21/08/2026
"မနက်ဖြန် သွေးချိုစစ်မှာမို့လို့ ဒီနေ့တော့ အချိုတွေ ရှောင်လိုက်ဦးမယ်…" 😅
ဒါပေမဲ့ ဒီနည်းနဲ့ လှည့်စားလို့ မရနိုင်တဲ့ စစ်ဆေးမှုတစ်ခု ရှိပါတယ်။ အဲဒါကတော့ HbA1c (Hemoglobin A1c) ပါပဲ။
နေ့စဉ် သွေးချိုတိုင်းတာတာက "ဓာတ်ပုံတစ်ပုံ" ရိုက်သလိုမျိုး ထိုခဏ အခြေအနေကိုပဲ ပြသနိုင်ပေမဲ့ HbA1c ကတော့ လွန်ခဲ့တဲ့ ၂ လ မှ ၃ လအတွင်း သင် ဘာတွေစားခဲ့လဲ၊ သွေးချိုဘယ်လောက် တက်ခဲ့လဲဆိုတာကို အမှန်အတိုင်း ပြသပေးတဲ့ "ရုပ်ရှင်ဗီဒီယို" တစ်ခုလိုမျိုးပါပဲ။ 🎬
🤔 ဒါဆို HbA1c ကို ဘယ်သူတွေ စစ်သင့်သလဲ။
👉
ခဏခဏ ရေဆာနေသလိုပဲ၊ ဆီးခဏခဏသွားနေတယ်၊ ပင်ပန်းလွယ်ပြီး အကြောင်းမဲ့ ဝိတ်ကျနေတယ်ဆိုရင်တော့ မဖြစ်မနေ စစ်ဆေးကြည့်သင့်ပါတယ်။
👉
အသက် (၃၅) နှစ်နှင့် အထက် ရှိသူများ
ကိုယ်အလေးချိန် ပိုနေသူများ သို့မဟုတ် ဝမ်းဗိုက်အဆီ များသူများ
မိသားစုထဲမှာ ဆီးချိုမျိုးရိုး ရှိသူများ
သွေးတိုး၊ သွေးတွင်းအဆီဓာတ် မြင့်မားသူများ
ကိုယ်ဝန်ဆောင်စဉ် သွေးချိုတက်ဖူးသူများ စစ်ဆေးသင့်ပါတယ်။
👉 ဆီးချိုရောဂါရှိသူများ အနေနဲ့
မိမိရဲ့ သွေးချိုထိန်းချုပ်မှု အခြေအနေ သိနိုင်ဖို့ ၃ လ သို့မဟုတ် ၆ လတစ်ကြိမ် ပုံမှန် စစ်ဆေးပေးရပါမယ်။
💡
HbA1c သွေးစစ်ဖို့အတွက် အစာငတ်ခံထားစရာ (Fasting) မလိုပါဘူး။ ဘယ်အချိန်မဆို စိတ်ကြိုက် သွေးသွားစစ်လို့ရပါတယ်။
အိမ်အ ရောက် သွေးဖောက်ဝန် ဆောင်မှုအတွက် booking ရယူရန် ဆက်သွယ်လိုက်ပါရှင်။
🏥 **Shwe International Healthcare Center**
📍 အမှတ် (57), 32 လမ်းနှင့် 71 x 72 ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ 09 76 73 65 65 8
☎️ 09 958 70 70 30
☎️ 09 977 866 860
☎️ 09 440 450 451
🌐 https://shwehealthcare.com
**"We Care, You Can Trust"** ❤️🩺