙 Mandalay Medical Service (MMS)
သင့်ကျန်းမာရေးခရီးစဉ်အတွက် ဆေးရုံဆက်သွယ်ခြင်းနှင့် ရက်ချိန်းစီစဉ်ခြင်းများ ကူညီပေးပါသည်။

#အစာအိမ်မှန်ပြောင်း #အူမကြီးမှန်ပြောင်း

13/10/2026

🏥 Mandalay Medical Service နဲ့အတူ (အခမဲ့) ကျန်းမာရေးဟောပြောပွဲကြီး ပြုလုပ်မယ့် JCI အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း ViMUT ဆေးရုံကြီးအကြောင်း သိပြီးပြီလားရှင်? 🇹🇭✨

ဘန်ကောက်မြို့လည်ခေါင်မှာ တည်ရှိပြီး ခေတ်မီနောက်ဆုံးပေါ် ဆေးပညာနည်းပညာတွေ၊ ကမ္ဘာ့အဆင့်မီ စက်ကိရိယာတွေနဲ့ လူနာပေါင်းများစွာကို အောင်မြင်စွာ ကုသပေးနေတဲ့ အဆင့်မြင့် ဆေးရုံကြီးပဲဖြစ်ပါတယ်🩺

အထူးသဖြင့် ဆေးရုံကြီးရဲ့ Check Up Center မှာ အမျိုးသမီး/အမျိုးသားတွေအတွက် အလွန်တန်ဖိုးရှိပြီး ထိရောက်တဲ့ ကျန်းမာရေးစစ်ဆေးမှု Package တွေကို အထူးဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်

🤝 ထိုင်းနိုင်ငံ ViMUT ဆေးရုံကြီးသို့ သွားရောက်ပြသရန် MMS မှ အစအဆုံး တာဝန်ယူပေးပါရစေ ဆေးကုသမှုခံယူဖို့ ဒါမှမဟုတ် ကျန်းမာရေးသွားရောက်စစ်ဆေးဖို့အတွက် စိတ်ပူစရာ လုံးဝမလိုပါဘူးရှင်
Mandalay Medical Service (MMS) မှ ဝေဒနာရှင်များ သက်တောင့်သက်သာနှင့် အဆင်ပြေဆုံးဖြစ်အောင် အကောင်းဝန်ဆောင်မှုများဖြင့် ကူညီဆောင်ရွက်ပေးနေပြီရှင်❤️

🌐 Website: mandalaymedicalservice.com

📱 page: Mandalay Medical Service
https://m.me/mandalaymedicalservice?ref=welcome

📱Tik Tok Account : mandalaymedicalservice7

📞 Viber Channel: https://invite.viber.com/?g2=AQAVJBwmjCaf4VIqbt3nS1FODKALXca16QCJ3WMVmpcO5yBvWMZE%2BcaMdQ4fLwZp&lang=en

👉Viber -+95 9752818542
+95 9943218542

👉WhatsApp-+95 9762018542

👉WeChat-Mdymedicalservice

👉telegram-

#ကျန်းမာရေးစစ်ဆေးခြင်း

🕯️ သီတင်းကျွတ်မှာ ချစ်ရသူတွေကို ကျန်းမာရေးလက်ဆောင် ပေးကြရအောင် 💙မိဘတွေကို ကန်တော့ဖို့၊ အိမ်ထောင်ဖက်နဲ့အတူ ကျန်းမာရေးစစ်ဆ...
12/10/2026

🕯️ သီတင်းကျွတ်မှာ ချစ်ရသူတွေကို ကျန်းမာရေးလက်ဆောင် ပေးကြရအောင် 💙

မိဘတွေကို ကန်တော့ဖို့၊ အိမ်ထောင်ဖက်နဲ့အတူ ကျန်းမာရေးစစ်ဆေးဖို့ စီစဉ်နေပါသလား?

