Healthy Project

Healthy Project Tiens အာဟာရဖြည့်စွက်စာ ၊ စက်ကိရိယာများ ?

Tiens Super Serene Capsules ( အမျိုးသမီးဟော်မုန်းဓါတ်စာ )🗣ဒီနေ့ မိတ်ဆွေတို့ကို  အမတို့ အမျိုးသမီးအတွေအတွက် သီးသန့်ထုတ်လု...
04/01/2024

Tiens Super Serene Capsules ( အမျိုးသမီးဟော်မုန်းဓါတ်စာ )

🗣ဒီနေ့ မိတ်ဆွေတို့ကို အမတို့ အမျိုးသမီးအတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Tiens Super Serene Capsules ( အမျိုးသမီးဟော်မုန်းဓါတ်စာ ) အကြောင်း ဗီဒီယိုလေးနဲ့တင်ပေးထားပါမယ်ရှင့်။

⚡⚡Super Serene ရဲ့စွမ်းဆောင်ချက်တွေကတော့

၁. မျိုးပွားဥအိမ်ကို ကာကွယ်ပေးခြင်း
၂. မိန်းမကိုယ်ခြောက်သွေ့မှုကိုကာကွယ်ပေးခြင်း
၃. အမျိုးသမီး အင်္ဂါစပ်မှ မကောင်းသည့်အရည်များကျဆင်းမှုကို ကာကွယ်ပေးခြင်း
၄. အမျိုးသမီး ဟော်မုန်းဓါတ်ကို ထုတ်လုပ်ပေးခြင်း
၅. ခန္ဓာကိုယ် ပူလိုက်၊ အေးလိုက်ဖြစ်ခြင်းကို ကာကွယ်ပေးခြင်း
၆. ညအခါ ချွေးစေပြန်ခြင်းကို ကာကွယ်ပေးခြင်း
၇. ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း
၈. ရင်တုန်မှုကို ကာကွယ်ပေးခြင်း
၉. သွေးတွင်း အဆီဓါတ်များကိုလျော့ကျစေခြင်း
၁၀. သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း
၁၁. အရိုးပွခြင်းကို ကာကွယ်ပေးခြင်း
၁၂. မီးယပ်၊ သွေးဆုံးကိုင်ခြင်းကြောင့် ဖြစ်စေနိုင်သောရောဂါလလက္ခဏာများမှကာကွယ်ပေးခြင်း
၁၃. ဓမ္မတာကို မှန်စေခြင်း
၁၄. သွေးဆုံးချိန်ကို နောက်ကျစေခြင်း
၁၅. အရွယ်တင် နုပျိုစေခြင်း
၁၆. ဓမ္မတာလာစဥ် နာကျင်မှုကိုသက်သာစေခြင်းတို့အပြင် အခြားသားအိမ်နှင့် သက်ဆိုတဲ့ရောဂါတွေအတွက် အထူးကောင်းမွန်ပါသည်။

👍👍 ပါဝင်ပစ္စည်းများကတော့

◾ Wolf Berry
◾ Kusu Root Extract
◾ Soy Bean Extract
◾ Magnesium Stearate Acid

💊💊 သုံးစွဲသင့်သူများ

◾ သွေးဆုံးခါနီး အမျိုးသမီးများ
◾ သွေးဆုံးသည့် အမျိုးသမီးများ
◾ ကိုယ်ခံအားနည်းသူများ သောက်သုံးသင့်ပါသည်။

💊💊အလုံး 60 ပါတစ်ဘူးကို 60,000 ကျပ်ပါ
☎️ 09-88 77 99 595
☎️ 09-7846 81 551 ကို ဆက်သွယ်မှာယူလို့ ရပါတယ်ရှင့်၊

Taijisunအလှအပ နဲ့ကျန်းမာရေး စောင့်ရှောက်မှုစင်တာဖွင့်ပွဲအမှတ်တရ ပုံရိပ်များ
02/01/2024

