အမျိုးသမီးများ အခြေခံကျန်းမာရေး

  • Home
  • Myanmar
  • Mandalay
  • အမျိုးသမီးများ အခြေခံကျန်းမာရေး

အမျိုးသမီးများ အခြေခံကျန်းမာရေး Myanmar Traditional Medicine, မြန်မာ့တိုင်းရင်းဆေး
"ပျော်ရွှင်ကျန်းမာ အနော်မာ"🌿

ကျောက်ဖရုံသီး (Ash Gourd) ဟာ သွေးဆုံးကိုင်ဝေဒနာခံစားနေရတဲ့ အမျိုးသမီးတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်လို့ ဆိုနိုင်ပါတယ်...
08/09/2026

ကျောက်ဖရုံသီး (Ash Gourd) ဟာ
သွေးဆုံးကိုင်ဝေဒနာခံစားနေရတဲ့ အမျိုးသမီးတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်လို့ ဆိုနိုင်ပါတယ်။ အဓိကအားဖြင့်
သူ့ရဲ့ အအေးဓာတ် (Cooling property) နှင့် အာဟာရဓာတ်တွေကြောင့် စားသုံးရန် အကြံပြုကြပါတယ် -

ဘာလို့စားသင့်လဲ???

​🎯ပူစပ်ပူလောင်ဖြစ်ခြင်း (Hot Flashes)နဲ့ ညဘက် ချွေးထွက်လွန်ခြင်းတို့အတွက် ကျောက်ဖရုံသီးဟာ ခန္ဓာကိုယ်တွင်း အပူဓာတ်ကို ငြိမ်းအေးစေတဲ့ သတ္တိ (Yin nourishing) ရှိလို့ ဒီဝေဒနာတွေကို သိသိသာသာ သက်သာစေပါတယ်။

🎯 ကျောက်ဖရုံသီးဟာ အာရုံကြောစနစ်ကို အေးချမ်းစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ စိတ်အတက်အကျမြန်ခြင်း နဲ့ အိပ်မပျော်တဲ့ ပြဿနာတွေအတွက် များစွာ အထောက်အကူပြုပါတယ်။

🎯သွေးဆုံးကာလမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်စုပုံပြီး ဖောရောင်တာမျိုး ဖြစ်တတ်ပါတယ်။ သူက သဘာဝဆီးရွှင်စေတဲ့ အာနိသင်ရှိတဲ့အတွက် ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဒါ့အပြင် 🎯 အမျှင်ဓာတ် (Fiber) နဲ့ ရေဓာတ် မြင့်မားစွာ ပါဝင်တဲ့အတွက် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

🎯 Vitamin C, B Complex, zinc, Iron, ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ် ဓာတ်တွေ အသင့်အတင့် ပါဝင်တဲ့အပြင် ရေဓာတ်ပြည့်ဝစေလို့ ခန္ဓာကိုယ် ကျန်းမာရေးကို အဘက်ဘက်ကနေ အထောက်အပံ့ပေးပါတယ်။

​❌သတိပြုစရာလေးရှ်ိပါတယ်

ကျောက်ဖရုံသီးဟာ အအေးဓာတ်ကဲတဲ့ အစားအစာဖြစ်လို့ အအေးမိလွယ်သူတွေ၊ ချောင်းဆိုးနေသူတွေ ဒါမှမဟုတ် သွေးပေါင်အရမ်းကျတတ်သူတွေ အနေနဲ့တော့ အလွန်အကျွံ မစားသင့်ပါဘူး။

👉ဘယ်လိုစားရမလဲ??
🥣 ဟင်းရည်၊ ဟင်းခါး၊ သားပြွန်းဟင်းချိုချက် သောက်ပြီး မကြာခဏ စားသုံးနိုင်ပါတယ်။
🥤ကျောက်ဖရုံသီး Juice အနေနဲ့လဲ ရံခါထည့်သောက်နိုင်ပါတယ်။
🥖ကျောက်ဖရုံယိုကိုတော့ အချိုတည်းရုံလောက် အနည်းငယ်သာ စားသုံးသင့်ပါတယ်။

