Ngwe Zin Yaw

Ngwe Zin Yaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ngwe Zin Yaw, 27 Street 84x85 Zay Cho, Mandalay.

21/01/2026
21/10/2023

💢ဆီးချိုသွေးချို ဖြည့်စွက်စာ(သို့)နို့မှုန့်ကို ဖြည့်စွက်စာလို့သာတွေးပါ💢

ဒီတစ်ခေါက်လည်း ကျွန်တော့ page messenger လာမေးထားတဲ့အကြောင်းအရာကိုမျှဝေပေးမှာပါ

မေး - ဆရာစျေးကွက်ထဲမှာ ဆီးချိုသွေးချို နို့မှုန့်တွေကိုတွေ့လာရပါတယ် သောက်ရင်ကောင်းမလား ပြောကြတာတော့ အဲ့ဒါသောက်ရင် ဆီးချိုဆေးတောင် မလိုတော့ဘူးတဲ့

မေး - ကျွန်တော် အင်ဆူလင် ထိုးနေတာ ၃ နှစ်ရှိပြီဆရာ ကြာလာတော့ ပေါင်တွေလည်းအပ်ရာတွေပဲ နာလည်းနာလာပြီ ဆရာ အဲ့ဒါ ဆီးချို နို့မှုန့်သောက်ရင် အင်ဆူလင်တောင်ထိုးစရာမလိုဘူးပြောလို့ဆရာ အကြံပေးပါဦး

အရင်ဆုံး ဒီ မေးခွန်းနှစ်ခုတွေ့တော့ ကျွန်တော်တစ်ချက်တော့ မှင်သက်မိသွားပါတယ်….တစ်ချိန်တည်းမှာတွေးလိုက်တာကတော့ ဒီအကြောင်းလေးမျှဝေမှဖြစ်တော့မယ် ဆိုတာပါပဲ

ကဲ ထုံစံအတိုင်းစလိုက်ကြတာပေါ့

🔸ဆီးချိုသွေးချို ဖြည့်စွက်စာ ပေါ်ပေါက်လာပုံ❗️
ဆီးချို သွေးချို ကုသတဲ့နေရာမှာ အာဟာရပညာရပ်ကလည်းအလွန်တရားမှအရေးပါပါတယ်
နိုင်ငံတကာမှာဆိုရင် ဒီလိုပညာရပ်ကို သင်ကြားပြီး ဘွဲ့တွေတောင်ပေးနေပါတယ် ကျွန်တော်တို့နိုင်ငံမှာတော့ ဒီနောက်ပိုင်းတွေမှာ နည်းနည်းထွန်းကားလာပါတယ် ကဲ ထားတော့….လိုရင်းပြောကြတာပေါ့

ပေါ်ပေါက်လာပုံကတော့
-တချို့နာတာရှည် ဆီးချို သွေးချို ရောဂါသည်တွေမှာ မစားမသောက်နိုင်ဘူး တစ်ဖက်ကလည်း သွေးချိုပမာဏတက်နေတယ်
-တချို့ဆီးချိုရောဂါသည်တွေ အကြောင်းတစ်ခုခုကြောင့် ခွဲစိတ်ခဲ့ရတယ် တစ်ဖက်ကလည်း ဆီးချိုတက်နေတယ်
-လေဖြတ်ထားတဲ့ လူနာတွေ နှာခေါင်းပိုက်ထည့်ထားတယ် ဆီးချိုလည်းရှိတယ် သွေးတွင်းဆီးချိုပမာဏကလည်းများနေတယ်
-တချို့သက်ကြီးရွယ်အိုတွေ သွားတွေစုံစုံလင်လင်မရှိမဝါးနိုင် ဆီးချိုလည်းရှိတယ် ဆီးချိုပမာဏကလည်းတက်နေမယ် အစရှိတဲ့ အချက်တွေကိုစဉ်းစားပြီး

၁)အာဟာရလည်းရစေချင်တယ်
၂)ဆီးချို သွေးချိုလည်းမတက်ချင်ဘူး ဘယ်လိုလုပ်ရင်အဆင်ပြေမလဲလို့ တွေးပြီး ယခုလို ဖြည့်စွက်စာကိုဖော်စပ်ခဲ့ကြတာဖြစ်ပါတယ်

