KYAW အလှကုန်

KYAW အလှကုန် Cosmetics

မျက်နှာသစ်တဲ့ အခါတိုင်း ရှောင်ကြဉ်ရမယ့် နည်းလမ်း 7 ခု နေ့စဉ် မျက်နှာသစ်နေရင်းက အမှားတွေ လုပ်မိနေတာကို သိပါသလား။ မှန်ကန်တ...
09/06/2025

မျက်နှာသစ်တဲ့ အခါတိုင်း ရှောင်ကြဉ်ရမယ့် နည်းလမ်း 7 ခု

နေ့စဉ် မျက်နှာသစ်နေရင်းက အမှားတွေ လုပ်မိနေတာကို
သိပါသလား။ မှန်ကန်တဲ့ မျက်နှာသစ်နည်း မဟုတ်တဲ့အခါ မျက်နှာမှာ ဝက်ခြံတွေ၊ အဆီဖုတွေ ပေါက်တတ်ပါတယ်။

မျက်နှာကို ပုံမှန် ဂရုစိုက်နေပေမယ့် အသားအရေ ပျက်စီးနေတယ်လို့ ခံစားရတာက မျက်နှာသစ်နည်း မှားနေလို့ပါ။

ဒီလို မဖြစ်စေဖို့ မျက်နှာသစ်တဲ့အခါ ရှောင်ကြဉ်ရမယ့် နည်းလမ်းအချို့ကို ရေးသား ဖော်ပြလိုက်ပါတယ်ရှင်။

(၁)ကိုယ်တိုက်ဆပ်ပြာ မသုံးပါနဲ့

ခြေထောက်နဲ့ လက်တွေကို တိုက်တဲ့ ကိုယ်တိုက်ဆပ်ပြာမှာ အသားအရေကို ခြောက်သွေ့စေတဲ့ Alkaline PH ပါဝင်ပါတယ်။ သင်က နဂိုတည်းက အသားခြောက်တတ်တဲ့သူဆို မျက်နှာမှာ အရေပြား ပြဿနာ ဖြစ်စေတာမို့ သင့်အသားအရည်နဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်သုံးစွဲပါ။

(၂) မျက်နှာကို တအား မပွတ်တိုက်ပါနဲ့

ဆားဝက်ခြံတွေ၊ ချွေးပေါက်တွေ ပျောက်ချင်ဇောနဲ့ မျက်နှာကို အားနဲ့ကုတ်ခြစ်တာက မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ Scrub သုံးပြီး မျက်နှာကြေး (ဂျီး)ချွတ်တာမျိုးကို ၁ ပတ်မှာ ၁ ခါလောက်သာ လုပ်သင့်ပါတယ်။ မျက်နှာကို ပွတ်တိုက်တာများတဲ့အခါ အရေးကြောင်းနဲ့ အသားခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

(၃) နံနက်ပိုင်းမှာ မျက်နှာသစ်ပါ

အိပ်စက်ခြင်းက သင့်အသားအရေ ဆဲလ်ကို ပြန်လည်အားဖြည့်စေပေမယ့် အညစ်အကြေး၊ အဆီနဲ့ ပိုးမွှား တွေကတော့ ချွေးပေါက်အတွင်းမှာ ပိတ်မိနေနိုင်ပါတယ်။ အိပ်စက်နေတဲ့ ၈ နာရီ အတွင်းမှာ ခေါင်းအုံးက ဖုန်မှုန့်တွေ မျက်နှာမှာ ရှိနိုင်တာကြောင့် အိပ်ရာထတာနဲ့ မျက်နှာသစ်ပါ။

(၄) အရမ်းပူတဲ့ရေ မသုံးပါနဲ့

ရေနွေးနဲ့ မျက်နှာသစ်ခြင်းက အသားအရေအတွက် ကောင်းတာကြောင့် မျက်နှာသစ်မိတယ်ဆိုရင် အရမ်းပူတဲ့ ရေအစား ရေကြက်သီးနွေးလောက်နဲ့ဆို အဆင်ပြေပါတယ်။

(၅) Mask မသုံးခင် မျက်နှာသစ်ပါ

Face Mask သုံးမယ်ဆိုရင် သင့်မျက်နှာက ပြောင်ရှင်းပြီး သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ Mask က ဓာတ်တွေ သင့်အသားထဲ စိမ့်ဝင်စေဖို့ မျက်နှာကိုသစ်ပါ။