#သွေးဆုံးကိုင်ခြင်း #ကျောက်ဖရုံသီး #တိုင်းရင်းဆေးနှင့်အခြေခံကျန်းမာရေး #အနော်မာသွေးဆုံးမီးယပ်သောက်ဆေး #အနော်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #အမျိုးသမီးကျန်းမာရေး

ကျမအဒေါ်အလုံးကျတော့သွေးအားနည်းရောဂါပါရတာရာသီလာရင် အများကြီးဆင်းတယ်အရင်က ကောင်းတယ်ပေါ့ များများဆင်းတော့ဒါပေမယ့် လူကဖြူဖျေ...
07/09/2026

ကျမအဒေါ်အလုံးကျတော့
သွေးအားနည်းရောဂါပါရတာ

ရာသီလာရင် အများကြီးဆင်းတယ်
အရင်က ကောင်းတယ်ပေါ့ များများဆင်းတော့
ဒါပေမယ့်
လူကဖြူဖျော့သွားတယ်
တစ်လ တစ်လ သွေးဆင်း ပိုပိုများလာတယ်
စားနိုင် အိပ်နိုင်ပေမယ့်
သွေးအားနည်းတယ်၊ တခုခုဆို ဒဏ်မခံနိုင်ဘူး
ဗိုက်တော့ ဆူပေမယ့် အလုံးကို
အတိအကျစမ်းမရဘူး
သားအိမ်နေရာမှာ တင်းတင်းကြီးတော့နေတယ်
ကျမ မေမေ အလုံးတွေ့ပြီး ဖြတ်ထုတ်ပြီးတာနဲ့
အဒေါ်အလှည့်ပဲ
အဒေါ်က အပျိုကြီးဆိုတော့ သူကလဲ High Risk ထဲပါနေတာ
သူ့ကို စမ်းကြည့်တော့
ဗိုက်က ပုံမှန်မဟုတ်နေတော့
Ultrasound သွားရိုက်ကြစို့ဆိုပြီး ရိုက်
သေချာတယ်
သားအိမ်ထဲမှာ အလုံးအစုအခဲတွေ များနေတယ်တဲ့
ခွဲမှရမယ်တဲ့ သွေးအားနည်းတော့
သွေး ၂ပုလင်းသွင်း အရန်သင့်သွေးထားပြီးမှ
ခွဲလို့ရတယ်
ထွက်လာတဲ့ အလုံးကို လူနာရှင်ကို ပြသေးတယ်
အလုံးမဟုတ်ဘဲ အကျိအမျှင်အသားစတွေ အများကြီးပဲ အသားလုံးသီးသန့်ဟုတ်မနေဘူး
အဒေါ်က အသက်လဲကြီးတာရယ်
ယောကျားယူဖို့ အစီအစဥ်မရှိတော့တာရယ်ကြောင့်
တခါတည်း သားအိမ်ပါ ထုတ်ပေးလိုက်တယ်
အဒေါ်လဲ အဲ့ကတည်းက
ကျန်းမာသွားလိုက်တာ ဒေါင်ဒေါင်မြည်လို့
ခုတော့ သွေးပါ တိုးချင်နေပြီ 😅

#သားအိမ်အလုံး #အနော်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #တိုင်းရင်းဆေးနှင့်အခြေခံကျန်းမာရေး

📣📣📣September Deli Free Promotion📣📣တစ်ဘူးဝယ်တာနဲ့ Deli free အစီအစဥ် ကုန်သွားပြီရှင် 🎯 ၂ဘူးဝယ်တာနဲ့ Deli free လေးတော့ ဆက်လ...
06/09/2026

