YSK Korea Cosmetic Myanmar

YSK Korea Cosmetic Myanmar သင်မသိသေးတယ့်သင့်ရယ့်အလှတရားများက?

ဂျို နဲ့ ပါ😁
06/10/2023

ဂျို နဲ့ ပါ😁

♉️Ta**us လေး​တွေ တန်းစီ
(20 Apr - 20 May)

Ta**us လေးတွေဟာ တစ်ယောက်ယောက်ကို
စကြိုက်ဖို့ စဉ်းစားကတည်းက သူတို့နဲ့
ဂုဏ်ရည်တူမှ စကြိုက်တာပါ။

“ဂုဏ်ရည် မတူလည်း မေ့အသဲနဲ့
ကြည်ဖြူလိုက်စမ်းပါ” ဆိုတာမျိုး
တောအရက်တွေကို သွားရှုပ်ရင်
တစ်ခါတည်း အိမ်ပြန်ဖို့ အထုပ်ထုပ်ပြီး
လက်မှတ် ဖြတ်ပေးပါလိမ့်မယ်။

♉️ စိတ်ကြိုက်အသကုန် ရွေးချယ်ပြီးလို့
သူတို့ကြိုက်တာ တွေ့ပြီဆိုရင်လည်း
ချစ်မှုရေးရာမှာ နာမည်ကြီးတဲ့
ချိုနှစ်ချောင်း Ta**us လေးတွေဟာ
ဆေးဖြစ်ဝါးဖြစ် မချစ်တတ်ကြပါဘူး။
ခွေးဖြစ်နွားဖြစ်ပဲ ချစ်တတ်ကြတာ ဗီဇပါ။

“လမ်းပေါ်မှာလည်း တွေ့နိုင်တယ်
စာသင်ခန်းနဲ့ လက်ဖက်ရည်ဆိုင်ထဲ
နေရာအနှံ့ ပြန့်ကြဲ”နေတဲ့ အချစ်ရူးတွေဟာ
သူတို့အုပ်စုချည်းပါပဲ။ 😂

Ta**us တွေဟာ introvert တွေ များပါတယ်။
စကားအများကြီး မပြောပါဘူး။
လူလည်ခေါင်မှာ အာချောင်နေတဲ့
တောရက်စ်မျိုးကို သင့်ဘဝမှာ များများစားစား
တွေ့ဖူးလိမ့်မယ် မထင်ပါဘူး။

♉️ Ta**us ဟာ Green Flag ပါ။
ဒါပေမယ့် တောအရက်ကိုများ အေးလို့ဆိုပြီး
ထိပ်ပုတ် ခေါင်းပုတ် သွားမလုပ်ကြပါနဲ့။

သွေးအေး လူtတ်သမား အများဆုံး
ပေါ်ထွန်းတတ်တဲ့ ရာသီခွင် ဖြစ်လို့
မှုခင်းဂျာနယ်ထဲ မပါချင်ရင်
Ta**us ကို သူ့အခန်းလေးထဲမှာသူ
အေးအေးဆေးဆေး ဖီးလ်နေခွင့် ပြုလိုက်တာ
အားလုံးအတွက် ကောင်းပါတယ်။

♉️ အေးအေးလေး ပြုံးပြုံးလေးနဲ့
တီရှပ်လေး တစ်ထည် ကောက်စွပ်ပြီး
တလောကလုံးကို ထိုင်ဘမ်းနိုင်စွမ်းရှိတဲ့
Mark Zuckerburg ဟာ
Ta**us တစ်ယောက် ဖြစ်ပါတယ်။
အေးအေးလေးနဲ့ကို သင့်ကို အကြီးအကျယ်
စိတ်ဓာတ်ကျအောင် ထိုင်လုပ်မှာပါ။

♉️ သတိထားရအောင် ပြောပြချင်တာက
နာဇီပါတီရဲ့ ခေါင်းဆောင်ကြီး
ဟစ်တလာရဲ့ ရာသီခွင်ဟာလည်း
တောအရက်ပဲ ဖြစ်ပါတယ်။ 😈

သူတို့ဟာ တစ်နေရာတည်းမှာ ခွေပြီး
အကြံ အကြီးကြီး ကြံနေတတ်တယ်။
စိတ်တွေ အာရုံတွေ အရမ်းမများလို့
သူတို့ အကြံအစည်ဟာ တစ်ခုဆို
ဆိုသလောက် လူအများ လက်ဖျားခါ
လောက်အောင် ပေါက်မြောက်တတ်တယ်။

