ပြည့်စုံ ဆေးခန်း

ပြည့်စုံ ဆေးခန်း .

Covid ဖြစ်​ပြီး ပြန်ကောင်းလာပြီးနောက်ပိုင်း လက္ခဏာတွေက*******************************************၁။ လက်ဖဝါးတွေ ပုံမှန်ထက...
25/08/2021

Covid ဖြစ်​ပြီး ပြန်ကောင်းလာပြီးနောက်ပိုင်း လက္ခဏာတွေက
*******************************************
၁။ လက်ဖဝါးတွေ ပုံမှန်ထက်ပို ပူနေပါတယ်။

၂။ ခန္ဒာကိုယ်က ချမ်းချင်တဲ့အချိန်ထချမ်းပါတယ်။ တခါတလေကျတော့လည်း ချွေးအများကြီးထွက်ပြီး အိုက်တတ်ပါတယ်။

၃။ နည်းနည်း လှုပ်ရှားလိုက်တာနဲ့ မောပြီးဟိုက်လာပါတယ်။
တစ်ခါတစ်လေ ကျတော့ လှုပ်လှုပ်ရှားရှား မလုပ်ပဲ ထိုင်နေ အိပ်နေရင်း နဲ့ကို နည်းနည်းမောပီး အသက်ရှုကြပ်လာတတ်ပါတယ် ။
Spo2 တိုင်းကြည့်တော့ မကျပါဘူး။

၄။ ချောင်းနည်းနည်းဆိုးပါတယ်။

၅။ ညဘက်တွေ ကောင်းကောင်းအိပ်မပျော်ပါဘူး ။
ခဏခဏ လန့်နိုးပါတယ်။ တစ်ခါတစ်လေ မနက်အစောကြီးနိုးနေပြီး ပြန်အိပ်မရတော့ပါဘူး။

၆။ ခြေဆစ် လက်ဆစ်တွေ နာတာ ကိုက်တာတွေ ဖြစ်ပါတယ်။

၇။ လည်ချောင်းထဲမှာ ချွဲနဲနဲကပ်ပြီး စကားပြောရင်အသံက တချက်တချက် ညောင်နာနာဖြစ်ပြီး တိမ်ဝင်သွားပါတယ်။

၈။ဗိုက်ခဏခဏဆာပီးအများကြီးစားလိုက်ရင် တစ်ခါတစ်လေ လေတွေပွအစာမကြေတာမျိုးလဲ ဖြစ်ပါတယ်။

၉။စိတ်ဓါတ်က တက်လိုက် ကျလိုက်ဖြစ်နေပါတယ်။ စိတ်ပူပင်စရာ အလုပ်ကိစ္စတွေ စိတ်ဖိစီးစရာ ဒေါသဖြစ်စရာကိစ္စ ဟာ မစဉ်းစားပဲ သူ့အလိုလို ခေါင်းထဲ ဝင်လာတတ်ပါတယ်။

၁၀။ ရင်ဘတ်နဲ့ ကျောကုန်းကို ထိရင် ဖိလိုက်ရင် နာပါတယ်။

၁၁။ လက် ရင်ဘတ်နဲ့ ကျောကုန်းမှာ အနီဖုတွေ အနီပြင် အနီစက်တွေ ထွက်လာပါတယ် ။

၁၂။ ခြေသလုံးကြောတွေ ပေါင်ကြောတွေ တင်းပီး တောင့်နေတတ်ပါတယ်။

၁၃။ တခါတလေ ခေါင်းနည်းနည်းကိုက်ပီး ခေါင်းလေး ခေါင်းအုံနေတတ်ပါတယ်

၁၄။တခါတလေ ရင်တုန်ပီး လူကတုန်ကယင်ဖြစ်တတ်ပါတယ်

၁၅။ရေထိလိုက်တာနဲ့ ခဏလေးအတွင်း လက်ဖဝါးကအရေပြားတွေ တွန့်ကုန်ပါတယ်။

အခုကဘယ်လိုဖြစ်နေလဲဆိုတော့ နေမကောင်းဘူးလားဆိုတော့ လဲမဟုတ်ဖူး🙄

ကောင်းနေပြီလားဆိုတော့လဲ မဟုတ်ပြန်ဘူး ကောင်းပြီလား မကောင်းဘူးလားကိုယ့်ဟာကိုလဲ မသိ အဲ့လိုဖြစ်နေတာပါ။

ဘာပဲဖြစ်ဖြစ် day 20 ကျော်လာတဲ့သူတွေဟာ အဆိုးဆုံး အခြေအနေကို ဖြတ်ကျော်ပြီးသွားပါပြီ။
ရှေ့ဆက်ပိုပြီးကောင်းဖို့ပဲရှိပါတယ်။
ဂရုမစိုက် ပေါ့ပေါ့ဆဆ နေတာမျိုး တော့ လုံးဝမလုပ်ပါနဲ့ ။

နောက်ထပ် ဘာတွေဆက်ဖြစ်နိုင်သလဲဆိုတာ ဘယ်သူမှ မသိသေးပါဘူး။
ဉပမာ - နောက်ဆက်တွဲ သွေးခဲပိတ်တဲ့ ပြဿနာလို မျိုးတွေ ဖြစ်လာရင် အကုန်လုံးဆုံးရှုံးသွားနိုင်ပါတယ် ။
ကျမတို့ဟာ အသက်နဲ့ရင်းပီး ဒီရောဂါကို တိုက်နေရတာပါ။
ရန်သူကို မျက်ခြေပြတ်မခံသလို ကျမတို့ ခန္ဒာကိုယ်ကိုလဲ အမြဲဂရုစိုက်ပီး သတိနဲ့ စောင့်ကြည့်နေရပါမယ်။

Day 20 နောက်ပိုင်း သတိထားသင့်တဲ့ အချက်တွေက

၁။ရေချိုးခေါင်းလျှော်သတိထားပါ ။
ရေနွေးနဲ့ချိုးပါ ။
အအေးခံတာမျိုးမလုပ်ပါနဲ့ ။

၂။သွေးမခဲအောင် ခြေထောက်လေ့ကျင့်ခန်း
နေ့တိုင်းလုပ်ပေးပါ။

၃။အလေးအပင်တွေ မ မပါနဲ့။
ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

၄။အသက်ရှုလေ့ကျင့်ခန်းလုပ်ပေးပါ။

၅။Spo2 နဲ့ Heart rate ကို တနေ့ ၃ ကြိမ်လောက် တိုင်းပေးပါ ။

၆။အစားအသောက်ကို မလျော့ပါနဲ့ ။
အဟာရပြည့်အောင်စား
များများစားပေးပါ။
# (weight တက်လာလဲနောက်မှ ပြန်ချလို့ရပါတယ်)