(၆) မျက်နှာသစ် ဆပ်ပြာနဲ့ မိတ်ကပ် မဖျက်ပါနဲ့

အခုခေတ် မိတ်ကပ်တွေက ရေစိုလည်း မပျက်၊ ချွေးထွက်လည်း မပျက်အောင် ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ မိတ်ကပ်ဖျက်ဆေး မသုံးနိုင်ရင်တောင် Double Cleansing လုပ်ဖို့ မိတ်ကပ်ပညာရှင်တွေက အကြံပြုထားပါတယ်။

(၇) မျက်နှာသုတ်ဖို့ အဝတ် သီးသန့်ထားပါ စိတ်အချရဆုံးက Tissue သုံးခြင်းပါပဲ

ခန္ဓာကိုယ်ကိုသုတ်တဲ့ တဘက်နဲ့ မျက်နှာကို မသုတ်မိအောင် သီးသန့်ထားပါ။ ခန္ဓာကိုယ်က ဘက်တီးရီးယား တွေက သင့်မျက်နှာ အသားအရေကို ပျက်စီးစေပါတယ်။

မျက်နှာမှာ ဝက်ခြံ၊ အဆီဖု ပေါက်နေတယ်ဆိုရင် အသားအရေကို အမှန်တကယ်ပဲ ဂရုစိုက်ဖို့ လိုအပ်နေတာမို့ နည်းလမ်း မှန်မှန်ကန်ကန်နဲ့ မျက်နှာသစ်ပြီး ဝင်းပစိုပြေတဲ့ မျက်နှာလေးရအောင်လုပ်ကြည့်ပါနော်။

Credit to Original Writer

KBZ ပိုင်ရှင် သမီးရဲ့ မင်္ဂလာဦးအလှူတဲ့  မင်္ဂလာပွဲအတွက် အပိုတွေအကုန်မခံတော့ဘဲ လိုအပ်တဲ့နေရာတွေကိုလှူဒါန်းလိုက်တာသိန်းပေါ...
28/11/2023

KBZ ပိုင်ရှင် သမီးရဲ့ မင်္ဂလာဦးအလှူတဲ့ မင်္ဂလာပွဲအတွက် အပိုတွေအကုန်မခံတော့ဘဲ လိုအပ်တဲ့နေရာတွေကိုလှူဒါန်းလိုက်တာ
သိန်းပေါင်း(၉)သောင်း(2.7 million $)
မွန်မြတ်သော အလှူဒါနလေး💜💜☘️
သာဓု သာဓု သာဓု ပါ🙏🙏🙏

ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။၁။ ခ...
16/11/2023

ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။
လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )

ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။

၂။ အချိန်ဆွဲခြင်း ( ၉%)

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။

၃။ ကောက်ရိုးမီး အကျင့် ( ၈%)

ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။

၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )

ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။

၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။

ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။

၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။
သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ၀တ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြပါတယ်။
လေးစားပြန်လည်ဖြန်ဝေပါသည်။

ဝတ်မှုန်ရွှေရည်တို့ ချစ်သူနှစ်ဦးရဲ့ Pre Wedding ဓါတ်ပုံလေးတွေကို ပရိသတ်တို့အတွက် မျှဝေပေးလိုက်ပါတယ် 🤍Photos Crd - Wutt ...
15/11/2023

ဝတ်မှုန်ရွှေရည်တို့ ချစ်သူနှစ်ဦးရဲ့ Pre Wedding ဓါတ်ပုံလေးတွေကို ပရိသတ်တို့အတွက် မျှဝေပေးလိုက်ပါတယ် 🤍

Photos Crd - Wutt Mhone Shwe Yi FB
cosmetic

📖📖—စာဖတ်ပါ—📖📖စိတ်ဓာတ်ကျနေရင်....စာဖတ်ပါအလုပ်အဆင်မပြေရင်....စာဖတ်ပါပင်ပန်းလို့အရှုံးပေးချင်နေပြီဆိုရင်....စာဖတ်ပါပတ်ဝန်းက...
14/11/2023

📖📖—စာဖတ်ပါ—📖📖

စိတ်ဓာတ်ကျနေရင်....စာဖတ်ပါ

အလုပ်အဆင်မပြေရင်....စာဖတ်ပါ

ပင်ပန်းလို့အရှုံးပေးချင်နေပြီဆိုရင်....စာဖတ်ပါ

ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကြောင့်
စိတ်ညစ်နေရင် စာဖတ်ပါ

အသဲကွဲနေရင် .....စာဖတ်ပါ

အထီးကျန်သလို ခံစားရရင်....စာဖတ်ပါ

ဘယ်သူမှ အရေးမထားတဲ့အခါ.....စာဖတ်ပါ

စာဖတ်ရင် အောင်မြင်မှု့တွေကို
ချက်ချင်းသယ်ဆောင်လာပေးတာ
အရာရာပြည့်စုံအောင် ထားပေးတာ မဟုတ်ပေမယ့်..