📣📣📣September Deli Free Promotion📣📣
တစ်ဘူးဝယ်တာနဲ့ Deli free အစီအစဥ်
ကုန်သွားပြီရှင်
🎯 ၂ဘူးဝယ်တာနဲ့ Deli free လေးတော့ ဆက်လုပ်ပေးထားပါမယ်ရှင့်
👉 September တစ်လလုံးကို Promotion လုပ်ပေးတာပါရှင်
လိုအပ်သူများအတွက် Share ပေးပါဦးရှင့်🥰

ဘဲဥကို သွေးဆုံးမီးယပ် ခံစားနေရတဲ့ အမျိုးသမီးတွေအတွက် အထူးသင့်လျော်တဲ့ ဓာတ်စာအနေနဲ့ စားသုံးကြပါတယ်။ဘာကြောင့် စားသင့်သလဲ??...
06/09/2026

ဘဲဥကို သွေးဆုံးမီးယပ် ခံစားနေရတဲ့
အမျိုးသမီးတွေအတွက် အထူးသင့်လျော်တဲ့ ဓာတ်စာအနေနဲ့ စားသုံးကြပါတယ်။
ဘာကြောင့် စားသင့်သလဲ???
ဘယ်လောက်စားသင့်လဲ???

​၁။ သွေးဆုံးချိန်မှာ ခန္ဓာကိုယ်တွင်း အီစထရိုဂျင် (Estrogen) ဟော်မုန်း ကျဆင်းသွားတဲ့အတွက် အရိုးပွရောဂါဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။
ဘဲဥမှာ ကြက်ဥထက် ဗီတာမင် D၊ ကယ်လ်စီယမ်နဲ့ ဖော့စဖရပ် (Phosphorus) ဓာတ်ပါဝင်မှု ပိုများတဲ့အတွက် အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးရာမှာ အထူးကောင်းမွန်ပါတယ်။

​၂။ ဒီကာလမှာ မကြာခဏ မေ့လျော့ခြင်း (Brain fog)၊ စိတ်ဖိစီးခြင်းနဲ့ စိတ်ခံစားမှု အတက်အကျမြန်ခြင်းတွေ ဖြစ်တတ်ပါတယ်။
ဘဲဥအနှစ်မှာ Choline ဓာတ်၊ ဗီတာမင် B12 နဲ့ Omega-3 အဆီအနှစ်တွေ ကြွယ်ဝစွာ ပါဝင်လို့ အာရုံကြောစနစ်ကို ကာကွယ်ပေးပြီး
မှတ်ဉာဏ်ပိုင်းကိုပါ အားကောင်းစေပါတယ်။

​၃။ အသက်အရွယ်ရလာတာနဲ့အမျှ ကြွက်သားထု ကျလာချိန်- ဘဲဥမှာ ပရိုတင်းဓာတ် ပါဝင်မှုများပြားလို့ ကြွက်သားတွေကို ပြန်လည်တည်ဆောက်ပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခွန်အားကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။
သွေးအားနည်းခြင်းကိုလည်း သက်သာစေပါတယ်။

​၄။ အပူငြိမ်းစေသော သဘာဝ

​အရှေ့တိုင်းဆေးပညာ အမြင်အရ
ဘဲဥဟာ အားကိုဖြစ်စေပြီး ခန္ဓာကိုယ်ကို အေးမြစေတဲ့ (Yin-nourishing) သဘာဝရှိပါတယ်။
ဒါကြောင့် သွေးဆုံးကိုင်ချိန်မှာ အဖြစ်များတဲ့ ရုတ်တရက် ပူနွေးလာခြင်း (Hot flashes)၊
ညဘက်ချွေးထွက်လွန်ခြင်းနဲ့
ခန္ဓာကိုယ်တွင်း အပူတက်ခြင်း စတဲ့ လက္ခဏာတွေကို သက်သာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။

