နဝရတ်သစ္စာ တိုင်းရင်းဆေးခန်းနှင့်ဆေးဆိုင်

  • Home
  • Myanmar
  • Mandalay
  • နဝရတ်သစ္စာ တိုင်းရင်းဆေးခန်းနှင့်ဆေးဆိုင်

နဝရတ်သစ္စာ တိုင်းရင်းဆေးခန်းနှင့်ဆေးဆိုင် ကျန်းမာခြင်းသည် လာဘ်တပါး

10/11/2025

အရိုးအဆစ်နာကျင်ကိုက်ခဲမှုအတွက် ရေခဲအုံခြင်း (Ice Compression) နှင့် ရေနွေးအုံခြင်း (Heat Compression) တို့၏ အသုံးပြုရမည့် အခြေအနေများ (Indications) နှင့် မသုံးသင့်သည့် အခြေအနေများ (Contraindications)

---

1. ရေခဲအုံခြင်း (Ice Compression/Cryotherapy)

အဓိကရည်ရွယ်ချက်: ရောင်ရမ်းမှုကို လျှော့ချခြင်း၊ သွေးကြောများကို ကျုံ့စေခြင်း၊ အာရုံကြောများ၏ တုံ့ပြန်မှုကို နှေးကွေးစေကာ နာကျင်မှုကို သက်သာစေခြင်း။

အသုံးပြုသင့်သော အခြေအနေများ (Indications for Ice)

1. ရုတ်တရက်ဒါဏ်ရာ (Acute Injuries): ချက်ချင်းဖြစ်သော ဒဏ်ရာများ (ဥပမာ - ချော်လဲခြင်း၊ ကြိုးခုန်ခြင်း၊ ခလုတ်တိုက်ခြင်း) ဖြစ်ပြီး ၄၈ နာရီမှ ၇၂ နာရီ အတွင်း။

2. ရောင်ရမ်းခြင်း၊ နီမြန်းခြင်း၊ ပူနွေးခြင်း (Inflammation, Redness, Heat): ဒဏ်ရာအသစ်တွင် ရောင်ရမ်းနေချိန်။

3. ထိခိုက်ဒဏ်ရာပြီး ချက်ချင်း: နာကျင်မှုကို အမြန်ဆုံး ထိန်းချုပ်လိုသော အချိန်။

4. လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန်: ကြွက်သားများ နာကျင်ကိုက်ခဲခြင်း (Delayed Onset Muscle Soreness - DOMS) ကို ကာကွယ်ရန် သို့မဟုတ် သက်သာစေရန်။

မသုံးသင့်သော အခြေအနေများ (Contraindications for Ice)

1. သွေးလှည့်ပတ်မှု မကောင်းခြင်း (Poor Circulation): ဆီးချိုရောဂါကြောင့် သွေးကြောထိခိုက်သူများ၊ သွေးစီးဆင်းမှု အားနည်းသူများ။

2. အာရုံခံစားမှု ချို့ယွင်းခြင်း (Sensory Impairment): ဒဏ်ရာနေရာတွင် ထုံကျင်မှုရှိသူများသည် ရေခဲဒဏ်ကို မခံစားမိဘဲ အရေပြားပျက်စီးတတ်သည်။

3. အအေးဓာတ်နှင့် ဓာတ်မတည့်ခြင်း (Cold Hypersensitivity): အအေးဒဏ်ကို မခံနိုင်သူများ (ဥပမာ - Cold Urticaria)။

4. တစ်ရှူးများ ခြောက်သွေ့ပျက်စီးနေခြင်း (Open Wounds or Atrophic Skin): အနာဖေးမကပ်သေးသော ဒဏ်ရာများ၊ အရေပြားပြဿနာရှိသည့်နေရာတွင် မသုံးသင့်။

သတိပြုရန်: ရေခဲကို အရေပြားနှင့် တိုက်ရိုက်မထိပါစေနှင့်။ ပုဝါပါးတစ်ထပ်ခင်း၍ အုံပါ။ တစ်ကြိမ်လျှင် ၁၅-၂၀ မိနစ်ထက် ပိုမထားပါနှင့်။ တစ်နေ့လျှင် ၃-၄ ကြိမ်ခန့် သုံးနိုင်သည်။

---

2. ရေနွေးအုံခြင်း (Heat Compression/Thermotherapy)

အဓိကရည်ရွယ်ချက်: သွေးကြောများကို ပြန့်ကားစေခြင်း၊ ကြွက်သားများကို ပြေလျော့စေခြင်း၊ တောင့်တင်းမှုကို လျှော့ချပေးခြင်း။