စာဖတ်ရင်...

စိတ်ဓာက်ကျနေရင်
အားအင်ရှိစေတဲ့ စကားလုံးတွေကို တွေ့နိုင်တယ်။

အရှုံးပေးချင်နေရင် အောင်မြင်သူတိုင်း
ဘယ်နှစ်ခါ လဲကျ ရှုံးခဲ့ရတယ် ဆိုတဲ့
သင်ခန်းစာတွေကို သိနိူင်တယ်...

စိတ်ညစ်နေရင် အချိန်က ဒီမှာ မရပ်နားနေသလို
အရာအားလုံးလဲ ပြီးဆုံးသွားမယ်
ဆိုတဲ့ ခံယူချက်နဲ့ တောင့်ခံနိုင်လာမယ်...

ပတ်ဝန်းကျင် ဆိုတာကို လေးစားရမယ်
ဒါပေမယ့် အရာအာလုံးထဲ
ဂရုစိုက်နေဖို့မလိုတာကိုလဲ သိလာမယ်....

နေ နဲ့ လတောင် အဖော်မပါ
တစ် ကမ္ဘာလုံးအတွက်
အလင်းရောင်ပေးနိုင်တာ
တစ်ယောက်ထဲ ဖြစ်တဲ့ကိုလဲ
တစ်ယောက်ထဲ ဖြစ်အောင် နေတတ်လာမယ်။

ဘယ်သူ့မှ ကိုယ့်ဘက်မရှိတဲ့အခါ
ကိုယ့်အတွက် ကိုယ်ရှိနေတက်လာမယ်။

သန်မာတဲ့ စိတ်ဓာတ်တွေနဲ့အတူ
ရင့်ကျက်စွာ ရှင်သန်နိုင်လာမယ်။

စာအုပ်က စကားမပြောတတ်ပေမယ့်
စာအုပ်က ကိုယ့်ဘဝအလင်းရောင်
ပေးနိုင်တာကြောင့် စာဖတ်ပါ....မိတ်ဆွေ😇

မေတ္တာ ဖြင့်


Photo credit

လူတစ်ယောက်ကသူ့တစ်သက်တာမှာအကြိမ်ကြိမ်ချစ်နိုင်ပါတယ် ဒါပေမယ့်သူအချစ်ဆုံးကတော့တစ်ယောက်ပဲဖြစ်ပါလိမ့်မယ်။
14/11/2023

လူတစ်ယောက်ကသူ့တစ်သက်တာမှာအကြိမ်ကြိမ်ချစ်နိုင်ပါတယ် ဒါပေမယ့်သူအချစ်ဆုံးကတော့တစ်ယောက်ပဲဖြစ်ပါလိမ့်မယ်။

16/12/2022

မင်မင်မအားတာနဲ့ page လေးအသစ်တွေမတင်ဖြစ်ဘူး။အသစ်တွေနဲ့ပြန်လာခဲ့မယ်နော်သဲငယ်တို့ရေ🥰

  #အသားအရေထိန်းသိမ်းနည်းအရွယ်သုံးပါးမှာ  အသားအရည်ထိန်းသိမ်းနည်း👧👵အသက် ၂၀ ကျော်အရွယ်မှာ အသားအရည်ထိန်းသိမ်းနည်း နဲ့ အသက်၅၀...
09/02/2022


#အသားအရေထိန်းသိမ်းနည်း

အရွယ်သုံးပါးမှာ အသားအရည်ထိန်းသိမ်းနည်း👧👵

အသက် ၂၀ ကျော်အရွယ်မှာ အသားအရည်ထိန်းသိမ်းနည်း နဲ့ အသက်၅၀အရွယ်မှာအသားအရည်ထိန်းသိမ်းနည်းကဘယ်လိုမှမတူနိုင်ပါဘူး။🤔

အရွယ်သုံးပါးလုံးလှပနေဖို့အတွက်ဆိုအသားအရည်ထိန်းသိမ်းနည်းလေးသိထားဖို့လိုပါတယ်။😀

👉အသက်၂၀ အရွယ်🙋🙋
ငယ်တုန်းရွယ်တုန်းမှာ အသားအရည်ကို ဂရုစိုက်ထားမှကြီးတဲ့အခါတော်ကာကျပါမယ်။

