MYAT MAHAR တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

  • Home
  • Myanmar
  • Mandalay
  • MYAT MAHAR တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

MYAT MAHAR တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MYAT MAHAR တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး, Medical and health, 55 Street, Mandalay.

ဆေးမင်းတံဆိပ်အသင့်ကပ်တိုင်းရင်းဆေးကပ်ခွာကိုဘယ်လိုအသုံးပြုရမှာလဲ❓🧑‍⚕️ဆေးထုပ်ကိုရေနွေးနွေးဖြင့်စွတ်‌ပေးပီးနာကျင်ကိုက်ခဲ‌‌ ...
06/06/2022

ဆေးမင်းတံဆိပ်အသင့်ကပ်တိုင်းရင်းဆေးကပ်ခွာကိုဘယ်လိုအသုံးပြုရမှာလဲ❓

🧑‍⚕️ဆေးထုပ်ကိုရေနွေးနွေးဖြင့်စွတ်‌ပေးပီးနာကျင်ကိုက်ခဲ‌‌ သောနေရာကိုကပ်ထားပေးပါ👌

🧑‍⚕️တခါကပ်လျှင်⌚ ၃-နာရီမှ၅နာရီထိအသုံးပြုနိုင်ပါ တယ်

🧑‍⚕️ဆေးကပ်ခွာအသုံးပြုပီးနေရာကိုနှမ်းဆီသို့မုန်ညင်းဆီ တမျိုးမျိုးလိမ်းပေးပါကပလာစတာလောင်ခြင်း
💢burn💢ဖြစ်ခြင်းမှကာကွယ်ပေးမှာဖြစ်တဲ့အပြင်ကြွက်သား ရောင်တင်းခြင်း၊နာခြင်းတို့ကိုပါပိုမိုသက်သာစေမှာဖြစ်ပါတယ်👍

✔️အသုံးပြုပီးဆေးထုပ်ကိုဖောက်ပီးရေနွေး(သို့)နှမ်းဆီ
နှင့် ရောပီးလိမ်းဆေးအနေဖြင့်အသုံးပြုနိုင်ပါသည်။🌿

တိုင်းရင်းဆေးဝါးစစ်စစ်များကိုသာအသုံးပြုထားတဲ့အတွက်🙅ဘေးထွက်ဆိုးကျိုးလုံး၀မရှိပါ🙅

⚕️ဘယ်လိုရောဂါတွေမှာထိရောက်မူရှိသလဲ⚕️

⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬

⚜️ဇက်ကျီးပေါင်းတက်ခြင်း
⚜️လည်ပင်းကြွက်သားများတောင့်တင်းနာကျင်ခြင်း
⚜️ခါးနာခြင်း
⚜️အဆစ်ရောင်/အဆစ်ကိုက်ခြင်း
‌⚜️အကြောနှင့်ကြွက်သားရောင်တင်းနာကျင်မူကို
သက်သာစေခြင်း
⚜️ကိုယ်လက်နာကျင်ကိုက်ခဲခြင်း
⚜️ဖနောင့်အတက်ထွက်ခြင်း
ရောဂါတွေမှာအသုံးပြုနိူင်တဲ့အပြင်
⚜️အမျိုးသမီးများရာသီလာစဉ်ကိုက်ခဲပါက၀မ်းဗိုက်နှင့် ခါးတွင်ကပ်ထားခြင်းဖြင့်သက်သာစေနိူင်ပါသည်။

🔔ကဲ....အကြောဘယ်လောက်တင်းတင်းဆေးမင်းရှိတယ်နော်

ဖြန့်ချီရေး➡️မြတ်မဟာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊
မန္တလေးမြို့

ဆက်သွယ်မှာယူရန်...

📩 Fb Page messenger

📞09 426079241
📞09 754713637

23/05/2022

ခြေတွေ လက်တွေ ထုံကျဉ်တာ ဘာကြောင့်လဲ?