၇။စောစောအိပျပါ ညည့်နက်တဲ့အထိမနေပါနဲ့ ။

၈။ရေများများသောက်ပါ။

၉။အမြဲတမ်းစောင်းပီး အိပ်ပါ ပက်လက်လုံးဝမအိပ်ပါနဲ့ ။

၁၀။ရေနွေးသောက်ပါ။

အရေးကြီးတဲ့ သတိထားရမယ့်
အချက်တွေက

၁။O2 ကျလာရင်
၂။နားနေပေမယ့်လဲ Heart Rate အရမ်းတက်နေရင်
၃။ခြေတွေ လက်တွေ ထုံလာရင်
၄။ရင်ဘတ် အောင့်လာရင်
၅။ခြေသလုံး တွေ ယောင်နေ နာနေတာမျိုး ဖြစ်လာရင် (မနှိပ်ရ)
၆။ချောင်းအဆက်မပြတ် ဆိုးတာမျိုးဖြစ်နေပြီဆိုရင် -

ဆရာဝန်နဲ့ ချက်ခြင်းပြပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ သွေးစစ်တာတွေ ရင်ဘတ်ဓါတ်မှန်ရိုက်တာတွေကို လုပ်သင့်ပါတယ်။
ကောင်းနေပြီဆိုပြီး လူကောင်းတယောက်လို အလုပ်တွေကို မလုပ်ပါနဲ့။ ပြန်ဖျားတတ်ပါတယ်။

အရမ်းကြောက်ပြီး ဘာမှ မလုပ်ပဲ တချိန်လုံး အိပ်ယာထဲ မှာ နေတာမျိုးလဲ မလုပ်ပါနဲ့။
သွေးခဲတတ်ပါတယ်။
အသက်ကို ဥာဏ်စောင့် ဆိုသလို ပေါ့ပေါ့ဆဆ မနေပဲ ဉာဏ်နဲ့ ယှဉ်တဲ့ သတိအမြဲရှိနေရပါမယ်။
အများကြီးလဲ စိတ်ပူပန် စိတ်အားငယ်တာမျိုး မဖြစ်ပါနဲ့ ။ ကိုယ့်ဘက်က လုပ်စရာ ရှိတာ အားလုံး ကို သေချာ လုပ်ထားပြီးရင် ရပါပြီ ။ကျန်တာက ကံတရားပါ။
တတ်နိုင်သလောက်စိတ်ကို ပျော်အောင်နေပါ။
ဒီအချိန်မှာ အသက်ထက်အရေးကြီးတာ ဘာမှမရှိပါဘူး။ကြွေလွင့်သွားရတဲ့သူတွေအတွက် စိတ်မကောင်းပေမယ့် ဒီအချိန်မှာ အသက်ရှင်နေသေးတာဟာ အကောင်းဆုံး Blessing ဆိုတဲ့စိတ်နဲ့ ရှင်သန်နေထိုင်ပါ။
နောက် ၂ လ ၃ လ လောက်အထိ သွားသတိ လာသတိ စားသတိ ဘာပဲလုပ်လုပ်အမြဲတမ်းသတိကပ်ထားရပါမယ်။အမြဲတမ်းမမေ့မလျော့ သတိနဲ့နေထိုင်ပါ။

မိတ်ဆွေ များအားလုံး ကျန်းမာ ချမ်းသာပြီး
ဒီကပ်ဆိုးကြီးတွေကို အတူတကွ ကျော်ဖြတ်နိုင်ကြပါစေ။

Credit #

စိတ်ဓါတ်မကျပါနဲ့crd
11/07/2021

စိတ်ဓါတ်မကျပါနဲ့
crd

  ကာကွယ်ဖို့   ပဲ တပ်ပေးကြပါဗျာ။
17/12/2020

ကာကွယ်ဖို့
ပဲ တပ်ပေးကြပါဗျာ။

Circumcision #လိင်တံအရည်ပြားဖြတ်ခြင်းအမျိုးသားလိင်တံအရည်ပြားဖြတ်ခြင်းကမ္ဘာတဝန်းမှာ အမျိုးသားလိင်တံအရည်ပြားဖြတ်ခြင်း ဘာကြ...
27/11/2020

Circumcision
#လိင်တံအရည်ပြားဖြတ်ခြင်း

အမျိုးသားလိင်တံအရည်ပြားဖြတ်ခြင်း

ကမ္ဘာတဝန်းမှာ အမျိုးသားလိင်တံအရည်ပြားဖြတ်ခြင်း ဘာကြောင့်လုပ်ကြသလဲ?

၁။ ဘာသာရေးအရလုပ်ခြင်း
၂။ အရည်ပြားအရမ်းရှည်၍ နောက်သို့ဆွဲမရခြင်း
၃။ လိင်အင်္ဂါ မှ တဆင့်တချို့ကူးစက်တတ်သော ရောဂါ ဖြစ်ပွားမှု လျော့ကျစေခြင်း တို့ကြောင့်ဖြစ်ပါတယ်

လုပ်ရင် ဘာကောင်းကျိုးတွေရနိုင်မလဲ?

၁။ လိင်အင်္ဂါသန့်ရှင်းရေးလုပ်ရာတွင်ပိုမိုလွယ်ကူသွားခြင်း။
၂။ ဆီးလမ်းကြောင်းပိုးဝင် ရောဂါ လျော့နည်းသွားခြင်း။
၃။ လိင်ဆက်ဆံခြင်းမှ ကူးဆက်တတ်သောရောဂါများလျောကျစေခြင်း။
(အကာကွယ်သုံး၍ဆက်ဆံခြင်းက ပိုစိတ်ချရပါတယ်)
၄။ လိင်အင်္ဂါ အထစ်ထိပ်မှ အရည်ပြားကိုအထစ်နောက်သို့ ဆွဲမိပီး အထစ်ထိပ်သို့ပြန်မထားနိုင်ခြင်းကြောင့် လိင်အင်္ဂါထိပ်ရောင်ရမ်းဖောင်းကားလာမှု မဖြစ်နိုင်တော့ခြင်း။
၅။ လိင်တံ ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေခြင်း။
စသည်တို့ ရရှိနိုင်ပါတယ်။

အရည်ပြားဖြတ်ခြင်းကြောင့်နှင့် သားသမီးမရနိုင်ခြင်း မသက်ဆိုင်ပါ။

အရည်ပြားဖြတ်ရင်ဘာတွေ အန္တရာယ်ရှိနိုင်မလဲ?

၁။အနာမှ သွေးအနည်းငယ်ထွက်ခြင်း
၂။ အနာပိုးဝင်ခြင်းများဖြစ်တတ်ပါတယ်

ခွဲမယ်ဆို ဆရာဝန်က သင့်ကို ဘာလုပ်မှာလဲ?

ခွဲခန်းထဲမှာ သင့်ကို ခွဲစိပ်ခုတင်ပေါ်တက်ခိုင်းပီး ပက်လက်အနေထား နေဖို့ပြောပါမယ်
သင့်လိင်အင်္ဂါ ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးရည်များနှင့်သန့်ရှင်းရေး လုပ်ပါလိမ့်မယ်
ထုံဆေးထိုးခြင်း လိမ်းခြင်းများလုပ်ပါမယ်
မနာတော့ဘူးဆိုရင် အထစ်နားရှိ အရည်ပြားကို ဖြတ်ပါမယ် ပီးပြန်ချုပ်ပါမယ်
ထို့နောက် ပိုးသတ်ဆေးလိမ်းဆေးလိမ်းပြီး ပတ်တီးစည်းပါမယ်
ထို့နောက်ခွဲခန်းမှထွက်ပီး အိမ်ပေးပြန်ပါမယ်

ခွဲပီးရင် ဘာတွေဖြစ်မလဲ?