နေရောင်ဒဏ်ကိုကာကွယ်ပါ။☀☀
အကောင်းဆုံးကတော့ SPF 30 လောက်ပါတဲ့ sun cream လိမ်းပါ။နေရောင်ဒဏ်က မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်စေသလို မျက်နှာပြင်ချောမွေ့မှုကင်းစေပြီး အညိုစက်တွေထွက်စေပါတယ်။

ဝက်ခြံတွေတိုက်ထုတ်ပါ။

ဆယ်ကျော်သက်အရွယ်မဟုတ်တော့လို့ဝက်ခြံထွက်လည်း ခဏလေးနဲ့ပျောက်သွားမှာလို့ ထင်ရင် သင်မှားသွားမှာပေါ့။မျက်နှာသစ်ရင် facial cleanser လေးနဲ့သစ်ပေးပါ။ မိတ်ကပ်လိမ်းပြီးတဲ့အခါ မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ပါ။

ချွေးပေါက်တွေကိုသန့်ရှင်းပေးပါ။

မျက်နှာပေါင်းတင်ပြီး ချွေးပေါက်တွေကိုသန့်ရှင်းပေးပါ။သဘာဝရွှံ့စေးဒါမှမဟုတ် charcoal ပါဝင်ဝင်တဲ့ facial mask ကိုရွေးဝယ်ပါ။

👉အသက် ၃၀ နှင့် ၄၀ အရွယ်💁💁

အသက် ၃၀ မှာ ဟော်မုန်းအပြောင်းအလဲ နှင့်စိတ်ဖိစီးမှုတွေကြောင့် အရေပြား ကပုံမှန်သိပ်မဖြစ်တော့ပါဘူး။အသက် ၂၀ အရွယ်တုန်းက ဂရုမစိုက်မိခဲ့ဘူးဆိုရင် အခုဒီအရွယ်မှာ ဂရုစိုက်ပေးရမှာပါ။

အသားအရောင်ပြောင်းလာခြင်း

အသက် ၃၀ အရွယ်မှာဆို တော်တော်များများက အသားအရောင်ပြောင်းလာကြတယ်။များသောအားဖြင့်ကတော့ နေရောင်ကြောင့် ပျက်စီးသွားတာပေါ့။ဒါကြောင့်အကြံပြုချင်တာကတော့ ဗီတာမင် C တစ်နေ့တစ်လုံးသောက်ပေးပြီး ဗီတာမင်ကြွယ်ဝတဲ့ အသီးအနှံတွေစားသုံးပေးပါ။

ဟော်မုန်းကြောင့်ထွက်တဲ့ ဝက်ခြံတွေကိုတိုက်ထုတ်ပါ။

ဝက်ခြံအမာရွတ်တွေက သင် အသက် ၃၀အရွယ်မှာလည်း ရှိနေဦးမှာပါ။ဒီဝက်ခြံအမာရွတ်တွေကင်းဝေးချင်တယ်ဆိုရင်တော့ pH ဓာတ်များများပါတဲ့ toner ကိုသုံးပေးပါ။

အရေးအကြောင်းတွေကိုတားဆီးပါ။

ဗီတာမင် Aက ဆဲလ်တွေ ပျက်စီးသွားခြင်း မရှိအောင်ထိန်းထားပေးပါတယ်။ဒါကြောင့် အရေးအကြောင်းပေါ်ခြင်းနှင့် အသားအရောင်ပြောင်းလဲသွားခြင်းကို တိုက်ဖျက်ပေးမှာပါ။

အသက် ၄၀ အရွယ်မှာ တော့ ခန္ဓာကိုယ်ကျန်းမာအားပြည့်ဖို့ ဂရုစိုက်ပါ။

ရေဓာတ်ပြည့်နေပါစေ။

ဒီအသက်အရွယ်မှာ အရေပြားကအဆီဓာတ်တွေ လျော့နည်းသွားတဲ့အတွက် အသားအရည် ခြောက်သွေ့နေမှာပါ။ဒါကြောင့် ရေဓာတ်အားဖြည့်ပေးတဲ့ skin care products ကိုရွေးချယ်ဝယ်ယူပါ။