အသုံးပြုသင့်သော အခြေအနေများ (Indications for Heat)

1. နာတာရှည် ကြွက်သားတောင့်တင်းမှု (Chronic Muscle Tension or Stiffness): ဇက်ကြောတက်ခြင်း၊ ခါးနာခြင်း စသည့် ကြာမြင့်စွာ ခံစားနေရသော ဝေဒနာများ။
2. ဒဏ်ရာ သက်တမ်းရင့်ပြီးချိန် (After 48-72 Hours of Acute Injury): အကြိတ်ရိုက်ဒဏ်ရာ၏ ရောင်ရမ်းမှု အဓိကကျသွားပြီး ကြွက်သားတောင့်တင်းမှု ကျန်နေချိန်။
3. အဆစ်အမြစ် ရောင်ရမ်းမှု မဟုတ်သော နာကျင်ကိုက်ခဲမှုများ (Non-inflammatory Pain): အကြောင်းရင်းမရှိဘဲ ကြွက်သားညောင်းညာကိုက်ခဲခြင်း။
4. လေ့ကျင့်ခန်း မစမီ ကြွက်သားပြေလျော့စေရန်: ကြွက်သားများကို သွေးပူစေပြီး ထိခိုက်မှုလျော့နည်းစေရန်။

မသုံးသင့်သော အခြေအနေများ (Contraindications for Heat)

1. ရုတ်တရက်ဖြစ်သောဒါဏ်ရာအသစ် (Acute Injuries with Inflammation): ရောင်ရမ်းနီမြန်းပူနွေးနေသော ဒဏ်ရာပေါ်တွင် ရေနွေးအုံပါက ရောင်ရမ်းမှု ပိုဆိုးစေသည်။
2. သွေးထွက်လွန်ခြင်း သို့မဟုတ် သွေးခဲခြင်း (Bleeding Tendency or Thrombosis): ရေနွေးသည် သွေးကြောများကို ချဲ့ပေးသောကြောင့် သွေးထွက်များစေနိုင်သည်။
3. အာရုံခံစားမှု ချို့ယွင်းခြင်း (Sensory Impairment): ရေနွေးပူလောင်ဒဏ်ကို မခံစားမိဘဲ ပူလောင်နိုင်သည်။
4. ကင်ဆာရောဂါ (Cancer): ရေနွေးသည် သွေးစီးဆင်းမှုကို မြင့်တက်စေကာ ကင်ဆာဆဲလ်များ ပြန့်ပွားနိုင်ခြေရှိသည်။
5. ပိုးဝင်နေသော ဒဏ်ရာ (Infected Areas): ရေနွေးသည် ဘက်တီးရီးယားပိုးများ ပွားများစေနိုင်သည်။

သတိပြုရန်: ရေနွေးအိတ်ကို အရေပြားနှင့် တိုက်ရိုက်မထိပါစေနှင့်။ ပုဝါဖြင့်ခံ၍ အုံပါ။ တစ်ကြိမ်လျှင် ၁၅-၂၀ မိနစ်ခန့်သာ ထားပါ။ အိပ်ပျော်သွားခြင်း၊ အချိန်ကြာမြင့်စွာ ထားခြင်းမှ ရှောင်ကြဉ်ပါ။

---

အတိုချုပ်ဆုံးချုပ်နည်း (Simple Rule of Thumb)

· ရေခဲ (ICE) = အသစ်၊ ရောင်နေသော ဒဏ်ရာများအတွက် (I-C-E: Inflammation, Cold, Elevate ဟု မှတ်ပါ)။
· ရေနွေး (HEAT) = ကြာပြီး၊ တောင့်နေသော၊ ညောင်းနေသော ဝေဒနာများအတွက်။
Thein Myint (GI)

31/10/2025

ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရနိုင်သော အရောင်ကျဆေးလို့ခေါ်ကြသည့် Kimose (ကီးမို့စ်)ကို ဆရာဝန်ညွှန်ကြားချက်မပါပဲ ကလေးသူငယ်များကို ကိုယ့်သဘောနဲ့ကိုယ် မတိုက်ကျွေးသင့်ပါ။
စျေးကွက်မှာ Serrase ဆိုတဲ့ နာမည်နဲ့ အရောင်ကျဆေးလည်း ရှိပါတယ်။

သူ့အာနိသင်တွေက ရောင်ရမ်းမှုကို ကျစေတယ်၊ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။
ချွဲသလိပ်ကိုပျော်စေတဲ့ အာနိသင်လည်းရှိပါတယ်။