ပုံမှန်ဆို ၇ရက်မှ ၁၀ရက်အတွင်းအနာကျက်ပါတယ်
ခွဲစိပ်ပီးစ ရက်အနည်းငယ် နာခြင်းရောင်ခြင်းများရှိနိုင်ပါတယ်
အနာဆေးထည့်လျင်ငြင်သာစွာ ကိုင်တွယ်ရပါမယ်
တစ်ပတ်ကျော်၍ အနာကျက်လျှင် ဆပ်ပြာ ရေ တို့နှင့်ထိပီးဆေးနိုင်ပါပြီ

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ချက်ချင်းပြန်ပြရမလဲ

၁။ခွဲစိပ်ပြီး ၁၂နာရီထိ ဆီးမသွားနိုင်လျင်
၂။သွေးဆက်တိုက်ထွက်နေလျင်
၃။လိင်အင်္ဂါထိပ်မှ အနံ့နံခြင်း အရည်များထွက်နေခြင်း တို့ဖြစ်ပါက ပြန်ပြရပါမယ်။

Reference mayo clinic
Crd

♦️မြန်မာနိူင်ငံတနိုင်ငံလုံးအတွက် ဝမ်းသာ     စရာသတင်းပါ       ယနေ့ထုတ် စံတော်ချိန်သတင်းစာနှင့်  TV       မှာပါ  အမေစု  ကိ...
19/11/2020

♦️မြန်မာနိူင်ငံတနိုင်ငံလုံးအတွက် ဝမ်းသာ
စရာသတင်းပါ
ယနေ့ထုတ် စံတော်ချိန်သတင်းစာနှင့် TV
မှာပါ အမေစု ကိုယ်တိုင်ကြေငြာသွားပါပြီ

2020 နှစ်ကုန်ပိုင်းမှာ (၁၂)လပိုင်းပေါ့
covid 19 ရောဂါကာကွယ်ဆေး
တရားဝင်ရရှိပါပြီ။
ဆေး ၁ လုံးကိုလည်း မြန်မာကျပ်ငွေ ၄၀၀၀/ကျပ်ဖြင့် ရအောင်ဆောင်ရွက်ပေးပါမည်လို့
WHO ကလည်းတရားဝင်ပြောကြားထားပါတယ်။
ယခုသတင်းကိုလည်း ယနေ့ည ၈ နာရီ TV သတင်းမှာ တရားဝင်ကြေငြာပေးပါမယ် ကြည့်ကြပါ။

ဒီတော့ မြန်မာနိူင်ငံသားအားလုံးပဲ ( ၂ )လဆိုတဲ့ အချိန်လေးကို ခဏလေးသီးခံပြီး အိမ်ထဲမှာနေ အားတင်ထားကြရအောင်ဗျာ။
ယခုတော့ အားလုံး homestay ကြမယ် ok။
ယနေ့ထုတ် စံတော်ချိန်သတင်းစာ နှင့် ည ၈ နာရီ TV ဖွင့်သတင်းကြည့်ကြပါ ။

Credit #
T. T. 🇺🇸
UTG:crd
♦️ပြန်လည်ဝေမျှပါသည်

 အားတက်ဖွယ် ရာ နောက်မှပေါက်တဲ့ ရွှေကြာပင်Moderna COVID ကာကွယ်ဆေး######################################################xx...
16/11/2020


အားတက်ဖွယ် ရာ နောက်မှပေါက်တဲ့ ရွှေကြာပင်Moderna COVID ကာကွယ်ဆေး

##################################################################x

Moderna ကုမ္ပဏီ ဟာ ယနေ့ တနင်္လာ နေ့ မှာ ကိုဗစ် ပိုးကို ၉၄.၅ ရာခိုင်နှုန်း ထိ ကာကွယ်ပေး နိုင်သော ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာ ခဲ့ရာ Pfizer ကုမ္ပဏီနောက်Covid ကာကွယ်ဆေး ထုတ်လုပ် နိုင်တော့မယ့်အမေရိကန် နိုင်ငံ၏ဒုတိယမြောက် ဆေးကုမ္ပဏီဖြစ်လာပါတယ်။
နိုင်ငံရဲ့ထိပ်တန်းကူးစက်ရောဂါဆရာဝန်ကြီးဒေါက်တာအန်တိုနီဖာချီ (Dr. Anthony Fauci) က“ ဒီရလဒ်တွေကအရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ရလဒ်တွေပါ။၉၄.၅%ဟာ အင်မတန် အားရစရာပါပဲ”လို့ ပြောကြားလိုက်ပါတယ်။
Moderna ၏ဆေးဘက်ဆိုင်ရာအကြီးအကဲ Dr. Tal Zacks က”ဒီကာကွယ်ဆေးကိုတီထွင်နိုင်ခြင်းနဲ့ ရောဂါကို ထိထိရောက်ရောက်ကာကွယ်နိုင်တဲ့စွမ်းရည်ဟာအံ့ဖွယ်ပါပဲ။ကျွန်တော့်ဘဝ ၊ကျွန်တော့် အလုပ်တသက် အကြီးကျယ်ဆုံး ကာလပါပဲ”ဟုပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးကိုဒီဇင်ဘာဒုတိယလဝက်တွင်စတင်နိုင်ကြောင်း Fauci ကပြောကြားခဲ့ပါတယ်။ ကာကွယ်ဆေးထိုးခြင်းသည် Covid ဒါဏ် မခံနိုင်သော၊ကူးဆက်ခံရနိုင်သောလူအုပ်စုများနှင့်စတင်ပြီးနောက်နွေ ဦး ရာသီတွင်ကျန်ရှိသည့်လူ များဆက်လက် ထိုးမည်ဖြစ်ပါတယ်။
ပြီးခဲ့သည့်အပတ်က Pfizer ကအစောပိုင်းအချက်အလက်များအရကာကွယ်ဆေးသည်ရောဂါကာကွယ်ဆေး၏ ၉၀% ကျော်ကိုထိရောက်စွာပြသကြောင်းကြေညာခဲ့ပါတယ်။
Moderna ၏စမ်းသပ်မှုတွင်လေ့လာမှုတွင်ပါ ၀ င်သူ ၁၅၀၀၀ အားအကျိုးသက်ရောက်မှုမရှိသောဆားငန်ဆေးတစ်မျိုးအားထိုးပေးခဲ့ပါတယ်။ လပေါင်းများစွာအတွင်း၎င်းတို့အနက် မှ လူ ၉၀ ဟာ Covid-19 ရောဂါ ကူးစက်ခဲ့ပြီး ၁၁ ယောက်တွင်ရောဂါပြင်းထန်ခဲ့ပါတယ်။
နောက်ထပ်လူ ၁၅၀၀၀ ကိုတော့ ကာကွယ်ဆေးထိုးပေးခဲ့ပြီးသူတို့ထဲမှငါး ဦး သာ Covid-19 ကူးစက်ခဲ့ပြီး ငါးယောက်စလုံး ရောဂါဆိုးရွားပြင်းထန်ခြင်းမရှိခဲ့ပါဘူး။
ဒါ့အပြင် ကုမ္ပဏီရဲ့ပြောကြားချက်အရ၎င်းကာကွယ်ဆေး ဟာဆိုးရွားသည့်ဘေးထွက်ဆိုးကျိုးများမရှိဘူးလို့ဆိုပါတယ်။အနည်းငယ်သောသောရာခိုင်နှုန်းတွင်သာ ကိုယ်ခန္ဓာကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်ခြင်းကဲ့သို့သောရောဂါလက္ခဏာများကိုခံစားခဲ့ရတယ်လို့ လည်းသိရပါတယ်။
Moderna ဟာ ယခုလနှောင်းပိုင်းတွင်ကာကွယ်ဆေးသည် ပိုမိုလုံခြုံစိတ်ချရကြောင်း အချက်အလက်များစုဆောင်းပြီးနောက်တွင်၎င်း၏ကာကွယ်ဆေးကိုအတည်ပြုချက်ရဖို့ အမေရိကန်အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှုဌာနသို့ထုတ်လုပ်ခွင့်လျှောက်ထားရန်စီစဉ်ထားပါတယ်။
Fauci ကပထမဆုံး Covid-19 ကာကွယ်ဆေးဟာဒီဇင်ဘာလအစောပိုင်းထက်ဒီဇင်ဘာလနှောင်းပိုင်းမှသာ ဖြစ်လိမ့်မယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။
အစပိုင်းမှာတော့လူတိုင်းအတွက်ကာကွယ်ဆေးမလုံလောက်သေးပါ။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ၊ သက်ကြီးရွယ်အိုများနှင့်အခြေခံကျန်းမာရေးရောဂါရှိသူများပါ ၀ င်သည့် ဦး စားပေးအုပ်စုများ ကို ကာကွယ်ဆေးဦးစာပေး ထိုးပေးမည်ဖြစ်ပါတယ်။
“ ဧပြီလအကုန်မှာတော့ ကျန်တဲ့လူအားလုံးကိုကာကွယ်ဆေး စထိုးပေးနိုင်မယ်ထင်ပါတယ် ။ဒါကမေလ၊ ဇွန်၊ ဇူလိုင်လတွေအထိဖြစ်လိမ့်မယ်။ အားလုံးပြီး ဖို့လ အနည်းငယ်လောက်ကြာပါလိမ့်မယ်"ဟု Fauci ကပြောကြားလိုက်ပါတယ်။