​❌⛔ သတိပြုစရာလေးတော့ ရှိပါတယ်

​👉 ဘဲဥမှာ ကိုလက်စထရော ပါဝင်မှု ပိုများပါတယ်။ သွေးဆုံးပြီးနောက်ပိုင်း အမျိုးသမီးတွေမှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေ အနည်းငယ် ပိုများတတ်တာကြောင့်
👉သွေးတွင်းအဆီများသူတွေအနေနဲ့
နေ့စဉ်စားသုံးတာမျိုးထက် တစ်ပတ်ကို ၂ - ၃လုံးခန့်သာ အနေတော် ချင့်ချိန်စားသုံးသင့်ပါတယ်။
အနှစ်မစားဘဲ အကာကိုပဲ ဦးစားပေးစားသင့်ပါတယ်။

သွေးတွင်းအဆီ ပုံမှန်ဆိုရင်တောင်
နေ့စဉ်ဆက်တိုက် စားတာမျိုးထက်
ရက်ခြားစားပေးတာက ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။
ဒါ့အပြင်
​အာဟာရဓာတ်ကို အပြည့်အဝရရှိပြီး
အဆီမများစေဖို့အတွက်
ဆီနဲ့ကြော်စားတာထက် ပြုတ်စားတာ (သို့မဟုတ်) ပေါင်းစားတာမျိုးကို ပိုပြီး ရွေးချယ်သင့်ပါတယ်။

#တိုင်းရင်းဆေးနှင့်အခြေခံကျန်းမာရေး
#သွေးဆုံးကိုင်ခြင်း
#ဓာတ်စာ
#အနော်မာသွေးဆုံးမီးယပ်သောက်ဆေး
#အနော်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

ကျမမေမေ အသက် ၄၇ နှစ်လောက်တုန်းကစားပြီးရင် ဗိုက်ထဲတင်းတင်းနေတယ်အင့်အင့်ကြီး နေလို့သိပ်မကောင်းဘူးပေါ့ဆီးကလဲ ခဏခဏ သွားချင်န...
03/09/2026

ကျမမေမေ အသက် ၄၇ နှစ်လောက်တုန်းက
စားပြီးရင် ဗိုက်ထဲတင်းတင်းနေတယ်
အင့်အင့်ကြီး နေလို့သိပ်မကောင်းဘူးပေါ့
ဆီးကလဲ ခဏခဏ သွားချင်နေတယ်၊
ပိန်ပေမယ့် မေမေက ဗိုက်တော့ ပူတယ်ပေါ့..
ကျန်တာ အားလုံးက ပုံမှန် စားနိုင် အိပ်နိုင်ပဲ
အရမ်းမဆိုးပါဘူး သာမာန်ပဲနေမှာဆိုပြီးနေတာ

တစ်ရက်ကျတော့ မေမေက
သမီး မေမေ့ဗိုက်စမ်းကြည့်ဦး ပြောတာနဲ့ စမ်းကြည့်တာ 😕
လား. လား.. အလုံးကြီးတွေ့တာ
သားအိမ်အလုံး လက်နဲ့စမ်းတာ သိသာနေရောပဲ
အဲဲ့ဒါနဲ့ မကြာခင်
OG ပြ၊ USG ရိုက်၊ သားအိမ်အလုံးပဲ
ခွဲစိတ်၊ အသားစစစ်၊ No cancer
တော်သေးတာပေါ့ 😌
ဆရာဝန်က စမ်းပြီး ကိုယ်ဝန်ရှိတယ် မှတ်နေတာတဲ့ 😂 ဒါကြီးကို ကိုယ့်ဘာသာ မစမ်းမိဘူးလား မေးတယ်တဲ့

ဒါတောင် မေမေက ၄ခါ ကိုယ်ဝန်ဆောင် ၂ယောက်အဖတ်တင်နော်
အပျိုကြီး မဟုတ်လဲ ဖြစ်တယ်ဆိုတာ ပြောပြတာ😐
ဒါက မေမေ့ အလုံး😁
အဒေါ်အလုံး၊ အစ်မအလုံး လဲရှိသေးတယ်
ထပ်ပြောပြမယ် 😅

