TawWin KBZ Mountain

TawWin KBZ Mountain Taw Win KanBawZa Mountain Co. Ltd. is a family-owned, certified organic tea and coffee producer and exporter in Shan State, Myanmar.

We have been growing our elegant and authentic teas and coffees for almost 60 years.

We work with 2,000 tea farmers in north and south Shan State. 60% are women and 40% are youth. We have been growing our ...
01/02/2023

We work with 2,000 tea farmers in north and south Shan State. 60% are
women and 40% are youth. We have been growing our elegant and authentic
teas and coffees for almost 60 years.

Presenting to you our fresh NEW LOOK! Thanks to the support of ITC Arise+ in guiding our corporate branding and creating...
01/02/2023

Presenting to you our fresh NEW LOOK! Thanks to the support of ITC Arise+ in
guiding our corporate branding and creating all the branding materials to better
highlight our brand values. We hope this reflects our stellar customer experience
and commitment to provide you with quality products.
We are also working on a new website and will be pleased to share with you very soon!

စပါးလင်ဆိုတာ ကျွန်မတို့တွေအတွက် စိမ်းလှတဲ့ အရာတော့ မဟုတ်ပါဘူး ၊ မီးဖိုချောင်ထဲမှာ အသားငါးညှီနံ့ဖျောက်ဖို့ ထည့်ချက်လို့ တ...
09/10/2020

စပါးလင်ဆိုတာ ကျွန်မတို့တွေအတွက် စိမ်းလှတဲ့ အရာတော့ မဟုတ်ပါဘူး ၊ မီးဖိုချောင်ထဲမှာ အသားငါးညှီနံ့ဖျောက်ဖို့ ထည့်ချက်လို့ တဖုံ ၊ ဟင်းရည်ဟင်းခါး ရနံ့ ပိုသင်းစေဖို့ တဖုံ အမျိုးမျိုး သုံးကြတာပါ။ နိုင်ငံတကာမှာလည်း Lemongrass oil, Lemongrass tea တို့ကို Spa တွေမှာ ရနံ့ကုထုံးအနေနဲ့ ထည့်သွင်း အသုံးပြုကြသလို၊ အခန်းတွင်းထားတဲ့ အမွှေးတိုင် ၊ ဖယောင်းတိုင်တွေထဲမှာလည်း စပါးလင် အနံ့ကို ထည့်သွင်း အသုံးပြုကြပါတယ်။ အဓိက ကတော့ သူ့ရဲ့ ရနံ့သင်းသင်းလေးက စိတ်အာရုံကို လန်းဆန်း ကြည်လင် စေတာကြောင့်ပေါ့။
အိမ်ထဲမှာ နေရာတဲ့ အချိန်တွေ ကြာလာတော့ ငြီးငွေ့ပြီး မကြည်မလင် ဖြစ်နေရင် စပါးလင်‌ရေနွေးကြမ်း မွှေးမွှေးလေးသောက်ရင်း Me Time လေး ယူနိုင်ပါတယ် ။

အိမ်ထဲမှာ နေဖြစ်တဲ့ ရက်တွေကြာလာတော့ ကိုယ်လက်လှုပ်ရှားမှုလည်း နည်းလာတာမို့ ထမင်းစားပြီးတိုင်း Lemon Herbal Tea လေးတစ်ခွက်...
30/09/2020

အိမ်ထဲမှာ နေဖြစ်တဲ့ ရက်တွေကြာလာတော့ ကိုယ်လက်လှုပ်ရှားမှုလည်း နည်းလာတာမို့ ထမင်းစားပြီးတိုင်း Lemon Herbal Tea လေးတစ်ခွက်တော့ ပုံမှန် သောက်ဖြစ်တာ ကောင်းပါတယ် ။ အစာလည်းကြေ အဆီတွေလည်း တခါတည်းချေရင်းပေါ့ ။ 🍋သံပုယိုသီးခြောက်ဖတ်လေးတွေ ရေနွေးလောင်းထည့်လိုက်တဲ့ ထွက်လာတဲ့ သံပုရာခွံ အနံ့လေးကလည်း ခေါင်းကြည်စေပါတယ်။ စာအုပ်လေးဖတ်ရင်း သံပုယိုလက်ဖက်ခြောက်လေး သောက်လိုက်နဲ့ စိတ်အာဟာရလည်းဖြည့် ကိုယ်အာဟာရလည်း ဖြည့်ပေါ့ 🍋