♉️ Ta**us တွေဟာ ဖြည်းဖြည်းနှေးနှေး
အေးအေး လေလေးတစ်ချွန်ချွန်နဲ့
စိတ်အေးလက်အေး နေတတ်လွန်းတယ်။
ပုံစံကလည်း ဟော့ဟော့ရမ်းရမ်းမရှိ
တသီးတသန့်နဲ့ နေတတ်တယ်။
လူတွေက သူတို့ကို ငစနူလေးတွေပါလို့
လျှော့တွက်နေတဲ့အချိန်မှာပဲ
Ta**us ဟာ လူတွေထင်မထားတာတွေ
လုပ်ချလာတတ်ပါတယ်။

♉️ အချစ်ကြောင့် ဂေါက်တောက်တောက်
ရူးကြောင်ကြောင် ဖြစ်တတ်တာကလွဲရင်
ဇွဲ လုံ့လ ဝီရိယ အရာမှာတော့
သူတို့ကို ဘယ်သူမှ မမှီပါဘူး။
သူတို့အောင်မြင်မှုရဲ့ အခြေခံက
ဇွဲရှိခြင်း၊ သစ္စာရှိခြင်း တို့ကြောင့် များတယ်။

Ta**us မှန်ရင် သစ္စာရှိပါတယ်။
သူတို့ဘက်ကစပြီး
ဘယ်တော့မှ လမ်းမခွဲတတ်ပါဘူး။

အကယ်၍ Ta**us ရဲ့ သစ္စာဖောက်ခြင်းကို
ခံရဖူးတယ်ဆိုရင် သင့်မှာ ဘာချွတ်ယွင်းချက်
အနာအဆာတွေ ရှိနေလည်းဆိုတာ
တစ်ပါတ်ဆယ်ရက် ခွင့်ယူပြီး ပြန်လည် သုံးသပ်ပါ။

♉️ အနေအေးလို့ စိတ်ကောင်းအရမ်းရှိလား
ဆိုတော့လည်း မထင်လိုက်ပါနဲ့။
Red Flag တွေ ဆိုးတာ ဘာဟုတ်သေးလို့လဲ။
Green Flag တောရက်စ်တွေ
တကယ် ရက်စက်ပြီဆိုရင်
ဆယ့်နှစ်ရာသီခွင် အကုန်ဝပ်နေတော့ပဲ။

ကောင်းခြင်းနဲ့ ဆိုးခြင်းကြား
ဆံချည်တစ်မျှင်ပဲ ခြားပါတယ်။
ကောင်းတဲ့ဗီဇရော ဆိုးတဲ့ဗီဇရော
နှစ်မျိုးလုံးဟာ သူတို့ဆီမှာ ပါပါတယ်။

♉️ မာန အရမ်းကြီးပါတယ်။
လူတိုင်းကို မရောတတ်ပါဘူး။
ပေါတောတောကြီး လုပ်မနေတတ်ဘူး။
သူတို့ တကယ် ချစ်သွားပြီ ဆိုရင်တော့
ဆီးဝမ်းသွေးလေ မညီမညွတ် ဖြစ်ကုန်ပြီး
လူတကာအပေါ် ချေလာသမျှ
ချိုလေးနှစ်ချောင်းက အစွမ်းတွေ ထပြပါတယ်။

♉️ တစ်လောကလုံးကို စဖမလ mode on ပြီး
မင်းတစ်ယောက်တည်းကိုသာ
ဒူးထောက်ခစားမှာ Ta**us ပါ။

ဒါကြောင့် Ta**us က လာချစ်ရင်
ပြန်ချစ်လိုက်ကြ။
မူမနနေဲ့။
ဘယ်မှာမှ မရနိုင်တဲ့
အချစ်ရဲ့ ခမ်းနားကြီးကျယ်မှုကို
တွေ့ကြုံ ခံစားဖူးချင်ရင်ပေါ့။ 😎♉️

CRD : မရွှန်းမီမီထက်

🙏 ​ဝေဒင်္ဂ ရဲ့ စာဖတ်​သူ မိတ်​​ဆွေများ ခင်​ဗျာ 🙏
⏞⏞⏞⏞⏞⏞⏞
❝ ​ရွှေရင်​​လေးလို့ ​ဗေဒင်​မေး
 ဗေဒင်​မေးမှ ရွှေရင်​အေး ❞
⏟⏟⏟⏟⏟⏟⏟
࿘ ရွှေရင်​အေး ​စေဖို့ လူကြီးမင်းတို့ ကိစ္စတိုင်း 
 ဝေဒင်္ဂ ထံ ဗေဒင်​ ​မေးပြီးမှ ​ဆောင်​ရွက်​ပါ ࿘

✍ ​ဝေဒင်္ဂ ✍

Mc🌻
25/03/2023

Mc🌻

မန္တလေး ရေတံခွန်တောင် ရှိ စွဲငြိ စားသောက်ဆိုင်မှာ ထန်းရည်ချိုချို နဲ့ ရေတံခွန်တောင် ကြက်ကြော် ကို ဘိုမ တို့ ...