Taijisun
အလှအပ နဲ့ကျန်းမာရေး စောင့်ရှောက်မှုစင်တာဖွင့်ပွဲအမှတ်တရ ပုံရိပ်များ

အသည်းသည် ခန္ဓာကိုယ်အတွက် လုပ်ငန်းပေါင်းများစွာကို လုပ်ဆောင်ပေးရသော အင်္ဂါရပ်တစ်ခုဖြစ်ပါသည်။မြန်မာနိုင်ငံမှာ အသည်းနှင့် ပ...
21/01/2021

အသည်းသည် ခန္ဓာကိုယ်အတွက် လုပ်ငန်းပေါင်းများစွာကို လုပ်ဆောင်ပေးရသော အင်္ဂါရပ်တစ်ခုဖြစ်ပါသည်။မြန်မာနိုင်ငံမှာ အသည်းနှင့် ပတ်သက်သောရောဂါများအဖြစ်များနေတာတွေ့ရပြီး လူအများက ရှေ့ပြေးလက္ခဏာများကို မသိသောကြောင့် ရောဂါဆိုးလာမှ သိကြတာဖြစ်ပါသည်။
ဒါကြောင့် မိမိကိုယ်တိုင်အသည်းရောဂါဖြစ်နေပြီလားဆန်းစစ်နိုင်ရန် အသည်းရောဂါ၏ ရှေ့ပြေးလက္ခဏာ ( ၈ ) ချက်ကို မျှဝေပေးလိုက်ပါတယ်။

အသည်းရောဂါရှေ့ပြေးလက္ခဏာ( ၈ )ချက်

၁) တစ်ကိုယ်လုံးနှင့် ခြေဖဝါးလက်ဖဝါးတွေမှာယားယံခြင်း၊ ညနေ နှင့်ညပိုင်းတွေမှာယးယံပြီးရရရေနွေးနှင့် ရေချိုးလျှင်လည်း ယားယံခြင်း။

၂)အသည်းရဲ့ သွေးပြန်ကြောကြီးမှာ ဖိအားများခြင်းကြောင့် ခြေထောက် ၂ ဖက် ရောင်ယမ်းခြင်း။

၃)မတော်တဆထိခိုက်မိရုံနှင့် အညိုကွက် သို့မဟုတ် သွေးခြေဥခြင်း

၄)ဆီးအရောင်ရင့်ခြင်း ( နီညိုရောင် )

၅)ဝမ်းဗိုက်ညာဘက်အောက်ပိုင်း အောင့်ခြင်း ၊ နာခြင်း

၆)ဝမ်းအရောင်ဖျော့ခြင်း (တဖြည်းဖြည်း အရောင်ဖျော့ခြင်းမှ ရွံ့စေးရောင်သို့ပြောင်းလာခြင်း)

၇)အသားဝါ ၊ မျက်စိဝါခြင်း

၈) ပင်ပန်းနွယ်နယ်ခြင်း (မနက်အစောပိုင်း )

#ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုကောင်းသည်။

စိတ်ဖိစီးနေချိန် ကိုယ့်ကိုယ်ကို ဘယ်လိုဖြေသိမ့်မလဲ********************************အလုပ်မှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ် ...
20/01/2021

စိတ်ဖိစီးနေချိန် ကိုယ့်ကိုယ်ကို ဘယ်လိုဖြေသိမ့်မလဲ
********************************

အလုပ်မှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေများနေချိန်မှာ ကိုယ့်ကိုကိုယ် ဘယ်လိုဖြေသိမ့်မလဲ။

ဘယ်လိုနည်းလမ်းကောင်းတွေရှိသလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၀၁. သူများကို အနိုင်ရရန်ထက်စာရင် လက်ခံနိုင်သော အရည်အချင်းရှိရန်လိုပါတယ်

လူအမျိုးမျိုးရှိပါတယ်။ လိုအပ်ရင် သည်းခံပြီး လက်ခံသင့်သော အချိန်များလည်း ရှိရန်လိုပါတယ်။

၀၂. ကိုယ့်ကိုကိုယ်သာ ပြန်ကြည့်ပါ။ သူများနဲ့ မနှိုင်းယှဉ်နေပါနဲ့။

သူများတွေက ချမ်းသာတယ်ဆိုတာထက် ကိုယ့်ရဲ့အခြေအနေကို ဘယ်လိုကောင်းအောင် တိုးတက်အောင် ကြိုးစားမလဲဆိုတာက အရေးကြီးဆုံသော ကိစ္စပါ။