ကမ္ဘောဇတောင်တန်း က ထုတ်လုပ်တဲ့ ဆေးဖက်၀င်လက်ဖက်ခြောက် (Herbal Infused Black Tea) ရဲ့ လက်ဖက်ခြောက်များဟာဆိုရင် မြန်မာနိုင်...
28/09/2020

ကမ္ဘောဇတောင်တန်း က ထုတ်လုပ်တဲ့ ဆေးဖက်၀င်လက်ဖက်ခြောက် (Herbal Infused Black Tea) ရဲ့ လက်ဖက်ခြောက်များဟာဆိုရင် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်း လက်ဖက်တောင်သူတွေဆီက ရယူပါတယ်။ နောက်ပြီးတော့ အထဲမှာ ပါ၀င်တဲ့ သံပုယို၊ ဂျင်း၊ စပါးလင် တို့သည်လည်း ဒေသတွင်း တောင်သူများဆီကဘဲ ရယူပြီး ပြည်တွင်းက Solar Dome Dryer နဲ့ အခြောက်ခံတဲ့ စက်ရုံမှာ အခြောက်ခံပါတယ်။ ကျွန်တော်တို့တွေ အတတ်နိုင်ဆုံး ပြည်တွင်းလုပ်ငန်း အချင်းချင်း support လုပ်ကာ ရိုင်းပင်းရင်းနဲ့ လုပ်ငန်းကို ကြိုးစားလည်ပတ် ကြပါတယ်။ အထူးသဖြင့် ယခုလို ခက်ခဲတဲ့ ကာလမှာ ကိုယ့်အချင်းချင်း အားပေးရင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီလို့ ရှေ့ဆက်ကြရပါတယ်။

စပါးလင်မှာ ပါ၀င်တဲ့ Citral ဆိုတဲ့ ဓာတ်ပေါင်းဟာ အစာမကြေ၊ ရင်ပြည့်ရင်ကယ်တွေ ကို သက်သာနိုင်စေပါတယ် ။ ဒါကြောင့်မို့ အစာစားပြ...
24/09/2020

စပါးလင်မှာ ပါ၀င်တဲ့ Citral ဆိုတဲ့ ဓာတ်ပေါင်းဟာ အစာမကြေ၊ ရင်ပြည့်ရင်ကယ်တွေ ကို သက်သာနိုင်စေပါတယ် ။
ဒါကြောင့်မို့ အစာစားပြီးတဲ့အချိန် Lemongrass Herbal tea လေးတစ်ခွက် သောက်သုံးပေးခြင်းက အူလမ်းကြောင်းက ကိုလက်စထရော စုပ်ယူမှုကို လျော့ကျစေနိုင်တဲ့ အတွက်ကြောင့် သွေးလည်ပတ်မှု ကောင်းစေသလို၊ အသည်းကိုလည်း သန့်စင်စေပါတယ် ။




အစာလည်းဆေး ဆေးလည်းအစာ ဆိုသည့်အတိုင်း နေ့စဥ် စားသောက်မှု ပုံစံထဲမှာ သဘာ၀ဆေးဖက်၀င်ပင်တွေဖြစ်တဲ့ ဂျင်း၊ သံပုယိုသီး၊ စပါးလင်...
18/09/2020

အစာလည်းဆေး ဆေးလည်းအစာ ဆိုသည့်အတိုင်း နေ့စဥ် စားသောက်မှု ပုံစံထဲမှာ သဘာ၀ဆေးဖက်၀င်ပင်တွေဖြစ်တဲ့ ဂျင်း၊ သံပုယိုသီး၊ စပါးလင်တို့နဲ့ ထုတ်လုပ်ထားတဲ့ လက်ဖက်ညွန့်ခြောက် ရေနွေးကြမ်းကို သောက်သုံးပေးခြင်းက ကျန်းမာရေး အကျိုးများစေမှာ ဖြစ်ပါတယ်။


ခုတလော မနက်စာ စားတိုင်း မပါမဖြစ်က ဂျင်းရေနွေးကြမ်းလေးပဲ ။ မလိုအပ်ဘဲနဲ့ အပြင်မထွက်ဖြစ် ၊ အလုပ်လုပ်တာလည်း ဒီနေရာ ၊ စားတာလည...
16/09/2020