#သားအိမ်အလုံး
#အနော်မာသွေးဆုံးမီးယပ်သောက်ဆေး #အနော်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #သွေးဆုံးကိုင်ခြင်း

တိုင်းရင်းဆေးပညာမှာ ရှဉ့်မတက်ဥဟာ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ကြုံတွေ့ရတဲ့ ဝေဒနာတွေကို သက်သာစေဖို့အတွက် အဓိကအားထားရတဲ့...
02/09/2026

တိုင်းရင်းဆေးပညာမှာ
ရှဉ့်မတက်ဥဟာ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ကြုံတွေ့ရတဲ့ ဝေဒနာတွေကို သက်သာစေဖို့အတွက် အဓိကအားထားရတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။

​Menopause အတွက် အဓိက အကျိုးပြုပုံတွေကတော့--

​ဟော်မုန်း ညှိပေးခြင်း: သွေးဆုံးချိန်မှာ အီစထရိုဂျင် (Estrogen) ကျဆင်းသွားတဲ့အတွက်
ရှဉ့်မတက်ဥမှာပါဝင်တဲ့ Phytoestrogens တွေက သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းပေးပြီး ရုတ်တရက် ပူခြင်း (Hot flashes) နဲ့ ညဘက်ချွေးထွက်ခြင်းတွေကို သိသိသာသာ သက်သာစေပါတယ်။

​စိတ်ကြည်လင်စေခြင်းနှင့် အိပ်စက်မှု မှန်ကန်စေခြင်း: သွေးဆုံးကိုင်ချိန်မှာ စိတ်အတက်အကျမြန်တာ၊ အိပ်မပျော်တာတွေကို အထောက်အကူပြုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကြာသီးဆံ၊ ဇီးစေ့ဆံ စတဲ့ စိတ်ကို တည်ငြိမ်အေးချမ်းစေတဲ့ ဆေးဖက်ဝင်တွေနဲ့ တွဲဖက်ပြီး ပျားရည်လို သဘာဝ အကူပစ္စည်းနဲ့ အချိုးကျ ပေါင်းစပ်လိုက်တယ်ဆိုရင် အာနိသင် ပိုမိုကောင်းမွန်လာပါတယ်။

​အစိုဓာတ် ထိန်းပေးခြင်း:
သွေးဆုံးချိန်မှာ ကြုံတွေ့ရလေ့ရှိတဲ့ ခန္ဓာကိုယ်တွင်း ခြောက်ခြင်း (အထူးသဖြင့် မိန်းမကိုယ် ခြောက်သွေ့ခြင်း) တွေကို ရှဉ့်မတက်ဥရဲ့ စိုစွတ်စေတဲ့ သတ္တိ (Unctuous property) က ပြန်လည်ကောင်းမွန်စေပါတယ်။

#တိုင်းရင်းဆေးနှင့်အခြေခံကျန်းမာရေး #သွေးဆုံးကိုင်ခြင်း #စိတ်ဖိစီးခြင်း #သွေးဆုံးမီးယပ် #အနော်မာသွေးဆုံးမီးယပ်သောက်ဆေး #အနော်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့တင် တန်နေပြီးပါပြီတော် 🤫 Deli free ပေးနေတာ မှီသေးတယ်နော် 🚛 #အနော်မာသွေးဆုံးမီးယပ်သောက်ဆေး  #အနေ...
01/09/2026

ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့တင် တန်နေပြီးပါပြီတော် 🤫
Deli free ပေးနေတာ မှီသေးတယ်နော် 🚛

#အနော်မာသွေးဆုံးမီးယပ်သောက်ဆေး #အနော်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #သွေးဆုံးကိုင်ခြင်း #မုံရွာ

🌿 သွေးဆုံးကာလရောက်လာတဲ့အခါ… ကျမတို့ကခန္ဓာက ပြောင်းလဲလာတာ သဘာဝပါ....အမျိုးသမီးတွေအနေနဲ့—🔥 ရုတ်တရက် ပူလာတာ💦 ချွေးပိုထွက်လာ...
01/09/2026

🌿 သွေးဆုံးကာလရောက်လာတဲ့အခါ… ကျမတို့ကခန္ဓာက ပြောင်းလဲလာတာ သဘာဝပါ....