Ma May Taw ဒီလိုလေး၀တ်ကျရအောင်😁
03/09/2022

Ma May Taw ဒီလိုလေး၀တ်ကျရအောင်😁

Daily News And Entertainment

03/09/2022

ဘဝအောင်မြင်ရေး နည်းလမ်း ( ၅၀ )
_______________
၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။
၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။
၃။ ရေချိုးစဉ် သီချင်းဆိုပါ။
၄။ စတီရီယိုစက် ကောင်းကောင်းတစ်လုံး ပိုင်နိုင်အောင်လုပ်ပါ။
၅။ ရန်မဖြစ်မနေ ဖြစ်ရတော့မယ်ဆိုရင် ကိုယ်ကဦးအောင် အပြင်းဆုံး ထိုးနှက်ပါ။
၆။ လှို့ဝှက်ချက်လေးတွေ ထားပါ။
၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။ ဆန်းကြယ်မှုဆိုတာ နေ့စဉ် ဖြစ်တာမျိုးပါ။
၈။ ကမ်းလာတဲ့ လက်တိုင်းကို လက်ခံပါ။
၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ်သူမှ ဒီသတ္တိ အစစ်လားအတုလား မခွဲတတ်ပါ။
၁၀။ လေချွန်ပါ။
၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။
၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ။ ဒီတစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။
၁၃။ လူမမြင်သာတဲ့ ကောင်းမှုကုသိုလ်လေးတွေ လုပ်တတ်အောင် အလေ့အကျင့် လုပ်ပေးပါ။
၁၄။ ကိုယ် လုံးဝ ပြန်မမြင်ချင်တော့တဲ့ စာအုပ်တွေကိုပဲ ထုတ်ငှားပါ။
၁၅။ လူတစ်ဖက်သားရဲ့ မျှော်လင့်ချက်ကို မဆန့်ကျင်ပါနဲ့။ သူတို့ဘဝမှာ ချမ်းသာတာဆိုလို့ ဒါပဲ ရှိခဲ့ရင် သင် စိတ်ကောင်းမှာ မဟုတ်ဘူး။
၁၆။ ကလေးတွေနဲ့ များများကစားပေးပါ။ ကစားတိုင်း အနိုင်ပေးပါ။
၁၇။ လူတိုင်းကို ဒုတိယ အခွင့်အရေး ပေးပါ။ ဒါပေမယ့် တတိယ အခွင့်အရေးကို ဘယ်တော့မှ မပေးနဲ့။
၁၈။ အနုပညာဆန်ဆန် ချစ်တတ်ပါ။
၁၉။ စိတ်ကောင်းနိုင်သမျှ/ စိတ်တက်ကြွနိုင်သမျှ ကောင်းနေ/ တက်ကြွနေတဲ့ လူတစ်ယောက် ဖြစ်အောင် နေပါ။
၂၀။ လက်လွှတ်ပါ။ ပေါ့ပေါ့ပါးပါးနေပါ။ သေရေးရှင်ရေးကလွဲလို့ ဘယ်အရာမှ သင်ထင်သလို သေရေးရှင်ရေးတမျှ အရေးမကြီးပါဘူး။
၂၁။ ဘဝရဲ့ အရေးကြီးတဲ့ အချိန်လေးတွေမှာ ဖုန်းခေါ်သံတွေက နှောင့်ယှက်နေရင် ကိုင်မနေပါနဲ့။ ပိတ်ထားလိုက်ပါ။ ကိုယ်အဆင်ပြေဖို့ ဖုန်းဆိုတာ ကိုယ့်အနားထားတာ။ ခေါ်သူကိုယ်တိုင် ကိုယ့်အနားရောက်လာတာမဟုတ်။
၂၂။ အကောင်းဆုံးအရှုံးသမားဖြစ်အောင်နေပါ။
၂၃။ အကောင်းဆုံးအနိုင်သမားလဲ ဖြစ်အောင် နေပါ။
၂၄။ တစ်စုံတစ်ယောက်ကို လှို့ဝှက်ချက် မပြောပြခင် နှစ်ခါစဉ်းစားပါ။ ဝန်လွှဲသလို ဖြစ်တတ်တယ်။
၂၅။ တစ်ယောက်ယောက်က ဖက်ထားရင် သူအရင်လက်လွှတ်ပါစေ။
၂၆။ ဂုဏ်မမက်ပါနဲ့။ ကိုယ်ကောင်းတဲ့ဆိုးတဲ့ အပေါ်မှာပဲ ဂုဏ်တပ်ချင်တပ်ပါစေ။
၂၇။ ရိုးရိုးရှင်းရှင်းလေးနေပါ။
၂၈။ ဘာမှရှုံးစရာမရှိတော့တဲ့ လူတစ်ယောက်ကို သတိထား ဆက်ဆံပါ။