🎉 BUY 1 GET 1 FREE — တစ်ဦးဝယ်၊ တစ်ဦးအခမဲ့
ဘန်ကောက်ရှိ ဆေးရုံများရဲ့ Check-up Package များနဲ့အတူ ချစ်ရသူတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။

🏥 ပရပ်နိုင်းဆေးရုံ — Praram 9 no
▪️ CKI-BG2 Check-up — 17,700 ဘတ်

🏥 Thonburi Bamrungmuang ဆေးရုံ
▪️ အမျိုးသား ၂ ဦး — 18,900 ဘတ်
▪️ Mixed / Female တွဲဖက်ရွေးချယ်မှု — 21,900 ဘတ်

🏥 Phyathai Nawamin ဆေးရုံ
▪️ Buy 1 Get 1 Check-up — 19,900 ဘတ်

🏥 ViMUT ဆေးရုံ
▪️ စစ်ဆေးမှု ၃၁ မျိုးပါဝင်သော Buy 1 Get 1 Package — 19,900 ဘတ်

📅 သက်တမ်း — 31/12/2026 အထိ

💝 ဒီသီတင်းကျွတ်မှာ မိဘနဲ့ချစ်ရသူတွေအတွက် ကျန်းမာရေးစစ်ဆေးမှုလက်ဆောင်ကို ရွေးချယ်လိုက်ပါ။

📩 Package အသေးစိတ်နဲ့ ရက်ချိန်းအတွက် MMS Page Messenger မှာ “သီတင်းကျွတ် Check-up” လို့ ပို့ပြီး စုံစမ်းနိုင်ပါတယ်။

☎️ Mandalay
09 752 818 542 / 09 762 018 542

☎️ Yangon
09 943 218 542 / 09 889 552 506

💙 Mandalay Medical Service — MMS

ဈေးနှုန်းများသည် ထိုင်းဘတ်( baht)ဖြစ်ပါသည်။ ပါဝင်သည့်စစ်ဆေးမှု၊ လူနှစ်ဦးအတွက် စုစုပေါင်းဈေးနှင့် promotion စည်းကမ်းများကို ကြိုတင်အတည်ပြုပေးပါ။

#သီတင်းကျွတ် #ကျန်းမာရေးလက်ဆောင်

🌞 အယ်နီညိုအကြောင်း သိထားပြီး အပူဒဏ်ကို ကြိုတင်ကာကွယ်ကြရအောင်အယ်နီညို (El Niño) ဆိုတာ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့ အရှေ့...
12/10/2026

🌞 အယ်နီညိုအကြောင်း သိထားပြီး အပူဒဏ်ကို ကြိုတင်ကာကွယ်ကြရအောင်

အယ်နီညို (El Niño) ဆိုတာ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်ထက် ပိုမိုပူနွေးလာတဲ့ သဘာဝရာသီဥတုဖြစ်စဉ်ပါ။ ကမ္ဘာ့ဒေသအသီးသီးရဲ့ အပူချိန်နဲ့ မိုးရွာသွန်းမှုပုံစံတွေကို သက်ရောက်စေနိုင်ပြီး သက်ရောက်မှုက ဒေသနဲ့ ရာသီအလိုက် ကွာခြားပါတယ်။

မြန်မာနိုင်ငံမှာလည်း ပူပြင်းတဲ့နေ့တွေမှာ မိမိနဲ့ မိသားစုကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို လိုက်နာကြပါစို့။

✅ ဆောင်ရန်များ

• ရေကို နည်းနည်းစီ မကြာခဏသောက်ပါ။ အပြင်သွားရင် သောက်ရေယူဆောင်သွားပါ။

• အရိပ်ရပြီး အေးမြတဲ့နေရာမှာ နားပါ။ အပြင်အလုပ်နဲ့ လေ့ကျင့်ခန်းတွေကို ပိုအေးတဲ့ မနက်ပိုင်း၊ ညနေပိုင်းမှာ စီစဉ်ပြီး အနားယူချိန် ထည့်ပေးပါ။

• ပေါ့ပါးပြီး ချောင်ချိတဲ့ အဝတ်အစားဝတ်ပါ။ အပြင်ထွက်ရင် ထီး၊ ဦးထုပ်နဲ့ နေရောင်ကာပစ္စည်းတွေ အသုံးပြုပါ။