ခုတလော မနက်စာ စားတိုင်း မပါမဖြစ်က ဂျင်းရေနွေးကြမ်းလေးပဲ ။
မလိုအပ်ဘဲနဲ့ အပြင်မထွက်ဖြစ် ၊ အလုပ်လုပ်တာလည်း ဒီနေရာ ၊ စားတာလည်း ဒီနေရာဆိုတော့ ခန္ဓာကိုယ်ကြီးက လှုပ်ရှားမှု နည်းလာပြီး လေးလံထိုင်းမှိုင်း နေတော့တာဘဲ ။ ဂျင်းရေနွေးကြမ်းလေး သောက်လိုက်မှ ပူပူလေးဆိုတော့ လည်ချောင်းထဲကို ရှင်းသွားပြီး ချွေးလေးပါ နည်းနည်းစို့လာတော့ နေရထိုင်ရတာပါ ပေါ့ပါးလာပါတယ်။ ဂျင်းက သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းပေးတော့ နေ့စဥ် လက်ဖက်ခြောက်တစ်ထုပ်ကို ရေနွေးလေး ထပ်ထပ်ဖြည့်ပြီးဘဲ သောက်ဖြစ်ပါတယ်။

✅ Herbal tea ထုပ်‌လေးက Pyramid shaped tea bags လေးတွေကို ဖြစ်နေတာကို သတိပြုမိကြမယ် ထင်ပါတယ်ရှင်။ ✅ Pyramid tea bags လေးတ...
13/09/2020

✅ Herbal tea ထုပ်‌လေးက Pyramid shaped tea bags လေးတွေကို ဖြစ်နေတာကို သတိပြုမိကြမယ် ထင်ပါတယ်ရှင်။
✅ Pyramid tea bags လေးတွေက Single tea bags တွေထက်ပိုပြီး ပိုဆန့်တာ အိတ်နေရာကျယ်တာကို ပုံပါအတိုင်း မြင်နိုင်ပါတယ်ရှင်။
🔺 အိတ်နေရာကျယ်တဲ့အတွက် လက်ဖက်ခြောက်ကို အညွန့်လေးတွေ အတိုင်း ထည့်လို့ရတာပေါ့ ။
❓လက်ဖက်ခြောက်ခြင်း အညွန့်ဖြစ်ဖြစ် အမှုန့်ဖြစ်ဖြစ် အတူတူဘဲ မဟုတ်လားဆို လုံး၀မတူပါဘူးနော်။ လက်ဖက်ညွန့်ခြောက်လေးတွေကို အိတ်ထဲထည့်လို့ရအောင် ကြိတ်ပစ်လိုက်ရင် လက်ဖက်ခြောက်ရဲ့ အနံ့အရသာတွေ အလေအလွင့် ဖြစ်သွားတဲ့အပြင် လက်ဖက်ရဲ့ အဆီအနှစ် အကျိုးကျေးဇူးတွေလည်း လျော့သွားပါတယ်ရှင်။
✅ လက်ဖက်ခြောက် အနံ့အရသာ ပြည့်ပြည့်၀၀နဲ့ အကျိုးရှိရှိ သောက်သုံးစေချင်လို့ KBZ Mountain Herbal Tea မှာ Pyramid tea bags လေးတွေကို သုံးထားရခြင်း ဖြစ်ပါတယ်ရှင်။
✅ လက်ဖက်ခြောက်ဖတ်လေးတွေက အညွန့်လိုက်လေးတွေဆိုတော့ အမှုန့်ကြိတ်ထားတဲ့ လက်ဖက်ခြောက်တွေလို ရေတစ်ခါ လောက်ထည့်ပြီး အနံ့အရသာ ကုန်သွားတာ မဟုတ်ဘဲ ရေထပ်ဖြည့်ပြီး သောက်လို့ရလို့ အသောက်ခံပါတယ်ရှင်။ tea bag တစ်ထုပ်ဆို တနေကုန် ရေ ၃ ကြိမ်ထိ ထပ်စွက်ပြီး သောက်လို့ရပါတယ်ရှင်။

Address

73 Street, Between 120 A And 121
Mandalay
05051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959790100965

Alerts

Be the first to know and let us send you an email when TawWin KBZ Mountain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TawWin KBZ Mountain:

Share