🔸ဖြည့်စွက်စာမှာ ဘာတွေပါလဲ❓
ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့
အသားဓာတ် ၊ ကစီဓာတ်(သကြားဓာတ်)၊ အဆီဓာတ် ကို ဆီးချိုရောဂါဝေဒနာသည်တွေအတွက် လိုအပ်တဲ့ အာဟာရ ပမာဏမျှအောင်ထည့်ပြီးဖော်စပ်ထားတာပါ

ဘာလို့ ဒီနေရာမှာ ဆီးချိုဝေဒနာသည်တွေအတွက်ပြောရတာလည်းဆိုရင်တော့ ကျွန်တော်တို့ သာမာန် ဆီးချိုသွေးချို မရှိတဲ့သူတွေမှာ ကစီဓာတ်ကို အာဟာရ အချိုးအစားရဲ့ (၆၀%)စားပေးရတယ်ပါတယ် ကျန်တဲ့ အသားဓာတ် (၃၀%) အဆီဓာတ် (၁၀%) စုစုပေါင်း ၁၀၀ % ပြည့်အောင်စားပေးရတယ်လို့မှတ်ထားရပါတယ်

💢ဆီးချို ရောဂါရှိသူတွေမှာတော့ ကစီဓာတ်(သကြားဓာတ်) သည် အာဟာရ အချိုးအစားရဲ့ (၃၀-၄၀%) ပဲလျော့ပြီးစားပေးရပါတယ် ကျန်တဲ့ အသားဓာတ် (၄၀-၅၀%) အဆီဓာတ် (၁၀%) စားပေးရတယ်လို့မှတ်ထားရပါမယ်
ဒီလို အချိုးနဲ့ စားရင်တော့ ဆီးချိုရောဂါသည်တွေဟာ အဝလွန်တာတွေ မဖြစ်နိုင်တော့ပါဘူး
ဝခြင်း အဝလွန်ခြင်းကလည်း ဆီးချိုပမာဏထိန်းတဲ့နေရာမှာ အဟန့်အတား ဖြစ်စေလို့ပါပဲ

ချုပ်လိုက်ရင်တော့ ဆီးချိုရောဂါရှိသူတွေမှာ အသားငါး ကို ပိုစားလို့ရပြီး ကစီဓာတ် ကိုလျော့ အဆီကတော့ သာမာန်လူကိုစားရမယ်ဆိုတဲ့သဘောပါ ဘာလို့လည်းဆိုတော့ အဆီဓာတ်ကလည်း များရင်မကောင်းလို့ပါပဲ💢

ယခု ဖြည့်စွက်စာ တွေဟာဆိုရင်ဖြင့် အပေါ်မှာပြောထားတဲ့အချိုးအစားအတိုင်းကို ဖော်စပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်

ဒါပဲလားဆိုတော့ မဟုတ်ပါဘူး တခြားလိုအပ်တဲ့ သက်စောင့်ဓာတ်(minerals) ဗီတာမင်(vitamins) များစွာ လည်းပါပါသေးတယ်
ဆီးချိုသွေးချို ရောဂါရှိတဲ့သူတွေမှာ ဝမ်းချုပ်တာကလည်း အူမကြီးကင်ဆာ(လေ့လာချက်တွေအရ) အဖြစ်များတာကြောင့် Fibre လို့ခေါ်တဲ့ အမျှင်ဓာတ်ကိုလည်း ထည့်ပေးထားပါသေးတယ်

ဆီးချိုသမားတစ်ယောက်ရရှိရမယ့် အာဟာရတန်ဖိုးကိုစနစ်တကျတွက်ချက်ပြီး ဖော်စပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်ဗျာ

ဒီလောက်ဆိုရင်တော့ ဖြည့်စွက်စာ မှာပါဝင်တဲ့ အာဟာရ ဓာတ်တွေအကြောင်းနားလည်သဘောပေါက်ပြီလို့ထင်ပါတယ်

🔸ဖြည့်စွက်စာ ဆီးချိုပမာဏ တကယ်ကျစေသလား❓
ဆီးချို ဖြည့်စွက်စာတွေကိုစျေးကွက်ထဲမှာတွင်တွင်ကျယ်ကျယ်ရောင်းနေတဲ့ တံဆိပ်တွေကိုကြည့်လိုက်မယ်ဆိုရင်(နာမည်မပြောလိုပါ)

👉သွေးတွင်းသွေးချိုပမာဏထိန်းညှိပေးသည်
👉သွေးတွင်းသကြားဓာတ်ကိုစနစ်တကျစီမံခန့်ခွဲပေးသည်ဆိုတဲ့ မယုတ်မလွန် စကားလုံးလေးတွေသုံးပြီး ကြေညာကြတာတွေ့မိကြပါလိမ့်မယ်
✅ဒီစကားလုံးတွေက သုံးတာမှန်ကန်ပါတယ်