အမျိုးသမီးတွေအနေနဲ့—
🔥 ရုတ်တရက် ပူလာတာ
💦 ချွေးပိုထွက်လာတာ
🌙 ညဘက် အိပ်မပျော်တာ
😴 မောပန်းလွယ်တာ
😔 စိတ်အလိုမကျတာနဲ့ စိတ်အားငယ်လွယ်တာ
🌸 မီးယပ်စက်ဝန်း မမှန်လာတာ
💧 မိန်းမကိုယ်ခြောက်သွေ့မှု ခံစားရတာ
စတဲ့ အပြောင်းအလဲတွေ ကြုံလာနိုင်ပါတယ်။

ဒါတွေဟာ “အသက်ကြီးလာလို့ပဲ” ဆိုပြီး
လျစ်လျူရှုထားရမယ့်အရာတွေ မဟုတ်ပါဘူး။

သွေးဆုံးကာလမှာ ကိုယ့်ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို နားလည်ပြီး

အစားအသောက်၊ အိပ်စက်မှု၊ နေ့စဉ်နေထိုင်မှုပုံစံနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ဂရုစိုက်ပေးဖို့
အရေးကြီးပါတယ်။ 💚

🌿 ကျမတို့အမျိုးသမီးများရဲ့ သွေးဆုံးကာလအတွင်း
နေ့စဉ်ဘဝမှာ ပိုမိုအဆင်ပြေစေရန် နဲ့
အကောင်းဆုံးကျော်ဖြတ်သွားနိုင်ဖို့အတွက် လိုအပ်နေတဲ့ အားဆေးလေးက
"အနော်မာ သွေးဆုံးမီးယပ်သောက်ဆေး"

ဆေးလုံး ၂၆၀ ဝန်းကျင် ပါဝင်ပြီး
ဆေးတစ်ဘူးကို ၁၈၀၀၀ ကျပ်ပါရှင်

ပထမဆုံး လာဝယ်တဲ့ အယောက် ၅၀ ကိုပဲ
Deli free နဲ့ ပို့ပေးမှာဖြစ်လို့
အမြန်မှာမှ စိတ်ချရပါမယ်
တစ်ခုတော့ ပြန်လုပ်ပေးရပါမယ်ရှင့်
လွယ်လွယ်လေးနော်
Feedback တစ်ခုခု ပြန်ပေးရုံပါပဲရှင်
မေ့နေရင် မင်မင်ကိုယ်တိုင် လာမေးပါ့မယ်ရှင့်

ကိုယ့်ဘဝရဲ့ အခန်းသစ်တစ်ခုကို
စိတ်အေးချမ်းစွာနဲ့ ဖြတ်သန်းနိုင်ဖို့…
အနော်မာက အတူရှိနေပေးပါမယ်ရှင်🌸

🌿ပျော်ရွှင်ကျန်းမာ အနော်မာ 🌿

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှာ မေးမြန်းနိုင်ပါတယ်။

#သွေးဆုံးမီးယပ်
#အမျိုးသမီးကျန်းမာရေး

#အနော်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#အနော်မာသွေးဆုံးမီးယပ်သောက်ဆေး

Thyroid ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ယခုခေတ်မှာ Autoimmune ပြဿနာတွေနဲ့ thyroid ပြဿနာဟာ ပိုပြီးများလာနေပါတယ်။...
01/09/2026