၀၃. ဒုက္ခရောက်နေချိန်မှာ အကူအညီတောင်းဖို့ အားမနာပါနဲ့။

ဘယ်လောက်ပဲ တော်နေပင်မဲ့လည်း ဒုက္ခတွေနဲ့ ကြုံလာချိန်မှာ အကူအညီတောင်းရန် အားနာနေရန် မလိုပါ။ တယောက်တည်း ဖြေရှင်းနိုင်တဲ့ ပြသာနာဆိုတာ လက်တဆုပ်သာရှိပါတယ်။

၀၄. အငြိုးအတေးထားလည်း ဘာမှဖြစ်မလာပါ။ ဒါကြောင့် ခွင့်လွှတ်တတ်အောင် ကြိုးစားပါ။

အငြိုးထားပြီး နေ့စဉ်ဘဝကို လျှောက်လှမ်းနေရင်တော့ ကိုယ်လည်း စိတ်ချမ်းသာမှာ မဟုတ်ပါ။ ခွင့်လွှတ်လိုက်ပါ။

၀၅.ဝေဖန်ချက်တွေကို နားထောင်ကြည့်ပြီး လက်ခံသင့်တာကို လက်ခံလိုက်ပါ။

ဝေဖန်ချက်တွေကို လက်မခံရန်တော့ ကိုယ့်ရဲ့တိုးတက်မှုအခွင့်အလမ်းကို ဆုံးရှုံးနေတယ်လို့ ထင်ပါတယ်။ အားလုံးကို မဆိုလိုပါ။ လက်ခံသင့်တာကို လက်ခံလိုက်ပါ။

၀၆. မိမိအကျိုးထက် သူတပါးအကျိုးအတွက် ကူညီသင့်ပါတယ်။

ဘဝမှာ ပေးတာဟာ လက်ခံတာထက် စိတ်တွင်းမှာ ပီတိဖြစ်စေနိုင်မှာ အမှန်ပါ။ အမြဲတမ်း လက်ခံယူနေတဲ့ဘဝထက် ပေးဆပ်တာဟာလည်း ကောင်းကျိုးတွေကို ရရှိစေနိုင်မှာပါ။

၀၇. မာနဆိုတာကို စိတ်ထဲမှာသာထားပါ။

ကိုယ့်မှာ မာနစိတ်ကို ထားတာဟာ အရေးကြီးပါတယ်။ ဒါပင်မဲ့လည်း မာနစိတ်ဆိုတာ ပတ်ဝန်းကျင်ကသူတွေထံလည်း ရောက်သွားမယ်ဆိုရင်တော့ ကောင်းသောကိစ္စမဟုတ်ပါ။

၀၈. လောကကြီးက တရားမျှတမှုမရှိပင်မဲ့လည်း ပြောင်းလဲအောင်လုပ်လို့ရပါတယ်။

လောကကြီးက ကိုယ့်ကို မကြည့်ရင်လဲ ဖြစ်သမျှအကြောင်း အကောင်းသာမှတ်ပြီး ကိုယ့်ရဲ့ကြိုးစားမှုနဲ့ ဖြတ်ကျော်လိုက်ရအောင်လား။

၀၉. ဘဝဟာ ပြောင်းလဲနေမှသာလျှင် တိုးတက်မှာပါ။

ဘဝဟာ အချိန်နဲ့အမျှပြောင်းလဲနေတာကို အပြစ်မမြင်ပါနဲ့။ ဖြစ်နိုင်ရင် တနေရာမှာ ကျောက်ချပြီးနေချင်ထက် ပြောင်းလဲရန် ဖြစ်ပေါ်လာမဲ့အရာကို တားလို့မရပါ။