ခြေ၊ လက် ဒါမှမဟုတ် ၂နေရာလုံးမှာ ထုံတာ၊ ကျဉ်တာက အဖြစ်များပြီး အင်မတန်စိတ်ရှုပ်စရာကောင်းတဲ့ ဝေဒနာတစ်ရပ်ဖြစ်ပါတယ်။ လက်ကို ဖိအိပ်မိလို့ အာရုံကြောပိပြီး ထုံကျဉ်တာကစလို့ ကြီးကြီးမားမား ရောဂါတွေအထိ အကြောင်းရင်းမျိုးစုံ ဖြစ်တတ်ပါတယ်။

အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့
(၁) ဆီးချို -ဆီးချိုရောဂါရှိသူတွေရဲ့ ၃၀ရာခိုင်နှုန်းလောက်က ခြေဖျား လက်ဖျား ထုံကျဉ်တာ ခံစားရတတ်ပါတယ်။ မိမိအခြေအနေပေါ်မူတည်ပြီး ဆီးချိုရောဂါကို သံသယရှိပါက ဆေးစစ်ကြည့်ပါ။
(၂) အာရုံကြောညပ်တာ -ဥပမာ Carpal Tunnel Syndrome လိုမျိုး လက်ကောက်ဝတ် အာရုံကြောညပ်ရောဂါ။
(၃) ကိုယ်တွင်းအင်္ဂါရောဂါ -ဥပမာ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ နာတာရှည်ရောင်ရမ်းနာကစလို့ အကျိတ်ဖြစ်ပြီး အာရုံကြောကို ဖိတာ။
(၄) ဗီတာမင်ချို့တဲ့တာ - အထူးသဖြင့် ဗီတာမင် B1 ,B6, B12 ချို့တဲ့တဲ့အခါ အာရုံကြောအားနည်းပြီး ထုံတာ၊ ကျဉ်တာ ဖြစ်တတ်ပါတယ်။
(၅) အရက်အလွန်အကျွံသောက်တာ - အရက်ကိုယ်တိုင်က အာရုံကြောကို ထိခိုက်စေတာအပြင် အရက်သောက်ပြီး အစားမဝင်လို့ ဗီတာမင် B1ချို့တဲ့ပြီး ထုံကျဉ်တာလည်း ဖြစ်နိုင်ပါတယ်။
(၆) ပိုးဝင်ကူးစက်တာ -ဥပမာ ရေယုန်၊ HIV စတဲ့ အာရုံကြောကို ထိခိုက်စေတဲ့ ရောဂါပိုးဝင်ကူးစက်တာ။
(၇) ခုခံအားကမောက်ကမဖြစ်တဲ့ရောဂါ -ဥပမာ လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါ၊ lupus
(၈) ထိခိုက်ဒဏ်ရာကြောင့် အာရုံကြောထိခိုက်မိပြီး ထုံကျဉ်တာ စသဖြင့် အကြောင်းရင်း အများကြီး ရှိပါတယ်။

ကိုယ်ခံအားနည်းလျှင်ဖြစ်ပေါ်တတ်တဲ့ လက္ခဏာ (၆) မျိုး 💁လူတိုင်းမှာ " Immune system " လိုခေါ်တဲ့ ကိုယ်ခံအားစနစ်က အလွန်အရေးကြ...
04/05/2022

ကိုယ်ခံအားနည်းလျှင်ဖြစ်ပေါ်တတ်တဲ့ လက္ခဏာ (၆) မျိုး

💁လူတိုင်းမှာ " Immune system " လိုခေါ်တဲ့ ကိုယ်ခံအားစနစ်က အလွန်အရေးကြီးပါတယ်။ ကိုယ်ခံအားကျဆင်းရင် ရောဂါတွေဟာ အလွယ်တကူဝင်ရောက်လာတတ်တာကြောင့် အထူးဂရုစိုက်ဖို လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကျဆင်းရင် ဘယ်လိုလက္ခဏာတွေခံစားရမလဲဆိုတာကို ကာကွယ် ဂရုစိုက်ရန် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။💁

ကိုယ်ခံအားစနစ်အကြောင်းအသေးစိတ်သိလိုလျှင် အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုပေးပါ > http://surl.li/brrgj

🔖(၁) စိတ်ဖိစီးမှု

American Psychological Association ရဲ့ ဖော်ပြချက်များအရ ရေရှည်စိတ်ဖိစီးမှုက ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။ အဘယ်ကြောင့်ဆိုသော် ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ ကူညီပေးတဲ့ သွေးဖြူဥဆဲလ်တွေကို စိတ်ဖိစီးမှုတွေကြောင့် လျော့ကျစေလိုပါပဲ။ ဒါကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေဟာ သာမန်လူတွေထက် ကူးစက်ရောဂါနဲ့ နာမကျန်းဖြစ်ပွားဖို ရာခိုင်နှုန်းများပါတယ်။