Moderna ၏ကာကွယ်ဆေးသည် Pfizer's ထက်သိသိသာသာလက်တွေ့ကျသောအားသာချက်တချို့ရှိပါတယ်။
အဲဒါကတော့Pfizer ကာကွယ်ဆေးကို -၇၅ ဒီဂရီစင်တီဂရိတ်တွင်ထားရပါမယ်။ယူအက်စ်တွင်မည်သည့်ကာကွယ်ဆေးမျှယင်းကဲ့သို့ မသိုလှောင်ဘူးပါ။ဆေးရုံ ၊ဆေးခန်း နဲ့ဆေးဆိုင်မျာ:မှာ အဲဒီလောက် အပူချိန်အလွန်နိမ့်သောရေခဲသေတ္တာများမရှိပါ။
Moderna ၏ကာကွယ်ဆေးကို-၂၀ ဒီဂရီစင်တီဂရိတ်တွင်သိုလှောင်ထားနိုင်ပါတယ်။ရေကျောက်ကာကွယ်ဆေးကဲ့သို့သောအခြားကာကွယ်ဆေးများကိုထိုအပူချိန်အတိုင်းသိမ်းဆည်းထားရပါတယ်။
ဆိုလိုတာကတော့ Moderna ၏ကာကွယ်ဆေးသည်ဆေးရုံ၊ဆေးခန်းနှင့်ဆေးဆိုင်များတွင်အလွယ်တကူရရှိနိုင်သည့်ရေခဲသေတ္တာထဲတွင် သိမ်းထား နိုင် တယ်လို့ Zacks ကပြောကြားခဲ့ပါတယ်။
Moderna ၏ကာကွယ်ဆေး၏နောက်ထပ်အားသာချက်တစ်ခုမှာ၎င်းကိုရေခဲသေတ္တာထဲတွင်ရက် ၃၀ ကြာ ထိ သိမ်းထားနိုင်ကြောင်းကုမ္ပဏီကတနင်္လာနေ့ကကြေညာ ခဲ့ပါတယ်။ Pfizer ကာကွယ်ဆေးသည်ရေခဲသေတ္တာထဲတွင်ငါးရက်သာအထားခံနိုင်သည်ဟုဆိုပါတယ်။
(Ref;CNN)

  vaccineCovid 19 ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် ရှေ့ပြေးနေတဲ့  Pfizer ကုမ္ပဏီရဲ့ Covid ကာကွယ်ဆေးဟာ Covid 19ရောဂါကို (၉၀%)ကာက...
10/11/2020

vaccine
Covid 19 ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် ရှေ့ပြေးနေတဲ့ Pfizer ကုမ္ပဏီရဲ့ Covid ကာကွယ်ဆေးဟာ Covid 19ရောဂါကို (၉၀%)ကာကွယ်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။Pfizer ဟာ ဂျာမန်နိုင်ငံ မိန့်ဇ် အခြေစိုက် BioNTech နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။Covid 19 ကာကွယ်ဆေးဟာ ၉၀%ကျော် ကာကွယ်ပေးနိုင်တာကို နောက်ဆုံးအဆင့်စမ်းသပ်မှုတွေမှာ တွေ့ရှိရပါတယ်။

ကုမ္ပဏီနဲ့ ထုတ်ပြန်ချက်မှာတော့ “သိပ္ပံပညာရပ်ရဲ့ မှတ်တိုင်၊လူသားသမိုင်းအတွက် မှတ်တိုင်တစ်ခု”လို့ ဆိုထားပါတယ်။

Pfizer ရဲ့ Covid 19ကာကွယ်ဆေးကတော့ လူတစ်ဦးကို နှစ်ကြိမ်(သုံးပတ်ခြား)ထိုးနှံရမှာဖြစ်ပါတယ်။ကုမ္ပဏီဖက်မှ ကနဦး ဆေးအလုံးပေါင်း သန်း(၅၀)ထုတ်လုပ်နိုင်ရန် နေ့ညမနားကြိုးစားနေပြီး (၂၀၂၁)အကုန်တွင် ဆေးအလုံးပေါင်း(၁.၃)ဘီလီယံ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

https://www.facebook.com/109602453842895/posts/216764033126736/

ရုရှား နိုင်ငံ ရဲ့ Covid 19(ကိုဗစ် 19) ကာကွယ်ဆေး၁၁/၈/၂၀ တွင် ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားနိုင်ငံတွင် Covid 19ကာကွယ်ဆေ...
13/08/2020