ပါးချိတ်ရောင်တဲ့ကလေးတွေကို မိဘတွေက Kimose တွေတိုက်နေကြတာတွေ့ရလို့ပါ။
ပါးချိတ်ရောင်ရောဂါမှာ အရောင်ကျအောင် Kimose တိုက်စရာမလိုပါ။
မတိုက်ကျွေးရပါ။
ပါးချိတ်ရောင်ပိုးဟာ Virus ပိုးဖြစ်တဲ့အတွက် ၊ကလေးကို အဟာရပြည့်ဝအောင် ကျွေးမွေးခြင်း၊ လေဝင်လေထွက်ကောင်းသော ပတ်ဝန်းကျင်မှာနေထိုင်စေခြင်း၊ အားဆေးတစ်မျိုးမျိုးတိုက်ကျွေးခြင်း၊ ရေများများတိုက်ပေးခြင်း နဲ့သာ ကုသကြရမှာပါ။

ပါးချိတ်ရောင်ပြီး အဖျားတက်လာခဲ့ရင် ကလေးရဲ့ ကိုယ်အလေးချိန်အရ Paracetamol တိုက်ကျွေးလို့ရပါတယ်။
ပါးချိတ်ရောင်နေသောနေရာကို ရေခဲဝတ်(ရေခဲနဲ့တိုက်ရိုက်ထိခိုင်းတာမဟုတ်)ကပ်ပေးလို့ရပါတယ်။
ရေခဲဝတ်ကို တစ်နေ့တာမှာ သုံးလေးကြိမ်ကပ်ပေးနိုင်ပါတယ်။
ကလေးရဲ့ တုန့်ပြန်မှုပေါ်မူတည်ပြီး ရေခဲဝတ်ကပ်တာကို ရှောင်သင့်ရင်လည်း ရှောင်ကြရပါမယ်။

တစ်ချို့ အရပ်ကုတွေအပါအဝင်၊ ကျန်းမာရေးလုပ်သားအချို့တွေဟာ၊ ကလေးသူငယ်တွေမှာ Kimose ကို လွယ်လွယ်ပေးနေကြတာတွေ့ရလို့ပါ။
ရောင်ရမ်းတိုင်းပေးမရတာ Dexamethasone(ဒက်ဆာ) လို့ ခေါ်တဲ့ Steroid ဆေးတွေအပါအဝင် Kimose, Serraseလည်း ပါဝင်ပါတယ်။

ရောင်ရမ်းတာတွေရှိရင် ဒီဆေးသောက်လို့ရတယ်လို့ အလွယ်တကူ မှတ်သားထကြခြင်းကပဲ ၊သောက်သုံးသူလူနာတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာတာတွေ ခဏခဏကြုံတွေ့နေရပါတယ်။

ရောဂါပိုးဝင်နေတဲ့လူနာတစ်ယောက်၊
ဥပမာ- ပြည်တည်နာမှာ၊ ပြည်တည်ပြီးရောင်နေလို့ဆိုပြီး အရောင်ကျဆေး၊အကိုက်အခဲသက်သာဆေး Dexa (ဒက်ဆာ)ကို လုံးဝ လုံးဝ မသုံးရဘူးဆိုတာလည်း သိ​ထားကြရပါမယ်။
ပြည်တည်နာမှာ အဓိကထားပြီး သုံးရမှာက ပိုးသတ်ဆေး Antibiotic ပါ။

အသက်၁၈နှစ်ကျော်ရင်တော့ ၊ ရောဂါအခံတစ်ခုခုရှိမနေခဲ့ရင်၊ ဆေးတစ်မျိုးမျိုးနဲ့ မတည့်တဲ့ ရာဇဝင်ရှိမနေခဲ့ရင်၊ကိုယ့်သဘောနဲ့ကိုယ် Kimose သောက်လို့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတော့ နည်းတတ်ပါတယ်။

အသက်၆၅နှစ်ကျော်ရင်လည်း Kimose တိုက်ကျွေးခြင်းကို ရှောင်ရှားသင့်ပါတယ်။

အစာအိမ်ရောဂါ
ကျောက်ကပ်ရောဂါ
နှလုံးရောဂါ
သွေးတိုးရောဂါရှိသူများနဲ့ ကိုယ်ဝန်ဆောင်မိခင် နို့တိုက်မိခင်တွေမှာလည်း Kimose သုံးစွဲခြင်းကို သတိထားကြရပါမယ်။

မှန်ကန်သော ကျန်းမာရေးအသိများကို လက်ခံနိုင်တဲ့သူများသာဖြစ်ကြပါ​စေခင်ဗျာ။

(Health Education Post)