🔖(၂) မကြာခဏ အအေးမိခြင်း

လူတိုင်းအအေးမိ၊ နှာချေ၊ ဖျားနာခြင်းတွေ ဖြစ်ပွားဖူးကြပါတယ်။ ဒါပေမယ့် သင်က ဒီအရာတွေကို မကြာခဏဖြစ်ပွားမယ်ဆိုရင် သင့်ရဲ့ကိုယ်ခံအားစနစ်မှာ တစ်ခုခုချိုယွင်းနေလိုပါပဲ။

🔖(၃) ဝမ်းဗိုက်နဲ့ပတ်သက်သော ရောဂါများမကြာခဏခံစားရခြင်း

သုတေသနပြုချက်များအရ သင့်ကိုယ်ခံအားစနစ်၏ 70 ရာခိုင်နှုန်းနီးပါးသည် သင့်အစာခြေလမ်းကြောင်းတွင် တည်ရှိပါတယ်။ အကျိုးပြုဘက်တီးရီးယားများနှင့် အဏုဇီဝပိုးမွှားများသည် သင့်အူလမ်းကြောင်းကို ကူးစက်ရောဂါများမှ ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း စတာတွေကို မကြာခဏခံစားရမယ်ဆိုရင်တော့ ကိုယ်ခံအားစနစ်ကျဆင်းနေပြီလားဆိုတာ စဉ်းစားရတော့မှာပါ။

🔖(၄) အနာကျက်နှေးခြင်း

မီးလောင်ဒဏ်ရာ၊ ပွန်းပဲ့၊ ပြတ်ရှ ဒဏ်ရာ သိုမဟုတ် ခြစ်မိဒဏ်ရာတွေဟာ သင့်အရေပြားကို ပျက်စီးဆုံးရှုးစေပါတယ်။ အရေပြားအသစ်ပြန်လည်မွေးဖွားရန်အတွက် အာဟာရဓာတ်ကြွယ်ဝသောသွေးများပေးပိုခြင်းဖြင့် ဒဏ်ရာကို ကာကွယ်ရန်၊ ပျောက်ကင်းရန် လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အရေပြားပေါ်က ဒဏ်ရာတွေက ပုံမှန်ထက် ပျောက်ကင်းရန် ကြာနေပါက ကိုယ်ခံအားစနစ်မကောင်းရခြင်းရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။

🔖(၅) တစ်ချိန်လုံးပင်ပန်းနေသလို ခံစားရခြင်း

သင်ဟာ လုံလောက်တဲ့ အိပ်စက်ခြင်းနည်းဖြင့် အိပ်ပြီးတာတောင် ပင်ပန်းနွမ်းနယ်နေသေးသလို ခံစားရရင် သင့်ကိုယ်ခံအားစနစ်က သင့်ကို တစ်ခုခုပြောပြဖို ကြိုးစားနေသလားဆိုတာ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

🔖(၆) ကူးစက်ရောဂါများ မကြာခဏဖြစ်ခြင်း

ကိုယ်ခံအားနည်းသူတွေဟာ ကူးစက်ရောဂါနဲ့ဖျားနာခြင်းတွေ မကြာခဏဖြစ်ပွားတတ်ပါတယ်။

💁ဒါကြောင့် အထက်ပါအချက်တွေထဲမှာ ကိုယ်နဲ့ ကိုက်ညီတဲ့အချက်တွေ များနေပြီဆိုရင်တော့ ကိုယ်တိုင်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းလမ်းတွေကို လိုက်နာနေထိုင်ဖို လိုအပ်နေပြီပဲဖြစ်ပါတယ်။



📌📌ကိုယ်ခံအားစနစ်
(Immune System )ဆိုသည်မှာ
လူ့ခန္ဓာကိုယ်ကို ရောဂါတွေ ရန်မှ
ကင်းဝေးအောင် Organs , Tissues, Cells , Enzymes စတဲ့အရာတွေ စုပေါင်းလုပ်ဆောင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်တွင် အဓိက ပါဝင်တဲ့အရာတွေကတော့

- (Tonsils & adenoids )ခံတွင်းပါးစောင်ထဲမှာရှိတဲ့ အကျိတ်များ ။

- (Peyer's Patch ) လိုခေါ်တဲ့ အူအတွင်းနံရံတွင်းမှာ နေထိုင်ပြီး ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်သော ဆဲလ်များ။