Thyroid ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ယခုခေတ်မှာ Autoimmune ပြဿနာတွေနဲ့ thyroid ပြဿနာဟာ ပိုပြီးများလာနေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် thyroid hormone ထုတ်တာ များနေနိုင်သလို/နည်းနေတာလဲ ဖြစ်နိုင်ပါတယ်။

thyroid hormone ပြဿနာတက်ရင် တစ်ကိုယ်လုံးမှာ ပြဿနာမျိုးစုံတက်တတ်ပါတယ်။

🫪 Thyroid hormone များနေရင် ဖြစ်တတ်သော လက္ခဏာများ-
-အစာကောင်းကောင်းစားနေပေမဲ့ ကိုယ်အလေးချိန် လျော့ကျလာမယ်
-နှလုံးခုန် မြန်နေမယ်/ နှလုံးခုန် မမှန် ဖြစ်တတ်တယ်
-စိတ်လှုပ်ရှား/ စိတ်ပူ/ စိတ်ဆတ်
-အိပ်မပျော်
-နွမ်းလျ
-တုန်တုန်ရီရီဖြစ်
-ကြွက်သားတွေ အားယုတ်
-ချွေးတွေထွက် / အပူမခံနိုင်
-ဆံပင်ကျွတ်/ ဆံပင်ပါး
-ဝမ်းသွားကြိမ်များ
-လည်ပင်းအကြိတ် ကြီးချင်ကြီးနေတတ်ပါတယ်
-စိတ်ဓာတ်ကျဆင်း
-သတိတွေမေ့ ဖြစ်သည်အထိ

😴 Thyroid hormone နည်းနေပြန်ရင် ဖြစ်တတ်သော လက္ခဏာများ-
-နွမ်းလျနေ
-ကိုယ်အလေးချိန်တက်
-အအေးဒဏ် မခံနိုင်
-ဝမ်းချုပ်
-မျက်နှာ ပွနေတတ်ပါတယ်
-ခြေထောက်လဲ ရောင်နေတတ်ပါတယ်
-အဆစ်တွေ/ အသားတွေ နာကျင်နေ
-အသားခြောက်
-ဆံပင်ကြမ်း / ပါးလာ
-နှလုံးခုန်နှုံး နှေးလာ
-စိတ်ဓာတ်ကျဆင်း/ သတိမေ့ / အာရုံ မစူးစိုက်နိုင်
-ရာသီမမှန်

“ဒီ thyroid နည်းနေတဲ့ လက္ခဏာတွေကို ကြည့်မယ်ဆိုရင် သွေးဆုံးချိန်မှာ ဖြစ်တတ်သည့် ခံစားချက်တွေနဲ့ တူနေတာကို တွေ့ရပါလိမ့်မယ်”

“အဖြစ်မှန်ကို သိနိုင်မှ အဖြေမှန် ထွက်လာနိုင်မှာ ဖြစ်ပါတယ်”
အဖြေမှန်ထွက်လာမှ ဝေဒနာခံစားချက်များ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။

#အမျိုးသမီးကျန်းမာရေး #သိုင်းရွိုက်ဟော်မုန်း #သွေးဆုံးကိုင်ခြင်း #အနော်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #အနော်မာသွေးဆုံးမီးယပ်သောက်ဆေး

30/08/2026

အစာမကြေ လေပွ ပျို့ခြင်းနှင့် ဂျင်း🫚
#အမျိုးသမီးကျန်းမာရေး #အနော်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #အနော်မာသွေးဆုံးမီးယပ်သောက်ဆေး #သွေးဆုံးကိုင်ခြင်း

Address

Chan Mya Tharsi Q, Nayzar Street
Mandalay
023001

Telephone

+959454686587

Website

Alerts

Be the first to know and let us send you an email when အမျိုးသမီးများ အခြေခံကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အမျိုးသမီးများ အခြေခံကျန်းမာရေး:

Shortcuts

Share