၁၀. ပေးစရာရှိတာကို အမြန်ပေးလိုက်ပါ။

လောကကြီးမှာ ဘာကိုပဲလုပ်လုပ် ပိုက်ဆံဆိုတာကို ပေးချေမှသာ အလုပ်လုပ်လို့ရတယ်ဆိုတာကို မမေ့ပါနဲ့။ ပေးစရာရှိတဲ့ကိစ္စကို အမြဲပေးလိုက်ပါ။ ကတိတွေဖျက်ပြီး နောက်ဆုပ်တာတွေ မလုပ်ပါနဲ့။ ကိုယ်က ရစရာရှိရင် ဘယ်လိုဖြစ်မလဲဆိုတာကို တွေးကြည့်လိုက်ပါ။

၁၁. အောင်မြင်ချိန်အထိ သည်းခံပြီး ကြိုးစားပါ။

ရှေးစကားဖြစ်နေပြီလားတော့ မသိပါ။ သည်းခံခြင်းသည် အောင်မြင်ခြင်း ဆိုသည့်အတိုင်းပါပဲ။ အောင်မြင်မှုကို ရရှိရန်အတွက် သည်းခံနိုင်ရန် လိုအပ်ပါတယ်။

၁၂. ဇွဲရှိရင် အောင်မြင်မှာပါ။

လောကကြီးမှာ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါ။ အောင်မြင်ချင်တယ်ဆိုပြီး ထိုင်နေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ပါ။ ဇွဲရှိရှိ ကြိုးစားရန် လိုအပ်ပါတယ်။

၁၃. စိတ်ရော ကိုယ်ပါ ကျန်းမာရန် လိုအပ်ပါတယ်။

စိတ်ရော ကိုယ်ပါ ကျန်းမာဖို့အတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါတယ်။ ကျန်းမာရေးမကောင်းရင်တော့ ဘာမှကို လုပ်လို့ရမှာမဟုတ်ပါ။

၁၄. အချိန်ကို တန်ဖိုးထားပါ။

အချိန်က အလွန်တန်ဖိုးရှိသော အရာပါ။ ဘဝမှာ တချိန်ကျရင်တော့ သေကြရမှာပါ။ ကိုယ့်ရဲ့အချိန်တွေကို သေသေချာချာ အသုံးချနိုင်ခဲ့သလားဆိုတာကို ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။

၁၅. မလိုအပ်တာတွေကို လျော့ပါ။

မလိုအပ်တဲ့ကိစ္စတွေ အတွက် အချိန်တွေပေးနေရရင်တော့ ကိုယ့်ရဲ့အချိန်တွေက နှမြောစရာကောင်းပါတယ်။ မလိုအပ်တာတွေကို ချက်ချင်းရပ်လိုက်ပါ။

၁၆. သူတပါးကို အားကိုးလွန်းရင်လည်း မကောင်းပါ။

ကိစ္စအားလုံးကို သူတပါးကို မေးမြန်းပြီး ကိုယ်တိုင်မဆုံးဖြတ်နိုင်ရင်တော့ ဘယ်သူ့အတွက် အသက်ရှင်နေတာလဲ။

၁၇. သူများအပြစ်မလုပ်ပါနဲ့။ ကိုယ်လုပ်တဲ့ကိစ္စဟာ တာဝန်ယူသင့်ပါတယ်။

သူများ အပြစ်ပုံချတာလွယ်လွယ်လေးပါ။ ကိုယ့်ဘဝမှာ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စကို ရဲရဲတင်းတင်း တာဝန်ယူမှာသာလျှင် လူကြီးပီသမယ်လို့ ထင်ပါတယ်။

၁၈. ကိုယ့်ကိုကိုယ် ချစ်တတ်အောင် ကြိုးစားပါ။

ဘာပဲလုပ်လုပ် အမှတ် ၁၀၀ အပြည့်ရအောင် ကြိုးစားတာကောင်းပင်မဲ့လည်း အမှတ် ၄၀ အောက်ရောက်တဲ့အခါလည်း ကိုယ့်ကိုကိုယ် ချစ်တတ်အောင် ကြိုးစားပါ။

၁၉. ကိုယ့်အကြောင်းကို ကိုယ်အသိဆုံးပါ။ ကိုယ့်ရဲ့ အနာဂတ်ကိုလည်း ယုံကြည်မှုအပြည့်ရှိရန် လိုပါတယ်။