၂၉။ တံတားတွေကို မီးမရှို့ပါနဲ့။ ဒီတံတားကနေ သင် အံ့သြဖို့ကောင်းလောက်အောင် အကြိမ်များစွာ ထပ်ဖြတ်ရဦးမယ် ဆိုတာ ရှေ့လျှောက်တွေ့လာပါလိမ့်မယ်။
၃၀။ သေရင် အုတ်ဂူမှာ "နောင်တစိုးစဉ်းမျှ မရဖူးသူ" လို့ ရေးခြစ်နိုင်အောင် နေထိုင်ပါ။
၃၁။ ကြီကြီးကြံ မြင့်မြင့်တွေး ရဲရဲလှမ်းပါ။ အသက်ကြီးလာခဲ့လို့ ဘဝမှာ ဘာတွေ လုပ်ခဲ့သလဲ ပြန်တွေးတိုင်း များများမလုပ်ခဲ့မိတာကိုပဲ နောင်တရလေ့ရှိတယ်။
၃၂။ အခွင့်အရေးရတိုင်း ချစ်တဲ့သူကို ချစ်ကြောင်း အသိပေးပါ။
၃၃။ ဘယ်အောင်မြင်မှုမှာမှ တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ မရှိ။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ကူညီပေးနေသူများကို အသိအမှတ်ပြုပါ။
၃၄။ ကိုယ့် အကျင့်ကို ကိုယ်တာဝန်ယူပါ။ ဘယ်သူကမှ ဒီအကျင့်ကို သင့်ထံ လာပေးသွားတာ မခံပါနဲ့။
၃၅။ ဆွေမျိုးမိတ်ဆွေတွေ ဆေးရုံတက်ရတာပဲ ဖြစ်ဖြစ် နာမကျန်းဖြစ်တာပဲ ဖြစ်ဖြစ် မရောက် ရောက်အောင် သွားပါ။ ခဏလေးနေပေးရုံနဲ့တင် သူတို့ကို ပျော်ရွှင်မှု ဖြစ်စေပါတယ်။
၃၆။ ကိုယ်အနှစ်သက်ဆုံး သီချင်းလေးတွေကို နေ့စဉ် ရွေးဖွင့် နားထောင်ပေးပါ။
၃၇။ ကျေးလက်ဒေသ တောတောင်တွေဘက်ကို ရံဖန်ရံခါ အလည်အပတ်သွားပါ။
၃၈။ ချစ်သူများနေ့ ပို့(စ်)ကဒ် တွေ အမြောက်အများကို "သင့်အလှအပကို မြင်တတ်သူ တစ်စုံတစ်ယောက်" လို့ ရေးပြီး မသိတဲ့လူတွေဆီရော သိတဲ့လူတွေဆီပါ ပို့ပေးပါ။
၃၉။ ဖုန်းကိုင်တိုင်း တက်တက်ကြွကြွ အာဏာပါပါနဲ့ ကိုင်ပါ။
၄၀။ မှတ်စုလေးတစ်အုပ် နှင့် ခဲတံလေးတစ်ချောင်းကို အိပ်ယာဘေးမှာ ထားအိပ်ပါ။ ရွှေချထားဖို့ ကောင်းတဲ့ အကြံတွေဟာ မနက် ၃:၀၀ နာရီမှာ ပေါ်လာတတ်တယ်။
၄၁။ ဘဝရုန်းကန်ဖို့ လှုပ်ရှားနေသူတွေကို ဘယ်လောက်ပဲ နိမ့်ကျနေပါစေ လေးစားတတ်ပါ။
၄၂။ ချစ်သူဆီကို ပန်းပို့ပါ။ ဘာကြောင့်ပို့တယ်ဆိုတာ နောက်မှ စဉ်းစားပါ။
၄၃။ ဂိတ်ဝင်ကြေးတွေပေးရင် ကိုယ့်အနောက်က ကားအတွက်ပါ ထုတ်ပေးခြင်းဖြင့် သူတို့ ပျော်ရွှင်ပါစေ။
၄၄။ တစ်စုံတစ်ယောက်ရဲ့ လူစွမ်းကောင်းအဖြစ် နေပါ။
၄၅။ ချစ်မှ လက်ထပ်ပါ။ မချစ်ရင် မထိပါနဲ့။
၄၆။ ကိုယ့်နားမှာ ပျော်ရွှင်နေတဲ့ သူတိုင်းကို အလေးထားပါ။ ရေတွက်ပါ။ စူးစမ်းပါ။
၄၇။ တစ်စုံတစ်ယောက်အိမ်ကို ရုတ်တရက် အလည်အပတ်သွားတိုင်း စားစရာ သောက်စရာ လက်ဆောင် ဝယ်သွားပါ။
၄၈။ ကျောင်းကားတစ်စီး ကိုယ့်ဘေးကဖြတ်တိုင်း ကလေးတွေကို လက်ပြနှုတ်ဆက်ပါ။
၄၉။ အလုပ်တစ်ခုမှာ အောင်မြင်ရင် ၂၀% က သက်ဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ဖြစ်ပြီး ၈၀% က လူမှုဆက်ဆံရေး ကြောင့် ဖြစ်တယ်ဆိုတာ သတိရပါ။
၅၀။ ဘဝမှာ တရားမျှတဖို့ ဘယ်တော့မှမမျှော်လင့်ပါနဲ့