❌သွေးတွင်းဆီးချိုပမာဏချပေးသည်
❌ဆီးချိုဆေးသောက်စရာမလိုပါ
❌အင်ဆူလင်ထိုးစရာမလိုတော့ပါ
❌ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွေဆိုးကျိုးတွေကို သက်သာပျောက်ကင်းစေသည်
❌နို့မှုန့်သောက်ပြီး ၂-၃ လအတွင်းမှာ ဆီးချိုပျောက်စေရမည် စုံနေတာပါပဲဗျာ ထပ်မပြောတော့ပါဘူး ဆုံးမှာမဟုတ်ပါဘူး

အဲ့လိုဆိုရင် မေးလိုက်ချင်တာက ဆီးချိုကျဆေး(သို့)အင်ဆူလင်တွေများ ထောင်းပြီး နို့မှုန့်ထဲ ထည့်ထားသလားလို့🥴

ဆီးချိုကျစေတယ်ဆိုတာဟုတ်မှ မဟုတ်နိုင်တာဗျာ
လိုအပ်တဲ့ အာဟာရ ပဲပေးစွမ်းနိုင်တာပါ

လွယ်လွယ်လေးစဉ်းစားကြည့်ကြမယ်ဆိုရင်
👉ဖြည့်စွက်စာဆိုတာ အစားအစာအာဟာရ
👉ဆီးချိုဆေးဆိုတာ ဆီးချိုကျစေတယ်
တခြားစီပါပဲဗျာ အဓိပ္ပာယ်ချင်းတူကိုမတူတာပါ

❌ဒါကြောင့် ဆီးချိုဖြည့်စွက်စာ ဆီးချိုကျတယ်ဆိုတာ လုံးဝ လုံးဝ မဟုတ်ပါ❌

🔸ဖြည့်စွက်စာ သောက်ကိုသောက်ရမှာလား❓
ဆီးချိုရောဂါဆိုတာ ဟိုးလွန်ခဲ့တဲ့နှစ်များစွာကပေါ်ပေါက်ခဲ့တာပါ အဲ့ချိန်အခါက ဖြည့်စွက်စာဆိုတာ ဘာမှန်းတောင်မသိသေးပါဘူး ခေတ်တွေပြောင်းလဲလာတဲ့အချိန်မှ လူသားတွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးအာဟာရပညာရှင်တွေတီထွင်ကြတာပါ
ဒီတော့ ကိုယ်တိုင်က သွားလည်းကောင်းတယ် ဝါးလည်းဝါးနိုင်တယ် အာဟာရပြည့်စုံအောင်စားနိုင်တယ်ဆိုရင် မသောက်လည်းရပါတယ်

သောက်ချင်တယ်ဆိုလည်း ကျွန်တော်မတားပါဘူးနော်
တစ်ခုပါပဲ ဆီးချိုကျစေတယ်ဆိုတဲ့ အယူအဆအမှားနဲ့တော့ မသောက်စေချင်ပါဘူး ဒါလေးတော့သတိပေးချင်ပါတယ်

အချုပ်အားဖြင့်ပြောရမယ်ဆိုရင်
ဆီးချိုသွေးချို ဖြည့်စွက်စာကို ဖြည့်စွက်စာလို့သာတွေးပါ
မှားယွင်းတဲ့အယူအဆတွေကိုဘေးဖယ်နိုင်ပြီး မှန်ကန်စွာတွေးခေါ်သုံးသပ်ပြီး မိမိဆီးချိုသွေးချိုကိုထိန်းညှိနိုင်မယ်ဆိုရင်….
ကျွန်တော် ဒီအကြောင်းကိုမျှဝေခဲ့ရတာ တန်ပါတယ်ဗျာ😊

#ဆီးချို
#သွေးချို
#ဆိးချိုသွေးချို







သီတင်းကျွတ်မီးပုံးအစုံငွေဇင်ယော်ဆိုင်မှာအားပေးနိုင်ပါပီရှင့်
06/10/2021

သီတင်းကျွတ်မီးပုံးအစုံငွေဇင်ယော်ဆိုင်မှာအားပေးနိုင်ပါပီရှင့်

Address

27 Street 84x85 Zay Cho
Mandalay

Website

Alerts

Be the first to know and let us send you an email when Ngwe Zin Yaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share