ရုရှား နိုင်ငံ ရဲ့ Covid 19(ကိုဗစ် 19) ကာကွယ်ဆေး

၁၁/၈/၂၀ တွင် ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားနိုင်ငံတွင် Covid 19ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီဖြသ်ကြောင်း ကြေငြာခဲ့ပါသည်။ရုရှားနိုင်ငံက Covid 19 ကာကွယ်ဆေးကို Adenovirus မှတဆင့် ထုတ်လုပ်ထားသည်။ကာကွယ်ဆေး နာမည်ကို Sputnik -Vဟု အမည်ပေးထားသည်။နောက် (၂)ပတ်အတွင်း ဆေးလုံးရေ သန်းချီထုတ်လုပ်မည်ဖြစ်ကြောင်းကြေငြာထားသည်။ကမ္ဘာ့နိုင်ငံပေါင်း (၂၀)ကျော်က ရုရုားကာကွယ်ဆေးကို ဝယ်ယူရန်ကမ်းလှမ်းထားပါသည်။

ရုရှား ကျန်းမာရေးဝန်ကြီး Mr Murashko ကတော့ ရုရှားနိုင်ငံရှိ ဆရာဝန်များကို နောက်(၂)ပတ် အတွင်းထိုးနှံမည်ဖြစ်ပြီး ရုရှား တစ်နိုင်ငံလုံး October လတွင် Covid 19ကာကွယ်ဆေး ထိုးနှံမည် ဖြစ်ကြောင်းသိရသည်။ကာကွယ်ဆေးကို (၂၁)ရက်ခြား (၂)ကြိမ်ထိုးရမည်ဟုသိရပါသည်။

ပုံမှန်ကာကွယ်ဆေးသည် လူသားတွင် စမ်းသပ်ရန် အဆင့် (၃)ဆင့် ဖြတ်သန်းရမည်ဖြစ်ပြီ ယခုလက်ရှိ Russia Covid 18 ကာကွယ်ဆေးသည် အဆင့် (၂)ဆင့်ကိုသာ ဖြတ်သန်းစမ်းသပ်ထားပြီး လူဦးရေ ၇၆ယောက် သာ စမ်းသပ်ထားပါသည်။

တစ်ကမ္ဘာလုံးရှိ သိပ္ပံပညာရှင်များကတော့ ရုရုားထုတ် Covid 19 ကာကွယ်ဆေးကို စိုးရိမ်နေသည်။အဓိက အချက်မှာ လူဦးရေအနည်းအကျဉ်းသာ စမ်းသပ်ထားပြီး ဆေး၏ဘေးထွက်ဆိုးကျိုးကို တိတိကျကျ စမ်းသပ်ဖော်ပြထားခြင်းမရှိသည့် အချက်တွေကြောင့်ဖြစ်သည်။

ဂျာမန်ကျန်းမာရေးဝန်ကြီး Hens Spahn ကတော့ ရုရှားCovid 19ကာကွယ်ဆေးကို ဇိဝစိတ်ချလုံခြုံရေး အာမခံချက်မရှိသဖြင့် ဘေးထွက်ဆိုးကျိုးရှိနိုင်ကြောင်းသုံးသပ်ထားသည်။

မာဆေး အခြေစိုက် ပြင်သစ်အမျိုးသားသိပ္ပံသုတေသန ဌာနမှ ပညာရှင် Isabelle Imbert ကတော့ ကာကွယ်ဆေးကို အလျင်အမြန်ထုတ်လုပ်ခြင်းသည်အလွန်အန္တရာယ်များသည်ဟု သုံးသပ်ထားသည်။

အမေရိကန်မှ Virus expert Dr Anthony Fauci ကတော့ ရုရှားနိုင်ငံမှ Covid 19 ကာကွယ်ဆေးကို လူသားတွေကိုမထိုးနှံခင် ဆေး၏လုံခြုံ စိတ်ချမှုကို စမ်းသပ်ထားမည်ဟုမျှော်လင့်ထားကြောင်း မယုတ်မလွန် သုံးသပ်ထားသည်။

မော်စကိုအခြေစိုက် Association of Clinical trials organisation (Acto)ကတော့ ယခုလက်ရှိကာကွယ်ဆေးကို အဆင့်(၃)လူသားစမ်းသပ်မှု ပြီးမြောက်သည်အထိ လုပ်ဆောင်သင့်ကြောင်း ရုရုားကျန်းမာရေးဝန်ကြီးဌာနကို အကြံပြုထားသည်။

WHO ကတော့ ရုရှားကာကွယ်ဆေးကို သတိထားပြီးသုံးသပ်နေဆဲပါ။

ပုံမှန် ကာကွယ်ဆေးထုတ်ဖို့ လူသားတွင်စမ်းသပ်မှု အဆင့် (၃)ဆင့် ဖြတ်ကျော်ရသည်။ပထမ အဆင့်တွင် လူရာချီပါဝင်ပြီး ဒုတိယအဆင့်တွင် လူထောင်ချီ ပါဝင်ရသည်။နောက်ဆုံး အဆင့်(၃)တွင် လူသောင်းချီ စမ်းသပ်ရသည်။ထို့ပြင် တစ်နိုင်ငံတည်း စမ်းသပ်ရတာမဟုတ်ပဲ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဆရာဝန်များ ဆေးကုသ စင်တာများနှင့် ပူးပေါင်းဆောင်ရွက်ရပါသည်။

ကာကွယ်ဆေးဆိုသည်မှာ ရောဂါကိုကာကွယ်ရုံနှင့်မပြီးပါ။လူသားတွင် ဘေးထွက်ဆိုးကျိုးမရှိရန်လည်း လိုသည်။

https://www.facebook.com/109602453842895/posts/192246778911795/

 #၀က်တုပ်ကွေးတစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါပိုးကြောင့် ကပ်ဘေးသင့်နေချိန်မှာ တရုတ်နိုင်ငံမှာ ကပ်ဘေးအဆင့်ဖြစ်လာနိုင်ချေရှိ...
30/06/2020

#၀က်တုပ်ကွေး
တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါပိုးကြောင့် ကပ်ဘေးသင့်နေချိန်မှာ တရုတ်နိုင်ငံမှာ ကပ်ဘေးအဆင့်ဖြစ်လာနိုင်ချေရှိတဲ့ ဝက်တုပ်ကွေးရောဂါပိုးကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

G4 လို့ အမည်ပေးထားတဲ့ ဒီရောဂါရဲ့မျိုးဗီဇဟာ တရုတ်က မွေးမြူရေးလုပ်သား ၁၀% မှာ ကပ်ငြိနေပြီး လူအချင်းချင်း ကူးစက်နိုင်ခြေရှိမရှိ တိတိကျကျ သိရှိရခြင်း မရှိသေးပါဘူး။ G4 ဟာ ၂၀၀၉ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ H1N1 နဲ့ ဆက်နွယ်မှုရှိတယ်လို့လည်း သုတေသနပညာရှင်တွေက ဆိုကြပါတယ်။ ဗိုင်းရပ်စ်ရဲ့ အမည်အပြည့်အစုံကတော့ G4 EA H1N1 ပါ။