#ဘဝအောင်မြင်ရေးနည်းလမ်းများ

2 နှစ်လောက်ပြင်မထွက် ပဲ နေခဲ့ရတဲ့မီး😊ခုတော့ဖလန်း ဖလန်းလေးဖြစ်သွားပြီ🥰
07/05/2022

2 နှစ်လောက်ပြင်မထွက် ပဲ နေခဲ့ရတဲ့မီး😊
ခုတော့ဖလန်း ဖလန်းလေးဖြစ်သွားပြီ🥰

YSK company မှပြုလုပ်ကျင်းပပေးနေသောPromotion ပွဲကြီးBuy 1 Get 1Buy 2 Get 130%20%Date7.4.2022 to 8.4.2022Time9:00 AM to 8...
08/04/2022

YSK company မှပြုလုပ်ကျင်းပပေးနေသော
Promotion ပွဲကြီး
Buy 1 Get 1
Buy 2 Get 1
30%
20%
Date
7.4.2022 to 8.4.2022
Time
9:00 AM to 8:00 PM
နေရာ
A***n Restaurant & Bar ရခိုင်ပြည်နယ် စစ်တွေမြို့

Rive cowe lip fixer💄
21/09/2021

Rive cowe lip fixer💄

😁😁😁
21/09/2021

😁😁😁

Rive Cowe 2way ဗူး ၁၀၀၀😊ခုန်ထွက်😊😍😱
22/08/2021

Rive Cowe 2way
ဗူး ၁၀၀၀😊
ခုန်ထွက်😊😍😱

ပါး​ရေတွန့်မှာစိုးရိမ်လို့ မိတ်ကပ်ကို ပွတ်ဆွဲပြီးမလိမ်းချင်တဲ့ကာကာတို့အတွတ်က​တော့  🤔🤔👍👇Rivecowe ရဲ့ DD Cushion ​လေးက အသင...
22/08/2021

ပါး​ရေတွန့်မှာစိုးရိမ်လို့ မိတ်ကပ်ကို ပွတ်ဆွဲပြီးမလိမ်းချင်တဲ့
ကာကာတို့အတွတ်က​တော့ 🤔🤔👍👇

Rivecowe ရဲ့ DD Cushion ​လေးက အသင့်​တော်ဆုံး​ပဲ​လေ🤗🤗
♡♤♡♤♡♤♡♤♡♤♡♤♡

💟ပုတ်ပုတ်ပြီးလိမ်းလိုက်ရုံနဲ့ အ​ရေအ​ကြောင်းအနာအဆာ​တွေ
အကုန်ဖုံးသွား​​စေရမယ် 😉😉

💟Glow တာကိုမှာကြိုက်တဲ့ ချစ်ချစ်တို့အတွတ်ကလဲ
glow☺️~glow ☺️~ဖြစ်သွား​စေရမယ်••••

💟SPF 43 PA +++ နဲ့ Whitening Effect ပါဝင်တာ​ကြောင့်
​နေ​လောင်ဒဏ်ကိုလဲကာကွယ်​ပေးပြီး လိမ်း​လေလိမ်း​လေ
ဖြူဖြူပြီး ဝင်းလာ​စေမှာ အမှန်ပဲ​လေ 😇😇😇

Address

Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959954192059

Website

Alerts

Be the first to know and let us send you an email when YSK Korea Cosmetic Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YSK Korea Cosmetic Myanmar:

Share