ကိုယ့်အကြောင်းကို ကိုယ့်ထက် ဘယ်သူကမှ သိမှာ မဟုတ်ပါ။ ကိုယ့်ရဲ့ဘဝအတွက် ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်လျှောက်ဖို့ လိုအပ်ပါတယ်။

၂၀. သိပ်ပြီးတော့လည်း မမျှော်လင့်ပါနဲ့။

ကြိုးစားထားတဲ့ကိစ္စတစ်ခုကို အရမ်းလည်း မမျှော်လင့်ပါနဲ့။ ဖြစ်သင့်ရင် ဖြစ်မှာဖြစ်သလဲ။ ရသင့်ရင်လည်း ရကိုရမှာပါ။

Chelmo Team

- ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်း အညစ်အကြေးများနှင့် အဆိပ်အတောက်များကို စွန့်ထုတ်ပေးတဲ့ အင်္ဂါတစ်စုံဖြစ်ပါသည်။ဒါကြောင့် ခန...
19/01/2021

- ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်း အညစ်အကြေးများနှင့် အဆိပ်အတောက်များကို
စွန့်ထုတ်ပေးတဲ့ အင်္ဂါတစ်စုံဖြစ်ပါသည်။ဒါကြောင့် ခန္ဓာကိုယ်ရဲ့ သန့်ရှင်းရေးသမားလို့တင်စားကြပါသည်။သန့်ရှင်းရေးမလုပ်တဲ့အိမ်တစ်အိမ်က အမြဲတမ်းညစ်ပတ်နေမှာဖြစ်သလို အညစ်အကြေးတွေစုပုံနေတဲ့ ခန္ဓာကိုယ်ဟာလည်း အဆိပ်အတောက်များစုပုံပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးတဲ့ ကျောက်ကပ်ကျန်းမာရေး ကောင်းမွန်နေဖို့လိုအပ်ပါတယ်။
- ကျောက်ကပ်ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်များ
၁) ခြေထောက်ကိုနွေးထွေးစွာထားပါ။
၂) ညမအိပ်မီ ခြေဖဝါးကို နှိပ်နှယ်ပေးပါ။
၃) အိပ်ရေးဝဝအိပ်ပါ။
၄) နေ့စဥ်လေ့ကျင့်ခန်းလုပ်ပါ။
၅) တစ်နေ့ ရေ ၈ ခွက်ပြည့်အောင်သောက်ပါ။
၆) ဆီး ၊ ဝမ်းမချုပ်ပါစေနှင့် ။
၇) ဆေးလိပ်မသောက်ပါနှင့် ။

မနက်စောစော ရေသောက်ခြင်း၏ အကျိုးကျေးဇူး ( ၁၀) ချက်💦💦💦💦💦💦💦💦💦💦💦၁) အူသိမ် အူမ တွေကို သန့်ရှင်းပေးတယ်။၂) ကိုယ်တွင်း အဆိပ်အတော...
18/01/2021

မနက်စောစော ရေသောက်ခြင်း၏ အကျိုးကျေးဇူး ( ၁၀) ချက်
💦💦💦💦💦💦💦💦💦💦💦

၁) အူသိမ် အူမ တွေကို သန့်ရှင်းပေးတယ်။
၂) ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှား ပေးတယ်။
၃) ဇီဝကမ္မဖြစ်စဥ်တွေကို ပုံမှန်ဖြစ်စေတဲ့အတွက် အစာချေခြင်းကိုလည်း ပိုမိုမြန်ဆန်စေတယ်။
၄)မနက်ခင်း အစာစားချင်စိတ်ဖြစ်ပေါ်စေပြီး အစာစုပ်ယူမှုကောင်းစေတယ်။
၅) သွေးနီဥတွေကို ပိုပြီးထုတ်လုပ်ပေးတယ်။
၆) ကိုယ်ခံအားစနစ်ကို တိုးမြှင့်စေတယ်။
၇) စွမ်းအင်ကိုတိုးပွားစေတယ်။
၈) ခေါင်းကိုက်ခြင်းကို သက်သာစေတယ်။
၉)ကိုယ်အလေးချိန်ကျစေနိုင်တယ်။
၁၀) အသားအရည်ကို တောက်ပစေတယ်။