• ကိုယ်ခန္ဓာနဲ့ အိမ်ကို အေးမြအောင်ထားပါ။ ရေအေးအေးနဲ့ ရေချိုးခြင်း၊ စိုစွတ်တဲ့အဝတ်နဲ့ ကိုယ်ကိုသုတ်ခြင်း၊ နေရောင်တိုက်ရိုက်ဝင်တဲ့ ပြတင်းပေါက်တွေကို လိုက်ကာကာခြင်းတို့ ပြုလုပ်ပါ။

• ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ နာတာရှည်ရောဂါရှိသူတွေကို မကြာခဏကြည့်ရှုပါ။ တရားဝင် မိုးလေဝသနဲ့ အပူဒဏ်သတိပေးချက်တွေကိုလည်း စောင့်ကြည့်ပါ။

❌ ရှောင်ရန်များ

• နေ့ခင်းအပူဆုံးအချိန်မှာ နေပူထဲကြာကြာနေခြင်း၊ အားစိုက်အလုပ်လုပ်ခြင်းနဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ပါ။

• အရက်နဲ့ ကဖိန်းဓာတ်များတဲ့ အဖျော်ယမကာတွေကို အလွန်အကျွံ မသောက်ပါနဲ့။

• ကလေးငယ်နဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ရပ်ထားတဲ့ကားထဲမှာ ခဏလေးဖြစ်ဖြစ် မထားခဲ့ပါနဲ့။

• အလွန်ပူတဲ့အခန်းထဲမှာ ပန်ကာတစ်ခုတည်းကို အားကိုးမနေပါနဲ့။ ပိုအေးတဲ့နေရာကို ပြောင်းရွှေ့နားပါ။

💧 ရေသောက်ပမာဏ ကန့်သတ်ထားသူများ သတိပြုရန်

နှလုံး၊ ကျောက်ကပ်ရောဂါကြောင့် ရေသောက်ပမာဏ ကန့်သတ်ထားသူတွေဟာ မိမိသဘောနဲ့ ရေအများကြီးတိုးမသောက်ဘဲ ပူပြင်းချိန်အတွက် သင့်တော်တဲ့ပမာဏကို ကုသနေတဲ့ဆရာဝန်နဲ့ တိုင်ပင်ပါ။

🚨 အပူဒဏ်ကြောင့် အရေးပေါ်ဖြစ်နိုင်တဲ့ လက္ခဏာများ

ခေါင်းမူးခြင်း၊ အားနည်းခြင်း၊ ပျို့အန်ခြင်း ဖြစ်လာရင် အလုပ်ရပ်ပြီး အေးမြတဲ့နေရာမှာ ချက်ချင်းနားပါ။ သတိကောင်းပြီး မျိုချနိုင်မှ ရေကို နည်းနည်းစီသောက်ပါ။

ကိုယ်အလွန်ပူခြင်းနဲ့အတူ စိတ်ရှုပ်ထွေးခြင်း၊ စကားမပီခြင်း၊ တက်ခြင်း သို့မဟုတ် သတိလစ်ခြင်း ဖြစ်လာရင် Heatstroke ဖြစ်နိုင်ပါတယ်။ အရေးပေါ်အကူအညီခေါ်ပြီး ဆေးရုံသို့ ချက်ချင်းပို့ပါ။ အကူအညီစောင့်နေစဉ် အရိပ်ထဲရွှေ့၊ အဝတ်အစားလျှော့ပြီး ရေစိုအဝတ်နဲ့ ကိုယ်ကို အေးအောင်လုပ်ပါ။ သတိမကောင်းသူကို ရေ၊ အစားအစာ သို့မဟုတ် ဆေး အတင်းမတိုက်ပါနဲ့။

#အယ်နီညို #အပူဒဏ်ကာကွယ်ရေး #ဆောင်ရန်ရှောင်ရန် #ကျန်းမာရေးအသိပညာ

Thai Expo Mandalay 2026 ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီရှင်✨🇹🇭MMS Booth (D17) သို့ စိတ်ပါဝင်စားစွာ လာရောက်...
11/10/2026

Thai Expo Mandalay 2026 ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီရှင်✨🇹🇭