မျက်နှာအရောင်ထိုင်းမှိုင်းခြင်း
အသက် ၄၀ အရွယ်တွေမှာ ဆိုမျက်နှာဝင်းလက်မှုနည်းသွားတာသိသာလာပါပြီ။မျက်နှာဝင်းမွတ်ပြီး လှပနေဖို့အတွက် ဆို facial oilကအကောင်းဆုံးပါ။

👉အသက် ၅၀ အရွယ်နှင့် နှောင်းပိုင်း👵👵

ဒီအသက်အရွယ်မှာ အသိသာဆုံးက အရေးအကြောင်း ၊ အသားအရောင် မညီတော့တာ ၊ အရေပြားတွဲအိကျတာ နှင့် အသားအရည်ခြောက်သွေ့တာ တွေပါ။

- အရေပြားတင်းရင်းအောင်ဂရုစိုက်ပါ။

- အရေးအကြောင်းတွေကာကွယ်ပေးတဲ့beauty products တွေသုံးပါ။

- ဆဲလ်တွေပျက်စီးခြင်းမရှိရအောင်ကာကွယ်ပါ။

- အသားရည် ကျစ်လစ်အောင် လေ့ကျင့်ခန်းလုပ်ပေးပါ

ဒါဆိုရင်တော့ အရွယ် ၃ ပါးစလုံးမှာ လှပနေမှာပါ

ဒါဖတ်ပြီးမှ skin care ဝယ်ပါ---------------------------ဒေါက်တာအေးမင်းထူး(၁) TonerTonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျ...
07/02/2022

ဒါဖတ်ပြီးမှ skin care ဝယ်ပါ
---------------------------

ဒေါက်တာအေးမင်းထူး

(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

#ဒေါက်တာအေးမင်းထူး

ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့‼️‼️‼️‼️❌◾- သနပ်ခါး မလိမ်းပါနဲ့။❌◾- မိတ်ကပ် တက်နိုင်သလောက် ရှောင်ပါ။❌◾- ပင်လယ်စာ မ...
16/01/2022

ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့‼️‼️‼️‼️

❌◾- သနပ်ခါး မလိမ်းပါနဲ့။

❌◾- မိတ်ကပ် တက်နိုင်သလောက် ရှောင်ပါ။

❌◾- ပင်လယ်စာ မစားရ။

❌◾- နို့ထွက် ပစ္စည်း မစားရ။

❌◾- တာရှည်ခံ ပစ္စည်းများ မစားရ ( ဥပမာ - ခေါက်ဆွဲခြောက် )

❌◾- အချို/အစပ်/အဆီများသော အစားအစာများ မစားရ။

❌◾- ဝက်ခြံကို မညစ်ပါနဲ့။

✅◾- အိပ်ရေး ၀၀ အိပ်ပါ။

✅◾- ရေများများ သောက်ပါ။

✅◾- မျက်နှာ မနက် တစ်ကြိမ် ည တစ်ကြိမ် သစ်ပါ။

✅◾-မျက်နှာသုတ်ပဝါ/ခေါင်းအုံးစွပ် တပတ်တကြိမ်အနည်းဆုံးလျှော်ပေးပါ...

'ထာဝရလှပနိုင်ကြပါစေ...

အမေးအများဆုံးမေးခွန်းပါအဆီဖုတွေပေါက်နေလို့ ဘာလုပ်ရမလဲ?ဘာလုပ်ရမလဲ မပြောခင် ဘာကြောင့်ဖြစ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတ...
13/01/2022

အမေးအများဆုံးမေးခွန်းပါ
အဆီဖုတွေပေါက်နေလို့ ဘာလုပ်ရမလဲ?

ဘာလုပ်ရမလဲ မပြောခင် ဘာကြောင့်ဖြစ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတယ်

အဆီဖုဖြစ်ရတဲ့အကြောင်းအရင်း...........................

>မိတ်ကပ်လိမ်းပြီး သေချာပြောင်အောင်မဖျက်တာ
>သနပ်ခါးလိမ်းပြီး double cleansing မလုပ်တာ
>suncream မလိမ်းပဲ အပြင်ထွက်တာ
> မျက်နှာကိုသေချာပြောင်စင်အောင်မသစ်ပဲ အိပ်ရာ၀င်တာ
> ရေသောက်နည်းတာ
>အဆီအဆိမ့်နဲ့ ဆီကြော်စာတွေအစားများတာ
>လေထုထဲကအညစ်အကြေးဖုန်မှုန့်တွေကြောင့်လဲ
ချွေးပေါက်ပိတ်ဆို့ပြီး အဆီဖုတွေဖြစ်လာနိူင်ပါတယ်ရှင်