မနက်ခင်းရေတစ်ခွက်သောက်ခြင်းရဲ့အကျိုးကျေးဇူးတွေက ကောင်းလွန်းလို့ မနက်တိုင်းရေတစ်ခွက်သောက်ဖို့မမေ့ကြနဲ့နော်။

အိပ်စက်ခြင်းနှင့်ကျန်းမာရေး======================လူ့ဘဝ သက်တမ်း၏ ၃ ပုံ ၁ပုံသည် အိပ်စက်ခြင်းဖြင့်ကုန်ဆုံးကြသောကြောင့် ကမ္ဘ...
17/01/2021

အိပ်စက်ခြင်းနှင့်ကျန်းမာရေး
======================
လူ့ဘဝ သက်တမ်း၏ ၃ ပုံ ၁ပုံသည် အိပ်စက်ခြင်းဖြင့်ကုန်ဆုံးကြသောကြောင့် ကမ္ဘာကျန်းမာရေးအဖွဲ့အစည်းမှ လူတစ်ယောက် ကျန်းမာစေရန်
ကောင်းမွန်သောအိပ်စက်ခြင်းရှိရမည် ဆိုသည့် အချက်သည် အရေးကြီးတဲ့အချက်တစ်ခုအဖြစ် ဖော်ပြလမ်းညွှန်ထားပါသည်။
ကောင်းမွန်စွာအိပ်စက်အနားယူခြင်းဖြင့်
၁) တစ်နေ့တာကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ရရှိခြင်း။
၂) ဆဲလ်သေများကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်များ ပြန်လည်အစားထိုးပေးခြင်း နှင့်
၃) ကိုယ်တွင်းအဆိပ်အတောက်များကို ရှင်းထုတ်ခြင်း တို့ကို လုပ်ဆောင်ပေးပါသည်။
လူတစ်ယောက်တွင် ပျှမ်းမျှအိပ်ချိန်ရှိရန်လိုအပ်ပါသည်။ အိပ်စက်နေစဥ်တွင် ခန္ဓာကိုယ်အတွင်းရှိ ကလီစာများမှ အဆိပ်အတောက်များကို ရှင်းလင်းပေးပါသည်။

ညအချိန်ခန္ဓာကိုယ်မှ အဆိပ်ထုတ်သည့် အချိန်များ
==================================

ည ၉ နာရီမှ ၁၁ နာရီ - လင့်ဂလင်း
ည ၁၁ နာရီမှ ၁ နာရီ - သည်းခြေအိတ်
မနက် ၁ နာရီမှ ၃ နာရီ - အသည်း
မနက် ၃ နာရီမှ ၅ နာရီ - အဆုတ်
မနက် ၅ နာရီမှ ၇ နာရီ - အူမကြီး
အချိန်အလိုက် အဆိပ်ထုတ်ကြပါသည်။
ထို့ကြောင့် ညအချိန်တွင်ကောင်းမွန်သော အိပ်စက်ခြင်းမရှိပါက
- ကိုယ်တွင်းခုခံအားစနစ် ကျဆင်းခြင်း ၊
- ဦးနှောက်၏ လုပ်ဆောင်ချက်များနှင့်မှတ်ဉာဏ်အားကျဆင်းခြင်း ၊
- အိုမင်းလွယ်ခြင်း ၊
- နှလုံးသွေးကြောဆိုင်ရာရောဂါများ ၊ သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ စသည်တို့ကိုဖြစ်ပေါ်စေနိုင်ပါသည်။

ချစ်တဲ့မိတ်ဆွေများအားလုံး ကောင်းမွန်တဲ့အိပ်စက်ခြင်းတွေကို ပိုင်ဆိုင်ပြီး လှပတဲ့နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။

နှလုံးသွေးကြောကျဥ်းရောဂါမဖြစ်အောင် ဆောင်ရန် ၊ ရှောင်ရန် များ ==================================၁)အာဟာရမျှတစွာစားပါ ။၂)လေ...
16/01/2021