ဝက်သားထုတ်လုပ်ငန်းတွေက ဝန်ထမ်း ၃၀၀၀၀ လောက်ရဲ့ Swab နမူနာတွေကို ရယူဆန်းစစ်ကြည့်ရာကနေ ခုလို ပိုးကူးစက်ခံထားရတာကို သိရှိလာရတာဖြစ်ပါတယ်။

H1N1 genes ဟာ လူလူချင်းကူးစက်နိုင်ပေမယ့် လက်ရှိပိုးသစ်ဟာ human to human ကူးစက်နိုင်တဲ့ သက်သေအထောက်အထားမတွေ့ရှိရသေးဘူးလို့ National Academy of Science က တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် G4 ဟာ Pandemic (ကပ်ဘေး) အသွင်ဖြစ်လာနိုင်တဲ့ အလားအလာတွေရှိနေတယ်လို့ China Agricultural University က သုတေသီတွေက သုံးသပ်ထားပါတယ်။

လက်ရှိမှာ ဝက်တွေမှာရှိနေတဲ့ G4 EA H1N1 ဗိုင်းရပ်စ်တွေကို ထိမ်းချုပ်ဖို့၊ စောင့်ကြည့်ဖို့နဲ့ လူတွေဆီ ထပ်မံမကူးစက်အောင် ကာကွယ်ဖို့လုပ်ငန်းစဉ်ဟာ အရေးကြီးလုပ်ဆောင်ရမယ့် ကိစ္စရပ်တစ်ခုဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ အကြောင်းကတော့ ဒီပိုးကို တရုတ်နိုင်ငံအတွင်းက ဒေသ ၁၀ ခုထက်မနည်းမှာ တွေ့ရှိထားပြီဖြစ်တာကြောင့်ပါ။

အကြောက် မလွန်ပါနဲ့

ဝက်တုပ်ကွေးခေါ် Swine Flu (H1N1) ဟာ ပေါ့ဆလို့မရတဲ့ ရောဂါဖြစ်ပါတယ်။ ၁၉၁၈ ခုနှစ် မက်ဆီကိုနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ရိုးရိုးတုပ်ကွေးအမျိုးအစားကနေ ဗီဇပြောင်းလဲကာ အသွင်ကွဲထွက်လာတဲ့ အမျိုးအစားဖြစ်ပါတယ်။ ကပ်ရောဂါသဖွယ် ရာစုနှစ်အလိုက်ဖြစ်ပွားတတ်ပြီး ၂၀၀၉ ခုနှစ်မှာ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါပေမယ့် အရမ်းတော့ အကြောက်မလွန်ပါနဲ့။

ဝက်တုပ်ကွေးဟာ ပုံမှန် တုပ်ကွေးရောဂါတွေလိုပဲ လက္ခဏာတွေပြတတ်ပါတယ်။ ရာသီတုပ်ကွေးအနေနဲ့ ဖြစ်ပေါ်တတ်ပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပေမယ့် သေချာကျက်အောင် ချက်ပြုတ်ထားတဲ့ ဝက်သားနှင့် စားသောက်ကုန်တွေကို စားသုံးရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။
ဝက်တုပ်ကွေးဟာ ၂၀၀၉ ခုနှစ်မှာ လူတွေမှာစတင်တွေ့ရှိပြီး ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားရာကနေ သတင်းခေါင်းကြီးပိုင်း ဖြစ်ပွားခဲ့ပါသေးတယ်။ ကူးစက်ပျံ့နှံ့ရောဂါဆိုတာဟာ တစ်ချိန်တည်းမှာ တစ်ကမ္ဘာလုံးသို့ တိုက်နယ်အများအပြားမှာ ကူးစက်ပျံ့နှံ့ပြီး ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။ လူကနေ လူကိုသာ ကူးပြီး တိရိစ္ဆာန်ကနေ လူကို မကူးစက်နိုင်ပါဘူး။

ဝက်တုပ်ကွေးဗိုင်းရပ်စ်တွေဟာ အလွန်ကူးစက်နှုန်း မြန်ဆန်ပါတယ်။ ရောဂါပိုးဟာ တံတွေးနဲ့ ချွဲတွေ၊ အမှုန်တွေကနေ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

နှာချေတာ၊

ချောင်းဆိုးတာ၊

ရောဂါပိုးရှိတဲ့နေရာကို ကိုင်တွယ်မိပြီး မျက်နှာအစိတ်အပိုင်းတွေကို ကိုင်မိတာတွေကြောင့်ကူးစက်နိုင်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ဝက်တုပ်ကွေးအမျိုးအစားဟာ မျိုးစိတ်အသစ်ဖြစ်တာကြောင့် ကွဲပြားမှုအတန်ငယ်ရှိနိုင်ပေမယ့် ကြိုတင်ကာကွယ်လို့တော့ ရနိုင်ပါတယ်။ အကောင်းဆုံးကတော့ နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေးထိုးတာပဲ ဖြစ်ပါတယ်။ ဝက်တုပ်ကွေးကလည်း ၎င်းကာကွယ်ဆေးထိုးနှံပြီး ကာကွယ်လို့ရနိုင်ပါတယ်။

ဒါ့အပြင် COVID-19 အပါအဝင် တခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေလိုပဲ လူနေမှုပုံစံကို ပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်ပါသေးတယ်။

လုံလောက် ပြည့်ဝစွာအနားယူတာ၊

ကိုယ်ခံအားစနစ် ကောင်းမွန်အောင် နေထိုင်တာ၊

ရေနှင့် တခြားအရည်များကို များများသောက်တာ၊

လက်ကို ဆပ်ပြာ သို့ လက်သန့်စင်ဆေးတွေ သုံးပြီး မကြာခဏဆေးကြောသန့်စင်ပေးတာ၊

အပြင်သွားရင် မျက်နှာဖုံးတပ်တာ၊

လူစုလူဝေးကို ရှောင်တာ၊

အစားအစာတွေကို ကျက်အောင် ချက်ပြုတ်စားတာ၊

နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတွေကို လက်နဲ့ မကြာခန မပွတ်သပ်မိအောင် သတိထားနေထိုင်တာ၊

ဖျားနာနေရင် အပြင်မထွက်ပဲ အိမ်မှာနေတာတွေပါပဲ။

crd


https://healthwise.punchng.com/new-swine-flu-found-in-china-has-pandemic-potential/

 #ရာသီတုပ်ကွေး ကာကွယ်ဆေးပြည့်စုံဆေးခန်းတွင် ထိုးနိုင်ပါသည်။09952008856 ကို ဆက်သွယ်၍ ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။
30/06/2020

#ရာသီတုပ်ကွေး ကာကွယ်ဆေး
ပြည့်စုံဆေးခန်းတွင် ထိုးနိုင်ပါသည်။
09952008856 ကို ဆက်သွယ်၍ ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

 #တုပ်ကွေးကာကွယ်ဆေး အခုမိုးရာသီရောက်တော့မယ်ဆိုတော့ တုပ်ကွေးရာသီစတော့ပါမယ်.. 🥺တုပ်ကွေးဆိုတာကလဲ influenza virus ကြောင့်ဖြစ...
29/06/2020