MMS Booth (D17) သို့ စိတ်ပါဝင်စားစွာ လာရောက်ဆွေးနွေးခဲ့ကြသည့် လူနာရှင်များနှင့် မိသားစုဝင်များ၊ လူကြီးမင်းတို့၏ ကျန်းမာရေးအတွက် တန်ဖိုးရှိသော အကြံဉာဏ်များကို တိုက်ရိုက်ဆွေးနွေးပေးခဲ့ကြသည့် ထိုင်းနိုင်ငံမှ အထူးကု ဆရာဝန်ကြီးများ အားလုံးကို Mandalay Medical Service (MMS) မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင် 🤝

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရဆုံးသော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် MMSမှ အစဉ်အမြဲ အနီးကပ် ရှိနေပေးသွားမှာပါရှင်❤️✨

🌐 Website: mandalaymedicalservice.com

📱 page: Mandalay Medical Service
https://m.me/mandalaymedicalservice?ref=welcome

📱Tik Tok Account : mandalaymedicalservice7

📞 Viber Channel: https://invite.viber.com/?g2=AQAVJBwmjCaf4VIqbt3nS1FODKALXca16QCJ3WMVmpcO5yBvWMZE%2BcaMdQ4fLwZp&lang=en

👉telegram- https://t.me/mandalaymedicalservice

👉Viber -+95 9752818542
+95 9943218542

👉WhatsApp-+95 9762018542

👉WeChat-Mdymedicalservice

📣မန္တလေး နှင့် ရန်ကုန်မြို့အတွက် ထိုင်းနိုင်ငံ VIMUT ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် (အခမဲ့) တိုက်ရိုက်ဆွေးနွေးနိ...
03/10/2026

📣မန္တလေး နှင့် ရန်ကုန်မြို့အတွက် ထိုင်းနိုင်ငံ VIMUT ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် (အခမဲ့) တိုက်ရိုက်ဆွေးနွေးနိုင်မည့် အထူးအခွင့်အရေးကြီးလာပါပြီ✨

💁🏻‍♀️ထိုင်းနိုင်ငံ JCI အသိအမှတ်ပြု ViMUT ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (၂) ဦးကိုယ်တိုင် လာရောက်ပြီး နှလုံး၊သွေးကြော နှင့် အရိုးအဆစ်၊ဒူးနဲ့ တင်ပါးဆုံရိုးနာ ပြဿနာတွေအတွက် ကျန်းမာရေးဟောပြောပွဲနှင့် ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်

ဒီပွဲလေးမှာ လာရောက်ဆွေးနွေးပေးမယ့် ဆရာဝန်ကြီးတွေကတော့ -

👨‍⚕️ Dr. Somyot Piyaworakhun (ဒူးခေါင်းနှင့် တင်ပါးဆုံရိုး ခွဲစိတ်အထူးကုဆရာဝန်ကြီး)

👨‍⚕️ Dr. Sarunpong Pibalyart (နှလုံးအထူးကုဆရာဝန်ကြီး)

🩺 အရိုးအဆစ် ဝေဒနာရှင်များ၊နှလုံးကျန်းမာရေး စစ်ဆေးလိုသူများအနေနဲ့ ဆရာဝန်ကြီးများနှင့်လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးပြီး အကောင်းဆုံး ကုသမှုအကြံဉာဏ်တွေ ရယူနိုင်ဖို့ အခုပဲ ကြိုတင်စာရင်းပေးသွင်းလိုက်ပါနော်

📍 မန္တလေးမြို့အတွက်

🗓️ 30 October 2026 (Friday)

⏰ 2:30 PM – 6:30 PM

🏢ibis Styles Mandalay Hotel
35th × 54th Street, Mandalay

📍 ရန်ကုန်မြို့အတွက်

🗓️1 November 2026 (Sunday)

⏰ 9:00 AM – 3:00 PM

🏢 Melia Hotel, Function Room, Level 1, Yangon

လူဦးရေ အထူးကန့်သတ်ထားတာမလို့ MMS Page Chatboxမှာအခုကတည်းက ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါပြီရှင် 🤝💌