- (Lymph nodes) ကလေးတွေမှာ ကိုယ်ခံအားစနစ်ထုတ်လုပ်ပေးသော အရာများ။

- (Bone marrow ) ရိုးတွင်းချဥ်ဆီများ။

- (Thymus) ပြန်ရေကြောအုပ်စုများ။

- (Spleen ) လိုခေါ်သော ဘေလုံး ( ရောဂါပိုးတွေနဲ့ မကောင်းတဲ့သွေးတွေကို ရှင်းပေးသော အရာ။ )

- (Appendix) အူအတက်။

စတဲ့အရာတွေဟာ
(Immune System ) အတွက် အရေးကြီးတာမို ဂရုစိုက်ပေးရပါမယ်။ အကယ်၍ ဒီအရာတွေထဲက တစ်စုံတစ်ခုဟာ ပျက်စီး ထိခိုက်မိပါက (Immune System )လိုခေါ်တဲ့
ကိုယ်အားစနစ်ဟာ ကျဆင်းသွားနိုင်ပါတယ်။ ဒါကြောင့်အောက်ပါ အချက်တွေကို လိုက်နာကာ နေထိုင်စားသောက်သင့်ပါတယ်။

✔️Antioxidant ဓာတ်တွေပေါများစွာပါဝင်တဲ့ အစားအသောက်တွေကို စားသုံးပေးသင့်ပါတယ်။ ( ဥပမာ- စပျစ်သီး၊ မာလကာသီး၊ ပန်းသီး၊ လိမ္မော်သီး စတာတွေအပြင် အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကို များများစားသုံးပေးရပါမယ်။)

✔️Omega 3 ပါဝင်သော ပင်လယ်ငါးများ၊ ငါးကြီးဆီ ၊ ခန္ဓာကိုယ်အတွက် သင့်လျော်သော စားသုံးဆီ ( မပြည့်ဝဆီ ) များစားသုံးသင့်ပါတယ်။

✔️မနက်ခင်းနေရောင်ခြည်ကို ထိတွေ့ပေးခြင်း။

✔️ကိုယ်လက်လှုပ်ရှားမှု များများပြုလုပ်ပေးခြင်း။

✔️အိပ်ရေးဝဝ အိပ်ခြင်း။

✔️စိတ်ဖိစီးမှုကင်းဝေးအောင် နေထိုင်ခြင်း။

✔️ကိုယ်ခံအားစနစ်တိုးတတ်ကောင်းမွန်စေဖို မီးဖိုချောင်သုံး ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်း နှင့်လက်ဖက်ရည်ကြမ်း၊ (Herbal Medicines ) စတာတွေကိုလည်း မှီဝဲသုံးစွဲခြင်း။

ဒီအချက်လေးတွေကို လိုက်နာကျင့်သုံးကာ ကိုယ်ခံအားကောင်းမွန်ပြီးကျန်းမာသော ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

အခုလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တာတွေကိုသိချင်လိုပဲဖြစ်ဖြစ်၊ ဖတ်ရှုလေ့လာချင်ရင်ပဲဖြစ်ဖြစ် WidyaHerbal Page လေးကို Like & Follow လေးလုပ်ထားပေးပါဦး နော်။



၀မ်းချုပ်ခြင်းဟာစိတ်ဒုက္ခအကြီးအကျယ်ရောက်ရတဲ့ရောဂါတခုပါ ။၀မ်းအလွန်ချုပ်တဲ့အခါဗိုက်ထဲမအီမသာဖစ်ရခြင်း၊ခံတွင်းနံ့မကောင်းခြင်...
30/03/2022

၀မ်းချုပ်ခြင်းဟာစိတ်ဒုက္ခအကြီးအကျယ်ရောက်ရတဲ့ရောဂါတခုပါ ။

၀မ်းအလွန်ချုပ်တဲ့အခါဗိုက်ထဲမအီမသာဖစ်ရခြင်း၊ခံတွင်းနံ့မကောင်းခြင်း၊၀က်ခြံထွက်ခြင်း၊လိပ်ခေါင်းရောဂါ၊ဇက်ကြောတတ်ခြင်း‌စတဲ့နောက်ဆက်
တွဲရောဂါ‌များဖစ်လာနိူင်ပါတယ်။