#တုပ်ကွေးကာကွယ်ဆေး

အခုမိုးရာသီရောက်တော့မယ်ဆိုတော့
တုပ်ကွေးရာသီစတော့ပါမယ်.. 🥺

တုပ်ကွေးဆိုတာကလဲ
influenza virus ကြောင့်ဖြစ်တဲ့
ဖျားနာမှု တစ်မျိုးပါ..😬
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို
လူတစ်ယောက်ဖျားရင် COVID-19 ကြောင့်လား
Influenza ကြောင့်လားဆိုတာ
အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး...😳
ဒါကြောင့် မြန်မာနိုင်ငံမှာ တုပ်ကွေးအချိန်
ဖျားရင် COVID-19 ဟုတ်မဟုတ် စစ်ပေးမယ်လို့ ကြားသိရပါတယ်.. ☺️

ကဲ တုပ်ကွေးကာကွယ်ဆေးအကြောင်း
ဆက်ပြောပြချင်ပါတယ်။🗣

၁။ တုပ်ကွေးကာကွယ်ဆေးက
Influenza Virus တွေကြောင့်ဖြစ်မယ့်
ရောဂါလက္ခဏာတွေနဲ့
နောက်ဆက်တွဲဆိုးကျိုးတွေကို
ကာကွယ်ဖို့ပါ။
နှစ်စဉ်ထိုးရပါတယ်။
တုပ်ကွေးရာသီမစခင် မိုးမဝင်ခင်
ထိုးရင်တော့ အကောင်းဆုံးပါ။
တုပ်ကွေးကာကွယ်ဆေးက
ခြင်ကိုက်လို့ဖြစ်တဲ့ သွေးလွန်တုပ်ကွေးနဲ့
“လုံးဝ” မဆိုင်ပါဘူး။


၂။ ဆေးထိုးပြီး ၂ ပတ် အကြာမှာမှ
ခန္ဓာကိုယ်ကနေ တုပ်ကွေးဝင်ရင်
ကာကွယ်ဖို့ antibodies တပ်သားတွေ
ထုတ်ပါတယ်။
ဒါကြောင့် ဆေးထိုးပြီး
၂ ပတ်လောက်အထိ
အပြည့်အဝ မကာကွယ်ပေးနိုင်ပါဘူး။

၃။ အခု ၂၀၂၀ အတွက်
ကာကွယ်ဆေးကတော့
ဒီနှစ်မှာ အဖြစ်များတဲ့
Influenza A and B virus
စုစုပေါင်း 4 ကောင်ဝင်ခြင်းကနေ
ကာကွယ်ပေးပါတယ်။
ဘူးပေါ်မှာ “2020” “Tetra” “Quadrivalent”
စတာတွေရေးထားပါမယ်။

၄။ တုပ်ကွေးကာကွယ်ဆေးဟာ
အဖြစ်အများဆုံး
influenza viruses အတွက်ပဲ
လုပ်ထားတာဖြစ်လို့ မျိုးမတူတဲ့
အခြား virus တွေ Coronavirus တွေ
ရန်မှ မကာကွယ်ပေးနိုင်ပါဘူး။
ဒါကြောင့် ဆေးထိုးပြီးလဲ
အခြား virus တွေကြောင့်
ဖျားနာနိုင်ပါတယ်။

၅။ လူတိုင်းထိုးနိုင်ရင်တော့
အကောင်းဆုံးပါ။
ပိုပြီးထိုးသင့်တဲ့သူတွေကတော့
အသက် ၆၅ ကျော်လူကြီးတွေ,
ကလေးငယ်တွေ,
အဆုတ်ရောဂါရှိသူ, နာတာရှည်ရောဂါရှိသူ, နဲ့
ကျန်းမာရေးဝန်ထမ်းတွေ,
လူနာတွေနဲ့ထိတွေ့ဆက်ဆံတဲ့သူတွေ ဖြစ်ပါတယ်။

၆။ ကြက်ဥနဲ့ ဓာတ်မတည့်တဲ့သူတွေလဲ
ထိုးလို့ရပါတယ်။
ကာကွယ်ဆေးမှာပါတဲ့
ကြက်ဥ ပရိုတင်းဓာတ်က
တော်တော်နည်းလို့ပါ။
ဒါပေမယ့် ဆရာဝန်ကို
ကြက်ဥနဲ့ ဓာတ်မတည့်ကြောင်း
ပြောပြရပါမယ်။
ဘယ်လောက် အတိုင်းအတာအထိမတည့်ဘူး
ဆိုတဲ့ ရာဇဝင်ပေါ်မူတည်ပြီး
ထိုးသင့် မထိုးသင့်ကို
သက်ဆိုင်ရာဆရာဝန်က
ဆုံးဖြတ်ပါလိမ့်မယ်။

၇။ အရင်က တုပ်ကွေးကာကွယ်ဆေးနဲ့
ဓာတ်မတည့်တဲ့သူတွေတော့ မထိုးသင့်ပါ။

၈။ အရေးကြီးတာက ဆရာဝန်ကို
မိမိမှာရှိနေတဲ့ရောဂါရာဇဝင်ကို
တိတိကျကျပြောပေးပါ။
ကိုယ်ခံအားနည်းနေသူ,
ကိုယ်ခံအားနည်းစေမယ့်ဆေးတွေ
သောက်နေတဲ့သူဆို ထိုးသင့် မထိုးသင့်
ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။

၉။ ကလေး အသက် ၆ လကျော်ရင်
စထိုးလို့ရပါပြီ။
ထိုးရမယ့် ပမာဏကတော့ နည်းပါတယ်။
တဝက်ပဲထိုးရပါမယ်။
၃ နှစ်ကျော်ရင်တော့
လူကြီးတွေထိုးတဲ့ ပမာဏ (0.5 ml)
အတိုင်းထိုးလို့ရပါပြီ။

၁၀။ ၆ လအောက် ကလေးတွေကတော့ မထိုးရပါ။
ဒါကြောင့် ကလေးရှိတဲ့သူတွေကတော့
ကလေးအမေ သို့မဟုတ်
ကလေးကို ထိန်းပေးတဲ့သူတွေ
ထိုးသင့်ပါတယ်။
၆ လအောက် ကလေးတွေဆို
တုပ်ကွေးဝင်ရင်
ရောဂါပြင်းထန်တတ်ပါတယ်။

၁၁။ ကာကွယ်ဆေးကို သယ်ယူရာမှာ
Cold Chain စနစ်က အရေးကြီးပါတယ်။
Cold Chain က
ကာကွယ်ဆေးထည့်ထားတဲ့
အအေးခန်းပါ။
သယ်လာတဲ့ လမ်းတစ်လျှောက်က
မအေးရင်, အခန်းတွင်း အပူချိန်ပဲ ဖြစ်နေရင်
ဆေးအာနိသင်ပျက်ပြီး
အချည်းနှီးသာဖြစ်ပါတယ်။

ဗဟုသုတရတယ်ဆို like and share လုပ်ပေးပါနော်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ☺️