🌐 Website: mandalaymedicalservice.com

📱 page: Mandalay Medical Service
https://m.me/mandalaymedicalservice?ref=welcome

📱Tik Tok Account : mandalaymedicalservice7

📞 Viber Channel: https://invite.viber.com/?g2=AQAVJBwmjCaf4VIqbt3nS1FODKALXca16QCJ3WMVmpcO5yBvWMZE%2BcaMdQ4fLwZp&lang=en

👉telegram- https://t.me/mandalaymedicalservice

👉Viber -+95 9752818542
+95 9943218542

👉WhatsApp-+95 9762018542

👉WeChat-Mdymedicalservice


16/09/2026

📣မန္တလေးမြို့သူမြို့သားများအတွက် အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် Yashoda Hospitals မှ ထိပ်တန်းပါရဂူကြီးများနှင့် (အခမဲ့)တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်မဲ့ အထူးအခွင့်အရေး🌟

နိုင်ငံရပ်ခြားအထိသွားရောက်ရန် မလိုဘဲ ဦးနှောက်၊အာရုံကြောနှင့်ကျောက်ကပ်ရောဂါဆိုင်ရာ ထိပ်တန်း အထူးကုဆရာဝန်ကြီးများနှင့် လူကိုယ်တိုင် အနီးကပ် တိုင်ပင်ဆွေးနွေးနိုင်မည့် ပွဲကြီးစတင်ရန် (၃) ရက်သာ လိုပါတော့တယ်ရှင်✨

လာရောက်ဆွေးနွေးကုသပေးမည့် ထိပ်တန်းဆရာဝန်ကြီးများ-

👨‍⚕️ Dr. Rajesh Alugolu (ဦးနှောက်နှင့် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး)

👨‍⚕️ Dr. P. Sharmas Vali (ကျောက်ကပ်ရောဂါနှင့် ကျောက်ကပ်အစားထိုး အထူးကုဆရာဝန်ကြီး)

💁🏻‍♀️လူဦးရေ အထူးကန့်သတ်ထားသဖြင့် နေရာမပြည့်မှီယခုပဲ အမြန်ဆုံး စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်ရှင်

📍 နေရာ - 67 Street, Bet 32x33 Street, Hotel Sakura Princess, Mandalay

🗓️ နေ့ရက် - 19 Sep 2026 (Saturday)

⏰ အချိန် - မနက် (၁၁:၀၀) နာရီ မှ ညနေ (၅:၀၀) နာရီအထိ

💬 အသေးစိတ်သိရှိလိုသည်များနှင့် စာရင်းပေးသွင်းရန် - Mandalay Medical Service (MMS) Page Chatbox သို့ ယခုပဲ ဆက်သွယ်လိုက်ပါ❤️

🌐 Website: mandalaymedicalservice.com

📱 page: Mandalay Medical Service
https://m.me/mandalaymedicalservice?ref=welcome

📱Tik Tok Account : mandalaymedicalservice7

📞 Viber Channel: https://invite.viber.com/?g2=AQAVJBwmjCaf4VIqbt3nS1FODKALXca16QCJ3WMVmpcO5yBvWMZE%2BcaMdQ4fLwZp&lang=en

👉telegram- https://t.me/mandalaymedicalservice

👉Viber -+95 9752818542
+95 9943218542

👉WhatsApp-+95 9762018542

👉WeChat-Mdymedicalservice



#ဦးနှောက်နှင့်အာရုံကြော #ကျောက်ကပ်ရောဂါ #ကျောက်ကပ်အစားထိုး #အခမဲ့ဆွေးနွေးပွဲ

🌟မန္တလေးမြို့သူမြို့သားများအတွက် အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် Yashoda Hospitals မှ ထိပ်တန်းပါရဂူကြီးများနှင့် (အခမဲ့)တို...
16/09/2026

🌟မန္တလေးမြို့သူမြို့သားများအတွက် အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် Yashoda Hospitals မှ ထိပ်တန်းပါရဂူကြီးများနှင့် (အခမဲ့)တိုက်ရိုက်ဆွေးနွေးနိုင်မည့် ကျန်းမာရေးဟောပြောပွဲကြီး စတင်ဖို့ (၃) ရက်သာလိုပါတော့တယ်ရှင်🌟