အဆီဖု အဖြစ်အများဆုံးနေရာတွေကတော့
နဖူး မျက်လုံးအောက်ဖက်နဲ့ မေးစေ့တစ်ဝိုက်ပဲဖြစ်ပါတယ်
စိတ်ဖိစီးမှုများခြင်းကြောင့်နဲ့ ဟော်မုန်းအပြောင်းအလဲ
ကြောင့်လဲ အဆီဂလင်းတွေပိုမိုပြီးအလုပ်လုပ်ရာကနေ
အဆီထုတ်လုပိမှုများပြီးတော့ ချွေးပေါက်တွေပိတ်ဆို့ရာကနေ မျက်နှာပေါ်မှာရှိနေတဲ့ဆဲလ်သေတွေက အပြင်သို့မထွက်နိုင်တဲ့အခါ အဆီဖုတွေဖြစ်လာရပါတယ်

>အဆီဖုမှာလဲအမျိုးအစားရှိပါတယ် ထိပ်ဘက်မှာအဆံအမဲရှိတာကို ဆား၀က်ခြံအဆီဖု (blackhead.)ဖြစ်ပြီး
ထိပ်ဘက်မှာအဆံအဖြူ လေးတွေရှိတာက (White head)ပါ

>Oily skinတွေနဲ့ Combination skin typeတွေမှာ
ပိုပြီးအဖြစ်များပါတယ် အဆီထုတ်လုပ်မှုများတဲ့အတွက်
မျက်နှာကိုချွေးပေါက်ပွင့်အောင် မဖွင့်ပေးဘူးဆိူရင်
မျကိနှာအရေပြားအောက်မှာအောင်းပြီး ၀က်ခြံ အဆီဖု
ဆား၀က်ခြံတွေဖြစ်လာရတာပါ ဒါကြောင့်oily skin typeတွေနဲ့ combination skin type တွေက cleansing ကိုသေချာနိုင်အောင်လုပ်ပေးဖို့လိုအပ်ပါတယ်

>>လိုက်နာရမည့်အချက်များ

>မိတ်ကပ်ကိုပြောင်စင်အောင်ဖျက်ပါ မိတ်ကပ်မဖျက်ပဲ
အိပ်ရာမ၀င်ပါနဲ့
>မိတ်ကပ်မလိမ်းတဲ့နေ့လဲမျကိနှာကိုသေချာသန့်စင်ပေးဖို့လိုအပ်ပါတယ် ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၀င်နေနိူင်တာကြောင့် cleansing လုပိပေးရပါမယ်
>တစ်ပတ်နှစ်ကြိမ်မျကိနှာကို scrub တိုက်ပေးပါ
>အပြင်သွားတိုင်းsuncreamလိမ်းပေးပါ
>စိတ်ဖိစီးမှုလျော့ချပါ
>ရေများများသောက်ပါ
>အဆီအဆိမ့်အချိူ သကြားနို့ ရှောင်ပါ
>မျက်နှာကိုမကြာခဏ ကိုင်တွယ်ခြင်းရှောင်ပါ
>ဆံပင်နဲ့ အိပ်ယာခင်းများကိုသန့်စင်အောင်ထားပါ

>>>>အိမ်တွင်းကုသရမည့်နည်းလမ်း💙

ရေနွေးငွေ့နဲ့မကြာခဏပေါင်းတင်ပါ။

ရေနွေးပွက်ပွက်ဆူတာကို ဇလုံတစ်ခုထဲကိုထည့်ပါ ။ထွက်လာတဲ့အငွေ့ကိုမျကိနှာအပ်ပြီးခံပါ။
အရမ်းနီးကပ်ဖို့ မလိုပါဘူး ။
ကိုယ်ခံနိုင်သလောက် အနေအထားကနေ အငွေ့အပြင်ကိုမထွက်စေဖို့ တဘတ် ခေါင်းမြီးခြုံ ပြီး အငွေ့ခံပါ။

ရေနွေ့းငွေ့ခံပြီး sheet mask အသုံးပြုရင်ပိုပြီးရလဒ်ကောင်းပါတယ် ပြီးရင်တော့toner ပြန်လိမ်းပေးထားဖို့လိုအပ်ပါတယ်

အားလုံးပဲအဆင်ပြေကြပါစေရှင်🤩🤩🤩

Address

Mandalay

Telephone

+959685554575

Website

Alerts

Be the first to know and let us send you an email when KYAW အလှကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share