24/03/2025

ကျီးပေါင်းဆေးဆိုတာ ရှိလား။

အချို့လူနာတွေ ရောဂါအခံမေးရင် ကျီးပေါင်းရှိတယ်။ ကျီးပေါင်းဆေးတွေ သောက်နေရတယ်ဆရာဆိုပြီး
ဆေးအထုပ်လိုက်ကြီးတွေ လာပြတာ ဆရာဝန်မိတ်ဆွေတွေ ကြုံဖူးမယ်ထင်တယ်ဗျ။
ဆရာဝန်မဟုတ်တဲ့ မိတ်ဆွေတွေထဲမှာလည်း ကျီးပေါင်းဆေးဆိုပြီး ဆေးအများကြီး သောက်နေရတဲ့သူတွေ၊ ဆေးဖိုးတွေ မနည်းမနောကုန်နေသူတွေရှိမယ်ထင်တယ်ဗျ။

အဲ့ဒီတော့ စဉ်းစားစရာက ကျီးပေါင်းဆေးဆိုတာ တကယ်ရှိသလား။

စွဲသောက်စရာရော လိုသလား

တကယ်တော့ ကျီးပေါင်းဆိုတာ လူကြီးနာပါ။ အသက်ကြီးလာရင် လူတိုင်းဖြစ်မှာပဲဗျ။ မဖြစ်ချင်လည်း ဖြစ်မှာပဲ။

အသက်ကြီးတာကို ဟန့်တားတဲ့ဆေးမှ မပေါ်သေးတာ။ ကြီးတဲ့အသက်ကို ပြန်ငယ်စေတဲ့ဆေးလည်း မရှိသေးဘူးဗျ။
အဲ့ဒါကြောင့် ကျီးပေါင်းဆိုတာ မပျောက်နိုင်ဘူး။ ကျီးပေါင်းပျောက်ဆေးလည်း လူ့လောကမှာ မရှိဘူး။ အဲ့ဒီအမှန်တရားကို နှလုံးသားထဲက လက်ခံဖို့လိုတယ်။ မဟုတ်ရင် ဂျင်းအတောင့်လိုက်မိလိမ့်မယ်။

တကယ်တော့ ကျီးပေါင်းကို ဆရာဝန်တွေ ဆေးပေးတယ်ဆိုတာ ကျီးပေါင်းရဲ့ ရောဂါလက္ခဏာတွေကို သက်သာအောင်ပေးတာပါ။

နာကျင်ကိုက်ခဲရင် အကိုက်အခဲပျောက်ဆေးတွေပေးတယ်။
ထုံကျဉ်ရင် ထုံကျဉ်တာကို ဆေးပေးတယ်။ အကြောတက်ရင် အကြောပြေဆေးပေးတယ်။ ဒါပဲဗျ။
ဒီဆေးတွေကိုလည်း မဖြစ်မနေ နှစ်ရှည်လများ စွဲသောက်စရာမလိုဘူး။ ဝေဒနာခံစားရချိန်ပဲ သောက်ဖို့လိုပါတယ်။ အကိုက်အခဲပျောက်ဆေးတွေဆို စွဲသောက်ရင် ကျောက်ကပ်ထိတာ၊ လေဖြတ်နိုင်ချေမြင့်တက်တာ၊ အစာအိမ်ထိတာတောင် ဖြစ်နိုင်
တယ်ဗျ။

အချို့ glucosamine တွေ၊ chondritin sulphate တွေ အကြာကြီးသောက်နေကြတာတွေ့ရတယ်။ ဒီဆေးတွေက ကျီးပေါင်းကို မဟန့်တားနိုင်ပါဘူး။ အကျိုးမရှိတာ များပါတယ်ဗျ။ ( Glucosamine and chondritin products are not helpful in treating cervical spondylosis.)

ဗမာဆေးထဲမှာလည်း ကျီးပေါင်းဆေး ဆိုပြီး ရောင်းတာတွေရှိတယ်။ သောက်ရင် သက်သာတယ်။ သက်သာမှာပေါ့ဗျ။အများစုက အင်္ဂလိပ်ဆေးတွေ ကြိတ်ပြီးဖော်ထားတာကိုး။ တိုင်းရင်ဆေးစစ်စစ်မှ မဟုတ်တာ။ ပြီးရင် ဆေးဒဏ်တွေ စုခံရရော။

ဒီလောက်ဆို ကျီးပေါင်းဆေးအကြောင်းရှင်းလောက်ပါပြီ။

အားလုံးအဆင်ပြေကြပါစေဗျာ။
Crd #

Address

Mandalay

Telephone

+959967387240

Website

Alerts

Be the first to know and let us send you an email when နဝရတ်သစ္စာ တိုင်းရင်းဆေးခန်းနှင့်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share