နှလုံးသွေးကြောကျဥ်းရောဂါမဖြစ်အောင် ဆောင်ရန် ၊ ရှောင်ရန် များ
==================================
၁)အာဟာရမျှတစွာစားပါ ။
၂)လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ (၁ ရက် ၁နာရီ )
၃)ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ဂရုစိုက်ပါ။
မိမိရဲ့ ဝမ်းဗိုက်သည် ကျား - 97 cm (or) 37 in
မ - 80 cm (or )32 in ထက်ကျော်လွန်နေပါက ကိုယ်အလေးချိန်ကို လျှော့ချပါ။
၄ ) ဆေးလိပ်သောက်ရင် ၃ ဆ မှ ၆ ဆအထိ ပိုဖြစ်နိုင်ပါသည်။
၅) အရက်မသောက်ပါနှင့် ။
၆ )သွေးတိုး ၊ ဆီးချိုရှိလျှင် သေချာစွာကုပါ။
၇ ) အိပ်ရာမဝင်ခင် ရေ (၁) ခွက်သောက်ပါ။
၈) စိတ်ဖိစီးမှု နည်းအောင်နေပါ။

အားလုံးပဲ မင်္ဂလာပါရှင် ....ဒီနေ့ မှာတော့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အချက် ( ၁၀ ) ချက်ကိုမျ...
15/01/2021

အားလုံးပဲ မင်္ဂလာပါရှင် ....

ဒီနေ့ မှာတော့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အချက် ( ၁၀ ) ချက်ကိုမျှဝေပေးမှာဖြစ်ပါတယ်။

🧠 ဦးနှောက်သည် ခန္ဓာကိုယ်ကို အဓိက ထိန်းချုပ်ပေးတဲ့ဌာနကြီးတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့အကြီးဆုံး အစိတ်အပိုင်းဖြစ်ပါသည်။ ခန္ဓာကိုယ်အတွက် လုပ်ဆောင်ချက်ပေါင်းများစွာရှိပြီး လုပ်ဆောင်ပေးရမည့် တာဝန်များစွာနဲ့ အချက်အလက်ပေါင်းများစွာကို သိုလှောင်ပေးရသည့် တာဝန်လည်းရှိပါသည်။ ဒါကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေက သိမ်မွေ့ပြီး ပျက်စီးလွယ်သောကြောင့် ရှုပ်ထွေးတဲ့ကျန်းမာရေးပြဿနာ​ပေါင်းများစွာကို ဖြစ်ပေါ်စေပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က
နေ့စဥ်ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုး ၁၀ ခု ကို ရှောင်ကြဥ်ရန် လမ်းညွှန်ထားပါသည်။

၁) မနက်စာမစားခြင်း
၂) အိပ်ရေးဝဝ မအိပ်ခြင်း
၃) သကြားဓါတ်ကို မြင့်မားစွာစားသုံးခြင်း
၄) အလွန်အကျွံစားခြင်း
၅) ဆေးလိပ်သောက်ခြင်း
၆) အိပ်နေစဥ်မှာ ခေါင်းကို ဖုံးဖိ၍အိပ်ခြင်း
၇)လေထုညစ်ညမ်းခြင်း
၈) နေမကောင်းဖြစ်နေချိန်တွင် ဦးနှောက်ကို
အလုပ်လုပ်စေခြင်း
၉) စကားသိပ်မပြောခြင်း
၁၀) တက်ကြွစွာတွေးခေါ်မှု နည်းပါးခြင်း
တို့ဖြစ်ပါသည်။

14/01/2021

အားလုံးမင်္ဂလာပါရှင်
ကျွန်မတို့ Healthy Project (HP) page မှ
လူကြီးမင်းတို့အတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို
နေ့စဥ်မျှဝေသွားမှာဖြစ်တဲ့အတွက် Page ကို Follow လုပ်ထားကြဖို့ တိုက်တွန်းပါရစေရှင့်