With regards,
Crd Dr. Phyu Phyu Nyein Chan 👩🏻‍⚕️
#ပြည့်စုံဆေးခန်း
#စက်မှု၁

 #သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်ကြမယ်။မိုးရာသီလည်း နီးလာပြီဆိုတော့ မိုးရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေး ရောဂါနဲ...
22/06/2020

#သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်ကြမယ်။

မိုးရာသီလည်း နီးလာပြီဆိုတော့ မိုးရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေး ရောဂါနဲ့ ပတ်သတ်ပြီး ဂရုပြုရမယ့် အချိန်ရောက်လာပါပြီ။ လူကြီးတွေမှာလည်း ဖြစ်နိုင်သလို အဓိကအားဖြင့် ကလေးငယ်လေးတွေမှာ ဖြစ်တတ်ပြီး ကလေးလေးတွေရဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အထိဖြစ်စေနိုင်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းသည် ဆိုတဲ့စကားအတိုင်း ဖြစ်လာရင် အသက်အန္တရာယ်အထိ ရန်ရှာနိုင်တဲ့ ဒီသွေးလွန်တုပ်ကွေးရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။

ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နှိမ်နင်း ကြမလဲ။

သွေးလွန်တုပ်ကွေးရောဂါဆိုတာ ရောဂါပိုးရှိတဲ့ ခြင်( အထူးသဖြင့် Aedes aegypti အမျိုးအစား) မှ တစ်ဆင့် လူကို အကိုက်ခံရပြီး ကူးစက်တာဖြစ်ပါတယ်။

ကာကွယ်ဖို့နည်းလမ်းတွေကို အပိုင်း ၂ပိုင်းခွဲပြီး မျှဝေပေးချင်ပါတယ်။

(၁) ခြင်တွေ ပေါက်နိုင်မယ့်နေရာတွေ နဲ့ ခြင်ဖြစ်လာမယ့် ပိုးလောက်လန်းတွေကို သုတ်သင်ရှင်းလင်းခြင်း။

ခြင်တွေဟာ မှောင်ပြီး စိုစွတ်တဲ့နေရာတွေ၊ ညစ်ပတ်တဲ့ နေရာတွေမှာ ပေါက်ဖွားကြတဲ့အတွက် ခြင်ပေါက်နိုင်မယ့်နေရာတွေ ဖြစ်တဲ့ အမှိုက်သရိုက်တွေ၊ ရေသိုလှောင်ထားတဲ့ ပစ္စည်းတွေ၊ ရေဝပ်နေနိုင်တဲ့ နေရာတွေ၊ ရေကန် နဲ့ ရေစီးရေလာ မကောင်းတဲ့ မြောင်းတွေ ကို မကြာခဏ ရှင်းလင်းပစ်ဖို့ လိုအပ်ပါတယ်။ ရေသိုလှောင်ရာ နေရာတွေကို သေသေချာချာ ဖုံးကာထားပြီး ခြင်တွေဥ မဥအောင်လည်း ကာကွယ်နိုင်ပါတယ်။

ပိုးလောက်လန်း ဖြစ်ပြီးသားနေရာတွေကို ဆေးခတ်တာတွေ၊ ပိုးလောက်လန်းတွေ စစ်ထုတ်တာတွေကို မိမိအိမ်အတွက် ကိုယ်တိုင်လုပ်ဆောင်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးအတွက်လည်း ကျန်းမာရေးဦးစီးဌာန နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

(၂) ခြင်အကိုက်မခံရအောင် ဂရုစိုက်နေထိုင်ခြင်း။

ခြင်ကိုက်မခံရစေဖို့ အတွက်

၁။ ခြင်တွေကို ရှင်းလင်းခြင်း။

အိမ်ရဲ့ ပြင်ပမှာရှိတဲ့ ခြင်တွေကို ခြင်ဆေးဖြန်းပြီး ရှင်းလင်းပါ။ အိမ်ပြင်ပမှာရှိနေတဲ့ မှောင်ပြီး စိုစွတ်တဲ့ နေရာတွေ၊ ချုံပုတ်၊ အမှိုက်ပုံ၊ မြောင်း စတဲ့နေရာတွေကို ရှင်းလင်းပေးရမှာပါ။

ခြင်တွေ အိမ်ထဲဝင်မလာအောင် ခြင်လုံဇကာတပ်တာမျိုးတွေ လုပ်နိုင်ပါတယ်။ မိမိအိမ်နဲ့ အခန်းတွေကို လင်းနေအောင် လေဝင်လေထွက်ကောင်းအောင် လုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။

အိမ်ထဲမှာရှိနေတဲ့ ခြင်တွေကို ရှင်းလင်းပါ။ ခြင်တွေက မှောင်ပြီး စိုစွတ်တဲ့ နေရာတွေကို ကြိုက်တဲ့အတွက် ပရိဘောဂ ပစ္စည်းတွေရဲ့အောက်၊ အဝတ်ဘီဒို အတွင်းပိုင်း၊ ဘေစင်ပတ်ဝန်းကျင်၊ အမှိုက်ပုံး စတဲ့ ခြင်တွေ အောင်းနေနိုင်မယ့်နေရာတွေကို မကြာခဏ ရှင်းလင်းပေးတာမျိုး၊ ပိုးသတ်ဆေးဖြန်းတာမျိုး လုပ်နိုင်ပါတယ်။

၂။ မိမိကိုယ်ကိုနဲ့ ကလေးငယ်လေးတွေကို ကာကွယ်ခြင်း။

ခြင်တွေကို ရှင်းလင်းနေရုံနဲ့ မပြီးပါဘူး မိမိကိုယ်ကို နဲ့ အထူးသဖြင့် မိမိရဲ့ ကလေးငယ်ကို ခြင်ကိုက်မခံရအောင် အကာကွယ်ယူဖို့ကလည်း လိုအပ်ပါတယ်။

ကလေးငယ်လေးကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးပါ။

အိပ်တဲ့အခါ ခြင်ထောင်နဲ့ သိပ်ပါ။

ခြင်မကိုက်ဆေး အသုံးပြုပါ။ ကလေးတွေ ခြင်မကိုက်ဆေးတွေကို အသုံးပြုတဲ့ အခါမှာ ကလေးငယ်တွေအတွက် သုံးလို့ရ၊ မရ နဲ့ အသုံးပြုပုံကိုသေချာသိနိုင်ဖို့အတွက် ဆေးမှာပါတဲ့ အညွှန်းကို သေသေချာချာဖတ်ပါ။ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ စိတ်ချရတဲ့ ဆေးတွေကိုသာ အသုံးပြုပေးဖို့လည်း အကြံပေးချင်ပါတယ်။

အပူပိုင်းဒေသဖြစ်တဲ့ အမိမြန်မာနိုင်ငံကြီးမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်ဖို့ အားလုံးပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ရေးသားသူ- Khine Phoo Ngon
Crd Hello Sayarwon

Address

ပြည့်စုံ ဆေးခန်း
Mandalay

Telephone

+959952008856

Website

Alerts

Be the first to know and let us send you an email when ပြည့်စုံ ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပြည့်စုံ ဆေးခန်း:

Share