14/05/2022
Beauty Blogger လေး Sweety's ရဲ့ CARA Perfume အနံ့လေးတွေကို ဘယ်လို ပုံဖော်ထားလဲ ??? Review Ep -1 အနေနဲ့ ဖော်ပြပေးလိုက်ပါတယ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
💟Chance
အဲ့ထဲမှာ Sweety အကြိုက်ဆုံးကတော့ Chance ပဲ! သူ့ရနံ့လေးကိုက Romanticဆန်စေတယ်စိတ်ကိုကြည်စေတယ် ပွဲတက်/အရေးကြီးကိစ္စမျိုးအတွက်ထွက်တာမျိုးတွေမှာဒီ Cara Chanceကိုဆွတ်မယ်ဆိုသေချာပေါက် Classy လည်းဖြစ်စေတဲ့ရနံ့လေး
သူက Chanel ရဲ့ Chance perfume ကို inspiredယူထားတဲ့ရနံ့လေးပေါ့ နေ့ရောညပါဆွတ်လို့သင့်တော်တယ် ချစ်သူနဲ့အပြင်ထွက်မယ် Date မယ် Romantic dinner စားမယ်ဆို သေချာပေါက် ဒါလေးပဲရွေးဆွတ် ကိုယ့်ရဲ့ perfumeရနံ့ကြောင့်ချစ်သူလည်းကြည်နူးမိမှာအမှန်!🥰😍🤭
💟 Midnight
Sweet & Fruity ရနံ့မျိုးကြိုက်တယ်ဆိုသူတွေအတွက် Midnightလေးတော်တော်မိုက်တယ် Sweetyဆိုပုံမှန်က Fresh ဖြစ်တဲ့ရနံ့မျိုးပဲအကြိုက်များပေမယ့် ဒီMidnightရဲ့ မအီပဲ Fruity ဆန်တဲ့ရနံ့ကိုတကယ်စွဲမက်မိတယ် ဆွတ်ထားရင်လည်းလူကိုဆွဲဆောင်မှုရှိစေသလို ထင်ပေါ်စေတဲ့ရနံ့မျိုးလေးပါ နေ့ရောညပါဆွတ်လို့အဆင်ပြေတယ် ဒါမယ့်နေ့ဖက်တော့ သိပ်များများမဆွတ်မိဖို့အကြံပြုပါတယ်😉😉
💟 Signature
အနံ့သင်းပြီးနေ့ဖက်နဲ့အဆင်ပြေစေတဲ့ရနံ့ လူကို Fresh ဖြစ်စေတဲ့ရနံ့မျိုးအတွက်ဆို Signature ပေါ့ သူက Floral & Fruity ကိုရေစပ်ထားပြီး Floralရနံ့ပိုရတယ် middle notesအနေနဲ့ Rose ရနံ့လေးထွက်ထွက်လာတာသတိထားမိတယ်
Signature လေးကတော့မိန်းကလေးတွေပိုကြိုက်မယ့်ရနံ့ပါ 🙋♀️ခုလိုနွေရာသီနဲ့လည်းတော်တော်ကိုက်ညီမှုရှိတယ် 🌞
💟 Miracle
Warm ဖြစ်တယ် Fruity, Floral and Spicy စုံတယ် ဒါပေမယ့်လူကိုမူးအီမနေစေပဲ သူ့ရနံ့ကြောင့်လူကိုတက်ကြွစေတာမျိုး အရမ်းလည်းမပြင်းဘူး ခပ်ပြေပြေလေးပေါ့ ဒီရနံ့ရရင်ကို မိုက်တယ်ဆိုတာမျိုးထင်မှတ်ကြလောက်တယ် Authenticထဲကနာမည်ကြီးLancôme ရဲ့ Miracleရနံ့ကိုinspiredယူထားတာ တော်တော်လေးထပ်တူကျတယ် Sweety ငယ်ငယ်ကမေမေ့ကိုမွေးနေ့လက်ဆောင်ဝယ်ပေးဖူးလို့ဒီရနံ့ကခုထိရင်းနှီးနေဆဲပဲ🥰🌸🌷
💟 Daylight
Cara Perfumeရနံ့အားလုံးထဲ Strong အဖြစ်ဆုံးလို့ပြောလို့ရတယ် ရနံ့ကလည်းထူးခြားတယ် ဆွတ်လိုက်ရင် Bold ဖြစ်စေတယ် Confident level လည်းကြမ်းတယ် ရနံ့ကိုက သူများနဲ့လုံးဝမတူကွဲပြားပြီးuniqueဖြစ်တယ် Honey နံ့ချိုချိုအီအီနဲ့ စွဲဆောင်မှုရှိတယ် 🍯
အရမ်းပူပြင်းတဲ့အချိန်ကလွဲပြီးကျန်အချိန်ဆွတ်လို့တကယ်အဆင်ပြေတယ် Daylight လေးက Jean Paul Gaultier ရဲ့ Scandal perfumeကို inspiredယူထားတာလေးပါ