ရေကန်တစ်ခုရဲ့ ရေထွက်ပေါက်မှာ အမှိုက်တွေ ပိတ်ဆို့နေရင် အဆင်မပြေဘူးနော်။ရေမြောင်းတစ်ခုမှာ အမှိုက်တွေ ပိတ်ဆို့နေရင်လည်း ရေစ...
28/09/2020

ရေကန်တစ်ခုရဲ့ ရေထွက်ပေါက်မှာ အမှိုက်တွေ ပိတ်ဆို့နေရင် အဆင်မပြေဘူးနော်။
ရေမြောင်းတစ်ခုမှာ အမှိုက်တွေ ပိတ်ဆို့နေရင်လည်း ရေစီးရေလာမကောင်းနိုင်ဘူး။

ဒီလိုပါပဲ
ကျွန်မတို့ သွေးကြောတွေမှာ အဆီတွေ စုပုံနေရင် သွေးလည်ပတ်စီးဆင်းမှုမကောင်းတော့ဘဲ နောက်ဆက်တွဲအနေနဲ့ သွေးတိုးရောဂါ ၊ နှလုံး နဲ့ ဦးနှောက်သွေးကြောရောဂါ စတဲ့ သွေးကြောဆိုင်ရာရောဂါတွေဖြစ်ပွားစေနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့လေ့လာတွေ့ရှိချက်အရ
#သွေးတိုးရောဂါသည် ကမ္ဘာပေါ်တွင် 1 . 3 billion ဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။
#နှလုံး နဲ့ ဦးနှောက်သွေးကြောရောဂါကြောင့်
နှစ်စဥ် သေဆုံးသူဦးရေ ၁၇ . ၉ သန်းရှိနေပြီဖြစ်​ပါတယ်။ဒါကြောင့် မိမိ ကိုယ်တိုင် ကြိုတင်ကာကွယ်ထားဖို့အထူးလိုအပ်ပါတယ်။

ဒါဆိုဘယ်လိုကာကွယ်မှာလဲ ?

သွေးတွင်းမကောင်းသော အဆီ နှင့်
သွေးကြောများအတွင်းပိတ်ဆို့နေသော မကောင်းတဲ့ကိုလက်စထရော အဆီများကိုဖယ်ရှားပေးသည့်
Tiens Metabolic Tea (အဆီချလက်ဖက်ခြောက်)
ကို သောက်သုံးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

Tiens အဆီချလ္ဘက်ခြောက်ကိုပုံမှန်သုံးစွဲခြင်းဖြင့်

👍သွေးတွင်းမကောင်းသော အဆီဓါတ်ကို လျော့နည်းစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေသည်။
👍သွေးကြောမကြီး မာ၍ ကျဥ်းသောပမာဏကို နည်းပါးလာစေသည်။
👍သွေးတိုး ၊ နှလုံးသွေးကြော၊ ဦးနှောက်သွေးကြောစတဲ့ သွေးကြောဆိုင်ရာ ရောဂါများကို
ကာကွယ်ပေးသည်။
👍အပူကို ချေဖျက်ပေးပြီး ဝမ်းမီးကိုငြိမ်းစေသည်။
👍အူများလုပ်ဆောင်ချက်ကို ပုံမှန်ဖြစ်စေပြီး ဝမ်းမှန်စေသည်။

သုံးစွဲရန်အညွန်း
တစ်နေ့လျှင် ၁ ထုပ် မှ ၂ ထုပ် ၊ တစ်နေ့ ( ၃) ကြိမ်သောက်သုံးနိုင်ပါသည်။

စျေးနှုန်း
အထုပ်ငယ် ၄၀ ထုပ်ပါ ( ၁ )ဘူးလျှင် 19500 ကျပ်

09 784681551
09 88 77 99 595 တို့ကို ဆက်သွယ်မှာယူနိုင်ပါသည်။

၇ ရက်သားသမီး ကျန်းမာခြင်းသုခနဲ့ ပြည့်စုံနိုင်ကြပါစေ။

Address

83 လမ်း/20 × 21 ကြား အောင်မြေသာဇံမြို့နယ်
Mandalay

Opening Hours

Monday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Healthy Project posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share