နိုင်ငံရပ်ခြားသို့ သွားရောက်ပြသရန် မလိုဘဲ အိန္ဒိယနိုင်ငံရှိ ထိပ်တန်းအဆင့်မှီ Yashoda ဆေးရုံကြီးမှ အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီး (၂) ဦးနှင့် မန္တလေးမြို့တွင် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးနိုင်မည့် အခွင့်အရေးကြီး ရောက်ရှိလာပါပြီ💯

လာရောက်ဆွေးနွေးကုသပေးမည့် ထိပ်တန်းဆရာဝန်ကြီးများ -

👨‍⚕️ Dr. Rajesh Alugolu (ဦးနှောက်နှင့် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး)

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်ကုသမှုပေါင်း (၅,၀၀၀) ကျော် အောင်မြင်ခဲ့ပြီး

ပါကင်ဆန်ရောဂါ (Parkinson's Disease) အတွက် ခေတ်မီ DBS (Deep Brain Stimulation) ကုသမှုပေါင်း (၉၅၀) ကျော်ကို ကျွမ်းကျင်စွာ ကုသပေးနိုင်ခဲ့သော ထိပ်တန်းပါရဂူကြီး ဖြစ်ပါတယ်

👨‍⚕️ Dr. P. Sharmas Vali (ကျောက်ကပ်ရောဂါနှင့် ကျောက်ကပ်အစားထိုး အထူးကုဆရာဝန်ကြီး)

ကျောက်ကပ်အစားထိုး ကုသမှု (Kidney Transplant) ပေါင်း (၂၀၀) ကျော်ကို အောင်မြင်စွာ လုပ်ဆောင်ထားနိုင်ပြီး

နိုင်ငံတကာ ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားသော အတွေ့အကြုံရင့် ကျွမ်းကျင်ဆရာဝန်ကြီးပဲ ဖြစ်ပါတယ်

ဦးနှောက်၊ အာရုံကြော၊ ပါကင်ဆန်ရောဂါများနှင့် ကျောက်ကပ်ရောဂါ ဝေဒနာရှင်များ၊ မိသားစုဝင်များအနေဖြင့် မိမိတို့၏ ကျန်းမာရေးအတွက် အကောင်းဆုံး ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များ ရယူနိုင်မည့် တန်ဖိုးမဖြတ်နိုင်တဲ့ပွဲလေးပဲဖြစ်ပါတယ်ရှင်✨

💁🏻‍♀️လူဦးရေ အထူးကန့်သတ်ထားသဖြင့် နေရာမပြည့်မှီယခုပဲ အမြန်ဆုံး စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်ရှင်

📍 နေရာ - 67 Street, Bet 32x33 Street, Hotel Sakura Princess, Mandalay

🗓️ နေ့ရက် - 19 Sep 2026 (Saturday)

⏰ အချိန် - မနက် (၁၁:၀၀) နာရီ မှ ညနေ (၅:၀၀) နာရီအထိ

💬 အသေးစိတ်သိရှိလိုသည်များနှင့် စာရင်းပေးသွင်းရန် - Mandalay Medical Service (MMS) Page Chatbox သို့ ယခုပဲ ဆက်သွယ်လိုက်ပါ❤️

🌐 Website: mandalaymedicalservice.com

📱 page: Mandalay Medical Service
https://m.me/mandalaymedicalservice?ref=welcome

📱Tik Tok Account : mandalaymedicalservice7

📞 Viber Channel: https://invite.viber.com/?g2=AQAVJBwmjCaf4VIqbt3nS1FODKALXca16QCJ3WMVmpcO5yBvWMZE%2BcaMdQ4fLwZp&lang=en

👉telegram- https://t.me/mandalaymedicalservice

👉Viber -+95 9752818542
+95 9943218542

👉WhatsApp-+95 9762018542

👉WeChat-Mdymedicalservice



#ဦးနှောက်နှင့်အာရုံကြော #ကျောက်ကပ်ရောဂါ #ကျောက်ကပ်အစားထိုး #အခမဲ့ဆွေးနွေးပွဲ

Address

No. 142, 78 Street, Bet 38(A) And 38(B)street
Mandalay
05041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Mandalay Medical Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share