၀မ်းချုပ်စေတဲ့အပြုအမူတေကတော့ရေသောက်နည်းခြင်း၊ဆီ၊၀မ်းတို့ကိုချုပ်တည်းထားခြင်း၊ပုံမှန်၀မ်းသွားခြင်းအလေ့အကျင့်မရှိခြင်း၊စိတ်ဖိစီးမှုများခြင်း၊လိပ်ခေါင်းရှိခြင်း၊အထိုင်များခြင်း၊ဆေးဝါးတို့၏ ဆိုးကျိုးများ၊၀မ်းသွားလွယ်ကူ စေရန်၀မ်းနူတ်ဆေးအစားများခြင်းတို့ကြောင့်ဖြစ်တတ်သည်။

👉အထိုင်များဆီး၀မ်းချုပ်လို့အကြောတက်‌နေပီလား😩
👉ဖုန်းအသုံးများပြီးမျက်ရိုးကိုက် ဇက်ကြောတက်‌ ဝေဒနာ ခံစား‌ နေရပြီလား😫
👉အဝေးအနီးမှုန်နေပြီလား🧐
👉အစားများပီးဗိုက်ခေါက်ထွက်နေပီလား😁

....၀မ်းတလုံးကောင်းခေါင်းမခဲစေဖို့...........အဆီကျဆီး၀မ်းမှန်စေဖို့အတွက်......

📢 မြတ်မဟာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး‌မှထုတ်လုပ်သော💢စက္ခုပါလ💢မျက်စိကြည်အကြောပြေဆေးကိုသောက်လိုက်တာနဲ့ရောဂါဝေဒနာ‌ ‌တွေယူပစ်လိုက်သလိုသက်သာ‌ပျောက်ကင်းစေမှာပါ👌

ဆက်သွယ်မှာယူရန်☎️-09754713637
-09426079241

ရတနာ၀င်း တိုင်းရင်းဆေးကုခန်းတွင်ဇက်ကျီးပေါင်းလူနာများအား⚡ဆေးမင်း⚡အသင့်ကပ်တိုင်းရင်းဆေးကပ်ခွာဖြင့် ဝေဒနာသက်သာ ပျောက်ကင်း‌...
25/03/2022

ရတနာ၀င်း တိုင်းရင်းဆေးကုခန်းတွင်ဇက်ကျီးပေါင်းလူနာများအား⚡ဆေးမင်း⚡အသင့်ကပ်တိုင်းရင်းဆေးကပ်ခွာဖြင့် ဝေဒနာသက်သာ ပျောက်ကင်း‌စေရန်အသုံးပြုပေးထားပါတယ်။

ဇက်ကျီးပေါင်းရောဂါလက္ခဏာ
---------------***-----------***--------------
😩ဇက်ကြောတက်ခြင်း

🥺‌လည်ပင်ကြွက်သားများတောင့်တင်းနာကျင်ခြင်း

🤯ခေါင်းအုံ၊ခေါင်းကိုက်ခြင်း

😒ဇက်မှစုတ်ဆွဲထားသကဲ့သို့ဖြစ်ခြင်း

🥴ဦးခေါင်းထဲ၌မိုက်ခနဲမူးဝေခြင်း/ချာချာလည်မူးခြင်း

😥နောက်ကျောတင်းခြင်း/ထိုးခြင်း/အောင့်နာခြင်း

😖ဇက်လက်ပြင်တဝိုက်ပခုံးလက်မောင်းများ၊လက်ချောင်းများကိုက်ခဲနာကျင်ခြင်း

😓ဇက်ခိုင်ခြင်း/ဇက်ငုံ့မရခြင်း/ဘယ်ညာလှည့်မရခြင်း

🤮ပျို့အန်ခြင်း

😩ဇက်၊ပခုံး၊လက်ပြင်တဝိုက်ရောင်တင်းနေတတ်ခြင်း/လက်မြှောက်မရခြင်း

အစရှိတဲ့ရောဂါလက္ခဏာ‌တွေမှာ ဆေးမင်း ကပ်ခွာ ကိုအသုံးပြုပေးလို့ရပါတယ်။

☎️09754713637
☎️09426079241

💢photo -လူနာခွင့်ပြုချက်ဖြင့်💢

Address

55 Street
Mandalay
4802

Website

Alerts

Be the first to know and let us send you an email when MYAT MAHAR တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MYAT MAHAR တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး:

Shortcuts

Share